အပိုင်း ၁၇
Viewers 62k

အခန်း ၁၇

မိန်းမလျာလေးက လက်လုပ်ခေါက်ဆွဲ ကြိုက်တယ်ဆို.....

ပုဖန်က ကျောက်ရူကျီကို အပြစ်ပြုမိလို့ စိုးရိမ်နေဖို့နေနေသာ စိတ်ထဲတွင်တောင်မရှိတော့ပဲ မေ့နေလေပြီ။

.................... 

နောက်တစ်နေ့ မနက်ရောက်သော်....

 သူတစ်ခြားနေ့များကဲ့သို့ ပုံမှန် ဆိုင်ဖွင့်...
နေ့စဉ်၀က်တစ်ကောင်လိုပြုမှုနေတဲ့ ခွေးနက်ကြီးကို ဥထမင်းကြော အစာကျွေးပြီးနောက် ဆိုင်အ၀ကခုံပေါ်မှာ နေပူစာလှုံနေခဲ့သည်။

ဖက်တီးဂျင်နဲ့ သူရဲ့လူတွေက ပုဖန်ရဲ့ ဥထမင်းကြော်ကို စားပြီးတဲ့နောက်မှာ ကောင်းမွန်တဲ့ အရသာကိုပဲ ထပ်တလဲလဲ တွေးတောနေမိလောက်အောင်ပင်.. ဖန်ဖန်ဆိုင်ငယ်လေးရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

ဖက်တီးဂျင် လိုလူတစ်ယောက်အတွက်တော့ ဥထမင်းကြော်တစ်ပွဲဟာအရမ်းပဲနည်းပြီး အာသာတောင်မပြေသောကြောင့် 
သူအိမ်ကိုပြန်ရောက်ရောက်ချင်း သူရဲ့ စာဖိုမှူးကိုဥထမင်းကြော် တစ်ပွဲ ချက်ပြုတ်ပေးရန်စေခိုင်းလိုက်သော်လည်း ပုဖန်ရဲ့ ဥထမင်းကြော်လက်ရာက်ိုဘယ်လိုမှမယှဉ်နိုင်ပေ။

ဂျန်းနန် ကနေတောင် ခေါ်ယူထားရတဲ့ သူစာဖိုမှူးရဲ့ လက်ရာကအရမ်းကိုစိတ်ပျက်ဖို့ကောင်းနေပြီး သူဆက်တောင် မစားနိုင်တော့ချေ။အရောင် အနံ အရသာ အားလုံးတို့က ဖန်ဖန်ဆိုင်က ဥထမင်းကြော်နဲ့ အကွာကြီးကွာနေတော့သည်။

တစ်ညလုံးဆာလောင်မှုဒဏ်ကို သီးခံပြီး နောက်တစ်နေ့မနက်မှာတော့. ဖက်တီးဂျင်က သူလူတွေကိုဦးဆောင်ပြီးဖန်ဖန်ဆိုင်သို့ ထွက်လာခဲ့သည်။

ဖက်တီးဂျင်ကလမ်းကြားလေးကိုရောက်ရောက်ချင်းမှာပဲ ဖန်ဖန်ဆိုင်ငယ်လေးဖွင့်နေပြီကို တွေ့လိုက်သော်အခါ အရမ်းကို၀မ်းသာသွားသည်။

"ဆိုင်ရှင်... ကောင်းသောနံနက်ခင်းပါ "

ပုဖန်က ၀တုတ် လူစုကိုကောင်းကောင်းမှတ်မိ၏။ !ဒီအင်ပါယာမြို့တော်အတွင်းမှာဒီလို၀တဲ့ လူမျိုးတစ်ခြားလူတွေထပ်မရှိနိုင်တော့ဘူးလေ!

ပုဖန်ကပုံမှန်တိုင်း မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး...

"မင်း ဒီကိုစားဖို့လာတာမဟုတ်လား ?
ဘာမှာမလဲ?"

"မင်းရဲ့ ဥထမင်းကြော်က တကယ်ပြောပြမတတ်အောင်အရသာကောင်းပေမဲ့ အရမ်းကိုနည်းလွန်းတယ် ငါ့မှာ တစ်ညလုံး ဗိုက်ဆာလွန်းလို့အိပ်တောင်မအိပ်နိုင်ဘူး....
အဲဒါကြောင့်ငါဒီမနက်အစောကြီး ငါလူတွေကိုခေါ်ပြီးလာလိုက်တာ ငါဥထမင်းကြော်စားဖို့ကို မစောင့်နိုင်တော့ဘူး."

ဖက်တီးဂျင်ကပြောပြောဆိုဆိုနဲ့ပဲ ဆိုင်ထဲကိုလျှောက်၀င်သွားလိုက်သည်။

ပုဖန်ရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေတွန့်ကွေးသွားပြီး မာန်တက်နေတဲ့ အပြုံးမျိုးသူမျက်နှာပေါ်တွင်ပေါ်လာ၏။
တစ်စုံတစ်ယောက်က သူရဲ့ အစားအစာတွေကို ချီးမွမ်းတိုင်းမှာ သူတကယ်ကိုထိန်းချုပ်မရနိုင်အောင်ပျော်သည်။

"ဖန်ဖန် ငါမင်းကိုအကြံတစ်ခုပေးချင်တယ်... မင်း မနက်စာလဲရောင်းပါလား!ခုပဲကြည့်လေ..မင်းမနက်အစောကြီး ဆိုင်ဖွင့်ထားပေမဲ့ မင်းမှာက နေ့လည်စာနဲ့ပတ်သက်တဲ့ အစားစာတွေပဲရောင်းနေတော့ မင်းရဲ့ အချိန်တွေအလကားဖြစ်သွားတာပေါ့... 
တကယ်ပဲ မင်းရဲ့ ဥထမင်းကြော်ကကောင်းပေမဲ့လည်းပေါ့...."

 ပုဖန်ကခဏလောက်စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"အင်း...နောက်ကျရင် ဖြစ်လာမှာပါ.. ခုတော့ခဏစောင့်ပါဦး"

ဖက်တီးဂျင်က ခပ်ပြုံးပြုံးနဲ့ခုံပေါ်မှာ၀င်ထိုင်ရင်း.... 
"ဆိုင်ရှင် ငါအခု ဟင်းပွဲတွေအကုန်လုံးကိုမှာချင်တယ်...ဗိုက်အရမ်းဆာလွန်းလို့ လှုပ်တောင် မလှုပ်ချင်တော့ဘူး.."

ပုဖန်ကခေါင်းညိတ်ပြလိုက်သည်။
 
" အင်း "

ထို့နောက် ........ 
တစ်ခြားလူဝြကီးတွေကလဲ ဖက်တီးဂျင်မှာတဲ့အတ်ိုင်းပဲ အကုန်မှာလိုက်ကြသည်။

လူဝြကီးတွေဟင်းပွဲတိုင်းကိုမှာပေမဲ့လည်း ပုဖန်ကသူတို့ကုန်မှကုန်ပါ့မလားလို့ စိုးရိမ်စရာမလိုပေ။သူတို့၀မှ၀ပါ့မလားလို့သာ စိုးရိမ်ရပေမည်။

"ကောင်းပြီ.. ခဏလောက်စောင့်ပေးပါဦး"

ပုဖန်ကမှာထားတဲ့ ဟင်းပွဲတွေကို ရေးမှတ်ပြီးနောက်...မီးဖိုခန်းထဲသို့ ၀င်သွားလိုက်သည်။

မီးဖိုမှာမီးဖွင့်လိုက်ပြီး တစ်ပြိုင်နက် အရာရာအားလုံးကို ကျွမ်းကျင်လျင်မြန်စွာနဲ့လုပ်ဆောင်လိုက်သည်။

နောက်.....,

ဒယ်အိုးကိုမီးဖိုပေါ်မှာ စောင်းတင်လိုက်ပြီး ဇွန်းပြားကို အသုံးပြု၍ ဥထမင်းကြော်တွေကိုခပ်ယူလိုက်ပြီး ကြွေပန်းကန်ထဲပြောင်းထည့်လိုက်၏။

မကျက်တကျက်ဖြစ်နေတဲ့ ဥအနှစ်တွေက ထမင်းစေ့တွေပေါ်မှာဖုံးအုပ်နေ၏။

သူဟင်းပွဲတွေကို အပြင်သယ်ထုတ်လာသောအခါ အနံ့တွေက အတားအဆီးမရှိ လူဝြကီးတွေထံ လွန့်ပျံသွားပြီး သူတို့ရဲ့ ဗိုက်ထဲမှာ သံစုံတီးဝိုင်းရောက်နေသလို အသံစုံမြည်လာတော့သည်။

.......

သူဒုတိယမြောက် ဥထမင်းကြော်ကို သယ်လာသောအခာ စားပြီးလို့ ပန်းကန်ကိုတောင်လျက်နေတဲ့ ဖက်တီးဂျင်က ပန်းကန်ကိုအလျင်မြန်ပြန်ချလိုက်ပြီး လက်မထောင်၍ ပြောလိုက်၏။

"စာဖိုမှူး... ဒီအရသာကအရမ်းကောင်းတာပဲ ငါဘ၀ရဲ့ စားဖူးသမျှ ဥထမင်းကြော်တွေထဲမှာ အကောင်းဆုံးပဲ 
ဥထမင်းကြော်စားလိုက်တာနဲ့ ငါခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ တိုးလာတာ တကယ်ကို မယုံနိုင်စရာကောင်းလွန်းတယ်...ဒါကြောင်မို့လဲ သလင်းကျောက်၁၀တုံးပေးရတာကိုး.!ငါနောက်တစ်ပွဲထပ်မှာချင်သေးတယ်"
 
"ငါ စိတ်မကောင်းပါဘူး...စားသုံးသူတိုင်းက ဟင်းပွဲတိုင်းကိုတစ်နေ့မှာတစ်ပွဲသာမှာခွင့်ရှိတယ်"

"ဆ်ိုင်ရှင်... ပိုက်ဆံကအရေးမပါပါဘူး ငါပိုလဲပေးနိုင်ပါတယ် ငါ့အတွက်နောက်တစ်ပွဲလောက်ပြင်ပေးပါ..နဲနဲလေးပဲပါတော့ ငါတကယ်ကိုဗိုက်မဝသေးဘူး.."

ဖက်တီးဂျင်က ရှက်ရှက်နဲ့ပြောလိုက်၏။ တကယ်လည်းပဲ ပိုက်ဆံကိုသူဂရုမစိုက်ပေ။အရသာရှိ ကောင်းမွန်တဲ့ အစားသောက်နဲ့ယှဉ်လိုက်ရင် ပိုက်ဆံကဘာမှမဟုတ်တော့ပေ။

"မရဘူး...စည်းမျဉ်းက စည်းမျဉ်းပဲ"

 ပုဖန်ကအေးစက်စက်ပြောလိုက်ပြီးနောက် စိတ်ဓာတ်ကျသွားတဲ့ ဖက်တီးဂျင်ကို လျစ်လျူရူလိုက်ပြီး မီးဖိုချောင်းထဲသို့ပြန်၀င်သွား၏။

အော်ဒါတွေအကုန်လုံးပြီးသွားတဲ့အခါမှာတော့ ပုဖန်က သူရဲ့ ပုခုံးကိုခပ်သာသာနှိပ်နယ်၍ မီးဖိုချောင်မှထွက်လာခဲ့သည်။

ဖက်တီးဂျင်တို့ လူစုကစားသောက်လို့ပြီးနေပြီး... သူတို့တစ်ယောက်ပြီးတစ်ယောက်ပုဖန်ကိုလှမ်းကြည့်လိုက်သောအခါ ပုဖန်ကသူတို့ကိုခေါင်းညိတ်ပြလိုက်ပြီး..

" စုစုပေါင်း ရွှေပြား ၁၀၀၀ နဲ့ သလင်းကျောက်တုံး၅၀ ကျပါတယ်"

"............"

ငွေကြေးကိုဂရုမစိုက်တဲ့ ဖက်တီးတို့လူစုတောင် စျေးနှုန်းကိုကြားလိုက်ရတော့ လေအေးတွေတဝကြီး ရှူသွင်းလိုက်မိသလို ခံစားလိုက်ရသည်။
သူတို့လို ချမ်းသာတဲ့သူဌေးလေးတွေသာ ဟင်းပွဲတစ်ပွဲတွက်ဒီလောက်အကုန်အကျခံနိုင်ပေလိမ့်မည်။

"ဒီနေ့ .မင်းတို့တွက်ငါရှင်းလိုက်မယ်....
နောက်လဲ ငါတို့မကြာခဏ ပိုင်ရှင်ပုရဲ့ ဆိုင်ကိုလာအားပေမယ် ဒီလောက်ကောင်းမွန်တဲ့အရသာကိုလျစ်လျူရူထားဖို့မသင့်ဘူးမဟုတ်လား!"

ဖက်တီးဂျင်ကအလွန်ကိုသဘောထားကြီးတဲ့ ပုံစံဖြင့် သူလက်ကိုဝေ့ယမ်းကာပြောလိုက်ပြီး ကျသင့်ငွေကိုထုတ်ရှင်းလိုက်သည်။

"နောက်လဲ လာအားပေးကြပါဦး.."

ပုဖန်က ဖက်တီးတို့လူစုထွက်သွားတာကိုကြည့်နေရင်း...စိတ်ကျေနပ်နေတဲ့ အပြုံးကြီးကြီး သူ့မျက်နှာမှာပော်လာလေ၏။

"Host...မစ်ရှင် ပြီးမြောက်သွားတဲ့အတွက်ဂုဏ်ယူပါတယ်..."
"တစ်ပတ်အတွင်း: သလင်းကျောက် ၁၀၀ နဲ့ ရွှေပြား ၁၀၀၀ စုရတဲ့ မစ်ရှင်က အခုပဲပြီးမြောက်သွားပါပြီ.."

System ရဲ့ တည်ငြိမ်တဲ့ အသံကသူရဲ့စိတ်ထဲမှထွက်ပေါ်လာသောအခါ ပုဖန်စိတ်အေးသွားပြီးလှိုက်ခနဲပျော်သွားသော်လည်း အပြင်အမူအရာကတော့ မပြောင်းလဲပေ။

!နောက်ဆုံးတော့ ....ငါမစ်ရှင်ပြီးသွားပြီ!

System ကရရှိတဲ့ ဆုတွေက်ိုဖော်ပြထားပြီဖြစ်သော်လည်း.. သူကဆိုင်ဖွင့်ချိန်အတွင်းမှာမစစ်ဆေးသေးပါဘူး။

ထို ခဏမှာပဲ ဆိုင်ရဲ့ရှေ့မှာ အရပ်ရှည်ရှည် ၊ပိန်ပိန်ပါးပါး လူတစ်ယောက် ရပ်နေတာကိုသူတွေ့လိုက်၏။

 "ဆိုင်ရှင်.. ကောင်းသော နေ့လည်ခင်းပါ....
ငါကို အဆင့်မြင့် ဥထမင်းကြော်တစ်ပွဲပေးပါ"

ဂျိချန်းရွဲ့ က ခပ်ပြုံးပြုံးလေးပြောလိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ပုဖန်က ခေါင်းညိတ်ပြလိုက်ပြီး....
" ကျေးဇူးပြုပြီး....ခဏလောက်စောင့်ပေးပါ "

မနက်ခင်းအစောကြီးထဲက ရောက်နေတဲ့ လူဝြကီးအုပ်စုထွက်သွားတဲ့အချိန်မှာ နေ့လည်ခင်းတောင်ရောက်နေလေပြီ။

ပုဖန် ချက်ပြုတ်နေစဉ်အတွင်းမှာပဲ နောက်ထပ်ပုံရိပ်နှစ်ခုက အ၀င်၀မှာပေါ်လာသည်။

"အရှင်မင်းသား...ရောက်နေတာလား!?"

ရှောင်ရှောင်လုံ ကဆိုင်အတွင်းမှာရောက်နေတဲ့ ဂျိချန်းရွဲ့ကိုမြင်လိုက်ရတော့..အနည်းငယ်အံသြသွား၏။

ရှောင်ရှောင်လုံရဲ့ ဘေးမှာ မျက်နာကာ၀တ်ဆင်ထားတဲ့ လှပတဲ့ မိန်းမပျိုလေး ရှောင်ယန်ယုက မတ်တပ်ရပ်နေသည်။

သူမရဲ့ ကျောက်စိမ်းလို လှပတဲ့ အသားရည်က အခုအခါမှာ ပို၍ချောမွတ်နူးညံ့ တောက်ပနေလေ၏။

"ယန်ယုရဲ့ ကျင့်ကြံခြင်အဆင့်ကနောက်တစ်ဆင့် တက်သွားပြန်ပြီပေါ့...အရမ်းကောင်းတယ်...ပါရမီမြင့်လွန်းပြီး မွန်းစတားဆန်လွန်းတယ် ...အခုဆ်ိုရင် ကာကွယ်ရေး၀န်ကြီးဖြစ်တဲ့ သားအကြီးနဲ့တောင် ယှဉ်လို့ရနေပြီ.."

ဂျိချန်းရွဲ့က အပြုံးလေးနဲ့ ငြင်သာစွာချီးကျူးလိုက်သည်။

ရှောင်ယန်ယုက ဂျိချန်းရွဲ့ကိုအနည်းငယ်ဦးညွတ်လိုက်ပြီး... 
"ကာကွယ်ရေး၀န်ကြီးက အရမ်းအံ့သြစရာကောင်းလောက်အောင် ထူးချွန်လွန်းပါတယ်... သူ့အသက်၁၅နှစ်မှာပဲ စတုတ္တအဆင့်(ဝိညာဉ်တည် အဆင့်) ကိုရောက်ရှိနေခဲ့တာ... ယန်ယုက ဘယ်လိုလုပ် သူ့လို ပါရမီရှင်နဲ့ ယှဉ်နိုင်မှာလဲ.....အရှင်မင်းသားက ချီးကျူးလွန်းနေပါပြီ"

"ဟားး...ဟားး...."
"ယန်ယုရော ဒီမှာလာစားတာမဟုတ်လား?..ပိုင်ရှင်ပုရဲ့လက်ရာကတော့ တကယ်ကို ပြိုင်ဘက်ကင်းလွန်းတယ် တော်၀င်စာဖိုမှူး ရဲ့ လက်ရာတောင်သူကိုမမှီဘူး"

ဂျိချန်းရွဲ့ က ရယ်မောရင်းပြောဆ်ိုလိုက်သည်။

.........

ပုဖန်က အငွေ့တလူလူထွက်နေသာ အဖြူအပြာရောစပ်ထားတဲ့ ကြွေပန်းကန်လုံးတစ်လုံးကိုသယ်၍ မီးဖိုခန်းထဲမှ ထွက်လာပြီး....ထုံးစံအတိုင်း ခပ်တည်တည်ဖြင့်ပြောလိုက်၏။

"မင်းရဲ့ ဥထမင်းကြော်ရပါပြီ.... ကောင်းကောင်းသုံးဆောင်ပါ" 

"ဆိုင်ရှင်ပု... ဒီမှာအရက်ရောရလား?
ဒီအရသာရှိတဲ့ ဥထမင်းကြော်ကို ဝိုင်ကောင်းကောင်းလေးနဲ့သာ တွဲဖက် စားလိုက်ရရင်တော့... အရမ်းကိုပြည့်စုံသွားမှာပဲ"

ဂျိချန်းရွဲ့က ပုဖန်ကို စိတ်အားထက်သန်စွာ ကြည့်၍ အကြံပြုလိုက်သည်။

!ဝိုင်????
 
ပုဖန်ကခဏလောက်စဉ်းစားပြီးနောက်.. ခေါင်းညိတ်လိုက်ပြီး...

"ခဏလောက်စောင့်ပါဦး... နောက်ဆိုရင်တော့ ရလာမှာပါ."

"ဆိုင်ရှင်ပု... ငါတို့ကို အဆင့်မြင့်ဥထမင်းကြေ်နှစ်ပွဲနဲ့ အသီးရွက်ကြော် နှစ်ပွဲပေး"

 ရှောင်ရှောင်လုံက တက်ကြွစွာမှာလိုက်သည်။

"ခဏလောက်စောင့်ပါ"

ပုဖန်က မီးဖိုချောင်ဘက်သို့ပြန်လှည့်သွားလိုက်၏။သူမီးဖိုချောင်ပေါက်၀သို့ရောက်ခါမှ ရုတ်တရက်ပြန်လှည့်လိုက်ပြီး ....

"မိန်းမလျာလေး.. မင်း လက်လုပ်ခေါက်ဆွဲရော မမှာဘူးလား.?ငါကြားတာတော့ မိန်းမလျာလေးက လက်လုပ်ခေါက်ဆွဲ အရမ်းကြိုက်တယ်ဆို.!"

ရှောင်ရှောင်လုံ ပုဖန်ကို လူသတ်ချင်စိတ်ပေါက်နေတဲ့ မျက်လုံးနဲ့ စိုက်ကြည့်လိုက်သည်။တကယ်လည်း အခုသူ့လက်ထဲမှာသာဓားရှိရင် ပုဖန်ကို ခုချက်ချင်းပဲ ခုတ်ပိုင်းလိုက်မှာပင်။

ရှောင်ယန်ယုနဲ့ ဂျိချန်းရွဲ့ တို့ကမအောင့်နိုင်ပဲရယ်ချလိုက်တော့၏။

အေးတိအေးစက်နိုင်ပြီး စည်းကမ်းလည်းကြီးတဲ့ ပိုင်ရှင်ပုက ဒီလိုမျိုး ဟာသညဏ်ရှိပြီး နောက်ပြောင်တတ်လိမ့်မယ်လို့ သူတို့ မထင်ထားမိပေ။

ပုဖန် အနည်းငယ် ကြောင်အသွား၏
!သူက ဘာလို့ အဲ့ဒီလိုကြည့်နေတာလဲ ငာပြောတာ ဘာများမှားသွားလို့လဲ.! ရှောင်ရှောင်လုံ လာတိုင်းပဲ လက်လုပ်ခေါက်ဆွဲပဲမှာတာလေ... ပြီးတော့လည်း သူအမြဲတမ်းကုန်အောင်စားတယ်လေ.! သူ့ကိုကြည့်ရတာအရမ်းကြိုက်တဲ့ ပုံပေါက်တယ်လေ!..ထားလိုက်ပါတော့...!

ပုဖန်လဲ သူတို့ကိုလျစ်လျူရူလိုက်ပြီး မီးဖိုချောင်ထဲသို့၀င်သွားသည်။ 

ခဏအကြာမှာတော့...,

စားသောက်ပြီးစီးသွားပြီး... ကျသင့်ငွေကိုပေးချေ၍ စိတ်ကျေနပ်သောအမူအရာဖြင့်ဆိုင်ထဲမှ ထွက်သွားကြသည်။

စာဖိုမှူးတိုင်းက.. သူတို့ရဲ့ စားသုံးသူတွေ.. သူတို့ချက်ပြုတ်တာတွေက်ိုစားပြီး.. အရမ်းပဲကြိုက်နှစ်သက်တဲ့ အမူအရာပေါ်လာရင် ကျေနပ်ကြတာပဲလေ... ဒီနေရာမှာတော့ ပုဖန်လဲ ချွင်းချက်တစ်ခုမဟုတ်ပေဘူး..

အားလုံးဆေးကြော သန့်စင်ပြီးတဲ့အခါမှာတော့.... ဆိုင်ပိတ်ရန် နာရီ၀က်လောက်ပဲလိုတော့တာကြောင့် ပုဖန်လဲ အကြောဆန့့်သမ်းဝေလိုက်ပြီး...ခဏလောက်ဆိုင်ရှေ့ကခုံမှာထိုင်နားရန် ဆုံးဖြတ်လိုက်သည်။

ထိုင်ခုံပေါ်မှာ ခွေခေါက်ထိုင်နေရင်း.. ပုဖန် အိပ်ပျော်သွားတော့မယ့်အချိန်မှာပဲ....

ရှပ်...ရှပ်....ရှပ်

ခြေသံအချို့ကိုကြားလိုက်ရတာကြောင့် မျက်လုံးဖွင့်လိုက်မိသည်။

ပန်းရောင် ဂါဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားတဲ့ သွေးသယ်လျတဲ့ ပုံရိပ်လေး တစ်ခုက ဆိုင်အတွင်းသို့ အလျင်စလို ဝင်လာပြီး...နံရံကို မှီလိုက်ကာ အသက်ကို အမောတကော လုရှူနေလေ၏။

ပုဖန် သူ့ရှေ့က လူကို သတိလက်လွတ် စိုက်ကြည့်နေမိသည်။