အပိုင်း ၂၅
Viewers 62k

အခန်း ၂၅

ငါးမူးပျံဟင်း ရပြီး ဝိုင်က ဘာလို့မရတာလဲ..? 

ညီအစ်ကို၃ယောက်က သူတို့ရဲ့ စွမ်းအင်တွေကိုစုစည်းလိုက်ပြီး ပုဖန်နောက်မှာရပ်နေတဲ့ ဝှိုက်တီကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။

 "အစ်ကိုကြီး...ဒီရုပ်သေးကောင်ကအရမ်းကိုသန်မာတယ် "

ကွမ်းတိက ဝှိုက်တီကိုမလွှဲတမ်းကြည့်နေပြီး ခပ်တိုးတိုးလေးပြောလိုက်သည်။

!ဘယ်လိုဖြစ်လို့ဒီရုပ်သေးကအရမ်းသန်မာနေရတာလဲ!!သူကိုကျွမ်းကျင်ပညာရှင်တွေက ဖန်တီးထားခဲ့တာလားမသိဘူး..
ဒါပေမဲ့လည်း ငါတို့၃ယောက်လုံးကိုအတူတိုက်ခိုက်ဖို့ဆိုတာကတော့မဖြစ်နိုင်ပါဘူး!

ကွမ်းကျန့်တွေးလိုက်မိ၏။

ပုဖန်က လူယောင်ဆောင်ထားတဲ့ သားရဲ၃ကောင်ရဲ့ အတွေးတွေကိုဂရုမစိုက်ပဲ ခပ်ရှင်းရှင်း ပြောလိုက်သည်။

"မင်းတို့က ကလေးမလေးရဲ့ အစ်ကိုဖြစ်တဲ့တွက် မင်းတို့၃ယောက်ကိုငါဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ်...ဒါပေမဲ့ နောက်တစ်ကြိမ်တော့မရဘူး"

"အစ်ကိုကြီး...ဒီ အခြောက်လင်က ငါတို့ကိုခြိမ်းခြောက်နေတာလား??"

ကွမ်းတိက မယုံကြည်နိုင်စွာမေးလိုက်သည်။

အင်ပါယာမြို့တော်ထဲမှာ သူတို့့ကိုဒီလိုမျိုး ဘယ်သူမှ မခြိမ်းခြောက်ရဲပါဘူး..သူတို့ကိုဒီလိုမျိုးခြိမ်းခြောက်ရဲဖို့နေနေသာသာ သူတို့သွားလိုက်တဲ့နေရာတိုင်းက ရန်ရှာခံရမှာကြောက်လို့ တိတ်တိတ်ဆိတ်ဆိတ်ပဲနေကြသည်။

အခုတော့ သူတို့ကိုအလေးမထားပဲနဲ့ ခြိမ်းခြောက်ရဲတဲ့ မိန်းမလျှာကောင်တစ်ယောက်ကိုတွေ့လေပြီ။

"ဘယ်ချိန်တုန်းကများ ငာတို့လူရမ်းကားညီအစ်ကို၃ယောက်ကိုခြိမ်းခြောက်ဖို့လွယ်သွားတာလဲ?ငါတို့သိက္ခာကိုတော့ ပျက်စီးမခံနိုင်ဘူး"

သူတို့ဒေါကတကြီး ကျုံးဝါးလိုက်သည်။

ကွမ်းတိက နှုတ်ခမ်းတွန့်၍ပြုံးလိုက်ပြီး...

" ဒါမှငါတို့အစ်ကိုကြီးပဲ.. ငါတို့အစ်ကိုကြီးက အင်ပါယာမြို့တော်တစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိတယ်..ငာတို့ဘယ်တော့မှအရှုံးပေးမှာမဟုတ်ဘူး!!"

သို့သော်လည်း... သူ့အစ်ကိုနောက်ထပ်ပြောလိုက်သည့်စကားက ကွမ်းတိကို သွေးအန်စေလေ၏။

ကွမ်းကျန့်က ပုဖန်နောက်ကဝှိုက်တီကိုကြည့်လိုက်ရင်း...

" လူငယ်လေး...ငါတို့စကားအေးဆေးပြောရအောင်. မင်းသာငါတို့ညီမလေးကိုပြန်ပေးလိုက်မယ်ဆိုရင် ဒီနေ့ဖြစ်ပျက်သမျှကိုဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်"

ပုဖန်ကအေးစက်စက်ပြန်ပြောလိုက်သည်။

"မင်းရဲ့ ညီမကိုမင်းကြည့်လိုက်လေ...သူ ငါ့ဆိုင်မှာ အကြွေးစားထားတယ်...အဲ့ဒီအကြွေးကို သူဒီမှာ တစ်ပတ် အလုပ်လုပ်ပြီးပြန်ဆပ်ရမယ်...ဒီနေ့မှပထမဆုံးနေ့ပဲရှိသေးတယ်"

"ဘာ?"

"ငါတို့ညီမလေးက စားပြီးပိုက်ဆံမပေးဘူး!!"

လူရိုင်းညီအစ်ကို၃ယောက်မှာ အံသြလွန်း၍ ပါးစပ်တောင်ပိတ်ဖို့မေ့နေခဲ့ပြီး..ခဏအကြာမှ သူတို့ကပြန်ပြောလိုက်သည်။

"အဲ့ဒီလိုဆိုရင်တော့...မင်းရဲ့အစားသောက်တွေကအရသာမရှိလို့ပဲနေမယ်.အဲဒီလိုမှမဟုတ်ရင် သူမမပေးပဲနေမှာမဟုတ်ဘူး..
ငာတို့ညီမလေးက နဲနဲဆိုးသွမ်းနေတယ်ဆိုပေမဲ့ မျှမျှတတပဲလုပ်တတ်တယ်"

သူတို့၏ စကားများကပုဖန်ကိုအကြီးကျယ်စိတ်ဆုိးသွားစေသည်။သူ့အစားသောက်ကိုမကောင်းပြောသူတွေက်ို တအားမုန်းပေသည်။

[host မစ်ရှင်အတိုလေးရှိပါတယ်...ကွမ်းလူရိုင်း၃ယောက်က Host ရဲ့ မာန်မာနကိုချိုးနှိမ်ခဲ့တဲ့တွက် သူတို့ပါးစပ်ပိတ်သွားအောင် host ရဲ့ အရည်ချင်းတွေကိုအသုံးပြုပြီးလုပ်ပါ။Host ရဲ့ ဟင်းချက်စကေးအကုန်လုံးကိုအသုံးပြုလိုက်ပြီး သူတို့မျက်နှာက်ိုဖြတ်ရိုက်လိုက်ပါ...မစ်ရှင်ဆုအနေနဲ့ကတော့ ဝိုင်ချက်ပြုတ်ခြင်းနည်းပညာကိုရရှိပါမယ်]

System ရဲ့ အလောတကြီးအသံကို သူ့စိတ်ထဲမှ ကြားလိုက်ရ၏။

ဒါကမစ်ရှင်အတ်ိုလေးဆိုသော်လည်း ဆုရမယ်ဆ်ိုသောကြောင့် ပုဖန်မျက်နှာမလွဲန်ိုင်ပေ။

"မင်းတို့၃ယောက်က ငါချက်ပြုတ်တဲ့ အစားသောက်တွေကို တစ်ခါမှမစားဘူးပဲနဲ့ ဘယ်လိုဖြစ်ပြီး မကောင်းဘူးပြောနိုင်ရတာလဲ??"

ပုဖန်က မစ်ရှင်ကို စတင်ရန်တွက် သူတိုကိုခက်ထန်ထန် လှမ်းမေးလိုက်သည်။

သူတို့၃ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ကွမ်းတ်ိက နှာခမ်းမဲ့၍...

"အဲးဒီတော့..?ငါတို့ကမင်းအစားစာမကောင်းဘူးလို့ပြောတော့ရောဘာဖြစ်ချင်လဲ??
မင်းက ဘာလုပ်ချင်လဲ?"

ပုဖန်၏အမူအရာက အေးစက်စက်ဖြစ်သွားသည်။

လဲလျောင်းနေတဲ့ခွေးနက်ကြီးတောင်မှ ရုတ်တရက်ခေါင်းထောင်ပြီး ပုဖန်ကိုတစ်ချက်ကြည့်လိုက်မိသည်။နောက်...လူရိုင်းညီအကို၃ယောက်ကို ကြည့်လိုက်ပြီး နှာမှုတ်သံပြု၍ ပြန်အိပ်လိုက်သည်။

"မင်းတို့ညီမကို ရှာနေတာမဟုတ်လား?
 ကောင်းပြီ ...မင်းတိုကိုအခွင့်ရေးတစ်ခုပေးလိုက်မယ်..."

"ငာတို့ လောင်းကြတာပေါ့...မင်းတုိ့ ငါ့ဟင်းပွဲတွေကို အရင်မြည်းကြည့်လိ်ုက်...တကယ်လို့ အရသာကမကောင်းဘူးဆိုရင် မင်းတ်ို့ညီမကိုပြန်ခေါ်သွားနိုင်တယ်...တကယ်လို့ ဟင်းပွဲတွေရဲ့အရသာကကောင်းနေမယ်ဆိုရင်တော့ မင်းတို့အိမ်ကိုအ၀တ်စားမပါပဲပြန်ရမယ်"

ပုဖန်ကအေးစက်စက်ဖြင့်ပြောလိုက်သည်

လောင်းမယ်!!!

!ဒီအခြောက်လင်က ရူးများရူးနေတာလား?ငာတို့က သူ့အစားသောက်ကို မကောင်းဘူးပြောတာ့ရော...သူကငါတို့ကိုဘာလုပ်နိုင်မှာမို့လိုလဲ!

"ကောင်းပြီလေ"

"ငါတို့လက်ခံတယ်"

"ဒါပေမဲ့ မင်းစကားကိုတော့ တည်ပါစေ ပြီးမှပြန်ပြောင်းလို့တော့ မရဘူး"

 ကွမ်းကျန့်ကပြောလိုက်သည်။

"ဆိုင်ထဲ အရင်ဝင်ပြီးအော်ဒါမှာလိုက်"

ပုဖန်က အေးစက်စက်နဲ့ စိတ်မရှည်စွာပြောလိုက် သည်။

သူတို့ညီအစ်ကိုသုံးယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး...နောက် ဝှိုက်တီကို သတိအနေထားနဲ့ကြည့်၍ ဆိုင်ထဲကိုဝင်လိုက်သည်။
 ဆိုင်ထဲရောက်တာနဲ့သူတို့ပတ်ပတ်လည်ကိုသေချာစွာကြည်ရှု့စစ်ဆေးလိုက်သည်။

"ဆိုင်ရဲ့အနေထားကလည်း ကျဉ်းလွန်းလိုက်တာ"

ကွမ်းတိကသူရဲ့ခန္ဓာကိုယ်ကိုလှုပ်ခါလိုက်ရင်းပြောလိုက်သည်။

သူတို့ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ ဆိုင်ထဲကိုဝင်ရတာက သူ့တို့အတွက် စိတ်သက်တောင့်က်သာမဖြစ်ပေမယ့်လည်း သည်းခံရုံသာ ရတတ်နိုင်သည်။

"ဆိုင်ရှင်... မင်းမှာဝိုင်ကောင်းကောင်းရှိလား?ငါ့ကို ဝိုင်အရင်ချပေး"

ကွမ်းဝူက ခုံကို ဘုန်းကနဲ ရိုက်လိုက်ပြီးအော်ပြောလိုက်သည်။

သူကတစ်ကယ့်စားသုံးသူတစ်ယောက်လိုမျိုးပြုမူနေလေပြီ။

"ဝိုင်မရှိဘူး"

 ပုဖန်က ခပ်ချေချေပဲ ပြန်တုန့်ပြန်လိုက်သည်။

"ဝိုင်မရှိဘူး.?? ဘယ်လိုစားသောက်ဆိုင်မျိုးလဲ? မင်းကငါ့ကိုလာနောက်နေတာလား? ထားလိုက်တော့ ငါ့ဘာသာပဲ ဘာတွေရနိုင်လည်း ကြည့်လိုက်တော့မယ်"

ကွမ်းဝူက ပုဖန်ကို အထင်သေးစွာကြည့်လိုက်ပြီးမီနူးရှိရာဆီ လှည့်လိုက်သည်။

အဲ့ဒီ့အချိန်မှာပဲ သူတို့ရဲ့လှုပ်ရှားမှု့အားလုံးရပ်တန့်ပြီး စားသောက်ဆိုင်တစ်ခုလုံးအလွန်ပင်တိတ်ဆိတ်သွားသည်။

"ငါးမူးပျံဟင်းတစ်ပွဲကို သလင်းကျောက်၂၀.? ဟာ..!!.ငါးခေါင်းတို့ဟူးစွပ်ပြုတ်ကလည်း သလင်းကျောက်၂၀ပဲ!!
 ဘာ??? ထမင်း ကြော်တစ်ပွဲကိုတောင် သလင်းကျောက် ၁ဝတုံးနဲ့ရောင်းတယ် ဟုတ်လား.??".

"အသီးရွက်ကြော်နဲ့ လက်လုပ်ခေါက်ဆွဲတစ်ပွဲစီကို ရွှေပြားတစ်ရာတောင် ကျသင့်တယ်..!!"

ကွမ်းဝူအကြီးအကျယ်အံံသြသင့်နေမိသည်။

"မင်းရဲ့ဆိုင်ကလိမ်စားနေတာပဲ... ဒါကြောင့်မို့...ငါတို့ရဲ့ညီမလေးကပိုက်ဆံမပေးနိုင်တာပေါ့ ငါတို့အခုမှပဲသိတော့တယ်"

  ကွမ်းတိက ခုံကိုစိတ်ဆိုးတစ်ကြီးနဲ့ရိုက်လိုက်ပြီးအော်ဟစ်လိုက်သည်

ပုဖန်က မျက်မှောင်ကျုတ်လိုက်ပြီး...

"မင်းတို့ ဒီနေ့အဖို့ စားစရာမှာဦး မှာလား?မင်းတို့ညီမက အခုဆိုင်ထဲမှာရှိနေတယ်...မင်းတို့သာ လောင်းကြေးနိုင်မယ်ဆိုရင်သူမကိုပြန်ခေါ်သွားနိုင်တယ်."

"ဟမ့်....မင်းက လူလိမ်ဆိုင်ဆိုပေမယ့်လည်း ငါတို့က ငါတို့ညီမလေးအတွက် လုပ်ရတာ့မှာပေါ့....ငါ့ကို ငါးမူးပျံဟင်းတစ်ပွဲပေး"

 ကွမ်းကျန့်က ခပ်ရှင်းရှင်းပြောလိုက်သည်။

"ဆိုင်ရှင်...မင်းက ဘာလို့ ဝိုင်မရောင်းတာလဲ?.ငါးကို ဝိုင်နဲ့နှပ်တာမဟုတ်ဘူးလား?"

ကွမ်းဝူက မပျော်မရွှင်အမူအရာဖြင့်မေးလိုက်သည်။

ပုဖန်က အမူအရာမပျက်ပြန်ပြောလိုက်သည်။

"ဟုတ်တယ်...ဝိုင်က ငါးမူးပျံဟင်းအတွက် ငါးနှပ်ဖို့ပဲ...ရောင်းဖို့အတွက် မဟုတ်ဘူး"

ကွမ်းဝူဆွံအသွားသည်။

!ဒါ..ဒါက ဘာတွေများခြားနားသွားလို့လဲ?? ဘယ်လိုပဲဖြစ်ဖြစ်မင်းဝိုင်လုပ်ရတာပဲမဟုတ်ဘူးလား?!

"ဒာဆိုလည်း ငါ့ကို ငါးမူးပျံဟင်းတစ်ပွဲသာပေးတော့..."

ကွမ်းဝူကစိတ်ပျက်လက်ပျက်ဖြင့်ပြောလိုက်သည်။

"ငါးမူးပျံဟင်းတစ်ပွဲစာပဲ ကျန်တော့တယ်.. ကျေးဇူးပြုပြီး နောက်တစ်မျိးကို ရွေးမှာပါ"

ပုဖန်က ခပ်အေးအေးပြန်ပြောလိုက်သည်။

"ဟာ...!!ငါ့ညီမလေးကြောင့်သာမဟုတ်ရင် ဟင်းပွဲမှာမယ့်အစား မင်းရဲ့ဆိုင်ကိုချေမွပစ်လိုက်ပြီ!!"

နောက်ဆုံးမှာတော့....

ကွမ်းဝူ စိတ်လျော့၍ ဥထမင်းကြော် တစ်ပွဲသာမှာလိုက်ပြီး တိတ်တိတ်သာနေလိုက်တော့၏။

ကွမ်းတိကတော့...ဘာမှဝင်ပြောမနေဘဲငါးခေါင်းစွပ်ပြုတ်တစ်ပွဲသာမှာလိုက်သည်။

"ခဏစောင့်."

 သူတို့အော်ဒာမှာပြီးနောက်..ပုဖန်ခေါင်းငြိမ့်ပြလိုက်ပြီး...ချက်ပြုတ်ပြင်ဆင်ရန်မီးဖိုခန်းထဲသို့ဝင်သွားလိုက်သည်။

..................

ကျောက်ရူကျီက စားပွဲပေါ်ခြေထောက်တင်ထိုင်နေပြီး သူ့ငယ်သားတစ်ယောက်ပြောတာကို နားထောင်နေသည်။ နောက်... သူမဲ့ပြုံးပြုံးလိုက်ပြီး....

"မင်းပြောတာ... ကွမ်း လူရမ်းကားသုံးယောက်က ဆိုင်ထဲရောက်သွားပြီပေါ့.. ဟုတ်လား?"

ထို ကွမ်း ညီအစ်ကို သုံးယောက်က စဉ်းစားဥာဏ်မရှိ ကမူးကရှူးလုပ်တတ်သေ်ာလည်း ကျင့်ကြံခြင်းအဆင့်က မြင့်မားကြပေသည်။

မကြာခင်မှာပဲ ထိုစားသောက်ဆိုင်ငယ်လေးပျက်ဆီးသွားမှာကို သူကြည့်ရပေတော့မည်။

ကျောက်ရူကျီက သူ့လက်အောက်ငယ်သားတွေကိုခေါ်၍ ပွဲကြီးပွဲကောင်းကြည့်ရန်အတွက် စံအိမ်မှထွက်လာခဲ့လိုက်သည်။

.................

တစ်ခြားတဖက်တွင်....

ဆန်းချီရှန်းကလည်း သူ့လက်အောက်ငယ်သားပြောတာကို နားထောင်၍မျက်မှောင်ကျုတ်ပြီး အေးစက်စွာ မဲ့ပြုံးပြုံးလိုက်၏။

"ငါ..ငါ့ရဲ့အစားအစာထဲကို ငရုတ်သီးရောရဲတဲ့အပြင် ငါ့ကိုတောင် လူသိရှင်ကြားအရှက်ခွဲရဲတဲ့ကောင်...အခုတော့ ကွမ်းလူရမ်းကားသုံးယောက်ကို ရန်စပြီး...မင်းဘယ်လိုမျိုးဆိုင်ဆက်ဖွင့်ဦးမလဲဆိုတာကို ငါကြည့်ချင်သေးတယ်"

ကျောက်ရူကျီနှင့်ဆန်းချီရှန်းမှအပ ကျန်တဲ့သီတင်းကြားသော လူတိုင်းကတော့...

ကွမ်း လူရမ်းသားသုံးယောက်ရဲ့အကြမ်းဖက်မှု့ကို သိသောကြောင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

ရှောင်ယန်ယုလည်း စိတ်ဆိုးသွားမိ၏။
စစ်သူကြီးဟောင်း ကွမ်းက ထိုလူရမ်းကားသုံးယောက်ကို လွတ်လိုက်မယ်လို့ သူမ မထင်ထားခဲ့မိပေ။

အကယ်၍ ဖန်ဖန်ဆိုင်ကလေးသာ ပျက်စီးသွားခဲ့ရင် သူမ အမှားသာဖြစ်ပေတော့မည်။

ထိုခဏမှာပဲ...

လူအများစုက ဖန်ဖန်ဆိုင်ကလေးဆီိသို့ အလုအယက် သွားနေကြပြီး သူတို့က ကွမ်း လူရမ်းကားသုံယောက်ကြောင့်ဆိုင်ငယ်လေး ပြိုပျက်စီးသွားပြီဟု ထင်မြင်နေကြ၏။