အခန်း ၂၀
စားကြမယ်ဟေ့...ကောင်း.ကောင်း
ငါးခေါင်းတို့ဟူး စွပ်ပြုတ်ထည့်ထားတဲ့ အဖြူနဲ့အပြာရောစပ်ထားတဲ့ ကြွေပန်းကန်လုံးထဲမှာတော့... လတ်ဆတ်ပြီးနူးညံတဲ့ ငါးအသားလွှာလေးတွေနှင့် ထိလိုက်တာနဲ့ ပဲ့ကြွေသွားတော့မယောင်ထင်ရသော သလင်းအကြည်ရောင် တို့ဟူးတွေက နို့ရည်လိုစွပ်ပြုတ်ထဲမှာ ပေါလောပေါ်နေလေ၏။
မွှေးပျံ့တဲ့ ရနံ့ တွေနဲ့ တောက်ပတဲ့အလင်းရောင်တွေက ပန်းကန်လုံးကို ဖုံးအုပ်ထားပြီး ညှို့ယူစွမ်းဆောင်နေလေသည်။
ပုဖန်က ကျေနပ်စွာနဲ့ အသက်တစ်ချက်ရှိုက်သွင်းလိုက်ရာ မွှေးပျံ့တဲ့ ရနံတွေက သူနှာခေါင်းပေါက်ထဲကနေ တိုး၀င်ပျံနှံသွားပြီး မူးမေ့လဲကျတော့မလိုတောင်ဖြစ်သွား၏။
ပြောရမယ်ဆိုရင်တော့... ဒီငါးခေါင်းတ်ို့ဟူး စွပ်ပြုတ်ကိုချက်ပြုတ်တဲ့ နေရာမှာ စာဖိုမှူး တစ်ယောက်အနေနဲ့ အပူချိန် ထိန်းချုပ်ဖို့ရာ အနည်းငယ်တော့ အခက်အခဲရှိ၏။
သို့သော်လည်း ပုဖန်ရဲ့ အချက်ပြုတ်စွမ်းရည်က ပိုင်နိုင်လွန်းတာကြောင့် ဒီဟင်းပွဲက သဘာ၀ကျစွာ ပြီးပြည့်စုံလေသည်။
ပုဖန်က ပန်းကန်လုံးအသေးလေးကိုထုတ်ယူလိုက်ပြီး အရသာရှိတဲ့ ငါးခေါင်းစွပ်ပြုတ်ကိုမြည်းစမ်းကြည့်မလို့ ပြင်လိုက်တဲ့ အချိန်မှာပဲ....
"အိုး....ချစ်လှစွာသော ဆိုင်ရှင်ကြီး ဘာတွေချက်နေတာလဲ...အနံလေးကအရမ်း...ကောင်းတာပဲ"
ခေါင်းသေးသေးလေးက သူရဲ့ နောက်တံခါး၀ကနေပေါ်လာပြီး နှစ်လိုဖွယ်ကောင်းတဲ့ အသံနဲ့ပြောလိုက်သော်လည်း... သူမရဲ့ ဝိုင်းစက်တဲ့မျက်၀န်းတွေကတော့ ပုဖန်ရှေ့က ငါးခေါင်းစွပ်ပြုတ်ကိုသာ စိုက်ကြည့်နေလေသည်။
ပုဖန်က ကလေးမလေးကိုတစ်ချက်စိုက်ကြည့်လိုက်၏။တကယ်တမ်း....သူ ကလေးမလေးက်ို လုံး၀ကိုမေ့နေခဲ့ပေမယ့် သူမရောက်လာတဲ့အတွက်ကိုတော့ သူအံသြမသွားပေ။ ဒီဟင်းနံ့ရဲ့ ဆွဲဆောင်မှုဒဏ်ကိုဘယ်လိုလူမှခံနိုင်မှာ မဟုတ်မှန်း သူသေချာသိ၏။
"ငါ ဟင်းပွဲအသစ် စမ်းချက်ကြည့်နေတာ"
ပုဖန်ပြောလိုက်ပြီးချင်းမှာပဲ မိန်းကလေးကသူရှေ့ကခုံပေါ်မှာ ၀င်ထိုင်ပြီးလေနေပြီ။
သူမရဲ့မျက်လုံးတွေက်ို ဟင်းပွဲကနေ အကြည့်တချက်စာမျှမလွဲပဲ သူမရဲ့ နှုတ်ခမ်းတွေကိုလျှာဖြင့်သပ်လိုက်သည်။
" ဟင်းပွဲအသစ်လား.?ဝါး.......ကြည့်ရတာ အရမ်းကောင်းမဲ့ပုံပဲနော်.....ဒာက ငါးစွပ်ပြုတ်လား?.ဘာလို့ ငါးစွပ်ပြုတ်က နို့နှစ်ရောင်သမ်းနေတာလဲ?"
"အာ....ဒီ တို့ဟူးလေးကိုကြည့်ရတာလည်း အနုပညာဆန်လိုက်တာ ချက်ပြီးသွားတာတောင် ဘာလို့ဒီလောက်လှပနေရတာလဲ?.."
"အိုးးးးးငါးရဲ့ခေါင်းထဲမှာပဲ အသားတွေကအများကြီးနော်....ဒါကြည့်ရတာ တကယ်ကို အရသာရှိမဲ့ပုံပဲ...."
ပုဖန် သူ၏ပန်းကန်လုံးနှင့် တူကိုစားပွဲပေါ်ပြန်ချလိုက်ပြီး ပတွတ်ပတွတ့်ပြောနေတဲ့ ကလေးမလေးကိုကြည့်လိုက်သည်။
ထို့နောက်..သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး...
" သွား...ပန်းကန်လုံးနဲ့တူတစ်စုံသွားယူချေ ငါတို့တူတူစားကြတာပေါ့."
ကလေးမလေးရဲ့ ပြည့်ပြည်ဖောင်းဖောင်းမျက်နှာပေါ်မှာ အားရ၀မ်းသာတဲ့ အပြုံးကြီးကြီးပေါ်လာပြီး....
"ဟီး...ဟီး....သူဌေးကအကောင်းဆုံးပဲ"
မီးဖိုချောင်ထဲပြေး၀င်၍ ပန်းကန်လုံးနဲ့တူကိုယူပြီး အလျင်အမြန် ပုဖန်ရှေ့သို့ပြန်ရောက်လာသည်။
ပုဖန်သဘောတကျပြုံးလိုက်ပြီး သူမလက်ထဲကပန်းကန်လုံးကိုယူ၍စွပ်ပြုတ်တစ်၀က်ထည့်ပေးလိုက်သည်။
ထို့နောက်...အဆီနှင့်အသားပြည့်နေတဲ့ ငါခေါင်းအနည်းငယ်နဲ့ သလင်းကျောက်အဖြူရောင်တို့ဟူးလေးတွေပါ ထည့်ပေးလိုက်၏။
ကလေးမလေးက ပန်းကန်လုံးကို ပျော်ရွှင်စွာယူလိုက်ပြီး သူမရဲ့ နှာခေါင်းနားကပ်၍ အနံခံလိုက်သည်။
မွေးပျံ့သောရနံ့တွေက နှစ်လိုဖွယ်ကောင်းလွန်းသောကြောင့် ကူရာမဲ့စွာ အော်ထုတ်မ်ိမတတ်ဖြစ်သွား၏။
ကလေးမလေးကို ကြည့်ရတာတော့ အစားအသောက်ကောင်းတွေစားတဲ့နေရာမှာ ဗဟုသုတ အနည်းငယ်ရှိပုံရပြီး အကျွမ်းတဝင် ရှိပုံပေါ်သည်။
သူမက ငါးအသားကိုစားရမဲ့အစား နို့အနှစ်ရောင် စွပ်ပြုတ်ရည်ကိုပဲ အရင်သောက်လိုက်သည်။စွပ်ပြုတ်ရည်က သူမရဲ့နှုတ်ခမ်းပားလေးကိုဖြတ်ပြီး ပါးစပ်ထဲသို့၀င်သွားတယ်ဆိုရင်ပဲ....အနည်းငယ် စေးပျစ်ပြီး နူးညံတဲ့အရသာကောင်းကိုခံစားလိုက်ရ၏။
ထိုပြည့်၀တဲ့ အရသာကသူမရဲ့ အရသာခံအာရုံကြောတွေဆီပျံ့နှံသွားပြီး သူမရဲ့ ခန္ဓာကိုယ်ကကာင်းကောင်းအနားယူလိုက်ရသလို လန်းဆန်းသွားသည်။
" အရသာရှိလိုက်တာ.....အနံ့..ကလဲ မွှေး....နေတာပဲ"
ကလေးမလေးကပန်းကန်လုံးဆီမှ ဖြေးဖြေးခြင်းစုပ်သောက်နေရင်း အော်ပြောလိုက်သည်။
သူမရဲ့ မျက်၀န်းအိမ်ဝိုင်းဝိုင်းလေးတွေက လနှစ်စင်းပြိုင်တူထွန်းလင်းတာက်ပနေသလို လင်းလက်နေပြီး သူမရဲ့မျက်နှာပေါ်မှာလဲ ကျေနပ်နှစ်သက်နေတဲ့ အမူအရာပေါ်နေသည်။
"စွပ်ပြုတ်ကြီးပဲ သောက်မနေနဲ့လေ...ငါးအသားကိုလဲစားကြည့်ဦး...ကောင်းလွန်းလို့ မင်း မူးမေ့တောင်လဲသွားဦးမယ်"
ပုဖန်ကစွပ်ပြုတ်သောက်နေတဲ့ ကလေးမလေးက်ိုကြည့်၍ ငြင်သာစွာပြောလိုက်ပြီးနောက်... သူ၏ပန်းကန်လုံးကိုယူကာ သူလဲစတင်စားလိုက်သည်။
အမှန်တကယ်ပင် အရသာရှိလှပြီး ပါ၀င်ပစ္စည်းများ၏ လတ်ဆတ်မှုကို အပြည့်အ၀ခံစားရသည်။
"အာ... ဒီငါး.....စားလိုက်တာနဲ့ ဘာလို့စပ်ဖျင်းဖျင်းခံစားရတာလဲ?"
"......"
သူမက စပ်ဖျင်းဖျင်းအရသာကို ခံစားလိုက်ရတာတောင်မှပဲ ဟင်းပွဲကိုအကောင်းမြင်တဲ့ စိတ်ကလျော့ကျမသွားပဲ ပိုပြီးတိုးလာသေးသည်။
ဘာလို့လဲဆိုတော့... ဒီစပ်ဖျင်းဖျင်းအရသာလေးက ဟင်းပွဲရဲ့အရသာကိုပျက်စီးမသွားစေပဲ ပိုပိုပြီးကောင်းမွန်အောင် ထောက်ပံပေးထားသောကြောင့်ပင်။
တို့ဟူးကလဲ အလွန်ကိုနူးညံ့နေပြီး သူမရဲ့ပါးစပ်ထဲရောက်သွားတာနဲ့ပျော်ဆင်းသွားသည်။
တို့ဟူးရဲ့ အရသာနဲ့ ငားရဲ့အရသာတို့ပောင်းစပ်လိုက်တဲ့ အခါမှာတော့... သူမကိုစိတ်ကျေနပ်မှုပေးစွမ်းနိုင်ပြီး ဆွေမျိုးတောင်မေ့သွား၏။
"ဒီလောက်ကောင်းတဲ့ စွပ်ပြုတ်ကို ငါအရင်ကတစ်ခါမှတောင် မစားခဲ့ဖူးဘူး"
ကလေးမလေးက နောက်ဆုံးစွပ်ပြုတ်ကို တစ်စက်မကျန် အကုန်သောက်ပြီးတဲ့ အခါမှာတော့ ပုဖန်ကို အလွန်စိတ်အားထက်သန်စွာပြောလိုက်၏။
!ဒါက အရသာရှိရုံတင်ပဲ မဟုတ်ဘူး!
နွေးထွေးတဲ့စွမ်းအင် စီးကြောင်းတွေက သူမရဲ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နေပြီး သူမရဲ့စွမ်းအင်ကို တိုးတက်လာစေသည်။
"....."
" ဟုတ်ပါပြီ...စားပြီးရင်လဲစောစောအိပ်ဖို့မမေ့နဲ့...မနက်ဖြန်အလုပ်လုပ်ရမယ်"
ပုဖန်က မျက်နှာသေဖြင့်ခေါင်းညိတ်ပြလိုက်ပြီး သူမကိုသတိပေးစကားပြောလိုက်၏။
ကလေးမလေးရဲ့ မျက်နှာက ချက်ချင်းအေးစက်သွားပြီး.... မာနကြီးတဲ့ပုံစံဖြင့် နှာခေါင်းတစ်ချက်ရှူံလိုက်ပြီးနောက် သူမရဲ့ လက်ထဲကပန်းကန်လုံးကို ပြန်ချလိုက်ပြီး အခန်းဆီ ပြန်ဖို့ပြင်လိုက်သည်။
သူမတံခါးနားရောက်တဲချိန်မှာ ခဏတုံဆိုင်းသွားပြီးနောက် ပုဖန်ဘက်ကိုလှည့်၍...
"စိပ်ပုပ် သူဌေး...ငာ့နာမည်က ကွမ်းရှောင်ယီ... ငါ့က်ို ရှောင်ယီ လို့ခေါ်လို့ရတယ်"
ပုဖန်ကသူမကိုပြန်စိုက်ကြည့်ပြီးပြောလိုက်သည်။
"အင်း.... သိပြီ"
" ....."
ကလေးမလေးက စိတ်ကသိကအောင့်ဖြစ်သွားပြီး...တွေးလိုက်မိသည်။
!ငါက ငါ့နာမည်ကို မိတ်ဆက်လိုက်တာတောင်မှပဲ ဒီ အကျင့်မကောင်းတဲ့ သူဌေးကသူနာမည်ကို ပြန်မိတ်မဆက်ပေးဘူး..ကြည့်ဦး!
"အကျင့်ပုတ်သူဌေး..နင်ရဲ့ နာမည်ကဘာလဲ?"
ရှောင်ယီက အထက်စီးဆန်ဆန်ပုံစံဖြင့်မေးလိုက်သည်။
" ပုဖန္ "
ပုဖန်က ခပ်ပြတ်ပြတ်ပဲ ပြန်ပြောလိုက်ပြီး စားပွဲကိုသန့်ရှင်းရေးလုပ်နေလိုက်သည်။
ရှောင်ယီက မကျေနပ်သော်လည်း.. နောက်ဆုံးမှာဘာမှ မတတ်နိုင်တော့ပဲသူမရဲ့ အခန်းဆီသို့သာပြန်သွားလိုက်ရသည်။
ပန်းကန်ခွက်ယောက်တွေက်ို ပန်းကန်ဆေးစက်ထဲထည့်ပြီးတဲ့ နောက်မှာတော့ ပုဖန် အပျင်းကြောဆန့်လိုက်ပြီး စောစောစီးစီး အနားယူဖို့ပြင်လိုက်သည်။
!သူရဲ့ခန္ဓာကိ်ုယ်က သန်စွမ်းကျန့်ခိုင်လာပြီဆိုပေမဲ့လည်း ကောင်းကောင်းအနားယူဖို့တော့ အရေးကြီးတယ်မှတ်လား!
ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စားလို့ပြီးစီးတာ နဲနဲကာပေမယ့် သူပါးစပ်ထဲမှာ ခုထိအရသာစွဲကျန်နေတုန်းပဲဖြစ်သည်။
!ဒီနေ့တော့ နောက်ထပ်ဟင်းတစ်မျိုးဖြစ်တဲ့ ရွှေဝါရောင်အသားပေါင်းဖက်ထုပ်ကိုတောင် ချက်ကြည့်ဖို အချိန်မရလိုက်ဘူး!
ညကပုံမှန်တိုင်းစီးဆင်းသွားပြီးနောက်...
.................
ဆိုင်တံခါး၀ကို မနက်ခင်းရဲ့ အလင်းရောင်က တံခါးလာခေါက်ချိန်မှာတော့....
ပုဖန် လေ့ကျင့် ချက်ပြုတ်ပြီးစီးလို့ ဆိုင်တောင် ဖွင့်နေခဲ့ပေပြီ။
ကွမ်းရှောင်ယီ ကသူမရဲ့ မျက်လုံးတွေက်ိုပွတ်၍ အပေါ်ထပ်ကနေ ဆင်းလာတဲ့အချိန်မှာ ...ဆိုင်အ၀ကခွေးနက်ကြီးကို အစာကျွေးနေတဲ့ ပုဖန်ကိုမြင်လိုက်ရသောကြောင့် စပ်စုချင်စိတ်နဲ့ အနားက်ိုပြေးသွားလိုက်သည်။
သူမ မနေ့ကစားခဲ့တဲ့ ဥထမင်းကြော်ကို ခွေးနက်ကြီးကို ကျွေးနေတာမြင်လိုက်ရတာကြောင့် သူမတကယ်ကို၀မ်းနည်းပက
ပုဖန်က မျက်လုံးတစ်ချက်လှန်ကြည့်လိုက်ပြီး ခပ်အေးအေးအမူအရာဖြင့်သူမကိုပြောလိုက်သည်။
"ငါ နင့်ကို မနေ့က တစ်ခုပြောဖို့မေ့သွားတယ်...နင့်ရဲ့ အကြွေးကြောင့်ဒီဆ်ိုင်မှာ စားပွဲထိုးလုပ်နေစဉ်အတွင်းမှာ ငါနင်ကိုဘာအစားစာမှ မကျွေးနိုင်ဘူး...နင်ဒီမှာစားမယ်ဆိုရင် ပိုက်ဆံ ပေးစားရမယ်"
ကလေးမလေးက သူပြောတာက်ို ကြားလိုက်ရတာနဲ့ တပြိုင်နက်... ခွေးနက်ကြီးကိုစိုက်ကြည့်နေရာကနေ... သနားစရာ မျက်နှာငယ်လေးဖြင့် ပုဖန်ကို ပြောင်းကြည့််လိုက်သည်။
သို့သော်....
သူမဘယ်လိုလဲ သနားစရာကောင်းအောင် လုပ်ပြပြ ပုဖန်ကတော့ မဖြုံပေ။
"ရတယ်လေ"
! ဟွန့်....ဒီစိတ်ပုပ် မိန်းမချောချောလှလှလေး ရှာမရပါစေနဲ့...တစ်သက်လုံး ချိန်ပါ FAဖြစ်ပါစေ!
ကလေးမလေးကစိတ်ထဲမှ ကျိတ်ပြီးပုဖန်ကို ကျိန်စာတိုက်နေလိုက်သည်။
..............
ခုံပေါ်မှာ ခွေခေါက်ကာအေးအေးသာသာထိုင်နေတဲ့ ပုဖန်ရဲ့အနီးမှာ ကွမ်ရှောင်ယီက ခါးသီးတဲ့အမူအရာဖြင့် ထိုင်မှိုင်နေလေ၏။
သူတို့နစ်ဦးကိုကြည့်ရတာ အလွန်လိုက်ဖက်ညီစွာ ပတ်၀န်းကျင်နဲ့ ပနံသင့်နေပေသည်။
ခဏအကြာမှာတော့....
ဖက်တီးဂျင်နဲ့ သူ့ရဲ့လူတွေရောက်လာပြီး ပုဖန်ကို ရင်းနှီးဖော်ရွေစွာ ခပ်ပြုံးပြုံးနှုတ်ဆက်လိုက်သည်။
"ပိုင်ရှင်ပု ကောင်းသောနံနက်ခင်းပါ ဒီနေ့ရာသီဥတုကလဲသာယာတယ်နော်.."
"အမ္း... "
ပုဖန်ကခေါင်းညိတ်ရုံ ညိတ်ပြလိုက်ပြီးမီးဖိုချောင်ဘက်သို့ ၀င်သွားလိုက်သည်။
"မင်းမှာချင်တာတွေကို ဒီကောင်မလေးကိုပဲပြောလိုက်...အော်....ဒီနေ့ဟင်းပွဲအသစ်လဲရှိတယ်နော်...မြည်းစမ်းကြည့်မလား?"
"အိုး...ဘုရားရေ....ချစ်ဖို့ကောင်းတဲ့ကလေးမလေးပါလား?...ပို်င်ရှင်ပုမှာ ဒီလိုထူးထူးခြားခြား လှပချောမောတဲ့ညီမလေးတစ်ယောက်ရှိနေတာပဲ"
ဖက်တီးဂျင်က စနောက်ရယ်မောပြောဆိုလိုက်ပြီး သူရဲ့ရှေ့ကကွမ်ရှောင်ယီကို သေချာ ကြည်လိုက်မိသည့်ခဏ.... သူမျက်နှာပေါ်ကအပြုံးကပျောက်ကွယ်သွားပြီး ကြောက်ရွံမှုကြောင့် ရင်တုန်သွားသည်။
!သေစမ်း...သူမကဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ?!
ဖက်တီးဂျင်ကကြောက်လန့်တကြားမျက်စိကိုမှိတ်လိုက်မိ၏။
!ဟုတ်ပါတယ်...ဒါ သူမမှ သူမပါ..ပိုင်ရှင်ပုက သူမကိုဘယ်လိုဖြစ်ပြီး စားပွဲထိုးခန့်ထားလိုက်တာလဲ?...သူမရဲ့ လူ့ဘီလူး အကို၃ယောက်ကရော သဘောတူလိုက်တယ်လား?!!!
ကွမ်ရှောင်ယီကလဲ သူ့ကိုမှတ်မိပုံရစွာ နှာခေါင်းတစ်ချက်ရှံလိုက်ပြီး...
"ဖက်တီးဂျင်...ဘာမှာ မှာလဲ?..မှာစရာရှိတာ မြန်မြန်မှာ.."
"ဒီနေ့တော့.. ငါအဆင်မြင့်ဥထမင်းကြော်နဲ့ ဟင်းပွဲအသစ်ကိုမှာမယ်"
ဖက်တီးဂျင်ကအလျှင်အမြန်ပဲ ပြောလိုက်သလို တစ်ခြားသောလူဝြကီးတွေကလဲ သူတို့ရဲ့ဟင်းပွဲတွေကို အလျှင်မြန်မှာလိုက်သည်။
သို့သော်...သူတို့ ဒီနေ့မှာတော့ မနေ့ကလောက်မမှာပေ။
ဟုတ်တာပေါ့...ဟင်းပွဲတွေရဲ့စျေးကလဲမသက်သာဘူးလေ။
"ရမယ်... ခဏစောင့်"
ကွမ်ရှောင်ယီက သူတို့မှာသမျှကို သူမ မမေ့သွားခင်... မီးဖိုချောင်ဘက်သို့မြန်မြန်ပြေး၍ ပုဖန်ကို ပြောပြလိုက်သည်။
"ဖက်တီးဂျင်က ဒါလေးပဲ မှာလိုက်တာလား? "
ပုဖန် အနည်းငယ်အံ့သြသွားသော်လည်း အမူအရာ အပြောင်းအလဲ မရှိ ခပ်အေးအေးပင်။
.........
ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲကို သလင်းကျောက်၂၀တုံးကျသင့်ပေသည်။
ဒါကမတန်တဆစျေးနှုန်းပင်။
ဖက်တီးဂျင်လိုချမ်းသာတဲ့ လူမျိုးသာ ဒီဟင်းပွဲကိုနှစ်ခါပြန်စဉ်းစားစရာမလိုပဲ မှာစားနိုင်ပေမည်။
"ငါးခေါင်းတို့ဟူးစွပ်ပြုတ်...ဘယ်လောက်တောင် စိတ်၀င်စားဖို့ကောင်းလိုက်သလဲ...
ဟင်းတစ်ပွဲကို သလင်းကျောက်တုံး၂၀တောင်ပေးရတာ...ငာ အဲဒါကိုမြည်းစမ်းကြည့်ဖို့မစောင့်နိင်တော့ဘူး."
ဖက်တီးဂျင်က စိတ်လှုပ်ရှားစွာပြောလိုက်ပြီး ထိုင်ခုံပေါ်မှာထိုင်လိုက်သည်။