အပိုင်း ၄၃
Viewers 62k

အခန်း ၄၃ ရုတ်တရက် မစ်ရှင်


ဆိုင်ငယ်လေးအတွင်းတွင် တိတ်ဆိတ်နေပြီးဝိုင်ငှဲ့သံများသာထွက်ပေါ်နေပေသည်။ ရှောင်ယုကသူ၏ အေးခဲကျောက်စိမ်းနှလုံးသားဝိ်ုင်ကိုလက်စသတ်သောက်သုံးလိုက်ပြီးနောက် ကျေနပ်နှစ်သိမ့်စွာဖြင့် နှုတ်ခမ်းသပ်လိုက်သည်။

“ပိုင်ရှင်ပု… ငါသွားတော့မယ်…မနက်ဖြန်ကျရင်လည်း ငါ့အတွက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်ကရားချန်ထားပေးပါဦး …ဒီမှာသလင်းကျောက်တုံးတွေထားခဲ့လိုက်မယ်……” သူကပုဖန်ကိုလှမ်းပြောလိုက်ပြီးဝါးဦးထုပ်ကို ပြန်ဆောင်းကာဆိုင်အတွင်းမှ ထွက်ခွာသွားရန် ပြင်ဆင်လိုက်လေတော့သည်။

“အင်း ..ကောင်းပြီးလေ...” ပုဖန်ကခေါင်းညိမ့်လိုက်သည်။

“ရှောင်ယု ..နင်ကဒီလိုထွက်သွားလို့ ရမယ်ထင်နေတာလား...” ရှောင်ယန်ယု၏ အသံက သာယာကြည်လင်နေခြင်းမရှိပဲ သတ်ဖြတ်လိ်ုစိတ်ပြင်းထန်စွာဖြင့် ထွက်ပေါ်လာခဲ့သည်။

“ဒီလိုထွက်သွားလို့မရဘူးဆိုတော့ ..မင်းကငါ့ကိုတားနိုင်မယ်ထင်လို့လား…” ချောမောသောမျက်နှာကို ဝါးဦးထုပ်ဖြင့် ကွယ်ထားသောကြောင့် မမြင်ရသော်လည်းသူ၏ အသံက လှောင်ပြောင်လိုသည့် အသံများရောယှက်နေပေသည်။ ရှောင်ယု၏ အထင်တသေးပြောဆိုသံကို ကြားလိုက်ရသောအခါ ရှောင်ယန်ယု၏ လှပသောမျက်လုံးလေးများကကျဉ်းမြောင်းသွားပြီးတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ရှောင်ရှောင်လုံက ပထမဦးစွာသူ၏အတွင်းအားများကိုစုစည်း၍ တိုက်ခိုက်လိုက်သည်။

“အယုတ်တမာကောင်..သေစမ်း...” ရှောင်ရှောင်လုံ၏ မျက်၀န်းမျာက သွေးနီရောင်သမ်းနေပြီး အားအပြည့်ထည့်၍ တိုက်ခိုက်လိုက်သော်လည်း ရှောင်ယုက သူ၏လက်သီးကို အသာအယာပင် ဖမ်းဆုပ်လိုက်သည်။ 

“တတိယတန်းအဆင့်လား… မင်းရဲ့အဆင့်က မင်းအမနဲ့ယှဉ်လိုက်ရင်တောင် တော်တော်လေး နိမ့်ကျနေသေးတာပဲ…” ရှောင်ယုကသူ၏ လက်သီးကိုအသာအယာဆုပ်ကိုင်ထားခြင်း ဖြစ်သော်လည်း ရှောင်ရှောင်လုံကရုံးထွက်နိုင်ခြင်းမရှိပေ။ 

ရှောင်ယုက ပြုံးလိုက်ပြီး သူ၏စွမ်းအားများကို ထုတ်လွင့်လိုက်ရာစွမ်းအင်လှိုင်းများကရှောင်ရှောင်လုံကို ရိုက်ခတ်မိသွားပြီးလေထဲသို့ မြောက်တက်သွားစေသည်။ ရှောင်ယန်ယုကလေထဲတွင် လွင့်ပျံလာသော ရှောင်ရှောင်လုံကိုလှမ်းဖမ်းလိုက်ပြီးသူမ၏ မျက်နှာက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်သွားလေတော့သည်။

ကျောက်ရူကျီ၏ မျက်လုံးများကလင်းလက်တောက်ပစွာဖြင့် ရှောင်ယုကိုငေးကြည့်နေမိသည်။ ကွမ်းညီအကိုသုံးယောက်ကဆိုင်ထောင့်တစ်နေရာတွင်ရပ်၍ ရှောင်ယုကို စိုက်ကြည့်နေပြီး ခေါင်းကိုခါရမ်းလိုက်မိကြသည်။ သူတို့ကရှောင်မိသားစု၏ ပြသနာများကို ၀င်ရောက်စွတ်ဖက်ရန် မတတ်နိုင်ကြပေ။ ရှောင်ယန်ယုကရှောင်ရောင်လုံ၏ ခန္ဒာကိုယ်ကို ဘေးတွင်ချထားလိုက်ပြီး ရှောင်ယုကိုရင်ဆိုင်ရန် လှည့်လိုက်သည်။ သူမ၏ မျက်၀န်းများက တင်းမာအေးစက်နေပြီး ဆံပင်များကလေထဲတွင် လွင့်ပျံနေလေသည်။ လွန်ခဲ့သောသုံးနှစ်ခန့်က သူမအမေ၏ အဖြစ်ဆိုးကြောင့် လက်စားချေနိုင်ရန် စွမ်းအင်ကျင့်စဉ်ကိုအပြင်းအထန် လေ့ကျင့်ခဲ့သည်။

အစိမ်းရောင်ဖျော့ဖျော့ အစက်တစ်ခုက သူမ၏နဖူးပြင်ပေါ်တွင် ပေါ်ထွက်လာပြီး အစိမ်းရောင်အလင်းတန်းများက တဖြည်းဖြည်းတောက်ပလာကာ ချောမွေ့လှပသောသူမ၏ မျက်နှာတစ်ခုလုံးကို ဖုံးလွမ်းသွားလေတော့သည်။ 

“မြူမှုံသစ်ခွေကျင့်စဉ် … မင်းကတစ်ကယ်ပဲမင်းရဲ့သက်တမ်းကိုလျော့ကျစေတဲ့ ဒီကျင့်စဉ်ကိုလေ့ကျင်ခဲ့တာလား… မင်ကငါ့ကိုတစ်ကယ်ပဲမုန်းတီးနေတာပဲ…” ဝါးဦးထုပ်အောက်မှ ရှောင်ယု၏ မျက်နှာအမူအယာကို မမြင်နိုင်သော်လည်းသူ၏ ပြာအက်အက် အသံကတစ်ဆိုင်လုံးကို ဖုံးလွမ်းသွားလေသည်။

ကျောက်ရူကျိ၏ မျက်၀န်းများက ပြူကျယ်နေပြီးတိတ်တဆိတ်တွေးတောနေမိလေသည်။

“မြူမှုန်သစ်ခွေကျင့်စဉ်လား…. ဒီကျင့်စဉ်ကအရမ်းကိုကြောက်စရာကောင်းတဲ့ကျင့်စဉ်ပဲ… ဒီကျင့်စဉ်ကိုကျင်ြ့ကံထးမယ်ဆိုရင် သူ့ရဲ့စွမ်းအားကအရမ်းကို မြင့်တက်လာပြီး စွမ်းအင်အဆင့်မြင့်တဲ့သူနဲ့တောင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်… ဒါပေမယ့် ဒီကျင့်စဉ်ကျင့်တဲ့သူရဲ့ သက်တမ်းကယုတ်လျောလာလိမ့်မယ်… ရှောင်ယန်ယုကဒီကျင့်စဉ်ကိုလေ့ကျင့်ထားတာလား… သူရူးသွားတာလား…”

“ဒီနေ့တော့ နင်သေနေ့စေ့ပြီပဲ…” ရှောင်ယန်ယုကအေးခဲရက်စက်မည့်ပုံစံဖြင့် ဖြစ်ပေါ်နေလေသည်။ သူမကတိုက်ခုက်ရန် ပြင်ဆင်လိုက်ချိန်တွင် သူမ၏ ပခုံးပေါ်သို့ သွယ်လျှသော လက်တစ်ဖက်ကရောက်ရှိလာပြီးအသံတစ်သံထွက်ပေါ်လာလေသည်။

“စိတ်တော့မရှိပါနဲ့ ဆိုင်ထဲမှာဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆိုခွင့်မပြုပါဘူး… တစ်ကယ်လို့ မင်းတို့ တိုက်ခိုက်ချင်တယ်ဆိုရင် အပြင်ကိုထွက်ကြပါ … ကျေးဇူးတင်ပါတယ်…” ဆိုင်အတွင်းရှိလူများအားလုံးက ရှောင်ယန်ယု၏ ပခုံးပေါ်တွင် လက်တင်ထားသော ပုဖန်ကိုစိုက်ကြည့်လိုက်မိကြသည်။

“ဒီလူကတစ်ကယ်ပဲသေရမှာမကြောက်ဘူးလား…”

“အခြေအနေတင်းမာနေပြီးတိုက်ပွဲပြင်းထန်တော့မယ်အချိန်မှာတောင် တတိယအဆင့်ပဲရှိသေးတဲ့ သူကဒီတိုက်ပွဲကို ၀င်တားရဲသေးတာလား…”

ရှောင်ယန်ယု၏ နက်မှောင်နေသော အစိမ်းရောင်မျက်လုံးများကအနည်းငယ်ရွေ့လျားသွားပြီးပုဖန်ထံသို့ အေးစက်စက် စိုက်ကြည့်လိုက်သည်။

“နင်ငါ့ကို ၀င်တားရဲတာလား …” သူမ၏ အသံကရေခဲတောင်ပေါ်တွင် နှင်းမုန်တိုင်းတိုက်သကဲ့သို့ အေးစက်နေပြီး ကြားလိုက်သူတိုင်းကို တုန်ခါသွားစေသည်။ ပုဖန်ကသူမ၏ အသံကို ကြားလိုက်ရသောအခါ အနည်ငယ်မျက်မှောင်ကြုံ့လိုက်မိသည်။ သူမ၏နဖူးပေါ်မှ အစိမ်းရောင်အစက်လေးကို စိုက်ကြည့်လိုက်ရာ ထိုအစက်လေးပေါ်တွင် စွမ်းအားများ ပြည့်ဝနေသည်ကို ခံစားလိုက်ရသည်။

ရှောင်ယန်ယုက ပုဖန်ကိုလျစ်လျူရှုလိုက်ပြီး ကြီးမားသောအင်အားတစ်ခုကိုထုတ်လွှတ်၍ ပုဖန်၏ လက်ကို တွန်းဖယ်လိုက်သည်။ ထို့နောက် သူမ၏ ခြေဖျားလေးများကို ကြမ်းပြင်ပေါ်တွင်ထောက်၍ လေဟုန်စီးလိုက်ပြီး ရှောင်ယုထံသို့ အလျှင်အမြန်တိုးသွားလိုက်သည်။ ပုဖန်က ခြေတစ်လှမ်းနောက် ဆုတ်လိုက်ပြီးအသံတိုးတိုးဖြင့် ဝှိုက်တီကိုခေါ်လိုက်သည်။

“သူတို့ကိုတားထားလိုက် …” ပုဖန်ကနောက်သို့ ရောက်ရှိလာသောဝှိုက်တီ၏ ရင်ဘက်ကိုပုတ်လိုက်ပြီး ပြောဆိုလိုက်သည်။ ဝှိုက်တီ၏ မျက်လုံးများက လင်းလက်တောက်ပလာပြီး ရှောင်ယန်ယုရှေ့သို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့သည်။ 

“ငါ့ရှေ့ကဖယ်စမ်း…” ရှောင်ယန်ယုက အလွန်အမင်းဒေါသထွက်သွားပြီး သူမ၏ ရှေ့တွင် ပိတ်ဆို့နေသော ဝှိုက်တီကိုအပြင်းအထန်တိုက်ခိုက်လိုက်သည်။ ရှောင်ယုကိုသတ်ရမည်ဟု သူမက ယတိပြတ်ဆုံးဖြတ်ထားသောကြောင့် အခြားသူနများ တားဆီးမည်ကိုလိုလားခြင်းမရှိ်ပေ။ ဝှိုက်တီ၏ မျက်လုံးများက အနီရောင်ပြောင်းသွားပြီး လက်ကိုမြောက်ကာတိုက်လိုက်လိုက်သည်။

ဘန်း..ဘန်း… ဝှိုက်တီကသူ၏ ရင်ဘက်ပေါ်သို့ ရောက်ရှိလာသော စွမ်းအားများကိုလျစ်လျူရှုလိုက်ပြီး ရှောင်ယန်ယုကိုတိုက်ခိုက်လိုက်သည်။ သူမ၏ အစစ်အမှန်စွမ်းရည်များက ပြိုကွဲပျက်စီးသွားပြီး လွင့်စင်ထွက်သွားကာ ရှောင်ရှောင်လုံ၏ အနီးသို့ ပြုတ်ကျသွားလေတော့သည်။ ရှောင်ယန်ယု၏ နဖူးပြင်ပေါ်မှ အစိမ်းရောင်အစက်လေးက ပြိုကွဲပျက်စီးသွားပြီးဖန်ခွက်ကွဲသံကဲ့သို့သော အသံများထွက်ပေါ်လာလေသည်။

ရှောင်ယန်ယု၏ လျို့ဝှက်နည်းပညာ ကိုဝှိုက်တီကလက်ဝါးရိုက်ချက် တစ်ချက်မျှဖြင့် ဖျက်စီးနိုင်ပေသည်။ ရှောင်ယုကသူ၏ မျက်၀န်းများကို ကျဉ်းမြောင်းလိုက်ပြီးဝှိုက်တီကိုစူးစိုက်ကြည့်လိုက်ပြီးတွေးတောလိုက်သည်။

“ဒီစက်ရုပ်က တော်တော်စိတ်၀င်စားဖို့ကောင်းတာပဲ… ရှောင်ယန်ယုရဲ့ လျို့ဝှက်နည်းစနစ်ကို ဒီလိုဖျက်စီးနိုင်ဖို့ဆိုတာသူကတော်တော်သန်မာမှ ရမယ်…”

“ပိုင်ရှင်ပုငါသွားတော့မယ်… ငါ့အတွက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်ကရား ဖယ်ထားပေးဖို့လဲမမေ့နဲ့ဦး…” ရှောင်ယုကပေါ့ပေါ့ပါးပါး ပြုံး၍ ဆိုင်အတွင်းမှ ထွက်ခွာသွားလိုက်ပြီး လမ်းကြားလေးထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်။

“ပြသနာကောင်..တစ်ခြားသူတွေကိုသင်ခန်းစာပေးဖို့ မင်းရဲ့အ၀န်အစားတွေကို ချွတ်ပစ်ရမယ်…” ရှောင်ယုထွက်ခွာသွားပြီးနောက် ဝှိုက်တီ၏ စက်ရုပ်အသံက ထွက်ပေါ်လာကာ လူများအားလုံးကိုလန့်ဖြန့်သွားစေသည်။ 

“ဆိုင်ရှင်ပု… ငါ့အမက ပြသနာမရှာပါဘူး… သူတစ်ကယ်ကို ပြသနာမရှာဘူးလေ … မတိုက်ခိုက်ရသေးခင် တားဆီးတာခံလိုက်ရတာလေ…” ရှောင်ရှောင်လုံ၏ အမူအယာက ပြောင်းလဲသွားပြီး သူ့အမကိုဖက်ထားလိုက်ကာ ပုဖန်ကိုအလန့်တကြားဖြင့် ရှင်းပြလိုက်သည်။ သူအမကို အ၀တ်ချွတ်၍ အပြင်သို့ ပစ်ထုတ်ခံရမည်ကို ရှောင်ရှောင်လုံကလက်မခံနိုင်ပေ။ ထိုကိစ္စကလွယ်လွယ်ကူကူ ပြီးဆုံးသွားမည်မဟုတ်ပဲ အင်ပါယာမြို့တော်တစ်ခုလုံးကိုပွက်လောရိုက်သွားနိုင်ပေသည်။ပုဖန်၏ အမူအယာက တွေဝေတုန့် ဆိုင်းနေပေသည်။ 

“ရှောင်ယန်ယုက သူမရဲ့သက်တမ်းကိုလျော့ကျစေနိုင်တဲ့ နည်းစနစ်ကိုအသုံးပြုပြီး တိုက်ခိုက်လိုက်တယ်ဆိုပေမယ့် တစ်ဖက်လူဆီကို မရောက်ခင်မှာဟန့်တားခံလိုက်ရတယ်… ဒီအခြေအနေမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရသွားဘူး… ပြီးတော့ ပီုင်ရှင်ရဲ့ ညွှန်ကြားချက်အရ ဝှိုက်တီကသူမကိုထိခိုက်စေခဲ့တယ် … ဒါကြောင့် သင်က ရုတ်တရက် မစ်ရှင်တစ်ခုကို ပြုလုပ်ရမယ်… သင်ကဒီသုံးရက်အတွင်းမှာ ပြန်လည်ရှင်သန်စေနိုင်တဲ့ စွပ်ပြုတ်ကိုချက်ပြုတ်ဖို့အတွက် သက်စောင့်ချက်ပြုတ်နည်းကို သင်ယူပြီးသေဆုံးတော့မယ့် အလှတစ်ရားတစ်ခုကိုကယ်တင်ပါ….”

“မစ်ရှင်အတွက်ဆုက ကမာနှလုံးသားပန်းကိတ်ပြုလုပ်ရန် နည်းပညာကိုရရှိနိုင်မယ်….” စနစ်မှ တည်ငြိမ်သောအသံက ထွက်ပေါ်လာသောကြောင့် ပုဖန်ကိုမှင်သက်အံ့သြသွားစေသည်။ 

“ရုတ်တရက်မစ်ရှင်… အလှလေးကိုကယ်ရမယ်..” ပုဖန်ကဆွံ့အသွားပြီးအကူအညီမဲ့စွာ နှုတ်ခမ်းကိုတွန့်လိုက်သည်။

“ဒါကစနစ်ကချမှတ်ထားတဲ့ စည်းမျဉ်းတွေပဲ..အဖြစ်အပျက်တစ်ခုလုံးကို လေ့လာပြီးတဲ့အခါမှာ ရှောင်ယန်ယုရဲ့ အပြုအမူတွေက ပြသနာရှာတယ်လို့ ဆုံးဖြတ်လိုက်လို့မရဘူး…” စနစ်မှ လေးလေးနက်နက် ပြောဆိုလိုက်သည်။ ပုဖန်က ရင်၀ကို မြားစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ 

“ကောင်းပါတယ်… အမြဲတမ်းလဲစီးပွားရေးလုပ်ငန်းတွေကိုသူလိုသလိုလုပ်နေတာပဲ… ဒါကစနစ်ရဲ့အပြုအမူလား…”

“ပိုင်ရှင်ပု… ငါ့အမ…. သူမဘာဖြစ်နေတာလဲ…” ရှောင်ရှောင်လုံ၏ ကြောက်လန့်တကြားအသံက ပုဖန်ကိုလက်ရှိအဖြစ်အပျက်ဆီသို့ ပြန်ရောက်လာစေခဲ့သည်။ ပုဖန်ကရှောင်ယန်ယုထံသို့ လျောက်သွားလိုက်ပြီး သူမ၏ မျက်နှာကိုငုံ့ကြည့်လိုက်သည်။ သူမ၏ မျက်နှာက တစ်ဖြည်းဖြည်း ဖြူဖျော့လာပြီး စွမ်းအင်များ တစ်ဖြည်းဖြည်းကုန်ဆုံးနေသည်ကိုတွေ့ရှိ်လိုက်ရသည်။ 

စနစ်က သူ့ကိုလိမ်ညာပြောဆိုခဲ့ခြင်းမဟုတ်ပေ… ဝှိုက်တီ၏ တိုက်ခိုက်မှုကြောင့် ရှောင်ယန်ယု၏ အခြေအနေကသေဆုံးနိုင်သောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။  

“ဒါက …. သူမအသက်အန္တာရယ်ရှိတဲ့ အခြေအနေကိုရောက်နေပြီ … မင်းကသူမကို နောက်သုံးရက်ကြာရင် ဒီကို ပြန်ခေါ်လာခဲ့.. သူမအတွက် ဆေးဘက်၀င်စားစရာတစ်ခု ပြင်ဆင်ပေးထားမယ်… ဒါကိုစားလိုက်တာနဲ့ ချက်ချင်းပြန်သက်သာလာလိမ့်မယ်…”ပုဖန်က အပြစ်ရှိသလို ခံစားနေရသည်ကို ဖုံးကွယ်ထားလိုက်ပြီး မျက်နှာသေဖြင့် တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။

“ဒါ... ဒါတစ်ကယ်ပဲလား... သူမရဲ့မျက်နှာပေါ်မှာသွေးရောင်တောင်မရှိ်တော့ဘူးလေ ...” ရှောင်ရှောင်လုံနှင့် အခြားသူများ မှင်သက်သွားပြီး တွေးလိုက်မိကြသည်။

“ငါပြောတာကိုယုံပါ… သူမကိုသုံးရက်ကြာပြီးရင် ဒီနေရာကို ပြန်ခေါ်လာဖို့သာမမေ့နဲ့ …” ပုဖန်ကစိတ်ပါလက်ပါ တိုက်တွန်းလိုက်သည်။

“သခင်လေးရှောင် … သခင်မလေးယန်ယုကို အိမ်အရင်ပြန်ခေါ်သွားလိုက်ပါလား…. စစ်သေနာပတိချုပ်ရှောင်ကို ကြည့်ခိုင်းလိုက်လေ..သူကကုပေးနိုင်ရင် ကုပေးနိုင်မှာပေါ့ ..” ကွမ်းလူရိုင်းညီအကိုသုံးယောက်က ရှောင်ရှောင်လုံကိုသတိပေးလိုက်သည်။

ရှောင်ရှောင်လုံက သတိပြန်၀င်လာပြီး သူ့အမကိုပွေ့ချီလိုက်ကာ ဆိုင်အတွင်းမှ အလျင်အမြန် ထွက်ခွာသွားလေတော့သည်။ ကျောက်ရူကျီနှင့် အခြားသူများကလဲနောက်မှ လိုက်ပါသွားကြသည်။ ဤဖြစ်ရပ်ကသူတို့အပေါ်လည်း ကြီးကြီးမားမားသက်ရောက်မှု ရှိနေပေသည်။

အထိခိုက်မခံဖြစိနိုင်သော မြို့တော်၏ အခြေအနေတွင် အန္တရာယ်ရှိသောလူတစ်ယောက်ဖြစ်သည့် နှလုံးကွဲကြေဓါးသမားရှောင်ယုပေါ်ပေါက်လာသည်ကကိစ္စကြီးတစ်ခုပင်ဖြစ်သည်။

“စိတ်ပုပ်သူဌေး… အမရှောင်ယုကတစ်ကယ်အဆင်ပြေပါတယ်နော်…” ကွမ်းရှောင်ယီက ပုဖန်ကို မယုံသင်္ကာဟန်ဖြင့် မေးမြန်းလိုက်သည်။

“သူအဆင်ပြေသွားမှာပါ… ကလေးမလေး… လိမ္မာတယ်..အိမ်ကိုအရင်ပြန်ပါဦး…” ပုဖန်ကရှောင်ယီ၏ ခေါင်းကိုအသာအယာပုတ်လိုက်သည်။ ဆိုင်အတွင်းရှိလူများအားလုံး ပြန်ထွက်သွားသောအခါ ပုဖန်ကဆိုင်ကိုပိတ်လိုက်လေတော့သည်။

“စနစ် ငါက ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ချက်ဖို့ နည်းလမ်းကိုသုံးရက်အတွင်းမသင်ယူနိုင်ဘူးဆိုရင် ဘာဖြစ်မှာလဲ..” ပုဖန်ကစနစ်ကိုမေးမြန်းလိုက်သည်။

“အဲလိုဆိုရင်တော့ သတ္တမအဆင့် စစ်သေနာပတိချုပ်ရှောင်မန်ရဲ့ ဒေါသကိုရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားဖို့လိုပါလိမ့်မယ်…” စနစ်မှ ပြန်ရှင်းပြလိုက်သည်။

“စနစ်..နောက်ဆုံးအချိန်ကိုရောက်နေတဲ့ အလှလေးကိုကယ်တင်ဖို့င်ကြိုးစားရမယ် ငါ့ကိုစွပ်ပြုတ်ချက်နည်းကို မြန်မြန်ပေးစမ်းပါ...” ပုဖန်ကစနစ်ကိုအလောတကြီးပြောဆ်ိုလိုက်သည်။