အပိုင်း ၂၂
Viewers 52k

အခန်း ၂၂
အလွန်အမင်း မွှေးကြိုင်တဲ့ ငါးမူးပျံဟင်း

ကွမ်းရှောင်ယီ ရှောင်ယန်ယုကိုမြင်လိုက်တဲ့ခဏမှာပဲ သူမရဲ့အခန်းဆီသို့လှည့်ပြေးတော့သည်။
သူမဒီအခြေနေမှ လွတ်မြောက်ချင်သည်။

သို့သော်လည်းပဲ အင်ပါယာမြို့တော်တွင်းမှာ ပြိုင်ဘက်ကင်း နံပါတ်တစ်ပါရမီရှင်... စတုတ္ထအဆင့်(ဝိဉာဉ်တည်အဆင့်)ကိုရောက်နေပြီဖြစ်တဲ့ ရှောင်ယန်ယုက ရွေ့ပြောင်းမှော်အစွမ်း သုံးလိုက်သလ်ိုမျိုး သူမဘေးမှာချက်ချင်းရောက်လာပြီး အင်္ကျီကိုဆုပ်ကိုင်ဖမ်းလိုက်သည်။

"ဟာ... အစ်မကြီးယန်ယုပါလား...တိုက်ဆိုင်လိုက်တာနော်!!"

သူမဒီအခြေနေက မလွတ်မြောက်နိုင်မှန်းသိသွားတဲ့ အခါမှာတော့ မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး မျက်နှာထားတင်းနေသော ရှောင်ယန်ယုကို အပြစ်ကင်းတဲ့အမူအရာဖြင့်ကြည့်လိုက်၏။

ရှောင်ယန်ယုက ကလေးမလေးခေါင်းကိုပုတ်လိုက်ပြီး...
  
"ကလေးစုတ်လေး...ကြည့်စမ်း...
 ကိုယ့်ကိုယ်ကိုယ် အရွယ်ရောက်ပြီများထင်နေတာလား?..အိမ်ကနေထွက်ပြေးရမယ်လို့ ဘယ်သူကများသင်ပေးလိုက်တာလဲ?..
နင်ရဲ့ အဘိုးဘယ်လောက်တောင်စိတ်ပူနေလဲဆိုတာသိရဲ့လား?"

ရှောင်ရှောင်လုံနဲ့ ဂျီချန်းရွဲ့က ခပ်ဟရယ်မောလိုက်ကြပြီး...

 ရှောင်ရှောင်လုံက ကွမ်းေ ရှာင်ယီကိုမျက်စိတစ်ဖက်မှိတ်ပြ၍

" ဟေး...စစ်သူကြီးဟောင်းကတော့ သူမြေးမလေးကို အသဲသန်လိုက်ရှာနေလို့ အင်ပါယာတစ်ခုလုံးတောင် ကသောင်းကသင်းဖြစ်နေပြီ...တရားခံကတော့ ဒီမှာလာပုန်းနေပြီးတော့ ပျော်ပျော်ရွှင်ရွှင်ပဲ အစားသောက်စားနေတယ်...တကယ်လို့ စစ်သူကြီးသာဒီအကြောင်းကိုသိသွားရင် သွေးများအန်ထွက်မလား...? ငါသိချင်လိုက်တာနော်"

"ရှောင်ယီ လိမ်လိမ်မာမာနေပါ အဘိုးကမင်းကိုအရမ်းစိတ်ပူနေတယ်...အသက်ကြီးတဲ့ လူတွေကိုစိတ်ပူအောင်လုပ်တာကမကောင်းဘူး"

ဂျီချန်းရွဲ့က ကလေးမလေးက်ိုချော့မော့ပြောလိုက်သည်။

ရှောင်ယီက ပူဆွေးသောကရောက်စွာဖြင့် သူမ၏ခေါင်းကိုငုံ့လိုက်ပြီး ခွန်းတုံ့ပြန်လိုက်၏။

"ငါအိမ်မပြန်ဘူး...အဘိုးက ငါ့ကို နေ့တိုင်းပဲ သိုင်းလေ့ကျင့်ဖို့တိုက်တွန်းတယ်...ငာ့ရဲ့သေးငယ်တဲ့ခြေလက်လေးတွေက သိုင်းလေ့ကျင့်တာနဲ့ဘယ်လိုလုပ်သင့်တော်ပါ့မလဲ..."

"ပြီးတော့လဲကြည့်ပါဦး....ငါဘယ်လောက်တောင်ချစ်ဖို့ကောင်းလိုက်လဲ...!သိုင်းလေ့ကျင့်ခိုင်းတာက ငါကိုသက်သက်မဲ့ညှင်းဆဲတာပဲမဟုတ်ဘူးလား??"

ရှောင်ယန်ယုက ကွမ်ရှောင်ယီ ပြောလိုက်တာကိုကြားလိုက်သည့်အခါမှာချက်ချင်းတက်ကြွသွားသည်။

သူမတို့နှစ်ယောက်က အတူတူကြီးပြင်းလာသောကြောင့် ကလေးမလေးရဲ့ စ်ိတ်နေသဘောထားကိုသူကောင်းကောင်းသိပေသည်။

"ဒီ စစ်အုပ်ချုပ်ရေးနိုင်ငံဖြစ်တဲ့... လေအလင်းအင်ပါယာမြို့တော်မှာ မင်းရဲ့အဘိုး စစ်သူကြီးဟောင်း ကွမ်း ကိုယ်တိုင်ကလဲ စစ်သူရဲကောင်းမျိုးနွယ်ကနေဆင်းသက်လာပြီး... လေ့လာရေးခရီးစဉ်တစ်ခုမှာ ဘုရင်မင်းမြတ်ကိုကယ်တင်ပြီး ဂုဏ်ထူးဆောင်နိုင်ခဲ့တယ်...ပြီးတော့လည်း သိုင်းပညာကိုအမြတ်တနိုး အလေးအနက် တန်ဖိုးထားပြီး သူရဲ့သားစဉ်မြေးဆက် လက်ဆင့်ကမ်းချင်တာလေ..."

"အင်ပါယာမြို့တစ်ခုလုံးမှာ သူရဲ့လက်အောက်မှာ သင်ချင်တဲ့ တပည့်တပန်းတွေ ဘယ်လောက်တောင်များလိုက်သလဲ..?
ဒါတောင်မှ မင်းရဲ့ကံကောင်းမှုကိုမသိသေးဘူးလား?"

ကွမ်းရှောင်ယီက အနိုင်ကျင့်ခံရသလို ခံစားရပြီး ဆူပုပ်ပုပ်ဖြင့် မျက်နှာကိုတစ်ခြားဘက်သိုလှည့်ထားလေ၏။

ရှောင်လုံနဲ့ဂျိချန်းရွဲ့တို့က သူမရဲ့ အမူအရာကိုမြင်ပြီး ရယ်မောလိုက်ကြသည်။

ဒီကလေးမ အိမ်ပြန်မလာဘူးလို့ သူတို့ကြားခဲ့စဉ်က စိတ်ပူပန်ခဲ့ရပြီး ခုမှသာသက်ပြင်းချနိုင်တော့သည်။

တတိယမင်းသားဂျိချန်းရွဲ့ က ရှောင်ယီ ခေါင်းကို ခပ်သာသာလေးပုတ်လိုက်ပြီး တည်ငြိမ်တဲ့ အသံဖြင့်ပြောလိုက်သည်။

"ရှောင်ယီ မင်းအိမ်ပြန်သင့်ပြီ...အင်ပါယာမြို့တော်မှာ ဂိုဏ်းကွဲတွေအများပြားကလဲ ဆူပူမှုတွေဖြစ်နေကြတာ... တကယ်လို့များသူတို့ထဲက တစ်ယောက်ယောက်က မင်းကိုပြန်ပေးဆွဲခဲ့မယ်ဆိုရင်... မင်းအဘိုးတွက် အကြီးကျယ်ကိုစိတ်ဒုက္ခရောက်စေလိုက်မယ်"

ကွမ်းရှောင်ယီက စိတ်မပျော်မရွှင်ဖြစ်နေသော်လည်း ဂျိချန်းရွဲ့ကိုတော့ အနည်းငယ်ကြောက်ရွံတာမို့ သူမခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်မှာ....

 ပုဖန်ကဥထမင်းကြော်ချက်ပြုတ်ပြီးစီးသွားတာကြောင့် ပြတင်းပေါက်ဘောင်ပေါ်လှမ်းတင်လိုက်ပြီး အေးစက်စက်အသံဖြင့်လှမ်းခေါ်လိုက်သည်။

"ကောင်မလေးရေ... မင်းရဲ့ဥထမင်းကြော်ရပြီ"

"ငါလာပြီ"

ကွမ်းရှောင်ယီက ပုဖန်ရဲ့ ခေါ်သံကိုကြားသောအခါ... ချက်ချင်းပဲတက်ကြွသွားပြီး ခုံပေါမှခုန်ထ၍ ပြတင်းပေါက်ဆီသို့ပြေးသွားလိုက်သည်။

ရနံမွှေးကြိုင်နေတဲ့ ဥထမင်းကြော်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီးနောက် ကွမ်းရှောင်ယီက တစ်ခြားလူတွေကိုလျစ်လျူရူလိုက်ပြီး အငမ်းမရစားတော့သည်။

"ကလေးစုတ်လေး...ဒီနေရာကိုရှာနိုင်တာ ငါယုံတောင်မယုံနိုင်ဘူး"

ရှောင်ရှောင်လုံက အငမ်းမရစားသောက်နေတဲ့ ကွမ်ရှောင်ယီကိုကြည့်ပြီး ချစ်စနိုးအမူအရာဖြင့်ရေရွတ်လိုက်သည်။

"ပိုင်ရှင်ပု...ငါ့ကို အဆင့့်မြင့်ဥထမင်းကြော်တစ်ပွဲပေးပါ"

ဂျိချန်းရွဲ့က မီးဖိုချောင်ကိုလှမ်းကြည့်ပြီး အော်လိုက်၏။

"မင်း အော်ဒါမှာချင်ရင် ကလေးမလေးကိုပြောလိုက်"

ပုဖန်ကလဲ မီးဖိုချောင်ထဲမှ ပြန်အော်ပြောလိုက်သည်။

သူတို့သုံးယောက်ဆွံအမှင်သက်သွားလေ၏။

ကလေးမလေးက ထမင်းလုံးတွေအနည်းငယ်ကပ်နေတဲ့ သူမရဲ့ချစ်စရာမျက်နှာလေးကို မော့ပြီးကြည့်လိုက်သည်။

"ဒီမှာစားပွဲထိုးလုပ်နေတာ...နင်တို့မှာစရာရှိရင် ငါ့ကိုပြော"

" နင်...!!"

"စားပြဲထိုး...!!"

ရှောင်ရှောင်လုံက အံသြတကြီးမျက်လုံးပြူးပြီး လက်ညှိးထိုးလျှက်ပြောလိုက်သည်။

"ပိုင်ရှင်ပုကတော့ အကြောက်အလန့်မရှိ ဒီကလေးမလေးကိုများ စားပွဲထိုးခန့်ရဲသေးတယ်....."

"ကွမ်းမိသားစုရဲ့ အရိုင်းစိုင်း လူ့ဘီလူး၃ယောက်ကို သူမကြောက်ဘူးလားမသိဘူး..."

ရှောင်ယုက မျက်ခုံးပင့်လိုက်ပြီး 

"ရှောင်ယီ....ဒီလိုလုပ်လိုက်တာက ဆိုင်ရှင်ပုကိုဆိုင်ဖွင့်ဖို့ ခက်ခဲအောင်လုပ်လိုက်သလိုပဲ သူများတွေကိုဒုက္ခလိုက်မပေးပါနဲ့..."

ဂျိချန်းရွဲ့ကလဲ စိတ်ပူစွာဖြင့်ထောက်ခံခေါင်းညိတ်လိုက်သည်။

ကွမ်းရှောင်ယီက ထို၃ယောက်ကိုကြည့်လိုက်ပြီး ပားစပ်ထဲ ထမင်းတွေနှင့် ထွေးထုတ်ချင်စိတ်ပေါက်မိ၏ယ

!သူတို့ဘာပြောလိုက်တယ်..???
ငာကပဲတစ်ခြားလူတွေကိုဒုက္ခပေးတယ်.???
ငါကလေ???
ခုဘယ်သူကခံနေရတာလဲ??? 
အံသြစရာပဲ!!

ူ!သူမ စားတဲ့ကျသင့်ငွေကို လုပ်အားနဲ့ပြန်ဆပ်ရမယ်ဆိုပြီး ဒီအကျင့်မကောင်းတဲ့ သူဌေးကပြောနေတာလေ..
သူမကိုဒီလိုခိုင်းနေတာက သေချာပေါက်ဒီသူဌေးလေ...!

ရှောင်ယီက သူမပါးစပ်ထဲက ဥထမင်းကြော်တွေကို အလျှင်မြန်မြိုချ၍ နှာခေါင်းရှူံလိုက်ပြီး...

"အော်ဒါမှာမယ်ဆိုလဲ မြန်မြန်မှာ...
ငါ နင်တို့နဲ့ အချိန်ဖြုန်းဖို့ စိတ်မဝင်စားဘူး"

နောက်ဆုံးမှာတော့... ပုဖန်က ကွမ်းရှောင်ယီကို တကယ်ပဲ စားပွဲထိုးလုပ်ခိုင်းထားမှန်း ထိုသုံးယောက် သေချာသိသွားပြီး... သူ့သတ္တိကို သဘောကျသွားကြ၏။

ပြသနာရှာတဲ့နေရာမှာ နံပါတ်တစ်ဖြစ်တဲ့ ကွမ်းမိသားစုရဲ့ သခင်မလေးကို အင်ပါယာမြို့တော်ထဲမှာ မသိသူမရှိပေ။ပြသနာကို မီးခွက်ထွန်းရှာရတာကိုက သူ့ဝါသနာပင်။

..............

"အာ.? ဟင်းပွဲအသစ် ရှိတယ်လား?"

မီးနူးပေါ်က ဟင်းပွဲအသစ်ကိုမြင်လိုက်ရသောကြောင့် ရှောင်ရှောင်လုံ အားရဝမ်းသာဖြင့် အာမေဍိတ်သံ ပြုလိုက်မိသည်။

ရှောင်ယန်ယုနဲ့ ဂျိချန်းရွဲ့လဲ စိတ်ဝင်တစားဖြစ်သွား၏။ပိုင်ရှင်ပုက ဟင်းပွဲအသစ် ထပ်ဖြည့်ထားတယ်ဆိုမှတော့ ဒါက ပေါ့ပေါ့တန်တန်တော့ မဖြစ်နိုင်ဘူးလေ။

"ငါးမူးပျံဟင်းနဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်?"

ရှောင်ရှောင်လုံက ခပ်ကျယ်ကျယ် ဖတ်လိုက်ပြီးနောက်...နှုတ်ခမ်းကို ပုံပျက်ပန်းပျက် မဲ့လိုက်ပြီး မျက်လုံးပြူးကြည့်လိုက်မိ၏။

"ဟင်းပွဲ တစ်ပွဲကို သလင်းကျောက်တုံး ၂၀..?ပိုင်ရှင်ပုရဲ့ ဟင်းပွဲတွေက ရိုးရာမပျက် စျေးကြီးတာပဲ" 

"ငါးခေါင်းတို့ဟူးစွပ်ပြုတ်က တစ်ကယ်ကို အရသာရှိတယ်...ငါမနေ့က စားကြည့်ပြီးသွားပြီ..စားခဲ့ဖူးသမျှ စွပ်ပြုတ်တွေထဲမှာ အကောင်းဆုံးထိပ်ခေါင်ပဲ...ဦးလေးဖက်တီးရဲ့ 'ဖန်သလင်းရောင် ကြယ်ခုနှစ်ပွင့် ငါးစွပ်ပြုတ်' ထက်တောင်ကောင်းတယ်"

ကွမ်းရှောင်ယီက မျက်ခုံးပင့်ပြီး ပြောလိုက်၏။

ရှောင်ယန်ယု အလွန်အံ့အားသင့်သွားသည်။ ကွမ်းရှောင်ယီ ရည်ညွှန်းလိုက်တဲ့ ဦးလေးဖက်တီးဆိုသူက သာမန်မဟုတ် ..နန်းတော်ထဲက တော်ဝင်စားဖိုမှူးပင်။

!ဒီဟင်းက ဦးလေးဖက်တီးရဲ့လက်ရာ ကို တကယ်ပဲ ယှဉ်နိုင်လို့လား?!

"ဟုတ်ပြီလေ...ရှောင်ယီက ဒီလောက်တောင် ညွှန်းနေမှတော့ ငါမြည်းကြည့်ရမှာပေါ့...ငါ့ကို ငါးမူးပျံဟင်းတစ်ပွဲပေး"

ဂျိချန်းရွဲ့က တချက်ငဲ့ကြည့်လိုက်ပြီး ခပ်ပြုံးပြုံးပြောလိုက်၏။

"ဒါဆို ငါက ငါးခေါင်းတို့ဟူးစွပ်ပြုတ်မှာမယ်"

ရှောင်ယန်ယုက သိမ်သိမ်မွေ့မွေ့ပြောလိုက်သည်။သူမ၏အသံက ငှက်ကလေးတေးဆိုနေသလိုမျိုး အလွန်သာယာပေသည်။

"ငါ...ငါက အဆင့်မြင့်ဥထမင်းကြော်ပဲမှာမယ်"

ဒီနေ့ ဟင်းပွဲအသစ်ရှိနေမယ် မထင်ထားတာကြောင့် သူ သလင်းကျောက်ပိုမယူလာခဲ့မိပေ။ပြီးတော့ ဒီဆိုင်ကလဲ အကြွေးမရောင်းတာကြောင့် ရှောက်ရှောင်လုံ မချိတင်ကဲ ခံစားလိုက်ရ၏။

"ရမယ်..ခဏစောင့်"

ကလေးမလေးက သူမ မေ့မသွားခင် မီးဖိုချောင်ဆီ ခပ်မြန်မြန်ပြေးသွားလိုက်ပြီး ပုဖန်ကို ပြောပြလိုက်သည်။

"ကောင်းပြီ"

ပုဖန်က မျက်နှာသေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

"တစ်ယောက်က ငါးမူးပျံဟင်း မှာထားတာပဲ"

ပုဖန် ဝိုင်စည်အနားသို့ လျောက်လာပြီး ဖုံးအုပ်ထားတဲ့ အဝတ်စကို ဖယ်လိုက်တာနဲ့ချက်ချင်း...မွှေးပျံ့တဲ့ရနံတွေထွက်ပေါ်လာပြီး...မူးယစ်စေတဲ့အနံ့က သူ့မျက်နှာကို နီရဲသွားစေ၏။

စနစ်တကျ အသားနှပ်ထားပြီးနောက်မှာတော့ အပြာရောင်ဖျော့ဖျော့ အသားက ပန်းရောင်ဆိုးထားသလို ပြောင်းလဲသွားပြီဖြစ်တဲ့ တတိယအဆင့် အေးခဲငါးကို ထုတ်ယုလိုက်သည်။

ငါးရဲ့အပြင်ဘက်မှာကပ်နေတဲ့ စပါးစေ့လေးတွေကို ဖယ်ရှားလိုက်ပြီး စဉ့်နီတုံးပေါ်တင်ကာ....ငါးပောင်းနေစဉ် အသားထဲ အရသာဝင်စေရန်အတွက် အပေါ်ယံလျှပ်၍ အနည်းငယ် မွှန်းလိုက်၏။

နောက် အေးခဲငါးကို ဝါးပေါင်းအိုးထဲ သေချာစွာထည့်၍ စနစ်တကျပောင်းလိုက်၏။
အဆင်သင့်စားသုံးနိုင်ဖို့အတွက် ဆယ်မိနစ်ခန့် ပေါင်းရပေလိမ့်မည်။

ပုဖန် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို စတင်ပြင်ဆင်လိုက်သည်။ အကြိမ်အနည်းငယ် ပြင်ဆင်ပြီးတဲ့နောက်မှာ ဒီဟင်းပွဲနဲ့ အကျွမ်းတဝင်ရှိလာပြီး လှုပ်ရှားမှုတွေက မြန်ဆန်လှပနေလေသည်။

ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကို ချက်ထားစဉ်အတွင်း သူ ထမင်းကြော်လိုက်သည်။အချိန်အနည်းငယ်သာပေးရတာကြောင့် အလျင်အမြန်ပဲ ပြီးသွားလေ၏။

ကွမ်းရှောင်ယီက ဟင်းပွဲကို ချပေးရန်အတွက် အရင်တခါတိုင်းပဲ နှာခေါင်းကို စည်းထားတာကြောင့် ပုဖန် နှုတ်ခမ်းထောင့်လေးတွေတွန့်ကွေးသွား၏။ထိုအခိုက်မှာပဲ ဝါးပေါင်းအိုးထဲမှ မွှေးပျံ့တဲ့ရနံတွေထွက်ပေါ်လာသည်။အထူးသဖြင့် ဝိုင်အနံနှင့်ရောနေသော ငါးအနံ့လေးက ဆွဲဆောင်မှု ရှိလွန်းသည်။

ဂျိချန်းရွဲ့က မွှေးပျံတဲ့ရနံ့ကို သတိထားမိပြီး မျက်လုံးတွေလင်းလက်သွား၏။သိုင်းသမားအများစုက ဝိုင်ကိုနှစ်သက်ကြတာ သဘာဝပင်။အထူးသဖြင့် ပြင်းရှမွှေးကြိုင်တဲ့ ဝိုင်မျိုးကို ပိုနှစ်သက်ကြ၏။ဒီဝိုင်က အနံရလိုက်ရုံနှင့် အကောင်းစားဝိုင်ဖြစ်မှန်း အတပ်ပြောနိုင်လေသည်။သူ ဝိုင်ကိုအရသာ ခံချင်စိတ်နှင့် ခံတွင်းတစ်ခုလုံးစိုစွတ်လာ၏။

အချိန်ဆယ်မိနစ်ပြည့်တဲ့အခါမှာတော့;
ပုဖန် ဝါးပေါင်းအိုးအဖုံးကို ဖွင့်လိုက်သည်။
ပေါင်းအိုးထဲက ထွက်လာတဲ့ ပန်းရောင်အငွေ့က ချိုအီလတ်ဆတ် နေပေသည်။
ပေါင်းအိုးထဲမှာ နဂါးအိုင် ရေကန်မှ ရတဲ့ရေကို အသုံးပြုထားတာကြောင့် သက်ရှည်စွမ်းအင်တွေ ပါရှိ၏။ထိုရေကန်က နဂါးနွေဦး တောင်ပေါ်မှာ တည်ရှိပြီး သတ္တမအဆင့် ဒရာကီ နဂါး၏ အိမ်ဟုလည်း ခေါ်ဆိုကြ၏။

ပုဖန်က ဟင်းပွဲကို ပေါင်းအိုးထဲက ထုတ်ယူလိုက်သည်။

ပန်းရောင်သမ်းနေတဲ့ ငါးအသားတွေက ရတနာလိုကြည်လင်တောက်ပနေ၏။ငါးရဲ့ဗိုက်ထဲက ထွက်ကျနေတဲ့ ကောက်ညှင်းစေ့တွေက ပန်ရောင်ဖျော့ဖျော့လေး...ငါးပေါက်းအရည်လေးကလည်း ခပ်ပျစ်ပျစ်မွှေးချို နေပြီး... ဆွဲဆောင်မှုရှိလွန်းတဲ့ ပြင်းရှမွှေးကြိုင်တဲ့ ဝိုင်ရနံကြောင့် ပုဖန်တောင်မှပဲ တံတွေးမြိုချလိုက်မိ၏။

ပုဖန်က ဟင်းပွဲအသစ်ကို သူကိုယ်တိုင်ပဲ ချပေးချင်တာကြောင့် ရှောင်ယီကိုတောင် စားပွဲမထိုးခိုင်းပေ။သူ မီးဖိုချောင်အပြင်ဘက်ကို ခြေချလိုက်တယ်ဆိုရင်ပဲ ငါးမူးပျံဟင်းဆီကနေ ထွက်လာတဲ့ ပြင်းရှမွှေးကြိုင်တဲ့ ဝိုင်ရနံက ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။