part-30
ယွမ်ရှက ဝမ်လေးကိုတနေ့လုံးပြုစုစောင့်ရှောက်ထားပြီးနောက် စုန့်ထင်ရှန်းဆီသို့သာပြတ်ပြတ်သားသားလက်ကလွှဲပေးလိုက်လေသည်။ထို့နောက်သူမရေမိုးချိုးလိုက်ပြီးအိပ်ယာပေါ်လှဲကာဂိမ်းဆော့နေလိုက်သည်။ခဏအကြာတွင်ရေချိုးပြီးသောပေါက်စီလုံးလေးကယွမ်ရှ၏ အခန်းဆီသို့ရောက်လာလေသည်။
ကလေးငယ်လေးများ ဖျားနာသောအခါတွင် ကလေးငယ်လေးများကသူတို့၏မိခင်နှင့်သာအတူရှိလိုကြသည်။ပေါက်စီလုံးလေးကအဖျားကျသွားပြီဆိုသော်လဲ လွန်ခဲ့သည့်နှစ်ရက်လုံးတွင် သူ့အမေ၏ပြုစုစောင့်ရှောင့်မှုကိုသာခံခဲ့ရသည်ဖြစ်လေရာသူ့မအေပ်ါတွင် ပို၍ပင်မှီခိုနီးကပ်လာပေသည်။ကလေးလေးကလဲအလွန်ပင်ချစ်ရာကောင်းလှပေသည်။
သို့သော်လဲ သူမမိခင်အဖြစ် ရက်အနဲငယ်နေပေးသည့်နောက် သူမသည်အိမ်ထောင်ပြုချင်စိတ်နှင့်ကလေးလိုချင်စိတ်လုံးဝမရှိကြောင်းသိနေပေသည်။
မှန်ပေသည် မိခင်များကအထူးကိုအရည်အချင်းရှိကောင်းမွန်သည့်အမျိုးသမီးများဖြစ်ကြပေသည်။
ယွမ်ရှကမူပေါက်စီလုံးလေးနှင့်တရက်ခန့်ကစားပေးပြီးနောက် မိခင်များ၏ဘဝကိုပင်မေးခွန်းထုတ်ချင်လာပေသည်။မိခင်များကလုံးဝကိုလေးစားစရာကောင်းလှသည်ဟုသူမတကယ်ခံစားမိနေသည်။
ယွမ်ရှအိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီးကလေးကိုကြည့်ကာမေးလိုက်သည်။
"အရင်ကကော ပေါင်ပေါင်ဘယ်သူနဲ့အိပ်တာလဲ..."
ပေါက်စီလုံးလေးကလဲ သူမ၏ကိုယ်ဟန်အမူအယာကိုအတုခိုးသည့်ပုံစံမျိုးဖြင့်အိပ်ယာပေါ်တွင်ထိုင်လိုက်သည်။ကံမကောင်းစွာပင်ထိုထိုင်သည့်ပုံစံကသူ့အတွက်အနဲငယ်ခက်ခဲနေသောကြောင့်အရှုံးပေးလိုက်ရလေသည်။သူခဏမျှစဉ်းစားပြီးပြန်ဖြေလာလေသည်
"ပါပါးနဲ့ ....တခါတလေကျရင်လဲ ကလေးထိန်းအန်တီနဲ့အိပ်တယ်..."
ယွမ်ရှခေါင်းညိမ့်လိုက်ပြီးမေးခွန်းထပ်ထုတ်လိုက်သည်
"ဒါဆိုရင်ပေါင်ပေါင်ကအခုမာမားနဲ့ ညတိုင်းအိပ်နေမယ်ဆိုရင် ပါပါးမနာလိုမှာကိုစိတ်မပူဘူးလား..."
ကလေးလေးစုန့်က အလွန်ပင်ချစ်စရာကောင်းသည်ဆိုသော်လဲ သူမတယောက်ထဲသာအိပ်ချင်ပေသည်။တယောက်ထဲအိပ်ရသည်က ပို၍သက်တောင့်သက်သာရှိပေသည်။
ကလေးလေးက သူ့၏အိပ်ချိန်ဇယားအတိုင်းအတိအကျထိန်းသိမ်းထားလေသည် သူကညတိုင်းကိုးနာရီဝန်းကျင်တွင်အိပ်ပြီး မနက်တိုင်းခြောက်နာရီဝန်းကျင်တွင်နိုးထသည်။
ယွမ်ရှကညဇီးကွက်မဟုတ်သော်လဲ ထိုကိုးနာရီအချိန်တွင်အိပ်ဖို့ သူမကိုယ်သူမ ဖိအားမပေးနိုင်ပေ။သူမကဝေ့ပေါ် ပေါ်တွင်တခြားသူများတင်သည့်အရာများကိုကြည့်ရန်အတွက်ညတိုင်းကလေးအိပ်သည့်အချိန်ထိစောင့်နေရပေသည်။ထို့ကြောင့်သူမအစောဆုံးအိပ်ပျော်သည့်အချိန်က ၁၁နာရီ ဝန်းကျင်မှသာဖြစ်လေသည်။
နောက်တနေ့မနက်တွင်သူမကအိပ်ကောင်းတုန်းဖြစ်ပြီး အိပ်မက်များမက်နေစဉ်အချိန်၌ကလေးလေးကနိုးလာပေသည်။ထို့အပြင်သူက သူမကိုလဲနှိုးလေသည်။သူမကအထက်တန်းကျောင်းပြီးသည့်အချိန်ထဲက ထိုကဲ့သို့မနက်ခင်းပုံမှန်နိုးလေ့မရှိတော့ပေ။
အခုကလေးက ဒီမှာရှိနေမယ်ဆိုတော့ သူမဘယ်လိုလုပ်ပြီးအိပ်ရတော့မလဲ...
ကလေးလေးစုန့်က မနာလိုသည်ဆိုသည့်စကားလုံးကိုပထမဦးဆုံးကြားဖူးခြင်းဖြစ်လေသည်။
ယွမ်ရှကလဲကလေးးတွေကိုလှည့်စားသည့်နေရာ၌ဆရာကျလှပေသည် ။
"အရင်တုန်းက ပါင်ပေါင်က ပါပါးနဲ့ပဲ အမြဲတမ်းအတူတူအိပ်တယ် အခုကျတော့ပါပါးနဲ့မအိပ်တော့ပဲနဲ့ မာမားနဲ့ပဲအိပ်တော့မယ်ဆိုရင် ပါပါးကစိတ်ဆိုးပြီးတော့မနာလိုဖြစ်လိမ့်မယ် ပြီးတော့ပေါင်ပေါင်ကယောက်ျားလေးဆိုတော့ပါပါးနဲ့ပဲတူတူအိပ်သင့်တယ်မဟုတ်ဘူးလား..."
"မာမား ကသားနဲ့မအိပ်ချင်ဘူးလား..."
ကလေးလေးကအနိုင်ကျင့်ခံရသောမျက်ဝန်းများဖြင့်သူမကိုကြည့်ပြီးလက်ညှိုးထိုးကာပြောလိုက်သည်။
"မာမားကသားကိုမချစ်ဘူး...ပေါင်ပေါင်ကမားမားနဲ့အိပ်ချင်ပေမဲ့ မာမားကပေါင်ပေါင်နဲ့မအိပ်ချင်ဘူး..."
"အဲ့လို မဟုတ်ပါဘူး...မာမားကမအိပ်ချင်တာမဟုတ်ဘူး...မာမားကသားပါပါးစိတ်ဆိုးမှာကိုကြောက်တာ သားပါပါးသဝန်တိုနေမှာမျိုးကိုမလိုချင်ဘူး..."
ယွမ်ရှကအမှားကိုအမှန်ဖြစ်အောင်ပြောင်းလဲနိုင်သောစွမ်းရည်ရှိနေပေသည်။
"အဲ့ဒီလိုမျိုးမနာလိုဖြစ်နေတဲ့လူတွေကလေ အရမ်းသနားစရာကောင်းတာ..."
"တကယ်လား..."
ကလေးလေးက ယုံကြည်မှုတဝက်မယုံသက်ာတဝက်ဖြင့်မေးလိုက်သည်။
"ဒါပေမဲ့လဲ သားဒီကိုလာတုန်းကပါပါးကဘာမှမပြောဘူး သားကိုတားလဲမတားဘူး..."
ယွမ်ရှကအနဲ့ငယ်မျှအပြစ်ရှိစိတ်မခံစားရပဲ စုန့်ထင်ရှန်း၏ပုံရိပ်ကိုအိုးမဲသုတ်လိုက်လေသည်။
"ဘယ်သူကသိနိုင်မှာလဲလေ အခုလောက်ဆိုရင် သူကဝမ်းနဲနေလောက်ပြီ ပေါင်ပေါင်ကသူ့ကိုမချစ်တော့ဘူးလို့တွေးနေတော့မှာ..."
ပေါက်စီလုံးလေးက သူမ၏လှည့်စားမှုကိုခံလိုက်ရလေသည်။ သူခဏမျှတွေးပြီးသည်နှင့်ခေါင်းအုံးလေးကိုယူပြီး အိပ်ယာမှထလိုက်သည်။ထို့နောက် သူ့၏အဖေကိုရှာရန်တဖက်ခန်းဆီသို့လျှောက်သွားလိုက်လေသည်။ သူကသနားစရာကောင်းလှသောသူ့၏အဖေကိုနှစ်သိမ့်ပေးရန်ပဲဆုံးဖြတ်ထားလေသည်။
ကလေးလေးစုန့်က သူမွေးဖွားလာကထဲကသူ့၏ပါပါးနဲ့သာ အချိန်အများဆုံးကုန်ဆုံးခဲ့ခြင်းဖြစ်သည်။သူ့၏မာမားကိုချစ်သော်လဲ သူ့ပါပါးကိုအများကြီးပိုချစ်ပေသည်။ထို့ကြောင့်သူ့ပါပါးဝမ်းနဲစိတ်မကောင်းဖြစ်နေသည်ကိုကြားလိုက်ရသည့်အချိန်၌သူစိုးရိမ်ပူပန်လာမိသည်။
သူကပစ်လွှတ်လိုက်သော အမြောက်ဆံလေးအလား သူ့အဖေ၏အခန်းသို့အလျင်စလိုပြေးသွားလိုက်လေသည်။