အပိုင်း ၂၃
Viewers 62k

အခန်း ၂၃
အဲ့ဒါ ငါးမူးပျံဟင်းရဲ့ ရနံလား?

ဂျိချန်းရွဲ့ ရဲ့ မျက်လုံးတွေကတောက်ပလာပြီး သူလေးလေးနက်နက်ပြောလိုက်သည်။

"ဒီဝိုင်ရဲ့ အနံ့က အင်ပါယာနန်းတော်မှာရှိတဲ့အရမ်းပြင်း အရမ်းကောင်းတဲ့မီးတောက်ဝိုင်နဲ့တောင် ယှဉ်နိုင်တယ်.."

ငါးမူးပျံဟင်းကို စားပွဲပေါ်ချလိုက်တဲ့အခါမှာတော့... စားသောက်ဆိုင်ထဲမှာရှိတဲ့ လူတွေက ဟင်းပွဲကိုပဲ ဝိုင်းကြည့်နေလေ၏။

ငါးခေါင်းတို့ဟူးစွပ်ပြုတ်လောက် ကောင်းမှာမဟုတ်ဘူးလို့ ထင်နေတဲ့ ကလေးမလေးတောင်မှပဲ... သူမရဲ့လည်ပင်းကို ဆန့်ပြီး စပ်စုချင်စိတ်အပြည့်နဲ့ မျှော်ကြည့်နေ၏။

" လှလိုက်တာ"

ပန်းရောင်ဖျော့ဖျော့လေးတွေက ရောင်ပြန်ပြေးနေပြီး တောက်ပနေတဲ့ ငါးဟင်းကိုမြင်လိုက်ရသောအခါ ရှောင်ယန်ယု ခပ်တိုးတုိးလေးရေရွတ်လိုက်မိ၏။

ဟင်းပွဲရဲ့ ဆွဲဆောင်ခြင်းကိုခံလိုက်ရပြီး မျက်လုံးတောင်မလွှဲနိုင်တော့ချေ။

ချက်ပြုတ်ထားတာကြောင့် ငါးရဲ့ အရေပြားလွှာကကျစ်လစ်သွားပြီး ၀မ်းဗိုက်ထဲမှာ အစာသွပ်ထားတဲ့ အစေ့တွေရဲ့အပူရှိန်နဲ့ ရနံ့တွေထွက်ပော်လာသည်။

ငါးရဲ့ ပါးစပ်အတွင်းမှ ဝိုင်၏ရနံ့တွေ ပျံ့လွင့်ထွက်ပေါ်လာနေပြီး ငါးကသမုဒ္ဓရာထဲမှာ ကူးခတ်နေသလိုတောင်ထင်ရ၏။

"ဒီမှာ မင်းရဲ့ ငါးမူးပျံဟင်း...ကောင်းကောင်းသံးဆောင်ပါ"
 
ပုဖန်ကတော့ ထုံးစံအတိုင်း မျက်နှာသေဖြင့်ပြောလိုက်သည်။

ဂျိချန်းရွဲ့ ကခပ်ပါးပါးလေးပြုံးလိုက်ပြီး မစောင့်စားနိုင်တော့စွာ တူကို ကောက်ယူလိုက်သည်။

သူက အရသာကိုမြည်းစမ်းကြည့်ဖို့ စိတ်အားထက်သန်နေတာတောင်မှ သူရဲ့ လှုပ်ရှားမှုတွေက နည်းစနစ်ကျန သေသပ်နေတုန်းပင်။

တူကိုယူ၍ ငါးရဲ့ အပေါ်ယံလွှာကို စမ်းကြည့်လိုက်သည်။ထွက်ပေါ်လာတဲ့ ရလဒ်ကသူကိုပြုံးပျော်သွားစေ၏။

အပူရှိန်ကို တိတိကျကျ ထိန်းချုပ်နိုင်တဲ့ စားဖိုမှူး သာလျှင်ဒီလိုပုံစံမျို းချက်ပြုတ်နိုင်လိမ့်မည်။

အကယ်၍ ငါးပေါင်းတဲ့ အချိန်သာနည်းနေမယ်ဆိုရင် ငါးရဲ့အရေပြားလွှာကမာပြီး အသားက အညံ့စားငါးလိုမျိုးဖြစ်သွားပေလမ့်မည်။

အကယ်၍ ငါးပေါင်းတဲ့အချိန်ကကြာသွားမယ်ဆိုရင်လဲ ငါးအရေပြားကစေးကပ်သွားပြီး အသားက အရည်ပျော်သွားပေလိမ့်မည်။

သူ ပါးဟက်နားလေးက အသားကိုကောက်ယူလိုက်သည်။

ငါတစ်ကိုယ်လုံးမှာ ထိုနေရာက အရသာအရှိဆုံးဖြစ်တာကြောင့် ငါးစားတတ်သူတိုင်းကထိုနေရာကိုပဲ ရွေးမှာမလွဲပေ။

ငါးအသားဖတ်လေးကို ပါးစပ်ထဲထည့်လိုက်တာနဲ ဂျိချန်းရွဲ့ရဲမျက်လုံးတွေက တောက်ပလင်းလက်သွား၏။

သူ ငါးစားတယ်လို့ မခံစားရပဲ... ဝိုင်ကောင်းကောင်းတစ်ခွက်သောက်မိလိုက်သလိုခံစားလိုက်ရ၏။

ငါးအသားဖတ်လေးမှ ထွက်လာတဲ့ဝိုင်ရနံံ့ကသူပါးစပ်တစ်ခုလုံးကိုပြည့်နှက်သွားပေသည်။

ငါးရဲ့ အရသာက အနည်းငယ်အေးစိမ့်တဲ့အရသာပါရှိပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လန်းဆန်းတတ်ကြွစေ၍ အလွန်အံသြဖွယ်ကောင်းတဲ့ အရသာကိုပေးစွမ်း၏။

ဂျိချန်းရွဲ့က ငါရဲ့အရသာမှာ မူးယစ်ပျော်၀င်နေပြီး မျက်လုံးမှိတ်၍ အရသာခံနေမိသည်။

ထို့နောက်...သူ ငါးအသားဖတ်ကြီးကြီး တစ်ဖက်ကို ကောက်ယူလိုက်ပြီး ပါးစပ်ထဲထည့် စားလိုက်ရင်း....

"ပိုင်ရှင်ပု ဒီငါးကသာမန်ငါးမဟုတ်ဘူး မဟုတ်လား?သူရဲ့ အေးမြတဲ့အရသာက ငါးရဲ့အရသာကို ပိုမိုကောင်းမွန်စေပြီး အဆင့်မြင့်စေတယ်"

တစ်ခြားလူတွေကတော့ သူ၏လှုပ်ရှားမှုနောက်လိုက်ကြည့်နေပြီး တံထွေးမြိုချနေရသည်။

လိုလီလေးတောင်မှပဲ တွေးလိုက်မိသည်။
!တကယ်ပဲအရသာရှိလွန်းတာလား!!!

"ဟုတ်တယ် ...အသုံးပြုထားတဲ့ငါးက လေအလင်းအင်ပါယာရဲ့မြောက်ပိုင်းရေပိုင်နက်မှ ဖမ်းယူရရှိထားတဲ့ အေးခဲငါးကိုအသုံးပြုထားတာ...အဲဒီငါးက အလွန့်အလွန်အေးခဲပေမဲ့လဲ ချက်ပြုတ်ပြီးတဲ့အခါမှာတော့... အပူရှိန်ကိုလျော့ချပစ်နိုင်တယ်...
ပြီးတော့လည်း ကောက်ညှင်းနဲ့မုယောစေ့တွေက ထွက်လာတဲ့ အပူရှိန်နဲ့ အအေးက ယှဉ်တွဲဓာတ်ပြုသွားပြီးတော့ ဆိုးကျိုးမဖြစ်တော့ဘူး......."

ပုဖန်က ဂျိချန်းရွဲ့ကို အလျင်အမြန်ရှင်းပြပြီးတာနဲ့ မီးဖိုချောင်ဘက်ကို ပြန်လှည့်သွား၏သူချက်ထားတဲ့ ငါးခေါင်းတို့ဟူးစွပ်ပြုတ်ပျက်စီးသွားမှာမျိုးတော့ အဖြစ်မခံနိုင်ပေ။

အေးခဲငါးသည် ရှားပါးလိပ်ပြာသားရဲဖြစ်ပြီး သူ့လို မင်းသားတစ်ပါးတောင်မှပဲ ဒါကိုစားဖို့ရာအတွက် ခဲယဉ်းလွန်းသောကြောင့်
အင်ပါယာမြို့တော်အတွင်းက ဒီလိုဆိုင်သေးသေးလေးမှာ ဒီငါးကို စားသုံးရလိမ့်မယ်လို့ အိမ်မက်တောင်မမက်ဘူးပေ။

" လာ...မြည်းကြည့်ကြပါဦး...ဒီငါးက တကယ်ကိုပဲအရသာရှိလွန်းတယ်...မုယောနဲ့ ကောက်ညှင်းဆန်အစေ့လေးတွေက အရမ်းကိုနူးညံနေတာပဲ...ဒီဟင်းပွဲရဲ့ စျေးနှုန်းကတကယ်က်ိုတန်တယ်"

ဂျိချန်းရွဲ့က အားလုံးကြည့်နေတာက်ိုသတ်ိထားမိသွားပြီး ခပ်ပြုံးပြုံးပြောလိုက်သည်။

ရှောင်ရှောင်လုံက ဟန်တောင်မဆောင်နိုင်တော့ပဲ ငါးတစ်ဖတ်ကို အလျင်မြန်ကောက်ယူ၍ ပါးစပ်ထဲသို့ထည့်လိုက်၏။

ရှောင်ယန်ယုကတော့ သူရဲ့အမူအရာကိုထိန်းသိမ်းထားနိုင်သေးပြီး ရှောင်ရှောင်လုံယူတာကု်ိစောင့်ပြီးတော့မှ ငါးတစ်ဖတ်ကိုကောက်ယူလိုက်သည်။

ငါးမှထွက်လာတဲ့ ဝိုင်၏ရနံ့နဲ့အပူရှိန်ကငါးကို အလွန်မင်းအရသာရှိစေပြီးသူမျော်လင့်ထားတာထက်တောင်ကောင်းမွန်သောကြောင့် ရှောင်ရှောင်လုံရဲ့မျက်၀န်းတွေတောင်ပြူးကျယ်လာသည်။

"အရမ်းကိုကောင်းလွန်းတယ်!!"

ရှောင်ရှောင်လုံမူးယစ်ရီဝေစွာပြောလိုက်သည်။

ကလေးမလေးလဲ တံထွေးမြိုချလိုက်ပြီး... တူတစ်စုံကိုယူ၍ ငါးတစ်ဖတ်ကိုကောက်ယူလိုက်သည်။

သို့သော်လည်း...
ဂျိချန်းရွဲ့က သူမကိုတားလိုက်ပြီး ခပ်ပြုံးပြုံးအမူအရာဖြင့် မီနူးကိုညွှန်ပြလေ၏။

ကွမ်းရှောင်ယီက ဒုတိယအဆင့်ပဲရှိပြီး ထိုဟင်းပွဲကိုစားရန်အဆင့်မမှီတာကြောင့်စ်ိတ်ဓာတ်ကျသွားသည်။

ရှောင်ယန်ယုရဲ့အမူအရာကတော့ ရှောင်ရှောင်လုံထက်ပိုပြီး အိနြေ္ဒရှိသော်လည်း... သူမရဲ့ မျက်လုံးတွေကတောက်ပနေပြီး ခေါင်းတညိတ်ညိတ်တော့ လုပ်နေ၏။

ငါးတစ်ကောင်က ခဏလေးအတွင်းမှာပင်ကုန်သွားပြီး သူတို့ရဲ့ မျက်နှာကတော့ ကျေနပ်နှစ်သက်မှုဖြင့်ပြည့်နှက်နေသည်။

သို့သော်.. ပုဖန် ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကိုသယ်ယူလာတဲ့ခဏမှာပဲ သူတို့ရဲ့ အမူရာပြောင်းသွားသည်။

ငါးမူးပျံဟင်းနဲ့မတူ ကွဲပြားနေတာကြောင့် သူတို့၃ယောက်လုံး ငါးစားသောက်ပွဲကိုရောက်နေသလို ထင်မိကြ၏။

တကယ်တမ်းငါးဟင်းပွဲက၂မျိုးထဲသာရှိပေမဲ့ ငါးဟင်းရဲ့ကောင်းလွန်းတဲ့ အထက်တန်းလက်ရာကြောင့်သူတို့ဒီလိုထင်မြင်မိခြင်းပင်။

ကွမ်းရှောင်ယီကတော့ အကြီးကျယ်ကိုစိတ်ဓာတ်ကျနေသည်။သူမအဘိုးက သိုင်းပညာသင်ဖို့ တိုက်တွန်းခဲ့တာ မှန်သည်ဟု ပထမဆုံးခံစားရခြင်းပင်။

အကယ်၍ သူမသာပိုမိုကြိုးစားအားထုတ်ခဲ့မယ်ဆိုရင် တတိယအဆင့်သို့ရောက်နေပြီးဟင်းလျှာများကိုလဲ မြည်းစမ်းနိုင်ပေမည်။

"မင်းတို့လာအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..စုစုပေါင်းသလင်းကျောက်တုံး ၅၀ကျသင့်ပါတယ်"

သူတို့စားသောက်ပြီးသွားသောအခါ...

ပုဖန်ကသူတို့သိချင်တာက်ို မဖြေတော့ပဲ ကျသင့်ငွေကိုသာ ခပ်အေးအေးပြောလိုက်၏။

စားသောက်ရတာ အရသာကောင်းသော်လည်း... စျေးနှုန်းကြားရတာတော့ အလွန်နာကျင်စရာကောင်း၏။

သလင်းကျောက်တုံး ၅၀?
ထိုပမာဏက ကျင့်ကြံစဉ်နိမ့်တဲ့ သိုင်းသမားတွေတစ်လလုံးအသုံးပြုသလောက်ရှိပေသည်။

"ပိုင်ရှင်ပု မင်းရဲ့ ဟင်းပွဲတွေက တကယ်ကိုပဲ အရမ်းစျေးကြီးလွန်းတယ်"

ရှောင်ရှောင်လုံကနှုတ်ခမ်းကိုတွန့်ရင်းပြောလိုက်သည်။

"ဒါပေမဲ့ ပေးရတဲ့စျေးနဲ့တန်တယ်လေ..မဟုတ်ဘူးလား??"

ပုဖန်က သူ့ကို မျက်နှာသေဖြင့်စိုက်ကြည့်လိုက်ပြီး ခပ်အေးအေးပြောလိုက်သည်။

" ဟုတ်ပါပြီ ...မင်းက ဆိုင်ရှင်ဆိုမှတော့... မင်းပြောသမျှကအမှန်ပဲပေါ့"

ရှောင်ရှောင်လုံ ငြီးငြူနေပေမဲ့လည်း..စစ်သူကြီးချုပ်ရဲ့ သားတစ်ယောက်ဖြစ်တဲ့ သူအတွက် စျေးနှုန်းကမှုစရာမဟုတ်ပေ။

သူတို့၃ယောက်ဆိုင်ထဲက ထွက်ခွာချိန်မှာ ကွမ်းရှောင်ယီကို သူတို့နဲ့အတူခေါ်သွားရန်ပြင်ဆင်ထားသော်လည်း ပုဖန်ကတားဆီးလိုက်၏။

"သူမရဲ့ အလုပ်ချိန်ကမပြီးသေးဘူး...ခုသွားလို့မရသေးဘူး...အလုပ်ချိန်ပြီးမှသာသူမအိမ်ပြန်သွားလို့ရမယ်"

ပုဖန် ရိုးရိုးရှင်းရှင်းပြောလိုက်လေသည်။

ရှောင်ယန်ယုနဲ့ တစ်ခြားလူတွေကပုဖန်ကို ထူးထူးဆန်းဆန်းကြည့်လိုက်သော်လည်း... သူတို့ကအတင်းအကျပ်တောင်းဆိုမနေတော့ပဲ ထွက်သွားလိုက်သည်။

ကလေးမလေးမျက်နှာက မကျေနပ်မှုတွေနဲ့ သုန်မှုန်နေပြီး မေးစေ့ကိုလက်ထောက်၍ ထိုင်ခံပေါ်တွင်ထိုင်နေသည်။

"စ်ိတ်ပုတ်သူဌေး...နင့်ရဲ့ဟင်းလျာတွေကအရမ်းကောင်းပေမဲ့လည်း ဘာလို့စားဖို့အတွက်ကျင့်ကြံခြင်းသတ်မှတ်ချက်တွေရှိနေရတာလဲ...ငာ့ရဲ့အဆင့်နဲ့ ဘယ်ဟင်းပွဲကိုမှ မစားနိုင်ဘူး...နင် ငါ့ကိုများ ကျင့်ကြံခြင်းလယ်ပယ်တက်လာအောင် တွန်းအားပေးနေတာလား?"

ကလေးမလေး ညဉ်းငြူမြည်တမ်းလိုက်၏။

"အရည်သွေးရှိတဲ့ ပါ၀င်ပစ္စည်းတွေသာအရသာကောင်းကောင်းကို ပေးစွမ်းနိုင်တယ်လေ..ပါ၀င်ပစ္စည်းတွေရဲ့ အရည်သွေးကမြင့်လေ ရရှိနိုင်တဲ့ စွမ်းအင်တွေကမြင့်မားလေပဲ..... ....."

ပုဖန်က စိတ်ပျက်လက်ပျက်ဖြင့် ရှင်းပြလေ၏။

ဟင်းပွဲတွေမှာသုံးတဲ့ပါ၀င်ပစ္စည်းက အရည်သွေး အရမ်းမြင့်မားတာကြောင့် စားသုံးသူသာကျင်ကြံခြင်းအဆင့် မမှီခဲ့ရင် သေဆုံးနိုင်ပေသည်။

"ငါ ကောင်းကောင်းကျင့်ကြံပြီး အဆင့်မှီတဲ့အခါ....မင်းရဲ့ဟင်းပွဲတွေကိုမှာစားမယ်"

ကွမ်းရှောင်ယီက ပုဖန်ကို ကြည့်ရင်း လျှာတစ်လစ် ထုတ်၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"အိုး....အချိန်မရွေးပဲ...ငါကကြိုဆိုပါတယ်.... မင်းလာစားတဲ့အခါ ပိုက်ဆံရှင်းရင် ပြီးတာပဲ"

ပုဖန်ကလဲ စိတ်အားထက်သန်တဲ့ ပုံဖြင့် ခပ်ငော့ငော့ ပြန်ပြောလိုက်၏။

.......................

ရှောင်ယန်ယုက ဆိုင်ကထွက်လာပြီးနောက် ကွမ်းရှောင်ယီ ရှိတဲ့နေရာကို စစ်သူကြီးဟောင်းကို ပြောပြရန်ဆုံးဖြတ်လိုက်သည်။

စစ်သူကြီးကွမ်းက သူမြေးမလေး အိမ်ကထွက်ပြေးသွားပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲထိုးလုပ်နေသည်ကို ကြားသော်အခါ အလွန်ပင်အံသြွား၏။

မင်းတို့၃ယောက် စားသောက်ဆိုင်ကို သွားပြီး မင်းတို့ညီမကို ပါအောင်ပြန်ခေါ်လာခဲ့...အခုနေ ငါသူ့ကို မဆုံးမရင် နောက်ဆိုရင် ဧကရာဇ်ခေါင်းပေါ်တက်ပြီး မုတ်ဆိတ်မွှေးတောင်နှုတ်မလားမသိ"

"ဟုတ်ကဲ့"

ထိုညီအကို၃ယောက်က နာခံလိုက်ပြီး...ခြံထဲမှ အလျင်မြန်ထွက်သွားကြသည်။

ကွမ်း လူရိုင်း၃ယောက် အတူတကွ ထွက်လာတာကအသေးအဖွား ကိစ္စမဟုတ်သောကြောင့် လူအများစုက စိတ်၀င်တစားနဲ့ အာရုံစိုက်ကြည့်နေလေသည်။

သိုသော်လည်း....ထိုလူ၃ယောက်က စားသောက်ဆိုင်ငယ်လေးမှ သူတို့ညီမကိုသွားခေါ်ဖို့ ထွက်လာကြောင်း သိလိုက်ရသော်အခါ အံသြတကြီး မှင်သက်သွားကြ၏။

....................... 

ထိုသတ္တဝါ၃ယောက် သူဆီလာနေမှန်းမသိတဲ့ ပုဖန်ကတော့ အေးအေးသာသာပဲ ထိုင်ခုံပေါ်မှာ ခွေခေါက်ထိုင်ပြီး နေပူစာလှုံနေလေ၏။