Chapter 66
Viewers 7k

Chapter - 66 (မင်းသား....) နောက်တစ်နေ့ညတွင် လီယာ နိုးလာသည်။ လီယာသည် ခေါင်းကို အနည်းငယ်လှည့်ကာ သူ့ဘေးတွင် ရပ်နေသည့် ဝမ်ကျွင်းဘက်သို့ ကြည့်လိုက်သည်။ "နိုးပြီလား...!" ဝမ်ကျွင်းလည်း မတ်တပ်ထရပ်ပြီး စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "သူအဆင်ပြေရဲ့လား" ကျောင်းမြန်သည် ချက်ချင်းပင် စစ်ဆေးရန် ရောက်လာသော ဆရာဝန်အား အနည်းငယ် ခေါင်းညိတ်လိုက်သည်။ "ကျန်အဆိပ်တွေကို ဖယ်ထုတ်လိုက်ပါပြီ..... ကံကောင်းတယ်ပဲ ပြောရမှာ....မြှားက ထိတာ မနက်တော့... အဆိပ်က နှလုံးနဲ့ အဆုတ်ထဲထိ မပျံ့သွားဘူး" ဆရာဝန်သည် ပြုံးကာ စိတ်အေး‌စေရန် ပြောပြလိုက်သည်။ "အခု အဆင်ပြေသွားပါပြီ" ဝမ်ကျွင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာ ကျေးဇူးတင်ပါတယ်..." လီယာသည် ကျောင်းမြန်အား ကြည့်ကာ ထပ်ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် မစ္စတာ ကျောင်း၊ ပြီးတော့ မင်းသားအယ်လန် ကိုလည်း ကျေးဇူးတင်ပါတယ် " ကျောင်းမြန် မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး အယ်လန် အံ့သြသွားသည်။ လီယာက ပြုံးပြီး ပြန်ရှင်းပြသည်။ "ငါ သတိလစ်နေပေမယ့် မင်းတို့ရဲ့ အသံတွေကို ငါ ဝိုးတိုးဝါးတား ကြားနေရတယ်လေ" လီယာသည် ကုတင်ပေါ်မှထကာ ကုတင်ဘေးကို မှီလိုက်ရင်း ကျောင်းမြန်အား လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ "တကယ် ကျေးဇူးတင်ပါတယ်" အဖွဲ့ချုပ်သည် လီယာ၏ မျိုးရိုးဗီဇကို ဂရုမစိုက်ဘဲ လူတိုင်းကို တန်းတူရည်တူဆက်ဆံခဲ့ခြင်းကြောင့် လီယာ တန်ဖိုးထားခဲ့သည်။ "ဒါက ဖြစ်သင့်ပါတယ်" ကျောင်းမြန်လည်း ခေါင်းညိတ်လိုက်သည်။ အယ်လန် မျက်လုံးပြူးပြီး မေးလိုက်သည်။ "လီယာ နဲ့ အကိုဝမ်က ဇာစ့် ဘုရင်မကို လှည့်စားခဲ့လို့လား ဒါမှမဟုတ် ဇာစ့်မင်းသမီးဆီက ဓါးပြတိုက်ခဲ့တာလို့ အဲဒီစစ်သားတွေက အပြစ်‌ပေးဖို့ လိုက်လာကြတာလား... လီယာသည် အယ်လန့်၏ စပ်စုတတ်သော မျက်လုံးများကို မြင်လိုက်ရပြီး ခေါင်းခါလိုက်ကာ.... "ငါထင်တာ..... မင်းတို့ ငါ့ရဲ့ အချက်အလက်ကို ခန့်မှန်းမိပြီထင်တာ..." ခဏနားပြီးနောက်၊ လီယာ မျက်ခုံးတစ်ချက်တွန့်ကာ မေး၏။ "မဟုတ်ဘူးလား...!" ကျောင်းမြန် ခပ်တိုးတိုးပြောလိုက်သည်။ "ဇာစ့်.... ဇာစ့်မျိုးနွယ်ရဲ့ တတိယမင်းသား" လိုက်ဖမ်းသော စစ်သည်များသည် အိမ်ရှေ့မင်း သို့မဟုတ် ဒုတိယမင်းသားနှင့် သက်ဆိုင်နေပြီး တတိယမင်းသားကို အဘယ်ကြောင့် ရုတ်တရက် တိုက်ခိုက်ကြသည်ကို မသိကြပေ။ သို့သော် ကျောင်းမြန်နှင့် တခြားသူများသည် ဇာတ်လမ်းကို အတိအကျ မသိကြပေ။ "ဟုတ်တယ်" လီယာ ခေါင်းညိတ်သည်။ "အဲ့ဒါတွေက ဒုတိယမင်းသားရဲ့တပ်တွေ ဖြစ်နိုင်တယ်" လီယာသည် ပြုံးကာ သူ့လက်ညှိုးကို နှုတ်ခမ်းပေါ် ခပ်ဖွဖွလေးတင်ပြီး ပြော၏။ "ပြီးရင် ငါမင်းကို အချက်အလက်တချို့ တိတ်တိတ်လေးပြောပြမယ်" ကျောင်းမြန် မျက်ခုံးကို ပင့်တင်လိုက်သည်။ "အိမ်ရှေ့မင်းသားက ....... ကျရှုံးသွားပြီ" လီယာ က ခေါင်းခါလိုက်ပြီး ဆက်ပြော၏။ "အခု ကျူရှင်း... ဒုတိယမင်းသားရဲ့ အာဏာအရှိဆုံး စစ်တပ်ခေါင်းဆောင်က နောင်ဖြစ်လာမယ့် ပြဿနာတွေကို ရှောင်ရှားဖို့ ငါ့နောက်ကို လိုက်နေတာပဲ" ဒုတိယမင်းသား... သူက ချင်းယင် အားကိုးနေသည့် လူလား....။ ကျောင်းမြန် မျက်မှောင်ကြုတ်လိုက်သည်။ မထင်မှတ်စွာဖြင့် ဒုတိယမင်းသားသည် အိမ်ရှေ့စံမင်းသားကို မြန်မြန်ဆန်ဆန် အနိုင်ယူလိုက်သဖြင့် ဘယ်လောက်ပဲ သွေးသန့်ဖြစ်နေပါစေ စစ်တပ်ကို ချုပ်ကိုင်ထားသည့် ဒုတိယမင်းသားနဲ့ ယှဉ်လို့မရနိုင်ပေ။ ဤသည်မှာ လီယာသည် သူတို့အား။သတိပေးနေခြင်းဖြစ်ကြောင်း ကျောင်းမြန် နားလည်ခဲ့သည်။ ဒုတိယမင်းသားသည် ယခုအခါတွင် သူ၏အာဏာသည် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ပြီး ဖက်ဒရေးရှင်းကိုတိုက်ခိုက်ကာ ဂလက်စီတစ်ခုလုံးကို ပေါင်းစည်းရန် ကြိုးစားမည်ဖြစ်သည်။ အဖွဲ့ချုပ်အပြင် ရေခဲမြစ်ကိုပါ ရမှရမည်။ "တတိယမင်းသား... ထီးနန်းလုဖို့ တစ်ခါမှ မစဉ်းစားဖူးဘူးလား" အယ်လန် : "ဇာစ့် မျိုးနွယ်ရဲ့ ဘုရင်ဖြစ်လာပြီး ဂလက်စီရဲ့ ဘုရင်ဖြစ်လာမှာလေ" ဝမ်ကျွင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လီယာသည် ပြုံးကာ ဝမ်ကျွင်း၏ ကျောအား လက်ဖြင့်ပွတ်ပေးပြီး အေးဆေးစွာ ပြောလိုက်သည်။ "အရှင့်သား.... မင်း အတွေးလွန်နေပြီ... ငါက ... လွတ်လွတ်လပ်လပ်ပဲ ခရီးသွားချင်တာ ၊ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒက ငြိမ်းချမ်းရေးရဖို့ပဲ " ထို့နောင် ခဏရပ်ပြီးလီယာက ခေါင်းယမ်းပြီး ထပ်ပြောသည်။ "... ငါ့ အကိုနှစ်ယောက်က မြို့တော်မှာ တစ်နှစ်ပတ်လုံး စည်းစိမ်ဥစ္စာတွေနဲ့ အာဏာတွေကြားထဲ နစ်မွန်းနေကြတာ... သူတို့က အပြင်မှာ စစ်ပွဲကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေနဲ့ သူတို့ရဲ့မိသားစုတွေသေဆုံးကြရတယ် ဇာစ့်တွေကြောင့်ပဲဖြစ်ဖြစ်၊ အဖွဲ့ချုပ်ကြောင့်ပဲဖြစ်ဖြစ် .... အဲ့လို သနားစရာ အခြေအနေတွေကို မမြင်ဖူးကြဘူး..." လီယာ ခေါင်းကို မော့ကာ စကားတစ်ခွန်းတည်း ထပ်ပြောလိုက်သည်။ "ဒါကြောင့်... ငါက ဗိုလ်ချုပ်ကျောင်း နဲ့ အတူတူပဲ...ငါ့ရဲ့ တစ်ခုတည်းသော ဆုတောင်းက စစ်ပွဲတွေ ရပ်တန့်သွားစေချင်တာပဲ" ကျောင်းမြန် အံ့ဩသွားသည်။ "အာ့မြန်....." စီဆဲလ်သည် တံခါးကို တွန်းဖွင့်လိုက်ရာ လူများ စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ သူသည် တစ်ချက်ပြုံးကာ ကျောင်းမြန်၏ ခါးလေးအား လက်ဖြင့်လှမ်းဆွဲကာ ဖက်လိုက်သည်။ "မင်းတို့ ဘာတွေပြောနေကြတာလဲ...." ကျောင်းမြန် ပြုံးရုံသာ ပြုံးလိုက်သည်။ "ဗိုလ်ချုပ်ကြီး" လီယာသည် စီဆဲလ်အား အနည်းငယ် ဦးညွှတ်ပြီး ပြော၏။ "ကျုပ်ရဲ့ အထောက်အထားကို ဖုံးကွယ်ထားလို့ တောင်းပန်ပါတယ်" "ရပါတယ်..." စီဆဲလ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆက်ပြော၏။ "ဒါဆို အရှင့်သားတို့ရဲ့ နောက်သွားမယ့် နေရာက ဘယ်နေရာများလဲ.... ကျုပ်တို့သွားရင်း လမ်းကြုံရင် ချပေးခဲ့လို့ ရပါတယ်..." စီဆဲလ် မျက်တောင်ခတ်ပြီး ထပ်ပြောသည်။ "ဒါပေမယ့်၊ အင်းဆက်ဂြိုလ်ကလွဲရင်ပေါ့" လီယာ ခဏရပ်ပြီး စဉ်းစားနေလေသည်။ ဝမ်ကျွင်းသည် လီယာ၏ လက်ကို ကိုင်ကာ ပြောလိုက်သည်။ "ကိုယ်တို့ ဖက်ဒရယ်နယ်စပ်နဲ့ နီးတဲ့ Q5 စွန့်ပစ်ကြယ် ကို သွားကြမလား.....အဲ့မှာဆို ဇာစ့်တွေ မင်းကို လိုက်ရှာလို့မရဘူး...." စီဆဲလ် သူ့မေးစေ့ကို ကိုင်လိုက်ပြီး လီယာ့ကို အဓိပ္ပါယ်ရှိစွာ ကြည့်နေလိုက်သည် ။ လီယာသည် ခေါင်းငုံ့ကာ ငြိမ်နေပြီး ခေါင်းစဉ်ကို ရှောင်ဖို့ ကြိုးစားလေသည်။ "ဝမ်ကျွင်း" စီဆဲလ်သည် ဝမ်ကျွင်း၏ ပုခုံးအား ပုတ်ကာ.... "လီယာနဲ့ နှစ်ယောက်တည်း စကားပြောလို့ရမလား..." ဝမ်ကျွင်း အံ့သြသွားပြီး မသိစိတ်မှ လီယာရှေ့တွင် ကာရပ်လိုက်သည်။ "အစ်ကိုဝမ်" အယ်လန်သည် သူ့လက်ကို ဆန့်လိုက်ပြီး ပြုံးပြုံးလေးဖြင့် ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ စကားပြောကြရအောင်" "ကျုပ်က မင်းသားကို ထိခိုက်အောင် လုပ်လို့ရလို့လား.." စီဆဲလ် မရယ်နိုင်တော့ပေ။ "..ကောင်းပြီ" ဝမ်ကျွင်းသည် လီယာကို စိုက်ကြည့်ကာ ကျောင်းမြန်နှင့်အခြားသူများနှင့် အတူထွက်သွားသည်။ မထွက်ခွာမီ ကျောင်းမြန် နှင့် စီဆဲလ် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးပြလိုက်ကြသည်။ နှစ်ယောက်စလုံးသည် တစ်ဖက်လူက မည်သိုစီစဉ်ထားလဲဆို သိပြီးဖြစ်သည်။ အခန်းထဲမှာ လူနှစ်ယောက်တည်း ကျန်တော့သည့်အချိန်တွင် စီဆဲလ်သည် ခုံတစ်လုံးကို ဆွဲကာ လီယာ၏ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ "ခုနက အပြင်မှာ ကြားလိုက်တယ်...မင်းရဲ့ အကြီးမားဆုံး ဆန္ဒက ငြိမ်းချမ်းရေးလို့ မင်းပြောခဲ့တယ် မဟုတ်လား" စီဆဲလ် ပြုံးကာ သူ့ခြေထောက်များကို ချိတ်ထိုင်လိုက်သည်။ "ဟုတ်တယ်" လီယာ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ "အာ့မြန် နဲ့ ကျုပ်လည်း အတူတူပဲ" စီဆဲလ် ခပ်ဖွဖွရယ်ကာ "ကျုပ်တို့ရဲ့ ရည်မှန်းချက်တွေက တူညီကြလို့ တစ်ယောက်ကို တစ်ယောက် မြတ်နိုးကြတယ်.... ဒါကြောင့် ကျုပ်တို့ နှစ်ယောက်လုံး လက်နက်ကိုယ်စီကိုင်ပြီး တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဦးဆောင်နိုင်ကြတယ်..." လီယာ အံ့ဩသွားသည်။ "မင်းကို ဘယ်သူမှမပြောပြဘူးလား" စီဆဲလ် မျက်ခုံးပင့်လိုက်ပြီး ပြော၏။ "ငြိမ်ငြိမ်‌လေး နေရုံနဲ့ ဘယ်တော့မှ ငြိမ်းချမ်းရေး မရနိုင်ဘူး... တိုက်ခိုက်မှပဲ ရနိုင်လိမ့်မယ်..." လီယာ ခေါင်းညိတ်လိုက်သည်။ "အရှင်သား၊ ရုန်းထွက်ဖို့ မကြိုးစားနဲ့.... ရုန်းထွက်တာက သူရဲဘောကြောင်ပြီး အရည်အချင်းမရှိလို့ပဲ..... ငြိမ်းချမ်းရေးကို လိုချင်ရင် မင်းကိုယ်တိုင် ဖန်တီးမှရမယ်" "........." "ဘာတွေပြောနေကြတာလဲ" တံခါးအပြင်ဘက်မှ ဝမ်ကျွင်းသည် အယ်လန့်အား မျက်မှောင်ကြုတ်ပြီး ပြောလေသည်။ "နေ့လည် တောင်ရောက်နေပြီ " "ငါလည်း မသိဘူးလေ..." အယ်လန် ပြုံးပြပြီး ပခုံးတွန့်လိုက်သည်။ ဝမ်ကျွင်းသည် တံခါးကို တစ်ချက် တစ်ချက် လှမ်းကြည့်ကာ စိတ်မပူဘဲ မနေနိုင်ပါ။ "အစ်ကိုဝမ်..." အယ်လန်သည် ခေါင်းယမ်းကာ ပြော၏။ "ခင်ဗျား လူကို အရမ်းကာကွယ်လွန်နေပြီ.... သူလည်း သူလုပ်သင့်တာကို မလုပ်စေချင်ဘူးလား" "သူ့မှာ နူးညံ့တဲ့နှလုံးသားရှိတယ်" "ဒါပေမယ့် သူက မင်းသားတစ်ပါးလေ" အယ်လန်သည် နံရံကို မှီပြီး သူ့ခြေထောက်တွေကို လှုပ်ကာ ခေါင်းကို ငုံ့လိုက်သည်။ "ငါတို့ ဘာမှမသိ...ဘာမှမလုပ်ဘဲ ဒီအတိုင်းနေလို့မရဘူး " ဝမ်ကျွင်းသည် အယ်လန့်ကို လှည့်ကြည့်လိုက်သည်။ အယ်လန် သူ့ခေါင်းကို မော့ပြီး ပြုံးလိုက်သည်။ "အစ်ကို ဝမ်၊ ငါ့ကို ကျေးဇူးဆပ်ချင်တယ်မလား..." ဝမ်ကျွင်း အယ်လန့်ကို တစ်ချက် ကြည့်သည်။ "ဟုတ်လား..." အယ်လန် သူ့နှုတ်ခမ်းများကို ကိုက်ကာ ပြောသည်။ "မင်းသိတဲ့အတိုင်းပဲ၊ အဖွဲ့ချုပ်က နယ်စပ်က တပ်တွေကို မကြာခင် ပြန်ခေါ်ဖို့ စီစဉ်နေပြီးဆိုတော့.... ရေခဲမြစ် နယ်စပ်မှာ စောင့်နေကြတယ်လေ" "ဟုတ်တယ်..." "ဒါဆို ကုရှင်းချီလည်း ပြန်လာမှာ" အယ်လန် ညည်းတွားလိုက်သည်။ "ငါတို့ ပြန်တွေ့ရမှာ" "...ဟမ်" ဝမ်ကျွင်းသည် ထိုလူနှစ်ယောက်သည် အချင်းချင်း လေးနက်မှု ရှိနေရဲ့နဲ့ ဘာလို့ အချင်းချင်း ရှောင်ဖယ်နေကြမှန်း စဉ်းစားလို့မရပေ။ အယ် သူ့အသက်ကို လောင်ကြေးထပ်ကာ မေးလိုက်သည်။ "ဒါဆို အစ်ကိုဝမ်၊ မင်း ငါ့ရဲ့ ချစ်သူလိုမျိုး ဟန်ဆောင်ပေးလို့ရနိုင်မလား" "......" "!!!!" "ဟန်ဆောင်ပေးပါ!" အယ်လန် ထပ်ပြောလိုက်သည်။ "...." ဝမ်ကျွင်ူသည် ပါးစပ်ကို ခက်ခဲစွာ ဖွင့်ကာ ပြန်ပြောလိုက်သည်။ "အင်း.... လီယာနဲ့ တိုင်ပင်လိုက်ဦးမယ်" ဝမ်ကျွင်းသည် ကုရှင်းချီသည် သူ့အား အသေတော့ မသသတ်လောက်ဘူးဟု မျှော်လင်မိသည်။ "ကျေးဇူးတင်ပါတယ် အစ်ကိုဝမ်!" အယ်လန် ဝမ်းသာအားရ ပြုံးလိုက်သည်။ "မင်းတို့ ဘာတွေပြောနေလို့ အရမ်းပျော်နေရတာလဲ" ကျောင်းမြန်သည် အဆာပြေစားရင်း အနားသို့ ရောက်လာသည်။ "..အိုဘုရားရေ!" အယ်လန်သည် ကျောင်းမြန်အား မြင်လိုက်ချိန်တွင် ကြက်သီးများထကာ ဆံပင်မွှေးများပင် ထောင်ချင်သွားသည်။ "ခယ်မလေး....! မင်းဘာလို့အလုပ်လုပ်နေတာလဲ!" သူသည် ဒုံးပျံလို အရှိန်ဖြင့်ပြေးလာပြီး ကျောင်းမြန်လက်ထဲမှ ဗန်းအား ယူလိုက်သည်။ "ဒီကိစ္စ‌က ငါ့ကိုပြောလေ...မဟုတ်လည်း အောက်က လူတွေကို လှမ်းခေါ်လည်းရတာကို ဘာလို့ ကိုယ်တိုင် ထလုပ်‌နေတာလဲ...." ကျောင်းမြန် : "...." အယ်လန်သည်တော့ ထိတ်လန့်နေဆဲဖြစ်ပြီး သူသည် ဗန်းကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပြီး ကျောင်းမြန်ကို အမြန်ထိုင်ချ ခိုင်းလိုက်သည်။ ကျောင်းမြန်သည် ရီလန်အား တွန်းကာ အံဩနေသည့်အသံဖြင့် ပြန်ပြောလိုက်သည်။ "ကျုပ် ဒီလောက်လည်း နူးညံ့သိမ်မွေ့ မနေပါဘူး ...." ဝမ်ကျွင်းသည် ထိုအချိန်မှ ဗိုလ်ချုပ်ကြီးကတော်တွင် ကိုယ်ဝန်ရှိနေမှန်း သတိရသွားသည်။ ဒီအဖြစ်အပျက်သည် ကြီးမားသည့်ကိစ္စဖြစ်ပြီး အဖွဲ့ချုပ်နှင့် ဆက်စပ်‌နေသည့် နိုင်ငံများ၊ မဟာမိတ်နိုင်ငံများ အားလုံးက ကောင်းချီးပေးခဲ့ကြသည်။ ဝမ်ကျွင်းသည်လည်း ကန္တာရကြယ်တွင် ခရီးထွက်ရင်း ထိုအကြောင်းကို ကြားလိုက်ရသည်။ "အဲဒီနေ့က..." ဝမ်ကျွင်းသည် ရှေ့တိုးကာ စိတ်လှုပ်ရှားစွာဖြင့်‌ မေးလိုက်သည်။ "ဇာစ့်စစ်သားတွေ ငါတို့‌ နောက်လိုက်လာတဲ့ နေ့က သူလည်းရှိနေတာလေ.... သူ ဘာဒဏ်ရာမှ မရှိပါဘူးနော်...!" ဝမ်ကျွင်း၏ ရှုပ်ထွေးနေသည့် အမူအရာအား မြင်လိုက်ချိန်တွင် ကျောင်းမြန်သည် ကူကာ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ "မင်းတို့ လူကြီးတွေကို နားမလည်တော့ဘူး.... ငါက ကိုယ်ဝန်ရှိနေတာလို့... သေလောက်တဲ့ ရောဂါ မဟုတ်ဘူးလို့...." "အင်း.." အယ်လန် နားလည်သွားပုံရသည်။ ကျောင်းမြန် ရယ်ရမလား ငိုရမလား မသိတော့ဘဲ... "အယ်လန် မင်းနဲ့ ဗိုလ်မှူးကုနဲ့ ညားရင် မင်းနားလည်လာလိမ့်မယ်..." "......." သူ့အမြီးကို တက်နင်းမိသွားသလို အယ်လန် ခုန်ထလာပြီး‌ ပြောလိုက်သည်။ "သူနဲ့ ဘယ်သူက အတူနေမယ်ပြောလို့လဲ.... မွေးချင်ရင် သူ့ဘာသာသူမွေး....." အယ်လန် ဒေါသတကြီးဖြင့် ထွက်သွားသည်။ ဝမ်ကျွင်းသည် အယ်လန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် ။ ...အံ့ဩစရာကြီး...။ ထို့အချိန်တွင် စီဆဲလ်နှင့် လီယာသည်လည်း စကားပြောပြီးသွားပြီ ဖြစ်သည်။ "တော်ဝင်မင်းသား လီယာက အင်းဆက်ဂြိုလ်ရဲ့မြို့တော်ကို ပြန်သွားချင်တယ်လို့ ပြောတယ်" စီဆဲလ်သည် ဝမ်ကျွင်းအား ပြောလိုက်သည်။ "ဒါဆို ငါတို့က မင်းကို နယ်စပ်ကို လိုက်ပို့ပေးလို့ရတယ်၊ ကျန်တဲ့လမ်းတစ်ဝက်ကို မင်းဘာသာသွားလို့ရတယ်" ဘာပဲဖြစ်ဖြစ် လီယာသည် မင်းသားတစ်ပါးဖြစ်ပြီး ငါတို့လို စစ်သား မဟုတ်နေဘူး...။ ဝမ်ကျွင်းသည် မျက်မှောင်ကြုတ်ကာ ခဏအကြာတွင် လီယာကိုရှာရန် အခန်းထဲပြန်သွားခဲ့သည်။ ကျောင်းမြန် နှင့် စီဆဲလ်တို့လည်း အခန်းထဲပြန်လာခဲ့သည်။ ကျောင်းမြန်လည်း စီဆဲလ်အတွက် ကော်ဖီဖျော်ပေးရန်ပြင်ကာ မေးလိုက်သည်။ "ခင်ဗျား သူ့ကိုယုံလား..." "ကိုယ်သူ့ကို မဆွဲဆောင်လိုက်ပါဘူး... သူ့ခံစားချက်သူ နားလည်အောင် နည်းနည်း တီးခေါက်‌ပေးလိုက်ရုံပါ..." စီဆဲလ်သည် ကျောင်းမြန်လုပ်နေသည်အား မြင်ရာ ချက်ချင်းရှေ့တိုးသွားပြီး ပြောလိုက်သည်။ "ဒီလို ပင်ပန်းတာတွေမလုပ်နဲ့လို့..." ကျောင်းမြန်သည် စီဆဲလ်၏ အိပ်ရာပေါ်သို့ ကူကယ်ရာမဲ့စွာဖြင့် တွန်းချခံခဲ့ရသည်။ စီဆဲလ် သူတို့နှစ်ယောက်အတွက် ရေနွေးယူကာ ကော်ဖီဖျော်လိုက်ပြီး ပြော၏။ "လိုရင်းပြောရရင် မင်းသား လီယာသာ ဘုရင်ဖြစ်လာရင် အင်းစက်ဂြိုလ်နဲ့ ကိုယ်တို့ ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးလို့ ရလိမ့်မယ်..." "အဓိကအချက်က သူသည် ဘုရင်ဖြစ်လာမှရမယ်" "ဟုတ်တယ်..." ဒုတိယမင်းသားက သူ့‌နေရာကို တည်မြဲအောင် လုပ်နိုင့်ပါ့မလားဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ ကျောင်းမြန် ခေါင်းမော့ကာ ပြောလိုက်သည်။ "ခင်ဗျားနဲ့ ဒုတိယမင်းသားနဲ့ စစ်ပွဲဖြစ်ရင် ကျွန်တော်က ခင်ဗျားနဲ့အတူရှိ‌နေမှာ.... ရေခဲမြစ်ကလည်း ဖက်ဒရေးရှင်း ဘက်က ရပ်တည်လိမ့်မယ်...." "ဟုတ်ပါပြီ..." ‌စီဆဲလ် ကော်ဖီတစ်ငုံသောက်လိုက်ကာ ကျောင်းမြန်၏ ပါး‌လေးအား ငုံ့ကာ ဖိနမ်းလိုက်သည်။ "ကိုယ်လည်း မင်းကို ကာကွယ်ပေးမယ်" "စီဆဲလ်....." ကျောင်းမြန်သည် စီဆဲလ်၏ လက်ကိုလှမ်းဆွဲကာ မေ့ကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။ "စီဆဲလ်... ခင်ဗျားက သူနဲ့တူတယ်.." "ဟင်....." စီဆဲလ်သည် ကျောင်းမြန်၏ နားရွက်ကို ကိုက်ကာ မေးလိုက်သည်။ "မင်းရဲ့ ခင်ပွန်းနေရာကို ဘယ်သူနဲ့ အစားထိုးချင်နေတာလဲ.... ဟင်...အမှန်သိအောင် လုပ်ပေးရမလား...!" "အစားထိုး ဟုတ်လား!" ကျောင်းမြန်သည် ပြုံးကာ.... "မိုက်မဲတဲ့ စကား မပြောနဲ့" "မဟုတ်ဘူးလား.." "မဟုတ်ဘူး... သူက ကျွန်တော့်အကိုကြီးပဲ... သူရဲ့ ကျောပြင်နဲ့ သူ ကျွန်တော့်ကို အလိုလိုက်တာပဲ မှတ်မိတယ်... သူ့ကို သေချာ မမှတ်မိတော့ဘူး..." စီဆဲလ် အံ့သြသွားသည်။ ကျောင်းမြန်သည် စီဆဲလ်ကို မှီကာ ထပ်ပြောလိုက်သည်။ "သူက သူများနဲ့မတူဘူး.... သဘောကျတယ်" တစ်ယောက်သည် မိသားစုဝင်တစ်ယောက်လိုဖြစ်ပြီး နောက်တစ်ယောက်ကတော့ ချစ်သူတစ်ယောက်လိုဖြစ်သည်။ စီဆဲလ် တိုးတိုးပြောလိုက်သည်။ "အဲ့အစ်ကိုကြီးကို... မှတ်မိသေးလား" "အင်း ကျွန်တော်နည်းနည်းလောက် မှတ်မိသေးတယ်..... နှင်းတွေ တအားကျနေတဲ့ အချိန်မှာ အတူတူ လမ်းလျှောက်နေတာကိုလည်း သတိရတယ်၊ ပြီးတော့ သူ ကျွန်တော့်အတွက် နှင်းလူသား လုပ်ခဲ့တာကို သတိရတယ်၊ ပြီးတော့ ရှုပ်ပွနေတဲ့ ပုံရိပ်တွေရှိသေးတယ်" ကျောင်းမြန် သက်ပြင်းချကာ.... "သူ့ကို မှတ်မိနိုင်ရင် ကောင်းမှာပဲ... အခုဆို သူဘယ်မှာနေလဲ၊ ဘယ်လိုနေနေလဲ ဆိုတာတောင်မသိရဘူး..... ကျွန်တော် စဉ်းစားမိတာ.... သူ ကျွန်တော့်ကို မှတ်မိနေပါ့မလားလို့...." စီဆဲလ်သည် ကျောင်းမြန်၏ပခုံးပေါ်တွင် ခေါင်းကို မှီထားပြီး မျက်လုံးများကိုမှိတ်ထားပြီး ပြန်ဖြေပေးလိုက်သည်။ "သူလည်း ကောင်းမွန်တဲ့ ဘဝကို ဖြတ်သန်းနေပြီး မင်းကိုလည်း အမြဲတမ်း သတိရနေမှာပါ....မင်းက အရမ်းတော်တဲ့ အာ့မြန်ပဲကို.... သူ မင်းကို ဘယ်လိုလုပ် မေ့မှာလဲ" "တကယ်လား...!" "ဟုတ်တယ်..." ကျောင်းမြန်သည် ပြုံးကာ စီဆဲလ်အား ပွေ့ဖက်ထားရင်း ပြောလိုက်သည်။ "အင်းပါ...." မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အနည်းဆုံးတော့ ကျောင်းမြန်သည် ယခုအချိန်တွင် ပျော်ရွှင်နေရပါသည်။ ---------------------------------------------------------------------------------