အပိုင်း ၃၄
Viewers 53k

အခန်း 34


မင်းထပ်ပြီး စျေးမြင့်ပေးနေဦးမယ်ဆိုရင် ငါမင်းကို ရိုက်ရလိမ့်မယ်


“မင်းကငါ့ကို နာမည်ပျက်စာရင်းထဲထည့်မယ်…. မင်းလိုနိမ့်ကျတဲ့စားဖိုမှုးတစ်ယောက်ကလား…” သူဌေးကျန်း၏ အိမ်တော်ထိန်းက ပုဖန်၏ အမူအယာကို ကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူကမျက်ရည်များထွက်သည်အထိ အတောမသတ်နိုင်ပဲ ရယ်မောနေလိုက်သည်။


အခြားသူများက ပုဖန်ကို ၀င်ရောက်ကူညီခြင်းမရှိပဲ အထင်တသေးမျက်၀န်းများဖြင့် ဝိုင်းကြည့်နေကြသည်။


“ဒီလူငယ်လေးက ရူးနေတာလား… သူဘယ်သူနဲ့စကားပြောနေတာလဲဆိုတာရော သိရဲ့လား ဒါက သူဌေးကျန်းရဲ့အိမ်တော်က အိမ်တော်ထိန်းလေ…”


သူဌေးကျန်းက အင်ပါယာမြို့တော်အတွင်းတွင် ထင်ရှားကျော်ကြားသူဖြစ်ပြီး သူ၏ အိမ်တော်ထိန်ကိုလဲ အများစုက သိရှိကြပေသည်။ လမ်းကြားထဲက စားသောက်ဆိုင် သေးသေးလေးမှ ချက်ပြုတ်သူတစ်ယောက်က သူဌေးကျန်း၏ အိမ်တော်ထိန်းကို နာမည်ပျက်စာရင်း သွင်းလိုက်မည်ဟု ပြောဆိုလိုက်ခြင်းမှာ သူတို့ကြားဖူးသမျှ စကားလုံးများတွင် အရယ်ရဆုံးပျက်လုံးတစ်ခုကဲ့သို့ ဖြစ်နေပေသည်။


“ငါ့အတွက်တော့ မင်းရဲ့ စားသောက်ဆိုင်သေးသေးလေးကို ဖြိုချဖျက်စီးလိုက်ဖို့ ဆိုတာလက်ဖျောက်တီးလိုက်ရသလိုပဲ … အရမ်းလွယ်ကူတယ်… ငါက မင်းကိုမျက်နှာသာပေးပြီး ဒီနေရာမှာစားဖို့ရောက်လာတာကို မင်းက ပျော်ပျော်ကြီး ၀န်ဆောင်မှုပေးနေရမှာ… အခုလိုမျိုး ငါ့ရဲ့ရှေ့မှာ မထီမဲ့မြင်လုပ်ဖို့အတွက် မင်းကိုဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ…” သူဌေးကြီးကျန်း၏ အိမ်တော်ထိန်းက မာန်ချီ၍လက်ကို ပိုက်ကာ နှခေါင်းရှုံ့လိုက်သည်။ ပုဖန်က ထိုသူကို မျက်နှာသေဖြင့် သူရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ကြည့်နေလေသည်။


“အိမ်တော်ထိန်း … ဒါက ဘယ်လောက်များ ကြီးကျယ်နေလို့လဲ… ငါက မင်းသားတစ်ပါးကိုတောင်ငြင်းဆန်ခဲ့တာကွ… မင်းပြောကြည့်လိုက်လေ ငါက အိမ်တော်ထိန်းတစ်ယောက်ကို ဂရုစိုက်နေမယ်ထင်လား…”


ပုဖန်က ခွန်းတုန့်ပြန်လိုက်ပြီးနောက်အချိန်ဆိုင်းမနေပဲ ဝှိုက်တီ၏ ကိုယ်ကို လက်ဖြင့်ပုတ်လိုက်သည်။ ကွမ်းရှောင်ယီ၏ မျက်၀န်းလေးများက တစ်လက်လက် တောက်ပနေပြီး ဝှိုက်တီ၏ တိုက်ခိုက်မှုကို ထပ်မံမြင်တွေ့ရမည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားပျော်ရွင်နေလေသည်။


၀ှိုက်တီ၏ မျက်လုံးများက ရုတ်တရက်အနီရောင်တောက်ပလာပြီး…. “ပြသနာကောင် မင်းကို တစ်ခြားသူတွေ သင်ခန်းစာရစေဖို့အတွက် မင်းရဲ့အ၀တ်အစားတွေကိုချွတ်ပြီး အပြင်ကို ပစ်ထုတ်ရလိမ့်မယ်…” … သူဌေးကျန်း၏ အိမ်တော်ထိန်းက ရုတ်တရက်ကြားလိုက်ရသောကြောင့် အံ့အားသင့်သွားပြီး သူ၏နားကိုလက်ဖြင့် အုပ်ကိုင်လိုက်ကာ… 


“ဘာ… မင်းဘာပြောလိုက်တယ်… ဘယ်သူ့ကိုချွတ်ပစ်မယ်…”


၀ှိုက်တီ၏ ခေါင်းက တစ်ဖြည်းဖြည်းလှည့်လာကာ အိမ်တော်ထိန်းကိုစိုက်ကြည့်လိုက်ပြီး သူ၏လက်ကလည်း ထိုသူကို ဖမ်းဆုတ်ကိုင်လိုက်သည်။


ဟမ့်… သူဌေးကျန်း၏ အိမ်တော်ထိန်းက အေးစက်စက် နှခေါင်းရှုံ့လိုက်ပြီး… သူ့လိုတတိယအဆင့်( တိုက်ခိုက်သူ )တစ်ယောက်အနေဖြင့် အနိမ့်ဆုံးအခြေခံစွမ်းရည်ပင် မရှိနိုင်သော အမှိုက်သရိုက်များကို ကြောက်ရွံ့နေလိမ့်မည်မဟုတ်ပေ… 


“မင်းရဲ့သံအ၇ိုးတွေကို ချိုးပြီး အပိုင်းအစတွေဖြစ်အောင် ငါဖျက်စီးပြမယ်… ကြည့်နေ…”


အိမ်တော်ထိန်းက သူ၏ခန္ဒာကိုယ်အတွင်းမှ အစစ်အမှန်စွမ်းရည်များကိုစုစည်းကာကျယ်လောင်စွာ မာန်သွင်းလိုက်ပြီး ဝှိုက်တီ၏ လက်မောင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ အိမ်တော်ထိန်း၏ ပြင်းထန်သောရိုက်ချက်က ဝှိုက်တီ၏လက်မောင်းပေါ်သို့ တိုက်ရိုက်ကျရောက်သွားသော်လည်း ထူးခြားမှုတစ်စုံတစ်ရာမျှ ဖြစ်ပေါ်လာခြင်းမရှိပေ… 


“ဘယ်လို… သေစမ်း… ဒါကဘယ်လိုဖြစ်သွားတာလဲ…”


သူကအံ့သြတစ်ကြီးဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ဝှိုက်တီ၏ စက်ရုပ်မျက်လုံးများနှင့် အကြည့်ချင်းစုံသွားပြီး ခန္ဒာကိုယ်တစ်ခုလုံးတောင့်တင်းသွားသည်။ ဝှိုက်တီက ယင်ကောင်တစ်ကောင်ကို ရိုက်လိုက်သကဲ့သို့ ရိုက်ချက်တစ်ချက်မျှဖြင့် အိမ်တော်ထိန်းကို မြေပြင်ပေါ်သို့ လဲကျသွားစေလိုက်သည်။ 


စုစည်းထားသော အစစ်အမှန်စွမ်းအင်များက ဝှိုက်တီ၏ ရိုက်ချက်တစ်ချက်မျှဖြင့် ပြိုကွဲပျက်စီးသွားကြသည်။ ထို့နောက် အ၀တ်စုတ်ဖြဲသံများ ထွက်ပေါ်လာပြီး အိမ်တော်ထိန်း၏ ခန္ဒာကိုယ်ပေါ်တွင် အရှက်လုံရုံမျှ ဖုံးအုပ်ထားသော နံငယ်ပိုင်းလေးတစ်ခုသာ ကျန်ရစ်ခဲ့ပေတော့သည်။


ဆိုင်ငယ်လေးအတွင်းရှိ လူများက မှင်သက်စွာ ကြည့်ရှုနေစဉ်တွင် အိမ်တော်ထိန်း၏ ခန္ဒာကိုယ်က လေထဲတွင် လွင့်ပျံသွားသောကြောင့် သူတို့၏ ခန္ဒာကိုယ်များပင် ထိန်းမရနိုင်အောင်ဖြစ်သွားကြသည်။


ကျောက်ရူကျီက ဆိုင်၀သို့ရောက်လျင်ရောက်ခြင်း ဆိုင်အတွင်းမှ လွင့်ပျံလာသော လူတစ်ယောက်က သူ၏ ခြေထောက်နားသို့ ရောက်၇ှိလာခဲ့သည်။ ထိုဆိုင်သို့ လာသည့်အချိန်တိုင်းတွင် ဆိုင်အတွင်းမှ လွင့်ပျံလာသော လူများနှင့် အမြဲတစ်စေ ကြုံတွေ့နေရသောကြာင့် ဆိုင်အတွင်းရှိအခြေအနေကို ခန့်မှန်းနိုင်လိုက်သည်။


“ငါနောက်တစ်ခါထပ်ပြောမယ်… တန်းစီကြပါ.. ဆူဆူညံညံတွေသိပ်မလုပ်နဲ့ စည်းကမ်းချက်တွေကို လိုက်မနာဘူးးဆိုရင် နာမည်ပျက်စာရင်းထဲ အထည့်ခံရမယ်…” ပုဖန်က ခပ်ရှင်းရှင်းပြောလိုက်ပြီး ငြိမ်သက်နေသော လူအုပ်ကြီးကို ဝေ့ကြည့်လိုက်ကာ မီးဖိုချောင်အတွင်း ပြန်လည်၀င်ရောက်သွားလိုက်သည်။


ကွမ်းရှောင်ယီက သူမ၏ လက်သေးသေးလေးကို ကျစ်ကျစ်ပါအောင်ဆုတ်၍ တီးတိုးရေရွတ်လိုက်မိသည်။ 


“ဝါး… ငါ့ရဲ့စိတ်ပုတ်သူဌေးက တစ်ကယ်ကို အထင်ကြီးစရာကောင်းတာပဲ…”


ကျောက်ရူကျိက ၀တ်စလစ်ဖြင့် ပစ်ထုတ်ခံခဲ့ရသည်ကို ပြန်တွေးမိသွားကာ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထို့ကြောင့် သူကအလှည့်ကျော်ခြင်းမရှိပဲ တန်းစီနေကြပြီဖြစ်သောလူတန်းကြီး၏ နောက်တွင် ၀င်၍ တန်းစီလိုက်သည်။


လက်ဝဲ၀န်ကြီးကျောက်မိုရှန်က တတိယမင်းသားလုပ်ကြံခံရသည်ကို စုံစမ်းရန်အတွက် သူ၏သားဖြစ်သူ ကျောက်ရူကျိကို စာသောက်ဆိုင်ငယ်လေးထံသို့ စေလွတ်လိုက်ခြင်းဖြစ်သည်။ ကျောက်ရူကျိက အကြောက်အကန် ငြင်းသေးသော်လည်း သူ၏ဖခင်က ပဉ္စမအဆင့် ဝိဉာဉ်စုစည်းဆေးလုံးကို ဆုအဖြစ်ပေးမည်ဟု ပြောလိုက်သောအခါမှ အရှက်မဲ့စွာ လက်ခံလိုက်လေသည်။


ရှုရှီက ဝှိုက်တီကို အလေးအနက်စိုက်ကြည့်နေလေသည်။ သူက ဘုရင်အဆင့်တစ်ယောက်ဖြစ်သော်လည်း ဖိအားအနည်းငယ်ကိုခံစားနေရဆဲပင်ဖြစ်သည်။


 “ဒီစက်ရုပ်က သိပ်မရိုးရှင်းဘူးပဲ…”


တရားသူကြီးချုပ် စုယွမ်ကျင်းက ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့် ..”ဒီစားသောက်ဆိုင်လေးရဲ့ လျို့ဝှက်ထားတဲ့ ကျွမ်းကျင်သူက ဒီစက်ရုပ်ပဲဖြစ်ရမယ်…”


သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြုံးလိုက်ပြီးနောက် ခေါင်းကိုငုံ့ကာ သူတို့၏ အစားအသောက်များကို ပြန်လည်စားသောက်နေလိုက်ကြသည်။ ဝှိုက်တီထွက်ပေါ်လာပြီးနောက် အိမ်တော်ကြီးများရှိ အစေခံများက ငြိမ်သက်ကျိုးနွံသွားကြပြီဖြစ်သည်။ သူဌေးကျန်း၏ အိမ်တော်ထိန်းက သူတို့အကြားတွင် သန်မာသူတစ်ယောက်ဖြစ်သော်လည်း ဝှိုက်တီက အလွယ်တကူ အကျီင်္ချွတ်ခြင်းကို ခံလိုက်ရပေသည်။ 


သူတို့က အနှောက်အယှက်ပြုလုပ်ရန် ကြိုးစားခဲ့မည်ဆိုလျှင် သူဌေးကျန်း၏ အိမ်တော်ထိန်းကဲ့သို့ အ၀တ်ဗလာဖြင့် အိမ်သို့ ပြန်ရနိုင်ပေသည်။ ထို့ကြောင့် သူတို့က ကျိုးကျိုးနွံံနွံနှင့်သာ နေလိုက်ကြသည်။ ကွမ်းရှောင်ယီက ထိုသူများကို အထင်သေးစွား ကြည့်လိုက်ပြီးနောက် ထိုသူများမှာယူသည့်ဟင်းပွဲများကို မှတ်၍ ပုဖန်ထံသို့ သွားရောပြောကြားလိုက်သည်။ 


ရှုရှီနှင့် စုယွမ်ကျင်းတို့နှစ်ယောက်လုံးက ဟင်းပွဲများကို စားသောက်လိုက်ပြီးနောက် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကြသည်။ ယခုအခါ ဟင်းပွဲများ စျေးကြီးရသည့် အကြောင်းအရင်းကို သိရှိသွားကြပြီဖြစ်သည်။ ဟင်းပွဲများ၏ အရသာက အင်ပါယာနန်းတော်မှ စားဖိုမှုး၏လက်ရာထက်ပင် ပိုမိုကောင်းမွန်နေပြီး ဟင်းပွဲများကိုစားသုံးပြီးနောက် နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုက သူတို့၏ ခန္ဒာကိုယ်အတွင်းလှည့်ပတ်နေပြီး စွမ်းအင်တိုးတက်လာသည်ကို ခံစားလိုက်ရသည်။ ထိုအရာက ထူးခြားသော အကြောင်းပြချက်တစ်ခုဖြစ်နိုင်ပေသည်။ 


သူတို့နှစ်ယောက် စားသောက်ဆိုင်မှ ထွက်ခွာလိုက်သည်နှင့် လူတန်း၏ ရှေ့ဆုံးတွင် တန်းဆီနေသူများက သူတို့နေရာတွင် အလျင်အမြန် ၀င်ထိုင်လိုက်ကြသည်။ ပုဖန်၏ ဟင်းချက်နှုန်းက အလွန်မြန်ဆန်သောကြောင့် သူတို့က အချိန်များစွာစောင့်ဆိုင်းရန် မလိုပေ။ ပုဖန်၏ ဟင်းပွဲများကို စားသုံးဖူးပြီးသည်နှင့် ဟင်းပွဲ၏ အရသာအောက်တွင် နစ်မျောကျရှုံးသွား၇မည်ဖြစ်သည်။


ကျောက်ရူကျိက ဆိုင်ငယ်လေးအတွင်းတွင် ပျံ့လွင့်နေသော မွှေးရနံ့များကို ရှုရှုက်လိုက်ပြီး စာသုံးပြီး၍ ထွက်သွားသော စားသောက်သူများကိုကြည့်၍ သူ၏ စာသောက်ချင်စိတ်က ပို၍ မြင့်တက်လာလေသည်။


သူက စားသောက်ဆိုင်ငယ်လေးထံ တတိယအကြိမ်ရောက်ရှိလာခြင်းဖြစ်သော်လည်း အရသာကိုပင် မြည်းစမ်းခဲ့ရဖူးချင်း မရှိပေ။ယခုအကြိမ်တွင် ကောင်းမွန်သော အရသာကို မြည်းစမ်းနိုင်ရန် မျော်လင့်နေပေသည်။ ထိုအချိန်တွင် စားသုံးသူတစ်ယောက်က ထွက်ခွာသွားသောကြောင့် ကျောက်ရူကျိ၏ မျက်နှာက ရွင်လန်း၀မ်းမြောက်သွားပြီး ကွမ်းရှောင်ယီ၏ အရှေ့သို့ ကြွကြွရွရွလျောက်သွားလိုက်သည်။ 


“အိုး… ဒါက သခင်လေးကျောက်မဟုတ်လား…” ကွမ်းရှောင်ယီက နှုတ်ဆက်စကားပြောလိုက်သော်လည်း မျက်နှာက စူပုတ်နေပေသည်။ထိုအမူအယာက ကျောက်ရူကျိကို သူမ ကောင်းကောင်းသိကြောင်း ထင်ရှားနေပေသည်။


“ ကွမ်းမိသားစုရဲ့ မင်းသမီးလေးက ဒီလိုနိမ့်ကျတဲ့နေရာမျိုးမှာစားပွဲထိုးလာလုပ်နေတာလား … ဒါကမင်းရဲ့အရည်ချင်းတွေကို ဖြုန်းတီးလိုက်တာပဲ.. နှမျောစရာကောင်းလိုက်တာ… ကျွတ်ကျွတ်ကျွတ်.. ငါ့ကို ငါးမူးပျံဟင်းတစ်ပွဲပေး…” 


ကျောက်ရူကျိက မီနူးကို တစ်ချက်ကြည့်လိုက်ပြီး မှာယူလိုက်သည်။ သူက စျေးအကြီးဆုံးဟင်းပွဲကိုသာ စားသောက်မည်ဖြစ်သည်။


“ ငါ့ဟာငါ ဘာပဲလုပ်လုပ် နင့်အလုပ်မဟုတ်ဘူး…” ကွမ်းရှောင်ယီက နှခေါင်းရှုံ့၍ ပြန်ပြောလိုက်သည်။


ထို့နောက် သူမက မှာထားသည်များကိုပြောရန်အတွက် ပုဖန်ရှိနေသော မီးဖိုချောင်ရှိရာသို့ လျောက်သွားလိုက်သည်။ သို့သော်လည်း သူမ မီးဖိုချောင်သို့ မရောက်ခင်ပင် ပုဖန်က မီးဖိုချောင်အတွင်းမှထွက်လာပြီး … 


“ဒီနေ့စားသောက်ဆိုင်ပိတ်ချိန်ရောက်ပီဖြစ်လို့ မစားရသေးတဲ့သူတွေက မနက်ဖြန်ဆိုင်ဖွင့်ချိန်ပြန်လာလိုက်ကြပါ….” ပုဖန်က ရိုးရိုးရှင်းရှင်းပင်ပြောဆိုလိုက်သည်။


ထိုသို့ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ တန်းစီနေကြသော လူရှစ်ယောက်ခန့်က မကျေမနပ်ဖြင့် ဆူပူကြတော့သည်။ 


“ငါတို့စောင့်နေတာ တော်တော်ကြာနေပြီလေ… အခုချိန်ကျမှ မင်းက ဟင်းမချက်တော့ဘူး ဆိုင်ပိတ်ပြီလို့ ပြောလိုက်လို့ရလား…”


“ပိုင်ရှင်ပု မင်းငါ့တို့ကို ဒီလိုလုပ်တာတော့ မကောင်းပါဘူး… အခုချိန်ကလဲ အစောကြီးရှိသေးတယ် ဆိုင်ပိတ်ချိန်မဟုတ်သေးဘူး.. အစောကြီးရှိသေးတယ်… ငါတို့မင်းရဲ့ဟင်းပွဲတွေကို မြည်းကြည့်ချင်သေးတယ်… ဆက်ပြီးတော့ ချက်ပြုတ်ပေးပါဦး…”


ပုဖန်က တစ်ယောက်တစ်ပေါက်ဖြင့် ဆူညံနေကြသော လူစုကို မျက်နှာမသာမယာနှင့် တစ်ချက်ကြည့်လိုက်ပြီး … “ငါနောက်တစ်ခေါက်ထပ်ပြောမယ်… ဒီနေ့တော့ဆိုင်ပိတ်ပြီ… မင်းတို့စားချင်တယ်ဆို နောက်နေ့မှ လာခဲ့ကြ….အိုး ပီးတော့ ပြောရဦးမယ် .. မင်းတို့ ဆူဆူညံညံတွေ ထပ်မလုပ်နဲ့တော့….” ပုဖန်က မျက်နှာသေဖြင့် အေးစက်စက် ပြောလိုက်သည်။


သူ၏နောက်တွင် မျက်လုံးများအနီရောင်တောက်ပနေသော ဝှိုက်တီက ရောက်ရှိလာပြီး ဆူဆူညံညံပြုလုပ်နေသော လူအုပ်ကြီးကို စိုက်ကြည့်နေလေသည်။ ချက်ချင်းပင် ဆူညံနေသောလူအုပ်ကြီးက အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ 


၀ှိုက်တီက စိုက်ကြည့်နေသောကြောင့် သူတို့က တံတွေးကိုပင် ခက်ခက်ခဲခဲမျိုချနေရသည်။ သူတို့၏ ခေါင်းထဲတွင် သူ့တို့၏ အရှင်သခင်ကို ပြန်လည်တင်ပြနိုင်ရန် စကားလုံးများကို ရွေးချယ်၍ ထွက်သွားရန်ပင် ဆုံးဖြတ်လိုက်ကြသည်။


ကျောက်ရူကျိက သူ၏ရင်ဘက်ကို မြားအစင်းပေါင်းမြောက်များစွား ထိမှန်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ 


“သေစမ်း… ဒီဆိုင်ပိတ်ချိန်ဆိုတာကြီးက ရောက်ပီတဲ့လား… မင်းအရမ်းအချိန်မတိကျလို့မရဘူးလား ပိုင်ရှင်ပု ငါမင်းကို ငါးဆပေးပါ့မယ် ငါအော်ဒါမှာပါရစေ…” ကျောက်ရူကျိက ပုဖန်ကို ဆွဲဆောင်ပြောဆိုလိုက်သည်။


“မရဘူး… ငါပင်ပန်းနေပြီး … မင်းအရင်ကလဲ ဒီလိုမျိုးလုပ်ဖို့ ကြိုးစားပြီးပြီမဟုတ်လား…” ပုဖန်က ခပ်တည်တည်ပဲ ပြန်ပြောလိုက်သည်။ 


“ပိုင်ရှင်ပု စည်းမျဉ်းစည်းကမ်းဆိုတာ လူတွေက သတ်မှတ်တာပါ… ငါ .. ဆယ်ဆ ဆယ်ဆပေးပါ့မယ်… ဒီနေ့တော့မင်းရဲ့ဟင်းပွဲကို စားကို စားရမှ ဖြစ်မှာမို့ပါ…” ကျောက်ရူကျိက ပုဖန်ကို အံ့သြတစ်ကြီး ကြည့်နေပြီး အံကျိတ်၍ ပြောလိုက်သည်.။


“မရဘူး… ငါလက်မခံဘူး…” ပုဖန်က ကျောက်ရူကျိကို ငြင်းလိုက်ရသောကြောင့် သူ၏နှလုံးသားက သွေးစိမ်းရှင်ရှင်ထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။


“မင်းရဲ့စျေးကို ထပ်မမြင့်နဲ့တော့ ထပ်မြင့်နေမယ်ဆိုရင် ငါမင်းကို ရိုက်ရလိမ့်မယ်…”


ကျောက်ရူကျိက အလွန်အမင်းစိတ်ဓါတ်ကျသွားပြီး သွေးအန်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။ သူက ပုဖန်ကို ဒေါသတစ်ကြီး အော်ဟစ်ကြိမ်းမောင်း၍ စားသောက်ဆိုင်အတွင်းမှ ထွက်ခွာသွားလေသည်။


ကွမ်းရှောင်ယီ၏ မျက်နှာက ကျေနပ်မှုနှင့် တောက်ပနေလေသည်။ သူမက ပုဖန်ကို လောဘကြီးသူ အကျင့်ပျက်သူအဖြစ် အမြဲလိုလို မြင်နေခဲ့ခြင်းဖြစ်သည်။ ထိုမျှအထိစည်းကမ်းလိုက်နာလိမ့်မည်ဟု တွေးထင်ခဲ့ခြင်းမရှိပေ။


“ စိတ်ပုတ်သူဌေး မင်းဒီလိုလူတစ်ယောက်ကို မျက်နှာမထောက်ပဲငြင်းလိုက်တာ အရမ်းကိုကောင်းမွန်တာပဲ” ကွမ်းရှောင်ယီက လက်မထောင်ပြလိုက်ပြီး ပုဖန်ကို ချီးကြူးပြောဆိုလိုက်သည်။ 


“ဟားဟားဟား…” ပုဖန်က စိတလိုလက်ရဖြင့် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်လေသည်။ 


နောက်ရက်များတွင် ပုဖန်၏ ဆိုင်ငယ်လေးအတွင်း အမြဲလိုလို လူစည်ကားနေပြီး စားသုံးသူအသစ်များက နေ့စဉ် တိုးပွားလာကြသည်။ ရှုရှီနှင့် စုယွမ်ကျင်းတို့က လည်း နေ့စဉ်လာရောက်စားသောက်ကြပြီး ပုဖန်ချက်ပြုတ်ထားသော ကောင်းမွန်သည့် အရသာတွင် ရုန်းမထွက်နိုင်ပဲ နစ်မြုတ်နေလေသည်။


ရှောင်မောင်နှမနှင့် တတိယမင်းသားဂျိချန်းရွဲ့တို့က ထိုရက်များတွင် ရောက်ရှိလာခြင်းမရှိပေ။ ပုဖန်က အနည်းငယ်အံ့အားသင့်နေသော်လည်း အာရုံထားမိခြင်းမရှိပေ။ တတိယမြောက်နေ့တွင် ထိုသူသုံးယောက်က ရောက်ရှိလာခဲ့သည်။ ထိုနေ့က အင်ပါယာမြို့တော်အတွက် အရေးကြီးသော နေ့ရက်တစ်ရက်ဖြစ်ပေသည်။


အင်ပါယာမြို့တော်နယ်နမိတ်အပြင်ဘက်ရှိ ထကြွပုန်ကန်သူများကိုနှိမ်နင်းခဲ့ပြီး အင်ပါယာ၏ နံပါတ်တစ်ပညာရှင် စစ်သေနာပတိချုပ်ရှောင်မိန်က အောင်ပွဲနှင့်အတူပြန်လာခဲ့ပြီဖြစ်သည်။ သူက ပုန်ကန်သူများနှင့် အနက်ရောက်နန်းတော်မှ ခေါင်းဆောင်ခြောက်ဦးကို ဖမ်းဆီူလာနိုင်ပြီး ထိုသူများကို သုံ့ပန်းအဖြစ် အင်ပါယာမြို့တော်သို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ထို့ကြောင့် အင်ပါယာမြို့တော်ရှိဂိတ်တံခါးများကို ကျယ်၀န်းစွာ ဖွင့်လှစ်ထားလေသည်။