အခန်း 50 ဒါက နှုတ်ခမ်းချင်း ထိရုံလေးပဲလေ
“ဒီ…ဒီအနံ့က …” ဆိုင်အတွင်းရှိ လူများအားလုံးက သူတို့၏ နှာခေါင်းများကို ရှုံ့ချည်ပွချည် လုပ်နေကြပြီး စွပ်ပြုတ်၏ မွှေးရနံ့များအတွင်းတွင် မြောပါနေကြပေသည်။ မွှေးကြိုင်သင်းပျံ့သော ရနံ့များက ဆိုင်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီး အသားက ဂျယ်လီကဲ့သို့ နူးညံ့ပျော့ပြောင်းနေသည်ကို တွေ့မြင်နေကြပေသည်။ စွပ်ပြုတ်ရည်၏ ပယင်းရောင်ထနေသော အရောင်အဆင်းက ဆိုင်အတွင်းတွင် ရောင်ခြည်ဖြာထွက်နေသကဲ့သို့ တောက်ပနေပေသည်။ ရှောင်မန်ပင် အနည်းငယ်မျှ အံ့အားသင့်သွားပြီး စွပ်ပြုတ်အိုးကို စိုက်ကြည့်နေမိသည်။
“ဘယ်လောက်တောင် များပြားလိုက်တဲ့ ဝိဉာဉ်စွမ်းအင်တွေလဲ…” ရှောင်မန်က လေအေးများကို ရှူရှိုက်လိုက်မိသည်။ သတ္တမအဆင့် ကျင်ကြံသူတစ်ယောက်ဖြစ်သောကြောင့် စွပ်ပြုတ်အိုးအတွင်းတွင် အလွန်တန်ဖိုးမြင့်မားမည့် ဆေးဘက်၀င်အပင်များ များစွာ ပါ၀င်နေမည်ကို ပြောနိုင်ပေသည်။ သူ့ကိုယ်သူပင် မထိန်းနိုင်တော့ပဲ ရှောင်မန်က တံတွေးတစ်ချက်ပင် မြိုချလိုက်မိသည်။
“ဒါ…ဒါက ပဉ္စမအဆင့် သွေးနီရောင်ဖီးနစ်ငှက်ပေါက်မဟုတ်လား…” အိမ်ရှေ့စံမင်းသားက နှုတ်ခမ်းများကို လျှာဖြင့် သပ်၍ စွပ်ပြုတ်အိုးကို စိုက်ကြည့်နေရာမှ တစ်စုံတစ်ခုကို သတိရသွားပြီး လွှတ်ခနဲ အော်လိုက်မိသည်။
“ဘယ်လို… ဒါက သွေးနီရောင်ဖီးနစ်ငှက်ပေါက်…” ရှောင်မန်က တအံ့တသြသံယောင်လိုက်လိုက်ပြီး အိမ်ရှေ့စံမင်းသားကို လှမ်းကြည့်လိုက်မိသည်။ ပဉ္စမအဆင့် သွေးနီရောင်ဖီးနစ်ငှက်များက မြေရိုင်းလွင်ပြင်အတွင်းရှိ တြိဂံ မျက်ခင်းစိမ်းဒေသတွင် နေထိုင်ကြပြီး ထိုငှက်များ၏ အသွေး၊အသာနှင့် အရိုးများအထိ သွေးနီရောင်ဖုံးလွမ်းနေပြီး ဝိဉာဉ်စွမ်းအင် အမြောက်အများ ပြည့်ဝနေပေသည်။ သူတို့၏ အသားကို စားသုံးလိုက်သည်နှင့် ခန္ဒာကိုယ်သန်စွမ်းမှုနှင့် အသက်စွမ်းအင်များကိုတိုးတက်စေနိုင်ပေသည်။
“သူတ်ို့ကို ရှာတွေ့ဖို့က အရမ်းကို ခက်ခဲလွန်းတယ်…” ဂျိချန်းရွဲ့က ရေရွတ်လိုက်ပြီး ပုဖန်ကို လှမ်းကြည့်လိုက်သည်။ ပုဖန်က တည်တည်ငြိမ်ငြိမ်နှင့် ခေါင့်ညိမ့်ပြလိုက်ပြီးပြောဆိုလိုက်သည်။
“ဟုတ်တယ်… ဒါက သွေးနီရောင်ဖီးနစ်ငှက်ပေါက်ပဲ…”
“ငါက အင်ပါယာနန်းတော်ထဲက ရှေးဟောင်းပရပိုဒ်တွေမှာ ဒီငှက်အကြောင်းရေးသားထားတာကို မှတ်ထားဖူးတယ်… ဒါပေမယ့် မြေရိုင်းလွင်ပြင်ဒေသက တြိဂံမျက်ခင်းစိမ်းဒေသမှာ ဒီလိုအံ့သြစရာကောင်းတဲ့ ဝိဉာဉ်သားရဲတွေ အမှန်တကယ်ရှိနေတယ်ဆိုတာကို မယုံကြည်ခဲ့ဖူး…” ဂျိချန်းရွဲ့က ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်၍ ရေရွတ်နေလိုက်သည်။
"နေဦး.. သွေးနီရောင်ဖီးနစ်ငှက်ပေါက်က တန်ဖိုးကြီးတယ်ဆိုပေမယ့် ယန်ယုရဲ့ဒဏ်ရာတွေက်ိုကုသနိုင်ပါ့မလား သူမရဲ့ဒဏ်ရာက အရမ်းပြင်းတယ်လေ... သူမရဲ့ အသက်စွမ်းအင်တွေတောင် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီ... ဒီစွပ်ပြုတ်က သူမကို ကယ်တင်နိုင်ပါ့မလား..." အိမ်ရှေ့စံမင်းသားက ရေရွတ်လိုက်သည်။
“ငါချက်ထားတဲ့ သွေးနီရောင် ဖီးနစ်ငှက်က ဒီလိုမျိုးရိုးရိုးရှင်းရှင်းဖြစ်နေမယ်လို့ ထင်နေတာလား… မြည်းတောင်မမြည်းကြည့်ရပဲနဲ့ ပေါက်ကရတွေ လျောက်ပြောမနေနဲ့…” ပုဖန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး အိမ်ရှေ့စံမင်းသားကိုလှည့်ကြည့်၍ ပြောဆိုလိုက်သည်။
အ်ိမ်ရှေ့စံမင်းသားက အရိုအသေကင်းမဲ့စွာ ပြောဆိုလိုက်သော ပုဖန်ကို စိတ်တိုသွားပြီး လှမ်းကြည့်လိုက်သည်။ ထိုလူငယ်လေးက နူးညံ့သိမ်မွေ့ပုံပေါက်သော်လည်း သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းကင်းမဲ့နေပေသည်။ သူ့ကဲ့သို့ အိမ်ရှေ့စံ မင်းသားကိုပင် ပစ်တင်ကြိမ်းမောင်းရဲပေသည်။ ရှုရှီက နှလုံးခုန်နှုန်းများပင် မတည်ငြိမ်နိုင်တော့ပဲ ယောင်ယောင်မှားမှား ဖြစ်နေပေသည်။ အိမ်ရှေ့စံမင်းသားကိုပင် ပုဖန်က ထိုသို့ မရိုမသေ ပြောဆိုရဲသည်ကို အံ့အာ့သင့်နေပေသည်။ သူက အခြေအနေများ ပိုမိုမဆိုးဝါးလာစေရန် ၀င်ထိန်းလိုက်သည့်အနေဖြင့် ပြောဆိုလိုက်သည်။
“ပိုင်ရှင်ပု မင်းရဲ့ဒီစွပ်ပြုတ်ကို အဲလောက်တောင်ယုံကြည်နေမှပေါ့ ဘာလို့ ယန်ယုကို မြန်မြန်မတိုက်ကြွေးလိုက်တာလဲ…”
“လူငယ်လေး….မင်းရဲ့ဒီစွပ်ပြုတ်က အကျိုးသက်ရောက်မှုရှိမယ်လို့ ငါမျော်လင့်ပါတယ်… ဒီလိုမှမဟုတ်ရင်တော့ ဖြစ်လာမယ့် အကျိုးဆက်တွေကို မင်းသိမှာပါ….” ရှုရှီ၏ ပြောစကားကိုကြားလိုက်ရသောအခါ ရှောင်မန်က သတိ၀င်လာပြီး မျက်မှောင်ကြုံ့၍ ပုဖန်ကို လှမ်းပြောလိုက်သည်။
“စိတ်အေးအေးထားပါ… ငါ့ရဲ့ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်က အရမ်းကိုကောင်းမွန်မယ်ဆိုတာကို ငါယုံကြည်တယ်…” ပုဖန်က ခပ်အေးအေးအမူအယာနှင့် ပြန်လည်ပြောဆိုလိုက်သည်။ ပုဖန်က အဖြူအပြာရောစပ်ထားသော ပန်းကန်လုံးတစ်ခုထဲသို့ စွပ်ပြုတ်ရည်ကို လောင်းထည့်လိုက်သည်။
“ဒီစွပ်ပြုတ်ကို ငါက ပြန်လည်ရှင်သန်ခြင်းစွပ်ပြုတ်လို့နာမည်ပေးထားတယ်… စွပ်ပြုတ်ထဲမှာအဓိက ပါ၀င်တာက သွေးနီရောင်ဖိးနစ်ငှက်ပေါက်နဲ့ ဆေးဘက်၀င်ကောင်းကင်နွယ်ပဲ… ပြီးတော့ တန်ဖိုးရှိတဲ့ တစ်ခြားဆေးဖက်၀င်အပင်တွေ အများကြီး ပါ၀င်နေသေးတယ်… အဲဒီဆေးဘက်၀င်ပါ၀င်ပစ္စည်းတွေကို ရောစပ်ချက်ပြုတ်ပြီးတော့ သက်စောင့်ဆေးချက်ပြုတ်နည်းတဲ့ ငါ့ရဲ့အစစ်အမှန်စွမ်းအင်တွေကို ထည့်သွင်းချက်ပြုတ်ထားတာ…”
“ဒါကြောင့် ဒါကို သောက်သုံးလိုက်တာနဲ့ သွေးစွမ်းအင်တွေနဲ့အစစ်အမှန်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပြီး အသက်စွမ်းအင်တွေကိုပါ ပြန်လည်ဖြည့်တင်းပေးနိုင်တယ်…” ပုဖန်က သူ၏စွပ်ပြုတ်အကြောင်းကို ရှည်လျားစွာ ရှင်းပြလိုက်ပြီး ပန်းကန်ကို ယူဆောင်လာကာ ရှောင်ယန်ယုကို ခွံ့ကြွေးရန် ပြင်ဆင်လိုက်သည်။
အလွန်လှပသည့် ရှောင်ယန်ယုက ယခုအချိန်တွင် အသက်စွမ်းအင်များ လျော့နည်းနေသောကြောင့် အသားအရည်များက ဖြူဖျော့နေပေသည်။ ဆောင်းဦးတွင် ပွင်လန်းလာသော ပန်းလေးများကဲ့သို့ လှပသော မျက်၀န်းလေးများကလဲ ညိုးရော်ခြောက်သွေ့နေပေသည်။ ပုဖန်က စွပ်ပြုတ်ကို ဇွန်းဖြင့် ခပ်ယူလိုက်ပြီး အေးသွားစေရန် မှုတ်လိုက်ပြီးနောက် ရှောင်ယန်ယုကို လှမ်းပြောလိုက်သည်။
“ပါးစပ်ဟ ….” ရှောင်ယန်ယုက ပုဖန်၏အသံကို ကြားလိုက်ရသောကြောင့် မျက်တောင်လေးများ လှုပ်ခတ်လာပြီး ပုဖန်ကို ကြည့်လိုက်မိသည်။ သူမ၏ရှေ့တွင် စွပ်ပြုတ်ရည်ဇွန်းကို တွေ့လိုက်ရသောကြောင့် ကြိုးစား၍ ပါးစပ်ဟရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း သူမတွင် ပါးစပ်ဟရန်ပင် ခွန်အားရှိနေခြင်းမရှိပေ။
“အာ… မင်းရဲ့ခေါင်းက …” ကွမ်းရှောင်ယီက စကားပြောနေရာမှ ရပ်တန့်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းများကို တွန့်ကွေးလိုက်မိသည်။
“ငါ့ရဲ့စိတ်ပုပ်သူဌေးက ဦးနှောက်များပျက်နေတာလား… အမယန်ယုက ဒဏ်ရာအရမ်းပြင်းထန်လို့ အသက်မျော့မျော့ပဲ ရှိတော့တာလေ.. ဘယ်လိုဖြစ်ပြီး သူမက ပါးစပ်ဖွင့်နိုင်မှာလဲ….”
ပုဖန်က ပါးစပ်မဖွင့်နိုင်သော ရှောင်ယန်ယုကို တွေ့လိုက်ရသောအခါ ဟင်းရည်ဇွန်းကို ပန်းကန်လုံးအတွင်းပြန်ထည့်လိုက်သည်။
“ဘာဖြစ်လို့လဲ… ယန်ယုကိုဘာလို့ စွပ်ပြုတ်ဆက်မတိုက်တော့တာလဲ…” ရှောင်မန်က ဇဝေဇဝါဖြင့် ပုဖန်ကို လှမ်းမေးလိုက်မိသည်။
“လောမနေနဲ့…. သူ့ကိုဘယ်လိုကြွေးရမလဲဆိုတာကို ငါစဉ်းစားလိုက်ဦးမယ်…” ပုဖန်က ပြောဆိုလိုက်ပြီး စွပ်ပြုတ်ရည်ကို ခပ်၍ သောက်လိုက်သောကြောင့် လူများအားလုံးက သူ့ကို စိုက်ကြည့်နေလိုက်ကြသည်။
“သူဘာလုပ်လိုက်တာလဲ… သူကယန်ယုကို စွပ်ပြုတ်တိုက်မယ်ိလို့ပြောတာမဟုတ်ဘူးလား… ဘယ်လိုဖြစ်လို့ သူ့ဟာသူသောက်လိုက်တာလဲ…”
ထိုအချိန်တွင်ပင် ပုဖန်က ကိုယ်ကို ငုံ့လိုက်ပြီး သူ၏ခေါင်းက ရှောင်ယန်ယု၏ နှုတ်ခမ်းအနီးသို့ တိုးကပ်သွားသောကြောင့် ရှောင်မန်၏နှခေါင်းထိပ်များပင် နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“ဒီကောင်စုတ်က ဘာလုပ်တာလဲ… သူကဘာလို့ယန်ယုနားကို တိုးသွားရတာလဲ…. ငါ့သမီးကိုအခွင့်အရေးယူမလို့ ကြိုးစားနေတာလား….”
ပုဖန်၏နှုတ်ခမ်းနှင့် ရှောင်ယန်ယု၏နှုတ်ခမ်းတိ်ု့ ထိမိခါနီးတွင် ရှောင်မန်က ပုဖန်ကို ဂုတ်မှ ဆွဲကိုင်လိုက်ပြီး အေးစက်စက် စိုက်ကြည့်လိုက်ကာ အံကြိတ်၍ ပြောဆိ်ုလိုက်သည်။
“မင်းဘာလုပ်ဖို့ကြိ်ုးစားနေတာလဲ…”
“ငါကသူ့ကိုခွံ့ကြွေးဖို့လုပ်နေတာလေ… ဘာဖြစ်လို့လဲ …” ပုဖန်က စိတ်ရှုပ်သွားဟန်ဖြင့် ရှောင်မန်ကို စိုက်ကြည့်လိုက်ကာ ပါးစပ်အတွင်းမှ စွပ်ပြုတ်ရည်များကိုမြိုချလိုက်ပြီး ရှောင်မန်ကို ပြောဆိုလိုက်သည်။ ရှောင်မန်၏ မျက်၀န်းများက အံ့သြမှုကြောင့် ပြူးကျယ်နေပေသည်။
“ အင်ပါယာမြို့တော်ထဲမှာ လက်မထပ်ရသေးသော ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်က ဒီလိုနီးနီးကပ်ကပ်အခြေအနေမျိုး မပြုမူသင့်ဘူးဆိုတာ မင်းမသိဘူးလား… ကွမ်းရှောင်ယီ... ဒီကိုလာခဲ့...” ရှောင်မန်က ပုဖန်ကို အေးစက်စက်နှင့် ဒေါသတကြီး ပြောဆိုလိုက်ပြီး ကွမ်းရှောင်ယီကို လှမ်းခေါ်လိုက်သည်။ ရှောင်ယီက စိတ်အားထက်သန်စွာဖြင့် ရှေ့သို့ ရောက်ရှိလာခဲ့သည်။
“ဒီစွပ်ပြုတ်ကို နင့်အမယန်ယုကို ခွံ့ပေးလိုက်… ခုဏကသူလုပ်သလိုလုပ်ပြီး ခွံ့လိုက်…” ရှောင်မန်က ပုဖန်၏
အမူအယာကို ပြန်တွေးမိလိုက်ပြီး ဒေါသထွက်လာပြန်သည်။ ရှောင်ယီက ပုဖန်၏ လက်အတွင်းရှိ စွပ်ပြုတ်ပန်းကန်ကို အလျင်အမြန်ဆွဲယူလိုက်ပြီး တစ်ဇွန်းခပ်၍ ငုံလိုက်သည်။
“အ်ိုး… ဂလု…” ကွမ်းရှောင်ယီက သူမပါးစပ်အတွင်းမှ စွပ်ပြုတ်ရည်ကို မြိုချလိုက်မိပြီး အခြားသူများကိုအရှက်ပြေ ဝေ့ကြည့်လိုက်မိသည်။ ဆိုင်အတွင်းရှိ လူများအားလုံးက သူမကို ကြောင်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“အာ… ဒီလိုပါ… အမယန်ယုကို ကြွေးဖို့ ဒီစွပ်ပြုတ်ရဲ့အရသာကို အရင်မြည်းကြည့်လိုက်တာ… အင်း… သူ့ရဲ့အရသာက သိပ်မဆိုးပါဘူး…” ကွမ်းရှောင်ယီက သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီး နောက်တစ်ဇွန်းခက်သောက်လိုက်ကာ ရှောင်ယန်ယု၏ ပါးစပ်ကိုတေ့၍ လွဲပြောင်းပေးလိုက်သည်။ စွပ်ပြုတ်ရည်များက သူမ၏ လည်ချောင်းမှတစ်ဆင့် ၀မ်းဗိုက်အတွင်းသို့ စီး၀င်သွားသည်နှင့် သေခြင်းတရားမှ လွတ်မြောက်လာပြီး ရှင်သန်ခြင်းလမ်းစ ကို တွေ့လိုက်ရသကဲ့သို့ ရှောင်ယန်ယုက ခံစားလိုက်ရလေသည်။
“မရပ်လိုက်နဲ့….” ပုဖန်က လှမ်းပြောလိုက်သည်။ ကွမ်းရှောင်ယီလည်း တစ်ဇွန်းပြီးတစ်ဇွန်း တိုက်လိုက်လေသည်။ သုံးလေးးဇွန်းခန့် ဗိုက်အတွင်းသို့ ရောက်ရှိသွားသောအခါ ရှောင်ယန်ယု၏ ဆောင်းဦးပန်းပွင့်ကဲ့သို့ လှပသော မျက်၀န်းများတွင် အသက်စွမ်းအင်များ စတင်ဖုံးလွမ်းလာသည်ကို တွေ့မြင်လိုက်ရပြီး သူမက ကိ်ုယ်တိုင်ပင် စွပ်ပြုတ်ကို သောက်နိုင်လာခဲ့သည်။
“အမကိုကယ်တင်နိုင်ပြီပဲ…” ရှောင်ရှောင်လုံ၏ မျက်၀န်းများက မျော်လင့်ချက်များနှင့် တောက်ပနေပြီး သူ၏လက်ချောင်းများကို ဆုတ်ထားမိလေသည်။
“အရမ်းစိတ်လောမနေနဲ့… သူမကို စွပ်ပြုတ်ရည်ကုန်အောင်ကြွေးလိုက်… ပြီးရင် နောက်ထပ်ပန်းကန်လုံးတစ်လုံး ကုန်အောင်ထပ်တိုက်လိုက်ဦး…” ပုဖန်က အပြောင်းအလဲမရှိသော အေးစက်စစက်မျက်နှာနှင့် စွပ်ပြုတ်ဆက်တိုက်ရန် ကွမ်းရှောင်ယီကို ညွှန်ကြားလိုက်သည်။ ရှောင်ယန်ယုက နောက်ထပ် ပန်းကန်လုံးတစ်လုံးမျှ ဆက်သောက်ပြီးသောအခါ ပုဖန်က ရက်တန့်ရန် ပြောဆိုလိုက်လေသည်။ ကွမ်းရှောင်ယီက ကျင့်ကြံခြင်းအဆင့် မမှီသေးပဲ စွပ်ပြုတ်တစ်ဇွန်း သောက်လိုက်မိသော်လည်း ကံကောင်းစွာဖြင့် နှခေါင်းသွေးလျံလာခြင်းမရှိသည့်အပြင် သူမ၏ မျက်နှာက ပန်းသွေးရောင်သန်းလာပြီး ချစ်ခင်မြတ်နိုးဖွယ် ဖြစ်နေပေသည်။
ရှောင်ယန်ယုက ပါးပါးလှီးထားသော ဆေးပင်များနှင့် အသားများကို စားသောက်ပြီးသောအခါ သူမ၏ အသားအရည်က အနီရောင်သမ်းလာပေသည်။ အသက်စွမ်းအင် ပြိုကွဲနေသည်ကလဲ ရပ်တန့်သွားပြီး စွမ်းအင်များက သူမ၏ သွေးကြောအတွင်းတွင် လှည့်ပတ်နေပြီးတစ်ဖြည်းဖြည်းခြင်း ပိုမိုသန်မာလာပေသည်။ သာမာန်သူတစ်ယောက်ကပင် ရှောင်ယန်ယုက ပထမအခြေအနေထက် ပိုမိုကောင်းမွန်လာသည်ကို ပြောနိုင်ပေသည်။
“စွပ်ပြုတ်တစ်ပန်းကန်… ဒီစွပ်ပြုတ်တစ်ပန်းကန်ကို သောက်လိုက်တာနဲ့ အင်ပါယာမြို့တော်ထဲက အတော်ဆုံးသမားတော်တောင် လက်လွတ်ထားရတဲ့လူနာကို ကုသနိုင်တယ်… ဒီ…ဒီစွပ်ပြုတ်က မယုံနိုင်စရာကောင်းလွန်းတယ်…” အနီးတွင်ရပ်ကြည့်နေသော လူများအားလုံးက အံ့သြတကြီးဖြင့် ကြက်သေသေနေကြပြီး တီးတိုးရေရွတ်နေကြသည်။ ပုဖန်ကို မယုံသင်္ကာဟန်ဖြင့် ပြောဆိုနေကြသော လူများအားလုံးက ပုဖန်၏ ရှေ့မှ ပျောက်ကွယ်သွားလိုသကဲ့သို့ ခံစားနေရသည်။
ရှောင်မန်က အံ့အားသင့်နေပြီး သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများကိုတွေ့နိုင်ပေသည်။ ရှောင်ယန်ယု၏ အသားအရည်က အနည်းငယ်ဖြူဖျော့နေသေးသော်လည်း တစ်ဖြည်းဖြည်းခြင်း သွေးရောင်သမ်းလာပြီး သူမ၏ မျက်၀န်းများတွင် အသက်စွမ်းအင်များ ပြည့်၀လာသည်ကို ရှောင်မန်က မြင်နိ်ုင်ပေသည်။ ရှောင်ယန်ယုက အားအင်ပြန်ရလာပြီးနောက် ရှောင်မန်ကို လှမ်းပြောလိုက်သည်။
“အဖေ… သမီးဗိုက်ဆာတယ်….”
“သူမတစ်ကယ်သက်သာသွားပြီ… ရှောင်ယန်ယုက စွပ်ပြုတ်တစ်ပန်းကန်သောက်လိုက်တာနဲ့ သက်သာသွားတယ်…” အိမ်ရှေ့စံမင်းသားက တစ်လက်လက်တောက်ပနေသော မျက်၀န်းများနှင့် စွပ်ပြုတ်ပန်းကန်ကို စိုက်ကြည့်နေပေသည်။ ဂျိချန်းရွဲ့ကလဲ စွပ်ပြုတ်ပန်းကန်ကို အံ့သြတကြီးဖြင့် စိုက်ကြည့်နေမိသည်။ မင်းသားနှစ်ပါးက စွပ်ပြုတ်ပန်းကန်ကို ပြေးလုတော့မည်ကဲ့သို့ စိုက်ကြည့်နေခြင်းပင် ဖြစ်သည်။