အပိုင်း ၂၇
Viewers 62k

အခန်း ၂၇

မင်းက ခွေးကိုတောင် စိန်ခေါ်ချင်နေတာလား?

ကွမ်းရှောင်ယီက တံခါးရဲ့အနောက်မှာပုန်း၍ သူမရဲ့အစ်ကိုတွေကို ချောင်းကြည့်လိုက်တဲ့အခါ... သူမရဲ့အစ်ကိုသုံယောက်က
ငါမူးပျံဟင်းကို အလုအယက်စားနေတာကို တွေ့လိုက်ရသည်။

တစ်ခြားစားသုံးသူတွေလိုပဲ ပုဖန်ရဲ့ဟင်းပွဲကိုစားသောက်တဲ့အချိန်မှာ ကောင်းမွန်တဲ့အရသာကြောင့် သူတို့ရဲ့မျက်နှာပော်မှာ ကျေနပ်ပျော်ရွှင်နေတဲ့ အမုအရာ အထင်းသား ပော်နေ၏။

ထို အခြေအနေက သူမကို အလွန်အံ့အားသင့်သွားစေ၏။ ပုဖန်ရဲ့ဟင်းပွဲတွေ အလွန်အရသာကောင်းတာကို သူမလက်ခံသော်လည်း...သူမရဲ့အစ်တွေက အရသာခံတဲ့နေရာမှာ အလွန်ပဲ အားနည်း၏။

ဟာ...ငါသိပြီ ဒီငါးမူးပျံဟင်းကိုချက်တဲ့နေရာမှာ သုံးတဲ့ဝိုင်က အရမ်းကိုအရသာပြင်းတယ်.. ငါးကိုနှပ်တဲ့အချိန်မှာ ဒီဝိုင်အရသာက ငါးအသားထဲစိမ့်ဝင်သွားပြီ ဒာကြောင့်ငါ့အစ်ကိုတွေ စားတဲ့အချိန်မှာ ငါးအရသာကိုမခံစားမိတော့ပဲ ဝိုင်အရသာကိုပဲခံစားမိလို့ဖြစ်မယ်...

ရှောင်ယီက မျက်ခုံးပင့်လိုက်ပြီး သူမအတွေးသာ အမှန်ယူဆပြီး စိတ်ကြီးဝင်နေလေ၏။

...............

အလောတကြီးစားစားနေတဲ့ လူရမ်းကားသုံးယောက်ကို ကြည့်ပြီး ပုဖန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။

ဒါပဲလေ...နောက်ဆုံးတော့လည်း အရသာရှိတဲ့ အစားအသောက်တွေရဲ့ ဆွဲဆောင်မှုကို ဘယ်လိုလူမျိုးမှ တောင့်မခံနိုင်ပါဘူး...

[ဂုဏ်ယူပါတယ် Host... မစ်ရှင်အတိုလေး ပြီးဆုံးသွားပါပြီ...မင်းရဲ့ဟင်းချက်စကေးကို အသုံးပြုပြီး ကွမ်းလူရိုင်းသုံးယောက်ရဲ့ လျှာကို သိမ်းပိုက်လိုက်နိုင်ပါပြီ...မကြာခင့မှာ ဆုလက်ခံရရှိပါလိမ့်မယ်...မင်း ချက်ပြုတ်ခြင်းနတ်ဘုရားဖြစ်လာရန် လျှောက်လှမ်းနေသည့်လမ်းမှာ တိုးတက်လာပေပြီ အလုပ်ကို ကြိုးစားပါ လူငယ်လေး]

System ရဲ့ ကြေငြာသံက သူ့စိတ်ထဲမှာ ထွက်ပေါ်လာသည့်နောက် စ်တ်ကျေနပ်စွာ တစ်ချက်ပြုံးလိုက်မိ၏။

ညီအစ်ကိုသုံးယောက်က ပထမဆုံးအကြိမ်အဖြစ် ကောင်းမွန်လွန်းတဲ့အရသာကို ခံစားမိခြင်းဖြစ်ပြီး...ထိုအရသာက သူတို့ရဲ့ အကြောအဆစ်တွေထဲထိ တိုးဝင်သွားသလိုမျိုး နူးညံ့သိမ်မွေ့မှုကို ခံစားရသည်။

သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ အေးမြတဲ့စွမ်းအင်တစ်ခုက လှည့်ပတ်နေပြီး ဝိုင်မှ ထွက်ပေါ်လာတဲ့ အပူရှိန်နဲ့ အချိုးကျကျရောနှောကာ သက်တောင့်သက်သာခံစားမှုကို ပေးစွမ်းနေလေ၏။ထိုသည်က သေသွားတဲ့သစ်တစ်ပင် ပြန်လည်လန်းဆန်းလာပုံနှင့်တောင် ဆင်တူသည်။

ထိုခံစားချက်ကို သူတို့တစ်သက်တာလုံး မေ့တော့မည် မဟုတ်ချေ။

"ဘယ်ရောက်သွားတာလဲ..!?ငါးတစ်ကောင်လုံး ကုန်သွားပြီလား? မင်းတို့က မင်းတို့အစ်ကိုကြီးရဲ့ အစားကိုတောင် လုစားရဲတယ်ပေါ့?"

နောက်ဆုံး လက်ကျန် ငါးအပိုင်းလေးကို ကွမ်းတိက ကောက်ယူလိုက်ပြီး ငါးပန်းကန် ပြောင်သလင်းခါသွားသည်ကို မြင်သောအခါ ကွမ်းကျန့် စိတ်ဆိုးသွားပြီး အော်လိုက်မိသည်။

ကွမ်းဝူကလည်း ငါးအရိုးကို လက်ဖြင့်ကိုင်၍ လျက်နေလေသည်။

သူတို့သုံးယောက်လုံးက သူတို့နှုတ်ခမ်းနှင့် လက်ချောင်းတွေကို လျှာဖြင့်လျက်၍ ငါးပန်ကန်ကို နှမြောတသ ကြီးစွာ စိုက်ကြည့်နေကြ၏။

"မင်းတို့စားလို့ပြီးသွားပြီလား?. ငါလောင်းကြေးနိုင်သွားပြီနော်...အခုပဲ ငါ့စားစရာတွေက အရသာရှိတဲ့အကြောင်း မင်းတို့ ဝန်ခံစကား ပြောကြတော့..."

ပုဖန်က ထိုသုံးယောက်ကို ခပ်တည်တည် စိုက်ကြည့်ရင်း ယုံကြည်မှု ရှိရှိပြောလိုက်လေသည်။

ကွမ်း လူရမ်းကားသုံးယောက်က ပုဖန်စကားကို ကြားသောအခါ စက်ရပ်ခံလိုက်ရသလိုမျိုး တောင့်တင်းတိတ်ဆိတ်သွားကြ၏။

သူတို့ရဲ့ အလောင်းအစားကို တကယ်ပင် မေ့နေလေပြီ။ငါးမူးပျံဟင်းကလည်း အရာအားလုံးကို မေ့သွားအောင် ဆွဲဆောင်နိုင်လွန်းတယ်လေ

"မိန်းမလျာလေး...မင်းကို ဘယ်လိုပြောပြရမလဲ..ငါတို့က ဟင်းပွဲကို ကုန်အောင် စားလိုက်တယ်ဆိုပေမယ့်လည်း... အရသာက အရမ်းအကောင်းကြီး မဟုတ်သေးဘူး.."

ကွမ်းကျန့်က သူ့လက်ချောင်းတွေကို လျက်နေရင်း တန်းလန်းကနေ ပုဖန်ကို တုံ့ပြန်လိုက်၏။

!ဟင်းပွဲက အရသာ သိပ်မကောင်းသေးဘူးဟုတ်လား?မင်းလျက်နေတဲ့ လက်ကိုပြန်ချပြီး ယုံအောင်လိမ်စမ်းပါ! 
ပုဖန် စိတ်ဆိုးစွာတွေးလိုက်မိ၏။

"ဟုတ်တယ်..ဟုတ်တယ်...ဟင်းပွဲက အရသာဆိုး.....ဆိုးတာတော့ မဟုတ်ပေမယ့် ကောင်းတယ်လို့တော့ ပြောမရသေးဘူး"

ကွမ်းတိ မျက်လုံးတွေက တောင်ကြည့်မြောက်ကြည့် ကြည့်နေရင်း ဝင်ပြောလိုက်သည်။

တံခါးနောက်မှာ ပုန်းနေတဲ့ ကွမ်းရှောင်ယီလည်း စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်နှာကို လက်ဖဝါးထဲ မှောက်ချထားလိုက်၏။

သူမရဲ့ အစ်ကိုသုံးယောက်သာ ဒီလိုမျိုး အရှက်မရှိ မျက်နှာပြောင်တိုက်ပြီး လိမ်ရဲပေလိမ့်မည်။

"အခု မင်း လောင်းကြေးရှုံးသွားပြီဆိုတော့...ငါတို့ညီမလေးကို ပြန်ပေးလိုက်တော့...မဟုတ်ရင် မင်းဆိုင်ကို ဖြိုချပစ်မယ်"

ကွမ်းဝူက အလွန် သမာသမတ်ရှိတဲ့ ပုံစံဖြင့် ခုံကို ဘုန်းကနဲ မြည်အောင် ပုတ်လိုက်ရင်း ခက်ထန်စွာပြောလိုက်ပေမယ့် သူ့လျှာက နှုတ်ခမ်းတွေကို လျက်နေသေးသောကြောင့် အပြောင်အပြက်လုပ်နေတာနဲ့သာ တူလေ၏။

ပုဖန်က မတုန်မလှုပ် အမူအရာမပျက် ရပ်နေတုန်းပင်။ထိုသူသုံးယောက်က သူ့ကို လှည့်စားချင်နေမှန်း အခုတော့ သူ ကောင်းကောင်းသဘောပေါက်သွားလေပြီ။

"ဝှိုက်တီ...သူတို့ဆီက ကျသင့်တဲ့ အဖိုးအခကို ယူထားလိုက်..ပြီးရင် အဝတ်တွေကိုချွတ်ပြီး ဆိုင်ပြင်ပစ်ထုတ်လိုက်"

ပုဖန်က ခပ်ပြတ်ပြတ်ပြောလိုက်ပြီး..ပန်းကန်တွေကို သိမ်း၍ မီးဖိုချောင်ဘက် ပြန်လှည့်လိုက်၏။

သူပြန်လှည့်လိုက်တဲ့ အချိန်မှာပဲ တံခါးနောက်မှာ ပုန်းနေတဲ့ ကလေးမလေးကို မြင်လိုက်ရ၏။သူမကို အချိန်ခဏလောက် စိုက်ကြည့်ပြီးနောက် ဘာစကားမှလဆိုမနေတော့ပဲ မီးဖိုချောင်ဆီသာ ဆက်လျောက်သွားလိုက်၏။

ကွမ်းရှောင်ယီ၏ မျက်လုံးကြည်ကြည်လေးတွေက ပြူးဝိုင်းနေပြီး ပုဖန်သွားရာနောက်ကို မလွှဲတမ်းလိုက်ကြည့်နေပေသည်။

သူမ အစ်ကိုသုံးယောက်က အရမ်းဒေါသထွက်နေတာတောင် ပုဖန်က ခပ်အေးအေးသာရှိနေသေး၏။အံသြစရာကောင်းပေသည်။ထိုသုံးယောက်ဒေါသထွက်လာလျင် မည်သူမှ ပြေးလွတ်လိမ့်မည်မဟုတ်ချေ။

သို့သော်...
ခဏလေးအတွင်းမှာပဲ...သူမမြင်လိုက်ရတဲ့မြင်ကွင်းက သူမကို ဆွံအသွားစေ၏။

သူမရဲ့ အစ်ကိုသုံးယောက်လုံးကို ရိုက်ချက် တချက်စီသာ အသုံးပြု၍ အပြင်ကို လွှင့်ပစ်လိုက်နိုင်တဲ့ ကြည့်ကောင်းတဲ့ အဖြူရောင် ရုပ်သးရုပ်ကိုမြင်လိုက်ရသည်။ 

အပြင်ကို လွှတ်ပစ်ခံလိုက်ရတဲ့အချိန်မှာ သူတို့ကိုယ်ပေါ်က အဝတ်အစားတွေ တစ်ခုမှ ရှိမနေတော့ပဲ ဖွားဖက်တော်လုံရုံဖုံးထားတဲ့ နံငယ်ပိုင်းတစ်ခုသာကျန် ရှိနေတော့သည်။

"အာ.....!!!"

ကွမ်းရှောင်ယီ အော်ဟစ်လိုက်ပြီး သူမရဲ့မျက်လုံးကို လက်ဖြင့် အလျင်အမြန်ကာလိုက်သည်။

"တော်တော်ညစ်ညမ်းတာပဲ.. အရမ်းကိုပဲ ညစ်ညမ်းလွန်းတယ်.. ဝှိုက်တီက ဒီလိုမျိုး တကယ်လုပ်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး"

ကွမ်းလူရမ်းကားသုံးယောက်ကလည်း မှင်သက်တုန်လှုပ်နေပေ၏။

"အစ်... အစ်ကိုကြီး ဒါ...ဒါ အရမ်းကြောက်စရာကောင်းလွန်းတယ်...ငါတို့ နည်းနည်းလေးမှ မလှုပ်ရသေးခင်မှာပဲ... ငါတို့အဝတ်တွေချွတ်ယူခံလိုက်ရပြီး အပြင်ပစ်ထုတ်ခံလိုက်ရပြီ"

သူတို့နာနာကျင်ကျင် ခံစားလိုက်ရသည် ဒီလိုအခြေအနေမျိုးနဲ့ သူတို့အဖိုးကို မျက်နှာချင်းဆိုင်ရဲတော့မည် မဟုတ်ချေ။

သူတို့အဖိုး ကွမ်းဇီက ဆဋ္ဌမအဆင့် (အင်ပါယာအဆင့်)တစ်ယောက်ဖြစ်ပြီး ..ပုဖန်ရဲ ရုပ်သေးရုပ်ကလည်း ထိုသို့သော အင်အားမျိုး ပိုင်ဆိုင်ထားလေသည်။

!သူကရော အင်ပါယာ တသ်ယောက်များလား??

"သေသင့်တဲ့ ခွေးသား...ဒီလို သေးငယ်တဲ့ အင်ပါယာမြို့လေးထဲမှာ ဘယ်လိုဖြစ်ပြီး ကြောက်စရာကောင်းတဲ့အရာတွေ ရောက်လာရတာလဲ "

ကွမ်းကျန့် အကူအညီမဲ့စွာ အော်ဟစ်လိုက်မိသည်။

အပေါက်ဝမှာ လှဲနေတဲ့ ခွေးနက်ကြီးက ခေါင်းထောင်လိုက်ပြီး စူးရှထက်မြက်တဲ့ အကြည့်တွေနဲ့ ကွမ်းကျန့်ကို စိုက်ကြည့်လိုက်သည်။

!ဘာ...?သေသင့်တဲ့ခွေးသား..ဟုတ်လား?မင်းကခွေးကိုတောင် စိန်ခေါ်ချင်နေတာလား?!

ရုတ်တရက်ကြီး ပြင်းထန်တဲ့ ဖိအားတစ်ရပ် သူ့အပေါ်ကျရောက်လာတာကို ကွမ်းကျန့် ခံစားလိုက်ရပြီး သူ့မျက်နှာက ဖြူစုတ်သွားသည်။

နောက်ဆုံ... သူ၏ခန္ဓာကိုယ်ကို အရှက်လုံရုံမျှ ဖုံးအုပ်ထားသော နံငယ်ပိုင်းလေးပာ ဖုန်မှုန့်များအဖြစ် ပေါက်ကွဲထွက်သွားသည်။

       ကွမ်းကျန့်၏ မျက်လုံးများက အသက်မဲ့သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျလျှက် ပြိုလဲသွားသည်။ ကွမ်းဝူနှင့် ကွမ်းတိက ရုတ်တရက်ဖြစ်သွားသော အဖြစ်အပျက်များကို လိုက်မမှီနိုင်သောကြောင့် တုန်လှုပ်ကြောင်အနေကြသည်။ 

သူတို့နှစ်ယောက်က ဆိုင်အတွင်းသို့ ကြောက်ရွံ့တစ်ကြီး ကြည့်လိုက်ပြီးနောက် သူတို့အကိုကို ဆွဲခေါ်၍ ပြန်ဆုတ်လိုက်ကြသည်။ သူတို၏ ရန်သူက သူတို့ရင်မဆိုင်လောက်အောင်အင်အားကြီးမားသောကြောင့် စစ်ကူပြန်ခေါ် ခြင်းမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ပေလိမ့်မည်။ 

ခွေးနက်ကြီးက ထိုညီအကိုသုံးယောက်ထွက်ပြေးသွားတာကို ကြည့်၍ သူ၏လှပသော အမွှေးများကို လျှာဖြင့်သပ်လိုက်ပြီး ပြန်အိပ်နေလေသည်။

ကျောက်ရူကျီနှင့်် အခြားသူများက လမ်းကြားကလေး၏ထိပ်တွင် ရပ်၍ ကွမ်းလူရမ်းကားသုံးယောက် ဆိုင်ကို ဖြိုချမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ 

သို့သော်လည်း အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် အ၀တ်မပါပဲ ပြေးထွက်လာသော လူသုံးယောက်ကို သူတို့မြင်လိုက်ကြရသည်။ 

သူတို့သုံးယောက်အထဲတွင် နှစ်ဦးက သူတို့၏ညီငယ်လေးကို လုံခြုံစေရန် နံငယ်ပိုင်းတစ်ခုစီဖြင့် ပတ်ထားကြသေးသော်လည်း တစ်ဦးမှာ ဘာအ၀တ်အစားမျှမပါပဲ မိမွေးတိုင်းဖမွေးတိုင်းပင် ဖြစ်နေသည်။ လူအုပ်ကြီးက ကြောင်အလျှက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး သူတို့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပေသည်။ 

"ဒါက ဘယ်လိုကြောက်စရာကောင်းတဲ့ငရဲမျိုးလဲ ကွမ်းလူရမ်းကားသုံးယောက်တောင်မှ ဒီလို အ၀တ်မပါပဲပစ်ထုတ်ခံရတာလား ဒီစားသောက်ဆိုင်လေးက အရမ်းကြောက်စရာကောင်းတာပဲ သူက ကွမ်းမိသားစု လက်တုံ့ပြန်မှာကို မကြောက်ဘူးလား....

ဆန်းချီရှန်းက အလွန်အံ့အားသင့်စွာဖြင့် အော်ဟစ်နေပြီး သူ၏ မျက်လုံးသေးသေးလေးများက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေပေသည်။

   ကျောက်ရူကျီက သူ၏မျက်ခုံးကို ပင့်လိုက်ပြီး ကြောက်ရွံ့စိတ်၀င်စားနေသော အမူအရာက သူ၏ခံ့ညားချောမောသော မျက်နှာပေါ်တွင် ပေါ်လွင်နေပေသည်။

သူက ဆန်းချီရှန်းတွေးတာထက်ပင် ပိုတွေးနေမိနေသေးသည်။ အင်ပါယာမြို့တော်အတွင်း လမ်းကြားထဲတွင် ဆိုင်သေးသေးလေး လာဖွင့်ထားပြီး ကွမ်းလူရမ်းကားသုံးယောက်ကိုတောင် ဒီလိုမျိုးတုံ့ပြန်ရဲတယ်...ဒီရုပ်သေးကလဲအရမ်းစွမ်းအားကြီးတယ် ... ဒီဆိုင်က.....မြင်နေရသ ရိုးရှင်းတဲ့ဆိုင်တစ်ဆိုင် ဖြစ်နိုင်ပါ့မလား...

အင်ပါယာမြို့တော်၏ လက်ရှိအခြေအနေက မတည်မငြိမ်ဖြစ်နေပြီး အနီးအနားပတ်၀န်းကျင်ရှိ ဂိုဏ်းများအတွင်တွင် ပုန်းအောင်းနေသော ပညာရှင်များ တည်ရှိနေကြသည်။ သေးငယ်သော စားသောက်ဆိုင် တစ်ဆိုင်က ရုတ်တရက်ပေါ်ပေါက်လာပြီး ကွမ်းလူရမ်းကားသုံးယောက်ကိုပင် ထိုသို ခွေးပြေး၀က်ပြေး ပြေးသွားစေခြင်းမှာ သေချာပေါက် ဆိုင်အတွင်းတွင် တစ်စုံတစ်ခု ရှိပေလိမ့်မည်။ 

ကျောက်ရူကျီက လေးလေးပင်ပင်နှင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ လက်ဝဲအမတ်ကြီး၏ သားတစ်ယောက်ဖြစ်သော သူ့အနေဖြင့် ပို၍ဆင်ခြင်တွေးတော နိုင်ရပေမည်။ ဤစားသောက်ဆိုင်ကို သူ့အနေဖြင့် နောက်တစ်ကြိမ် ရန်လုပ်ရဲတော့မည်မဟုတ်ပေ။

ဘုရားသခင် ဒီဟာက နောက်တစ်ကြိမ်ရှုံးနိမ့်မှုပဲ .. မရဘူး အဲဆိုင်ကို လက်စားချေရမယ်... သူ့ဆိုင်ကိုပိတ်ပစ်နိုင်အောင်ကို လုပ်ရမယ်...  

ဆန်းချီရှန်းက အော်ဟစ်လိုက်သည်။

ကျောက်ရူကျီက သူ၏မျက်လုံးများကို ကျဉ်းမြောင်း၍ ဆန်းချီရှန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် နားလည်ရခက်သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရှောင်မောင်နှမနှင့် တတိယမင်းသားကြီးတို့ ရောက်ရှိလာပြီး ကွမ်းညီအကိုသုံးယောက် အဝေသို့ထွက်ပြေးသွားသည်ကို မြင်တွေ့လိုက်ရသည်။  

"ကြည့်ရတာတော့.. ငါတို့တောင်၀င်စွက်ဖက်စရာမလိုတော့ဘူး... ဆိုင်ရှင်ပုက တစ်ကယ်ကို သာမာန်လူမဟုတ်ဘူးပဲ.. 

ဂျိချန်းရွဲ့က ထွက်ပြေးသွားသော လူရမ်းကားသုံးယောက်ကို ကြည့်၍ သူ၏မျက်နှာပေါ်တွင် သိမ်မွေ့သော်လည်း စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။

ပါရမီရှင်အမျိုးသမီး ရှောင်ယန်ယု၏ အတွေးက အခြားသူများထက် ပို၍ နက်ရှိုင်းပေသည်။ သူမက မျက်မှောင်ကျုံ့လိုက်ပြီး တခဏအတွင်း ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။  

သူတို့က ဆိုင်ဆီကို ဆက်မသွားကြပဲ ပြန်လှည့်ထွက်သွားကြသည်။ ကျောက်ရူကျိနှင့် ဆန်းချီရှန်းတို့လဲ ထိုနေရာမှထွက်ခွာသွားကြသည်။ သူတို့က ဆိုင်ငယ်လေး၏ အကြောင်းကို သေသေချာချာ သိရှိခြင်းမရှိသေးပဲ ပြသနာမရှာရဲကြတော့ချေ။

ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီးနောက် ပုဖန်လဲစားသောက်ခန်းကို ပြန်သွားလိုက်ပြီး ဝှိုက်တီ၏ ခန္ဓာကိုယ်ကို ပုတ်၍ ချီးကျူးပြောဆိုလိုက်သည်။

"စိတ်ပုပ်သူဌေး.. ငါအရင်ပြန်သင့်တယ်လို့ ထင်တယ်.. ဘာလို့လဲဆိုတော့ ငါ့အဖိုးက အရမ်းစိတ်ဆိုးပြီး ဒီနေရာကို ဖြိုချပစ်ဖို့ စစ်တပ်တစ်တပ်လောက်လွှတ်လိုက်မှာကို ငါစိုးရိမ်နေတယ် "

ကွမ်းရှောင်ယီက သူမပြောစကားကို ပုဖန် သဘောမတူပဲ သူမကို အ၀တ်ချွတ်မည်ကို စိုးရိမ်နေပြီး တုန်တုန်လှုပ်လှုပ်နှင့်ပြောလိုက်သည်။

ပုဖန်က အနည်းငယ်တုန်လှုပ်သွားပြီး ခေါင်းတစ်ညိမ့်ညိမ့်လုပ်၍ ပြောလိုက်သည်။

"ဒီနေ့က ခဏနေ ဆိုင်ပတ်တော့မှာဆိုတော့ နင်ပြန်ချင်ပြန်နိုင်တယ်... ဒါပေမယ့် မနက်ဖြန်နင် ပြန်လာရမယ် ... တစ်ပတ်စာအလုပ်လုပ်ရမှာ အခုမှ တစ်ရက်ပဲပီးသေးတယ်"

ကွမ်းရှောင်ယီက သိရှိကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီး စားသောက်ဆိုင်မှထွက်၍ ကွမ်းစံအိမ်ဆီသို့ အလျှင်အမြန် ပြေးလွှားသွားလိုက်သည်။ 

ပုဖန်က ပျင်းရိစွာ သမ်းဝေလိုက်ပြီး မီးဖိုချောင်အတွင်းသို့ ၀င်သွားလိုက်သည်။ သူရရှိထားသော ဆုများထဲမှ ရွှေဝါရောင်အသားပေါင်းဖက်ထုပ်ကို မပြုလုပ်ရသေးသောကြောင့် သူက စမ်းသပ်ချက်ကြည့် ချင်နေသည်။