အပိုင်း ၁၉
Viewers 53k

အခန်း ၁၉

သုံးသွယ်ငါးဟင်းနှင့် ရွှေဝါရောင်အသားပေါင်းဖက်ထုပ်

"သုံးသွယ် ငါးဟင်း!!... ဘယ်လိုမျိုးလဲ?"

ဒါပေါ့....စားဖိုမှူးတစ်ယောက်ဖြစ်တဲ့ သူ့အနေနဲ့ မသိတာတော့ ဘယ်ဟုတ်မလဲ.. ဒီထဲမှာ ဘယ်လိုထူးဆန်းအံသြဖွယ်ကောင်းတဲ့ပစ္စည်းတွေပါလဲဆိုတာပဲ သူသိချင်တာပင်..ငါးအမျိုးအစားတွေ ကွဲပြားသွားတာနဲ့ သူတို့ပေးနိုင်စွမ်းနဲ့ အရသာတွေကလဲကွဲပြားသွားနိုင်တာပဲလေ။

"သုံးသွယ်ငါးဟင်းဆိုတာက ငါးကိုနည်းလမ်း၃မျိုးနဲ့ ချက်နိုင်တာကိုပြောတာဖြစ်တယ်...ငါးမူးပျံဟင်းရယ် ငါးပင်လယ် နှင့်ငါးခေါင်းတို့ဟူးစွပ်ပြုတ်တို့ဖြစ်တယ်...
လက်ဆတ်တဲ့ ပါ၀င်ပစ္စည်းတွေကိုတော့.. System ကနေအဆင်သင့်ဖြည့်ပေးပါလိုက်မယ်..Host ရဲ့ အစစ်မှန်စွမ်းအင်အရတော့ ခုချိန်မှာ.. တတိယအဆင့်ရှိတဲ့ ရေချိုရေငန်ငါးတွေကိုပဲရနိုင်လိမ့်ဦးမယ်...
Hostရဲ့စွမ်းအင်တိုးတက်လာတာနဲ့အမျှ System ကဖြည့်ပေးတဲ့ ငါးတွေရဲ့ အဆင့်ကလဲမြင့်လာပါလိမ့်မယ်"

System ရဲ တည်ငြိမ်တဲ့ အသံက ပုဖန်ရဲ့ စိတ်အတွင်းမှပေါ်လာ၏။

ပုဖန် ခဏလောက်မှင်သက်သွားသည်။

 ကမ္ဘာမြေပေါ်က ပုန်ယမ်းရေကန်မှာတုန်းက
ငါးမူးပျံဟင်းကို တစ်ခါစားခဲ့ဖူးတာကြောင့် ဒီ ချက်ပြုတ်တဲ့နည်းလမ်းတွေက သူနဲ့တော့ အစိမ်းသက်သက်ဖြစ်မနေပေ။

ငါးမူးပျံကို ချက်ပြုတ်ရန် အဓိကအသုံးပြုရမဲ့ပါ၀င်ပစ္စည်းက နှစ်ရှည်သိုလှောင်ထားတဲ့ အပြင်းစားဝိုင်ကောင်းကောင်းပင်ဖြစ်သည်။

အရည်အသွေးမြင့်တဲ့ ငါးမူးပျံဟင်းတစ်ခွက်က ကြည့်လိုက်တာနဲ့ ပန်းကန်ကို ပန်းရောင်ဖျော့ဖျော့လေးအုပ်လွှမ်းထားသလိုမြင်ရစေသည်။

သူရဲအရသာက စပျစ်ဝိုင်ကောင်းကောင်းတစ်ခွက်သောက်လိုက်ရသလိုလို...ပင်လယ်ထဲရောက်သွားသလိုလို... တိမ်တွေပေါ်တက်သွားသလိုလို... အေးစိမ့်မူးယစ်တဲ့ ခံစားမှုမျိုးကိုပေးစွမ်းသည်။

ငါးရဲ့ အသားလွှာတွေကလဲ အလွန်ကိုဆွဲဆောင်မှုရှိတဲ့ အနီရောင်ဖျော့ဖျော့လေးသမ်းနေပေလိမ့်မည်။

ဒီငါးဟင်းတစ်ခွက်မှာ ဝိုင်ကောင်းကောင်းကသာ အဓိကဖြစ်ပေသည်။

"ငါးမူးပျံဟင်းချက်ရန် လိုအပ်သည့်အကောင်းဆုံးဝိုင်အရက်ကို System ကနေ့တိုင်းပေးမှာပေမဲ့ ငါးအသားနှပ်ဖို့ကိုတော့ Host ကိုယ်တိုင်ပြုလုပ်ရပါမယ်"

ပုဖန်ခေါင်းညိတ်လိုက်သည်။ System ကဝိုင်ကိုထောက်ပံပေးသော်လည်း ဘယ်လိုနှပ်ရမယ်ဆိုတဲ့အကြောင်းကို မပြောပေ။

တစ်ခြားဟင်း၂မျိုးကိုတော့.. ပုဖန်အကျွမ်းတ၀င်ရှိ၏။
ငါးပင်လယ်ဟင်းက ကမ္ဘာမြေပေါ်မှာ အရမ်းကိုနာမည်ကြီးပြီး စားသောက်ဆိုင်တွေတိုင်းမှာရသည့်အပြင် လမ်းဘေးဆိုင်တွေ ညစျေးတန်းတွေမှာပါအလွယ်တကူ ရရှိနို်င်သည်။

ငါးခေါင်းတို့ဟူးဟင်းချိုဆိုတာကတော့ ရိုးရိုးရှင်းရှင်း အိမ်မှာ ချက်စားတဲ့ သာမန်ဟင်းတစ်မျိုးလိုပါပဲ။

ဒါပေမဲ့ ဒီဟင်းတွေကို ပုဖန် ဘယ်လိုချက်ပြုတ်ရမယ်ဆိုတဲ့...စည်းကမ်းချက်တွေတော့ ထုတ်မထားချေ။

"Host မစ်ရှင်အတိုလေးပြီးသွားတဲ့အချိန်မှာ ရရှိတဲ့ သလင်းကျောက် ၁၀၀ကို အစစ် အမှန်စွမ်းအင်တွေနဲ့ အချိုးကျကြည့်မယ်ဆိုရင်... Hostက အစစ်မှန်စွမ်းအင်၊သလင်းကျောက်၁၀တုံးစာကို ရရှိပါတယ်...
ဒာကြောင့်မို့ အခုဆိုရင် ဒုတိယအဆင့်(မာစ တာအဆင့်)ကိုရောက်ရှိသွားပါပြီ.... Hostရဲ့ စွမ်းအင်တိုးတက်လာတဲ့အတွက်ဂုဏ်ယူပါတယ်"

"နတ်ဘုရားဖြစ်လာရန်အတွက် နောက်ထပ်ခြေတစ်လှမ်းကို လှမ်းနိုင်ခဲ့ပါပြီ...
အလုပ်ကို ကြိုးစားလုပ်ကိုင်ပါလူငယ်လေး"

System ရဲ့ တည်ငြိမ်တဲ့ကြော်ငြာသံပြီးဆုံးသွားတာနဲ့ တပြိုင်နက် ပုဖန်က သူရရှိနိုင်တာတွေဖော်ပြထားတဲ့ ဇယားကွက်ကို ခေါ်လိုက်ပြီး(သူ့ရဲ့စိတ်အတွင်းက အမေးအဖြေ လုပ်တဲ့ဘောင်ကွက်လေး မြင်သာအောင်ပြောရရင် ဘုတ်ပြားပေါ်မှာ စာရေးထားသလိုမျိုး) အလျင်အမြန်ဖတ်ရူလိုက်၏။

Host:ပုဖန်

အစစ်မှန်စွမ်းအင်ကျင့်ကြံခြင်းအဆင့်:ဒုတိယအဆင့် (ဆန်းကြယ်သောကမ္ဘာထဲမှာ ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာရန်အတွက်မင်းရဲ့ အစစ်မှန်စွမ်းအင်တွေကိုချက်ပြုတ်တဲ့နေရာမှာ အသုံးပြုရပါလိမ့်မယ်အလုပ်ကိုကြိုးစားပါလူငယ်လေး)

ချက်ပြုတ်ခြင်းစွမ်းရည်: သော့မပွင့်သေး

ကျွမ်းကျင်မှုများ : သော့မပွင့်သေး

ကိရိယာများ : မရရှိသေး

ချက်ပြုတ်ခြင်းနတ်ဘုရားအဆင့်သတ်မှတ်ချက် : လူသစ် (နောက်ဆုံးမှာတော့ မင်းရဲ့အစစ်အမှန်စွမ်းအင်တွေက လမ်းကြောင်းပေါ် ရောက်ရှိလာပါပြီ ကြိုးစားပါလူငယ်လေး)

System ၏အဆင့် : ကြယ်၂ပွင့် ( ပြောင်းလဲမှုအချိုး ၂၀ရာခိုင်နှုန်း ၊ဆိုင်ထဲမှာရှိတဲ့ ပရိဘောဂတွေကိုပြောင်းလဲထားခွင့်နှင့် စားသုံးသူတွေက တတိယအဆင့်ထက်နိမ့်သော ပါ၀င်ပစ္စည်းတွေက်ို ယူဆောင်လာနိုင်တဲ့ ခွင့်ပြုချက်ရရှိမည်။)

ပုဖန် သက်ပြင်းမှုတ်ထုတ်လိုက်ပြီး သူလက်နှစ်ဖက်ကို ပင့် မ ကြည့်လိုက်၏။

ဒုတိယအဆင့်( မာစတာအဆင့်)ရောက်လာပြီဖြစ်တဲ့အတွက် သူရဲ့ စွမ်းအင်တွေကိုအပြင်ကိုထုတ်လွှတ်နိုင်စွမ်းမရှိသေးသော်လည်း ခန္ဓာကိုယ်ထဲမှာ စွမ်းအင်တွေ လှည့်ပတ်နေတာကိုတော့.. သိသာစွာ ခံစားမိ၏။

စွမ်းအင်လှည့်ပတ်မှုကြောင့် သူ့ခန္ဓာကိုယ်က အညစ်ကြေးတွေသန့်စင်လာပြီး ပိုမိုစွမ်းအင်ပြည့်၀၍ ပင်ပန်းနွမ်းနယ်မှုတွေပါ ပျောက်ကုန်သည်။

ဒီလို ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်ကို တစ်ခြားသူတစ်ယောက်သာမြင်ရင် မယုံနိုင်လောက်အောင်အံသြသွားပေလိမ့်မည်။

တကယ်တမ်းဆို.. ခန္ဓာကိုယ်ပြောင်းလဲမှုဖြစ်စဉ်တွေက စတုတ္တအဆင့်ရောက်မှသာဖြစ်ပေါ်လာတာဖြစ်၏။

ပုဖန်က သူရင်ဘက်ကိုထိကြည့်လိုက်ပြီး... ရင်ဘတ်ကြွက်သားများ တုန်ခါလာတာကိုမြင်သောအခာ သူမျက်နှာတွင် ကျေနပ်ပြုံးကြီးကြီးတစ်ခုဖြစ်ပေါ်လာ၏။

စာဖိုမှူး တစ်ယောက်အနေဖြင့် သူကအားအင်ပြည့်၀တဲ့ ခန္ဓာကိုယ်မျိုးကို လိုချင်နေခဲ့တာကြာလေပြီ။

System ကသူကိုတိုက်ခိုက်မှု စွမ်းရည်မပေးပေမဲ့လည်း သူကိုပေးထားတဲ့စွမ်းအင်တွေကတော့... လိုအပ်တာထက်ပင်ပိုနေသည်။

ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်ရန်သာ ရည်ရွယ်ထားတဲ့ သူအနေနဲ့လဲ တိုက်ခိုက်ရေးစွမ်းရည် မလိုအပ်ပေ။

သူခန္ဓာကိုယ်မှ ထုတ်ပစ်လိုက်တဲ့ အညစ်ကြေးတွေကြောင့် ပုဖန်စိတ်မသက်မသာဖြစ်ပြီး ရေချိုးသန့်စင်လိုက်၏။

ထို့နောက်... သူလန်းဆန်းတက်ကြွစွာဖြင့် ဟင်းလျာအသစ်တွေက်ို ချက်ပြုတ်ရန် မစောင့်စားနိုင်တော့ပဲမီးဖိုချောင်သို့၀င်ခဲ့လိုက်သည်။

မီးဖိုချောင်ရဲ့ ထောင့်တစ်နေရာမှာတော့ ငါးမူးပျံဟင်းကို ချက်ပြုတ်ရန် System ကဖြည့်တင်းပေးထားတဲ့ ဝိုင်စည်ပိုင်း တစ်လုံးက ရောက်ရှိနေပေပြီ။

၀ိုင်စည်ရဲ့ အဖုံးကိုဖွင့်လိုက်တာနှင့် မွှေးပျံသောရနံတွေ ထွက်ပေါ်လာပြီး သူရဲ့မျက်နှာကိုတောင် နီမြန်းသွားစေ၏။

"ဝိုး..... ကောင်းလိုက်တဲ့အနံ့"

ပုဖန် ဝိုင်စည်ထဲကြည့်လိုက်သောအခါ မျက်နှာပြင်ပေါ်မှာ မုယောစပါးစေ့၊ ကောက်ညှင်းစေ့တွေနဲ့ ဖုံးအုပ်ထားတာကို တွေ့လိုက်ရ၏။

သူ ဝါးယောက်ချိုဇွန်းဖြင့် ကောက်ညှင်း စေ့လေးတွေကိုခပ်ယူလိုက်ပြီး နှာခေါင်းနားကပ်ကာ အနံခံကြည့်လိုက်သည်။

မွေးပျံ့ချိုမြပြီးအနည်းငယ် အချဉ်ဖောက်ထားတဲ့ ရနံတွေက သူကိုမူးယစ်သွားစေဖို့လုံလောက်ပေသည်။

သူကောက်ညှင်းစေ့လေးတွေကို လက်ဖြင့်ချေကြည့်လိုက်တော့.. နူးညံပြီးစေးပျစ်တဲ့ အထိအတွေ့က်ိုခံစားလိုက်ရ၏။

"ဒါ အဆင်မြင့်ပြီးအရမ်းကိုကောင်းမွန်တဲ့ ဝိုင်ဆိုတာ (လုံးဝ) သံသယဖြစ်စရာမလိုဘူး"

"System ကဖြည့်တင်းပေးထားတဲ့ပစ္စည်းတွေရဲ့ အရည်သွေးတွေက မျှော်လင့်ထားတာထက်တောင် ကောင်းမွန်တာပဲ"

ပုဖန်က ဝိုင်စည်ကိုပြန်ဖုံးအုပ်လိုက်ပြီး သူရဲ့အကြည့်က မီးဖိုချောင်ရဲ့ အခြားတစ်ဖက်မှာ ရောက်နေပြီဖြစ်တဲ့ ငါးကန်ဆီ ရောက်သွားသည်။

ငါးကန်ထဲမှာ ငါးနှစ်ကောင်ကူးခတ်နေပြီး တစ်ကောင်ရဲ့ခန္ဓာကိုယ်က အပြာရောင်အလင်းတန်းတွေ တောက်ပစွာထွက်ပေါ်လျှက် သူရဲ့မျက်စိတွေကလဲ သွက်လက်စွာလှုပ်ရှားနေပြီး ခန္ဓာကိုယ်က လုံး၀န်းတဲ့ ပုံစံရှိ၏။

နောက်ငါးတစ်ကောင်ကိုကြည့်ရတာ အန္တာရာယ်ပေးနိုင်တဲ့ ပုံပေါ်ပြီး သူရဲ့ ခေါင်းကကြီးမားကာ ခန္ဓာကိ်ုယ်က ရောင်ပြန်အလင်းထုတ်လွှတ်နေသည်။ဒီလိုငါးမျိုးစိတ်မျိုးကို ကမ္ဘာပေါ်မှာတုန်းကတစ်ခါမှ မမြင်ဘူးခဲ့ပေ။

ပုဖန်က ငါးကန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး သူရဲ့ လက်နစ်ဖက်လုံးက ငါးကန်ထဲသို့နှိုက်၍ ဖမ်းရန်ကြိုးပမ်းလိုက်သည်။

ငါးကန်ထဲတွင် ရေပွက်ထသွားပြီး အချိန်ခဏမှာတင် ငါးနစ်ကောင်လုံးကပုဖန်လက်ထဲ သို့ရောက်နေပေပြီ။

ထိုငါးက ခန္ဓာကိုယ်ကိုအလျင်အမြန် တွန့်လိမ်၍ပုဖန်လက်ထဲမှ လွှတ်မြောက်ရန် ကြိုးပမ်းနေလေ၏။

ပြောရမယ်ဆိုရင် ဒီငါးတွေကသာမန်ငါးတွေမဟုတ်ပဲ တတိယအဆင့်ငါးတွေဖြစ်တဲ့ တွက် သူတို့ကအားနည်းနေပေမဲ့လည်းတိုက်ခိုက်နိုင်စွမ်းတော့ရှိသည်။

ပုဖန်ကတော့ အတွေ့ကြုံရင့်ကျက်နေတဲ့ တံငါးသည် တစ်ဦးပုံစံဖြင့် ရုန်းကန်နေတဲ့ ငါးကိုမလွတ်အောင် တင်းတင်းဆုပ်ကိုင်ထားပြီး ကန်ထဲမှထုတ်ယူ၍ စဉ်းနှီတုန်းပေါ်ပစ်တင်လိုက်သည်။

System စီစဉ်ပေးထားတဲ့ မီးဖိုချောင်ဖြစ်သည့်အလျောက် မီးဖိုချောင်သုံးပစ္စည်းတွေကလဲ အမျိုးအစုံရှိနေလေသည်။

ပုဖန်က ကြုံရာဓားတစ်ချောင်းကိုဆွဲယူလိုက်သည်။

"ရေငန်ငါးအမျိုးစားဖြစ်တဲ့ တတိယအဆင့်အေးခဲငါးကို လေအလင်းအင်ပါယာရဲ့ အရှေ့မြောက်အရပ်မှာ ဖမ်းယူရရှိနိုင်တယ်..ငားရဲ့ခန္ဓာကိုယ်ကနေ အပြာရောင်အလင်းလိုင်းတွေ ထုတ်လွှင့်နိုင်ပြီး ငါးရဲ့အသားမှာတော့ အအေးဓာတ်စွမ်းအင်တွေပါတယ်...သူ့ကိုစားလိုက်ရင်လည်း စွမ်းအင်တွေ အများအပြားကို အလျင်မြန်ပြန်ဖြည့်စေနိုင်တယ်"

"ဒါက တကယ်ကိုထူးကဲတဲ့ ပါ၀င်ပစ္စည်းပဲ..
အလင်းပြာငါးကလဲ အရည်သွေးနိမ့်ကျမှာ မဟုတ်ဘူး"

System ကပုဖန်ကို ပေးတဲ့ပစ္စည်းတိုင်းက ဘယ်တော့မှ အရည်သွေးမနိမ့်ကျပေ။

ကောင်းမွန်တဲ့ အစားသောက်ကိုရနိုင်ဖို့အတွက် အရည်သွေးမြင့်မားတဲ့ ပစ္စည်းတွေကိုသာအသုံးပြုရပေလိမ့်မည်။

အသုံးပြုရမဲ့ပစ္စည်း အရည်သွေးနိမ့်ပါးနေပါက အဆင့်မမှီတဲ့အစားစာတွေထွက်လာမှာ မလွဲပေ။

ပုဖန်က သူ၏စွမ်းအင်တွေကို လက်ဖျားမှာစုစည်းလိုက်ပြီး ဓားအပြားဖြင့်ငါး၏ခေါင်းကိုထုလိုက်သည်။ပါးလွှာပြီး ထက်မြက်တဲ့ဓားဖြစ်သော်လည်း ပုဖန်၏လှုပ်ရှားမှုကိုတော့ မည်သို့မျှ အနှောက်အယှက်မဖြစ်ချေ။

 စောနလေးတင်ရုန်းကန်နေတဲ့ ငါးကအခုတော့ငြိမ်ကျသွားပေပြီ။

ပုဖန်ရဲ့ လက်များကကျွမ်းကျင်လှစွာလှုပ်ရှားနေပြီး ခဏလေးအတွင်းမှာသူအေးခဲငါးကို ဖြတ်တောက်ပြီးစီးသွားလေပြီ။

သူငါးကိုယူ၍ ဝိုင်စည်ရှိရာသို့ လျောက်လာပြီးနောက် အပေါ်ယံမှာဖုံးထားတဲ့ ကောက်ညှင်းစေ့လးတွေက်ို ယူလိုက်ပြီး ငါးဗိုက်ထဲမှာဖြည့်လိုက်သည်။ထို့နောက် ငါးတစ်ကောင်လုံးကို ဝိုင်စည်ထဲသို့ နှစ်၍စိမ်ထားလိုက်သည်။

"ငါးအသားထဲကို ဝိုင်ရဲ့အရသာတွေစိမ်၀င်သွားဖို့တွက် ခန့်မှန်းချေအချိန်၃နာရီလောက်လိုပါတယ်"

System ကတည်ငြိမ်တဲ့ အသံဖြင့်ပုဖန်ကိုပြောဆိုလိုက်သည်။

ပုဖန် ခဏလောက် မှင်သက်သွားပြီးနောက် ခေါင်းညိမ့်လိုက်၏။

သူ ုမြန်မြန်ဆန်ဆန်ပြင်ဆင်နို်င်မှပဲ မနက်ဆိုင်ဖွင့်ချိန်အမှီ ရောင်းချနိုင်ပေလိမ့်မည်။

ထို့နောက် ပုဖန်နောက်ထပ်ငါးတစ်ကောင်ကိုပြင်ဆင်ရန် ပြန်လှည့်လိုက်သည်။

သူသတိမထားမိတဲ့ အချိန်လေးမှာတင်ပဲ System ကငါးအမြောက်အများပြန်လည်ဖြည့်တင်းထားပေသည်။

ဒီတစ်ခါတော့... ပုဖန်က အနက်ရောင်ခပ်ကြီးကြီးငါးတစ်ကောင်ကို ဖမ်းယူလိုက်ပြီး ငါးရဲ့ခေါင်းကိုဖြတ်၍ ငါးခေါင်းတို့ဟူးစွပ်ပြုတ် ချက်ပြုတ်ရန်ပြင်ဆင်လိုက်၏။

ထို့နောက် ရေခဲသေတ္တာထဲမှ ပုလဲရောင်ဖြူဖွေးနေတဲ့ တို့ဟူးတွေက်ို ထုတ်ယူလိုက်ပြီး ချက်ပြုတ်ရန်စတင်လိုက်သည်။

"ဒါကရေချိုငါးဖြစ်ပြီး တတိယအဆင့် ငွေရောင်မိုးကြိုးငါးဖြစ်တယ်...ဒီငါးကိုတော့ လေအလင်းအင်ပါယာရဲ့တောင်ဘက် မြေရိုင်းလွင်ပြင်မှာရှိတဲ့ ရေကန်ကြီးကနေဖမ်းယူထားခဲ့တယ်...သူရဲ့ကြီးမားတဲ့ဦးခေါင်းမှာအသားအများပြားရှိပြီး အဲအသားတွေကလဲနူးညံ့ပြီး သူ့အသားကို စားလိုက်တာနဲ့ လန်းဆန်းတက်ကြွစေနိုင်တယ်..."

"တို့ဟူးကိုတော့ လေအလင်းအင်ပါယာရဲ့မြောက်ဘက်ပိုင်းကထွက်ရှိတဲ့ ဝိဉာဉ်စွမ်းအင်အမြောက်အများပါတဲ့ ပဲပုပ်ကနေထုတ်လုပ်ထားတယ်...ဒာက တော်၀င်စားဖိုဆောင်မှာပဲ သုံးတဲ့ အရည်သွေးအရမ်းကောင်းတဲ့ ပစ္စည်းတွေပဲဖြစ်တယ်"

System က တည်ငြိမ်စွာ ရှင်းပြနေလေ၏။

ပါ၀င်ပစ္စည်းနစ်မျိုးလုံးကသာမန်ထက်ထူးခြားနေသော်လည်း ပုဖန်ရဲ့အမူအရာကတော့ မည်သိုမျှ မထူးခြားသွားပေ။

ပုဖန် ဟင်းအိုးအဖုံးကိုဖွင့်လိုက်တာနဲ့ မွှေးပျံ့တဲ့ရနံတွေက သူရဲနှာခေါင်းထဲသို့အလုယက်တိုး၀င်လာပြီး ဗိုက်ထဲမှာ စစ်ပွဲဖြစ်ပွားစေလေသည်။ 

............

တစ်ချိန်ထဲမှာပင် ဧည့်သည်ခန်းမှာ လဲလျောင်းနေတဲ့ မိန်းမငယ်လေးက သူမရဲ့နှာခေါင်းကိုတစ်ချက်နှစ်ချက် ရှုံလိုက်ပြီး ကြီးမားတဲ့ မျက်၀န်းအိမ်တွေက ပို၍ ပြူးကျယ်လာတော့သည်။

"ဝါးးးး!ဘာအနံပာလိမ့်... အရမ်းကောင်းလိုက်တာ...ပိုင်ရှင်က တစ်ခုခုကိုချက်ပြုတ်နေတာများလား?..ဒါက ဥထမင်းကြော်အနံတော့မဟုတ်တာသေချာတယ်"

သူမ အလျှင်အမြန်အိပ်ရာပေါ်မှထ၍ အခန်းထဲမှ ပြေးထွက်လာခဲ့သည်။

..........

မီးဖိုချောင်ထဲမှာတော့..

 ပုဖန်က ငါခေါင်းတို့ဟူးစွပ်ပြုတ်ကို အိုးထဲမှခပ်ယူလိုက်ပြီး ပန်းကန်လုံးထဲပြောင်းထည့်လိုက်သည်။

နို့နှစ်ရောင်ဟင်းရည်၊ အဆီနှင့်အသားပြည့်နေတဲ့ငါးခေါင်း... ပေါင်းစပ်မှုက အံသြလောက်စရာပေ ။

ပုဖန် မွှေးကြိုင်ပြီးဆွဲဆောင်မှု ရှိလွန်းတဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို သယ်လာပြီးစားပွဲပေါ်တင်လိုက်၏။