အပိုင်း (၂၇)
Viewers 31k

part-27


ကလေးတယောက်ကိုပြုစုပျိုးထောင်ရသည်ကအလွန်ပင် ပင်ပန်းခက်ခဲသည့်အလုပ်ဖြစ်သည်။လေးနှစ်အရွယ်ရှိပြီဖြစ်သော ကလေးတယောက်ကိုစောင့်ကြည့်ရသည်တောင်မှထိုမျှပင်ပန်းနေပေသည်။


အိမ်သန့်ရှင်းရေးလုပ်ချက်ပြုတ်ရခြင်းက သူမအရင်ဘဝတွင်ရုံးအလုပ်ငန်းများလုပ်ရသည်ထက်ပင်ပို၍ခက်ခဲနေပေသည်။


တနေ့တာအတွေ့အကြုံပြီးနောက် ယွမ်ရှသည်အိမ်မှာနေ၍မိသားစုကိုပြုစုစောက်ရှောက်သောမိခင်များကိုလုံးဝလေးစားသွားလေသည်။သူမကလေးကိုကြည့်ရှုစောင့်ရှောက်နေရင်းဖြင့် နားချိန်ရသည့်အချိန်တွင်ဖုန်းကြည့်လိုက်သည်။ ဖုန်းပွတ်နေရင်းဖြင့် မတော်တဆဝေ့ပေါ်၏ရှာဖွေမှုအများဆုံးကိုနှိပ်မိသွားလေသည်။


မနေ့ညကမြို့တော် A တွင်မိုးအသဲထန်ရွာသွန်းခဲ့သောပို့စ်ကိုသူမတွေ့လိုက်မိသည်။မူလအခြေအနေတိုင်းပြေါရမည်ဆိုလျှင် အပူချိန်ကြီးမြင့်နေသည့်ကာလ၌ရုတ်တရက်မိုးရွာလာခြင်းက သတင်းကောင်းပင်ဖြစ်သည်။ထိုမိုးကအပူချိန်ကိုလျော့ချသွားစေပေလိမ့်မည်။ သို့သော်လဲ မိုးရွာသွန်းမှုကပြင်းထန်သောကြောင့်လမ်းမပေါ်တွင်ကုန်တင် 

ကားများတိုက်မှုဖြစ်ပွားခဲ့လေသည်။


ယွမ်ရှ၏နှလုံးသားကလည်ချောင်းထဲမှခုန်ထွက်သွားတော့မလိုပင်ခံစားလိုက်ရသည်။ သူမသတင်းအချက်လက်များကိုသေချာစွာဖတ်ကြည့်လိုက်သည်။ထိုကားအက်စီးဒင့်တွင်လူတချို့ထိခိုက်ဒဏ်ရာရသွားပြီး ဆေးရုံတင်ထားသည့်သတင်းသာတွေ့လိုက်ရပြီး သေဆုံးသည့်သတင်းကိုမတွေ့လိုက်ရသောကြောင့်သူမအနဲငယ်စိတ်သက်သာရာရသွားသလိုခံစားလိုက်ရသည်။


"သူမကစုန်ထင်ရှန်းအား ကံကြမ္မာဆိုးထဲမှကယ်ထုတ်ပြီးပြီဖြစ်ပေမဲ့ ကားအက်စီးဒင့်ကဖြစ်ပွားခဲ့တုန်းပဲ ဒီတော့ဝတ္ထုထဲကစုန့်ထင်ရှန်းသေသွားခဲ့တာက တကယ့်ကိုပဲမတော်တဆတခုပဲလား..."


စုန့်ထင်ရှန်းသည်လဲ မြို့တော် A မှသတင်းကိုဖတ်မိလိုက်လေသည်။ရုတ်တရက်ထိုဖြစ်ရပ်သည် ယွမ်ရှ၏အိပ်မက်နှင့်ဆက်စပ်နေသည်ဟုပင်တွေးလိုက်မိပြီး သူသတင်းကိုတိတ်ဆိတ်စွာဖတ်နေမိသည်။စုန့်ထင်ရှန်းကုမ္ပဏီမှကိစ္စများပြီးသည်နှင့် အိမ်ပြန်ရန်ပြင်ဆင်လိုက်သည်ယ အိမ်အကူက ကလေးလေးစုန့်အဖျားကျသွားပြီဖြစ်သည့်အကြောင်းသူ့ကိုသတင်းပို့ထားပြီးပြီဖြစ်သော်လဲ သူအနဲငယ်စိုးရိမ်နေတုန်းပင်ဖြစ်သည်။


သူရုံးမှမပြန်ခင်ရုံးခန်းတံခါးခေါက်သံကိုကြားလိုက်ရသည်။


"ဝင်လာခဲ့ပါ..."


စာရွက်စာတမ်းဖိုင်များကိုကိုင်ထားသော လီကျင်းတံခါးတွန်းဖွင့်ကာဝင်လာခဲ့သည်။သူမက ယခုလတ်တလောမှတက္ကသိုလ်မှဘွဲ့ရထားသောသူတယောက်ဖြစ်ပြီး ငွေကြေးစီမံခန့်ခွဲမှုဌာနတွင်အလုပ်လုပ်နေသူဖြစ်သည်။သူမကစုန့်ထင်ရှန်းရှေ့မှစားပွဲခုံပေါ်သို့ စာရွက်စာတမ်းများနှင့်အတူ ဆန်းဝစ်ခ်ျတခုကိုတင်လိုက်လေသည်။


"စီအီးအို စုန့်ကိုကြည့်ရတာဒီနေ့နေလို့မကောင်းသလိုပဲ မနက်စာမစားခဲ့တာများလား...ကျွန်မစီအီးအိုအတွက်ဆန်းဝစ်ခ်ျလုပ်လာခဲ့ပေးတယ်...တကယ်လို့ရှင်..."


စုန့်ထင်ရှန်းကခေါင်းပင်မော့မကြည့်ပဲ သူ့၏ကွန်ပြူတာကိုပိတ်လိုက်သည်။ ထို့နောက်စိတ်မဝင်စားသောလေသံဖြင့်စကားဆိုလိုက်၏။


"ကျေးဇူးတင်ပါတယ် ဒါပေမဲ့

ငါ့အတွက်မလိုဘူး..."


လီကျင်းသည် စုန့်ထင်ရှန်း၏ကျောင်းနေဖက်သူငယ်ချင်း၏ညီမဖြစ်သည်။သူမ‌ကျောင်းပြီးပြီးနောက်စုန့်ကုမ္ပဏီတွင်အလုပ်လျှောက်ခဲ့သည်။ သူမ၏အရည်အချင်းများကလဲကိုက်ညီသောကြောင့်အလုပ်ခန့်အပ်ထားခြင်းဖြစ်သည်။စုန့်ထင်ရှန်းကကားသော့ကိုကောက်ယူလိုက်သည်ကိုမြင်လိုက်သည်နှင့် လီကျင်းအလိုအလျောက်မေးလိုက်မိသည်။


"စီအီးအို အပြင်သွားမလို့လား..."


စုန့်ထင်ရှန်းကသူမကိုပြန်မဖြေပဲ တံခါးနားသို့လျှောက်သွားပြီးကာမှရပ်လိုက်ပြီးပြန်ပြောလိုက်သည်။


"ဒီစာရွက်စာတမ်းတွေကို မင်းငါ့ဆီယူလာပေးဖို့မလိုဘူး...အဲ့ဒီ့အစားနောက်ဆိုရင်လက်ထောက်ချန်းကိုပဲပေးလိုက်..."


လီကျင်းခဏမျှတောင့်ခဲသွားပြီးနောက် လျင်မြန်စွာပင်ခေါင်းညိမ့်လိုက်ပြီးအပြုံးလေဖြင့်စကားဆိုလိုက်သည်။


"ဟုတ်ကဲ့ပါ...ပထမတုန်းကကကျွန်မလက်ထောက်ချန်းကိုပေးလိုက်မလို့ပါပဲ...ဒါပေမဲ့ သူဒီနေ့ဒီမှာရှိမနေဘူး..."


စုန့်ထင်ရှန်းကသူမကိုပြန်ဖြေမနေတော့ပဲ တံခါးဖွင့်ကာခြေလှမ်းကြဲများဖြင့်ထွက်ခွာသွားလေသည်။


လီကျင်း ဆန်းဝစ်ခ်ျကိုစာရွက်များအောက်၌ ဖုံးကွယ်ကာဂရုတစိုက်ယူလာလိုက်သည်။ ထို့နောက်သူမ၏ခုံသို့ပြန်ရောက်မှသာသက်ပြင်းချလိုက်ပြီး မှန်ထဲတွင်အရိပ်ထင်နေသည့် သူမကိုယ်သူမ အားပေးပြုံးပြလိုက်သည်။


စုန့်ထင်ရှန်း၏ဒရိုင်ဘာကအိမ်သို့ တိုက်ရိုက်ဦးတည်ကာမောင်းပို့ပေးလိုက်သည်။


 အိမ်၌ အိမ်အကူအန်တီရော ယွမ်ရှရောရှိနေသော်လဲသူစိုးရိမ်မိနေတုန်းပင်ဖြစ်သည်။သူအိမ်သို့ရောက်သည့်အချိန်၌ယွမ်ရှက ကလေးလေးစုန့်နှင့်အတူဘလော့ခ်တုန်းလေးများကိုဆက်၍ကစားနေသည်ကိုမြင်လိုက်ရမှသာ စိတ်သက်သာရာရစွာသက်ပြင်းတချက်ချလိုက်မိသည်။


ကလေးလေးစုန့်က အဖျားရောဂါမှလုံးဝသက်သာလုနီးပါးဖြစ်နေပေပြီ သူသူ့အဖေပြန်လာသည်ကိုမြင်လိုက်သည်နှင့်တက်ကြွစွာပင် ‌ခြေထောက်ကိုပြေး၍ဖက်လိုက်ပြီးစကားဆိုလိုက်သည်။


စုန့်ထင်ရှန်း ပေါက်စီလုံးလေးကိုပွေ့ချီလိုက်သည် သူစိတ်ထင်ခြင်းဖြစ်ကောင်းဖြစ်နိုင်သော်လဲ ကလေးလေးဝိတ်ကျသွားသည်ဟုခံစားလိုက်မိသည်။


"အင်း ပါပါးပြန်လာပြီ...ဒီနေ့ဘယ်လိုနေလဲ သက်သာသွားပြီလား..."