အပိုင်း (၂၉)
Viewers 31k

part-29


ဝတ္ထုထဲမှယွမ်ရှက အမြင်ကောင်းသူဖြစ်ကြောင်းသက်သေပြပြီးဖြစ်နေလေပြီ။ ထို့အပြင်တခြားနည်းလမ်းဖြင့်လဲစဉ်းစားကြည့်လို့ရနိုင်သေးသည်။ယနေ့ခေတ်တွင်သူဌေးများမရှားပေ။ သို့သော်လဲစုန့်ထင်ရှန်းကဲ့သို့ ရုပ်ရည်ရှိပြီး သားမယားမရှိသည့်သူမျိုးကတော့ရှားပါးပေသည်။


ဝတ္ထုထဲမှယွမ်ရှက စုန့်ထင်ရှန်းကိုမချစ်သော်လဲ

အပြင်လူများ၏အမြင်ဖြင့်ကြည့်မည်ဆိုပါကသူမကိုအမြင့်ကိုခုန်တက်သွားသော သိုက်တူးသမားဟုထင်လိမ့်မည်မဟုတ်ပေ။စုန့်ထင်ရှန်း၏ရုပ်ရည်ရူပကနှင့်အရည်အချင်းများကြောင့် သူမအိမ်ထောင်ရေးထောင်ချောက်အတွင်းသို့သက်ဆင်းသွားသည်ဟုသာထင်ကြပေလိမ့်မည်။အဘယ်ကြောင့်ဆိုသော် သူမကစုန့်ထင်ရှန်းကိုမြင်မြင်ချင်းချစ်သွားမိသည်ဟုသာမြင်ပေလိမ့်မည်။


ထိုအထင်အမြင်အတိုင်းပင် မူလယွမ်ရှကလဲ စုန့်ထင်ရှန်းကိုလက်ထပ်ရန်ရိုးရှင်းသောနည်းလမ်းကိုသာအသုံးပြုခဲ့သည်။ထိုသို့အားဖြင့်အရာရာအားလုံးကိုအချစ်ဟူသောမျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားနိုင်ပေလိမ့်မည်။ထို့ကြောင့်ပင် ၎င်းတို့၏လှည့်စားသောလုပ်ရပ်များအတွက် အချစ်ကိုကာဗာယူအသုံးချသူများရှိနေကြခြင်းဖြစ်သည်။ရှင်းလင်းစွာပင်အချစ်၏စွမ်းအားကအရာရာအားလုံး၏ရည်ရွယ်ချက်ကိုဖုံးကွယ်နိုင်စွမ်းရှီလေသည်။


ဆက်ပြောရမည်ဆိုပါက ဝတ္ထုထဲမှယွမ်ရှသည်တကယ့်ကိုအကဲဖြတ်သူ အမြင်ကောင်းသူဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ဝတ္ထုထဲမှယွမ်ရှ၏ပထမဆုံးခင်ပွန်းဖြစ်သူမှာစုန့်ထင်ရှန်းဖြစ်သည်။ ထိုသူသည်တခြားသောအမျိုးသားဇာတ်လိုက်များနှင့်မတူညီကွဲပြားစွာပင်ထင်းထွက်နေသည်။


သူမ၏ဒုတိယခင်ပွန်းမှာမူ စာရေးသူက သာမာန်ရုပ်ရည်မျှသာရှိသည် ဟုဖော်ပြထားသော်လဲ သူမအားအမှန်တကယ်ချစ်မြတ်နိုးလေသည်။ထိုသူသည်မူလယွမ်ရှကကလေးမွေးဖူးသည်ဟုသိလိုက်သည့်ခဏ၌အချိန်တိုလေးသာ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့သည်။ထို့နောက်ထိုသူက စဉ်းစားဆင်ခြင်ခြင်းမရှိတောပဲ အရူးတယောက်ကဲ့သို့ပင်ယွမ်ရှထံ၌ကျဆုံးခဲ့လေသည်။ဝတ္ထုထဲမှယွမ်ရှလိုချင်တာမှန်သမျှကိုလဲဖြည့်ဆည်းပေးခဲ့၏ 


သို့သော်လဲမူလယွမ်ရှကမူ ထိုသူကသူမအလှကြောင့်သာကျဆုံးနေခြင်းဖြစ်ပြီး တကယ်ချစ်သည်ဟုမယုံကြည်ခဲ့ပေ။တကယ်တမ်းပြောရမည်ဆိုလျှင်လူတယောက်သည် မည်မျှပင်လှပနေပါစေ ထိုသူသို့မဟုတ်သူမကိုနှစ်တချို့ကြာအောင်နေ့တိုင်းမြင်နေရမည်ဆိုပါကထိုအလှတရားပေါ်တွင် ခုခံလာနိုင်မည်သာဖြစ်သည်။


မူလယွမ်ရှ၏ဒုတိယခင်ပွန်းသည်က သူမတယောက်ထဲကိုသာစွဲစွဲလမ်းလမ်းချစ်မြတ်နိုးခဲ့သည်ဟုဆိုလျှင်... သူ့အတွက် ယွမ်ရှကထူးခြားသူတဦးဖြစ်နေလို့သာဖြစ်သည်။


၎င်းက သူမ၏လှပမှု တခုထဲကြောင့်လုံးဝမဖြစ်နိုင်ပေ။မူလယွမ်ရှနှင့်သူမ၏ဒုတိယခင်ပွန်းသည်တို့၏ဆက်ဆံရေးကြားထဲတွင်လဲ သူမသည်အလွန်ပင်လိမ္မာပါးနပ်စွာကိုင်တွယ်နိုင်သည်ဟုတွေ့မြင်နိုင်လေသည်။


စုန့်ထင်ရှန်းဖြစ်စေ ဒုတိယခင်ပွန်းသည်ဖြစ်စေ သူတို့ကမူလယွမ်ရှ၏ငွေထုတ်စက်များသာဖြစ်သည်။


အမျိုးသားများအတွက်သူမ၏သက်မှတ်ချက်က ရိုးရှင်းပြီးအကြမ်းဆန်လှသည်။သို့သော်လဲသူမက ထိုသူတို့၏အမူအကျင့်ကိုလိုက်ပြီး လိုက်လျောညီထွေအောင်တုံ့ပြန်တတ်ပေသည်။ဥပမာအားဖြင့် သူမ၏ပထမခင်ပွန်းစုန့်ထင်ရှန်းသည် သူမကိုမကြိုက်ရုံသာမက အနဲငယ်ပင်ရွံရှာသလိုဖြစ်နေကြောင်းသူမသိပေသည်။


ထို့ကြောင့်သူမက စုန့်ထင်ရှန်း၏အကျင့်စရိုက်ကိုအလွန်နားလည်ပြီး လက်ထပ်ပြီးသည့်အခါ၌ခွဲနေရန် ပြောလိုက်ကာအမည်ခံအိမ်ထောင်သည်အဖြစ်သာနေထိုင်ခဲ့ကြသည်။


ယွမ်ရှ၏အမြင်အရပြောရမည်ဆိုလျှင် ဝတ္ထုထဲမှယွမ်ရှသည် အခြေအနေကိုလိုက်၍ကောင်းစွာနေထိုင်တတ်သောအမျိုးသမီးတယောက်ဖြစ်လေသည်။ သူမကရုပ်ရည်ချောမောမှုကိုနှစ်သက်တန်ဖိုးထားသော်လဲ စုန့်ထင်ရှန်းကဲ့သို့သောယောကျာ်းမျိုးက 

အဝေးမှသာလျှင်အကွာအဝေးခြား၍ဆက်ဆံရမည်သူဖြစ်ကြောင်းကိုသူမသိနေပေသည်။


သူမက စုန့်ထင်ရှန်း၏သူမကိုမြင်သောအမြင်ကိုပြောင်းလဲပစ်ပြီး သူတို့ကြားထဲကဆက်ဆံရေးတိုးတက်လာကာပျော်ရွှင်သောမိသားစုဘဝလေးဖြစ်အောင်လုပ်ဆောင်လိုသည့်ပြင်းပြသောဆန္ဒမျိုးလဲမရှိပေ။


ဝတ္ထုထဲမှယွမ်ရှသည် သူမကိုယ်သူမအတွက် အကောင်းဆုံးနေထိုင်တတ်သူဖြစ်ကြောင်းခံစားမိလေသည်။


ယခုစုန့်ထင်ရှန်းက မသေသေးသောကြောင့် သူမသည်လဲသူ့၏အမည်ခံဇနီးအဖြစ်ရှိနေပေဦးမည်။


သူမကပေါက်စီလုံးလေးအား အဒေါ်တယောက်အနေဖြင့်ကောင်းမွန်စွာဂရုစိုက်ပေးရပေမည်။သူမက ကလေးလေးနှင့်သူမအကြားဆက်နွယ်မှုကို ပို၍ရင်းနှီးလာအောင်ဆောင်ရွက်သော်လဲစုန့်ထင်ရှန်းနှင့် သူမကြားကဆက်ဆံရေးကိုမူနဂိုအတိုင်းထိန်းသိမ်းထားလေသည်။


စုန့်ထင်ရှန်း သူမကိုဘယ်လိုမြင်မည် ကတော့ သူမစိတ်ပူရမည့်အကြောင်းအရာဟုတ်မနေပေ။


မည်သို့ပင်ဆိုစေသူမကလက်ရှိတွင် သူ့ရဲ့တရားဝင်ဇနီးတယောက်ဖြစ်နေသည်။အကယ်၍ သူသာသူမကိုကွာရှင်းလိုသည်ဆိုပါက စုန့်ထင်ရှန်း၏အမူအကျင့်အရသူမ၏ကျန်ဘဝတလျှောက်လုံးသက်တောင့်သက်သာနေနိုင်စေရန်အတွက် လုံလောက်သောနစ်နာကြေးငွေပေးပေလိမ့်မည်။ပြောရမည်ဆိုလျှင်ထိုသို့ပေးနိုင်လောက်အောင်လဲ သူချမ်းသာပေသည်။


အဲ့လိုဆိုရင်သူမကချောမောလှပပြီးတော့ပိုက်ဆံလဲရှိသွားပြီ...


ယွမ်ရှသည်သူ့၏ဘဝအသစ်ကအလွန်ပင် အံ့ဩစရာကောင်းလှသည်ဟုခံစားမိလေသည်။အမျိုးသမီးများ လွတ်လပ်စွာရှင်သန်နိုင်သောမော်ဒန်ခေတ်မှသူမတွင်... လတ်လျားလတ်လျားနေလိုသောရှက်စရာကောင်းသည့်အိပ်မက်တခုရှိနေသည်။ယခုတော့သူမ၏အိပ်မက်လေးပြီးဆုံးသွားလေပြီ။


"Translator ၏အတွေး...ငါကကိုယ်တိုင်ကိုယ်ကျပိုက်ဆံရှာနိုင်ပြီဆိုရင်ယောက်ျားတယောက်အပေါ်ကို ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီးတော့မှီခိုမနေချင်ဘူး...ဒါပေမဲ့လဲစုန့်ထင်ရှန်းလိုခင်ပွန်းတယောက်ကိုရထားတာကတော့ ထီပေါက်တာနဲ့အတူပဲ ထီပေါက်မယ်ဆိုရင်တော့ဘယ်သူမှအလုပ်လုပ်ချင်မှာမဟုတ်ဘူးလေ...ဒါကြောင့်ငါယွမ်ရှကိုအပြစ်မတင်ဘူး...

တစုံတယောက်သာတသက်တာစားနိုင်မဲ့ငွေကြေးမျိုးကမ်းလှမ်းလာမယ်ဆိုရင် မူနေပြီးတော့ပယ်ချလိုက်တာကမင်းတို့ရဲ့မိုက်မဲမှုပဲဖြစ်သွားလိမ့်မယ်...မင်းတို့ရော ဘယ်လိုထင်လဲ..."