Chapter 28
Viewers 5k

🫶Chapter 28




အိမ်သို့ပြန်ရောက်ချိန်၌ နျန်ယွီယီ တံခါးဝတွင် မမျှော်လင့်ထားသော ပုံရိပ်နှစ်ခုနှင့် ဆုံလိုက်ရသည်။


“ အစ်ကို… ရှဲ့…” နျန်ယွီယီ နှုတ်ဆက်လိုက်ပြီး သူ၏ပါးပြင်များမှာမူ အစောပိုင်းမှအဖြစ်အပျက်ကြောင့် နီမြန်းနေရသည်။


“ ဘာဖြစ်လာတာလဲ…” ရှဲ့ယီကျိုး နျန်ယွီယီ၏ကမောက်ကမဖြစ်နေသော စိတ်ခံစားချက်များကို သတိပြုမိလိုက်သည်။


“ ဘာမှမဟုတ်တော့ပါဘူး…” အစောပိုင်းမှ ခံစားချက်များမှာ သူ၏ထင်မြင်ယူဆချက်သက်သက်သာဖြစ်သောကြောင့် နျန်ယွီယီ ရှဲ့ယီကျိုးကိုမပြောပြရန်ရွေးချယ်လိုက်သည်


 â€œ အစ်ကိုရှဲ့ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ…”


ထိုမျှသာမက သူတစ်ဦးတည်းမဟုတ်ဘဲ ရှဲ့ယီနန်သည်လည်း အတူရောက်ရှိနေသည်။


“ အထဲမှာပြောတာပေါ့…” ရှဲ့ယီနန်မှ လေးလံနေသည့်အသံဖြင့် ပြောလာသည်။


လာရင်းကိစ္စမှာ စကားတစ်ခွန်းနှစ်ခွန်းနှင့် ပြီးသည့်အရာမဟုတ်ရုံသာမက နျန်ယွီယီမှ ၎င်းအပေါ်မည်သို့ကိုင်တွယ်မည်ကိုလည်း ရှဲ့ယီနန် အမှန်တကယ်စိုးရိမ်နေမိသည်။


နျန်ယွီယီမှာမူ ထိုသူနှစ်ဦးထံသို့ တိတ်တခိုးလှမ်းကြည့်လိုက်မိသည်။


သူ၏လက်ဗွေကိုသုံးကာ တံခါးဖွင့်လိုက်ပြီး သူတို့ကိုအထဲလာရန် ဖိတ်ခေါ်လိုက်သည်။


အတွင်းပိုင်းအပြင်အဆင်ကိုကြည့်ကာ ဆက်တိုက်ဆိုသလို မျက်မှောင်ကြုတ်ထားသော ရှဲ့ယီနန်ကြောင့် နျန်ယွီယီ အနည်းငယ်လန့်သွားခဲ့ရသည်။


ရှဲ့ယီကျိုးမှာမူ တိုက်ခန်းငယ်လေးနှင့်ပတ်သက်၍ များစွာတွေးမနေချေ။ သူ၏ညီငယ်ဖြစ်သူနေရသော ထိုတိုက်ခန်းမှ သူတို့စံအိမ်၏ဧည့်ခန်းထက် ကျဉ်းသည်ဟုသာ တွေးတောနေမိသည်။


သူ၏ခေါင်းထဲတွင် အတွေးပေါင်းတစ်ဒါဇင်ခန့် လည်ပတ်သွားခဲ့ပြီး ရှဲ့ယီကျိုးသည် နျန်ယွီယီထံ မည်သည့်အိမ်ပေးသင့်ကြောင်း စဉ်းစားနေပြီဖြစ်သည်။


ရှဲ့ယီနန်တွင်လည်း တူညီသောအတွေးများရှိနေပြီး သူတို့ သွေးသားအရင်းများဖြစ်နေကြသည်မှာ အံ့ဩဖွယ်ရာမရှိပေ။


ပေးလို့ရမည့်အိမ်များအကြောင်းကို စိတ်ထဲတွင်‌အခြေချလိုက်ပြီးနောက် ရှဲ့ညီအစ်ကိုနှစ်ဦး ဆိုဖာပေါ်တွင်ထိုင်လိုက်ကြသည်။


ကြောင်လေးများ အဆင်ပြေပြေရှိကြောင်း သေချာသွားမှသာ နျန်ယွီယီ မီးဖိုချောင်တွင်းသို့ဝင်ကာ ဧည့်သည်နှစ်ဦးအတွက် သံပရာသီးစိမ်ထားသည့်ရေနှစ်ခွက် ထည့်ပေးလိုက်သည်။


“ အရင်ဆုံး ဒါကိုကြည့်လိုက်ပါဦး…” ရှဲ့ယီနန်မှ ဖိုင်တွဲတစ်တွဲကို နျန်ယွီယီထံပေးလာသည် “ ငါတို့ ဒီအဖြေတွေကို မနေ့ကမှရလာခဲ့တာ…”


ရလာတာလား…


တွန့်ဆုတ်နေခြင်းအချို့နှင့်အတူ နျန်ယွီယီဖိုင်ကိုဖွင့်လိုက်ရာ ပထမဆုံးအရာအနေနှင့် သူ၏ဓာတ်ပုံထွက်ကျလာသည်။


ဓာတ်ပုံ၏ဘေးတွင်မူ သူ၏အထက်ကျောင်းမှ ဆေးစစ်ချက်မိတ္တူများ၊ အသေးစိတ်ကျကျကိုယ်ရေးအချက်အလက်များနှင့် အခြားသောအရာများရှိနေခဲ့သည်။


သူ့အကြောင်းစုံစမ်းစစ်ဆေးထားသည့် အရှေ့ဖက်စာရွက်များကို ကျော်ချလိုက်ပြီး အဘယ့်ကြောင့် ရှဲ့ညီအစ်ကိုများမှ သူ့အကြောင်း ရုတ်တရက်စစ်ဆေးလာသည်နည်းဟု တွေးနေမိသည်။ သို့သော်လည်း ခဏအကြာတွင် အနောက်ဖက်၌ ရဲစခန်းတံဆိပ်တုံးရိုက်နှိပ်ထားသောစာရွက်ကို နျန်ယွီယီမြင်တွေ့လိုက်ရလေသည်။


ဤသည်မှာ ဒီအန်အေ‌စစ်ဆေးချက်အဖြေတစ်ခုဖြစ်ပြီး ယခင်သူလှူခဲ့သောသွေးဖြင့် စစ်ဆေးထားခြင်းဖြစ်သည်။


အချက်အလက်များအားလုံးကို ဖတ်ရှုပြီးနောက် နျန်ယွီယီ တိတ်ဆိတ်သွားရကာ စာရွက်ကိုင်ထားသည့် သူ၏လက်မှာ အနည်းငယ်တုန်ယင်နေသည်။


ဖိုင်တွဲထဲမှအချက်အလက်များမှာ သူ၏စိတ်ထဲတွင်မွှေနှောက်နေပြီး တဟုန်ထိုးလွှမ်းခြုံလာသော ခံစားချက်များကြောင့် နျန်ယွီယီ အချိန်ခဏမျှ တွေးခေါ်နိုင်စွမ်းပျောက်‌ဆုံးသွားရသည်။


သည်လိုဆိုရင် သူကရှဲ့မိသားစုရဲ့ ပျောက်ဆုံးနေတဲ့ကလေးလား….


စွန့်ပစ်ခံရပြီး မိဘမဲ့ဂေဟာအပို့ခံရတာမဟုတ်ဘူးပေါ့…


သောက်ကျိုးနည်း ဒါကြီးက မူရင်းဝတ္ထုနဲ့လုံးလုံးကိုတူမနေတာလေ…


“ မင်း…” ရှဲ့ယီကျိုး နျန်ယွီယီကို စိတ်ပြေသွားစေရန် ခေါင်းပွတ်ပေးမည်ဟုလက်ဆန့်လိုက်သော်လည်း လမ်းလယ်တွင်ရပ်တန့်သွားခဲ့သည်။


“ သည်လိုဆိုရင် ကျွန်တော်က စွန့်ပစ်ခံရတဲ့ကလေးမဟုတ်ဘူးပေါ့…” နျန်ယွီယီ၏အသံမှာ အနည်းငယ်ကွဲအက်နေသည်။


“ ဟင့်အင်း…” ရှဲ့ယီနန် နူးညံ့စွာဖြေလိုက်သော်လည်း ယုံကြည်ချက်အပြည့်ရှိနေခဲ့သည်


 â€œ အဖေ အမေနဲ့ အစ်ကိုတို့က မင်းကို ဒီနှစ်တွေအတွင်း တောက်လျောက်လိုက်ရှာနေခဲ့တာလေ…”


နျန်ယွီယီ ရဲဌာနမှအချက်အလက်များတွင် စုံစမ်းစစ်ဆေးရေးမှာ နှောင့်နှေးမှုမရှိဘဲ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ကို မြင်လိုက်ရသည်။


“ ကျွန်တော် ဒီနေ့ တိရစ္ဆာန်ဆေးကုခန်းမှာ လူနှစ်ယောက်နဲ့တွေ့ခဲ့တယ်…” နျန်ယွီယီ ယနေ့အဖြစ်အပျက်များကို ပြန်တွေးလိုက်မိသည် 


“ သူတို့ထဲကတစ်ယောက်က ကျွန်တော်နဲ့အရမ်းတူတာပဲ…”


ရှဲ့ယီကျိုး နှလုံးတစ်ချက်ထခုန်သွားပြီး ချက်ခြင်းဆိုသလိုပင် သူ၏မိဘများမှ နျန်ယွီယီနှင့်ဆေးခန်းတွင် တွေ့ခဲ့ကြောင်းစာပို့ထားမည်လားဟု ဖုန်းကိုင်ကာစစ်လိုက်မိသည်။


ခိုင်လုံသောတုံ့ပြန်ချက်ရပြီးနောက် ရှဲ့ယီကျိုး မနေနိုင်ဘဲ ခပ်ခြောက်ခြောက်ပြုံးပြလိုက်ရသည်။


“ ဟုတ်တယ် သူတို့က အစ်ကိုတို့တတွေရဲ့ မိဘတွေပဲ…” ရှဲ့ယီကျိုး နျန်ယွီယီနံဘေးသို့ပြောင်းထိုင်ကာ သူ၏ပျော့ပြောင်းသောဆံပင်များကို အသာအယာသပ်ပေးလိုက်သည် “ သူတို့ကညီလေးကိုအရမ်းချစ်ကြတာလေ…”


နျန်ယွီယီ နှာခေါင်းတရှုံ့ရှုံ့ဖြစ်နေရသည် “ အစ်ကိုတို့ဒီမှာ ညစာစားသွားကြပါလား…”


“ မင်းချက်နေတာလား…” ရှဲ့ယီကျိုး မေးလိုက်မိသည်။


“ ကျွန်တော်ညစာစားဖို့ ဖိတ်ထားတဲ့သူရှိလို့လေ…” နျန်ယွီယီ ခေါင်းညိတ်ပြလိုက်ရသည်။


သဘာဝကျစွာဖြင့် ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့မှာ သူတို့ညီငယ်ဖြစ်သူ ချက်ပြုတ်နေသည့်ညစာတွင် ပါဝင်လိုပြီး လိုအပ်သည့်ဟင်းချက်ပစ္စည်းများနှင့် ဖျော်ရည်များကိုပင် ဝိုင်းကူဝယ်ပေးလိုက်ကြသည်။


နျန်ယွီယီ ညစာအဖြစ် ဟေ့ာပေါ့စားရန်ဆုံးဖြတ်လိုက်သည်။ ဟင်းရည်အတွက် နှစ်မျိုးပြင်ဆင်ထားပြီး တစ်မျိုးမှာအစပ်အရသာဖြစ်ကာ တစ်မျိုးမှာမူ မှိုနှင့်ခိုကျီဘယ်ရီသီးများပါသော များစွာမစပ်လှသည့် အရိုးပြုတ်ရည်အရသာဖြစ်သည်။


ကြောင်လေးများကိုကျွေးရန်အတွက် နျန်ယွီယီ ငါးစွပ်ပြုတ်ထဲသို့ အထူးတလည် မန်ဒရင်းငါးတစ်ဝက်ထည့်ပြုတ်လိုက်ပြီး ကြက်ဥတစ်လုံးထည့်ကာ မကျွေးခင်ဆားလုံးဝမထည့်လိုက်ချေ။


မန်ဒရင်းငါးမှာ အရိုးအနည်းငယ်သာပါသည့် ငါးကြီးမျိုးဖြစ်သောကြောင့် နျန်ယွီယီ အလွယ်တကူအရိုးနွှင်ကာ နူးညံ့သောအသားကိုသာ ချန်ရစ်လိုက်သည်။


ကြောင်ပေါက်လေးများမှာမူ ငါးကိုအစာချေရန် အလွန်ငယ်ရွယ်သေးသောကြောင့် ထျန်ထျန်ကိုသာ လှောင်အိမ်အပြင်သို့ထုတ်ကာ ကျွေးလိုက်ရသည်။


မွှေးပျံ့သောအစပ်ဟင်းရည်ကို မန်ဒရင်းငါးဖတ်ကြီးများနှင့် ယှဉ်တွဲလိုက်ချိန်၌ ကြည်နူးဖွယ်ရာပေါင်းစပ်မှု ဖြစ်လာခဲ့သည်။


အရာအားလုံးပြင်ဆင်ပြီးသည်နှင့် တံခါးဝမှ ဘဲလ်သံမြည်လာသည်။


ရှဲ့ယီကျိုး နျန်ယွီယီကိုထိုင်ခုံတွင်သာ နေရန်အချက်ပြလိုက်လေသည် “ ငါသွားဖွင့်လိုက်မယ်…”


ရှဲ့ယီကျိုး ထမင်းစားစားပွဲကို ဖြတ်ကျော်ကာ တံခါးသွားဖွင့်လိုက်သည်။


“ ??? “ ဖန်ကျုံးချွမ်း၏မျက်နှာသေကြီးနှင့် ဆုံတွေ့လိုက်ရချိန်၌ ရှဲ့ယီကျိုး အချိန်ခဏမျှ ကြောင်အသွားရသည် “ ခင်ဗျားဘာလို့ ဒီရောက်နေတာလဲ…”


“ ညစာ…” ဖန်ကျုံးချွမ်းမှ တိုတိုတုတ်တုတ်သာဖြေလာပြီး ဖိနပ်ကိုချွတ်ကာ ရှဲ့ယီကျိုးကိုဖြတ်ကျော်သွားလိုက်သည်။


“ အစ်ကိုရောက်ပြီလား…” နျန်ယွီယီ ဖန်ကျုံးချွမ်းကို အပြုံးတစ်ပွင့်နှင့်နှုတ်ဆက်လိုက်မိသည်။


သို့သော်လည်း နှုတ်ဆက်ပြီးသည်နှင့် ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့ထံမှ မယုံနိုင်သည့်အကြည့်များကို နျန်ယွီယီ ခံစားလိုက်ရသည်။ သည့်နောက်မှသာ ရှဲ့ညီအစ်ကိုများမှာ သူနှင့်ညီအစ်ကိုအရင်းများဖြစ်ကြောင်းကို သူသဘောပေါက်သွားရလေသည်။ 


မကောင်းတော့ဘူး….


လာသည့်လမ်းတလျောက်တွင် ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏တစ်နေ့တာအကြောင်း သတင်းပို့ချက်များအပြည့်ရရှိခဲ့ပြီးဖြစ်သည်။


ဤသို့သောအခြေအနေမျိုးတွင်ပင် ဖန်ကျုံးချွမ်းမှာ တည်ငြိမ်နေဆဲဖြစ်ကာ နျန်ယွီယီ၏ဘေးတွင်ထိုင်လိုက်ပြီး နျန်ယွီယီအကြိုက် ကိုလာကို လောင်းထည့်ပေးလိုက်သည်။


ရှဲ့ယီနန်နှင့် ရှဲ့ယီကျိုးတို့ ဖန်ကျုံးချွမ်းထံ အန္တရာယ်အပြည့်ပါသည့် အကြည့်တစ်ချက်ပစ်လွှတ်လိုက်ကြသည်။


ယခုအချိန်၌ ဖန်ကျုံးချွမ်း အဘယ့်ကြောင့် သူငယ်ချင်းဟောင်းများရှိုးတွင် ရင်းနှီးမြုပ်နှံခဲ့ပြီး နောက်ဆုံးထုတ်နို့ထုတ်ကုန်ကိုပင် ရှိုးဆီသို့ ကုန်တင်ကားတစ်စီးစာ တကူးတကပို့ပေးခဲ့သည်ကို သူတို့နားလည်သွားရသည်။


သည်ကောင်က လုံးဝကိုကောင်းတဲ့ကောင်မဟုတ်ဘူးပဲ…


ရှဲ့ယီကျိုး၏မျက်လုံးများမှာ ဖန်ကျုံးချွမ်းလက်ပေါ်တွင်သာ ရောက်နေခဲ့ပြီး သူ၏အကြည့်တွင် နက်ရှိုင်းသောလက်မခံနိုင်မှုများ ပြည့်နေခဲ့သည်။


ညစာစားပြီးနောက် နျန်ယွီယီ သူတို့သုံးဦးကို အောက်ဆင်းကာလိုက်ပို့ပေးခဲ့သည်။


သို့သော်လည်း ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့ ထွက်သွားပြီးသည်နှင့် နျန်ယွီယီ ချက်ခြင်းဆိုသလို ဖန်ကျုံးချွမ်း၏ကားထဲသို့ ဝင်သွားလိုက်လေသည်။


“ အစ်ကို ကျွန်တော်အစ်ကို့အတွက် လက်ဆောင်ဝယ်ပြီး အိမ်မှာထားပေးခဲ့တယ်နော်…” နျန်ယွီယီ အရှေ့ခုံတွင်ထိုင်ကာ ပြောလိုက်သည်။


ဖန်ကျုံးချွမ်းမှ ကားစက်နှိုးကာ ဗီလာဧရိယာသို့ မောင်းသွားလိုက်သည် “ အင်း ကိုယ်တွေ့ပြီးပြီ…”


ဗီလာ၏မြေအောက်ကားပါကင်တွင် ကားသေချာပါကင်ထိုးပြီးသည်နှင့် နျန်ယွီယီ အန္တရာယ်ကင်းခါးပတ်ကိုဖြုတ်ကာ ဖန်ကျုံးချွမ်း၏အနောက်မှ အိမ်သို့လိုက်သွားလိုက်သည်။


ဖန်ကျုံးချွမ်း မီးဖိုချောင်ထဲသို့ဝင်ကာ နျန်ယွီယီအတွက် လတ်လတ်ဆတ်ဆတ်ရေဆေးပေးထားသည့် စတော်ဘယ်ရီသီးများကို ယူလာပေးခဲ့သည်။


မွှေးပျံ့သော အနီရောင်စတော်ဘယ်ရီသီးများမှာ အလုံးကြီးကာ အရည်ရွှမ်းပြီး အဖြူရောင်ကြွေပန်းကန်၏နောက်ခံကြောင့် ပို၍ပင်အရသာရှိပုံပေါ်နေခဲ့သည်။


နျန်ယွီယီ တစ်လုံးယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။


အနီရောင်စတော်ဘယ်ရီသီးမှအရည်မှာ သူ၏နှုတ်ခမ်းဘေးတွင်စီးကျလာပြီး အသီးမှအရည်ကြောင့် နှုတ်ခမ်းများစွန်းပေကာ စတော်ဘယ်ရီသီးကိုယ်တိုင်ထက်ပင် ပိုမိုဆွဲဆောင်မှုရှိနေသည်။


ဖန်ကျုံးချွမ်း၏မျက်လုံးများ မှောင်မိုက်သွားရပြီး တစ်ရှုးတစ်ခုယူကာ နျန်ယွီယီ၏နှုတ်ခမ်းထောင့်မှစီးကျနေသည့်စတော်ဘယ်ရီသီးရည်ကို သုတ်ပေးလိုက်သည်။


“ အွန်းးး “ နျန်ယွီယီ နှုတ်ခမ်းကိုက်ထားမိသည်။


“ စိတ်ညစ်နေရင် အပေါ်တက်ပြီး ဂိမ်းနည်းနည်းဆော့လိုက်ပါလား…”


“ အတိအကျကြီးစိတ်ညစ်နေတာတော့ မဟုတ်ဘူး…” နျန်ယွီယီ သူ၏စတော်ဘယ်ရီသီးကို အပြီးစားလိုက်ပြီး လက်ကိုဆိုဖာပေါ်သို့တင်ကာ ခြေထောက်များကို ရှေ့နောက်လွှဲထိုင်နေမိသည်


 â€œ ဒီတိုင်းပဲ အားလုံးကရုတ်တရက်ကြီး ဖြစ်လာတာဆိုတော့ နည်းနည်းကြောင်နေမိတာ…”


“ အစ်ကိုဖန် ကျွန်တော်က မိဘမဲ့ဂေဟာမှာပဲ ‌တောက်လျောက်နေလာခဲ့တယ်ဆိုတာ အစ်ကိုသိတယ်မလား…အဲ့သည့်မှာ ပုံမှန်လာလည်တဲ့သူတွေနဲ့ ကျွန်တော့်ကိုမွေးစားချင်တဲ့လူအချို့ရှိပေမယ့် အမြဲငြင်းခဲ့တာလေ…”


နျန်ယွီယီ၏အသံမှာ တိမ်ဝင်သွားခဲ့သည် “ ဘာလို့လဲဆိုတော့ ကလေးတုန်းက မိဘတွေစီက စွန့်ပစ်ခံခဲ့ရတာဆိုတော့ နောက်မိသားစုတစ်ခုဆီသွားရင်တောင် သူတို့ကျွန်တော့်ကိုသဘောမကျလောက်ဘူးလို့ အမြဲခံစားနေရလို့ပဲ…”


မိဘမဲ့ဂေဟာတွင် နေရခြင်းထက် ပို၍သနားစရာကောင်းသည်မှာ မိသားစုအသစ်ရပြီးမှ ထပ်မံစွန့်ပစ်ခံရခြင်းပင်။


နျန်ယွီယီ ထိုကဲ့သို့သောအဖြစ်အပျက်မျိုးကို များစွာတွေ့ခဲ့ဖူးသည်။ ကလေးမရနိုင်သောကြောင့် မွေးစားလိုက်ပြီးနောက် ကိုယ်ဝန်ရှိလာသဖြင့် မွေးစားထားသည့်ကလေးကို မိဘမဲ့ဂေဟာသို့ ပြန်ပို့လိုက်သောအဖြစ်များစွာ ရှိခဲ့ဖူးသည်။


“ ဒါပေမယ့် အခုကျတော့ ရုတ်တရက်ကြီး ကျွန်တော်ကစွန့်ပစ်ခံရတဲ့ကလေးမဟုတ်ဘူးဆိုတာ သိလိုက်ရတယ်လေ… ကျွန်တော့်မှာမိဘတွေရှိပြီး သူတို့ကလည်း ကျွန်တော့်ကိုအရမ်းချစ်ကြတယ်… ကျွန်တော့်ကိုရှာဖို့ ဘယ်တော့မှလက်မလျော့ခဲ့ကြဘူး…”


ရှဲ့လို့နှင့်လင်းရီယွဲ့တို့၏မျက်လုံးထဲတွင် နျန်ယွီယီကို ပြန်ရှာတွေ့နိုင်မည့် အခွင့်အရေးမရှိလုနီးပါး နည်းနေသည့်တိုင် သူတို့မျှော်လင့်ချက်မှာ  လုံးဝကုန်ဆုံးမသွားကြချေ။


“ အတိုချုပ်ရမယ်ဆိုရင်တော့ ကျွန်တော် ဒီနေ့ရလာတဲ့အချက်အလက်ကြောင့် အရမ်းပြည့်လျှံနေရတယ်ထင်တယ်….” နျန်ယွီယီ နိဂုံးချုပ်လိုက်သည်။


“ ဂိမ်းနည်းနည်းဆော့ချင်လား…”


“ ဆော့တာပေါ့…”


သူတို့မနက်မိုးလင်းခါနီးအထိ ဆော့နေမိကြသည်။


မောပန်းနေသည့်နျန်ယွီယီ ဂိမ်းဆော့သည့်အခန်းတွင် ဂိမ်းစက်ကိုကိုင်လျက် အိပ်ပျော်သွားခဲ့သည်။


ကုမ္ပဏီကိစ္စများကို ဖြေရှင်းပြီးသည့်နောက် ရေမိုးချိုးကာ ပြန်ထွက်လာသည့် ဖန်ကျုံးချွမ်းတစ်ယောက် နျန်ယွီယီကို အောက်ထပ်တွင် မမြင်မိသောကြောင့် အပေါ်သို့တက်လာရှာလိုက်သည်။


ပွင့်နေသည့်တံခါးကြောင့် သူနျန်ယွီယီ ဆိုဖာပေါ်တွင်အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ နျန်ယွီယီ အိပ်နေသည့်ပုံစံကြောင့် သူ၏တီရှပ်မှာ အပေါ်သို့လိပ်တက်နေပြီး ဖြူဖွေးသွယ်လျသော ခါးသိမ်သိမ်လေးကို လစ်ဟာပြနေသည်။


ဖန်ကျုံးချွမ်း တိတ်တဆိတ်အနားကပ်ကာ ရှပ်အင်္ကျီကို သတိကြီးကြီးထား၍ ဆွဲချပေးလိုက်ရသည်။


နျန်ယွီယီ၏ခါးကို မတော်တဆထိမိသည့် လက်ချောင်းများမှလွဲ၍ ဖန်ကျုံးချွမ်း သူ၏ဂုဏ်သတင်းအတိုင်း မတုန်မလှုပ်တည်ငြိမ်နေနိုင်ခဲ့သည်။


ဆိုဖာဘေးတွင် ခေါက်ထားသောစောင်ကိုယူကာ နျန်ယွီယီကိုအုပ်၍ စောင်နှင့်အတူလုံးချီလိုက်ပြီး ဧည့်သည်ခန်းစီသို့ သယ်သွားပေးလိုက်သည်။


*****


ရှဲ့ယီနန်နှင့် ရှဲ့ယီကျိုးတို့ ရှဲ့အိမ်တော်သို့ ပြန်ရောက်လာကြချိန်၌ ...ဧည့်ခန်းထဲတွင် လင်းရီယွဲ့မှာ မြောက်များလှစွာသော အိမ်ပိုင်ဆိုင်မှုစာရွက်စာတမ်းများ ဝိုင်းရံလျက် ရှဲ့လို့နှင့်တစ်စုံတစ်ခုကိုဆွေးနွေးနေခဲ့သည်။


“ အမေ အဖေ…” ရှဲ့ယီနန် ကုတ်အင်္ကျီကိုချွတ်နေရင်းမှ နှုတ်ဆက်လိုက်သည်။


“ သားတို့ပြန်ရောက်ပြီပဲ…” ရှဲ့ယီနန်၏အသံကိုကြားလိုက်ရသောကြောင့် လင်းရီယွဲ့ ဆွေးနွေးလက်စအရာကို ဘေးသို့ပို့လိုက်သည် “ မုမုဘယ်လိုနေလဲ… သူက…”


“ သူအဆင်ပြေပါတယ်…” နေ့လညိခင်းမှ အဖြစ်အပျက်များကို ပြန်တွေးကာ ရှဲ့ယီကျိုးပြောလိုက်သည် “ ကျွန်တော်ထင်တာတော့ သူ အားလုံးကိုနားလည်ဖို့ အချိန်နည်းနည်းလောက်လိုနေရုံလေးပါပဲ…”


“ ကောင်းတယ် ကောင်းတယ် ကောင်းတာပေါ့…” လင်းရီယွဲ့ တစ်နေ့တာလုံးရှိနေသည့် ပူပန်မှုများကို အဆုံး၌ ပစ်ချလိုက်နိုင်သောကြောင့် သူမ၏အတွေးမှာ အိမ်အကြောင်းဆွေးနွေးနေသည့်အရာသို့ ပြန်ရောက်သွားခဲ့သည်။


သူမ ရှဲ့ယီနန်နှင့် ရှဲ့ယီကျိုးတို့ အနားလာရန်လက်ပြလိုက်သည်


 â€œ ဒါလေးတွေကို တစ်ချက်လာကြည့်ပါဦး… မုမုဘယ်အိမ်ကိုသဘောကျမယ်လို့ မင်းတို့ထင်လဲ…”


ခဏရပ်လိုက်ပြီးနောက် လင်းရီယွဲ့ သူမသဘောကျသည့်အိမ်ကို ညွှန်ပြလိုက်သည် 


“ဒီတစ်လုံးကတော့ မြို့လယ်ခေါင်နဲ့နီးတယ်…ဧည့်ခန်းမှာ ညဘက်ကြရင် တစ်မြို့ရဲ့ရှူခင်းကိုကြည့်နိုင်တဲ့ လသာဆောင်ကျယ်ကြီးလည်းပါတော့ လူငယ်လေးတွေနဲ့ သင့်တော်တယ်လေ…”


အံ့ဩစရာကောင်းသည်မှာ သည်တစ်ကြိမ်တွင် ရှဲ့လို့ ဇနီးသည်ပြောသည်ကို သဘောမတူခဲ့ပေ “ အဲ့သည့်ဟာက အားနျန်ရဲ့ကုမ္ပဏီနဲ့ ‌အရမ်းဝေးလွန်းတယ်…ဖုန့်ဟွာနဲ့နီးတဲ့နေရာမှာ တိုက်ခန်းကျယ်ကျယ်ရှာတာက ပိုသင့်တော်လိမ့်မယ်…”


ရှဲ့ယီနန်နှင့် ရှဲ့ယီကျိုးတို့သည်လည်း မသက်မသာခံစားရမှုကို တိတ်တဆိတ်မျှဝေလိုက်ကြသည်။


ရှဲ့ယီနန် စာရွက်စာတမ်းများကိုကြည့်ကာ ကိုယ်ပိုင်အကြံပြုချက်ထုတ်လိုက်သည် “ ချင်အန်းကဗီလာကကောင်းမဲ့ပုံပဲ… ညီလေးက ချင်အန်းမှာနေနေတာပဲဆိုတော့ အဲ့သည့်နေရာက လူနေမှုနဲ့အသားကျပြီးသား ဖြစ်နေလိမ့်မယ်…”


“ မင်းအတွေးလွန်နေတာပဲ…” ရှဲ့ယီကျိုး ဆိုဖာပေါ်တွင် ပစ်လဲချလိုက်သည် “ ဘာလို့သူ့ကိုနှစ်အိမ်လုံးမပေးတာလဲ… ညီလေးက သူဘယ်မှာနေချင်လဲဆိုတာ သူ့ဘာသာသူဆုံးဖြတ်ပါလိမ့်စေပေါ့…”


လင်းရီယွဲ့နှင့်ရှဲ့လို့တို့သည်လည်း ရှဲ့ယီကျိုး၏အကြံမှာ အတော်လေးသင့်တော်သည်ဟု ခံစားမိသောကြောင့် သူတို့၏ရှေ့နေကိုဆက်သွယ်ကာ ပိုင်ဆိုင်မှုလွှဲပြောင်းရန် စီစဉ်ခိုင်းလိုက်သည်။


နောက်တစ်နေ့တွင် နျန်ယွီယီ သူ၏ကြောင်များကို အစာကျွေးရန်အတွက် ပေးထားသည့်နှိုးစက်သံကြောင့် နိုးလာခဲ့သည်။


မျက်လုံးများကိုပွတ်ကာ ထထိုင်လိုက်ပြီးနောက် သူ၏ဘေးပတ်ဝန်းကျင်ကိုကြည့်၍ အံ့ဩတကြီးပြန်လဲချလိုက်မိသည်။


“ အိပ်ချင်တာအရမ်းပဲ…” နျန်ယွီယီ စောင်ကိုတင်းတင်းကိုင်ကာ အိပ်ရာမှထရန် ပျင်းရိနေခဲ့သည်


ခဏလေးးးးး


ရုတ်တရက် နျန်ယွီယီ ထထိုင်လိုက်ပြီး ဟိုဘက်သည်ဘက်လှည့်ကာ သူ၏ဖိနပ်ပါးများကို ရှာလိုက်သော်လည်း ၎င်းတို့ကို မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရပေ။


??!


အိပ်ခန်းတံခါးမှာ ရုတ်တရက်ပွင့်လာပြီး ထိုနေရာတွင် တစ်စုံတစ်ခုကိုကိုင်ထားသည့် ဖန်ကျုံးချွမ်း မတ်တတ်ရပ်နေခဲ့သည်။



“...” နျန်ယွီယီ ပါးဖောင်းကာ အသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည် “ အစ်ကို မနေ့ညတုန်းက ကျွန်တော့်ကိုသယ်လာပေးတာလား…”


ဖန်ကျုံးချွမ်းမှ ခေါင်းညိတ်ပြပြီး သူ၏ဖိနပ်ပါးများကို ကြမ်းပြင်ပေါ်တွင် ချပေးလာသည်။


“ အိပ်ရာထဖို့အချိန်ရောက်ပြီ… ရေချိုးခန်းထဲမှာ တစ်ကိုယ်ရေသုံးပစ္စည်းတွေရှိတယ်… အိမ်အကူကလည်း မနက်စာပြင်ပေးထားပြီးပြီ…”


“ ဟုတ်ကဲ့…”


ဆေးကြောသန့်စင်ပြီးနောက် နျန်ယွီယီ အောက်ထပ်သို့ဆင်းလာချိန်၌ ဖန်ကျုံးချွမ်းမှာ ဆိုဖာပေါ်တွင်ထိုင်ကာ စီးပွားရေးသတင်းများကို အာရုံစိုက်ပြီး ဖတ်နေကြောင်းတွေ့လိုက်ရသည်။


ပူနွေးနေသည့်မနက်စာမှာမူ သူ့ကိုစောင့်ကြိုနေခဲ့သည်။


နျန်ယွီယီ ဖက်ထုပ်တစ်ခုယူကာ ပါးစပ်ထဲထည့်လိုက်ချိန် အပျော်များပြည့်သွားရသည်။


“ အရမ်းအရသာရှိတာပဲ…” သူပလုတ်ပလောင်းနှင့် ရေရွတ်လိုက်မိသည်။


ဖက်ထုပ်တစ်ဖတ်ကို လှမ်းယူနေသည့် ဖန်ကျုံးချွမ်း၏နှုတ်ခမ်းတွင် အပြုံးတစ်ပွင့်ဖြစ်တည်လာခဲ့သည်။


၎င်းတို့မှာ သူအမြဲစားနေကြအရသာဖြစ်သော်လည်း ယနေ့တွင် ပိုမိုအရသာရှိနေခဲ့သလိုပင်။


ဤသည်မှာ အစားအသောက်ကြောင့်ဖြစ်သည်လား သို့မဟုတ် အတူစားပေးနေသူကြောင့်ဖြစ်သည်လား ဆိုသည်ကို ဖန်ကျုံးချွမ်းတွေးလိုက်မိသည်။


မနက်စာစားပြီးနောက် ဖန်ကျုံးချွမ်း အလုပ်သွားရန် ဦးတည်လိုက်ပြီး နျန်ယွီယီကိုမူ အထပ်မြင့်တိုက်ခန်းများရှေ့တွင် ချပေးလိုက်သည်။


ဖန်ကျုံးချွမ်းကို နှုတ်ဆက်စကားဆိုပြီးနောက် နျန်ယွီယီ ကပျာကယာဓာတ်လှေကားထဲသို့ ပြေးဝင်သွားလိုက်ရသည်။


ကပ်ဆိုက်ပြီဟေ့… သူကြောင်စာကျွေးဖို့မေ့သွားတာပဲ…


ထင်ထားသည့်အတိုင်းပင် နျန်ယွီယီ တံခါးဖွင့်လိုက်သည်နှင့် သူဝင်လာသည်ကိုကြားလိုက်သော ထျန်ထျန်မှာ လသာဆောင်မှလျှောက်လာကာ ဝမ်းနည်းစွာအော်မြည်လာသည်။


“ တောင်းပန်ပါတယ်နော်…” နျန်ယွီယီ တောင်းပန်လိုက်ပြီး ထျန်ထျန်ကို ပွေ့ချီရန်ငုတ်တုတ်ထိုင်လိုက်သည်


 â€œ ကြောင်လိမ္မာလေး ငါအခုပဲ ကြောင်စာဘူးဖွင့်ပေးမယ်နော်…”


“ မြောင် မြောင်…” ထျန်ထျန် နျန်ယွီယီ၏လက်မောင်းကို တိုးဝှေ့ပွတ်သပ်နေသည်။


နျန်ယွီယီ ကြောင်စာပြင်လိုက်ပြီး အစာဘူးကိုပါ ထျန်ထျန်အတွက် ဆုချသည့်အနေဖြင့် ဖွင့်ပေးလိုက်သည်။


ကြောင်အတွက်သီးသန့်ထုတ်ထားသော အစာခွက်ဘေးတွင်ထိုင်ကာ ထျန်ထျန် အလောတကြီး ကြောင်စာဘူးစားနေသည်ကိုကြည့်၍  နျန်ယွီယီ ဖုန်းထုတ်ပြီး ဓာတ်ပုံတစ်ပုံရိုက်လိုက်သည်။


အချိန်အတော်ကြာ အနားယူပြီးနောက် သူဝေ့ပေါ်တွင် ပုံတင်လိုက်လေသည်။


နျန်ယွီယီ : ကျွန်တော့်မိသားစုဝင်အသစ်လေးကို ‌မိတ်ဆက်ပေးပါမယ် [ ပုံ ]


ယခင်ဓားလမ်းမ အစမ်းထုတ်လွှင့်မှုနှင့် ဖန်ကျုံးချွမ်း၏အာရုံစိုက်မှုတို့ကြောင့် နျန်ယွီယီ သိသိသာသာပရိသတ်များကို သိမ်းယူနိုင်ခဲ့ကာ ယခုအချိန်၌ Follower မီလီယံအချို့ရှိနေပြီဖြစ်သည်။


နျန်ယွီယီ ပုံအသစ်တင်လိုက်သည်နှင့် လျင်မြန်စွာ မန့်များစွာရလာသည်။


မန့်အချို့ကိုဖြတ်ကျော်ကြည့်လိုက်ပြီးနောက် နျန်ယွီယီ ဝေ့ပေါ်မှပြန်ထွက်ကာ ဆိုဖာပေါ်တွင်ကျောမှီလျက် ပျော်ရွှင်မှုကြောင့်မျက်လုံးများမှိတ်ထားခဲ့သည်။


ထိုအခိုက်အတန့်လေးတွင် အရာအားလုံးမှာ ပြီးပြည့်စုံနေသည်ဟု ခံစားနေရသည်။ အဆုံး၌ သူ၏မိသားစုကိုပြန်ရှာတွေ့ပြီဖြစ်ကာ သူ၏တိုးတက်လာသော အနုပညာလမ်းကြောင်းနှင့်အတူ လိမ္မာသောချစ်စဖွယ်ကြောင်လေးလည်း ရလာပြီဖြစ်သည်။


သူ တစ်စုံတစ်ရာကို မေ့လျော့နေမိသည့်ပုံပင်။


‌ပြန်လည်သတိရလာသည့် အကြောင်းအရာမှ နျန်ယွီယီကို ရိုက်ခတ်သွားသောကြောင့် သူ၏အပြုံးမှာ ခေတ္တခဏမျှ ယိမ်းယိုင်သွားခဲ့သည်။


သောက်ကျိုးနည်းဟေးးးးး


သူ ကျိုးအာ့ဟယ်ကို ဟိုင်ရှန့်မှာချန်ထားခဲ့ပြီး အခုထိပြန်မခေါ်ရသေးဘူး။



🫶