Chapter 2
Viewers 2k

🫶Chapter 2




နျန်ယွီယီမှာ လက်ရှိတွင် ကုမ္ပဏီမှပေးထားသော တိုက်ခန်းတွင်နေထိုင်နေပြီး ကျိုးအာ့ဟယ်ထံ၌ သော့အပိုရှိနေသောကြောင့် နောက်တစ်နေ့မနက်တွင် ကျိုးအာ့ဟယ် သူ့ဘာသာဝင်လာခဲ့သည်။


“ ငါမနက်စာဝယ်လာတယ်… ဝေး နျန်ယွီယီ မင်းနိုးနေပြီလား…”


“ အမ်းးး…” တံဘက်ဖြင့် ဆံပင်သုတ်လျက် နျန်ယွီယီပေါ်လာသည် “ မနက်စာအတွက် ဘာဝယ်လာလဲ…”


“ တို့ဖူးပူတင်းနဲ့ ရှောင်လုံပေါင်း.. အောက်ထပ်ကဆိုင်ကဝယ်လာတာ…”


 ကျိုးအာ့ဟယ် မုန့်များကို ကော်ဖီစားပွဲတွင်တင်လိုက်ပြီးနောက် နျန်ယွီယီထံမှ တံဘက်ကိုယူကာ ခေါင်းကူသုတ်ပေးလိုက်သည်


 “ မင်းဆံပင်ကို ရေချိုးခန်းထဲမှာပဲ အရင်အခြောက်ခံလိုက်လို့မရဘူးလားဟ… သည်နေ့လေတိုက်တယ်နော် မင်းအအေးမိသွားနိုင်တယ်…”


“ ကျွန်တော်အဆင်ပြေပါတယ်…” နျန်ယွီယီ ငြင်းပယ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် ပစ်ထိုင်ကာ မနက်စာကိုအလောတကြီးစားလိုက်သည်။


စားပြီးသည်နှင့် ဆို‌ဖာပေါ်တွင် လဲလိုက်ပြီး အပြည့်အဝအိပ်မောကျသွားကာ အပြင်မသွားမီ ခေတ္တခဏတာအနားယူရန် တောင်းဆိုလိုက်သည်။ သို့သော်လည်း ၎င်းအနားယူခြင်းမှာ နေ့လယ်စာစားပြီးချိန်အထိ သက်တမ်းတိုးသွားခဲ့ပြီး နေ့လယ်ခင်းအချိန်၌ သူတို့နှစ်ဦး ရိုက်ကွင်းစီသို့ထွက်လာလိုက်ကြသည်။


ရိုက်ကွင်းမှာ ရုပ်ရှင်စတူဒီယိုကို အနီးနားရှိမြို့တွင်တည်ထားခြင်းဖြစ်ပြီး ဟိုင်ဈေးမှ သုံးနာရီကြာမောင်းရသည့်နေရာတွင် တည်ရှိသည်။


သူတို့၏ အိလေးဆွဲနေသောထွက်ခွာချိန်နှင့်ပင် နျန်ယွီယီတို့နှစ်ဦး ရိုက်ကွင်းစီသို့ ညစာစားချိန်အတွင်း ရောက်ရှိသွားကြသည်။


“ ငါတို့ ဟိုတယ်အရင်ဝင်မလား ဒါမှမဟုတ် ရိုက်ကွင်းကိုတန်းသွားကြမလား…” ကျိုးအာ့ဟယ် ကားသော့ကိုကိုင်လျက်ဖြင့် အနောက်သို့လှည့်ကာ ဖုန်းထဲမျက်နှာနစ်လုမတတ်ဖြစ်နေသည့် နျန်ယွီယီကိုလှမ်းပြောလိုက်သည် “ မျက်စိမနာခင် ဖုန်းကိုအောက်ချထားလိုက်တော့…”


“ အစ်ကိုကလည်း ကျွန်တော့်ဆရာအို‌ကြီးတွေကြနေတာပဲ…” နျန်ယွီယီ အသံတိုးတိုးဖြင့်ရယ်လျက် ဖုန်းကိုအိတ်ကပ်တွင်းသို့ ထည့်လိုက်သည် “ ရိုက်ကွင်းစီသွားပြီး ဒါရိုက်တာကျန်းကို နှုတ်ဆက်တာပေါ့…”


သူတို့နှစ်ဦးသား ရိုက်ကွင်းစီသို့ ဦးတည်သွားကြပြီးနောက် လမ်းတလျောက်တွင် ညစာစားရန် ပြင်ဆင်နေကြသည့်အဖွဲ့သားများနှင့် ဆုံမိခဲ့သည်။


ဒါရိုက်တာကျန်းမှာမူ ရိုက်ကူးထားသည်များကို ပြန်ကြည့်ရင်းဖြင့် လက်ထောက်ဒါရိုက်တာနှင့် ခေါင်းချင်းဆိုင်၍ ငြင်းခုံနေသည်။


“ ဒါရိုက်တာကျန်း…” ကျိုးအာ့ဟယ်၏နှုတ်ခမ်းမှာ အနည်းငယ်ကော့တက်သွားပြီး နျန်ယွီယီကိုတွဲကာ အနီးသို့သွားလိုက်သည်။


နာမည်ခေါ်သံကြောင့် ကျန်းရွှယ်ယုံမှ မော့ကြည့်လာသည် “ အာ… နျန်ပဲ … သက်သာသွားပြီလား…”


“ အင်း…” နျန်ယွီယီ အနွေးထည်အိတ်ကပ်ထဲတွင် လက်ထည့်လျက်ဖြင့် ပြန်ဖြေလိုက်သည် “ မင်္ဂလာပါ ဒါရိုက်တာကျန်း…”


“ သက်သာသွားပြီးလို့ကြားရတာ ကောင်းပါတယ်ကွာ…” ဒါရိုက်တာကျန်းမှ လက်ထောက်ဒါရိုက်တာထံ ညစာသွားယူရန်လက်ပြလိုက်သည်။


“ ဒါရိုက်တာကျန်း ကျွန်တော် သရုပ်ဆောင်တာကို လေ့လာဖို့ သည်ကနေ့ညရိုက်ကွင်းမှာနေလို့ရမလားဗျ…” ရိုက်ကွင်းနေရာတွင် အချိန်များစွာ မနေခဲ့ခြင်းကြောင့် နျန်ယွီယီ၏မှတ်ဉာဏ်များမှာ အကန့်အသတ်ရှိနေခဲ့ကာ သူ့အားအန္တရာယ်ပြုနိုင်မည့်သူကို ရှာဖွေချင်မိသည်။


“ ရတာပေါ့… ခဏနေကြရင် မင်းအတွက် ညစာအပိုယူလာဖို့ ငါ့လက်ထောက်ကိုပြောလိုက်မယ်…” ကျန်းရွှယ်ယုံ ထွက်သွားရန်ထရပ်လိုက်စဉ် ပြောလာခဲ့သည်။ ဖျော်ဖြေရေးနယ်ပယ်၏ထိပ်တန်းအဆင့် ဒါရိုက်တာများထဲမှ နာမည်ကျော်တစ်ဦးအနေဖြင့် နျန်ယွီယီကဲ့သို့ လူသစ်တစ်ယောက်ကို အေစာရင်းအဆင့်သရုပ်ဆောင်အဖြစ် ရွေးချယ်ခဲ့ခြင်းမှာ ရိုးရှင်းလှစွာပင် သူနျန်ယွီယီ၏မျက်နှာကို နှစ်သက်သောကြောင့်ဖြစ်သည်။


ကျန်းရွှယ်ယုံသည် နျန်ယွီယီကို ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုတွင် မျက်စိကျခဲ့ပြီးနောက် တခဏအတွင်းမှာပင် ကျန့်သောင်အတွက် ကွက်တိကျသောဇာတ်ကောင်အဖြစ် အသိအမှတ်ပြုလိုက်ကာ ချက်ချင်းဆိုသလို လက်မှတ်ထိုးခဲ့သည်။


မည်သို့ပင်ဆိုစေကာမူ နှလုံးသားထဲမှ အရင်းရှင်တစ်ဦးအနေဖြင့် သူ ရိုက်ကွင်းပေါ်တွင် ငြိမ်းချမ်းမှုနှင့် လိုက်လျောညီထွေဖြစ်ရန်ကိုသာ ဆန္ဒရှိခဲ့သည်။ မည်သည့်အရေးမဆို သီးသန့်ဖြေရှင်းပေးနိုင်သော်လည်း ထပ်ပေါ်လာသည့် တောင်းဆိုမှုများကိုမူ သူလက်မခံနိုင်ပေ။


နျန်ယွီယီ၏မတော်တဆမှုအပြီးတွင် တစ်ပတ်နားရန် ခွင့်ပေးခဲ့သော်လည်း ကျိုးအာ့ဟယ်၏ ခေါင်းမာမာနှင့်စုံစမ်းချင်သည့်အရေးအပေါ် သူခွင့်မပေးခဲ့ချေ။


နျန်ယွီယီ သူ၏ခံစားချက်များကို ဖုံးကွယ်ထားလိုက်ပြီး ခပ်ဖွဖွရယ်လျက် နားနေခန်းဆီသို့ ဦးတည်လိုက်သည်။


ယာယီနားနေခန်းမှ ရိုက်ကွင်းနေရာနှင့် များစွာကွာဝေးခြင်းမရှိပေ။ ကျိုးအာ့ဟယ်မှ သန့်စင်ခန်းသုံးရန် ပြောပြီးနောက် နျန်ယွီယီကို တစ်ဦးတည်းထားခဲ့သည်။ နျန်ယွီယီလည်း ပျင်းရိနေသည့်အတွက် ရေပန်းစားသောခေါင်းစီးများကြည့်ရန်အလို့ငှာ ဖုန်းကိုသာထုတ်လိုက်ရသည်။


ယနေ့၏ထိပ်ဆုံးသတင်းမှာ လက်ရှိရိုက်ကူးနေသောဒရမ်မာ၏ ခေါင်းဆောင်မင်းသားဖြစ်သည့် နာမည်ကျော်သရုပ်ဆောင် ရှဲ့ယီကျိုး၏လေဆိပ်မှ ဓာတ်ပုံဖြစ်သည်။ နျန်ယွီယီ ပုံများကို လိုက်ကြည့်လိုက်မိသည်။ မငြင်းဆန်နိုင်သည့် ‌ရွှေရောင်အဆင့်ကိုယ်လုံးကိုယ်ပေါက်နှင့် ခြေတံရှည်ကြီးများမှာ အံ့မခန်းပင်။


မြင်ကွင်း‌တွင်နစ်မြုပ်နေခြင်းကြောင့် အနီးအနားရှိ တစ်စုံတစ်ဦးရောက်လာသည်ကို သတိမပြုမိလိုက်ဘဲ ထိုသူ့ထံသို့ တည့်တည့်ဝင်ရောက်သွားမိသည်။


တိုက်မိခြင်းကြောင့် နျန်ယွီယီအား ခြေတစ်လှမ်းဆုတ်လိုက်ရစေကာ ကျသွားသည့် ဖုန်းကိုပြန်မကောက်ခင် နျန်ယွီယီ နဖူးကိုပွတ်လျက်ဖြင့် တောင်းပန်လိုက်မိသည် “ တောင်းပန်ပါတယ် ကျွန်တော်သေချာမကြည့်လိုက်တာပါ အားနာလိုက်တာ…”



“ ရပါတယ်…” နက်ရှိုင်းသော သံလိုက်ကဲ့သို့အသံမှာ သူ၏ခေါင်းပေါ်မှ ထွက်ပေါ်လာပြီး နူးညံ့သည့်ချယ်လိုတေးသွားတစ်ခုကို အမှတ်ရသွားစေသည်။


အသံကောင်းကောင်းများကို သဘောကျသူတစ်ဦးအနေဖြင့် နျန်ယွီယီ ချက်ချင်းလိုပင် ထိုသူ၏စကားသံတွင် နစ်မြောသွားရကာ သူတိုက်မိသည့်လူထံသို့ မော့ကြည့်မိလိုက်သည်။


အနီရင့်ရောင်လက်အနားသားများနှင့် ထက်ရှပုံပေါ်သည့် အနက်ရောင်ဝတ်စုံမှာ ထိုအမျိုးသား၏ ဖြောင့်တန်းသောအရပ်ကို ပေါ်လွင်စေခဲ့သည်။ အနှီသူ၏ နက်ရှိုင်းမဲမှောင်သည့်မျက်လုံးများမှာမူ လျှို့ဝှက်ဆန်းကြယ်မှုများကို ဖုံးကွယ်ထားဟန်ရကာ နှုတ်ခမ်းများအား တင်းတင်းစေ့ထားခဲ့သည်။


“ ကျွန်တော် တကယ်ပဲတောင်းပန်ပါတယ်…” နျန်ယွီယီ ထပ်ပြောလိုက်မိသည်။ လက်သီးတင်းတင်းဆုပ်ထားခြင်းကြောင့် လက်သည်းများမှ သူ့ကို ခဏကြာနာကျင်သွားစေသည်။


ထိုအမျိုးသားမှာမူ တိတ်ဆိတ်ကာ အမူအရာကင်းမဲ့စေဆဲပင်။


အဆင်မပြေဖြစ်မှုကြောင့် နျန်ယွီယီ ထွက်သွားရန်ပြင်လိုက်သော်လည်း ဒါရိုက်တာကျန်း၏အသံကို ကြားလိုက်ရသည် “ လူကြီးမင်းဖန် ဆိုင်းမဆင့်ဘုံမဆင့်နဲ့ ဘယ်အရာကများ ကျွန်တော်တို့ရိုက်ကွင်းစီကို ခေါ်လာပေးတာလဲဗျ…”


ကျန်းရွှယ်ယုံ ကပျာကယာဖြင့် အနောက်မှကပ်လာကာ နျန်ယွီယီကို သူ၏နောက်သို့ပို့လိုက်သည်။ ထိုအခိုက် ဒါရိုက်တာကျန်း၏အနောက်မှ လက်ထောက်၏ စစ်ဆေးမေးမြန်းသော အသံတိုးတိုးတစ်ခု ထွက်လာခဲ့လေသည် “ သည်လူက ဖန်ကော်ပိုရေးရှင်းရဲ့ စီအီးအိုပဲ…ငါတို့ရဲ့ အဓိကရင်းနှီးမြုပ်နှံသူနော်… ဘာအမှားမှမဖြစ်ဘူးလို့ မျှော်လင့်ရမှာပဲ…”


မတော်တဆတိုက်မိသွားရုံလေးသာဟု နျန်ယွီယီပြောမည့်ဆဲဆဲတွင် လူကြီးမင်းဖန်အနောက်မှ လက်ထောက်ဖြစ်ဟန်တူသူ၏ စကားသံထွက်ပေါ်လာသည် “ လူကြီးမင်းဖန်က သည်နားမှာအစည်းအဝေးတစ်ခုရှိလို့ ပြီးတာနဲ့ တချက်လာကြည့်ဖို့ဆုံးဖြတ်လိုက်တာပါ…”


ဖန်ကော်ပိုရေးရှင်းသည် လက်ရှိရိုက်ကူးရေးတွင် သုံးသန်းတိတိရင်းနှီးမြုပ်ခဲ့သောကြောင့် အကြီးဆုံးရင်းနှီးမြုပ်နှံသူဖြစ်သွားခဲ့ပြီး ၎င်းတို့အနေဖြင့် ရိုက်ကူးရေးနေရာသို့ လာရောက်စစ်ဆေးသည်မှာ အတိအကျပင်သာမန်ဖြစ်သည်။


ဖန်ကျုံးချွမ်းမှာမူ ကျန်းရွှယ်ယုံထံသို့ တချက်ပင်မကြည့်ခဲ့ချေ။ သူ၏တင်းမာသောကိုယ်ဟန်ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည့်တိုင် တစ်ခါတစ်ရံတွင် သတိလက်လွတ်ဖြင့် သူ့အား‌မတော်တဆဝင်တိုက်မိသည့် လူငယ်လေးထံသို့ တချက်ကြည့်လိုက်မိသည်။ အဆိုပါလူငယ်လေး၏ နူးညံ့သောတောင်းပန်သံမှာ သူ၏စိတ်ထဲတွင် အဆက်မပြတ်ဆိုသလို ပြန်ပေါ်လာနေခဲ့သည်။


နျန်ယွီယီမှာမူ လက်ထောက်ဒါရိုက်တာထံမှ သိမ်သိမ်မွေ့မွေ့ဖြင့် ထွက်သွားခိုင်းခံလိုက်ရသည်။ သူမသွားခင် လူကြီးမင်းဖန်ထံ တစ်ချက်ခိုးကြည့်လိုက်မိပြီး ထပ်မံ၍ ထိုသူ၏ချောမောလှသောရုပ်ရည်ကြောင့် အံ့ဩမိသွားပြန်သည်။


ချမ်းသာပြီး ရုပ်ချောတယ် … တကယ်ကိုမနာလိုစရာပဲ…


နျန်ယွီယီ သူ၏ကိုယ်ဟန်ကို ဆက်လက်ထိန်းထားလိုက်ပြီး ပြန်လှည့်ကာ လက်ထောက်ဒါရိုက်တာ၏အနောက်မှ လိုက်ပါလာလိုက်သည်။


“ မင်းဘယ်သွားနေတာလဲ…” ကျိုးအာ့ဟယ်မှ အပြေးလာခဲ့သည် “ ငါမင်းကိုလိုက်ရှာတာ နှံ့နေပြီ…”


“ လမ်းမှားသွားတာ…” နျန်ယွီယီ ပျင်းတိပျင်းရွဲ့ဖြင့် အနားရှိကျောက်ခဲတစ်ခဲကို ကန်လိုက်ပြီး လက်ထောက်ဒါရိုက်တာထံ ပြောလိုက်သည် “ လက်ထောက်ဒါရိုက်တာကြီး အလုပ်စီပြန်သွားလို့ရပါပြီ…ကျွန်တော့်ဘာသာ နားနေခန်းစီသွားလိုက်လို့ရပါတယ်ဗျ…”


“ ကောင်းပါပြီ ညစာကိုမင်းစီပို့ပေးလိမ့်မယ်နော်… သဘောမကျရင်တော့ အပြင်ကမှာစားနော်…ရိုက်ကွင်းထဲထိတော့ လာပို့ခွင့်မရှိတဲ့အတွက် လက်ထောက်တွေက လာယူပေးလို့ရပါတယ်…” လက်ထောက်ဒါရိုက်တာမှာ ငယ်ရွယ်ချောမောသော်လည်း အပြုအမူကောင်းရှိသည့် နျန်ယွီယီအပေါ် စိတ်တိုင်းကျသွားခဲ့ပြီး မနေနိုင်ဘဲ ညီငယ်လေးတစ်ဦးသဖွယ် ဆက်ဆံမိခဲ့သည်။


“ ကျေးဇူးတင်ပါတယ်…”


လက်ထောက်ဒါရိုက်တာထွက်သွားသည်နှင့် ကျိုးအာ့ဟယ်မှ နျန်ယွီယီအား နားနေခန်းသို့ခေါ်သွားလိုက်ပြီး ပြောလာသည် “ မင်းရဲ့အပြစ်ရှိနေပုံရတဲ့ပုံကိုကြည့်ရုံနဲ့တင် တစ်ခုခုဖြစ်လာတယ်ဆိုတာ ငါပြောနိုင်တယ်…”


နျန်ယွီယီ ဖုန်းထုတ်၍ သူ၏ပုံရိပ်ကိုစစ်ကြည့်လိုက်သည် “ ကျွန်တော်က အပြစ်ရှိပုံပေါ်နေလို့လား…’


“ … သည်အတိုင်းစနေတာပါကွာ…” ကျိုးအာ့ဟယ် သူ၏အင်္ကျီလက်ကို ဆွဲကာပြောလာသည် “ သည်လိုဆို တကယ်ပဲ တစ်ခုခုဖြစ်ခဲ့တာပေါ့…. ဒါရိုက်တာနဲ့တော့ ပတ်သက်နေတာမဟုတ်ဘူးမလား…”


“ ဟင့်အင်း ကျွန်တော် မတော်တဆလူဝင်တိုက်မိတာပါ…”


“ အော် ငါက ကိစ္စအကြီးကြီးဖြစ်တယ်လို့ ထင်လိုက်မိတာ…” ကျိုးအာ့ဟယ်မှ အေးအေးလူလူပင် ခါးပေါ်လက်ထောက်လျက် ပြောလာသည် “ သည်လိုဆို ရိုက်ကူးရေးဝန်ထမ်းလား ဒါမှမဟုတ် တခြားသရုပ်ဆောင်တစ်ယောက်လား… ငါသူတို့ကို နို့လက်ဖက်ရည်ဝယ်တိုက်ပြီး တောင်းပန်လိုက်မယ်လေ…”


“ အာ အဲ့ဒါက လူကြီးမင်းဖန်ပါ…”


“ လူကြီးမင်းဖန်နာမည်နဲ့ တစ်ယောက်လား…” ကျိုးအာ့ဟယ်၏အသံမှ အနည်းငယ်တုန်ယင်သွားရသည်။


“ ဖန်ကော်ပိုရေးရှင်းရဲ့ စီအီးအိုလေ…” နျန်ယွီယီ အတည်ပြုပေးလိုက်သည် “ သည်တစ်ခေါက် ပရောဂျက်ရဲ့အဓိကရင်းနှီးမြုပ်နှံသူတဲ့.. အာ ဟုတ်တယ် ကျွန်တော်သူ့ကိုတိုက်မိသွားတာ…”


ကျိုးအာ့ဟယ် လက်များပင် တုန်သွားရသည်။


“ အစ်ကိုကျိုး အဆင်ပြေရဲ့လား…” နျန်ယွီယီ နှာခေါင်းကိုထိလျက်ဖြင့် ပြောလိုက်မိသည် “ လူကြီးမင်းဖန်ကိုကြည့်ရတာ စိတ်ဆိုးသွားပုံမရပါဘူး…”


“ သူမင်းကိုဖျော်ဖြေရေးနယ်ပယ်ထဲကနေ ထုတ်ပစ်ဖို့မပြောလိုက်ဘူးလား…”


“ အခုက ၂၁ရာစုနော်… ပြီးတော့ သည်အတိုင်းမတော်တဆသေးသေးလေးတစ်ခုပဲဟာကို…အစ်ကိုကပေါက်ကရတွေလျောက်တွေးနေတာပဲ…” နျန်ယွီယီ မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ပြောလိုက်သည် “ သည်တော့ ညစာကဘာတဲ့လဲ…”


“ အစောပိုင်းတုန်းက ညစာတွေယူလာတာတော့တွေ့တယ်…မင်းအတွက်ပါ တစ်ခုခုမှာလိုက်ရင်ကောင်းမယ်ထင်တယ်…”


“ ရတယ် ရတယ် မလိုတော့ဘူး…”


“ ကောင်းပြီလေ သည်လိုဆိုလဲ ငါ့အတွက်ပဲငါမှာလိုက်တော့မယ်… သည်နေရာက ဟင်းပွဲတွေအတွက် နာမည်ကြီးတယ်လေ… ငါးချိုချဉ်ဖြစ်ဖြစ် အရွက်နည်းနည်းလောက်ဖြစ်ဖြစ် အသီးအနှံတွေဆိုလဲကောင်းတာပဲ… ပြီးတော့…”


“ အစ်ကိုကျိုး…” နျန်ယွီယီ အပြုံးတစ်ပွင့်ဖြင့် ကျိုးအာ့ဟယ်၏ရေရွတ်သံကို ကြားဖြတ်ပြောလိုက်သည် “ ကျွန်တော်စိတ်ပြောင်းသွားပြီ… သည်ကထမင်းဘူးတွေရဲ့ ဖန်မလုပ်တော့ဘူး… ကျွန်တော့်အတွက်ပါ ထည့်မှာပေးပါ…”


မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး ကျိုးအာ့ဟယ် အလျင်ဆိုသလို ဟင်းအချို့ပါထပ်ပေါင်းကာ နှစ်ယောက်စာမှာလိုက်ပြီး ငွေပေးချေခြင်းကို အတည်ပြုလိုက်သည်။


“ နားနေခန်းစီသွားကြတာပေါ့…” ကျိုးအာ့ဟယ် လမ်းစလျှောက်လိုက်သော်လည်း သူတို့ဦးတည်နေရာသို့ လျှောက်လာသည့်တစ်စုံတစ်ယောက်ကို မြင်လိုက်ရချိန်၌ တောင့်ခဲသွားရသည်


 “ သောက်ကျိုးနည်း…”


“ ငါမဟုတ်တာတွေမြင်နေရတာလားဟေ… သည်နေ့ ရှဲ့ယီကျိုးက ရိုက်ကွင်းကနေ မပြန်သေးတာလား…”


“ သူဘာလို့သည်မှာရှိနေရတာလဲ…”



🫶