အပိုင်း ၁၄
Viewers 61k

အခန်း ၁၄

ဘာလို့ မင်းသားတစ်ယောက်ရဲ့ စားဖိုမှူး မဖြစ်ချင်ရတာလဲ?

တတိယသခင်လေးက ဥထမင်းကြော်ကို ခပ်ပြီးပားစပ်ထဲထည့်လိုက်တာနဲ့ ထမင်းရဲ့ အရသာက ချက်ချင်း အရသာခံအာရုံကြောတွေကို လွှမ်းခြုံသွားပြီး...သူရဲ့ ခန္ဓာကိုယ်က တိမ်ဆိုင်တွေပေါ်ရောက်နေသလိုမျိုး၊ပင်လယ်ထဲနစ်မြုပ်နေသလိုမျိုး စိတ်လှုပ်ရှားကျေနပ်မှုကို ခံစားရလေသည်။ 

အရင်က ဒီလို အရသာရှိတဲ့ ဥထမင်းကြော် မျိုး(လုံး၀) မမြည်းစမ်းဖူးခဲ့ပေ။ သူ့မိသား စုစားဖိုမှူးတောင် ဒီ ဆိုင်ရဲ့ လက်ရာကို မမှီဘူးဆိုတဲ့ ရှောင်ရှောင်လုံရဲ့ စကားကို အကြွင်းမဲ့ လက်ခံလိုက်မိလေပြီ။

ပထမတစ်ဇွန်းစားပြီးတာနဲ့ ချက်ချင်း ဒုတိယတစ်ဇွန်း...နောက်...တစ်ဇွန်းပြီး..တစ်ဇွန်း...

ဒီလို အရသာရှိတဲ့ အစားအသောက်ရဲ့ ရှေ့မှာ သူ တွေးနိုင်တဲ့ တစ်ခုတည်းသောအရာက အငမ်းမရစားပစ်ဖို့သာဖြစ်၏။ စားဖိုမှူးကို လေးစားသမှု့ပြသတဲ့အနေနဲ့ သူ့ကိုယ်သူ အစားအသောက်ထဲ လုံး၀နှစ်မြုပ်ပစ်လိုက်သည်။ 

တတိယသခင်လေး အငမ်းမရစားနေတာကိုပုဖန်က မထူးခြားနားစွာ ကြည့်နေရင်း...နှုတ်ခမ်းထောင့်စွန်းတွေကွေးတက်လာအောင် ပြုံးလိုက်မိသည်။ အရသာရှိတဲ့ အစားအသောက်ရဲ့ ရှေ့မှာ ဘယ်လို အဆင့်အတန်းနဲ့ လူဖြစ်ပါစေ...နောက်ဆုံး ဧကရာဇ်ဖြစ်နေရင်တောင်မှ...အစားအသောက်ဆီမှာ ညို့ယူခြင်းခံရမှာ မလွဲပေ။

 သူက တတိယသခင်လေးရဲ့ ဂုဏ်ပုဒ်ကို မသိသလို စိတ်လဲ မ၀င်စားပေ။ ဒီအချိန်မှာ သူသိတဲ့ တစ်ခုတည်းသောအရာက တတိယသခင်လေးဟာ သူ့ရဲ့ စားသုံးသူဖြစ် သည် ဆိုတာပင်။  

ထို့နောက်...
ပုဖန်က မီးဖိုချောင်ထဲ ပြန်၀င်လိုက်ပြီး...
ဂျုံမှုန့်ကို ထုတ်ယူ၍ ကျွမ်းကျင်စွာနယ်လိုက်သည်။နောက်. ခေါက်ဆွဲဖြစ်အောင် ဆွဲ လိုက်ပြီး ရေပူထဲ စိမ်လိုက်သည်။ထို့နောက်...ပန်းကန်လုံးထဲ ဟင်းခတ်အမွှေးအကြိုင်တွေနှင့်အတူ ခောက်ဆွဲပာထည့်၍ ဝါးတူဖြင့် မွှေလိုက်တဲ့အခါမှာတော့...လက်လုပ်ခေါက်ဆွဲတစ်ပွဲ အဆင်သင့်ဖြစ်သွားလေပြီ။ 

ပုဖန်က ခေါက်ဆွဲပွဲကို အရင်သွားမချပေးသေးပဲ. ရေခဲသေတ္တာထဲက ဟင်းရွက် အစည်းကို ထုတ်ယူလိုက်သည်။

စိမ်းပြာရောင်ဟင်းရွက်ပော်မှာ ရေစက်လေးတွေ တင်နေဆဲဖြစ်ပြီး ရေစက်တွေမှတဆင့် အလင်းပြန်ကာ အရွက်တွေက စိမ်းစိုပြောင်လက်နေ၍ အနွေးလှိုင်းထွက်ပေါ်နေသည်။

"ဒီအသီးအရွက်တွေက ထျန်းတန်တောင်အလယ်မှာ အလေ့ကျပေါက်နေတဲ့ 'ခရမ်းလင်း' အသီးအရွက်တွေဖြစ်တယ်..သူတို့က နေရောင်ခြည်ကို ၃နာရီ၊အစိုဓာတ်အတွက် တောင်ကျရေကို ၁နာရီ နေ့စဉ် စုပ်ယူရရှိထားပြီး...သူရဲ့ စွမ်းရည်နဲ့ အဟာရတွေကို မူလအခြေအနေအတိုင်း ထိန်းသိမ်းနိုင်ဖို့ အတွက် မနက်အစောပိုင်း နှင်းစက်တွေ မပျောက်ကွယ်သွားခင် ခူးဆွတ်ရတယ်..."

System ရဲ့ ဟင်းရွက်တွေကြောင်း ရှင်းပြချက်က ပုဖန်ရဲ့ စိတ်အတွင်းချက်ချင်း ပေါ်လာခဲ့သည်။ အသီးအရွက်ကြော်တစ်ပွဲ ကို ရွှေပြားတစ်ရာ ကျသင့်သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ထျန်းတန်တောင်က နဂါးမြို့ဟောင်းနယ်မြေမှာ လူသိများတဲ့တောင်တစ်တောင်ဖြစ်ပြီး တောင်ရဲ့ ထိပ်မှာ ရေကန်တစ်ကန်တည်ရှိ၏။ကန်ထဲကရေမှာ ကမ္ဘာမြေကြီးဆီမှ စုဆောင်းထားတဲ့ စိတ်စွမ်းအင်တွေနဲ့ ပြည့်နှက်နေလေသည်။ကျင့်ကြံသူတစ်ယောက်သာ ထိုရေကို သောက်လိုက်လျင် ခန္ဓာကိုယ်အတွင်းက သွေးကြောတွေကြီးထွားလာစေပြီး ကျင်ကြံခြင်းအဆင့်လည်း လျင်မြန်စွာ တိုးပွားလာပေလိမ့်မည်။

ပုဖန် ဒီဟင်းပွဲကို ချက်ရတာ ပထမဆုံးအကြိမ်တော့ မဟုတ်တော့ပေ။ သူ အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားပြီးနောက်မှာတော့ သူ့ရဲ့ စကေးက မယုံကြည်နိုင်စရာ အဆင့်တစ်ခုကို ရောက်နေခဲ့လေပြီ။

ပုဖန်က အရွက်တွေကို ဒယ်အိုးထဲကနေ ဖ ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်၏။ 
ချက်ပြုတ်တဲ့ အချိန်.. ပုဖန်ရဲ့ တိကျသော အပူချိန် ထိန်းချုပ်နိုင်မှုနှင့် ကျွမ်းကျင်သော ဟင်းချက်စကေးတို့ကြောင့် အရွက်ကြော်ကိုကြည့်ရသည်မှာ မချက်ခင်တုန်းကလိုပင် အစိုဓာတ်ရှိနေတုန်းဖြစ်သည်။ 

မီးဖိုချောင်ထဲကနေ ဟင်းပွဲတွေကို သယ်၍ ထွက်လာလိုက်ပြီး ရှောင်ရှောင်လုံရဲ့ ရှေ့မှာ ချပေးလိုက်သည်။ 

"မင်းမှာထားတဲ့ ဟင်းပွဲတွေ ရပြီ..အေးဆေးသုံးဆောင်ပါ " 

ပုဖန်က ထုံးစံအတိုင်း မထုံတက်တေး အမူအရာနဲ့ ပြောလိုက်သည်။

ရှောင်ရှောင်လုံရဲ့ မျက်လုံးတွေက ဘလင်းဘလင်း ဖြစ်သွားပြီး ချက်ချင်း ခေါက်ဆွဲပန်းကန်ကို ကိုင်ကာ အငမ်းမရ မျိုချလိုက်သည်။

ရှောင်ရှောင်လုံ စစားတဲ့ အချိန်မှာ. တတိယသခင်လေးကတော့ စားလို့ပြီးသွားခဲ့လေပြီ။ဥထမင်းကြော်ရဲ့အရသာက အရမ်းကောင်းမွန်ပြီး ပမာဏက အလွန်နည်းသောကြောင့် ခဏအတွင်းမှာပဲ စားလို့ပြီးသွားခဲ့သည်။ 

" အရမ်း စားလို့ကောင်းတယ် " 

တတိယသခင်လေးက ပြောင်နေတဲ့ ပန်းကန်ကိုပာ လျက်ချင်နေတဲ့စိတ်ကို မနည်းထိန်းပီး ပုဖန်ကို လက်မထောင်ပြလိုက်သည်။ 

"ဆိုင်ရှင်..မင်းရဲ့ ဥထမင်းကြော်မှာ ပါ၀င်ပစ္စည်းတွေက သေချာပောက် သာမန်မဟုတ်ဘူးမို့လား.? ငါ ဥထမင်းကြော် စားနေရင်းနဲ့ ငါ့အစစ်အမှန်စွမ်းအင်တွေတိုးလာတာကို ခံစားမိတယ်...တိုးလာတာက မများဘူးဆိုပေမယ့်လည်း...ငါ့အတွက် ဒီလောက်တိုးလာဖို့တောင် အရမ်းခက်ခဲတယ်" 

အမှန်တကယ်လည်း... သူ့လို ပဉ္စမအဆင့်(ဘုရင်အဆင့်)တစ်ယောက်ကို ပမာဏအနည်းငယ် တိုးလာအောင် စွမ်းဆောင်နိုင်တယ်ဆိုထဲက ထို ဥထမင်းကြော်က ထူးခြားနေလေပြီ။

"တကယ်လို့ ငါခန့်မှန်းတာ မမှားရင် ဥက ပဉ္စမအဆင့် မိစ္ဆာသားရဲ ပင်လယ်နက်လင်းယုန်ပေါက်ရဲ့ ဥ ဖြစ်မယ် " 

ပုဖန်က တတိယသခင်လေးကို အံ့အားသင့်စွာကြည့်လိုက်သည်။ ဥရဲ့ မူလကို ခန့်မှန်းနိုင်လိမ့်မယ်လို့ သူမထင်ထားမိပေ။ 

"အဆင့်မြင့်ဥထမင်းကြော်မှာ ပါဝင်တဲ့ ဥ က ပဉ္စမအဆင့် မိစ္ဆာသားရဲ ပင်လယ်နက် လင်းယုန်ပေါက်မှ ပထမဆုံး ဥတဲ့ဥကို အသုံးပြုထားတယ်...ပင်လယ်စွမ်းအင်အာဟာရနဲ့ အကျိုးသက်ရောက်မှု့ကြောင့် အဲ့ဒီဥမှာ စိတ်စွမ်းအင်အမြောက်အမြား လည်းပါဝင်တယ်... ဆန်ကိုတော့ တောင်ပိုင်းမြေရိုင်းလွင်ပြင်ကထွက်တဲ့ ဝူချန် ဆန်ကို အသုံးပြုထားတယ်...အဲ့ဒီဆန်ရဲ့ အစေ့တွေက ဖွံ့ဖြိုးပီး အာဟာရပြည့်နှက်နေတာကြောင့် တော်၀င်ဧကရာဇ်က်ို လက်ဆောင်ပဏ္ဍာ ပေးဖို့အတွက်တောင် ရွေးချယ်ကြတယ်..."

!ငါသိသားပဲ ! 
တတိယသခင်လေးက ပုဖန်ပြောတာကို ကြားသောအခါ သူရဲ့ မျက်နှာပေါ်မှာ ကျေပ်တဲ့ အပြုံးတစ်ခုပေါ်လာသည်။ 

တစ်ခြားတစ်ဖက်မှာတော့... 
တတိယသခင်လေးက ဆန်အကြောင်းနားထောင်နေပေမယ့် သူ့အာရုံက ဟင်းရွက်ကြော်ပန်းကန်မှာသာ ရှိနေပြီး ရွှေပြားတစ်ရာတန်တာကို သတိရသွားသည်။ 

ဒါက စျေးမပေါသောကြောင့် သာမန်တော့မဖြစ်နိုင်ပေ။ထို့ကြောင့် သူ့သိချင်စိတ်ကို မအောင့်နိုင်တော့ပဲ မေးလိုက်သည်။

"ဒီ ဟင်းရွက်ကြော်မှာရော...ဘာတွေထူးဆန်းတာ ပါသေးလဲ?"

"ဒီ ဟင်းရွက်တွေက ထျန်းတန် တောင်လယ်မှာ ပေါက်တဲ့ ခရမ်းလင်း ဟင်းရွက်တွေဖြစ်ပြီး သူတို့ကို....... "

ပုဖန်က System ပြောပြထားသလို အကုန်ရှင်းပြလိုက်၏။

စျေးအဆမတန်ကြီးနေတာ အံ့သြစရာမဟုတ်တော့ပေ။ရွှေပြားတစ်ရာသာ ပေးရတာ စျေးပေါတယ်လို့တောင် ယူဆလို့ရပေသည်။

ခရမ်းလင်း ဟင်းရွက်တွေက အလွန့်အလွန်တိကျသေချာတဲ့ အခြေအနေတွေမှာသာ ကြီးထွားနိုင်ပြီး အာဟာရအပြည့်နှင့် ခန္ဓာကိုယ်ထဲက သွေးကြောတွေကိုကြီးထွားစေနိုင်သောကြောင့် စျေးအလွန်ကြီးသည်။

"ဝိုး...ရှိန်လောက်စရာပဲ " 

ရှောင်ရှောင်လုံက ပုဖန်နှင့်တတိယသခင်လေးတို့ ပြောနေတာကိုကြားပြီး သူ့မျက်လုံးတွေ အရောင်တောက်ပလာကာ  
ပါးစပ်ထဲက ခေါက်ဆွဲတွေကို အမြန်မျိုချလိုက်သည်။နောက်... စိမ်းစိုပီး အစိမ်းသက်သက် ပုံစံဖြစ်နေသည့် ဟင်းရွက်ကြော် ကို တူနဲ့ ညှပ်ယူလိုက်ပြီး ဇဝေဇဝါမေးလိုက်သည်။

"ဒါ.ချက်ပြီးသားတော့ ဟုတ်ပါတယ်နော်?"

သူ တစ်ချက်နမ်းကြည့်လိုက်ပြီး ချက်ပြီးသားဆိုတာ သေချာတော့မှ ပါးစပ်ထဲပြီး ခပ်မြန်မြန် ဝါးလိုက်၏။ 

လတ်လတ်ဆတ်ဆတ် အရွက်စိမ်းကို ကိုက်ဝါးမိသလို တကျွိကျွိ အသံတွေထွက်ပေါ်လာပြီး သူ့ရဲ့ ပါးစပ်ထဲမှာ အအေးစီးကြောင်းတစ်ခု ဖြာထွက်နေသကဲ့သို့ ခံစားလိုက်ရ၏။ အချိုအရသာစီးကြောင်းက သူ့ရဲ့ အစာအိမ်ထဲသို့ စီး၀င်သွားတာကိုတောင် ခံစားမိလိုက်ပြီး တကိုယ်လုံးလန်းဆန်းတက်ကြွလာသည်။နောက်... သူ့ရဲ့ ခြေလက်လေးဖက်လုံးကို ပျံ့နှံ့သွားပြီး မိန်းမချေလေးတွေက နူးညံ့တဲ့ လက်လေးတွေနဲ့ နှိပ်နယ် ပေးနေသလိုမျိုး....ခံစားချက်က... နတ်ပြည်ရောက်နေတာနဲ့တောင်တူလေသည်။

"ငါစားလိုက်တာ ဟင်းရွက်ကြော်ရော ဟုတ်ရဲ့လား.? " 

ရှောင်ရှောင်လုံရဲ့ မျက်လုံးတွေက အံ့သြမှုကြောင့် ပြူးကျယ်နေသည်။ 

"ဒီ ဟင်းရွက်ကြော်ပန်းကန်ကို ကြည့်လိုက်တာနဲ့ စားဖိုမှူးတစ်ယောက်ရဲ့ ကျွမ်းကျင်မှုကိုသိနိုင်တယ်...ဒီလို အရောင် အနံ အရသာ နဲ့ပြည့်စုံနေဖို့ အပူချိန်ညှိတာနဲ့ အချိန်တွက်ရာမှာ လုံး၀ကျွမ်းကျင်တိကျနေဖို့ လိုအပ်တယ်..ဒာမှသာ သူတို့ရဲ့ အစိုဓာတ်နဲ့ အာဟာရတွေအကုန်လုံးကို ထိန်းသိမ်းနိုင်မှာ." 

တတိယသခင်လေးက သွားရည်မြိုချရင်း ချီးကျူးပြောဆိုလိုက်သည်။

 "ကျေးဇူးပြုပီး ခင်များရဲ့ နာမည် သိခွင့်ရှိမလား?" 

တတိယသခင်လေးက ရုတ်တရက် မတ်တပ်ရပ်လိုက်ပီး ပုဖန်ကို ယဉ်ကျေးစွာ မေးလိုက်သည်။

"ကျွန်တော့် မျိုးရိုးအမည်က ပုပါ၊ ကိုယ်ပိုင်အမည်ကဖန် " 

ပုဖန်က အပြောင်းအလဲမရှိ ခပ်တည်တည် ပြန်ပြောလိုက်သည်။ 

"အော်...ဒါဆို မင်းက ပိုင်ရှင်ပုပေါ့.. ငါ မင်းရဲ့အချက်အပြုတ် စကေးကို အရမ်းသဘောကျတယ်... ငါ့ကိုယ်ငါ အမှန်တိုင်း မိတ်ဆက်ပါရစေ... ငါက လေအလင်းအင်ပါယာရဲ့ တတိယမြောက်မင်းသား ဂျိချန်းရွဲ့ပာ"

တတိယသခင်လေးက ခပ်ရေးရေးပြုံး၍ရပ်နေပြီး သူ့ရဲ့ကိုယ်မှ မင်းမျိုးနွယ်တစ်ယောက်ရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အော်ရာ ထွက်နေ၏။ 

ရှောင်ရှောင်လုံ မှင်သက်သွားမိ၏။
!သခင်လေးက ဘာလို့ ရုတ်တရက်ကြီး သူ့အကြောင်း အမှန်တိုင်းထုတ်ပြောနေတာလဲ?!

"အော်.... " 

ပုဖန်ကတော့ မျက်နှာသေနှင့် ဂျိချန်းရွဲ့ကို ကြည့်ရင်း...
!ဒီကောင်က မင်းသားတစ်ယောက်ကိုး..!

"ပိုင်ရှင်ပုကို ငါ့ရဲ့ ကိုယ်ပိုင် စားဖိုမှူးဖြစ်လာဖို့ ကမ်းလှမ်းချင်တယ်...မင်းရဲ့ လစာကိုလည်း စိတ်ကျေနပ်စေရမယ်လို့ အာမခံတယ်... တစ်လကို ရွှေပြားတစ်ရာပေးမယ်ဆိုရင် ဘယ်လိုသဘောရလဲ..စိတ်ဝင်စားလား?" 

ဂျိချန်းရွဲ့က သူဘယ်သူလဲဆိုတာ သိပြီးတာတောင် ပုဖန်ရဲ့ အမူအရာပြောင်းလဲမသွားတာကို မြင်တော့ နဲနဲ အံအားသင့်သွားပေမယ့်...ယုံကြည်မှုရှိစွာပြုံး၍ ပုဖန်ကို ပြောလိုက်၏။

အင်ပါယာအတွင်း သူ့ရဲ့ ကိုယ်ပိုင် စားဖိုမှူး ဖြစ်လာဖို့ဆိုတာ များစွာသောစားဖိုမှူးတွေရဲ့ အိပ်မက်တစ်ခုပင်။ဒါက ကျော်ကြားမှု့နဲ့ တရား၀င်အသိအမှတ်ပြုမှု့ကို ချက်ချင်းရရှိစေနိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်သည့်အပြင်...တစ်လကို ရွှေပြားတစ်ရာဆိုတာ အင်ပါယာရဲ့ စားဖိုမှူးတွေ ရရှိနိုင်တာထက်ပိုများနေသေးသည်။ထို့ကြောင့်
ပုဖန် သူ့ရဲ့ ကမ်းလှမ်းမှုကိုငြင်းပယ်နိုင်လိမ့်မည်မဟုတ်ချေ။

ရှောင်ရှောင်လုံက မင်းသားရဲ့ ကမ်းလှမ်းချက်ကြောင့် မှင်သက်သွားပြန်သည်။

!သူက ပိုင်ရှင်ပုကိုသိမ်းသွင်းဖို့ ကြိုးစားနေတာလား.?ဒါဆို ငါက ကျင့်ကြံခြင်းအဆင့်ကိုမြှင့်တင်ပေးနိုင်တဲ့အပြင် အရသာလည်းရှိတဲ့ ဥထမင်းကြော်ကို ဘယ်မှာသွားရှာရတော့မလဲ?!
!ပိုင်ရှင်ပု...မင်းတောင့်ခံထားရမယ်နော်...မက်လုံးတွေနောက်ကို မပါသွားပါနဲ့...!!

ရှောင်ရှောင်လုံ စိတ်ထဲကနေ ယောက်ယက်ခတ်အော်ဟစ်နေမိ၏။ 

 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာနဲ့ သူ့ရဲ့အဖြေကို စောင့်ဆိုင်းနေတဲ့ တတိယမင်းသား ဂျိချန်းရွဲ့ကို ပုဖန် ခပ်တည်တည်ပဲ ကြည့်လိုက်သည်။

"အိုး...... မင်းက ငါ့ကို. မင်းရဲ့ ကိုယ်ပိုင် စားဖိုမှူးဖြစ်စေချင်တာလား?"

"အမှန်ပဲ" 

 "ဆောရီးသားရီး..မင်းက အရည်းအချင်းမမှီဘူး" 

ပုဖန်က ခပ်ချေချေပဲ ယတိပြတ်ငြင်းလိုက်သည်။ 

---
စာကြွင်း။ ထျန်းတန်တောင်က တရုတ်မှာ တကယ်ကို ရှိတဲ့ တောင်ဖြစ်ပါတယ်တဲ့( 😁😁 အဲ့နာမည်မှန်မမှန်တော့မသိဘူး)