အပိုင်း ၂၁
Viewers 62k

အခန်း ၂၁

လူလိမ်၊ စိတ်ပုပ် သူဌေး

ငါးခေါင်းတို့ဟူးစွပ်ပြုတ်က အပူရှိန်ကိုထိန်းချုပ်ပြီး တစ်ဖြေးဖြေးခြင်းချက်ပြုတ်ရတဲ့အတွက် ဥထမင်းကြော်ထက်အချိန်ပိုကြာ၏။

ပုဖန်က ဟင်းပွဲနှစ်ပွဲလုံးကို အချိန်တစ်ချိန်ထဲမှာပင် ပြင်ဆင်ခဲ့ပေမဲ့ ဥထမင်းကြော်အရင်ကျက်သွားလေပြီ။

System ကမီးဖိုချောင်ခန်းနှင့် စားသောက်ခန်းကြားမှာ ပြတင်းပေါက်ငယ်လေး တစ်ပေါက်ကို ထည့်ပေးထားသောကြောင့် ပုဖန်က ဥထမင်းကြော်ကို ပြတင်းပေါက်ဘောင်ပေါ်တင်လိုက်ပြီး ကလေးမလေးကိုလှမ်းခေါ်လိုက်သည်။

"ဒီအဆင့်မြင့်ဥထမင်းကြော်ကို စားသုံးသူဆီသွားချပေးလိုက်"
 
ပုဖန်က ခပ်မြန်မြန်ပဲပြောလိုက်ပြီး အံသြသင့်နေတဲ့ ကလေးမလေးကိုလျစ်လျူရူ၍ မီးဖိုချောင်ဘက်သို့လှည့်လိုက်သည်။

ကလေးမလေးရဲ့မျက်လုံးတွေက အံသြမှုဖြင့်ပြူးကျယ်နေလေ၏။

သူမရဲ့ အဆင့်အတန်းအရ မည်သူတစ်ဦးတစ်ယောက်ကမှ ဒီလိုအစေခံလုပ်မျိုးကို ခိုင်းစေရဲလိုက်မည် မဟုတ်ချေ။

ကလေးမလေးက နှာခေါင်းတစ်ချက်ရှူံ ၍ ပုဖန်ကို ခပ်ချေချေကြည့်လိုက်ပြီး သူမရဲ့ လက်နှစ်ဖက်ဖြင့် ပန်းကန်လုံးကိုမယူလိုက်သည်။

ဥထမင်းကြော်ရဲ့ မွှေးပျံ့တဲ့ ရနံ့တွေက မနက်စာတောင် မစားရသေးတဲ့ သူမကိုအကြီးကျယ်ဆာလောင်လာစေသည်။

"ဘာလို့ ဒီအနံက အရမ်းကောင်းနေရတာလဲ"

ရွှေဝါရောင်သန်းနေတဲ့ ဥထမင်းကြော်ရဲ့ မွှေးပျံ့တဲ့ရနံ့တွေက သူမရဲ့ဆာလာင်တဲ့စိတ်ကို ပိုပြီး ဆိုးသထက်ဆိုးအောင် နှိုးဆော်နေတာကြောင့် ရူးသွားတော့မလိုပင်။

"!ငါ့ကို ဒီနေရာမှာစားပွဲထိုးလုပ်ခိုင်းထားတယ်...ဘယ်လိုတောင်လူမဆန်တဲလုပ်ရပ်လဲ!!

သူမရဲ့ စိတ်ထဲကနေ တတွတ်တွတ် ပြောဆိုနေပြီး ဥထမင်းကြော်ကို ဖက်တီးဂျင်ဆီ သယ်လာလေသည်။

" ဒီဖက်တီးဂျင်ကတော့... သူ့ထမင်းပွဲကို ငါ့ကိုသယ်လာခိုင်းတယ်!ဘယ်လိုတောင်သတ္တိကောင်းနေတာလဲ!"

ဖက်တီးဂျင်က ကွမ်းရှောင်ယီ ထမင်းပွဲကိုသယ်လာသောအခါ တုန်တုန်လှုပ်လှုပ်ဖြင့် အလျင်မြန်ထရပ်လိုက်ပြီး သူမလက်ထဲကထမင်းပွဲကိုယူရန် ကြိုးစားလိုက်၏။

ကွမ်းရှောင်ယီက သူကိုလျစ်လျူရူလိုက်ပြီး သူမဆာလောင်မှုကို မထိန်းနိုင်တော့ပဲ ဥထမင်းကြော်ကို စားမိလိုက်မှာစိုးတဲ့အတွက် အလျင်မြန်ပဲ စားပွဲပေါ်ကိုချလိုက်သည်။

ပုဖန် နောက်ထပ် ဥထမင်းကြော်တစ်ပွဲကို ပြတင်းပေါက်ဘောင်ပော်တင်လိုက်ချိန်မှာတော့... ကွမ်းရှောင်ယီ ပြန်လှည့်လာတာက်ိုတွေ့လိုက်ရသည်။

ကွမ်းရှောင်ယီ ကသူမရဲ့နှာခေါင်းကို လက်ကိုင်ပဝါဖြင့်စည်းနှောင်ထားသောကြောင့် သူမကိုကြည့်ရတာသူခိုးတစ်ယောက်နဲ့တောင်တူနေပေသည်။

"အဲ့ဒါ ဘာဖြစ်နေတာလဲ??"
 
ပုဖန်ခပ်တည်တည်ပဲမေးလိုက်သည်။

" စိတ်ပုတ်သူဌေး..ဒီအနံတွေရဲ့ ဖျားယောင်းမှုကို ခုခံကာကွယ်နေရတာ ဘယ်လောက်ခက်လဲ မသိဘူးလား?"

ကလေးမလေးကခံပြင်းဒေါသထွက်စွာ ပုဖန်ကိုစိုက်ကြည့်ရင်းပြောလိုက်သည်။

ပုဖန်က အံသြသလိုနှုတ်ခမ်းဟသွားပေမဲ့ သူပြုံးတောင်မပြုံးပေ။

၁၅မိနစ်ခန့်ကြာပြီးနောက်မှာတော့ ငါခေါင်းတို့ဟူးစွပ်ပြုတ်ကျက်လေပြီ။

သင်းပျံ့မွှေးကြိုင်တဲ့ ရနံ့တွေက မီးဖိုခန်းထဲမှထွက်လာပြီး စာသောက်ခန်းထဲမှာတစ်ရစ်ဝဲ၀ဲဖြစ်နေသည်။

ဖက်တီးဂျင်က ဥထမင်းကြော်စားနေရာမှရပ်လိုက်ပြီး သူခေါင်းထောင်ကြည့်ကာ လေထဲကိုအနံခံကြည့်လိုက်သည်။

မွှေးပျံ့တဲ့ရနံတွေက သူနှာခေါင်းထဲကိုအလုယက်တိုး၀င်လာတော့သည်။

"ဝါး....ဒီအနံ့က မွှေးလိုက်တာ...ဥထမင်းကြော်ရဲ့အနံနဲ့တောင်မတူဘူး...ဒာ..ဟင်းပွဲအသစ်ရဲ့အနံပဲဖြစ်ရမယ်"

ဖက်တီးဂျင် သူဘာသာသူ တစ်တွတ်တွတ် ရေရွတ်နေပြီး မျော်လင့်တကြီးနဲ့ မီးဖိုချောင်ဘက်ကိုလှမ်းကြည့်နေလိုက်သည်။

ငါးခေါင်းတို့ဟူးစွပ်ပြုတ် ပန်းကန်ကကြီးသည့်အပြင် စွပ်ပြုတ်ရည်တွေကလဲအလွန်ပူလောင်သောကြောင့် ကလေးမလေးကိုမသယ်ခိုင်းတော့ပဲ သူကိုယ်တိုင်သယ်၍ မီးဖိုခန်းထဲမှထွက်လာသည်။

မီးဖိချောင်ဘက်အပြင်ဘက်သို့ရောက်တာနဲ့ အကုန်လုံးရဲ့စပ်စုချင်တဲ့ အကြည့်တွေကိုရင်ဆိုင်လိုက်ရသည်။

ပုဖန်လက်ထဲမှာကိုင်ထားတဲ့အလွန်ကြီးမားတဲ့ပန်းကန်လုံး အရွယ်စားကြောင့် ဖက်တီးဂျင် ပုရွက်ဆိတ်ကိုက်သလို မရိုးမရွခံစားလိုက်ရ၏။

" မြန်မြန်လေးလာ... မြန်မြန်လေး..."

ဖက်တီးဂျင်က သူဆီ အေးအေးဆေးဆေးလျှောက်လာတဲ့ ပုဖန်ကိုကြည့်ပြီးစိတ်မရှည်စွာတိုက်တွန်းပြောဆိုလိုက်သည်။

ပုဖန်က ပန်းကန်လုံးကို ဖက်တီးဂျင်ရဲ့ရှေ့မှာချပေးလိုက်ပြီး...

" ဒီမှာ..မင်းရဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်...ကောင်းကောင်းသုံးဆောင်ပါ"
 ဟုအေးအေးဆေးဆေးပြောလိုက်သည်။

၀တုတ်ကြီးတွေက ကြောင်အနေရာကနေသတိပြန်၀င်လာပြီး ပုဖန်နဲ့ကွမ်ရှောင်ယီကို တွန်းဖယ်၍ ဖက်တီးဂျင်နားမှာ ဝိုင်းအုံဆူညံနေကြသည်။

ပုဖန်က အတင်းတွန်းဖယ်ခံလိုက်ရတာကို ဘယ်လိုမှစိတ်ထဲထားမနေပဲ အ၀င်ပေါက်၀နားက သူ့ထိုင်ခုံပော်မှာ ပျင်းရိပျင်းတွဲ ထိုင်ချလိုက်သော်လည်း...
 ကလေးမလေးက မခံချိမခံသာဖြင့်..

" ဒီလူဝြကီးတွေကငါကိုတောင် ဘေးက်ိုတွန်ဖယ်ရဲတယ်...ဘယ်လိုတောင်သတ္တိကောင်းနေတာလဲ"

သူမကူရာမဲ့စွာဖြင့်အံကျိတ်ပြောဆိုပြီး လူဝြကီးကိုအုပ်စုကို စိုက်ကြည့်နေလိုက်သည်။

ငါးခေါင်းစွပ်ပြုတ်ကို မိန်ရည်ရှက်ရည်စားသုံးနေတဲ့ ဖက်တီးဂျင်ကို စိုက်ကြည့်နေသော လူဝြကီးတွေ၏ သားရေမြို ချသံကဆိုင်အတွင်းပျံနှံ့နေလေသည်။

" ဂလု....ဂလု.... "

"ဂျင် ...ဒီစွပ်ပြုတ်ကတကယ်ပဲအရသာရှ်ိလား?"

လူဝြကီးတစ်ယောက်က ဆာလောင်မှုကို မထိန်းနိုင်တော့ပဲ စပ်စပ်စုစုမေးလိုက်သည်။

ဖက်တီးဂျင်ကပါးစပ်ထဲက အရိုးတွေကိုထွေးထုတ်လိုက်ပြီး ကျေနပ်နှစ်သက်နေတဲ့ အမူအရာဖြင့် မျက်လုံးစောင်းကြည့်ပြီး ပြောလိုက်၏။

"ဒီငါးခေါင်းတို့ဟူးစွပ်ပြုတ် ဘယ်လိုနှိုင်းယှဉ်ပြရမလဲမသိလောက်အောင်ကို အရမ်းရမ်းအရသာရှိလွန်းတယ်...
အဆီ အသား ပြည့်နေတဲ့ ငါးအသားလွှာလေးတွေကလဲနှိုင်းယှဉ်ပြစရာ စကားလုံးမရှိလောက်အောင် ကောင်းလွန်းတယ်...
တို့ဟူးကလဲ မယုံနိုင်စရာကောင်းလွန်းတယ်...ငာ့ပါးစပ်ထဲသွင်းလိုက်တာနဲ့ ပျော်ဆင်းသွားတယ်..."

"ငါ ထင်တာတော့ .....ဒီငါးရဲ့အသားက မိုးကြိုးလိပ်ပြာသားရဲပဲဖြစ်လိမ့်မယ်...ငါ ဒါကိုစားလိုက်တာနဲ့နွေးထွေးတဲ့ စွမ်းအင်စီးကြောင်းတစ်ခုက ငါခန္ဓာကိုယ်ထဲမှာပျံ့နှံနေပြီး စွမ်းအင်တွေတိုးလာတာကို ငါခံစားမိတယ်....ဒီစွပ်ပြုတ်တစ်ခွက်က အရမ်းကိုတန်ဖိုးရှိလွန်းတယ်"

ဖက်တီးဂျင်ရဲ့ အဆက်မပြတ် ချီးမွန်းပြောဆိုမှုက လူဝြကီးတွေရဲ့သိချင်စိတ်ကို ပြေပျောက်သွားစေသော်လည်း ဆာလောင်မှုကိုတော့တိုးလာစေ၏။

မေးခွန်းမေးလိုက်တဲ့ လူဝြကီးကဆုံးဖြတ်ချက်ချလိုက်ပုံဖြင့်...

" ပိုင်ရှင်ပု...ငာလဲ ဒီငါးခေါင်းစွပ်ပြုတ်ကိုမှာချင်တယ်.."

ပုဖန်က ထိုလူဝြကီးကိုတစ်ချက်ကြည့်လိုက်ပြီး...

" မရဘူး...မင်းရဲ့ကျင့်ကြံခြင်းက အဆင့်မမှီဘူး"

ဖက်တီးလဲ အံသြတသင့်ဖြင့်အလျင်မြန်ပြောလိုက်သည်။

" ပိုင်ရှင်ပု...ငါ့မှာ ပိုက်ဆံရှိပါတယ်...ငါတကယ်ပေးနိုင်ပါတယ်"

"မင်းရဲ့ ကျင့်ကြံမှုအဆင့်က သတ်မှတ်ချက်မမှီရင်ဒီစားစရာကိုမှာလို့မရဘူး...စည်းကမ်းကစည်းကမ်းပဲ ပိုက်ဆံနဲ့ဘာမှမဆိုင်ဘူး"

ပုဖန်က ငွေကိုစိတ်မ၀င်စားတဲ့အမူအရာဖြင့် ပြန်ပြောလိုက်ပေမဲ့ သူရဲ့စိတ်ထဲမှာတော့ င်ိုနေလေပြီ။

!ဒါက သလင်းကျောက်တုံး ၂၀တောင်တန်တယ်လေ..ဟင်းပွဲတစ်ပွဲရောင်းလိုက်တာနဲ့ သလင်းကျောက်တုံး၂၀တောင်ရမှာ!

.....

ဖန်ဖန်ဆိုင်ငယ်လေးရဲ့စည်းမျဉ်းစည်းကမ်းတွေက အရမ်းကိုမြင့်မှန်းသူတို့သိတာကြောင့် ပုဖန်ရဲ့ ငြင်းပယ်မှုကိုဘယ်သူမှ အံသြမနေပေ။

ဖက်တီးဂျင်က အရမ်းကိုကျေနပ်နှစ်သက်သွားပြီး ပျော်ပျော်ရွှင်ရွှင်ပဲ ကျသင့်ငွေကိုပေးချေလိုက်သည်။

ထို့နောက်သူ ပုဖန်ကိုနှုတ်ဆက်၍ ဆိုင်ကမထွက်ခွာခင်လေးမှာပဲ ကလေးမလေးနဲ့နှစ်ယောက်သားတီးတိုးပြောဆိုနေလေ၏။

နောက်.... ကလေးမလေးက မီးဖိုချောင်နားမှာမတ်တပ်ရပ်နေတဲ့ ပုဖန်ဆီကို ပိုက်ဆံကောက်ရသလို အမူအရာဖြင့် လျှောက်လာပြီး သူဌေးစတိုင်ဖြင့်အော်ပြောလိုက်သည်။

" စ်ိတ်ပုတ်သူဌေး....ငါ့ကို ဥထမင်းကြော်တစ်ပွဲနဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်တစ်ပွဲမြန်မြန်ပေး"

ပုဖန် မျက်လုံးပင့်လိုက်ပြီးခပ်အေးအေးပြန်မေးလိုက်သည်။

"နင်နောက်ထပ် အလကားစားဦးမလို့လား"

"ငါ့မှာ ပိုက်ဆံရှိတယ်...မြန်မြန်သွားပြီး ငါတွက်ချက်လာခဲ့..."

ကလေးမလေးက မာနကြီးတဲ့ အမူရာဖြင့် ခပ်ချေချေပြောလိုက်သည်။

"မင်းရဲ့ကျင့်ကြံခြင်းအဆင့်က အဆင့်မမှီသေးဘူး...ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုမှာလို့မရသေးဘူး"

ပုဖန်က ချက်ပြုတ်ရန် မတ်တပ်ထရပ်လိုက်သည်။

ကလေးမလေးက ဖက်တီးဂျင်ဆီက ပိုက်ဆံချေးလိုက်တာဖြစ်နိုင်သော်လည်း သူဂရုမစိုက်ပေ။အဓ်ိကက သူမလက်ထဲမှာ ပိုက်ဆံရှိနေဖို့ပဲလိုသည်။

" လူလိမ်...ငါ မနေ့ကပဲ ငါးခေါင်းစွပ်ပြုတ်ကိုသောက်ခဲ့ပြီးပြီလေ!!"

ပုဖန်က သူမကိုမရောင်းချင်လို့ တမင်တကာလုပ်နေတယ်ထင်ပြီး ကလေးမလေး မပျော်မရွှင်ဖြစ်သွားသည်။

ပုဖန်က ခဏရပ်တန့်၍ သက်ပြင်းချလိုက်ပြီး...

" ဟင်းပွဲအသစ်ကို မြည်းစမ်းကြည့်တဲ့အခါမှာ အဆင့်သတ်မှတ်ချက်တွေမရှိဘူး...မင်းမနေ့က ငါးခောင်းစွပ်ပြုတ်စားလိုက်တာတောင်မှ မင်းရဲ့ စွမ်းအင်အဆင့်တွေတိုးတက်မလာတာကို သတိမထားမိဘူးလား??...မနေ့က မတရားစားခဲ့တာတောင်မှလေ??"

"အဲ့ဒါ ဘာလို့လဲဆိုတော့...ငါက ပာဝင်တဲ့စွမ်းအင်တွေကို ဖယ်ထားပြီးပြီမို့ပဲ..ဒါကြောင့် အဆင့်သတ်မှတ်ချက်မရှိပဲ စားနိုင်တာ.."

တကယ်တမ်းမှာတော့...System က စွပ်ပြုတ်ထဲက အစစ်အမှန်စွမ်းအင်တွေကို ဖယ်ထားပေးခဲ့ခြင်းဖြစ်၏။ပုဖန်ရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်နေသေးတာကြောင့် သူဟင်းပွဲတွေကို မြည်းကြည့်ရာမှာ အခက်အခဲ မဖြစ်ရလေအောင် System က ဆောင်ရွက်ပေး ထားခြင်းဖြစ်သည်။

ဒါကြောင့်လဲ ပုဖန်က ဟင်းပွဲအသစ်တွေကို စမ်းချက်ပြုတ်ပြီးတဲ့အချိန်မှာ ဘာမှစိုးရိမ်နေစရာမလိုပဲ အရသာကောင်းမကောင်းမြည်းစမ်းရုံပင်။

 သူမကိုယ်တိုင်လည်းပဲ ဖက်တီးဂျင် ငါးခေါင်းစွပ်ပြုတ်စားပြီးတာနဲ့ စွမ်းအင်တိုးလာတာကို တွေ့ခဲ့လိုက်ရတာကြောင့် ကလေးမလေး ပြောစရာစကားမဲ့သွား၏။
!ဒီတော့..သူလိမ်တာမဟုတ်ဘူး..တစ်ကယ်ပဲ ကျင့်ကြံခြင်းအဆင့်လိုအပ်တာပေါ့..!

"အဲ့ဒါဆိုလဲ ငါ့ကို ဥထမင်းကြော်တစ်ပွဲပဲပေးတော့.."

ကလေးမလေးက သူမ အမှားလုပ်လိုက်မိသလို ခံစားလိုက်ရပြီး ခပ်တိုးတိုးသာပြောလိုက်၏။

"ကောင်းပြီ...ခဏစောင့်"

ပုဖန် ပြန်ပြောလိုက်ပြီး ချက်ချင်းမီးဖိုခန်းထဲ ဝင်သွားလိုက်သည်။

.....

ပုဖန် မီးဖိုချောင်ထဲ ရောက်သွားချိန်မှာပဲ...ဆိုင်ပေါက်ဝကို လူသုံးယောက် ရောက်လာခဲ့သည်။ထိုသူတွေကတော့...တတိယမင်သား ဂျိချန်းရွဲ့နှင့် ရှောင်မောင်နှမတို့ပဲ ဖြစ်၏။

ထိုသုံးယောက်က ဆိုင်ထဲ ရောက်ရောက်ချင်းပဲ ထိုင်ခုံပေါ်မှာ နှုတ်ခမ်းစူပြီး ထိုင်နေတဲ့ ကလေးမလေးကို သတိပြုမိသွား၏။

"ရှောင်ယီ?...နင်ဒီမှာ ဘာလုပ်နေတာလဲ...
စစ်သူကြီးဟောင်း ကွမ်းက နင့်ကို ရူးမတတ်လိုက်ရှာနေတာ အင်ပါယာမြို့တော် တစ်ခုလုံးတောင် ဇောက်ထိုးမိုးမျှော်ဖြစ်တော့မယ်!!.."

ယန်ယုက ကလေးမလေးကို မြင်မြင်ချင်းပဲ 
စိုးရိမ်တကြီး အော်ပြောလိုက်သည်။

ရှောင်ယီက အော်သံကို ကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်မိပြီး...သူတို့သုံးယောက်ကို မြင်ချိန်မှာတော့...သူမ အမူအရာက ပြောင်းလဲသွားတော့သည်။