အပိုင်း ၃၀
Viewers 53k

အခန်း 30


ဆိုင်ထဲမှာလုပ်ကြံဖို့အတွက် ငါ့ခွင့်ပြုချက်ယူသင့်တယ်မထင်ဘူးလား?

၀ါးဦးထုပ်အစွန်းမှ ရေစက်များ ကြမ်းပြင်နှင့် ထိ၍ ဆိုင်အတွင်းပြန့်နှံ့သွားသည်နှင့် ဆိုင်အတွင်းတွင် သေခြင်းအငွေ့အသက်များ စတင်လွမ်းခြုံလာသည်။ သတ္တုခြင်းထိခိုက်သံအချို့ကို ကြားလိုက်ရပြီးနောက် ထက်မြိသော အလင်းတန်းလေးခုက တည်ငြိမ်စွာ ထိုင်နေသော မင်းသားဂျိချန်းရွဲ့ထံသို့ တိုး၀င်လာနေသည်။

ဆိုင်ငယ်လေးအတွင်းတွင် ဓါးရှည်များ ဆွဲထုတ်သံက ထွက်ပေါ်လာသည်။ ပုဖန်က ကွမ်းရှောင်ယီကို တိုက်ခိုက်မှုမှ လွတ်မြောက်ရန် သူ၏အနောက်သို့ ပို့ဆောင်လိုက်ပြီး ဖြစ်သည်။

“ဒါလုပ်ကြံတာပဲ သူတို့တွေက မင်းသား ဂျိချန်းရွဲ့ကို လုပ်ကြံချင်နေတာလား…”

ဂျိချန်းရွဲ့က မျော်လင့်ထားသည်များ ဖြစ်ပေါ်လာသကဲ့သို့ ခုံပေါ်တွင် သက်တောင့်သက်သာပင် ထိုင်နေလေသည်။

လုပ်ကြံသူလေးဦးက အနားသို့ရောက်ရှိလာသောအခါ ဂျိချန်းရွဲ့၏ ဆံပင်ရှည်များက လေပေါ်တွင် တစ်ဖျပ်ဖျပ်ဝဲပျံသွားကြသည်။ ဂျိချန်းရွဲ့၏ နူးညံ့သိမ်မွေ့သော မျက်၀န်းများက ရုတ်တရက်ပြောင်းလဲသွားပြီး အေးစက်သော အရှိန်အဝါများပေါ်ထွက်လာခဲ့သည်။ သူ၏ခန္ဒာကိုယ်မှ တောင်တစ်တောင်ကဲ့သို့ လေးလံသော စွမ်းအင်အများအပြားက လှိုင်းလုံးများအလား ပေါ်ထွက်လာကြသည်။

“ အော် ငါ့ကိုလုပ်ကြံဖို့ ပဉ္စမအဆင့် (ဘုရင်အဆင့် )ငါးယောက်တောင်မှ လွတ်လိုက်တာကို အရမ်းကိုကောင်းမွန်တဲ့လုပ်ဆောင်ချက်ပဲ ဟန့်…” ဂျိချန်းရွဲ့က နှခေါင်းရှုံ့၍ ပြောလိုက်ပြီးနောက် သူ၏ခန္ဒာကိုယ်မှ အစစ်အမှန်စွမ်းအင်များကိုထုတ်ဖော်ကာ လုပ်ကြံသူများကို စတင်တိုက်ခိုက်လိုက်သည်။ သို့သော် ကြေးစားလုပ်ကြံသူများက ထိခိုက်မည်ကို မကြောက်ရွံ့ပဲ ဂျိချန်းရွဲ့၏ နှလုံးသားဆီသို့သာ တိုက်ခိုက်လိုက်ကြသည်။

ဂျိချန်းရွဲ့ကလဲ သူ၏လက်ကို စားပွဲခုံပေါ်သို့ထောက်၍ အားပြုလိုက်ပြီး ဘုရင်အဆင့်စွမ်းအင်များကို ထုတ်၍ ခန္ဒာကိုယ်ကို လေထဲသို့ ပျံဝဲစေလိုက်သည်။ လက်ထောက်၍ အားပြုလိုက်သော စားပွဲခုံကို ပြန်ကြည့်လိုက်ပြီးနောက် ဂျိချန်းရွဲ့၏ မျက်လုံးအစုံက ကြောက်စရာတစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ ပြူးကျယ်သွားခဲ့သည်။

“ ဟမ်… ဒီစားပွဲခုံက ငါ့သုံးလိုက်တဲ့ခွန်အားကိုတောင် ခံနိုင်ရည်ရှိနေတာလား…’

လုပ်ကြံသူလေးယောက်၏ ဓါးဖြားများက အချင်းချင်းတိုက်ခတ်မိသွားပြီင်္း သတ္တုအချင်းချင်း တိုက်ခတ်မိသံများ ထွက်ပေါ်လာခဲ့သည်။ ဘုရင်အဆင့်များ တိုက်ခိုက်မှုမှထွက်ပေါ်လာသော စွမ်းအင်များက စာသောက်ဆိုင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သို့သော် စားသောက်ဆိုင်ငယ်လေးက မမြင်ရသော စွမ်းအင်တစ်ခုက ကာကွယ်ပေးထားသောကြောင့် ထိခိုက်ခြင်းမရှိပေ။ ဂျိချန်းရွဲ့က လေထဲတွင် တခဏမျှ ပျံဝဲနေပြီးဓါးထိပ်ပေါ်သို ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။ ထိုအချိန်တွင် သူ၏ အဖြူရောင်၀တ်ရုံရှည်နှင့် ဆံနွယ်တို့က လေထဲတွင် တစ်ဖျပ်ဖျပ်နှင့် လွင့်ခါနေလျက်ရှိသည်။

သူတို့ငါးယောက်က တိုက်ခိုက်မှုကို ရုတ်တရက်ရပ်တန့်လိုက်သော်လည်း သူတို့၏ ပတ်ပတ်လည်တွင် ထွက်ပေါ်နေသော စွမ်းအားများအရ အန္တရာယ်အခြေအနေကို မြင်နိုင်ပေသည်။ တိတ်ဆိတ်နေသော ဆိုင်ငယ်လေးအတွင်းတွင် သူတို့၏ စွမ်းအင်အချင်းချင်း တိုက်ခိုက်မှုမှထွက်ပေါ်လာသော အသံကိုပင်ကြားနေရပြီး အေးစိမ့်နေသော သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ ထိုခံစားချက်က ပုဖန်ကို မကျေမနပ်ဖြစ်စေသည်။

“မင်းတိုတိုက်ခိုက်ချင်သပဆိုရင် အပြင်ကို ထွက်သွားကြ .. ဒါမှမဟုတ်ရင် မင်းတို့ကို ပြသနာကောင်တွေလို့ ငါသတ်မှတ်ရလိမ့်မယ်..” တည်ငြိမ်အေးချမ်းသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုသို့ တိုက်ခိုက်နေစဉ်တွင် ထွက်ပေါ်လာသော တည်ငြိမ်သည့်အသံက တိုက်ခိုက်နေသူများကို ကြောင်အသွားးစေသည်။ ကလေးမလေးက တိုက်ခိုက်နေသူများထံသို့ အေးအေးသက်သာ လမ်းလျှောက်သွားသော ပုဖန်ကို မွန်းစတားတစ်ကောင် တွေ့မြင်လိုက်ရသကဲ့သို့ ကြည့်နေလေသည်။

“ဒါအမှန်ပဲလား… ဒီလောက်အန္တရာယ်များနေတဲ့အချိန်မှာတောင် သူရဲ့ စည်းမျည်းစည်းကမ်းတွေကို ၀င်ပြောရဲသေးတာလား… ဒ်ီလိုပုံစံနဲ့ဆို သူ့ဆိုင်ကို ဘယ်လိုဆက်ဖွင့်နိုင်တော့မလဲ…”

ဂျိချန်းရွဲ့ကို အာရုံစိုက်၍ တိုက်ခိုက်နေသော လုပ်ကြံသူများက ပုဖန်၏ ကြားဖြတ်နှောက်ယှက်မှုကြောင့် အာရုံပျံ့လွင့်သွားသည်ကို အခွင့်ကောင်းယူကာ ဂျိချန်းရွဲ့က မိမိရရ တိုက်ခိုက်လိုက်သည်။

ဂျိချန်းရွဲ့က ဓါးထိပ်ဖျားပေါ်သို့ပျံတက်ကာ ဓါးများကိုကန်ထုတ်လိုက်ပြီး မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် လုပ်ကြံသူလေးဦး၏ ရင်ဘက်များကို လက်ဝါးရိုက်ချက် တစ်ချက်စီဖြင့် တိုက်ခိုက်လိုက်ပြီး နောက်ဆုတ်သွားစေလိုက်သည်။

“မင်းက သေဖို့တောင်းဆိုနေတာလား…” လုပ်ကြံသူတစ်ဦးက ပုဖန်ကို အေးစက်စက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ သူ၏အသံက သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နှက်နေပေသည်။ သူ၏မျက်လုံးထဲတွင် ဒုတိယအဆင့် (မာစတာအဆင့် ) တစ်ယောက်က ပုရွက်ဆိတ်တစ်ကောင် ပင်ဖြစ်သည်။ “ဒီလို ပုရွက်ဆိတ်တစ်ကောင်က ငါတို့တိုက်ခိုက်မှုကို ဟန့်တားရဲတယ်…. ဘယ်လိုတောင်သတ္တိကောင်းနေတာလဲ…”

“ငါက ဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်ပဲ… မင်းတို့ ငါ့စားသောက်ဆိုင်ထဲမှာ လူတစ်ယောက်ကိုလုပ်ကြံမယ်ဆိုရင် ငါ့ခွင့်ပြုချက်ကို အရင်တောင်းခံသင့်တယ်လို့ မထင်ကြဘူးလား…” ပုဖန်က ခပ်အေးအေးပင် တုန့်ပြန်လိုက်သည်။

“နောက်ပြောင်ချင်ရင်လည်း တစ်ခြားကောင်းမွန်တဲ့နေရာတစ်ခု ရှာလိုက်ကောင်လေး…” လုပ်ကြံသူက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကိုခါရမ်း၍ ပြောလိုက်သည်။ပြီးနောက် သူတို့၏တိုက်ခိုက်မှုကို နှေက်ယှက်ဟန့်တားနိုင်ခြင်းမရှိသော ပုဖန်ကို လျှစ်လျူရှုလိုက်သည်။ သူတို့၏အလုပ်မှာ လေအလင်းအင်ပါယာ၏ တတိယမြောက်မင်းသား ဂျိချန်းရွဲ့ကို လုပ်ကြံရန်ဖြစ်သည်။ မင်းသားက ဘုရင်အဆင့်တစ်ယောက်ပင် ဖြစ်သော်လည်း အမှုမဲ့ အမှတ်မဲ့ လုပ်ကိုင်ရဲကြခြင်းမရှိပေ။ သူတို့ဘက်တွင် ဘုရင်အဆင့် လေးယောက်ရှိပြီး မင်းသားက တစ်ယောက်တည်းသာဖြစ်နေသော်လည်း မင်သားထံတွင် အဖိုးတန် တိုက်ခိုက်ရေး ပစ္စည်းများ ရှိနေနိုင်ပေသည်။

“ ငါပြောပြီးပြီ ငါ… ပုဖန်ရဲ့ဆိုင်ထဲမှာ တိုက်ခိုက်ခြင်းကို အထူးတားမြစ်ထားတယ်.. မင်းတို့ဒီလိုသာ ဆက်ပီးတိုက်ခိုက်နေမယ်ဆိုရင် မင်းတို့အားလုံးကို ပြသနာကောင်တွေအဖြစ် သတ်မှတ်ရလိမ့်မယ်…” ပုဖန်က အေးစက်စက်ပြောလိုက်သည်။ ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီင်္း အနာဂတ်တွင် ချက်ပြုတ်ခြင်း နတ်ဘုရားတစ်ပါး ဖြစ်လာမည့် သူ၏စကားကို လျှစ်လျူရှုရဲကြ သောကြောင့် အလွန်ဒေါသထွက်နေလေသည်။

“ဒီပုရွက်ဆိတ်ကောင်က ဘယ်လိုတောင် အနှောက်အယှက်ပေးနေတာလဲ… သွားသေလိုက်တော့ …” လုပ်ကြံသူတစ်ယောက်က အေးစက်စက် ကျိန်ဆဲ၍ ပုဖန်ကို တိုက်ခိုက်လိုက်သည်။ သတ်ဖြတ်ခြင်းအငွေ့အသက်များက ပုဖန်ကို လှိုင်းလုံးများကဲ့သို့ ဖုံးအုပ်သွားပြီး အေးစက်နေသော ရေခဲကန်ထဲသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ အေးစိမ့်သော စွမ်းအင်များက သူ၏ သွေးလှည့်ပတ်စီးဆင်းမှုကိုပင် ရပ်တန့်သွားစေပြီး နေရာမှ တစ်လက်မမျှပင် မရွှေ့နိုင်တော့ချေ။

ထိုအရာက ဘုရင်အဆင့်တစ်ယောက်၏ အစစ်အမှန်စွမ်းအားပင်ဖြစ်သည်။ ထိုစွမ်းအားက ပုဖန်အနေဖြင့် တွန်းလှန်နိုင်ခြင်းမရှိပေ။ လက်ရှိတွင် သူ၏စွမ်းရည်အဆင့်က အလွန်အမင်း အားနည်းနေပေသည်။

“မင်းဘယ်လိုများလုပ်ရဲတာလဲ….” ဂျိချန်းရွဲ့၏ အမူအယာက ပြောင်းလဲသွားပြီး စိတ်ဆိုးစွာဖြင့် အော်ဟစ်လိုက်သည်။

သူက ပုဖန်ကို ကယ်တင်ရန် ကြိုးစားလိုက်သော်လည်း အခြားလုပ်ကြံသူ သုံးဦး၏ တားဆီးခြင်းကို ခံလိုက်ရသည်။ ကွမ်းရှောင်ယီက ဘုရင်အဆင့် တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသောစွမ်းအင်များနှင့် သတ်ဖြတ်မှုအငွေ့အသက်များကြောင့် ကြောက်ရွံ့တုန်လုပ်ပြီး အေးခဲနေသည်။ သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများက ကြောက်ရွံ့မှုကြောင့် တုန်ရီနေပြီး နေရာမှ တစ်လက်မမျှပင် မရွေ့နိုင်ပေ။ အကယ်၍ သူမ၀င်ရောက်တိုက်ခိုက်မည်ဆိုလျှင်ပင် အခြေအနေကို ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ဒီလိုအခြေအနေမှာတောင် သူက ၀င်ရှုပ်ရဲတယ် သူတော့ကျန်းသေပေါက်ကို သေတော့မှာပဲ” ဆိုင်ငယ်လေးထဲတွင် ရှိနေသော လူအားလုံးက ထိုသို့ တွေးမိလိုက်ကြသည်။ မာစတာအဆင့်တစ်ယောက်က ဘုရင်ဆင့်များ၏ တိုက်ပွဲအကြားတွင် ၀င်ရှုပ်နေခြင်းက မသေမည်ကိုစိုးရိမ်၍ သေတွင်းထဲသိူ့ခုန်ချသည်နှင့်ပင် တူနေပေသည်။ ဂျိချန်းရွဲ့နှင့် ကွမ်းရှောင်ယီတို့က လုပ်ကြံသူတစ်ယောက်၏ ဓါးချက်အောက်တွင် တို့ဟူးတုံးကဲ့သို့ ပိုင်းဖြတ်ခံရတာ့မည့် ပုဖန်ကိုသာ စောင့်ကြည့်ရန် တတ်နိုင်တာ့သည်။

အခြားတစ်ဖက်တွင် … ပုဖန်က အလွန်အမင်းအေးဆေးတည်ငြိမ်နေသည်။ သူ၏ ခန္ဒာကိုယ်အတွင်းရှိသွေးများက အေးခဲရပ်တန့်နေကြသော်လည်း သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှု တစ်စုံတစ်ရာမျှမရှိပဲ ပြသနာရှာနေသော လုပ်ကြံသူများကို မမှိတ်မသုန် စိုက်ကြည့်နေပေသည်။

“ဒီပုရွက်ဆိတ်ကောင်က အမူအယာတော်တော်ကောင်းတာပဲ… ငါ့ဓါးက သူ့လည်ပင်းပေါ်ကိုရောက်တော့မှာကို သူ့ရဲ့မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတစ်စုံတစ်ရာ မတွေ့ရဘူး…” လုပ်ကြံသူက အံ့အားသင့်သွားသည်။

ရုတ်တရက် လုပ်ကြံသတ်ဖြတ်သူနှင့် ပုဖန်၏ အကြားတွင် ကြီးမားသော ပုံရိပ်တစ်ခုပေါ်လာပြီး ပုဖန်၏ လည်ပင်းပေါ်သို့ ဦးတည်နေသော ဓါးအလင်းကို ပျက်ပျယ်သွားစေသည်။

“ဝှိုက်တီ…” ကွမ်းရှောင်ယီ၏ မှေးမှိန်နေသောမျက်၀န်းများက ပြန်လည်အသက်၀င်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မျသည်။

လုပ်ကြံသူကလဲ သရဲတစေကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်သွားသည်။ သူ၏အရှေုတွင် မြင်တွေ့ရသော အဖြူရောင်သံဖြင့် ပြုလုပ်ထားသော စက်ရုပ်ကို တစ်ချက်မျှကြည့်လိုက်ပြီးနောက် ဓါးကို ထပ်မံဝှေ့ရမ်းလိုက်သည်။ သူက အားအင်အပြည့်ဖြင့် တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း သူ၏ဓါးက အနည်းငယ်မျှပင် လှုပ်ရှား၍ မရပေ။

ပုဖန်က ဝှိုက်တီ၏ နောက်ကျောကို ခပ်သာသာ ပုတ်၍ ပြောလိုက်သည်။ “ ဒီပြသနာကောင်အားလုံးကို အပြင်ကို လွင့်ပစ်လိုက် … အိ်ုး ခဏနေဦး သူကိုတော့ မသေမချင်းရိုက်သတ်ပြီး အ၀တ်အစားတွေချွတ်ပြီးမှ အပြင်ကို လွှင့်ပစ် … ငါဒီကောင့်ကိုအရမ်းကို မုန်းတယ်….”

၀ှိုက်တီ၏ မျက်လုံးများက ရုတ်တရက် အနီရောင်အလင်းတန်းများ ဖြာထွက်လာပြီး အလွန်တည်ငြိမ်အေးစက်သောအသံဖြင့် ပြောလိုက်သည်။ “ ပြသနာကောင်တွေ… တစ်ခြားသူတွေကို နမူနာပြဖို့ မင်းတို့ရဲ့အ၀တ်အစားတွေကို ချွတ်ပြီး အပြင်ကိုလွှင့်ပစ်ရမယ်….”

ဘန်…….

၀ှိုက်တီ၏ ကြီးမာသော ခန္ဒာကိုယ်မှ ကြောက်စရာကောင်းသော စွမ်းအင်များထွက်ပေါ်လာပြီး ဝါးဦးထုပ်ကို အပိုင်းပိုင်း အစစကြေမွသွားစေပြီး ဦးပြည်းပြောင်ပြောင်က ပေါ်ထွက်လာခဲ့သည်။ ထိုသူ၏ မျက်လုံးများက ပြူးကျယ်ထွက်နေပြီး ပါးစပ်အပြည့် သွေများအန်ထုတ်လိုက်သည်။ ဝှိုက်တီက ဘုရင်အဆင့် လုပ်ကြံသူ၏ တိုက်ခိုက်မှုကို သာမာန်လက်သီးတစ်ချက်ဖြင့် ချေဖျက်ပစ်လိုက်ပြီးနောက် ပြူးကျယ်ဝိုင်းစက်သော မျက်၀န်းများဖြင့် စိုက်ကြည့်နေသော လုပ်ကြံသူ၏ ပြောင်နေသော ဦးခေါင်းကိုဘက်ဖြင့်ဆွဲကိုင်၍ အပြင်သို့ ပစ်ထုတ်လိုက်သည်။

ဘန်း……

၀ှိုက်တီ၏ လက်သီးက လုပ်ကြံသူ၏ ခန္ဒာကိုယ်ပေါ်သို့ နောက်တစ်ကြိမ်ကျရောက်သွားပြီးနောက် ထိုသူက ကြမ်းပြင်ပေါ်တွင် မေ့မျောကာလဲလျောင်းနေပေသည်။

“ ဒီလူကတော့ ကိုယ်တစ်၀က်သေသွားပြီလို့ ယူဆရပါတယ်… အခုကစပြီး နောက်လူတွေကိ်ု ပညာစပေးပါတော့မယ်…..” ဝှိုက်တီ၏ စက်ရုပ်သံက တည်တည်ငြိမ်ငြိမ်ပင်ထွက်ပေါ်လာသည်။

လုပ်ကြံသူ၀တ်ဆင်ထားသော ကောက်ရိုးဖြင့် ပြုလုပ်ထားသော ၀တ်ရုံက ဆုတ်ဖြဲခံလိုက်ရပြီး သူ၏ခန္ဒာကိုယ်ပေါ်တွင် အရှက်လုံရုံဖုံးအုပ်ထားသော နံငယ်ပိုင်းလေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ဝှိုက်တီက လက်တစ်ဖက်ကို ညင်ညင်သာသာ ဝှေ့ရမ်း၍ ဘုရင်အဆင့် လုပ်ကြံသူကို ဆိုင်အပြင်သို့ ပစ်ထုတ်လိုက်သည်။

ဘန်….

မြေကြီးနှင့် မိတ်ဆက်လိုက်သော အသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ကျန်ရှိနေသေသော လုပ်ကြံသူများ၊ ကွမ်းရှောင်ယီနှင့် ဂျိချန်းရွဲ့ တို့က ပုဖန်နှင့် ဝှိုက်တီကို တစ်လှည့်ဆီ ကြည့်နေကြပေတော့သည်။