Chapter 68
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၆၈)


Chapter 68 (ကြီးမားသော အင်အားစုများ စုစည်းမှု)

ရှန့်ကျင်းမြို့။

ညကင်းစောင့်လူသားလေ့ကျင့်ရေးရုံး။

"ဘာ။ ဒီတပ်သားသစ်လေ့ကျင့်ရေးစခန်းကို ချန်းနန်မြို့မှာလေ့ကျင့်မယ်လား။ ချန်းနန်ကဘယ်မှာလဲ" ယွမ်ကန်းသည် သူ့လက်ထဲတွင်ရှိသော စာရွက်စာတမ်းများကို ကြည့်ပြီး ထိတ်လန့်စွာ မေးလိုက်သည်။

သူ့ရှေ့ရှိ စားပွဲနောက်ဘက်တွင် ပျင်းရိစွာလဲလျောင်းနေသော အမျိုးသားသည် အညောင်းဆန့်ကာ သူ့မျက်လုံးများကိုကျဉ်းမြောင်းပြီး ထိလိုက်သည်။ သူ့နဖူးပေါ်တွင် ကြက်ကြက်ခြေခတ်ပုံသဏ္ဌာန် အမာရွတ်ရှိသည်။

သူသည် ရှန့်ကျင်းမြို့တွင် တပ်စွဲထားသော ညကင်းစောင့်လူသားတပ်ဖွဲ့ ၀၀၆ ၏ခေါင်းဆောင် ရှောက်ဖျင်ကောဖြစ်သည်။

"တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းက ဟွိုက်ဟိုက်မြို့အနီး မြို့ငယ်လေးတစ်မြို့ပါ" ရှောက်ဖျင်းကော်က ခဏလောက်စဉ်းစားပြီး ပြန်ဖြေသည်။

"ဒါပေမယ့်… အရင်နှစ်တွေက လေ့ကျင့်ရေးကို ရှန့်ကျင်းမြို့မှာ ပြုလုပ်ခဲ့တာမဟုတ်ဘူးလား။ ဒီနှစ် ဘာလို့ ချန်းနန်ကို သူတို့တွေ ရုတ်တရက် ပြောင်းလိုက်တာလဲ" ယွမ်ကန်းက မျက်မှောင်ကြုတ်လိုက်သည်။

"အထက်လူကြီးတွေက ဘာတွေးနေလဲ ဘယ်သူသိမှာလဲ" ရှောက်ဖျင်းကောက မတ်တတ်ထရပ်ပြီး ရေနွေးအိုးနှင့်အတူ ဖန်ခွက်တစ်ခွက်ယူကာ ဖြည်းညှင်းစွာ ပြန်အိပ်လိုက်သည်။ "ငါတို့… အိုး မဟုတ်ဘူး၊ မင်းက ဒီအတိုင်း အမိန့်ကိုလိုက်နာရုံပဲ။

မင်းက ငါတို့ ၀၀၆ တပ်ဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်ပြီး နှစ်တွေတလျှောက် တပ်သားသစ်စုဆောင်းရေးစခန်းရဲ့ ခေါင်းဆောင်နည်းပြလည်းဖြစ်တယ်။ မင်းက စစ်သားတွေအများကြီးခေါ်ယူခဲ့တာကြောင့် ပတ်ဝန်းကျင်အပြောင်းအလဲဖြစ်တာ အဆင်မပြေဘူးလား။"

"ဘယ်ဟုတ်မလဲ" ယွမ်ကန်းက ထပ်ခါထပ်ခါခေါင်းယမ်းလိုက်သည်။ "ဘာလို့ ရုတ်တရက် နေရာပြောင်းလိုက်တာဆိုတာကို ငါနားမလည်တာ။ သိသိသာသာ ဒီမှာက စက်ပစ္စည်းတွေ၊ နေရာတွေနဲ့ ကိရိယာတွေအားလုံးက အဆင်သင့်ဖြစ်နေပြီ၊ အခုတော့ သူတို့အားလုံးကို ချန်းနန်ဆီ ခမ်းခမ်းနားနားနဲ့ ပို့ဆောင်ရတော့မယ်… ဒါက ပြဿနာရှိနေတာမဟုတ်ဘူးလား။"

"အထက်လူကြီးတွေမှာ ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းရင်းတွေ ရှိရမယ်။ ငါတို့က အမိန့်ကိုလိုက်နာဖို့ပဲလိုတယ်။ ငါတို့မသိသင့်ဘူး… မေးခွန်းတွေမမေးနဲ့"

"…ကောင်းပြီ" ယွမ်ကန်းက သက်ပြင်းချလိုက်သည်။

"ထောက်ပံ့ပို့ဆောင်ရေးဌာနရဲ့ ထိရောက်မှုနဲ့အတူ မနက်ဖြန်အရုဏ်မတက်မီ ချန်းနန်မှာ လေ့ကျင့်ရေးစခန်းကို အပြီးအပြတ်တည်ဆောက်နိုင်တယ်။ မင်းလည်း ထုပ်ပိုးဖို့ လူတွေခေါ်ပြီး အဆင်သင့်ပြင်ထားသင့်တယ်" ရှောက်ဖျင်းကော်က လက်ဖက်ရည်တစ်ကျိုက်သောက်လိုက်သည်။

"အင်း" ယွမ်ကန်းသည် ခဏလောက်စဉ်းစားပြီး ဆက်ပြောခဲ့သည်။ "ငါ ရှန့်ကျင်းမှာ မရှိတဲ့အချိန်အတွင်း ခေါင်းဆောင်၊ မင်းက ရှန့်ကျင်းကို ထိန်းထားပြီး ပြဿနာမဖြစ်စေနဲ့နော်"

ဝှီး…

စားပွဲခုံနောက်မှ ဖိနပ်တစ်ရံကို လွှင့်ပစ်လိုက်ပြီး ယွမ်ကန်းသည် အနည်းငယ် ဘေးသို့ရှောင်းလိုက်ကာ စားပွဲနောက်မှ ရှောက်ဖျင်းကော်၏ဆဲဆိုသံ ထွက်ပေါ်လာသည်။

"ဟေ့ ယွမ်ကန်း မင်း ဘယ်သူ့ကို မထီမဲ့မြင်လုပ်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ငါက ရှန့်ကျင်းမြိုမှာ တပ်စွဲထားတဲ့တပ်ဖွဲ့ရဲ့ ခေါင်းဆောင်ပဲ။ ငါက ဒီမှာ ဘာမှမလုပ်လို့လား။"

ယွမ်ကန်းသည် ပြုံးပြီး ရှောက်ဖျင်းကော်၏ဖိနပ်ကို သူ့လက်ဖြင့် ပြတင်းပေါက်ကနေ ပစ်ချလိုက်ပြီးနောက် တံခါးကိုဖွင့်ပြီး ထွက်လာခဲ့သည်။

ရှောက်ဖျင်းကောက ဆဲဆိုလိုက်သည်။


ကွမ်ရှန်းမြို့။

ဇိမ်ခံကလပ်။

"ချန်းနန်လား။ ချန်းနန်ကဘယ်မှာလဲ" ဇိမ်ခံ VIP အနှိပ်ခန်းတွင် ရေချိုးဝတ်စုံဝတ်ထားသည့် ဖက်တီးသည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး သူ့လက်ထဲက အကြောင်းကြားစာကို အံ့အားသင့်စွာကြည့်ပြီး ခေါင်းကိုလှည့်ကာ မေးလိုက်သည်။

VIP အခန်းတံခါးနောက်တွင် ထွားကြိုင်းသော သက်တော်စောင့်ငါးယောက်သည် အမူအရာမဲ့ရပ်နေသည်။ သူတို့ရှေ့တွင် တစ်ဖက်တည်းမျက်မှန်တပ်ထားသော အိမ်တော်ထိန်းသည် အနည်းငယ်ကိုင်းညွတ်ပြီး ညင်သာစွာပြောသည်။

"သခင်လေးကို ပြန်ဖြေပါတယ်၊ အရှေ့တောင်ဘက်က မြို့ငယ်လေးတစ်မြို့ပါ။"

"အရင်က ရှန့်ကျင်းမြို့မှာ မဟုတ်ဘူးလား"

"ဒီနှစ်မှာ မူဝါဒပြောင်းသွားပုံရပြီး သခင်လေးရဲ့အချိန်ဇယားလည်း ပြောင်းလဲသွားပုံရတယ်။ စီစဉ်ပေးဖို့ လူတစ်ယောက်ကို လွှတ်လိုက်ပါ့မယ်"

ဖက်တီးလေးသည် ခဏလောက်စဉ်းစားပြီး သူ့လက်ထဲက စပျစ်သီးတွေကို လင်ပန်းထဲပြန်ထည့်ကာ လက်ဝှေ့ယမ်းလိုက်သည်။

"မနက်ဖြန်အတွက် လေယာဉ်ကို ဘွတ်ကင်လုပ်ထားလိုက်ပါ၊ ငါမနက်ဖြန်သွားမယ်"

အိမ်တော်ထိန်းက လန့်သွားသည်။ "သခင်လေး မနက်ဖြန်သွားတာက မစောလွန်းဘူးလား။ အဆောင်နဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့၊ ကျွန်တော်တို့ သခင်လေးအတွက် အကောင်းဆုံးအိပ်ဆောင်စီစဉ်ပေးဖို့ ညကင်းစောင့်လူသားကို တောင်းဆိုထားပါတယ်။ သူတို့က ကျွန်တော်တို့ကို မျက်နှာသာပေးမှာပါ"

"ကွမ်ရှန်းက အရမ်းပျင်းစရာကောင်းတယ်၊ ငါ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ချင်တယ်"

"…သခင်လေး အဲဒီကိုရောက်တဲ့အခါ တရားဝင်တရုတ်စကားကို တတ်နိုင်သမျှပြောဖို့ ကြိုးစားကြည့်ပါ။ မဟုတ်ရင် သူတို့တွေ သခင်လေးပြောတာကို နားမလည်လောက်ဘူး"

"တရားဝင်တရုတ်စကားလား" ဖက်တီးလေးသည် အဲဒါကိုတွေးတောရင်း "ဟုတ်သားပဲ၊ ဘာသာစကားဆက်သွယ်မှုမှာ အခက်အခဲရှိရင်… သူငယ်ချင်းအစစ်တွေ ဖွဲ့လို့မရမှာအမှန်ပဲ"

ပြောပြီးနောက် သူ့ခြေထောက်ကိုနှိပ်နယ်ပေးနေသော မိန်းကလေးငယ်ကို ပုတ်လိုက်သည်။ "ကောင်းပြီ၊ သွားပြီးအနားယူတော့။ ငါ လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကို လုံလောက်အောင်ပျော်ရွှင်ခဲ့ပြီးပြီ၊ အခုတော့ ငါ့ဘဝကို ပြောင်းလဲဖို့ အချိန်တန်ပြီ…"

သူသည် မတ်တတ်ထရပ်ပြီး အညောင်းဆန့်ကာ ဝတုတ်နေသော သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ်တုန်ခါနေသည်။

"ချန်းနန်ရေ ငါလာပြီကွ"


ကျိုဟွာတောင်။

ဗုဒ္ဓဘာသာအသံက လွင့်ပျံနေပြီး နံ့သာဖြူက သိပ်သည်းနေသည်။

သင်္ကန်းဝတ်ထားသော ဘုန်းကြီးအိုသည် သစ်သားစင်္ကြံကို ဖြတ်၍ သူ့စိပ်ပုတီးကို လက်ဖြင့် အနည်းငယ်လှည့်နေကာ သူ့မျက်လုံးများက ရေကဲ့သို့ ငြိမ်သက်နေသည်။

နောက်ဆုံးတော့ သူသည် တရားထိုင်ခြင်းအခန်းတံခါးဝမှာ ရပ်လိုက်သည်။

သူသည် လက်ဆန့်ထုတ်ပြီး တံခါးကို နှစ်ကြိမ်ခေါက်ပြီးနောက် တွန်းဖွင့်ပြီး ဝင်လာသည်။

တရားထိုင်ခြင်းအခန်းထဲတွင် ကုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် အခင်းတစ်ခုသာရှိသည်။ အကြီးဆုံးနံရံတွင် အနက်ရောင် စုတ်တံဖြင့် ရေးထားသော 'တရားထိုင်ခြင်း' စကားလုံးကြီးနှစ်လုံးရှိသည်။ စုတ်ချက်များသည် ပြေပြစ်ပြီး နူးညံ့ပုံပေါက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်ကို ဖုံးကွယ်ထားပုံရသည်။

အခင်းပေါ်တွင် ဆံပင်အနက်ရောင် လူငယ်လေးသည် သူ့မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်သည်။

"ဒကာလေးချောင်ယွမ်း၊ မင်းရဲ့စာရောက်လာပြီ" ဘုန်းကြီးအိုသည် ဗုဒ္ဓဘာသာဦးညွှတ်မှုဖြင့် ပြုမူပြီးနောက် သူ့အင်္ကျီလက်ထဲက စာအိတ်ကို ထုတ်လိုက်သည်။

ဆံပင်အနက်ရောင် လူငယ်လေးသည် ဖြည်းညှင်းစွာထရပ်လိုက်ပြီး စာအိတ်ကိုယူပြီး အကြာကြီးကြည့်လိုက်သည်။

"ချန်းနန်…" သူ့ကိုယ်သူရေရွတ်ရင်း ဘုန်းကြီးအိုကို ကြည့်ပြီး တလေးတစားပြောလိုက်သည်။ "ဆရာတော်၊ ဆရာတော့်အထင်… တပည့်တော်သွားသင့်သလား"

"ဒကာလေး၊ ဒကာလေးက ဒီဗုဒ္ဓဘာသာဘုရားကျောင်းမှာ တရားထိုင်တာ ငါးနှစ်ရှိပြီး ဒကာလေးရဲ့စိတ်နှလုံးထဲမှာ နတ်ဆိုးကို ဖိနှိပ်ခဲ့ပြီးပြီ။ ဆရာတော်အထင်တော့ ဒကာလေးသွားသင့်တယ်"

လူငယ်လေး၏မျက်လုံးများက တုံ့ဆိုင်းသွားကာ "ဒါပေမယ့် တပည့်တော်ရဲ့ခန္ဓာကိုယ်မှာ အပြစ်တွေရှိတယ်…"

"သတ်ဖြတ်ခြင်းက အပြစ်ဖြစ်ပြီး လောကကိုကယ်တင်ခြင်းက ကုသိုလ်ဖြစ်တယ်၊ ကုသိုလ်နဲ့အကုသိုလ်တွေ အချင်းချင်း မျှခြေညီမှသာ ဒကာလေး ‌စိတ်အေးချမ်းသာစွာ နေနိုင်လိမ့်မယ်" ဘုန်းကြီးအို၏မျက်လုံးများက အလွန်နက်ရှိုင်းနေကာ သူသည် လက်အုပ်ချီပြီး တည်ငြိမ်စွာ ပြောသည်။

"ဒီဘုရားကျောင်းမှာ‌ ဆယ်စုနှစ်များစွာထိုင်နေပြီး သီတင်းသုံးနေထိုင်တာက အပြစ်က အပြစ်‌ဖြစ်နေဆဲပဲ… ဒကာလေး အခုလက်လွှတ်ဖို့အချိန်တန်ပြီ"

လူငယ်လေးသည် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီး လက်အုပ်ချီကာ လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

"ဆရာတော်ရဲ့လမ်းညွှန်ပြသမှုအတွက် ကျေးဇူးတင်ပါတယ်"

"ဒကာလေးချောင်ယွမ်း၊ ဆရာတော် ဒကာလေးကို သတိပေးစရာတစ်ခုရှိတယ်"

"မိန့်တော်မူပါ ဆရာတော်"

"ချန်းနန်ကိုသွားရာလမ်းမှာ မြင့်မြတ်သူတစ်ယောက်နဲ့ ဒကာလေးတွေ့နိုင်တယ်။ ဒီအခွင့်အရေးကို ဒကာလေးဆုပ်ကိုင်နိုင်ရင် ဒီဘဝမှာ ဒကာလေးရဲ့အပြစ်တွေကို ဆေးကြောနိုင်ရုံသာမက ဉာဏ်အလင်းကိုလည်း ရရှိနိုင်တယ်"

"မြင့်မြတ်သူလား" ချောင်ယွမ်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "အဲဒီမြင့်မြတ်သူက… သူက ဘယ်လိုစရိုက်လက္ခဏာတွေရှိတာလဲ"

"သစ်ပင်နှစ်ပင် မတ်မတ်ရပ်၊ နတ်ဘုရားရှစ်ပါးက တစ်ကိုယ်တည်း၊ ညဘက်မှာ ဆယ်နှစ်ကြာ၊ ငါ့ကမ္ဘာကိုဖြတ်သွားတယ်" ဘုန်းကြီးအိုသည် မျက်လုံးမှိတ်ပြီး လက်အုပ်ချီလျက် သူ့အသံက ရှေးခေါင်းလောင်းသံနှင့် တူသည်။

"—— အော်မီထော်ဖော်" 

ချောင်ယွမ်း၏မျက်လုံးများသည် သံသယများပြည့်နှက်နေသော်လည်း ထိုစကားလုံးများကို ဂရုတစိုက်ချရေးသေးပြီး ပြန်၍ဦးညွတ်လိုက်သည်။

"ဒါဆိုရင်…" ချောင်ယွမ်းသည် တရားထိုင်ခြင်းအခန်းအပြင်ဘက် တောင်ထိပ်ရှိ တိမ်တိုက်များပင်လယ်ကို မျှော်ကြည့်ကာ လက်အုပ်ချီပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "တပည့်တော် သွားပါ့မယ်…"


ဗင်ကားထဲတွင်။

လင်ချီးယဲ့သည် တိတ်ဆိတ်နေသော လူအုပ်ကိုကြည့်ပြီး သူ့လည်ပင်းကို တိတ်တဆိတ် ကျုံ့လိုက်သည်။

လေထုက အနည်းငယ်အဆင်မပြေချေ။

"အဟမ်း အဟမ်း…" ဝမ်းချီမော့က နှစ်ကြိမ်ချောင်းဟန့်ပြီး တိတ်ဆိတ်မှုကို ဦးစွာဖြိုခွဲလိုက်သည်။ "ကဲပါ ချီးယဲ့ ရထားလက်မှတ်က ပြန်အမ်းလို့မရတော့ဘူး… ဒါက မင်းပြဿနာမဟုတ်ပါဘူး။ စိတ်ထဲမထားပါနဲ့"

ခရီးသည်ထိုင်ခုံရှိ ချန်မုရယ်၏မျက်နှာက အနည်းငယ်စိမ်းနေ၏။

"အမ်… ငါတို့ ကောင်းတာတွေလည်း စဉ်းစားရမှာပေါ့။ ဟုတ်သား။ ဥပမာ… ချန်းနန်မြို့မှာရှိတဲ့ လေ့ကျင့်ရေးစခန်းက အရမ်းနီးတာကြောင့် ငါတို့ မင်းဆီ အချိန်မရွေး လာလည်လို့ရတယ်"

"လေ့ကျင့်ရေးက အလုံပိတ်ပဲ။ ငါတို့ဝင်လို့မရဘူး" ယာဉ်မောင်း ဝူရှန်းနန်က တိတ်တဆိတ် ပြောလိုက်သည်။

"…" ဝမ်းချီမော့သည် ခေတ္တရပ်ပြီး "အနည်းဆုံးတော့ ငါတို့အားလုံးဝယ်ထားပြီးပြီ၊ ဂျက်ကတ်တွေ၊ စောင်ထူထူတွေ၊ အနွေးထည်တွေ၊ လည်စည်းတွေလေ…"

"ချီမော့… ချန်းနန်ဆောင်းရာသီမှာ ဒါတွေမလိုဘူးလေ" ဟုန်ယင်းက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"ပါးစပ်ပိတ်ထား" ချန်မုရယ်သည် ဝမ်းချီမော့ကို စိုက်ကြည့်ရင်း နှလုံးသွေးများ ယိုစီးလာသည်ဟုသာ ခံစားလိုက်ရသည်။

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူသည် ခေါင်းလှည့်ပြီး လင်ချီးယဲ့ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"ချီးယဲ့…

မင်းပြန်သွားကြည့်လိုက်ပါလား…

ပြန်အမ်းငွေရနိုင်မလားလို့လေ"

TK Team (Chapter 68)