အပိုင်း ၄၅
Viewers 62k

အခန်း 45 ရှောင်မန်လာပြီ.


"သင့်ရဲ့ပထမဆုံးကြိုးစားမှုက ကျရှုံးပါတယ်.…" စနစ်မှ အသံကို ကြားလိုက်ရသောအခါ ပုဖန်က အံ့အားသင့်သွားမိသည်။ 

“ကျရှုံးတယ်…မွှေးရနံ့တွေက ဒီလောက်သင်းပျံ့နေတာတောင် ကျရှုံးသေးတာလား…” ပုဖန်က မြေအိုးအဖိုးကိုဖွင့်လိုက်သည်နှင့် ဆေးဘက်၀င်အပင်များနှင့် ဖီးနစ်ငှက်ပေါက်တို့သမမျှတစွာ ပေါင်းစပ်နေသည့် ရနံ့များက လွင့်ပျံထွက်လာတော့သည်။ ပုဖန်က မွှေးပျံ့သည့် ရနံ့များအကြားတွင် နစ်မျောသွားပြီး လောဘတကြီး ရှူရှိုက်လိုက်မိသည်။

စွပ်ပြုတ်အိုးအတွင်းတွင် ဖီးနစ်ငှက်ပေါက်၏အသားက ဂျယ်လီကဲ့သို့ နူးညံ့ပျော့ပြောင်းနေပြီဖြစ်ပြီး စွပ်ပြုတ်ရည်များက ဆူပွက်နေပြီဖြစ်သည်။ တစ်ခါဆူပွက်လိုက်သည်နှင့် မွှေးပျံ့သောရနံ့များက ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာလျက်ရှိသည်။ သူထည့်လိုက်သော ဆေးဘက်၀င်အပင်များက ခရမ်းရောင်ဖျော့ဖျော့အဖြစ်မှ လိမ္မော်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ဟင်းရည်၏ အပေါ်ဆုံးအလွှာက ဆေးအဆီအနှစ်များဖြင့် ပြည့်နှက်နေသော အဝါရောင်ဖျော့ဖျော့အဆီအနှစ်များ ဖြစ်ပေါ်နေပေသည်။

ပုဖန်က ဟင်းရည်၏ အရောင်ကိုကြည့်လိုက်ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်မိသည်။ မှားသွားသည့်အချက်ကို မသိသော်လည်း ဟင်းရည်၏အရောင်က ထိုသို့ ဖြစ်နေရည်မဟုတ်ပေ။ ဆေးရည်များက အသားအတွင်းသို့စိမ့်၀င်သွားပြီး အသားမှ ပြန်ထွက်လာမည့် စွပ်ပြုတ်ရည်အရောင်က ပယင်းရောင်ဖြစ်နေရမည်ဖြစ်သည်။ သို့မှသာ ပြီးပြည့်စုံသည့် စွပ်ပြုတ်တစ်ခွက် ရရှိနိုင်မည်ဖြစ်သည်။ 

“စနစ်မှအကြံပြုချက် သက်စောင့်ချက်ပြုတ်ခြင်းနည်းလမ်းနဲ့အသုံးပြုပြီး ချက်ပြုတ်တဲ့အချိန်မှာ ဆေးရည်တွေအသားထဲကို သေသေချာချာ စိမ့်၀င်သွားအောင် သင့်အနေနဲ အစစ်အမှန် စွမ်းအင်တွေက်ိုအသုံးပြုပေးရပါမယ်… ဒါမှ အသားထဲက ဝိဉာဉ်စွမ်းအင်တွေနဲ့ ဆေးပင်တွေက စွမ်းအင်တေက အတူတူပေါင်းစပ်သွားနိင်ပြီး ပြည့်စုံကောင်းမွန်တဲ့ စွပ်ပြုတ်တစ်ခွက်ရရှိနိုင်ပါလိမ့်မယ်…” စနစ်မှအသံက ထွက်ပေါ်လာခဲ့သည်။

“ပြီးပြည့်စုံတဲ့ စွပ်ပြုတ်တစ်ခွက်ရဖို့ကို အစစ်အမှန်စွမ်းအင်တွေကို အသုံးပြုဖို့လိုသေးတာလား…” ပုဖန်လည်း ဉာဏ်အလင်းပွင့်သွားခဲ့သည်။ ညွှန်ကြားချက်အတိုင်းအတိအကျ လုပ်ဆောင်ခဲ့သော်လည်း ကျရှုံးခဲ့ရသောကြောင့် စိတ်ဓာတ်ကျနေစဉ်တွင် စနစ်၏ သတိပေးချက်ကြောင့် သူ၏အမှားကို သတိပြုမိသွားခဲ့သည်။

ပါ၀င်ပစ ္စည်းများ၏ စွမ်းအင်များက အလွန်များပြားလှပြီး ဆေးဘက်၀င်အပင်များက ဝိဉာဉ်စွမ်းအင် အမြောက်အမြားပါရှိနေသောကြောင့် ထိုစွမ်းအင်များကြေပျက်၍ မျှတစွာရောစပ်သွားစေရန် သူ၏ အစစ်အမှန်စွမ်းအင်များကို အသုံးပြုရန်လိုအပ်ပေသည်။ သို့မှသာ ပြီးပြည့်စုံသည့် ဟင်းတစ်ခွက်ရရှိမည်ဖြစ်သည်။

ထိုအချက်က သက်စောင့်ဟင်းပွဲချက်ပြုတ်ရန်သာလိုအပ်ခြင်းမဟုတ်ပဲ အနာဂတ်တွင် အခြားဟင်းပွဲများကို ချက်ပြုတ်ရာတွင်လည်း လိုအပ်ပေသည်။ ထို့ကြောင့် စနစ်က ရောင်းချရရှိရာမှ ရရှိသော စွမ်းအင်ကျောက်တုံးများကို အသုံပြု၍ သူ၏ စွမ်းအင်အဆင့် တိုးတက်လာစေရန် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

များသောအားဖြင့် အဆင့်မြင့်ပါ၀င်ပစ္စည်းများတွင် ဝိဉာဉ်စွမ်းအင်အမြောက်အများပါ၀င်နေသောကြောင့် သာမာန်မီးဖိုချောင်သုံးပစ္စည်းများသက်သက်နှင့် ချက်ပြုတ်ရန် မဖြစ်နိုင်ပေ။ အမှားအယွင်းတစ်စုံတစ်ရာ ဖြစ်ပေါ်လာသည်နှင့် အိုးခွက်များက ပေါက်ကွဲသွားနိုင်ပေသည်။ ဟင်းပွဲများတွင် အဆင့်ငါးအထက် ပါ၀င်ပစ္စည်းများပါ၀င်လာပါက ထိုအချက်ကို သတိထားရန် လိုအပ်ပေသည်။

ဟူး… ပုဖန်က သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး ပျက်စီးသွားသော ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ဝှိုက်တီ၏ ရင်ဘက်နေရာရှိ စွမ်းအင် သိုလှောင်ရာတွင် ထည့်ထားလိုက်လေသည်။ ထို့နောက်အကြောဆန့်၍ သမ်း၀လိုက်သည်။ အချိန်က အိပ်ချိန်ရောက်နေပြီဖြစ်သည်။ ချက်ဝြပုတ်ခြင်းနတ်ဘုရား ဖြစ်လာလိုသူတစ်ယောက်အနေဖြင့် အလုပ်ကို ပုံမှန်ကြိုးစားနေရန်သာ လိုအပ်၍ နားချိန်တွင် နားရန်လိုအပ်သောကြောင့် အိပ်ယာသို့ ၀င်ရန် ပြင်ဆင်လိုက်သည်။

ပုဖန်က ဝှိုက်တီ၏ ရင်ဘက်ကို ခပ်သာသာပုတ်လိုက်ပြီး သူ့အခန်းဆီသို့သွား၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်လေတော့သည်။ နောက်တစ်နေ့မနက်တွင် ပုဖန်က အိပ်ယာမှ ထလာပြီး ကိုယ်လက်သန့်စင်၍ မီးဖိုချောင်အတွင်းသို့၀င်ရောက်လာခဲ့သည်။ ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာဖြင့် ဖြတ်တောက်ထားသော မုန်လာဥများကိုအသုံးပြု၍ မုန်လာဥထမင်းကြော်ကို ချက်ပြုတ်ရန် ပြင်ဆင်လိုက်သည်။

အရသာကို မြည်းကြည့်လိုက်ပြီး ကျေနပ်လောက်သော အရသာသို့ ရောက်ရှိသောအခါဆိုင်၀ရှိ ဘလက်ကီကို ချကြွေးလိုက်သည်။ သူ၏ဆိုင်ငယ်လေးကက အင်ပါယာမြို့တော်အတွင်းတွင် နံမည်အနည်းငယ်ရ ရှိနေပြီဖြစ်သည်။ ဆိုင်ဖွင့်လိုက်သည်နှင့် ဖက်တီဂျင်တို့လူစုကို တွေ့ရမည်သာဖြစ်သည်။

“ဆိုင်ရှင်ပု…. ငါ့ကိုရွှေဝါရောင်အသားပေါင်းဖက်ထုပ်တစ်ပွဲပေး…. အိုး… ၀က်နံရိုးချိုချဉ်ကြော်က တစ်ပွဲကိုသလင်းကျောက်တုံးငါးဆယ်တောင်လား… ငါ့က်ိုအဲဒါလည်းတစ်ပွဲပေး….” ဖက်တီးဂျင်က ရယ်ရယ်မောမောနှင့် ပြောဆိုလိုက်သောကြောင့် သူ၏ပါးဆုံများပင် လှုပ်ခါနေပေသည်။

အခြားသူများကလဲ ဟင်းပွဲများကိုအသီးသီးမှာယူလိုက်ပြီးနောက် ပုဖန်က မီးဖိုချောင်အတွင်းသို့ ၀င်ရောက်သွားလိုက်သည်။ မကြာမီ ကွမ်းရှောင်ယီက ရောက်ရှိလာခဲ့သည်။ သူမက ရက်အနည်းငယ်မျှ လုပ်ကိုင်ပြီးနောက် သူမ၏အလုပ်ကို ကျွမ်းကျင်လာပြီဖြစ်သည်။

ဆိုင်ဖွင့်နေစဉ်အတွင်းတွင် ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်ကို ချက်ပြုတ်ရန် စဉ်းစားနေရန်ပင် အချိန်မရသောကြောင့် ပုဖန်က စိတ်အေးအေးသာထားလိုက်လေသည်။ ထိုအချိန်တွင် ရှုရှီက ဆိုင်အတွင်းသို့ဖြည်းညင်းစွာ ၀င်ရောက်လာခဲ့သည်။ အိမ်ရှေ့စံမင်းသားက ဆိုင်အကြောင်းကို စုံစမ်းရန် စေလွှတ်လိုက်ခြင်းဖြစ်သော်လည်း ကောင်းမွှန်၍ အရသာရှိသောအစားအသောက်များ၏ စွဲဆောင်မှုကြောင့် နေ့တိုင်းလိုလိုပင် ပုဖန်၏ ဆိုင်ငယ်လေးထံသို့ လာရောက်နေမိပေသည်။

“ကောင်မလေး.. ငါ့က်ိုငါးပေါင်းတစ်ပွဲပေး…” ရှုရှီက ငါးမူးပျံဟင်းနှင့် ငါးခေါင်းတို့ဟူးစွပ်ပြုတ်တို့ထက် ငါးပေါင်းကို ပိုမိုနှစ်သက်ပေသည်။ နူးညံ့၍ ချိုမြိန်သော အသားလွှာတစ်လွှာခြင်းဆီက သူ့ကိုဆွဲဆောင်နေင်္ပြီး ပါးစပ်ထဲထည့်လိုက်သည်နှင့် သူ၏အရသာတွင် ရိုးရှင်းစွာပျော်၀င်သွားမိလေသည်။

ပုဖန်က အော်ဒါကိ်ု လက်ခံရယူပြီးနောက် ငါးကန်ထဲတွင် ကူးခတ်နေသော အနက်ရောင်ငါးတစ်ကောင်ကို ဖမ်းဆီးထုတ်ယူလိုက်လေသည်။ ထိုငါးက ရေချိုငါးဖြစ်ပြီး ငွေရောင်မိုးကြိုးငါးထက် အဆင့်နိမ့်သော်လည်း အသားက ပိုချို၍ ပိုနူးညံ့ပေသည်။

ပုဖန်က တစ်ဖျပ်ဖျပ်ခါနေသောငါးကို စဉ့်နှီတုံးပေါ်တွင် တင်လိုက်သောအခါ ငါးမှ ခါထုတ်လိုက်သော ရေစက်များ ကသူ၏ခန္ဒာကိ်ုယ်အရှေ့ပိုင်းရှိ အ၀တ်များကို စိုရွဲသွားစေခဲ့သည်။ ငါးခေါင်းကို မီးဖိုချောင်သုံးဓါးဖြင့် ထုလိုက်ပြီးနောက် အသားလွှာလေးများအဖြစ် မီးဖိုချောင်သုံးဓါးကို အသုံးပြု၍ အလျှင်အမြန် မွှန်းလိုက်သည်။ ရက်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သူ၏ ဖြတ်တောက်မှုက ပိုမိုမြန်ဆန်တိကျလာပြီဖြစ်သည်။

ငါးကိုင်ပြီးနောက် နောက်အဆင့်များက လွယ်ကူသွားပြီဖြစ်သည်။ ဝိဉာဉ်အသီးအရွက်များကို ရေဆူဆူထဲတွင် ပစ်ထည့်လိုက်ပြီး အမွှေးနံ့များထွက်ပေါ်လာသည့်အချိန်တွင် အညှီနဲ့မထွက်အောင် ဂျင်းပြုတ်ရည်နှင့် သန့်စင်ထားသော ငါးအသားလွှာများကို ထည့်လိုက်လေသည်။ အချိန်တခဏမျှ ပေါင်းထားလိုက်ပြီးနောက် ငါးပေါင်းက အဆင့်သင့်ဖြစ်လာပြီဖြစ်သည်။

အိမ်ရှေ့စံမင်းသား၏ နံပါတ်တစ်အကြံပေးအရာရှိလည်းဖြစ် အစားအသောက်ချစ်သူလည်းဖြစ်သော ရှုရှီက သူ၏ရှေ့ရှိ ငါးအသေားပေါင်းကိုး နှစ်သက်စွာဖြင့် ကြည့်ရှုနေလေသည်။

ရှပ်…ရှပ်…ရှပ်… ခန့်ညားချောမောသည့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က လက်ကို နောက်ပစ်ထားပြီး တည်ငြိမ်သောအမူအယာနှင့် ဆိုင်အတွင်းသို့ ၀င်ရောက်လာခဲ့သည်။ သူ၏ မျက်နှာအမူအယာက တင်းမာခက်ထန်ပြီး အေးစက်သောအငွေ့အသက်များ ထုတ်လွှင့်လျက်ရှိသည်။ ထိုသူက ဆိုင်အတွင်းသို့ရောက်သည်နှင့် ဆိ်ုင်တစ်ခုလုံးကိုဖုံးလွှမ်းနေသော မွှေးကြိုင်သင်းပျံ့သည့် ရနံ့များကြောင့် အံ့အားသင့်သောအမူမယာများ ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ်တွင် သူက ကွမ်းရှောင်ယီကို တွေ့လိုက်ရသောကြောင့် ပို၍ အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။

“ဟမ်… ရှောင်ယီ… နင်ဒီမှာဘာလုပ်နေတာလဲ…." သူ၏အသံထွက်ပေါ်လာသောအခါ ငါးပေါင်းကို စားသောက်နေသည့် ရှုရှီက တုန်လှုပ်သွားပြီး သူ၏လက်အတွင်းမှ ငါးပေါင်းက ပန်ကန်လုံးအတွင်း ပြုတ်ကျသွားခဲ့သည်။ လွင့်စင်လာသော ဟင်းရည်များက သူ၏လှပသော မုတ်ဆိတ်များကို ပေပွသွားစေခဲ့သည်။

“စစ်..စစ်သေနာပတိချုပ် ရှောင်မန်…” ရှုရှီက ထိုင်နေရာမှ ချက်ချင်းထရပ်လိုက်ပြီး လက်သီးဆုတ်၍ အရိုအသေပေးလိုက်သည်။

“ဘုရားရေ… စစ်သေနာပတိချုပ်ရှောင်မန်က ဒီလိုဆိုင်သေးသေးလေးကိုလာတာလား… ဒါကတစ်ကယ့်ကိုအရေးကြီးသတင်းပဲ… ဒါကိ်ု အိမ်ရှေ့စံမင်းကိုကို ပြန်တင်ပြရမယ်…” ရှုရှီက တိတ်တဆိတ် တွေးတော့နေလိုက်သည်။

ရှောင်မန်က ခေါင်းညိမ့်အသိအမှတ်ပြုလိုက်သည်။ အိမ်ရှေ့စံမင်းစားသား၏အကြံပေးအရာရှိဖြစ်ပြီး မဟာဗျူဟာကို နှင့် စနစ်တကျစီမံခန့်ခွဲတတ်သောရှုရှီကို သူကိုယ်တိုင်ကလဲ အလွန်သဘောကျပေသည်။

“ဦး..ဦးလေးရှောင်… ဒီကိုဘာလာလုပ်တာလဲ…” ကွမ်းရှောင်ယီက ကြောက်ကြောက်လန့်လန့်နှင့် ရှောင်မန်ကို မေးမြန်းလိုက်သည်။ အင်ပါယာမြို့တော်အတွင်း မှ ဂုဏ်သတင်းအလွန်ကျော်ကြားသည့် နာပါတ်တစ်ပညာရှင်ဖြစ်သောရှောင်မန်ကို ကွမ်းရှောင်ယီက ထိတ်လန့်ကြောက်ရွံ့ပေသည်။

“စားသောက်ဆိုင်ကိုလာပါတယ်ဆိုမှတော့ စားမလို့ပေါ့ ..."ရှောင်မန်က ခပ်အေးအေးပြန်ပြောလိုက်ပြီး အစားအသောက်စာရင်းကို လှမ်းကြည့်လိုက်သည်။ စာရင်းပေါ်မှ မတန်တဆ စျေးနှုန်းများက သူ့ကို အနည်းငယ်မျှပင် အံ့အားမသင့်စေသကဲ့သို့ အမူအယာအနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိပေ။

ရှုရှိက ခေါင်းတစ်ညိမ့်ညိမ့်ဖြင့် သူ၏စိတ်ထဲမှနေပြီး ကျိတ်၍ အမှတ်ပေးလိုက်မိသည်။ သတ္တမအဆင့် တစ်ယောက်၏ အမူအယာက အလွန်တည်ငြိမ်နေပေသည်။

“၀က်နံရိုးချိုချဉ်ကြော် ငါးမူးပျံဟင်း ရွှေဝါရောင်အသားပေါင်းဖက်ထုပ်... ပီးတော့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင် တစ်ကရား..." ရှောင်မန်က လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်နေရာမှ မှာချင်သည့် ဟင်းအမည်များကို ပြောဆိုလိုက်သည်။ ကွမ်းရှောင်ယီက မေ့သွားမည်စိုးသောကြောင့် ပုဖန်ဆီသို့ ပြေး၍ မှာယူပေးလိုက်သည်။

“အင်း.. ကြည့်ရတာတော့ ငွေသုံးကြမ်းတဲ့သူတစ်ယောက်နေမယ် ဒီလောက်ဟင်းပွဲတွေအများကြီး မှာထားတာဆိုတော့ ငါတော့သလင်ေးကျာက်တွေ အများကြီးရတော့မယ်…” ပုဖန်က အနည်းငယ်အံ့အားသင့်သွားပြီး တွေးလိုက်မိသည်။ ပုဖန်က ပျော်ရွှင်စွာဖြင့်ေ ခါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်ပြီး စတင်ချက်ပြုတ်လိုက်သည်။

ရှုရှီက ငါးပေါင်းဟင်းကို ခပ်မြန်မြန်စားပြီးနောက် ရှောင်မန်ကို နှုတ်ဆက်လိုက်ပြီးဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့သည်။ သူက သတင်းအသစ်ကို အိမ်ရှေ့စံမင်းသားထံသို့ ပြန်လည်တင်ပြချင်နေပြီဖြစ်သည်။ ရှရှီထွက်သွားပြီး မကြာခင်မှာပင် ကွမ်းရှောင်ယီက ဟင်းပွဲတစ်ပွဲကို ရှောင်မန်၏အရှေ့တွင် ချပေးလိုက်သည်။ ဟင်းပွဲတိုင်းက သင်းပျံ့သောမွှေးရနံ့များ ကြွယ်၀စွာ ထွက်ပေါ်နေပေသည်။ တည်ငြိမ်သောရှောင်မန်ပင် အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ အရသာကလဲ မျော်လင့်ထားသည်ထက်ပင် ပိုမိုကောင်းမွန်နေပေသည်။

မြိုပတော်အတွင်းရှိ နာပါတ်တစ်စားသောက်ဆိုင်ဖြစ်သည့် ထာ၀ရရှင်သန်သောဖီးနစ် စားသောက်ဆိုင်မှဟင်းပွဲများထက်ပင် အရသာက ပိုမိုကောင်းမွန်နေပေသည်။ နောက်ဆုံးမှာလိုက်သည့် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကို ပုဖန်ကိုတိုင်ပင် ယူဆောင်လာခဲ့လိုက်ကာ မီးဖိုခန်းအတွင်းမှ ထွက်လာခဲ့လိုက်သည်။ သူထွက်လာသည်နှင့် ရှောင်မန်က သတ်ိပြုမိသွားလေသည်။

ရှောင်မန်က သူ့လက်ထဲမှတူကို ချလိုက်ပြီး ပုဖန်ကို စိုက်ကြည့်လိုက်ကာ အပြုံးတုဖြင့် ခပ်မဲ့မဲ့ပြုံးလိုက်၍ ပြောဆိုလိုက်သည်။ 

“မင်းကပိုင်ရှင်လား… ငါ့သမီးကို ဒဏ်ရာရအောင်လုပ်ပြီး ကုပေးနိုင်တယ်လို့ပြောလိုက်တဲ့ ပိုင်ရှင်ပုလား….”