Chapter 26
Viewers 5k

🫶Chapter 26




နျန်ယွီယီ အသားဟင်းပြင်ဆင်ရန်အတွက် ရှဲ့ယီကျိုးနှင့် ကျွမ်းရုံတို့ လိုလိုမယ်မယ်ငါးသွားဖမ်းလိုက်ကြသည်။


ငါးမှာ လယ်ကွင်းများထဲတွင် ကြီးပြင်းလာသည်ဖြစ်ရာ အရွယ်အစားများစွာကြီးမားခြင်းမရှိနေခဲ့ပေ။


ညနေခင်း နျန်ယွီယီ အသီးအရွက်ဟင်းများအားလုံးပြင်ပြီးချိန်၌ ရှဲ့ယီကျိုးနှင့်ကျွမ်းရုံတို့သည်လည်း ပြန်ရောက်လာကြသည်။


“ အရင်ဆုံးနားလိုက်ပါဦး…” ယခင်ညကတည်းက ပြင်ဆင်ထားခဲ့သော သကြားနှင့်ဆားစိမ်ထားသည့် သံပုရာရည်ကို ဖန်ခွက်နှစ်လုံးထဲသို့လောင်းထည့်ကာ ခြံဝန်းထဲမှ စားပွဲပေါ်တင်ပေးလိုက်ပြီး နှစ်ဦးသားကိုအနားယူရန် ခေါ်လိုက်သည်။


အစပိုင်းတွင် ကျွမ်းရုံ ငြင်းပယ်ချင်ခဲ့သည်။ သူမသည် ယခုနှစ်တွင် အသက်လေးဆယ်ပြည့်မည်ဖြစ်ကာ သက်လတ်ပိုင်းအရွယ်ထဲသို့ ဝင်ရောက်လာသောကြောင့် ကိုယ်အလေးချိန်မတက်စေရန် သကြားပါသောအရာများကို စားခဲလှသည်။


သို့သော်လည်း နျန်ယွီယီ၏စေတနာကို မငြင်းချင်ရုံသာမက ရေငတ်သည်ဟု ခံစားမိသောကြောင့် တစ်ငုံသောက်လိုက်ရာ နျန်ယွီယီမှာ သူမအတွက် ဆားသာပါသောဖျော်ရည်ကို သီးသန့်ဖျော်ပေးထားကြောင်း သိလိုက်ရသည်။


သံပုရာသီးစိတ်များပါသည့် ဖန်ခွက်ကိုကိုင်ကာ ကျွမ်းရုံခေါင်းငုံ့၍ နူးနူးညံ့ညံ့ပြုံးလိုက်မိသည်။


သည်လိုစဉ်းစားတတ်တဲ့ကလေးလေးက အရမ်းလိမ္မာတာပဲ…


ပြီးတော့အရမ်းလည်းချစ်ဖို့ကောင်းတယ်။


အဆုံး၌ ဗုဒ္ဓတံတိုင်းဖြတ်ကျော်ဟင်းပွဲကို မချက်ခဲ့ချေ။


၎င်းတွင် ပါဝင်ပစ္စည်းအလွန်များပြီး အချိန်များစွာကုန်မည်ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့မှ လုံလောက်သည်အထိ မပြင်ဆင်နိုင်ခဲ့ပေ။ ဤသို့ဖြင့် ကျန်းရွှယ်ယုံသည်လည်း လျူထျန်းချမ်နှင့်ကျန်သူများကို နောင်တရစွာဖြင့် လက်လွှတ်ပေးလိုက်ရလေသည်။


လျူထျန်းချမ်မှာမူ အေးစက်စက် လှောင်ရယ်သံတချက် ထုတ်ဖော်ခဲ့ပြီး‌နောက်တွင် ခွန်အားမကျန်နေခဲ့ပေ။


ညစာစားပြီးချိန်၌ နျန်ယွီယီမှာ ပင်ပန်းလွန်သောကြောင့် လက်တစ်ချောင်းကို မမနိုင်တော့သဖြင့် အိပ်ရာတွင်လဲလျက် မျက်နှာကြတ်ပေါ်သို့ ကြောင်ကြည့်နေမိသည်။


“ အရင်ဆုံးရေချိုးလိုက်ဦး…” ရေချိုးခန်းမှထွက်လာသည့် ရှဲ့ယီကျိုးမှာ သူ၏စိုစွတ်နေသေးသောဆံပင်တွင် ရေစက်များတစက်စက်ကျနေခဲ့သည်။ ရှဲ့ယီကျိုး ပဝါအခြောက်တစ်ထည်ကို လည်ပင်းတွင်ပတ်ကာ ပြောလိုက်လေသည် “ ငါမင်းအတွက် ရေအပူချိန်ကို ချိန်ထားပေးခဲ့တယ်…”


“ အင်းးးး “ နျန်ယွီယီ အားလျော့စွာပြန်ဖြေလိုက်ပြီး ထရပ်ရန် အတင်းကြိုးစားလိုက်ရကာ နာကျင်နေသည့်ခြေထောက်များကို တရွတ်တိုက်ဆွဲ၍ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်သည်။


ရေမိုးချိုးပြီးသည်နှင့် နျန်ယွီယီ အိပ်ရာပေါ်လဲကျကာ တချိုးတည်းအိပ်ပျော်သွားခဲ့သည်။


နောက်တစ်နေ့ရိုက်ကူးရေးမှာမူ များစွာပို၍ချောမွေ့နေသည်။


နျန်ယွီယီ ခြံဝန်းထဲသို့ခြေချလိုက်ချိန်၌ အားလုံးမှာ မနက်စာစားပြီးကြပြီးဖြစ်သည်။


ကျွမ်းရုံ နျန်ယွီယီကို လက်ယပ်ခေါ်လိုက်သည် “ လာလာ မင်းအတွက် ဆန်ပြုတ်ချန်ထားတယ်…”


သမ်းဝေလျက် နျန်ယွီယီ သူတို့ထံသွားလိုက်သည်။ သူထိုင်ချလိုက်ချိန်၌ ကျန်းယန်၏ခပ်ထေ့ထေ့နှာမှုတ်သံကို ကြားလိုက်ရလေသည်။


ရှဲ့ယီကျိုးမှ ချက်ခြင်းဆိုသလို ကျန်းယန်ထံ အေးစက်စက်အကြည့်တချက်ပစ်လွှတ်လိုက်သည် “ မစားချင်ရင်လည်း ထွက်သွားလိုက်တော့…”


တိုက်ရိုက်ကျပြီး ကြမ်းတမ်းပေမယ့် ထိရောက်မှုရှိတယ်…


ဒါရိုက်တာကြီးသည်လည်း ကျန်းယန်ထံ စိတ်ပျက်နေသည့်အကြည့်ဖြင့်ကြည့်ကာ အဘယ့်ကြောင့်ပထမဆုံးအပိုင်းတွင် ဖိတ်မိသည်နည်းဟု နောင်တရနေခဲ့သည်။


“ ဘဝဆိုတာ မြင်တဲ့အတိုင်း တက်လိုက်ကျလိုက်ပေါ့လေ…” လက်ထောက်ဒါရိုက်တာမှ ဒါရိုက်တာကြီး၏ဘေးတွင်ရပ်လျက် မှတ်ချက်ပေးလာသည် 


“ အစတုန်းကတော့ ဖုန့်ဟွာက နျန်ယွီယီကိုတွန်းပို့လာလို့ ခင်ဗျားဝန်လေးနေပေမယ့် အကွက်ကောင်းဖြစ်သွားရတယ်လေ… အခုကျတော့ကော ကျချိန်နဲ့ရင်ဆိုင်နေရပြန်ပြီမလား…”


ဒါရိုက်တာကြီးမှ ခဏကြာတွေးလိုက်ပြီးနောက် အားပြန်တက်လာခဲ့သည်။


“ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းယန်က တစ်ပိုင်းထဲပါတာပဲဟာ… ဟိုဖြတ်သည်ဖြတ်နဲ့ဆိုရင် ကြည့်လို့တော့ရပါသေးတယ်…”


ပထမတစ်ပိုင်းရိုက်ပြီးနောက် ဒါရိုက်တာမှ လူတိုင်းကိုအားလပ်ရက်ပေးခဲ့ပြီး ဒုတိယအပိုင်းမှာ လာမည့်အပတ်တွင် ရိုက်ကူးမည်ဖြစ်သည်။


ကြောင်လှောင်အိမ်ကိုသယ်လျက် နျန်ယွီယီ ကျွမ်းရုံနှင့်ကျန်သူများကို နှုတ်ဆက်စကားဆိုတာ ရိုက်ကူးရေးအဖွဲ့မှ စပွန်ဆာပေးထားသည့်ကားပေါ်တက်လိုက်သည်။


“ အိမ်ပြန်ကြမယ်ဟေ့…” နျန်ယွီယီ ကြောင်လှောင်အိမ်ကို အနောက်ဘက်ထိုင်ခုံတွင် သတိထား၍ချလိုက်ပြီး မလှုပ်‌နေစေရန် ခါးပတ်ပတ်ပေးလိုက်သည်


 â€œ ဒီမှာခဏလေးနေဦးနော်… သိပ်မကြာခင်မှာပဲ အိမ်ရောက်တော့မှာပါ…”


ရှဲ့ယီကျိုး ကြောင်စာဘူးကို ကျွမ်းကျင်စွာဖွင့်ကာ ကြောင်လှောင်အိမ်တွင်းသို့ ထည့်ပေးလိုက်သည်။


“ ကျွန်တော် တိရစ္ဆာန်ခရီးသွားလာခွင့်အတွက် စစ်ဆေးဖို့လိုဦးမယ်…” နျန်ယွီယီမှ ဖုန်းကိုရှာရင်း ပြောလိုက်မိသည်။


“ မလိုဘူး…” ရှဲ့ယီကျိုးမှ နျန်ယွီယီ လက်ကောက်ဝတ်ကိုကိုင်ကာ ပြောလာခဲ့သည် “ မင်းဘာလို့ပိန်နေသေးတာလဲ…”


“ ရိုက်ကူးရေးကပင်ပန်းတယ်လေ… ဘာပဲဖြစ်ဖြစ် ရက်နည်းနည်းကြာပြီးရင် ပြန်ကောင်းသွားမှာပဲဟာ…” နျန်ယွီယီ သူ၏လက်ကောက်ဝတ်ကိုကြည့်ပြီး ပြောလိုက်မိသည် “ ပြီးတော့ ကျွန်တော်ဘယ်နားကဝိတ်ကျသွားလို့လဲ…”


“ မင်းဝိတ်ကျသွားပါတယ်…” ရှဲ့ယီကျိုးမှ ထပ်ပြောလာသည်။


“.....”


စကားလမ်း‌ကြောင်းပြောင်းရန်ဆုံးဖြတ်လိုက်ပြီး နျန်ယွီယီ မေးလိုက်သည် “ တိရစ္ဆာန်ခရီးသွားလာခွင့်မရှိဘဲ ကျွန်တော်တို့ဘယ်လိုပြန်ကြမှာလဲ…”


ပင်လယ်ကိုဖြတ်ရမှာလေ… လှေနဲ့ပြန်ဖို့မှ မဖြစ်နိုင်တာကြီးကို…


တကယ်သာ အဲ့သည့်လမ်းအတိုင်းသွားရင် အိမ်ပြန်ရောက်တာနဲ့ ရိုက်ကူးရေးလုပ်ဖို့အချိန်ဖြစ်နေလိမ့်မယ်။


“ ကိုယ်ပိုင်ဂျက်နဲ့…” ရှဲ့ယီကျိုးမှ စကားလုံးတိုင်း ရွှေနှင့်ချိန်ပေးထားရသကဲ့သို့ တစ်လုံးချင်းစီပြောလာသည်


 â€œ အဲဒါက လေဆိပ်မှာစောင့်နေတယ်…”


!!?



ချမ်းသာကြွယ်ဝသောမိသားစုမှလာသည့် ရှဲ့ယီကျိုး၏အဆင့်အတန်းကို နောက်မှပြန်မှတ်မိသွားပြီး နျန်ယွီယီ ကူကယ်ရာမဲ့စွာဖြင့် သွားဖြီးပြလိုက်ရသည်။


ကမ္ဘာပေါ်မှာ လူချမ်းသာတွေအများကြီးရှိပေမယ့် ငါဘာလို့သူတို့ထဲကတစ်ယောက်မဖြစ်နေရတာလဲ…


ကိုယ်ပိုင်ဂျက်လေယာဉ်ဖြစ်သောကြောင့် တန်းစီနေရန်မလိုခဲ့ချေ။ နျန်ယွီယီ အိမ်သို့ထိုညတွင်ပင် ရောက်လာခဲ့ပြီး သူ၏ကြောင်လေးများကို ဧည့်ခန်းထဲတွင်နေရာချကာ ညအတွက်ယာယီအိပ်ရာအဖြစ် စောင်တစ်ထည်ခင်းပေးလိုက်သည်။


ရေမိုးချိုးပြီးသည်နှင့် နျန်ယွီယီ ခေါင်းအုံးကိုပိုက်လျက် ဖန်ကျုံးချွမ်းထံ ပြန်ရောက်ကြောင်းစာပို့မည်ဟု တွေးလိုက်သည်။ အံ့ဩစရာကောင်းစွာဖြင့် ချက်ခြင်းဆိုသလို ပြန်စာရောက်လာခဲ့လေသည်။


[ စားပြီးပြီလား ]


ဖုန်းကိုကြည့်ကာ နျန်ယွီယီ ပျော်ပျော်ရွှင်ရွှင်စာပြန်လိုက်သည်။


[ အခုထိမစားရသေးဘူး… အရမ်းနောက်ကျနေတာမလို့ ကွတ်ကီးနည်းနည်းတော့ စားထားလိုက်တယ်… မနက်မှပဲ သေချာစားလိုက်တော့မယ် ]


[ ကျွန်တော်မနက်ကျရင် ဟင်းချက်မှာလေ… လူကြီးမင်းဖန်ကော လာစားဦးမလားဟင် ]


စာပို့ပြီးနောက် ၎င်းတို့မှာ အမှောင်ထုထဲပျောက်ကွယ်နေသကဲ့သို့ ပြန်စာရောက်မလာခဲ့ချေ။


ဖန်ကျုံးချွမ်းအလုပ်များနေသည်ဟု နျန်ယွီယီ ယူဆလိုက်သည်။ ခဏကြာစောင့်ဆိုင်းပြီးနောက်တွင် သူဖုန်းကိုပိတ်ကာ စိတ်ပျက်လက်ပျက်ဖြင့် အိပ်ရန်လဲချလိုက်လေသည်။


နျန်ယွီယီ အိပ်ပျော်တော့မည့်အချိန်၌ တံခါးဘဲလ်သံ မြည်လာခဲ့သည်။


ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် နျန်ယွီယီလန့်နိုးလာရသည်။ ကျိုးအာ့ဟယ်ကို မြင်ရမည်ဟုတွေးလိုက်ကာ ဖိနပ်ပါးများစား၍ အိမ်တံခါးစီသို့ သွားလိုက်လေသည်။ သို့သော်လည်း အံ့ဩဖွယ်ရာကောင်းသည်မှာ တံခါး၌ရပ်နေသူသည် ဖန်ကျုံးချွမ်းဖြစ်နေခဲ့သည်။


“ အစ်ကိုလား…” နျန်ယွီယီ မျက်နှာခြင်းဆိုင်မှ ထုတ်လွှတ်လာသည့်လေပူကို ခံစားလိုက်ရပြီး ရုတ်တရက်ထပြောလိုက်မိသည် “ ဒီမှာဘာလုပ်နေတာလဲ…”


“ မင်းအတွက်ညစာဝယ်လာပေးတာ…” ဖန်ကျုံးချွမ်းမှ လေးပုံပေါ်သည့် သူ၏လက်ထဲရှိအိတ်ကို မြောက်ပြလာသည် “ မအိပ်ခင်စားလိုက်ချည်…”


ထိုအချိန်မှသာ အစောပိုင်းတွင် အဘယ့်ကြောင့်ပြန်စာမလာခဲ့သည်ကို နျန်ယွီယီ နားလည်သွားရသည်။ အချိန်ကိုကြည့်ခြင်းအားဖြင့် ဖန်ကျုံးချွမ်းမှာ သူ၏စာကိုတွေ့ပြီးသည်နှင့် ထထွက်လာခြင်း ဖြစ်နိုင်ပေမည်။


“ ကျေးဇူးပါနော် အစ်ကို…” နျန်ယွီယီ သူ့တိုက်ခန်း‌အနောက်သို့ တချက်ကြည့်ကာ တံခါးကိုပို၍ကျယ်ကျယ်ဖွင့်ပေးလိုက်သည် “ အတူတူစားတာပေါ့ အထဲဝင်ပါဦးလား…”


“ အင်း…”


“ အထဲမှာ ကြောင်လေးတွေရှိနေလို့ အစ်ကို့မှာကြောင်နဲ့ဓာတ်မတည့်တာမျိုး ရှိလားမသိဘူး…”


“ ဟင့်အင်း…”


ရှဲ့ယီကျိုးမှာမူ ရှဲ့မိသားစုအိမ်သို့ပြန်သွားခဲ့သည်။


သူတို့မိသားစုမှာ အေးအေးချမ်းချမ်းညစာစားခဲ့သော်လည်း အိပ်ရာမဝင်မီအချိန်၌ စုံစမ်းထားသည်မှ သတင်းဝင်လာခဲ့လေသည်။။


“ သူ့ကိုတွေ့ပြီ…”




🫶