အခန်း ၁၈
ရင်ဘတ်ပြားတဲ့ ကောင်မလေး
သူမက ပန်းရောင်ဂါ၀န်ကို ၀တ်ဆင်ထားပြီး ဆံပင်တွေကိုခပ်မြှောက်မြှောက်လေး စုချည်ထားသည်။
သူမရဲ့ အသားရည်ကနှင်းလို ကြည်လင်ဖြူစင်နေပြီး သူမရဲ့ မျက်၀န်းအိမ်ကျယ်လေးတွေက သောက်ရူးကြယ်လိုလင်းလက်တောက်ပနေ၏။
သူမရဲ့နှုတ်ခမ်းလေးက လည်းချယ်ရီပန်းတွေလို ပန်းနုရောင်သမ်းကာ ဖူးငုံစ်ိုလဲ့နေပြီး သူမရဲ့ မျက်နှာလေးက နုနုငယ်ငယ်နဲ့ အလွန် ချစ်စရာကောင်းလှသည်။
မိန်းမပျိုလေးက သူမရဲ့ ပြားချပ်ချပ်ရင်ဘတ်ကိုလက်နဲ့ဖိပြီး မောဟိုက်စွာ အသက်ပြင်းပြင်းရူနေပြီးနောက် သူမကအပေါက်၀ကို ချောင်းကြည့်၍ သူမနောက်ကိုဘယ်သူမှလိုက်မလာသေချာတော့မှ သက်ပြင်းချလိုက်၏။
ထို့နောက် ချက်ချင်းပဲ သူမကိုကြည့်နေတဲ့ ပုဖန်ကိုပြန်ကြည့်လိုက်ပြီး ...
"ဘာလို ငါကိုစိုက်ကြည်နေတာလဲ?...ငါ့လိုချောမောလှပတဲ့ မိန်းကလေးမမြင်ဘူးဘူးလား?!!"
"ဟမ့်....မင်းက ရင်သားတောင်မရှိသေးတဲ့ ကလေးမလေးပဲ"
ပုဖန်က ထိုင်နေရာမှ မတ်တပ်ထရင်းချေပလိုက်သည်။
ပုဖန်ရဲ့ အရပ်က ၆ပေနီးပါးရှိတာကြောင့် ကလေးမလေးကိုငုံကြည့်နေရပြီ ကလေးမလေးကလဲ ခေါင်းကိုမော့၍ ပြန်ကြည့်နေရသည်။
"တစ်ခုခုစားဖို့မှာမှာလား?"
ပုဖန်မေးလိုက်သည်။
ဆိုင်ဖွင့်ချိန်က နာရီ၀က်တောင်ကျန်နေသေးပြီး သူဆိုင်ထဲကိုရောက်လာမှတော့ ကလေးမလေးပဲဖြစ်နေပာစေ သူကစားသုံးသူလို့ပဲ မှတ်ယူလိုက်သည်။
ဒီကလေးမလေးဘယ်နေရာကနေရောက်လာတယ်... ဘယ်သူဖြစ်တယ်ဆိုတာကိုတော့...သူဂရုမစိုက်ပေ။
"အခု ဘယ်သူ့ ကိုရင်သားမရှိဘူးပြောလိုက်တာလဲ??? ငါအခု အရွယ်ကောင်းကောင်းမရောက်သေးရုံပဲ..!!!"
မိန်းကလေးက ခံပြင်းသွားပြီး ပုဖန်ကိုဒေါသတကြီးနဲ့အော်လိုက်သည်။
ပုဖန်ကမျက်နှာသေဖြင့် ကလေးမလေးရင်ဘတ်ကိုလှမ်းကြည့်လိုက်ပြီး တအံ့တသြဖြစ်သွားသလိုအမူအရာမျိုး လုပ်ပြလိုက်၏။
ပုဖန်ရဲ့ အမူအရာကိုမြင်လိုက်ရတဲ့ ကလေးမလေးက မခံချိမခံသာဖြင့် ဆူပုပ်နေလေ၏။
"မင်းအော်ဒါမှာမယ်ဆ်ိုလဲမြန်မြန်မှာ...ငါမကြာခင် ဆိုင်ပိတ်တော့မှာ."
ပုဖန်ကအေးတိအေးစက်ပြောလိုက်သည်။
ကလေးမလေးက ဆိုင်အပြင်ဘက်ကို တစ်ချက်ချောင်းကြည့်လိုက်ပြီး...သူမကိုလိုက်ရှာနေသူတွေ ရှိနေသေးတာကိုမြင်လိုက်ရသောအခါ ဘာမှမတတ်နိုင်စွာ သက်ပြင်းအသာချ၍ ဆိုင်အတွင်းသို့ လျှောက်၀င်သွားပြီး ထိုင်ခုံပေါ်၀င်ထိုင်လိုက်၏။
"ဒီမှာ ဘာတွေရလဲ ငါ့ကိုပြောပါ"
"မီနူး ပေါ်မှာရေးထားတယ်လေ လှည့် ကြည့်လိုက်.."
ပုဖန်ပြောလိုက်သည်။
"ရှင်ပြောပြလိုက်လို့မရဘူးလား ?"
မိန်းမငယ်လေးက ခံပြင်းဒေါသထွက်စွာပြောလိုက်ပြီး မီနူးကိုလှည့်ကြည့်လိုက်သည်။
"ဘုရားရေ !!!
ဒါ...ဒါ....ရာဇဝတ်မှု ကျူးလွန်တာပဲ...ရှင်တကယ်ကိုရာဇဝတ်မှု ကျူးလွန်တာပဲ..."
မ်ိန်းမငယ်လေးက မီနူးပေါ်မှ စျေးနှုန်းကိုမြင်လိုက်သောအခါ ထိုင်နေရာမှတောင် ခုန်ထလိုက်မိပြီး ပုဖန်ကို လက်ညှိးငေါက်ငေါက် ထိုးကာအော်တော့၏။
"အကျင့်ပျက်နေတဲ့ ပိုင်ရှင်..!!
ဒီမကောင်းတဲ့ ပိုင်ရှင်ကို ငါ့အဖေကိုပြောပြီးဖမ်းခိုင်းရမယ်"
ပုဖန်ရဲ့ မျက်နှာကမဲမှောင်သွားပြီး သူမဲ့လိုက်၏။ သူ့လို ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာမဲ့သူမှာ... ဒီလိုကလေးမလေးနဲ့ အချိန်ဖြုန်းနေစရာ အချိန်မရှိဘူး။
ပုဖန်က ကလေးမလေးရဲ ခေါင်းကိုအသာပုတ်ခါ သူမရဲ့ ခန္ဓာကိုယ်ကို လှည့်လိုက်ကာ အပေါက်၀ဘက်သို့ တွန်းပို့လိုက်ပြီး...
"လိမ်မာတဲ့ ကလေးလေး အိမ်ပြန်ပြီးတော့ဆော့နော်"
ပုဖန်ပြောတာ ကြားလိုက်ရတဲ့ ကလေးမလေးရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးက ရှုံမဲ့သွားပြီး ဒေါသတကြီးဖြင့်...
"နှာဘူးကောင်... ငါ့ကိုလွှတ်စမ်း!!"
သူမအဖေရဲ့ အစောင့်တွေက ခုထက်ထိသူမကိုရှာဖွေနေတုန်းဖြစ်တာကြောင့် သူမခုချက်ချင်း အပြင်ထွက်သွားလို့မဖြစ်ချေ။
"ငါ တစ်ခုခုမှာစားပါ့မယ်....ငါတစ်ခုခုမှာစားပါ့မယ် .."
သူမရဲ့ မျက်၀န်းလေးတွေကိုညှိးငယ်လိုက်ပြီး သနားစရာအသံဖြင့်ပြောလိုက်သည်။
ပုဖန်ကခဏလောက်ကြောင်အသွားပြီးနောက် သူမကိုလွှတ်ပေးလိုက်သည်။
လွှတ်ပေးလိုက်တာနဲ့တပြိုင်နက် သူမကမျက်မှောင်ကျုံကာနှာရှုံလိုက်ပြီး မြန်မြန်ဆန်ဆန်အထဲကိုပြန်၀င်သွားပြီး ခုံဆီသွားကာထိုင်လိုက်၏။
"စျေးအကြီးဆုံးဟင်းတစ်ပွဲ ငါ့ကိုပေး"
"မရဘူး ...မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အဆင့်မမှီဘူး"
ပုဖန်က ထုံးစံအတိုင်းမျက်နှာသေဖြင့်ပြောလိုက်သည်။
ကလေးမလေးလဲ ကြောင်ကြည့်နေမိပြီးတွေးလိုက်၏။
!ဘယ်လိုဆိုင်လဲဟ.. အစားစားဖို့အရေး ငါရဲ့ ကျင့်ကြံခြင်းအဆင့်ကိုစစ်ဆေးဖို့လိုသေးတာလား?!
"ဒါဆိုလဲ ငါကိုသာမန်ဥထမင်းကြော် တစ်ပွဲသာပေးတော့.."
ကလေးမလေးလဲ နှုတ်ခမ်းကိုတွန့်၍ အကူညီမဲ့စွာပြောလိုက်သည်။
"ခဏလောက်စောင့်ပါ"
ပုဖန်က ကလေးမလေးကိုတစ်ချက်ကြည့်ပြီး မီးဖိုချောင်သို့၀င်သွားလိုက်သည်။
မိန်းမငယ်လေးက စောင့်ရတာကိုသေမလိုပျင်းနေပြီး သူမကဆိုင်ပတ်ပတ်လည်ကို လိုက်စပ်စုနေလေ၏။
!အင်း... ကြည့်ရတာတော့မဆိုးဘူးပဲ!
..........
ခဏအကြာမှာတော့ ........
ပုဖန်က အဖြူနဲ့အပြာရောစပ်ထားတဲ့ ကြွေပန်းကန်ထဲတွင် ဥထမင်းကြော်ကိုထည့်၍ မီးဖိုချောင်ထဲမှသယ်ထုတ်လာသည်။
"ဒီမှာ.. မင်းရဲ့ ဥထမင်းကြော်.. ကောင်းကောင်းသုံးဆောင်ပါ"
"ဝါး........ဒီအနံကမွှေးလိုက်တာ"
မိန်းကလေးရဲ့ မျက်လုံးတွေကပြူးကျယ်သွားပြီးဥထမင်းကြော်ကိုစိုက်ကြည့်နေလေသည်။မွေးပျံတဲ့ ရနံတွေကြောင့်လဲ သူမရဲ့ ဗိုက်ထဲမှ သံစုံမြည်လာတော့၏။
ကလေးမလေးက သည်းမခံနိုင်တော့ပဲ အလောတကြီး စစားတော့သည်။
"ပလပ်.....ပလပ်.....ပလပ်"
ပုဖန်က ကလေးမလေးစားနေတဲ့ပုံကိုကြည့်ပြီး အကြောင်းပြချက်မရှိ ဘလက်ကီ နဲ့ တူတယ် ထင်လာမိသည်။
ခဏလေးအတွင်းမှာပဲ ဥထမင်းကြော်တစ်ပွဲစား၍ကုန်သွားပြီးနောက်... သက်တောင့်သက်သာဖြင့်ထိုင်ခုံပေါ်မှီလိုက်ပြီး. သူမရဲ့ ပူတင်းနေတဲ့ဗိုက်ကိုပွတ်ရင်းတွေးနေမိသည်။
!အရမ်းကောင်းလိုက်တာ...နတ်သုဒ္ဓါကျနေတာပဲ."
"သလင်းကျောက်တစ်တုံး ကျသင့်ပါတယ်.. ကျေးဇူးတင်ပါတယ်"
ပုဖန်က ကလေးမလေးကို ငုံ့ကြည့်ပြီးပြောလိုက်၏။
ကလေးမလေးက သူမ၏ချစ်စရာကောင်းတဲ့ မျက်လုံးလေးတွေပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ပြီး ပုဖန်ကိုကြည့်ရင်း....ချက်ချင်းပဲသူမရဲ့ မျက်နှာကရှုံမဲ့ပြီး မျက်၀န်းတွေကမျက်ရည်တွေစိုစွတ်လာကာ နှုတ်ခမ်းလေးကိုစူတူတူလုပ်၍ သနားစဖွယ် အသံလေးနှင့်ပြောလေသည်။
"အစ်ကိုကြီး..... ညီမလေးကလေ အိမ်ကနေထွက်ပြေးလာတာမို့့လို့ ပိုက်ဆံမယူလာခဲ့မိဘူး...ပြီးတော့လည်းလေ ညီမလေးက အရမ်းကိုချစ်စရာကောင်းတယ်လေ... ဒီလောက်ချစ်စရာကောင်းတဲ့ကလေးမလေးဆီကလဲပိုက်ဆံတောင်းမှာပဲလား?"
ပုဖန်ကအမူအရာမပျက်တွေးလိုက်မိသည်။
!အော် ! ဒီကလေးမလေးကအလကားလာစားတာပေါ့..ဒါကြောင့် ငါ ဘလက်ကီနဲ့တူတယ်လို့ငါထင်နေမိတာကိုး!
ခွေးနက်ကြီးက ဆိုင်ပေါက်၀မှာအိပ်နေရာမှ သူခေါင်းထောင်ကြည့်လိုက်ပြီး သူရဲ့ ပတ်ပတ်လည်လည်ကို စူးစမ်းကြည့်လိုက်ပြီး ဘာမှမတွေ့ရတာသေချာတော့မှ သမ်းဝေလိုက်ပြီးပြန်အိပ်လိုက်သည်။
"မင်းမှာ ပိုက်ဆံတစ်ပြားမှ မပါဘူးလား?"
ပုဖန်မေးလိုက်သည်။
ကလေးမလေးက သူမရဲ့စိုစွတ်နေတဲ့ မျက်၀န်းတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး သနားစရာကောင်းစွာပြောလေ၏။
"ဟုတ်တယ်...ငါ့မှာ ပိုက်ဆံတစ်ပြားမှပါမလာဘူး"
"ဝှိုက်တီ "
ပုဖန်ဆီမှ ခပ်တိုးတိုးခေါ်သံထွက်လာ၏။
သူမရဲ့ နောက်မှာ ကြီးမားတဲ့ အရိပ်တစ်ခုပေါလာပြီးသူမ ထိန့်လန့်တကြားဖြစ်သွားသည်။
" ပြသာနာရှာသူ...တစ်ခြားလူတွေကို ဥပမာပေးတဲ့အနေနဲ့ မင်းရဲ့ အ၀တ်စားတွေကိုချွတ်ပစ်ရမယ်"
ဝှိုက်တီရဲ့ စက်ရုပ်အသံကအေးတိအေးစက်ထွက်ပေါ်လာလေသည်။
်"ချွတ် ...ချွတ် ..ချွတ်မယ်.........မင်းကငါရဲ့ အ၀တ်တွေကိုချွတ်ပစ်မယ်"
ကလေးမလေးရဲ့ မျက်နှာကဖြူဖျော့သွားပြီးကြောက်လန့်တကြား မူးမေ့လဲကျတော့မလိုဖြစ်သွား၏။
ပုဖန်က နှုတ်ခမ်းကိုတွန့်၍လူယုတ်မာအပြုံးပြုံးလိုက်ပြီး ဝှိုက်တီကို အလျှင်မြန်တားလိုက်သည်။
"System.. အလကား လာစားတဲ့သူတွေကိုဘယ်လိုပြစ်ဒဏ်မျိုးပေးသင့်လဲ"
ပုဖန်ကသူရဲ့နှာခေါင်းကို လက်ညှိုးနှင့်ကုတ်၍ စဉ်းစားသလိုပုံစံဖမ်းကာ system ကိုတိတ်တဆိတ်လှမ်းမေးလိုက်၏။
!ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကလေးမလေးဆိုပေမဲ့ မိန်းကလေးတစ်ယောက်ပဲလေ သူမမှာ ရင်သားတွေမရှိဘူးဆိုပေမဲ့ အ၀တ်ချွတ်တာက ကောင်းတဲ့အကြံစည်တော့မဟုတ်ပေဘူး!
ကလေးမလေးကသေမတတ်ကြောက်ရွံနေပြီး သူမရဲံ့ခြေထောက်နစ်ချောင်းက ရပ်တည်နိုင်စွမ်းမရှိတော့အောင်တုန်ခါနေ၏။
သူမတွေးလိုက်မိသည်။
!ဒါ ..ရာဇဝတ်ကောင်ပဲ...တကယ်ကို ရာဇဝတ်မှုပဲ...ချစ်စရာကောင်းတဲ့ ငါကိုတောင်မှ အ၀တ်စားတွေချွတ်ပစ်ချင်တယ်တဲ့... ဒီနေရာမှာ တကယ်ကြောက်ဖို့ကောင်းတာတွေဖြစ်နေတာပဲ!
"ပြစ်ဒဏ်နစ်ခုရှိတယ်...
တစ်ခုကတော့ တစ်ခြားလူတွေကို ဥပမာပေးတဲ့အနေနဲ့ သူတို့ရဲ့ အ၀တ်စားတွေကိုချွတ်ပစ်ရမယ်... နောက်တစ်ခုကတော့ သူတို့ရဲ့ အကြွေးကို သူတို့ခန္ဓာကိုယ်နဲ့ ပြန်ဆပ်ရမယ်"
System ရဲ့ တည်ငြိမ်တဲ့ အသံကပုဖန်ရဲ့စိတ်ထဲမှထွက်ပေါ်လာ၏။
!သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ပြန်ဆပ်ရမယ်???
ဒါဘယ်လိုနည်းလမ်းမျိုးလဲ????!
ပုဖန်က မျက်ခုံးပင့်လိုက်ပြီး မိန်းကလေးရဲ့ပြားချပ်နေတဲ့ ရင်ဘတ်ကို ကြောင်ပြီးစိုက်ကြည့်နေမိရင်း နှလုံးခုန်နှုန်းတွေ မြန်ဆန်လာပြီး အာခြောက်လာလေ၏။
"ခန္ဓာကိုယ်နဲ့ပေးရမယ်ဆိုတာက. သူတို့စားတဲ့ကျသင့်သလောက်ကို စားပွဲထိုးလုပ်ပြီးတော့ သူတို့လုပ်အားနဲ့ပြန်ပေးဆပ်ရမယ် လို့ဆိုလိုတာ.."
ပုဖန်ရဲ့ စိတ်ထဲကနေ System ကအမှန်ဖြစ်အောင် အမြန်ပြန်ရှင်းပြလိုက်သည်။
!ဟူး....တော်သေးတာပေါ့..ငါတွေးမိသလို မဟုတ်လို့.!
ပုဖန် သက်ပြင်းချလိုက်မိပြီး ပြောလိုက်သည်။
"ကောင်းပြီ.. !တကယ်လို့မင်းမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုရင်တော့ ဒီနေရာမှာ တစ်ပတ်အလုပ်လုပ်ပေးရမယ်...မင်းလုပ်ရမဲ့ အလုပ်ကတော့ စားသုံးသူတွေကို ဟင်းပွဲတွေချပေးရမဲ့ စားပွဲထိုးအလုပ်ပဲ"
ကလေးမလေးကခဏလောက် မှင်သက်သွားပြီးမှ ပျော်ရွှင်စွာနဲ့ ခေါင်းညိတ်လိုက်သည်။
"အင်း... ငါလက်ခံတယ်"
ဒီတစ်ခါတော့ ပုဖန်မှင်သက်သွားသည့်အလှည့်ဖြစ်၏။
!ဟမ်..!သူကအမြန်အဆန်ပဲလက်ခံလိုက်တာလား.နဲနဲတောင် မငြင်းတော့ဘူးလား?!
"မင်းလစာရမှာမဟုတ်ဘူးနော်..!"
ပုဖန်ကသူမကိုသတ်ိပေးလိုက်ပေမဲ့လဲ ကလေးမလေးက မျက်လုံးတစ်ချက်သာလှန်ကြည့်ပြီး သိကြောင်းအချက်ပြလိုက်သည်။
............
ဆိုင်ဖွင့်ချိန် ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ဆိုင်ပိတ်လိုက်ပြီး သူတို့အပေါ်သို့တက်လာခဲ့သည်။
အိမ်ကနေထွက်ပြေးတဲ့ကလေးမလေးက နေစရာနေရာမရှိတဲ့အတွက် သူ့ကို အခန်းတစ်ခန်းလောက်ပေးနေပါရန် ပုဖန်ကို ခြေသလုံးဖက်မတတ် အသည်းသန်တောင်းပန်နေသောကြောင့် မလွှဲမရှောင်သာ..ပုဖန် သဘောတူလိုက်တာဖြစ်၏။
"Host....မစ်ရှင် အတိုလေးပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်....System ကပေးတဲဆုတွေကို ရရှိပါမယ်.... ရရှိတဲ့ဆုတွေကတော့......"
ပုဖန်က စိတ်လှုပ်ရှားစွာဖြင့် ခုံမှာ၀င်ထိုင်လိုက်ပြီး System ရဲ့ဖော်ပြချက်တွေကိုကြည့်ဖို့စောင့်နေလေ၏။
!ဒီတစ်ခါရမဲ့ဆုတွေကတော့ ဟင်းပွဲအသစ်ဖြစ်သင့်တယ်!
[သင် ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာရန် လျှောက်လှမ်းနေသည့်လမ်းမှာ ခိုင်မာလာပေပြီ ရရှိတဲ့ဆုများမှာ....သုံးသွယ်ငားဟင်းနှင့် ရွှေဝာရောင်အသားပေါင်းဖက်ထုပ် ချက်ပြုတ်ရန် နည်းလမ်းနှင့် နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစတစ်ခု ]
!သုံးသွယ်ငားဟင်းနဲ့ ရွှေဝာရောင်အသားပေါင်းဖက်ထုပ်..!! ဒါဆိုရင် ဟင်းပွဲအသစ်တွေ ရလာတာပေါ့... ပြီးတော့လဲ တစ်ခါထဲနဲ့ နှစ်ခုတောင်မှ ရတာလား?!
ပုဖန် ၀မ်းသာအယ်လဲ ဖြစ်သွား၏။