အပိုင်း ၁၆
Viewers 52k

အခန်း ၁၆

ကိုယ်လုံးတီးနဲ့ လမ်းလျောက်တာက နောက်ဆုံးပေါ်ဖက်ရှင်လား?

ပုံမှန်တိုင်းဆိုရင်...

ကျောက်ရူကျီ က သူအဖေရဲ့ အရိပ်အောက်မှာ ရှင်သန် မနေထိုင်လိုတာကြောင့် လက်ဝဲအမတ်ကြီးရဲ့ သားဖြစ်ကြောင်းကို ဘယ်တော့မှ ထုတ်မပြောပဲ သိုသိုသိပ်သိပ် နေလေ့ရှိသည်။

 တိတိကျကျ ပြောရမယ်ဆိုရင်တော့ သူဟာ အတွေးအမြင်ဝါဒီသမားဖြစ်ပြီးတော့ ဆန်းချီရှန်း ကဲ့သို့ ငပွေးတစ်ကောင်သက်သက်မဟုတ်ပေ။ 

သူမျော်လင့်ထားတာက တစ်နေ့ကျရင် လူတွေက သူကိုလက်ဝဲအမတ်ကြီးရဲ့သားတစ်ယောက်ဆိုတဲ့အစား သူနာမည်ကိုသာအသိအမှတ်ပြုမှုကို မျော်လင့်ထားခဲ့တာဖြစ်၏။

ဒါကြောင့်လဲ သူ ၅နှစ်သား အရွယ်ထဲက သိုင်းပညာကိုစတင်သင်ယူခဲ့သည်။ အသက် ၉နှစ် အရွယ်မှာ ကဗျာစာပေတွေကို စတင်သင်ယူခဲ့ပြီး... သူ အသက်၁၅နှစ်ရောက်တဲ့ အခါမှာတော့ သူကျောင်းရာပေါင်းများစွာကပညာတွေနဲ့ ရင်းနှီးနေပြီဖြစ်၏။
 
သူက သေနဂ်ဗျူဟာကျွမ်းကျင်တဲ့ မာစတာတစ်ယောက် ဖြစ်လာချင်တာကြောင့် အသိပညာများစွာကို သူကြိုးစား ဆည်းပူးခဲ့သည်။ 

ဒီနှစ်တွေထဲမှာ သူအောင်မြင်မှုကြီးကြီးမားမားတော့ မရသေးပေမဲ့လည်း သူ့နာမည်က တဖြည်းဖြည်းချင်းကျော်ကြားလာပြီး အင်ပါယာမြို့တော်မှာရှိတဲ့ လူတွေက သတိထားမိလာတဲ့အတွက် သူကြိုးစားမှုတွေက အချင်းနှီးတော့ ဖြစ်မသွားခဲ့ပေ။

.........

ဖက်တီးဂျင်က ကျောက်စိမ်းတွင်းများစွာကိုပိုင်ပြီး ချမ်းသာကြွယ်၀သူဖြစ်သည့်အလျောက် အရာရှိများစွာနဲ့ လည်း အဆက်သွယ်ရှိ၏။ ထုိ့ကြောင့် ကျောက်ရူကျီ ၏ အကြောင်းကို တစ်ခြားလူများစွာထက် သူကပိုသိပေသည်။

 ကျောက်ရူကျီက ပဉ္စမအဆင့် (ဘုရင်အဆင့်) တစ်ယောက်ကိုသတ်ရန်အတွက်ပင် ဗျူဟာရေးဆွဲနိုင်ခဲ့ပြီး ရက်စက်တတ်သူတစ်ယောက်လဲဖြစ်သည်။ 

"သခင်လေး ကျောက်က အရင်မှာချင်တယ်ဆိုလည်း မှာခိုင်းလိုက်ပါ"
 
ဖက်တီးဂျင်က ခေါင်းမော့၍ ပြောလိုက်ပြီးနောက် သူအစားကို သူ ပြန်ငုံစားနေသည်။ သူလူတွေနဲ့ သခင်လေးကျောက်ရန်ပွားမှာကို လည်း သူမမြင်ချင်ပေ။ 

အခု သခင်လေးကျောက်ကို အပြစ်ပြုမိသွားပြီး.. နောင်တွင် ဘယ်သူကြောင့်မှန်း မသိလိုက်ရပဲ အကြောင်းမဲ့ သေသွားရတဲ့ အဖြစ်မျိုးရောက်လာရမှာ သူမလိုချင်ပေ။

လူဝြကီးတို့လည်း ခါးသီးစွာနဲ့ပဲ ပြန်နောက်ဆုတ်လိုက်ကြသည်။ 

ကျောက်ရူကျီက သူတို့ရဲ့ အပြုမှုကို မြင်လိုက်သည့်အခါ ကျေနပ်နှစ်သက်သွားပြီး အထင်မြင်သေးစွာ တစ်ချက်ကြည့်လိုက်၍ ခေါင်းမော့ရယ်လိုက်သည်။

ပုဖန်က သူတို့ ဖြစ်နေသမျှ အစအဆုံးကို အမူအရာမပျက် ကြည့်ရှူနေခဲ့ပြီး ဘာတစ်ခုမှလည်း ၀င်ပြောခြင်းမရှိပေ။

ကျောက်ရူကျီ က ပုဖန်ဘက်ကိုလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ 

"မင်း. ငါမှာတာတွေ သွားမချက်သေးပဲ ဘာလို့ ရပ်နေသေးတာလဲ?" 

ပုဖန်က တော့ ပုံမှန်တိုင်းပြောင်းလဲခြင်းမရှိပဲ ပြန်ပြောလိုက်၏။

" ငါဆိုင်မှာ ရှိတဲ့ စည်းမျဉ်းတွေက... စားသုံးသူတစ်ယောက်က ဟင်းပွဲတစ်မျိုးကို တစ်နေ့မှာ တစ်ကြိမ်သာမှာခွင့်ရှိတယ်..
 ဆိုင်အတွင်း တစ်ခြားလူတွေ အနှောင့်ယှက်ဖြစ်အောင်ပြုလုပ်ခြင်းကိုလဲ တားမြစ်ထားတယ်...
ပြီးတော့ တန်းစီစနစ်နဲ့ကိုပဲ ခွင့်ပြုထားတယ် ကြားဖြတ်ခြင်းကိုခွင့်ပြုမထားဘူး..
ဆိုင်ဖွင့်ချိန်ကလည်း နောက်ထပ် ၃နာရီပဲ ကျန်တော့တယ်"

"မင်းပြောချင်တာက ငာကတန်းစီပြီး ၀ယ်ရမယ် ကြားဖြတ်ပြီး ၀ယ်လို့မရဘူး...ဟုတ်လား?! "

ကျောက်ရူကျီက လှောင်ရယ်ရယ်လိုက်ပြီး ထပ်ပြောလိုက်သည်။

"စည်းကမ်းဆိုတာ လူတွေကပဲသတ်မှတ်ထားတာ...စည်းမျဉ်းတွေဆိုတာက ဖောက်ဖျက်ဖို့အတွက်ပဲ"

ပုဖန်ကမျက်ခုံးပင့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပဲပြန်ပြောလိုက်သည်။

"ကြားဖြတ်မ၀ယ်ရဘူး.. တန်းစီပြီးပဲ ၀ယ်ရမယ်ဆိုတဲ့ စည်းကမ်းတွေကငါသတ်မှတ်ထားတာ မဟုတ်ဘူး...ပြီးတော့ ဆိုင်ဖွင့်ချိန် ၃နာရီပဲကျန်တဲ့အထဲက အခုဆို နာရီ၀က်လျော့သွားပြီ"

"ငါက ငါ့အတွက် အစားစာတွေချက်ဖို့ပြောလိုက်ရင်မင်းအခုပဲသွားချက်သင့်တယ်... မင်းအလုပ်ကချက်ပြုတ်ဖို့ပဲ အဓိပ္ပါယ်မရှိတာတွေငါကိုလာပြောမနေနဲ့.!!!
တကယ်တမ်းပြောရရင် ငါမင်းဆိုင်မှာ လာစားလိုက်တာက မင်းကိုချီးမြှောက်လိုက်တာပဲ....မင်းရဲ့ ကံကောင်းမှုတွက် ငါ့ကိုကျေးဇူးတင်လိုက်!!!"

ကျောက်ရူကျီလဲ ပုဖန်ကိုပြောရတာစိတ်မရှည်ဖြစ်လာပြီး အေးစက်စက်အမူရာနဲ့ စိတ်ဆိုးစွာအော်လိုက်သည်။

!ဒီကောင်ကတော့..အနာဂတ်မှာ ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာမဲ့သူကို စိတ်အနှောက်ယှက်လာပေးနေတာပဲ!

'စည်းမျဉ်းတွေကို ချိုးဖောက်မယ်ဆိုရင် နာမည်ပျက်စာရင်းထဲထည့်လိုက်ပြီး ဒီဆိုင်မှာသူတို့ကို ၀န်ဆောင်မှု ပေးတော့မှာ မဟုတ်ဘူး...အဲ့ဒါကြောင့် မင်းပုံမှန်အတိုင်းပဲ တန်းစီပါ..."

ပုဖန်က အေးတိအေးစက်ဖြင့် သူပြောချင်ရာ ပြောလိုက်ပြီးနောက်...ကျောက်ရူကျီက ခုံက်ို ဘုန်းခနဲ ရိုက်လိုက်တာတောင် ဂရုစိုက်မနေတော့ပဲ မီးဖိုချောင်ထဲ လှည့်၀င်သွား၏။

ခဏအကြာမှာတော့..............

ပုဖန်က ဥထမင်းကြော်တစ်ပွဲက်ိုသယ်၍ထွက်လာပြီး ကျောက်ရူကျီကို အဖက်လုပ်မနေပဲ လူဝြကီးတစ်ယောက်ရဲ့ အရှေ့မှာ ချပေးလိုက်သည်။
.......

နောက်ထပ်.....ဥထမင်းကြော်တစ်ပွဲထပ်ပြီး သယ်လာတာတောင် ကျောက်ရူကျီအတွက် မရသေးပေ။

ထို့နောက်... ပုဖန်ကနောက်ထပ် ဥထမင်းကြော် ၇ပွဲကိုဆက်တိုက်ချက်ပြုတ်ခဲ့ပြီး ဆိုင်တစ်ခုလုံးမှာလဲ အမွှေးရနံတွေ ဖုံးလွှမ်းနေတော့၏။

အမွှေးရနံ ပင်လယ်ထဲက်ိုရောက်နေသကဲ့သို့ ကျောက်ရူကျီ ခံစားရပြီး သူရဲ့ဗိုက်ထဲကလည်းဆာလာင်တဲ့အသံတွေထွက်လာသည်။

"မင်းဘယ်လိုတွေလုပ်နေတာလဲ.? ငါအတွက် ဥထမင်းကြော် ခုထိဘာလို့မရသေးတာလဲ??"

အချိန်တစ်ခုစောင့်ပြီးတဲ့အခါမှာတော့ ကျောက်ရူကျီလည်း ဆက်ပြီး စိတ်မရှည်နိုင်တော့ပဲ ပုဖန်ကိုအော်လိုက်တော့သည်။

ပုဖန်က သူကိုသာမန်သာတစ်ချက်ကြည့်လိုက်ပြီး....
" မင်းရဲ့ အရှေ့မှာ ဥထမင်းကြော်ပွဲတချို့၊ လက်လုပ်ခေါက်ဆွဲ ၃ပွဲနဲ့ အသီးရွက်ကြော် ၃ပွဲရှိသေးတယ်"

ကျောက်ရူကျီက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီးနောက်... ဒေါသတွေက သူရင်ဘက်ကနေ ပေါက်ကွဲထွက်လာပြီး သူဆံပင်တွေတောင် လေထဲမှာလွှင့်မျော၍ သူရဲ့ ခန္ဓာကိုယ်ကနေ စွမ်းအင်တွေထွက်ပေါ်လာသည်။

 "မင်းလို. စားဖိုမှူး တစ်ယောက်က ငါကိုစိန်ခေါ်ဖို့သတ္တိတွေ ဘယ်ကရလာလဲ ဆိုတာငါတကယ်သိချင်မိတယ်"

ကျောက်ရူကျီ၏ ခန္ဓာကိုယ်ကထွက်ပေါ်လာတဲ့ စွမ်းအင်တွေရဲ့ အရှိန်အဝါတွေကိုမြင်ပြီ ဖက်တီးတုိ့လူစုတောင် ကြောက်လန့်တကြား ဖြစ်နေကြသည်။

ကျောက်ရူကျီ၏ကျင့်ကြံခြင်းအစွမ်းကတတိယအဆင့်သို့ရောက်နေပြီး အင်ပါယာမြို့တော်ထဲမှာရှိတဲ့ လူငယ်မျိုးဆက်ကြားမှာတင် ထိပ်ဆုံးအဆင့်လို့ ပြောလို့ရပေသည်။

ရှောင်အိမ်တော်က သားတစ်ယောက်ဖြစ်သော 'ကာကွယ်ရေးဝန်ကြီး' ဘွဲ့ထူးရ ရန်ချန်နဲ့ ရှောင်ယန်ယုတို့လိုမျိုး မွန်းစတားတွေနဲ့ မယှဉ်နိုင်တာကလွဲလို့ ဆန်းချီရှန်း တို့လိုငပွေးကောင်တွေထက်တော့ အများကြီး အပြတ်သတ်သာသည်။

"မင်းက...ဆိုင်ထဲမှာ တိုက်ခိုက်ချင်နေတာလား? " 

ကျောက်ရူကျီ ရဲ့ခန္ဓာကိုယ်ကနေ အလွန်အားကောင်းတဲ့ အော်ရာတွေထွက်ပေါ်လာသော်လည်း ပုဖန်ပေါ်သို့သက်ရောက်ခြင်းမရှိသလိုပဲ ကြောက်ရွံတဲ့ အမူအရာတစ်စက်မှတောင်မရှိပေ။

"မင်းက.ငါဘာလုပ်မယ်များထင်နေလို့လဲ''

ကျောက်ရူကျီက လက်ထဲမှာ စွမ်းအင်တွေစုစည်းသိုဝှက်၍ ထေ့ငေါ့လိုက်၏။

"မင်းမရောက်ခင်တုန်းက... ဆိုင်ကိုလာဖျက်ဆီးတဲ့ လူတစ်ရာကျော်ကတော့ အ၀တ်စားတောင်မပါပဲ အိမ်ကိုပြန်ပြေးသွားရတယ်..."

"မင်းကရော....?သူတို့လိုမျိုးဖြစ်ချင်နေတာလား?"

ပုဖန်ကခပ်တည်တည်ပဲ သူ့ကိုမေးလိုက်သည်။

ကျောက်ရူကျီ ကအနည်းငယ်တွန့်ဆုတ်သွားသော်လည်း... အထင်မြင်သေးစွာကြည့်၍တုံ့ပြန်လိုက်၏။

"အဲ့ဒီလိုအမှိုက်တွေနဲ့ လာကိုလာမယှဉ်နဲ့...
တကယ်လို့မင်းက ငါကိုသနားညှာတာဖို့တောင်းပန်ပြီး ဥထမင်းကြော်ကိုခုချက်ချင်းမြန်မြန်သွားပြင်ဆင်ပေးမယ်ဆိုရင်တော့... ငါခွင့်လွှတ်ပေးဖို့စဉ်စားမယ်...
ဒီလိုမှမဟုတ်ဘူးဆိုရင်တော့......မင်းဒီနေရာမှာဆိုင်ဆက်ဖွင့်ဖို့မစဉ်းစားနဲ့တော့!!"

 "အသီ်းအရွက်ကြော် ၃ပွဲနဲ့ လက်လုပ်ခေါက်ဆွဲ ၃ပွဲချက်ပြုတ်ဖို့ကျန်နေသေးတယ်"

"မင်းကနာချင်နေတာပဲ "

ကျောက်ရူကျီက အရမ်းကိုစိတ်ဆိုးသွားပြီး ရှေ့ကိုခြေတစ်လှမ်းလှမ်း၍ သူလက်ထဲမှာစုထားတဲ့ စွမ်းအင်စီးကြောင်းကိုပစ်လွှတ် တိုက်ခိုက်လိုက်သည်။

သူ၏တိုက်ခိုက်မှုကို သာမန်လူတစ်ယောက်အနေနဲ့ ဘယ်လိုနည်းနဲ့မှရှောင်တိမ်းနိုင်လိမ်မည်မဟုတ်ချေ။

ပုဖန်ကကျောက်ရူကျီ သူအနားရောက်လာတာကိုမတုန်မလှုပ်ရပ်ကြည့်နေ၏။

ကျောက်ရူကျီ သူအနားသို့ရောက်မလာခင်မှာပင် သူထုတ်လွှတ်လိုက်တဲ့ စွမ်းအင်တွေ လေကိုအရင်ဖြတ်သန်းလာပြီး ပုဖန်ရဲ့ ဆံပင်တွေကိုလေမှာလွင့်သွားစေသည်။

ဖက်တီးဂျင်ရဲ့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး သူရဲ့ အော်ရာတွေလဲ ရုတ်တရက် ပြောင်းလဲသွား၏။သူက ကြမ်းပြင်ကိုခြေဖျားဖြင့်ထောက်ကန်လိုက်ပြီး ခန္ဓာကိုယ်ကိုလေထဲမြှောက်တက်လိုက်၍ ကျောက်ရူကျီကိုတားရန် ကြိုးစားလိုက်သည်။

"ဝှိုက်တီ"

ပုဖန်က အေးဆေးသာသာယာယာပဲခေါ်လိုက်သည်။
ပုဖန်ရဲ့ရှေ့မှာ စက်ရုပ်တစ်ရုပ်ရုတ်တရက်ပေါ်ထွက်လာသောအခါ ဖက်တီးဂျင် အံသြမှုကြောင့်မျက်လုံးတွေပြူးကျယ်သွား၏။

ကျောက်ရူကျီရဲ့ စွမ်းအင်တွေက စက်ရုပ်ရဲ့ သတ္တုခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားသော်လည်း ဘာမှဖြစ်မသွားသောကြောင့် 
ကျောက်ရူကျီ လွန်စွာအံသြသွားသလို
ဖက်တီးဂျင်လဲ တုန်လှုပ်သွား၏။

"ပြသာနာလာရှာတဲ့ သူတွေကို တစ်ခြားလူတွေသင်ခန်းစာယူနိုင်အောင်လို့ နမူနာအနေနဲ့အပြစ်ပေးရမယ်"

စက်ရုပ်ရဲ့ အသံကိုကြားလိုက်ရပြီးနောက် ကျောက်ရူကျီနဲ့ ဖက်တီးဂျင်တို့ရဲ့ အမြင်အာရုံတွေဝေဝါးသွားပြီးလေထဲမှာ လွင့်မျောသွားသလိုခံစားလိုက်ရသည်။

ကျောက်ရူကျီကဆိုင်ထဲမှ ပထမဆုံး လွှင့်ပစ်ခံလိုက်ရပြီး ဆိုင်အပြင်ဘက်ရွံအိုင်ထဲသို့ မျက်နှာအပ်၍ကျသွားသည်။

သူအေးစိမ့်မှုကို ခံစားမိ၍ ကြည့်လိုက်သောအခါ ခန္ဓာကိုယ်ပေါ်တွင် အရှက်လုံအောင်ဖုံးအုပ်ထားပေးသော အ၀တ်ပိုင်းတစ်ခုမှလွဲပြီး အ၀တ်စားတွေတစ်ခုမှရှိမနေတော့ပေ။

သူဒေါသတကြီးနဲ့ ဆိုင်ဘက်ကိုလှည့်ကြည့်လိုက်တဲ့ခဏမှာပဲ....
တိုင်ကြီးတစ်တိုင် .......မဟုတ်သေးဘူး အဖြူရောင်အသားစကြီးတစ်ခုကဆိုင်ထဲကနေ လေဟာနယ်ကိုဖြတ်ပြီး သူဆီကိုဦးတည်လာသည်မြင်လိုက်ရ၍ တုန်လှုပ်ကြောက်ရွံသွား၏။

"ဘုန္း..."

မြေကြီးတောင်သိမ့်သိမ့်ခါသွားသည်။

ဖက်တီးဂျင်..မတရားသလိုပဲ ခံစားလိုက်ရ၏။
!ငါက ငါပြသာနာရှာတာမဟုတ်ဘူးလေ.
ငါကူညီပေးမလို့လေ.!

ဖက်တီးဂျင်မြေပြင်ပေါ်သို့အရှိန်ဖြင့်ပြုတ်ကြလာပြီးနောက်တွင် သူ၏အောက်မှာ တစ်စုံတစ်ခုရှိနေသည်ကိုခံစားလိုက်ရတဲ့ခဏအတွင်းမှာပဲ သူ့အောက်မှအသံတိုးတိုးလေးတစ်ခုထွက်လာ၍ အတွန်းအားတစ်ခုကသူ့ကိုတွန်းဖယ်လိုက်၏။

ကျောက်ရူကျီ၏နှာခေါင်းမှသွေးများယိုစီးနေပြီး သူ၏ ခန့်ညားချောမောမှုက ဖျက်စီးခံလိုက်ရလေပြီ။

ပုဖန် ဆိုင်ထဲကလျှောက်ထွက်လာ၍ ဆိုင်၀မှာ လက်ပိုက်မတ်တပ်ရပ်လိုက်ပြီး... ဝှို က်တီက သူရဲ့နောက်နားမှာရပ်နေခဲ့သည်။

"ဒီနေ့အတွက်တော့ဆိုင်ပိတ်ပြီ...မနက်ဖြန်ကျမှပဲ ပြန်လာကြတော့.."

"မင်းတို့က သလင်းကျောက် ၃၁ ခုနဲ့ ရွှေပြား ၈၀၀ ကျသင့်ငွေကိုပေးချေပါ"

ပုဖန်က လူဝြကီးတစ်ယောက်ကိုကြည့်ပြီး ခပ်တည်တည်ပဲပြောလိုက်သည်။

ထိုလူကကျသင့်ငွေက်ိုအလျင်မြန်ပဲ ထုတ်ပေးလိုက်ပြီးနောက် သူတို့လူစုက ဆိုင်ထဲမှခပ်မြန်မြန် ထွက်လိုက်သည်။

ကျောက်ရူကျီက ဒောသတကြီးခြိမ်းခြောက်ကြိမ်းမောင်းလိုက်ပြီး ဆိုင်ရှေ့မှ အလျင်အမြန်ထွက်သွားလိုက်၏။
သို့သော်လည်း အ၀တ်မပါတဲ့သူရဲ့ တင်ပါးဖွေးဖွေးတွေကိုမြင်လိုက်ရတဲ့အခါမှာတော့... သူရဲ့ ခြိမ်းခြောက်မှုက ဟာသသက်သက်သာဖြစ်သွားလေသည်။

"ဟားးဟားးဟားးး...
မင်းရဲ့ဆိုင်ကအရမ်းစိတ်၀င်စားဖို့ကောင်းတာပဲ ငါတို့မနက်ဖြန်ကျရင် ပြန်လာခဲ့ဦးမယ်"

ဖက်တီးဂျင်က ဥထမင်းကြော်ရဲ့အရသာကိုပြန်လည်တမ်းတရင်းနဲ့ အကျယ်ကြီးရယ်မောပြောဆိုလိုက်သည်။ထို့နောက် သူတို့ရဲ့ လူအုပ်စုနဲ့အတူ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို မနိုင့်တနိုင်သယ်ရင်း.အိပဲ့ အိပဲ့ဖြင့် တစ်ရွေ့ရွေ့ထွက်ခွာသွားကြ၏။

ဆိုင်အပေါက်၀မှာလှဲနေတဲ့ ဘလက်ကီက
ဘာမှမဖြစ်လိုက်သလိုမျိုး တစ်ချက်သာစောင်းကြည့်ပြီး ပြန်အိပ်ဖို့ပြင်လိုက်သလို.... ပုဖန်ကလဲ ထွက်ခွာသွားတဲ့ အုပ်စုကိုတစ်ချက်သာကြည့်ပြီး ဆိုင်ပိတ်လိုက်တော့သည်။သခင်နှင့်ခွေးက လိုက်ဖက်တူညီစွာ အချေတလိုင်းပင်။

ပုဖန် သူ့အခန်းသို့ပြန်ရောက်သောအခါ ၇ ရက်အတွင်း သလင်းကျောက်၁၀၀ နဲ့ ရွှေပြား ၁၀၀၀ အမြတ်ရအောင်လုပ်ရမည့် သူရဲ့မစ်ရှင် တိုးတက်မှုအခြေနေကိုခန့်မှန်းကြည့်လိုက်သည်။

ရွှေပြားတွေကပြည့်ခါနီးနေပေမယ့်... သလင်းကျောက်တွေပြည့်ဖို့ကတော့ နောက်ထပ် အဆင်မြင့်ဥထမင်းကြော် ၅ပွဲ ရောင်းရမှ သလင်းကျောက် ၁၀၀ပြည့်နိုင်ပေမည်။

!တကယ်လို့ ပြသာနာတစ်စုံတစ်ရာသာမရှိဘူးဆိုရင် ဒီလူဝြကီး အုပ်စုက မနက်ဖြန်ကျရင်ထပ်လာမှာပဲ!
ပုဖန်သူဘာသာတီးတိုးရေရွတ်လိုက်သည်။

..................

"အာ...........အဲဒါလက်ဝဲအမတ်ကြီးရဲ့သား ကျောက်ရူကျီမဟုတ်ဘူးလား?
သူကိုယ်လုံးတီးနဲ့လျှောက်သွားနေတယ်..??
သူရဲ့တင်ပါးတွေကတော်တော်ဖြူတာပဲ..." 

ဟင်းသီးဟင်းရွက်ရောင်းတဲ့ စျေးသည်တစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

"ဟုတ်တယ်.. အဲဒါလက်ဝဲအမတ်ကြီးရဲ့ သားပဲ... သူရဲ့ ဖြူဖွေးတဲ့တင်ပါးတွေကအမျိုးသမီးတွေရဲ့ တင်ပါးထက်တောင် လှပနေသေးတယ်"

  အသားညှပ်ပောင်မုန့် ရောင်းတဲ့လူကလည်း၀င်ပြောလိုက်သည်။

"ဒီလိုမျိုး အ၀တ်စားတွေချွတ်ပြီး လမ်းလျှောက်တဲ့ ကိစ္စကအင်ပါယာမြို့တော်မှာခေတ်စားနေတာလား??
ဒါဆိုငါတို့လဲနောက်နေ့ကျရင် အ၀တ်စားတွေချွတ်ပြီး လမ်းလျှောက်ရမယ်နဲ့တူတယ်ဟေ့.!!

 ပန်းပဲဆရာတစ်ယောက်ကလဲကျယ်လောင်စွာအော်ပြောလိုက်၏။

................

"ပုဖန်....!!! မင်းရဲ့ ဆိုင်ကိုမဖျက်စီးနိုင်ဘူးဆ်ိုရင် ငါနာမည်ကျောက်ရူကျီ မဟုတ်တော့ဘူး..!!!

ကျောက်ရူကျီက သူရဲ့ခန္ဓာကိုယ်ကို ခြင်းကြားတစ်ခုဖြင့်ကာလိုက်ရင်း... မျက်ရည်တွေစီးကျလာကာ အသံကုန်အော်ဟစ်လိုက်တော့သည်။