Chapter 22
Viewers 5k

🫶Chapter 22




ရှဲ့ယီကျိုး တစ်ရက်စောလာပေးခြင်းမှာ အံ့ဩ‌ရမည့် ပျော်ရွှင်ဖွယ်ကိစ္စဟု ဒါရိုက်တာမှ အစပိုင်းတွင်ထင်ခဲ့မိသည်။ ထို့အပြင် နျန်ယွီယီသည်လည်း ထပ်တူကျသော ဒုတိယတစ်ခုကို ဆောင်ယူလာပေးခဲ့လေသည်။


နျန်ယွီယီ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ဒါရိုက်တာမှ နျန်ယွီယီလက်မောင်းကြားတွင် ကွေး‌အိပ်နေသည့် ကြောင်လေးကိုကြည့်ကာ အနည်းငယ်အံ့ဩသွားခဲ့သည်


 â€œ ဒါဆိုတော့ ကြောင်အမေကြီးက ဒဏ်ရာရလာခဲ့တာလား…”


“ ဟုတ်ပါတယ်…” နျန်ယွီယီ ကြောင်လေး၏ခေါင်းကိုပွတ်ပေးကာ ရှင်းပြလိုက်ပြီး ကြောင်လေးမှလည်း ချစ်စဖွယ် တမြောင်မြောင်အော်ကာ တုံ့ပြန်လာသည်။


“ အိုးး သူကအတော်လေးချစ်ဖို့ကောင်းတာပဲ…” ကြောင်ချစ်သူတစ်ယောက်ဖြစ်သော ဒါရိုက်တာကြီးမှ ပြောလာသည်


 â€œ ဒါလေးကို ပရိသတ်အတွက် အပိုဆုလို့သတ်မှတ်လိုက်တာပေါ့ကွာ… ရွာအဝင်နားမှာ တိ‌မွေးကုဆရာဝန်ဟောင်းကြီးတစ်ယောက်ရှိတယ်… အရင်ဆုံး ကြောင်ကိုအဲ့မှာသွားပြလိုက်ချည်… လိုအပ်လာရင်တော့ မြို့က တိရစ္ဆာန်ဆေးကုခန်းဆီ သူ့ကိုခေါ်သွားဖို့ ငါတို့လူရှာလိုက်တာပေါ့…”


“ အဲ့သည့် တိမွေးကုဟောင်းကြီးက ရွာမှာကုလာပေးတာ နှစ်အတော်ကြာနေပြီ… တစ်ခါတလေကျရင် သူ့ရဲ့အတွေ့အကြုံက မြို့ကဆရာဝန်တွေကိုတောင် ကျော်သွားသေးတယ်…” ဒါရိုက်တာကြီးမှ ရိုက်ကွင်းပစ္စည်းအစိတ်အပိုင်းတစ်ခုပေါ်တွင် ထိုင်ကာ ပေါ့ပေါ့ပါးပါးပြောလာသည် “ ငါ့ကြောင်လေးတွေထဲက တစ်ကောင်ကြောင်ရူးပြန်တုန်းကဆိုရင် သူ့ကိုနောက်ဆုံးကုပေးတဲ့သူက အဲ့ဆရာဝန်ကြီးပဲလေ…”


“ ဘယ်လိုပဲဖြစ်ဖြစ် သည်လိုအတွေ့အကြုံများတဲ့ တိမွေးကုဆရာဝန်ကြီးတွေက ရှားပါးပြီးလာခဲတယ်ကွ… ကျွမ်းကျင်တဲ့တစ်ယောက်နဲ့တွေ့ဖို့ဆိုတာ မင်းကံအပေါ်ပဲမူတည်နေတာ…” တချိန်က သူနောက်‌ဆုံးသောကောက်ရိုးတစ်မျှင်အနေဖြင့် အကူအညီတောင်းခံခဲ့မိပြီး ကြောင်ရူးပြန်ရောဂါကို အံ့ဩဖွယ်ကောင်းစွာ ကုသနိုင်ခဲ့သည်။


“ ဒီလိုဆိုလည်း ကောင်းပါပြီ…” နျန်ယွီယီ အထဲသို့တချက်ကြည့်လိုက်သည် “ ကျွန်တော်အရင်သွားနှင့်ပါမယ်…”


“ ခဏလေး…” ဒါရိုက်တာကြီးမှ အော်ပြောလာသည် “ မင်းအသံဖမ်းစက်တွေ မတပ်ရသေးဘူးလေ… ဘာတွေလောနေတာလဲ…”


ဒါရိုက်တာမှ ရိုက်ကူးရေးအဖွဲ့သားများအား ရှဲ့ယီကျိုးနှင့် နျန်ယွီယီတို့ကို မိုက်ခရိုဖုန်းများတပ်ပေးရန် ညွှန်ကြားလိုက်သည် “ ဒီဗီဒီယိုက မနက်ဖြန်မနက်အတွက် အစမ်းလွှင့်တာလေးအဖြစ် ပါသွားလိမ့်မယ်…”


“ ကောင်းပါပြီ…” ရှဲ့ယီကျိုး နျန်ယွီယီ၏ပုခုံးကိုဖက်လျက် ပြောလိုက်ပြီးနောက် ရွာဝင်ပေါက်ဆီသို့ နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားလိုက်သည်။


သည်လောက်တောင် မရိုးသားတဲ့လှုပ်ရှားမှုမျိုး…


ဒါရိုက်တာကြီးမှ သူ၏ပါးလျနေသော ဆံပင်လေးများကိုပွတ်လျက် သည်တစ်ခေါက်ရာသီ၏ နောက်ဆုံးအပိုင်းတွင် ကျန်ရှိနေသေးသော သူ့ဆံပင်မွှေးအနည်းငယ်ထပ်ကျွတ်လာမည့်အပေါ် တွေးကြောက်နေမိသည်။


တောင်ပေါ်‌ရွာလေးသည် လူဦးရေနည်းပါးပြီး နေရာကျယ်ပြန့်သောကြောင့် အစွန်ဘက်သို့ရောက်ရန် အချိန်အနည်းငယ်ယူလိုက်ရသည်။


ရိုက်ကူးရေးအဖွဲ့သားတစ်ဦး၏ လမ်းပြချက်နောက်လိုက်ကာ နျန်ယွီယီနှင့်ရှဲ့ယီကျိုးတို့ အိမ်ငယ်လေးတစ်ခုရှေ့တွင် ရပ်လိုက်မိကြသည်။


ကျေးလက်ဒေသများတွင် များသောအားဖြင့် တံခါးများကိုဖွင့်ထားလေ့ရှိကြသည်။ သို့သော်လည်း တံခါးပွင့်နေရုံဖြင့် အိမ်ရှင်အိမ်တွင်ရှိသည် မရှိသည်မှာမူ အာမမခံနိုင်ပေ။


လှမ်းအော်ခေါ်လိုက်သော်လည်း ပြန်ထူးမလာသည့်နောက်တွင် ရှဲ့ယီကျိုးနှင့် နျန်ယွီယီတို့ တိမွေးကုဆရာဝန်ကြီးပြန်အလာကိုသာ အိမ်ရှေ့တွင်စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်ကြသည်။


နာရီဝက်ကုန်လွန်ပြီးနောက် နျန်ယွီယီ ကြောင်လေးများနှင့်အတူ ထိုင်လိုက်ထလိုက်လုပ်ကာ ရယ်မောနေမိသည်။


တစ်နာရီအကြာတွင်မူ နျန်ယွီယီ သူ၏နာကျင်နေသောခြေထောက်များကို ဆန့်ထုတ်ရန် မတ်တတ်ထရပ်လိုက်သည်။


နှစ်နာရီပြည့်ပြီးချိန်၌ နျန်ယွီယီ နောင်မှပြန်လာရန် တွေးမိချိန်တွင် ခြံတံခါးတွန်းဖွင့်လိုက်သံနှင့် ခြေသံများထွက်ပေါ်လာသည်။


ငွေ‌မှင်ရောင်ဆံပင်များနှင့် လူအိုကြီးတစ်ဦးမှာ သူတို့အနားရောက်လာပြီး သူ၏ကျောကုန်းပေါ်တွင်မူ တောင်းတစ်တောင်းနှင့်ပေါက်ပြားသေးသေးလေးတစ်ခုကို သယ်ဆောင်ထားသည်။


“ ဘာကူညီပေးရမလဲ…” ထိုသူမှ သူတို့နှင့်တစ်မီတာခန့်အကွာတွင်ရပ်၍ နျန်ယွီယီကိုစကားပြောရန် ပေါက်ပြားနှင့်လက်ပြလိုက်သည်။


“ ကျွန်တော်တို့ကြောင်လေးတွေတွေ့လာတာ ကြောင်‌အမေကြီးက နောက်ခြေထောက်မှဒဏ်ရာရနေလို့ပါ…” နျန်ယွီယီ ထောင့်နားမှကတ်ထူပုံးကိုမကာ တိမွေးကုဆရာဝန်အိုကြီးထံပြလိုက်သည်။


ဆရာဝန်ကြီးမှ ငုတ်တုတ်ထိုင်ကာ အိမ်မွေးကြောင်လေး၏‌ ခြေထောက်ကိုစစ်ဆေးလိုက်သည်။


“ ကြည့်ရတာ ကြောင်မလေးက ကားတိုက်ခံရပုံပဲ… အရိုးတော့မကျိုးသွားပေမယ့် ပွန်းရာပဲ့ရာတွေကတော့ ပြင်းထန်တယ်…”


လူအိုကြီးမှာ ထရပ်ရန်ခက်ခဲနေသောကြောင့် နျန်ယွီယီ အပြေးလာကာကူညီပေးလိုက်သည် “ ဆရာကြီးဆီမှာ လိမ်းဆေးလေးများ ရှိမလားမသိဘူး…”


“ အင်း ငါမင်းအတွက်သွားယူပေးမယ်…” လူအိုကြီးမှ သူ၏ပေါက်ပြားနှင့်ခြင်းတောင်းကို တံခါးဝတွင်ချကာ အိမ်ထဲသို့ဝင်သွားခဲ့သည်။


ခဏအကြာတွင် ဆေးပုလင်းငယ်တစ်ပုလင်းနှင့်အတူ ပြန်ရောက်လာခဲ့လေသည် 


“ ဒီပုလင်းမှာက ဆေးမှုန့်ပါတယ်… တစ်နေ့ကိုနှစ်ကြိမ် မနက်တစ်ခါ ညနေတစ်ခါလိမ်းပေးလိုက်ချည်…ပြီးရင်အနာကိုပတ်ထားပေးလိုက်ပေ့ါ… ဒါက ခွေးကောကြောင်ကော ဘယ်သူလိမ်းလိမ်းသင့်တော်တယ်…”


“ ကျေးဇူးအများကြီးတင်ပါတယ်…” နျန်ယွီယီ ဖုန်းကိုထုတ်ကာငွေပေးချေရန် ပြင်လိုက်ပြီးနောက်မှသာ လူအိုကြီးသည်ငွေသားကိုသာ လက်ခံကြောင်းသတိပြုမိသွားသည်။


တခဏတာ ကူကယ်ရာမဲ့သွားသောကြောင့် နျန်ယွီယီ မသိစိတ်မှ ရှဲ့ယီကျိုးထံလှမ်းကြည့်မိလိုက်သည်။


“ ငါရှိပါတယ်ကွာ…” ရှဲ့ယီကျိုး နျန်ယွီယီ၏ဆံပင်ကို ပွတ်ပေးမိလိုက်သည်။


ရှဲ့ယီကျိုး သူ၏အိတ်ကပ်ထဲမှ ငွေသားထုတ်လာမည်ဟု နျန်ယွီယီ ထင်မိခဲ့သည်။ သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ ရှဲ့ယီကျိုးမှ အနောက်သို့လှည့်ကာ ရိုက်ကူးရေးအဖွဲ့သားထံ ငွေတောင်းလိုက်သည်။


နျန်ယွီယီ : “.....”


သူသည်ကြောင်လေးနှင့် ဆော့ကစားရန် အလွန်စိတ်အားထက်သန်နေခြင်းကြောင့်သာ အနောက်မှ ရိုက်ကူးရေးအဖွဲ့သားကို မေ့သွားခြင်းဖြစ်သည်။


လူအိုကြီးမှ ဆယ်ယွမ်ကိုသာ တောင်းခံခဲ့သော်လည်း နျန်ယွီယီ ထိုအစားယွမ်တစ်ရာပေးလိုက်သည် “ အဘိုး ကျွန်တော်တို့က နောက်ရက်နည်းနည်းနေကြရင် ပြန်လာရဦးမှာ… ကြောင်ပေါက်လေးတွေက အရမ်းငယ်သေးတော့ ဖျားနာနိုင်သေးတယ်လေ…”


“ ဒီလိုဆိုရင် မင်းကိုတခြားဟာပေးလိုက်မယ်…” လူအိုကြီးမှ အိမ်ထဲသို့ပြန်ဝင်ကာ အိတ်တစ်လုံးနှင့်အတူပြန်ရောက်လာသည်


 â€œ ဒါက သည်နှစ်မှလတ်လတ်ဆတ်ဆတ်အခြောက်ခံထားတဲ့ မျှစ်ခြောက်တွေလေ…”


ငြင်းပယ်လိုက်လျှင် ရိုင်းပြရာကျမည်စိုးသောကြောင့် နျန်ယွီယီ ပြုံးလျက်လက်ခံလိုက်သည် “ ကျေးဇူးတင်ပါတယ် အဘိုး…”


လယ်တောအိမ်သို့ပြန်ရောက်ချိန်၌ နျန်ယွီယီ မျှစ်ခြောက်များကို ဂုဏ်ယူစွာထုတ်ပြကာ ဒါရိုက်တာကြီးထံ ကြွားလိုက်သည်။


သူတို့၏ရသစုံရှိုးတွင် ဧည့်သည်များမှာ ဒါရိုက်တာကြီးထံမှ ဟင်းချယ်အမယ်များရရန်အတွက် တာဝန်များကို ပြီးမြောက်ရမည်ဖြစ်သည်။ ကြောင်လေးကို ဆေးခန်းသွားပြရုံဖြင့် အပြန်အလှန်အနေနှင့် မျှစ်ခြောက်များရလာသည်ဖြစ်ရာ နျန်ယွီယီ မနေနိုင်ဘဲ အနှီတွန့်တိုသောဒါရိုက်တာကြီးရှေ့တွင် ကြွားဝါမိလိုက်သည်။


ဒါရိုက်တာကြီးမှာမူ နျန်ယွီယီ ထိုမျှအထိကံကောင်းလိမ့်မည်ဟု မထင်ထားသောကြောင့် ဆွံ့အနေရသည်။


အစောပိုင်းတွင် နျန်ယွီယီမှာ ရွာထဲသို့ဆရာဝန်အိုကြီးကို သွားရှာရန်အလျင်လိုနေရသောကြောင့် ဒါရိုက်တာနှင့်အိမ်ရှေ့တွင်သာ အကြမ်းဖျင်းစကားပြောဆိုခဲ့ရပြီး အခြားဧည့်သည်များနှင့် တွေ့ဆုံရန်အခွင့်မသာလိုက်ချေ။


နျန်ယွီယီ ‌လယ်တောအိမ်သို့ပြန်ရောက်ချိန်၌ ဧည့်သည်များမှာ အဓိကဝင်ပေါက်ရှိ ခြံဝန်း‌တွင်စောင့်ဆိုင်းနေကြပြီးဖြစ်သည်။


ဧည့်သည်တော်သုံးဦးလုံးမှာ ပထမရာသီတွင်ပါဝင်ခဲ့ကြသူများဖြစ်ပြီး ဖျော်ဖြေရေးနယ်ပယ်ရှိ ဝါရင့်သမ္ဘာရင့်များဖြစ်ကြသည်။ သူတို့အားလုံး ပေါ့ပေါ့ပါးပါးဝတ်စားထားကာ တံခါးဝတွင်ငုတ်တုတ်ထိုင်လျက် ဒါရိုက်တာကြီးကို စိတ်အနှောင့်အယှက်ပေးနိုင်ခဲ့သည့် သူတို့၏အောင်မြင်မှုအပေါ် တဟားဟားရယ်နေကြသည်။


အရမ်းခံစားလို့ကောင်းတာပဲ….


တကယ်ကျေနပ်စရာကောင်းတယ်… စည်းကမ်းကြီးတဲ့ဒါရိုက်တာတောင် သည်ကနေ့တော့ အရှုံးနဲ့ရင်ဆိုင်လိုက်ရတယ်လေ။




🫶