အပိုင်း ၁၅
Viewers 62k

အခန်း ၁၅

ဝတုတ် တစ်အုပ်

မျှော်လင့်ကြီးစွာ ကြည့်နေတဲ့ ဂျိချန်းရွဲ့ က အံသြမှင်သက်သွားသည်။

" သူ.... သူငါ့ကိုတကယ် ငြင်းလိုက်တယ် " 

အင်ပါယာရဲ့ တတိယမင်းသားဖြစ်တဲ့ သူ့ဆီမှာ အမှုထမ်းချင်သူ များစွာရှိပေသည်။ဒာတောင်.. သူကိုယ်တိုင် ဖိတ်ခေါ်လိုက်တဲ့လူဆီမှ ယတိပြတ်အငြင်းခံရသေးသည်။ 

ပို မယုံနိုင်စရာကောင်းတာက ငြင်းပယ်ရတဲ့အကြောင်းပြချက် ......... 
(မင်းကအရည်းအချင်းမပြည့်မှီဘူးတဲ့)

ဂျိချန်းရွဲ့က ပုဖန်ရဲ့ စကားတွေနဲ့အမူအရာကို ပြန်စဉ်းစားရင်း သူ့ရင်ဝကို ဆောင့်ကန်ခံရသလို ခံစားလိုက်ရပေမယ့် လိမ္မာပါးနပ်သူ တစ်ယောက်ပီပီ ဒေါသတကြီး မတုံ့ပြန်ပဲ ခပ်ပြုံးပြုံးနဲ့ ရေရွတ်လိုက်သည်။ 

"အမှန်ပဲ...ငါက တကယ်ကိုပဲ အရည်အချင်း မမှီဘူး" 

လေအလင်းအင်ပါယာရဲ့ ဧကရာဇ် ချန်းဖန်မှာ သားသုံးယောက် ရှိပြီး ပထမ မင်းသား ဂျိချန်းဂန်ကို လွန်ခဲ့တဲ့ဆယ်နှစ်က အိမ်ရှေ့မင်သားအဖြစ် ချီးမြှောက်ခဲ့သည်။ ဒုတိယမင်းသားဂျိချန်းယု ကိုလည်း ဘုရင်အဖြစ် ချီးမြှောက်ခဲ့ပြီး တတိယ မင်းသားဂျိချန်းရွဲ့သာ ဧကရာဇ်ချန်းဖန်ရဲ့ အမျက်တော်ရှခံရပြီး စစ်တပ်အတွင်း စစ်သူကြီးတစ်ယောက်သာ ဖြစ်လာခဲ့သည်။ 

စစ်သူကြီးတစ်ယောက်အနေဖြင့် လွန်စွာ လေးစားခံရသော်လည်း... ပထမမင်းသားနှင့်ဒုတိယ မင်းသားတို့နဲ့ ယှဉ်လိုက်ရင် တော်တော်လေး နိမ့်ကျလှပေ၏။

"တတိယ မင်းသား ... " 

ရှောင်ရှောင်လုံက ဂျိချန်းရွဲ့ ကြေကွဲနေတာမြင်တော့..နှစ်သိမ့်ဖို့ပြင်လိုက်ပေမယ့် မင်းသားက တားဆီးလိုက်သည်။

"ပိုင်ရှင်ပု...မင်းက ငါ့ရဲ့ ကိုယ်ပိုင်စားဖိုမှူးမဖြစ်ချင်ရင်လည်း... အင်ပါယာ ဧကရာဇ်ရဲ့ တော်ဝင်စားဖိုမှူးနေရာဆိုရင်ရော....?"

"ငါက အရည်အချင်းမမှီပေမယ့်... ဧကရာဇ်ကတော့ အရည်အချင်းမှီတယ်မဟုတ်လား?" 

ဂျိချန်းရွဲ့က ခပ်သဲ့သဲ့ရယ်ရင်း တိုးတိုးလေး ပြောလိုက်သည်။ 

ပုဖန်က ဂျိချန်းရွဲ့က်ို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
!ဒီကောင် က ငါပြောတာကို နားမလည်ရအောင် ကျပ်မပြည့်ဘူးလား!

"ငါ တစ်ယောက်ယောက်ရဲ့ သီးသန့် စာဖိုမှူး ဖြစ်လာဖို့ စိတ်မ၀င်စားဘူး...ဧကရာဇ်ဖြစ်နေရင်တောင် ငါ့အဖြေက မပြောင်းဘူး... မင်းက ငါ့အစားအသောက်တွေကိုစားချင်တယ်ဆိုရင် နောက်နေ့ ထပ်လာနိုင်တယ်..မင်းရဲ့ ရှေ့မှာ အရင်ရောက်နေတဲ့ စားသုံးသူရှိနေရင် တန်းစီစောင့်.. စားပြီးတဲ့အခါ ရှင်းခဲ့..."

!ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာဖို့ ရည်ရွယ်ထားတဲ့ သူက တော်ဝင်စားဖိုမှူးအဖြစ် ကမ်းလှမ်းတာကို ဝမ်းသာအားရ လက်ခံမယ်ထင်တာလား.?ဆုတောင်းလေ!

ဂျိချန်းရွဲ့ ဆွံအသွားသည်။ 
ပုဖန်က သူ့ရဲ့ စားဖိုမှူးဖြစ်လာဖို့ ငြင်းဆန်တာကို နားလည်နိုင်ပေမယ့် ဧက္ကရာဇ်ရဲ့ စားဖိုမှူးနေရာကို ငြင်းဆန်တာကတော့....တော်ဝင်စားဖိုမှူးဖြစ်လာဖို့က စားဖိုမှူးတိုင်းရဲ့ အိမ်မက် မဟုတ်ဘူးလား?!
!ဒါဆို ပုဖန်ရဲ့ အိပ်မက်က ဘာများလဲ.?! 

"အဆင့်မြင့်ဥထမင်းကြော်က သလင်းကျောက်ဆယ်တုံး ကျပာတယ်..ကျေးဇူးပြုပြီးရှင်းပေးပါ..အားပေးမှုကို ကျေးဇူးတင်ပါတယ်" 

ပုဖန်က မင်းသားနဲ့ပြောနေရတာ စိတ်ကုန်လာပေမဲ့ အမူအရာမပျက် ခပ်တည်တည်သာပြောလိုက်ပြီး တဆက်တည်း ရှောင်ရှောင်လုံကို ပါ ပြောလိုက်သည်။

"မင်းက ရွှေပြားနှစ်ရာ" 

ဂျိချန်းရွဲ့က ပုဖန်ကို အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး သလင်းကျောက်ဆယ်တုံးကိုပေးလိုက်သလို... ရှောင်ရှောင်လုံလည်း သူ့ရဲ့ဘေကို ရှင်းလိုက်သည်။ထို့နောက်...သူတို့နှစ်ယောက်လုံး ဆိုင်ထဲက ထွက်လာလိုက်၏။ 

ဆယ်စတုရန်းမီတာသာရှိတဲ့ ဆိုင်ငယ်လေးရဲ့ရှေ့မှာ လှဲနေတဲ့ခွေးနက်ကြီးတစ်ကောင်ကလွဲလို့ ဆိုင်ဘုတ်တောင် ရှိမနေပေ။ အခြေခံ စည်းမျဉ်းတွေကို အရှုံးမပေးတမ်းဖက်တွယ်ထားတဲ့ အရပ်ရှည်ရှည်၊ပိန်ပိန်ပါးပါး စားဖိုမှူးတစ်ယောက်...အကူအဖြစ် ရုပ်သေးရုပ်တစ်ရုပ်...ဇာစ်မြစ်ဆန်းကြယ်လွန်းသော အဆင့်မြင့်ပါ၀င်ပစ္စည်းတွေနှင့် ထိပ်တန်း အချက်အပြုတ်စွမ်းရည် ရှိနေတဲ့ ဖန်ဖန်ရဲ့ ဆိုင်ငယ်လေးက ဆန်းကြယ်လွန်းသောတည်ရှိမှုတစ်ခုပင်။ 

ဂျိချန်းရွဲ့က ဆိုင်ကို တစ်ချက်နောက်ပြန်ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်မိသည်။ 

" စိတ်၀င်စားစရာပဲ " 

.....................

ပန်းကန်တွေကို ဆေးကြောပြီးနောက်မှာတော့..ဆိုင်က နောက်တကြိမ် ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

 အခုအခာမှာတော့ ဆိုင်ရဲ့ တည်ရှိမှုက ဆန်းချီရှန်းကြောင့် လူသိရှင်ကြား ဖြစ်သွားခဲ့ပေပြီ။ ဟင်းပွဲတွေရဲ့ မတန်တဆစျေးနှုန်းက အင်ပါယာ အတွင်းအဆင့်ဆင့် ပျံ့နှံ့သွားပြီး အိမ်နီချင်းနိုင်ငံတွေထိပါ ရောက်ရှိသွား၏။ 

"မင်းတို့တွေ နောက်ဖေးလမ်းကြားထဲက ထူးဆန်းတဲ့ ဆိုင်အကြောင်းကြားပြီးကြပြီလား " 

" မင်းပြောတာ ဥထမင်းးကြော်တစ်ပွဲကို သလင်းကျောက်ဆယ်တုံးနဲ့ ရောင်းနေတဲ့ အကျင့်ပျက် စားသောက်ဆိုင်အကြောင်းလား?"

"ပိုင်ရှင်က ရူးနေတာလား?ဘယ်သူက ဒီလောက် မတန်တဆစျေးကြီးတာကို စားမှာလဲ?"

............

ကမ္ဘာပော်မှာ သာမန်လူနဲ့လူချမ်းသာတွေ ကွဲပြားခြားနားသလိုမျိုးပဲ လူတွေရဲ့ အတွေးအမြင်တွေကလည်း သူတို့ကြည့်ရှူတဲ့ ရှူထောင့်ကို လိုက်၍ ပြောင်းလဲပေလိမ့်မည်။

ပုဖန်ရဲ့ ငြိမ်းချမ်းသော ကာလလေးက ဆိုင်အတွင်းပုံရိပ်များစွာ ၀င်လာတဲ့နောက်...ပျက်စီးသွားတော့သည်။သူက ထိုင်ခုံပေါ်မှာ ပျင်းရိစွာခွေထိုင်နေရင်း ဝင်လာတဲ့ ၀တုတ်တစ်သိုက်ကို တစ်ချက်ကြည့်လိုက်၏။ 

ထို ၀တုတ်တွေ က စျေးကြီးတဲ့ ပိုချည်ထည်တွေ ၀တ်ဆင်ထားကြပီး သူတို့ရဲ့ ဖောင်းတစ်နေတဲ့ လက်ချောင်းတွေမှာလည်း ရွှေလက်စွပ်တွေဆင်မြန်း ထား၏။ သူတို့ရဲ့ လည်ပင်းမှာ ကျောက်စိမ်းအဆောင်တွေ ၀တ်ဆင်ထားရုံသာမက ခါးပတ်ကြိုးမှာတောင် ကျောက်စိမ်းတွေ မြုပ်ထားသေး၏။ 

!သူဌေး အုပ်စုတစ်စုပဲ! 

ပုဖန်က အကဲခတ်ကြည့်ပြီးတွေးလိုက်သည်။

"ဆိုင်ရှင်... မင်းဆိုင်က ဟင်းပွဲတွေက နံပါတ်တစ်စားသောက်ဆိုင်ထက်တောင် စျေးကြီးတယ်လို့ ငါကြားတယ်.. စျေးပိုကြီးတဲ့အရာတွေက အရည်အသွေးပိုကောင်းတယ်လို့ ငါတို့ထင်တာကြောင့် မင်းရဲ့ ဟင်းပွဲတွေကို မြည်းစမ်းမလို့လာတာ...တကယ်ပဲ အရသာရှိတယ်ဆိုရင်..ဘယ်လောက်စျေးကြီးကြီး အကြောင်းမဟုတ်ဘူး" 

အုပ်စုရဲ့ ခေါင်းဆောင်လို့ထင်ရတဲ့ ၀တုတ်တစ်ယောက်က ကျယ်လောင်စွာပြောလိုက်သည်။ 

ထို လူစုလူဝေးက ဆိုင်ရဲ့ လွတ်နေတဲ့ နေ ရာတွေမှာ အလျင်အမြန်ပဲ နေရာ ၀င်ယူလိုက်ကြသည်။ 

ပုဖန်က မထုံတက်တေး အမူအရာနဲ့ မတ်တပ်ရပ်လိုက်ပြီးမေးလိုက်၏ 

"ဘာမှာ မှာလဲ?" 

ခေါင်းဆောင်က မီိနူးကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ ချမ်းသာ ကြွယ်၀တဲ့ အုပ်စုတောင်မှ စျေးနှုန်းကိုမြင်တဲ့အချိန် လေအေးတွေတစ်ဝကြီး ရှူသွင်းလိုက်ရသလို အမူအရာမျိုးဖြစ်သွားကြသည်။

"ဟုတ်ပြီ...မင်းရဲ့ဆိုင်က ငာတို့မျှော်လင့်ထားသလို မယုံကြည်နိုင်စရာကောင်းမှာပါပဲ.. ငါ့ကိုအဆင့်မြင့်ဥထမင်းကြော်တစ်ပွဲပေး" 

၀တုတ်က ပြောလိုက်သည်။ 

"မိတ်ဆွေ....အဆင့်မြင့်ဥထမင်းကြော်စားဖို့အတွက် အနည်းဆုံး တတိယအဆင့်(တိုက်ခိုက်သူအဆင့်)ကို ရောက်နေဖို့ လိုပါတယ်...အကယ်၍ ခင်များတို့ရဲ့ အဆင့်ကမမြင့်သေးဘူးဆို မမှာပါနဲ့ " 

ပုဖန်က သတိပေးလိုက်သည်။

"အင်ပါယာမြို့တော်ထဲမှာ 'ကျန်းကုန်း အီဂျီမေး ' အဖြစ် လူသိများကျော်ကြားတဲ့ ငါတို့အစ်ကိုကြီးရဲ့ ကျင့်ကြံဆင့်က ဘယ်လိုလုပ် တတိယအဆင့်ထက် နိမ့်မှာလဲ..မင်းချက်စရာရှိတာ သွားချက်ပါ" (အီဂျီမေး ဆိုတာ စိတ်ကူးယဉ်ဇာတ်ကောင်ဖြစ်ပြီး နင်ဂျာတွေလို ပေါ့ပါးသွက်လက်မှုနဲ့ ကျွမ်းကျင်မှုတွေကြောင့် ကျော်ကြားတဲ့ဇာတ်ကောင်ဖြစ်သည်)

အခြား၀တုတ်တစ်ယောက်က ကန့်ကွက်လိုက်သည်။ 

ပုဖန်က ရယ်ချင်စိတ်ကို ထိန်းပြီး ပြောလိုက်တဲ့ ဝတုတ်ကို ကြည့်လိုက်သည်။!ဒီလိုပုံတွေနဲ့ အီဂျီမေးလို့ ပြောရဲသေးတယ်! 

နောက်ဆုံးတော့.... ထို၀တုတ်အုပ်စုက အဆင့်မြင့်ဥထမင်းကြော် သုံးပွဲ၊ သာမန်ဥထမင်းကြော် လေးပွဲ၊ လက်လုပ်ခောက်ဆွဲခုနှစ်ပွဲနှင့် ဟင်းရွက်ကြော် ခုနှစ်ပွဲ မှာခဲ့သည် 

အမြဲတစေ အမူအရာမပြောင်းတဲ့ ပုဖန်တောင်မှ ရယ်ချင်စိတ်ကြောင့် သူ့ နှုတ်ခမ်းထောင့်တွေကော့တက်သွားတာကို မထိန်းချုပ်လိုက်နိုင်ပေ။!ဒီလောက်စားလို့လဲ ဒီခန္ဓာကိုယ်တွေ ဖြစ်နေတာနေမယ်! 

ပြောရရင်တော့ စားနိုင်တယ်ဆိုတာ ဘုရားသခင်ပေးထားတဲ ကောင်းချီးတစ်ခုပာပဲ ပုဖန်က ကောင်းကောင်းစားနိုင်တဲ့လူတွေ ကို နှစ်သက်သည်။

သူ မီးဖိုချောင်ထဲ ၀င်သွားပြီး ခဏအကြာမှာတော့... မွှေးပျံ့တဲ့ အနံ့က မီးဖိုချောင် အပြင်ဘက်သို့ ပျံ့လွင့်လာပီး ဆိုင်ကို လွှမ်းခြုံသွားလေသည်။ 

"မွှေးလိုက်တာ...ဒီလောက်ကောင်းတဲ့ အနံ့မျိုး ငါတစ်ခါမှ မရခဲ့ဖူးဘူး " 

ထို ၀တုတ် တစ်အုပ်က အနံတွေ အလဟသဖြစ်သွားမှာ စိုးသည့်အလား အသက်ပြင်းပြင်း ရှုသွင်းနေပြီး မီးဖိုချောင်ဘက်ကို 
ခဏခဏ မျှော်ကြည့်နေလေ၏။

၀တုတ်တစ်အုပ်က သူတို့မှာထားတာတွေကို စောင့်နေချိန်မှာပဲ...အရပ်ရှည်ပြီးရည်မွန်ပုံရတဲ့ လူတစ်ယောက် ဆိုင်ရှေ့ကို ရောက်လာသည်။

ကျောက်ရူကျီက ဆိုင်အတွင်းက အသားတုံးတောင်ကြီးကိုမြင်သောအခါ သူ့မျက်နှာပေါ်ကအမူအရာက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ 

"ဒီမှာ လူတွေ ဘာလို့ အဲ့ဒီလောက်တောင်များနေတာလဲ.?" 

" ဟိုတစ်ယောက်က ဖက်တီးဂျင် လား.!?ဒီလိုဆိုင်မျိုးမှာ လာစားကြတာ ငါယုံတောင်မယုံနိုင်ဘူး " 

်ကျောက်ရူကျီက အုပ်စုထဲက ၀တုတ်တစ်ယောက်ကို မှတ်မိသွားပြီး အံအားသင့်သွား၏။ 

ဂျင်ဖုကောက အင်ပါယာမြို့တော်အတွင်း ကျော်ကြားသော သူဌေးတစ်ယောက်ဖြစ်ပြီး သူ့ကို ဖက်တီးဂျင် လို့လည်း ခေါ်ကြသည်။ သူ့ရဲ့ မိသားစုက ကျောက်စိမ်းတွင်း များစွာကို လက်ဝားကြီးအုပ်ထားသောကြောင့် အရမ်းချမ်းသာပေသည်။ 

အခြားဖက်တီးတွေကလည်း အင်ပါယာမြို့တော်အတွင်း ကျော်ကြားတဲ့ လူများဖြစ်သည်။ 

" ငါ့ရှေ့ကဖယ်ကြ... ငါ အထဲဝင်မလို့" 

ကျောက်ရူကျီက စက္ကူယပ်တောင်ဖြင့် ၀တုတ်တစ်ယောက်ကို တို့၍ပြောလိုက်၏။

သူဆိုင်အတွင်းရောက်သွားသောအခါ...ဟင်းပွဲ သယ်ထုတ်လာတဲ့ ပုဖန်နှင့်ပင်ပင်းတိုးပြီး အမွှေးရနံ့တွေက သူ့နှာခေါင်းကို လာကျီဆယ်နေ၏။

" ဆိုင်ရှင်... မြန်မြန်လေး...ငါထပ်မစောင့်နိုင်တော့ဘူး" 

ဖက်တီးဂျင်က စိတ်မရှည်စွာအော်လိုက်တာကြောင့် သူ့ရဲ့ မျက်နှာက အဆီပြင်တွေက ပြင်းထန်စွလှုပ်သွားသည်။

" ဒီမှာ...ခင်များမှာတဲ့ အဆင့်မြင့်ဥထမင်းကြော် သုံးဆောင်ပါ " 

ပုဖန်က ပန်းကန်ကိုချပေး၍ ပြောလိုက်ပြီးနောက် မီးဖိုချောင်ထဲသို့ ပြန်ဖို့လှည့်လိုက်သည်။ 

 ပုဖန်ရဲ့ အချက်အပြုတ်စွမ်းရည်က ကျောက်ရူကျီကို အံ့သြသွားစေ၏။
! ဒီနေရာက ယန်ယုကိုဆွဲဆောင်နိုင်တာ မထူးဆန်းတော့ဘူး. သူ့ရဲ့ အချက်အပြုတ် စကေးက တကယ်ကို သာမန်မဟုတ်ဘူးပဲ! 

"ခဏ...ငါ့အတွက် အဆင့်မြင့်ဥထမင်းကြော်တစ်ပွဲ အရင်ပြင်ပေး" 

ကျောက်ရူကျီက မိန်းမောနေရာကနေ သတိဝင်လာပြီး အလျင်အမြန် ပြောလိုက်သည်။ 

" ဟေး....!အရှည်ကြီး...အရင်လာတဲ့သူ အရင်ရတာမင်းမသိဘူးလား?" 

၀တုတ်တစ်ယောက်က ကျောက်ရူကျီ အလှည့်ကျော်ဖို့ကြိုးစားနေတာမြင်တော့ စိတ်တိုသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ 

ကျောက်ရူကျီက ထို၀တုတ်ကို မထီမဲ့မြင် တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာရယ်ရင်းပြောလိုက်သည်။

 "ဘာလို့ မင်းတို့ကို ငါ့က စောင့်ရမှာလဲ?
 ငါ့ကို ဒီလို လာပြောနေရအောင် မင်းက ဘယ်သူလဲ?" 

 ထို၀တုတ်က ဒေါသအရမ်းထွက်သွားပြီး...

"ငါက ကုန်စည်ပြပွဲ ပိုင်ရှင်.. မင်းကကော ဘာကောင်လဲ? " 

"ငါက ကျောက်ရူကျီ " 

လက်ဝဲအမတ်ကြီးရဲ့သား ကျောက်ရူကျီက ဆွေကြီးမျိုးကြီးဖြစ်သည့်အပြင် လူသိများသောကြောင့် သူ့နာမည်ကို ပြောလိုက်လျှင် ချက်ချင်း ၀တုတ်က ကြက်သေသေသွားပြီး သူ့ကို ပြူးကြောင်ကြည့်နေ၏။

ထို့နောက် ၀တုတ်က ခါးခါးသီးသီးအမူအရာနှင့် ပြောလိုက်သည်။  

"ဟုတ်ပါပြီ .... မင်းအဖေက လက်ဝဲအမတ်ကြီးဆိုမှတော့.. ငါမင်းကို မယှဉ်နိုင်ပာဘူး "