Chapter 151
ကျန်းရှောင်မန်က ကမ္ဘာကြီးကိုသိမြင်ခဲ့ဖူးသည့်ကလေးတစ်ယောက်ဖြစ်သည် ။ ထိုစကားသံကိုကြားပြီးသည့်နောက် အရိုက်ခံခဲ့ရမည့်ကြောက်စိတ်ကြောင့် သူမ စကားပြောခြင်းကိုရပ်လိုက်သည် ။
အနားတွင်တစ်ဦးတစ်ယောက်မှမရှိ ... သူမ လည်ချောင်းတွေနာသည်အထိ အော်ခေါ်လျှင်တောင် ဘယ်သူမှ ကြားနိုင်မည်မဟုတ်ချေ ။
သို့သော်လည်း လောလောဆယ်ဖြေရှင်းရန်ပြဿနာတစ်ခုကျန်နေသေးသည် ။
" ဂွီ ... "
ကျန်းရှောင်မန် ဗိုက်ထဲကထွက်လာသည့်အသံ ဖြစ်ပြီး. သူမ ဗိုက်ဆာနေပြီ ။
သူ့လက်ပေါ်က ခေါက်ဆွဲပန်းကန်က အနံ့တလှိုင်လှိုင်ထွက်နေသည် ။ သူမ စားချင်၏ ။
အမှန်တကယ်တော့ ကျန်းရှောင်မန် အသင့်စားခေါက်ဆွဲကို ကြိုက်သည်။ တခြားမုန့်တွေနှင့်ယှဉ်လျှင် အသင့်စားခေါက်ဆွဲတွေက အနံ့ရောအရသာပါသာသည်ဟု သူမထင်သည်။ သိူ့သော် ဖွားဖွားက အသင့်စားခေါက်ဆွဲများကို ကျန်းမာရေးနှင့် မညီညွတ်ဘူးဟူသော ပြစ်ချက်ဖြင့် စားခွင့်မပြုခဲ့သောကြောင့် ကျန်းရှောင်မန် မစားခဲ့ရသည်ကများသည် ။
သူမ ဟုန်ရှင်းကောကို စိမ်းသက်သက်ကြည့်လိုက်သည် ။ သူမ ဘာတစ်ခွန်းမှမပြောသော်လည်း သူ့လက်ထဲက ခေါက်ဆွဲပန်းကန်ကိုလှမ်းကြည့်သည့်အကြည့်တွင် မနာလိုမှုများအပြည့် ။
ဟုန်ရှင်းကောက ဒုတိယအကြိမ် တခစ်ခစ်ရယ်ရင်းလက်ကိုဆန့်ထုတ်လိုက်သည် ။ ပြီးနောက် လက်ပြန်ရုတ်ပြီး တိုးတိုးမေးသည် ။
" စားချင်လို့လား ... "
ကျန်းရှောင်မန် ခေါင်းညိတ်လိုက်သည် ။
" ဆိုးလိုက်တာ ... "
မကောင်းဆိုးဝါးကြီး....
သူ သူမကိုအရမ်းအငတ်ထားလို့မဖြစ် .. သူမ အဆာလွန်ပြီး နေမကောင်းဖြစ်နိုင်သည်။
အနည်းဆုံး မသေရုံတမယ်တော့ သူမစားရမည်။ ထိုသို့တိုင်း သူမကို ကောင်းကောင်းဆက်ဆံရန်လည်း ဘယ်လိုမှမဖြစ်နိုင်ပေ ။
သူမကိုပိုက်ဆံနှင့်လဲရန်သာမရှိရင် အစောကြီးကတည်းက သူရိုက်ပစ်ခဲ့ပြီးပြီ ။
သူမကိုမြင်ချိန်တိုင်း ကျန်းဟွေ့မိန်ထံမှ အရိုက်ခံခဲ့ရစဥ်က အကြောက်တရားကို ပြန်အမှတ်ရမိသည် ။
ကျန်းဟွေ့မိန်ကို သူမရိုက်နိုင်ပါ။ ထို့ကြောင့် သူ့ဒေါသကို ကလေးဆီပုံချလိုက်သည် ။
ဟုန်ရှင်းကောက သူ့ဘာသူကြွားလုံးထုတ်ပြီး သူမကို အစာရေစာမပေးခဲ့ချေ ။ မနက်ဖြန်အထိ ဘာအစာမှ မရဘူးဟု ပြောခဲ့သည် ။
ဒီကောင်မလေးကို နည်းနည်းတော့ အငတ်ထားမှဖြစ်မယ်လို့ သူဆုံးဖြတ်လိုက်သည် ။
မူလရည်ရွယ်ချက်က မစားရမသောက်ရသည့် ကျန်းရှောင်မန်တစ်ယောက် ဝမ်းနည်းပြီးငိုလိမ့်မည်ဟု တစ်ထစ်ချတွက်ထားခဲ့သော်လည်း ...
မည်သူက တွေးမိမည်နည်း။
ကျန်းရှောင်မိန်က ချိုချဉ်စစားလိုက်သည်။ ထို့နောက် ဘီစကစ်ထပ်စားသည်။
စနစ်မှ ပွိုင့်များဖြင့်လဲလှယ်လိုက်ခြင်းဖြစ်သည်။
ကျန်းရှောင်မန်စိတ်ညစ်နေသည်။ ဈေးအကြီးဆုံးပစ္စည်းတွေကို ပွိုင့်နဲ့လဲပြီးစိတ်ကျေနပ်တဲ့ထိ သုံးပစ်ရန် သူမဆုံးဖြတ်ခဲ့သည် ။
အားလုံးပြီးသွားသည့်အခါ ရှောင်မန့်စိတ်အခြေအနေအတော်အဆင်ပြေသွားသည်။ အားရပါးရ စားသောက်ပစ်လိုက်ခြင်းက ကြောက်စိတ်ကိုတောင် ပြေစေသည်ပဲ ။
တဝတပြဲစားသောက်ပြီးသည့်နောက်သူမ အပြည့်အသိပ်ထိုးထည့်ထားသည့်ဗိုက်ကိုသယ်၍ အိပ်ယာပေါ်တက် အနားယူသည် ။
သူမကပြောလိုက်သေးသည် ။
"ဦးဦးစနစ်ရေ .. ပွိုင့်တွေက သိပ်ကောင်းတာပဲ ..အစာနဲ့လဲပြီး အသက်တွေကိုတောင်ကယ်နိုင်တယ် .. နောက်ဆို ပွိုင့်တွေရအောင် အသေအချာအပီအပြင်ကိုကြိုးစားပါတော့မယ် ..."
စနစ် " ..... "
ပိုင်ရှင်က စောစောကသာအဲ့လိုမှန်းသိရင် ပွိုင့်တွေဖြုတ်ချခဲ့မှာပေါ့ ...
ဘာမှမပြောနိုင်လောက်အောင် နောက်ကျမှသိရသည်ကတော့ စိတ်မကောင်းစရာပင် ။
စနစ်ကတော့ တိုက်ခိုက်ရေးဝိညာဥ်ကြီးကျဆုံးသွားလေပြီ ။
အနားယူပြီးသွားသည့်အခါ ကျန်းရှောင်မန်က ပွိုင့်များ၏ အရေးပါမှုကို တွေးမိသွားသည် ။ အစာနှင့်လဲလှယ်ပြီး အသက်ကယ်တင်နိုင်ခဲ့ပေမယ့် သူမ ဒီထဲမှာပိတ်မိနေသေးသည် ။
စနစ် " ပိုပြီးရက်စက်နိုင်သေးသလား ? "
ကျန်းရှောင်မန် "သမီးမှားလို့လား ? ... "
သူမက သူ့အဖေကြီးပါ...သူဘာမှပြန်မပြောရဲပါဘူး ကြောက်ပါတယ်...
စနစ်က ရှောင်မန်အားဤနေရာမှ လွတ်မြောက်စေရန် မည်သည်ကိုမှမကြံစည်တတ်တော့ချေ။
အဖြေရှာဖို့ သူမကိုယ်ကိုအားကိုးမှရတော့မည်။
စနစ်က အရင်ကအလွန်တရာစိတ်ပူပန်နေခဲ့သော်လည်း ကျန်းရှောင်မန်က စိတ်တိုအောင်လုပ်လိုက်သည့်အခါမှ မဖြစ်နိုင်တာကိုတွေးပူနေမိသည်မှန်း နားလည်သွားသည် ။
ပိုင်ရှင်က အံ့ဩစရာလူတစ်ယောက်ဖြစ်သည် ။
ဒါလေးက ကိစ္စသေးသေးလေးပါ.... သူမကို ဘယ်လောက်အကြပ်ရိုက်အောင်လုပ်နိုင်မှာမလို့လဲ.....
သူမက ငယ်ရင်သာငယ်မည်။ တချို့လူအများစုထက်ကြောက်စရာကောင်းပေသည်။
စနစ်ကလေး စိတ်သက်သာရာရသွားသည် ။
ထိုအချိန်တွင် ကျန်းရှောင်မန်ကလည်း တွေးနေသည် ။
ဟုန်ရှင်းကော သူမကိုဘာကြောင့် ပြန်ပေးဆွဲသလဲ ဆိုတာကို သူမနားမလည်နိုင်ပေ။ နားမလည်နိုင်ကတည်းက ... ထားပါတော့ ...သူမ လက်ရှိအခြေအနေကို ပြန်တွေးနေလိုက်သည် ။
သူမ ပိုက်ဆံအတွက်နဲ့ရောင်းစားမခံချင် သူတောင်းစားလေးလည်း မဖြစ်ချင်ပါ ။
ဟုန်ရှင်းကော သူမကိုပြန်ခေါ်သွားပေး မည့်နည်းလမ်းကို စဉ်းစားရမည်။
ကျန်းရှောင်မန် အခန်းမှပြေးထွက်လာသောအခါတွင် နံရံကိုပျင်းတွဲတွဲမှီထားသော ဟုန်ရှင်းကောကိုတွေ့လိုက်ရသည် ။
" ဦးဦးလူဆိုးကြီး ... သမီးဆွေးနွေးစရာရှိတယ် .."
ဟုန်ရှင်းကော ဒေါသထွက်သွားပြီး သူမကိုစားမတတ် ဝါးမတတ်ကြည့်လိုက်သည် ။
" သွားစမ်း ... ဘာကိုဆွေးနွေးမှာလဲ ...အခုသွားအိပ်...."
" ဦးဦး သမီးကိုပြန်ခေါ်သွားရင် သမီးပိုက်ဆံပေးမယ် ...သမီးမှာ နှစ်ကူးအကြိုပိုက်ဆံတွေ အများကြီးရှိတယ် ... အဲဒါတွေအကုန်ပေးပါ့မယ်..."
ထောင်ဂဏန်းလေးပဲမလား.....
ဟင်း .. ဒီလောက်နဲ့ကတော့သူ့ကို မဆွဲဆောင်နိုင် ဘူး...
ဟုန်ရှင်းကော သူမကိုကောက်ချီလိုက်သည် ။
" သွားအိပ်တော့... မနက်ဖြန်ခရီးရှည်ကြီး သွားရဦးမှာ...."
သွားမယ် ... ဘယ်ကိုလဲ သွားမှာတဲ့လဲ ...
ကျန်းရှောင်မန် နည်းနည်းလန့်လာသည်။ သူမခြေထောက်သေးသေးလေးများကို လှုပ်၍အကြောက်အကန်ရုန်းသော်လည်း ကောက်ချီခံလိုက်ရသည်ကိုတော့ မတားလိုက်နိုငိပေ။
ခဏကြာအောင်ရုန်းကန်ပြီးသည့်အခါတော့ သူမစငိုတော့သည် ။
" ဦးဦးလူဆိုးကြီး ... သမီးကို ဦးဦးပိုက်ဆံနဲ့ရောင်းပစ်တော့မှာမလား ... သမီးကို လွှတ်မပေးဘူးဆိုတာ သိပါတယ် ... ဒါပေမယ့် သမီးမသေခင် လုပ်ချင်တဲ့ဆန္ဒတစ်ခုရှိတယ် ... အဲဒါ ဦးဦးဖြည့်ဆည်းပေးရမယ် ... မဟုတ်ရင်တော့ သမီး ဦးဦးမျက်စိရှေ့မှာတင် သေပစ်လိုက်မှာ .. ."
၎င်းက သူမ စနစ်ကနေ သင်ခဲ့ရတဲ့ ပရိယာယ်လေးဖြစ်ပြီး အမှန်တကယ်လည်း အသုံးဝင်ပါသည် ။
ဟုန်ရှင်းကော မျက်နှာအမူအရာပြောင်းသွားသည် ။
Xxxxxxxxxxxxxxxxzxxx
Chapter 152
ဟုန်ရှင်းကောမျက်နှာ တခဏချင်းအပြာရောင်မှ ခရမ်းရောင်သို့ပြောင်းသွားသည။ သူဘာလုပ်ရမည်မသိသော်လည်း ကလေးတစ်ယောက်ခြိမ်းခြောက်သည်ကို သူ မကြောက်ပါ။
အမှန်တကယ်လည်း ရှောင်မန် သေသေရှင်ရှင် သူဂရုမစိုက် ပါချေ။ သူမကို မုန့်ဝယ်ကျွေးဖို့ပိုက်ဆံပင် အကုန်မခံချင်။ ကျန်းရှောင်မန်က အမှန်တကယ် မိသားစုကပျောက်ဆုံးသွားသော ကလေးပင်ဖြစ်စေကာမူ အသက်မရှိသော ခန္ဓာကိုယ်ကိုသူသယ်သွားလျှင် ပိုက်ဆံတစ်ပြားမှရမည်မဟုတ်ပေ ။
ကျန်းရှောင်မန်က မှုန်သုန်နေသော သူ့မျက်နှာကိုကြည့်ကာ ဖြတ်ပြောလိုက်သည်။
" ဦးဦး သမီးကိုမယုံဘူးလား ... ယွီချင်းရှီက သမီးရဲ့အသက်သွေးကြော ... သူက သမီးရဲ့အရာရာ ... သူမရှိဘဲ သမီးအသက်မရှင်နိုင်ဘူး ... သမီးကို သူနဲ့ပေးမတွေ့ရင် သမီးဦးဦးမျက်စိရှေ့မှာတင် လဲသေပစ်မှာ ...."
စနစ် " ..... "
စနစ် နည်းနည်းရှက်လာသည် ။
ကလေးကိုလှည့်စားဖို့ပုံပြင်ပြောခဲ့စဥ်က ခြိမ်းခြောက်တယ်ဆိုတာဒါမျိုး ... ဆိုပေမယ့် ... ဒါကတော့နည်းနည်း ... ကျော်ထွက်သွားသလိုပဲ ... တော်သေးသည်က ပိုင်ရှင်က ကလေးကိုသဘောကျသည်.....
ဟုန်ရှင်းကောက သူမကိုစိမ်းစိမ်းကားကားကြည့်ကာ လှောင်ပြုံးဖြင့်ပြောလိုက်သည်။
" ဘာ ယွီချင်းရှီ လဲ... ငါက ဂရုကိုမစိုက်တာ .....ငါ့ကိုနာခံပြီးအေးအေးဆေးဆေးလိုက်ခဲ့ ... ပိုက်ဆံရတာနဲ့ ငါကတော့ ထားခဲ့မှာပဲ ... အဲ့နောက်မှာ မင်းဘာမင်း ဘာလုပ်လုပ် ... ငါနဲ့မဆိုင်ဘူး ... "
ကျန်းရှောင်မန် စငိုပါလေတော့သည်။ ... ကြည့်ရသည်မှာ သူမပြဿနာရှာတော့မည်ဟု အချက်ပေးနေသကဲ့သို့ပင်။
သူမ မျက်ရည်တွေကို သုပ်ပစ်လိုက်ရင်းက ...
" သမီး ကိုယ့်ဘာကိုယ် ဘာဖြစ်ဖြစ်ဂရုမစိုက်ဘူး... ဒါပေမယ့် သမီး ဦးဦးနဲ့လိုက်ရင် သမီးသူ့ကိုဘယ်တော့မှ ထပ်တွေ့ရတော့မှာမဟုတ်ဘူး ... သမီးမရှိရင် သူကောင်းကောင်းတောင်အိပ်နိုင် စားနိုင်မှာမဟုတ်ဘူး ... သူ အိပ်ယာအောက်မှာပုန်းနေလည်း ဘယ်သူကမှ သူ့ကိုဂရုစိုက်ပေးမှာမဟုတ်ဘူး ... သူငိုမိမှာကို ကြောက်နေလိမ့်မယ် ... သူ့ဖေဖေက တစ်နေကုန်မိုင်းတွင်းမှာပဲ အချိန်ကုန်ပြီး သူ့ကိုဆို ရှိတယ်လို့တောင်ထင်တာမဟုတ်ဘူး ...
ဗီလာအကြီးကြီးရှိတယ်ဆိုပေမယ့် သူက တစ်ယောက်ထဲအထီးကျန်ပြီး နေနေရတာ ... တအား သနားဖို့ကောင်းတာပဲ ... သမီးနဲ့သူနဲ့ အပြန်အလှန်နှစ်သစ်ကြိုဖို့ ကတိလည်းပေးထားသေးတယ် .. သူ့ကိုခေါ်ဖို့လေးတောင် သမီးမှာ ခုထိအခွင့်မသာခဲ့ဘူး ... သူ့ကိုနှုတ်ဆက်ဖို့အခွင့်အရေးလေးတော့ သမီးကိုပေးပါ ဦးဦးရယ် ... မဟုတ်ရင်တော့ သမီးမလိုက်နိုင်ဘူးနော် ... "
" မိုင်းတွင်း ... "
နပေါဦး ...
မိုင်းတွင်းသူဌေးရဲ့နာမည်အစက ယွီ မလား...
ဟုန်ရှင်းကော စတင်ကာ စိတ်ဝင်စားလာသည်။
သူ မျက်လုံးစွေကြည့်လိုက်ရင်း ပြောလိုက်သည်။
" ဗီလာအကြီးကြီးလား ... သူ့မိသားစုတွေ ဘယ်မှာနေလဲ မင်းသိလား ... "
" သမီးသိတာပေါ့ ... သူ့အိမ်ကြီးက အကြီးကြီးမှအကြီးကြီး ... တအားလှတာ ... ဥယျာဉ်သေးသေးလေးတောင်ရှိသေးတယ် ... "
ကျန်းရှောင်မန် ရှုံ့ချည်မဲ့ချည်နှင့် ငိုပြောပြောနေသည် ။
" ဘယ်လိုပဲ ဖြစ်ဖြစ် ဦးက သမီးကိုရောင်းပစ်မှာမလား ... အဲ့မတိုင်ခင် သမီးရဲ့ရတနာလေးတွေကို စောင့်ရှောက်ခွင့်ပြုပါလားဟင် ... နော် ဦးဦး ... ဒီမြို့ထဲက အိမ်မှာပဲသမီးမြှုပ်ထားခဲ့တာ ... ဖွားဖွားကရော ဖေဖေကရော မကြိုက်လို့ သမီးသူ့ဆီမှာပဲ ယုံယုံကြည်ကြည်ထားလို့ရတာ ... သမီးရဲ့နှစ်ကူးအကြို ယွမ်ပိုက်ဆံ တွေလည်း အဲ့မှာပဲထောင်ချီရှိတယ်... "
ဟုန်ရှင်းကော သူ့မေးစေ့ကိုပွတ်ရင်း ငိုနေသည့်ကလေးမလေးကို ငုံ့ကြည့်သည် ၊ စိတ်ထဲမှာလည်း ဘာကိုအလိုမကျမှန်းကိုမသိ ... ။
ဒါပေမယ့်လည်း သူနည်းနည်းတော့ကြိတ်စိတ်ဝင်စားနေသည် ။
ယွီသူဌေးမိသားစုက ကျိကျိတက်ချမ်းသာသည် ... သူ့သားလေးကိုခေါ်ထားပြီး ကလေးကသူ့ဘာသူလမ်းပျောက်သွားတယ် ... သူကပြန်ရှာတွေ့တယ်ဆိုရင် ... သူ လစာနှစ်ဆ မရနိုင်ပေဘူးလား ...
ဘာပဲဖြစ်ဖြစ် ကလေးတွေက ဖျားယောင်းရလွယ်သည် ။
သူ ကျန်းရှောင်မန်နဲ့သူငယ်ချင်းဖြစ်နေသည်ဆိုကတည်းက ရှောင်မန်နှင့် သူ့ကိုမျှားခေါ်ဖို့လွယ်သည် ။ နောက်ဆုံး ကိစ္စတစ်ရပ်လုံးပြန်ပေါ်လို့ ဖြေရှင်းချက်တောင်းလာခဲ့တောင် ရှောင်မန့်ပေါ်ပဲ အပြစ်ကျမည် ဖြစ်ပြီး။ သူ့ပယောဂ တစ်ပြားသားမှမပါပေ သူက ကလေးကိုပြန်ခေါ်လာပေးတဲ့လူစွမ်းကောင်းတစ်ယောက်တောင် ဖြစ်သွားနိုင်သည် ။
" အေးပါ... အေးပါ ...တော်တော့ .."
ဟုန်ရှင်းကောတစ်ယောက် ကြောင်သူတော် ဇာတ်ကရန် သူမကိုအယုံသွင်းသည် ။
" အင်း ... မင်းက သွားရတော့မယ် .. သူ့လည်းဒီတိုင်းမထားခဲ့နိုင်ဘူး .... ဆိုမှတော့လည်း ... ငါတို့သူ့အိမ်သွားပြီး မင်းကိုသူနဲ့မျက်နှာချင်းဆိုင်နှုတ်ဆက်ခိုင်းဖို့ ပဲရှိတော့တာပေါ့ ..."
ကျန်းရှောင်မန် ကြက်သေသေခြင်းနှင့်အတူ အငိုရပ်သွားသည် ။
ဒီလူဆိုးကြီးက ... တုံးချက်ဟေ ...
သူမ အတတ်နိုင်ဆုံး ယွီချင်းရှီကိုခေါ်ပြီး အကူအညီတောင်းဖို့ စဉ်းစားထားသည် ။
ယွီချင်းရှီက ကမ္ဘာပေါ်မှာ ဒုတိယမြောက်အထက်မြက်ဆုံးကလေးဖြစ်သည် ... သူမလောက်တော့ မတော်ရှာပေ ။ ထို့ကြောင့် သူမအချက်ပြတာနှင့်တပြိုင်နက် အခြေအနေကိုသူချက်ချင်းနားလည်နိုင်လိမ့်မည် ။
မမျှော်လင့်ထားသည်က ... လူဆိုးကြီးက သူမကို သူ့ဆီတိုက်ရိုက်ပို့ပစ်လိုက်ခြင်းပင် ။
ဟုတ်ပြီလေ... ပိုတောင်ကောင်းသွားသေးတယ်....
ကျန်းရှောင်မန်ခေါင်းညိတ်လိုက်သည် ။ ရှိုက်သံကြားမှ တမင်အားယူ၍ ခေါင်းညှိတ်လိုက်ရပုံပေါ်သော်လည်း ရင်ထဲမှာတော့ အပျော်လုံးက အလုံးအရင်းနှင့် တယွယွကြွတက်နေ၏ ။
ထင်ထားတဲ့အတိုင်း ဦးဦးရဲ့လက်ချာတွေက အသုံးဝင်နေလေပြီ ။
တဝါးဝါးငိုယိုဂျစ်တိုက် ဆူညံပြခြင်းက တစ်ဖက်လူကို သိမ်မွေ့သွားစေလိမ့်မည် ။
ဖွားဖွားအပေါ်သုံးလျှင် သိပ်ကြာကြာမထိရောက်ပေမယ့် တခြားသူတွေနှင့်တွေ့လျှင် သိပ်အသုံးတည့်သည်မှန်း သူမလက်တွေ့သိခဲ့ရပြီ ။
ဒီ ဒုံးဝေးတဲ့ လူဆိုးကြီးကဒါတွေမသိဘူးကွယ်.... သိပ်သနားဖို့ကောင်းတာပဲ ... သူ့မှာ ဒီလိုလက်ချာရိုက်ပေးမယ့် ဦးလေးမှ မရှိတာပဲ ...
Chapter - 153
ဟုန်ရှင်းကောက ရှောင်မန်ကို ရွာကခေါ်လာခဲ့သည်မှာ တစ်ရက်ကြာခဲ့ပြီဖြစ်ပြီး မြို့သို့သွားရန် လမ်းတစ်ဝက်ရောက်နေပြီဖြစ်ကာ နောက်ထပ်နေ့တစ်ဝက်လောက်မောင်းလိုက်လျှင် မြို့သို့ရောက်ပြီဖြစ်သည် ။
နောက်တစ်နေ့မနက်စောစောတွင် ဟုန်ရှင်းကောက ရှောင်မန်ကို နိုးကာလမ်းတစ်လျှောက်ဆက်မောင်းလာခဲ့သည် ။ ကားထဲတွင် အနံ့အသက်မကောင်းဘဲ လှောင်ပိတ်နေကာ လေကောင်းလေသန့်မရသောကြောင့် ရှောင်မန်အလွန်ပင်မူးဝေနေခဲ့သည် ။
ရင်းနှိီးနေသည့်အိမ်ပြန်လမ်းသို့ရောက်မှသာ ရှောင်မန် စိတ်သက်သာရရလာခဲ့သည် ။ သူတို့အိမ်ရာဝန်းထဲသို့ရောက်သည့်အခါ ဟုန်ရှင်းကောက ရှောင်မန်ကို ယွီချင်းရှီ၏ အိမ်သို့ဆွဲခေါ်သွားပါသော်လည်း ဗီလာအရှေ့၌ပင် လုံခြုံရေးများ၏တားဆီးခြင်းကို ခံလိုက်ရသည် ။
ဗီလာအတွင်းသို့ ဝင်ရန်လုံခြုံရေးအရမ်းတင်းကြပ်ကာ ပုံမှန်အားဖြင့် ရှောင်မန်က ယွီအိမ်ကဒရိုင်ဘာနှင့်အတူလာသည့်အတွက် ဝင်ခွင့်ရသော်လည်း ယခုတစ်ကြိမ်တွင်တော့ဖြင့်မတူညီပေ ။
ဟုန်ရှင်းကောက သူကိုယ်သူသိသလိုတတ်သလို စတိုင်လ်ဖမ်းနေကာ ရှောင်မန်ကလည်း ငိုယိုနေသောကြောင့်ပို၍ပင် သံသယဖြစ်စရာဖြစ်နေခဲ့သည် ။
ဟီးဟီး....ရှောင်မန်က ရည်ရွယ်ချက်ရှိရှိငိုနေခဲ့ခြင်းဖြစ်သည် ။
ဟုန်ရှင်းကော အားလုံခြုံရေးတွေက မျက်ချည်မပြတ်စောင့်ကြည့်နေသော်လည်းသူ့အားဝင်ခွင့်မပေးပေ ။ လုံခြုံရေး၏ နှင်ထုတ်ခံရပြီးနောက်တွင် ဟုန်ရှင်းကောက အလွန်ဒေါသထွက်နေပါသော်လည်း မျက်နှာတွင်ဖော်မပြရဲချေ ။ သူက လုံခြုံရေးများနှင့်လည်း ရန်မဖြစ်ရဲသောကြောင့် လမ်းမပေါ်ရှိကျောက်ခဲများကို ကန်ထုတ်ကာ ဆဲဆိုနေခဲ့ပြီး သူက ရှောင်မန်ကိုစိုက်ကြည့်ကာပြောလိုက်သည် ။
" ကလေးမလေး မင်းငါ့ကို လက်ဗလာနဲ့မပြန်စေရရင်ကောင်းမယ်နော် ငါဘာမှမရခဲ့ဘူးဆိုရင် မင်းကိုရိုက်မှာ ..."
ရှောင်မန် သူမ၏ခေါင်းလေးပုဝင်သွားကာ အသံသေးသေးလေးနှင့်ပြောလိုက်သည် ။
" ဒီလိုဖြစ်မယ်လို့သမီးလည်း မထင်ခဲ့ဘူးလေ ဒါပေမဲ့သမီးမှာ နှစ်ကူးတုန်းက စုထားတဲ့မုန်ဖိုးယွမ်ထောင်နည်းနည်းရှိတယ် သမီးကိုမရိုက်ပါနဲ့နော်...."
ဟုန်ရှင်းကောက ဒေါသထွက်နေပြီး သူမရဲ့ယွမ်အတည်းငယ်ကို စိတ်မဝင်စားဘူးဟုပြောလိုက်ချင်သော်လည်း နောက်ဆုံးမှာတော့ ပိုက်ဆံက ပိုက်ဆံပင်ဖြစ်ကာ ယွမ်ထောင်ဂဏန်းသည်လည်းပိုက်ဆံပင်ဖြစ်သည် ။
အချိန်အတန်ကြာစဥ်းစားပြီးနောက် ရသလောက်ယူသွားရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည် ။ လက်ဗလာနှင့်တော့မပြန်နိုင်ပေ ။ ဟုန်ရှင်းကောက ထရီလိုက်ပြီးနောက် ရှောင်မန့်ကိုကြည့်ကာပြောလိုက်သည် ။
" ဒါဆိုလဲ သွားကြရအောင်...."
ရှောင်မန်က ဟုန်ရှင်းကောကို မြို့ထဲရှိ သူမတို့အိမ်ကိုခေါ်သွားခဲ့သည် ။ ဟုန်ရှင်းကောက ယခုအိမ်ကိုရောက်ဖူးသောကြောင့် ရှောင်မန် မလိမ်ဟုယုံကြည်သွားခဲ့သည် ။
ကလေးသေးသေးလေးက ဘယ်လိုမျိုးအကြံအစည်တွေရှိနိုင်မှာမို့လို့လဲ....
သူမက အရိုက်ခံကမှာကိုကြောက်နေတာဘဲဖြစ်ရမယ်.......
ဟုန်ရှင်းကောက သတိထားနေစိတ်များကို လျော့ချလိုက်ပြီး ခြံဝန်းထဲတွင်ပတ်ကြည့်ကာ ရှောင်မန့်ကိုမေးလိုက်သည် ။
" ပိုက်ဆံတွေကို ဘယ်မှာဖွက်ထားတာလဲ...."
" ဟိုနေရာမှာ ..."
ရှောင်မန်က မွှေးတုံလေးရဲ့ ဝက်အိမ်ကို လက်ညိုးထိုးပြကာပြောလိုက်သည် ။
" ဘွားဘွားပိုက်ဆံတွေ ယူသွားမှာစိုးလို့ တွင်းတူးပြီးမြုပ်ထားတယ် ..."
ဝူးဝူးဝူး....
အချိန်အရမ်းကြာကတည်းကသူမ မြုပ်ထားခဲ့တာဖြစ်ပြီး ယွမ်ရာဂဏန်းမျှသာရှိသည် ။
ဟုန်ရှင်းကောက တစ်ချက်ကြည့်လိုက်ပြီး ဝင်သွားရမည်ဆိုလျှင် အရမ်းသေးမည်ဖြစ်သော်လည်း ဝက်ခြံတစ်ခုဖြစ်သောကြောင့် ဘာမှဆက်မပြောတော့ပေ ။ ကလေးတွေအတွက် အလွယ်တကူဝင်ထွက်နိုင်သော်လည်း လူကြီးတွေအတွက်တော် ကြပ်နေမည်ဖြစ်သည် ။
" ပိုက်ဆံတွေ သွားတူးလာခဲ့ ..."
ရှောင်မန်က သူမရဲ့ခေါင်းလေးကိုငုံ့ထားပြီးလက်ချောင်း လေးများကိုလိမ်ကာပြောလိုက်သည် ။
" သမီးက အားမရှိတော့ အကြာကြီးတူးရမှာ ဒါပေမဲ့ဦးလေးသာဆိုရင် ခဏလေးနဲ့ရမှာ ..."
ဟမ့်....အရမ်းအလုပ်ရှုပ်တာပဲ....
ဟုန်ရှင်းကော မဝင်ချင်ခဲ့သော်လည်း ထိုအချိန်တွင် ပိုက်ဆံကလွဲ၍တခြားအတွေးမရှိပေ ။
ယွမ်ထောင်ဂဏန်းဆိုရင်တောင် မဖြုန်းတီးသင့်ဘူးလေ.....
တူး၍ရသည့်ပိုက်ဆံကိုလည်း ယူမည်ဖြစ်ကာ ယွီချင်းရှီ တို့အိမ်သို့လည်းတစ်ခေါက်ပြန်သွားမည်ဖြစ်ပြီး ဘယ်လိုဘဲလုပ်လုပ်သူ့အတွက်အမြတ်ချည်းပင်ဖြစ်သည် ။ နောက်ဆုံးတွင် ဟုန်ရှင်းကော ကဝက်ခြံထဲသို့ဝင်သွားကာ ရှောင်မန်ပြောသည့်နေရာကိုစတင်တူးတော့သည် ။
Xxxxxxxxx
Chapter - 154
ရှောင်မန်က သူမရဲ့သံဗူးလေးကိုဖွက်ထားနေကြ နေရာသို့လက်ညိုးထိုးကာပြောလိုက်သည်။
ဟုန်ရှင်းကောက ရှောင်မန် ညွှန်ပြလိုက်သည့်နေရာသို့ကြည့်လိုက်သည့်အခါ သစ်သားပြားတစ်ခုက တခြားသစ်သားများနှင့်မတူဘဲ ကော်နှင့်ကပ်ထားခြင်းမရှိကာ အလွယ်တကူခွာ၍ရသည် ။
ကလေးအားနှင့်တူးကာ မြုပ်ထားသည့်အတွက် တွင်းကသိပ်မနက်ဘဲ အချိန်ခဏလေးအတွင်းမှာ ပင် ဟုန်ရှင်းကောက သံဗူးအစွန်းကိုမြင်နေရပြီဖြစ်သည် ။
သူကအရမ်းပျော်သွားကာ ပိုပြီးခပ်မြန်မြန်တူးထုတ်လိုက်သောကြောင့် နောက်ဆုံးတွင်သံဗူးကိုတူးထုတ်နိုင်ပြီဖြစ်သည် ။ ဟုန်ရှင်းကော ကရှောင်မန့်ကို သံဗူးအားမြှောက်ပြကာပြောလိုက်သည် ။
" ဒီဘူး ဟုတ်တယ်မလား ..."
အရမ်းစိတ်လူပ်ရှားဖို့ကောင်းတယ်.....သူဖွင့်ကြည့်ချင်နေပြီ....
ရှောင်မန်က အားပေးမူအပြည့်ဖြစ်နေသည့်အသံဖြင့်ပြောလိုက်သည် ။
" ဟုတ်တယ် သမီးရဲ့ရတနာလေးတွေအကုန် အဲ့ထဲမှာ ...."
ဟုန်ရှင်းကောက စိတ်လူပ်ရှားစွာနှင့်သံဗူး အားဖွင့်နေသည့်အချိန်တွင် ရှောင်မန်ကညဝက်ခြံတံခါးနားသို့တိတ်တိတ်လေးသွားကာ တံခါးကိုသော့ခတ်လိုက်သည် ။
ပုံမှန်အားဖြင့် မွှေးတုံလေးကို ထည့်ထားရန်သုံးခြင်းဖြစ်သည် ။ ကျန်းရှင်း ဝက်ခြံတံခါးတွင်သော့တပ်လိုက်သည့်အချိန်တုန်းက သူမအရမ်းကိုမပျော်မရွှင်ဖြစ်ခဲ့ရပြီး မွှေးတုံလေးက အရမ်းလိမ္မာသောကြောင့် လျှောက်မသွားဟုပင် ကာကွယ်ပြောဆိုခဲ့သေးသည် ။
ဟီးဟီး...နောက်ဆုံးတော့ သူမအတွက် အရမ်းအသုံးဝင်လာခဲ့တာပဲ...
ရှောင်မန် စပြီးထွက်ပြေးတော့သည် ။ ဟုန်ရှင်းကော သံဗူးအားဖွင့်၍ရသွားသည့်အချိန်တွင် ဗူးခဲ၌ ထူးထူးဆန်းဆန်း ပုံစံကျောက်တုံးများအပြင် ယွမ်ရာဂဏန်းဘဲရှိသည်ကို တွေ့လိုက်ရသည် ။
အရမ်းဒေါသထွက်ပြီးလှည့်ကြည့် လိုက်သည့်အချိန်တွင် ရှောင်မန့်ကို မတွေ့ရတော့ပေ ။
သူမဘယ်ရောက်သွားတာလဲ....
ရှောင်မန်က ဟုန်ရှင်းကောကို သူမရဲ့ပျော်ပျော်ရွှင်ရွှင်ဖြင့် ခုန်ပေါက်ထွက်ပြေးသွားသည့် နောက်ကျောပုံရိပ်လေးကိုသာ ချန်ထားခဲ့လေပြီ ။
ဟုန်ရှင်းကော လိုက်ဖမ်းရန်ကြိုးစားသည့်အချိန်တွင် တံခါးကသော့ခတ်ထားပြီးဖြစ်ကာအထဲကနေဘယ်လိုမှဖွင့်မရတော့ပေ ။
သူက ရှောင်မန် ရဲ့လှည့်စားတတ်သည့်အကျင့်ကို စတင်ကျိန်ဆဲတော့သည် ။ ရှောင်မန် ကတံခါးဝတွင် ခဏရပ်ကာနောက်ပြန်လှည့်ပြီး လျှာထုတ်ကာပြောင်ပြရန်လည်းမမေ့ခဲ့ချေ ။
" ခိခိခိ......ကြိုက်သလောက်အော်နေလိုက် လာ်ချောင်းကွဲအောင်အော် မယ်ဆိုရင်တောင်မှ ဘယ်သူမှလာကယ်မှာမဟုတ်ဘူး....."
အရင်ကတည်းက ပတ်ဝန်းကျင် တွင်လူနေကျဲကာ နှစ်ကူးချိန်ဖြစ်၍ အသွားအလာမရှိသလောက်ပင်ဖြစ်သည် ။ ရှောင်မန် ကသူမဖုန်းခေါ်နေကျဖြစ်သည့် စတိုးဆိုင်လေးသို့ လမ်းလျှောက်သွားလိုက်သည် ။ သူမကဖိုဆိုင်လေးတွင် အမြဲတမ်းဖုန်းသွားဆက်နေကျဖြစ်ကာ ဆိုင်ရှင်ဦးဦးနှင့်လည်း ရင်းနှီးနေပြီ ဖြစ်သည် ။
ရှောင်မန် ကိုတွေ့သည့်အခါဆိုင်ရှင်က သူမကြိုပြန်လှည့်ကြည့်လာခဲ့သည် ။
နှစ်ကူးအချိန်ကြီးမှာ ကလေးမလေးက ဘာလို့ဒီနေရာမှာရှိနေရတာလဲ....
သူ့အိမ်မှာ ဘာမှလုပ်စရာမရှိ၍သာမဟုတ်လျှင် ဆိုင့ရှင်အနေနှင့်ဆိုင်လာဖွင့်စရာ အကြောင်းမရှိပေ ။
ဒီလိုအချိန်မျိုးမှာ ဘယ်သူကလျှောက်သွားနေမှာမို့လို့လဲ......
ဆိုင်ရှင်က ရှောင်မန် တစ်ခုခုဝယ်ချင်တာလား ဒါမဟုတ်ဖုန်းဆက်ချင်လို့လား ဆိုတာကိုစောင့်ကြည့်နေခဲ့သော်လည်း ရှောင်မန် ကအချိန်အတော်ကြာစကားပြန်မပြောလာခဲ့ပေ ။ ဆိုင်ရှင်က သူမပြောပြရန်ခက်ခဲသည့်တစ်ခုခု ဖြစ်လိမ့်မည်ဟုခံစားနေရသည် ။
တစ်ယောက်နှင့်တစ်ယောက် အချိန်အတန်ကြာစိုက်ကြည့်ပြီးနောက်တွင်မှ ရှောင်မန်က အားတင်းကာစကားစပြောလာခဲ့သည် ။ သူမစကားပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း တကယ်တမ်းတွင် ဘာမှပြောထွက်မလာခဲ့ချေ။
သူမကို ဆိုင်ရှင်ဦးဦး ကကူညီလောက်မှာပါ....
ရှောင်မန်က သူမရဲ့မျက်ရည်များကိုသုတ်ကာပြောလိုက်သည် ။
" ဆိုင်ရှင်ဦးဦး သမီးဖုန်းတစ်ခါလောက်ဆက်လို့ရမလားဟင်... သမီးမှာအခု ပိုက်ဆံမရှိသေးပေမဲ့ သမီးရဲ့ဦးလေးလာရင်တောင်းပေးပါ့မယ်နော် သမီးဂတိပေးပါတယ်....."
ဆိုင်ရှင်အတွက်တော့ တကယ်ကိုအဆင်ပြေသည် ။ သူမဖုန်းဆက်ရန် လာသည့်အချိန်တိုင်း တစ်မိနစ်နှစ်မိနှစ် လောက်သာပြောလေ့ရှိပြီး ပိုက်ဆံမပေးလျှင်တောင်မှအဆင်ပြေသည် ။ လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် မျက်မှန်းတန်းမိနေကြကာ အိမ်နီးချင်းများဟုပင်ဆို၍ရနိုင်သည် ။
ဒါ့အပြင်ရှောင်မန် ကအရမ်းငိုနေသောကြောင့်တစ်ခုခု ဖြစ်ခဲ့ပုံရသည် ။ သူမက အမြဲတမ်းလိုလို တောက်ပစွာပြုံးနေတတ်သည့် ကလေးမလေးဖြစ်ပြီးငိုနေတာ မြင်ရသည့်အခါ ဆိုင်ရှင်၏ စိတ်ထဲတွင်လည်းမကောင်းပေ ။
ကျန်းရှောင်မန် ကဖုန်းကိုယူလိုက်ကာ သူမနှင့်ရင်းနှီးနေသည့်နံပါတ်လေးဖြစ်သည့် 110ကိုဆက်လိုက်သည် ။
သူမက အလွန်ငိုနေပြီး သူမ၏ပါးနှစ်ဖက်တွင်လည်းမျက်ရည်စီးကြောင်းအကြီးကြီးနှင့်ဖြစ်သည် ။
" ဟယ်လို... ဦးဦးရဲကြီး...."
" သမီးကို လူဆိုးကြီးတစ်ယောက်က ပြန်ပေးဆွဲသွားလို့ပါ သူကသမီးကိုရောင်းစားမယ်လို့လဲပြောတယ် ပြီးတော့ သမီးကိုဘာမှလဲမကျွေးဘူး သမီးကိုလာကယ်မှာလားဟင် ဝူးဝူးဝူး ....."
ရှောင်မန်ပြောတာကို ကြားလိုက်ရသည့်သူဌေးမှာတော့ လန့်သွား၍ချွေးစေးများပင်ထွက်လာခဲ့သည် ။ ရဲများရောက်လာရန် အချိန်ခဏပင်ကြာလိုက်ပြီး လမ်းတစ်ဖက်မှအရေးပေါ် အချက်ပေးသံတို့ထွက်ပေါ်လာခဲ့သည် ။
Xxxxxxxxxxxxx
Chapter - 155
ရာသီဥတုက အရမ်းအေးနေပြီး ရှောင်မန် ကအဝတ်ထူထူများမဝတ်ထားသောကြောင့် သူမတစ်ကိုယ်လုံးတုန်ရီနေသည် ။
အလွန်အမင်းငိုကြွေးထားမူက သူမမျက်လုံးများကို နီရဲနေစေကာ အရမ်းသနားစရာ ကောင်းသည့်ပုံပေါ်နေသည် ။
ရဲများက ရှောင်မန့်ကို ပထမဆုံးတွေ့သည့်ပုံမှာ ကလေးမလေးက အရမ်းကိုသနားစရာကောင်းသည် ။
ရဲတစ်ယောက်က လက်ထိပ်ကိုယူပြီး ဆိုင်ရှင်ကိုကြည့်ကာ
" ကလေးမလေးကိုပြန်ပေးဆွဲတာ ခင်ဗျားလား ...."
ဆိုင်ရှင်က အလွန်ကြောက်သွားပြီး သူ့လက်ကိုယမ်းကာ ထပ်ခါထပ်ခါငြင်းဆိုသည် ။
" အထင်လွဲတာပါ ကျုပ်ကသာမန်ဆိုင်ရှင်လေး တစ်ယောက်ပါ ....ခုဏက ကလေးမလေး ရဲခေါ်တဲ့ ဖုန်းက ကျွန်တော့်ဖုန်းပါ သူမဒီလိုဖြစ်တယ် ဆိုတာပထမဆုံးကြားဖူးတာပဲ...."
" ဦးဦးရဲကြီး ဆိုင်ရှင်ဦးဦးက မကောင်းတဲ့လူမဟုတ်ပါဘူး တကယ်မကောင်းတဲ့ လူဆိုးကြီးက သမီး ရဲ့ အိမ်ထဲမှာရှိတာ..."
" ဟမ်...."
ကျန်းရှောင်မန် ဟာ အခြေအနေကိုရှင်းပြလိုက်ပြီးနောက် ရဲများကိုသူမအိမ်သို့ ခေါ်သွားခဲ့သည် ။
သူတို့ရောက်သည့်အချိန်တွင် ဟုန်ရှင်းကောက ဝက်ခြံတံခါး အားဖွင့်ရန်ကြိုးစားနေတုန်းဖြစ်သည် ။
ဝက်လေးက အရမ်းဥာဏ်ကောင်းသောကြောင့်သာမန် သော့များကို နှုတ်သီးဖြင့် အလွယ်တကူဖြုတ်ပစ်နိုင်သည် ။
ထို့ကြောင့်ခိုင်ခံ့သော လှောင်အိမ်သော့ကို အလွယ်တကူ ဖွင့်မရပေ။
" အဲ့တာသူပဲ လူဆိုးကြီးကသူ ...."
ကျန်းရှောင်မန် သည်ရဲများရှေ့၌အားကိုးရှိကာ ဖြစ်သမျှအကြောင်း အကုန်ဖောက်သည်ချ တတွတ်တွတ်ပြောတော့သည် ။
သူမဟာ နှစ်ရက်အတွင်းဖြစ်ခဲ့သမျှ တစ်ခုမကျန်ပြောပြခဲ့သည် ။
" ဝူးဝူးဝူး သူကဖွားဖွားကိုလဲ ရိုက်တယ်.... နှစ်ကူးတိုင်းမှာအိမ်ကိုလာပြီး ပိုက်ဆံတွေတောင်းတယ်.... ဒီနှစ်မှာ သူက ဖွားဖွား မရှိတုန်းမှာသကြားလုံးတွေကျွေးတယ်...ဘွားဘွားက လူစိမ်းတွေကျွေးတာ မစားရဘူးဆိုလို့ သမီးမစားတော့ သူက သမီးကို သတိလစ်အောင် လုပ်လိုက်တယ်.... သမီးနိုးလာတော့ အိမ်နဲ့အဝေးကြီးကိုရောက်နေပြီ ပြီးတော့သူကသမီးကို ပိုက်ဆံနဲ့လဲပြီးရောင်းစားမှာ မို့လို့ငိုရင်ရိုက်မယ် လို့ပြောသေးတယ် မုန့်လဲနည်းနည်းလေးပဲကျွေးတယ် ....."
ရဲတွေက ဟုန်ရှင်းကော ကိုအလွန် ဒေါသထွက်စွာကြည့်လိုက်သည် ။
ဟုန်ရှင်းကော ကသူ့ခြေထောက်တွေတုန်ရီနေသော်လည်း ရယ်မောလိုက်ကာ
" အထင်လွဲနေတာပါ ကလေးကပေါက်ကရတွေပြောနေတာကို မယုံပါနဲ့ ကျွန်တော်က သူ့ရဲ့ဦးလေးပါ ဘယ်လိုလုပ်ကိုယ့်တူမကို ဒီလိုလုပ်ရမှာလဲ သူမကို သူမရဲ့မိဘအရင်းတွေနဲ့ တွေ့ ပေးဖို့ ခေါ်လာတာပါ ...."
ရဲများက လိမ်လည်သက်သေထွက်ဆိုသည့် သူများကိုတွေ့ဖူးပြီး ဖြစ်သည့်အတွက် ရှောင်မန် စကားပြောလာမှာကိုသာစောင့်ခဲ့သည် ။
ကျန်းရှောင်မန်က ငိုကြွေးနေရသော်လည်း စိတ်ငြိမ်ငြိမ်ထားကာပြောခဲ့သည် ။
" ဦးလေးကား ဘယ်နေရာမှာထားလဲဆိုတာ သမီးမှတ်မိတယ်.... ဦးဦးရဲကြီး တို့မယုံရင် စစ်ကြည့်ပါလား ဟင် အဲ့ကားထဲက မုန့်ပုံးတွေကြားထဲမှာ သမီးကိုဖွက်ပြီးထည့်လာခဲ့တာ ... ဘယ်လိုလူမျိုးက ကိုယ့်ဆွေမျိုးကို ရောင်းစားကြလို့လဲ...."
ရှောင်မန် ပြောတာကြားပြီးနောက်မှာ ရဲတွေက ဟုန်ရှင်းကော ကိုလက်ထိပ်ခတ်ကာ ဖမ်းလိုက်သည် ။
" ကလေးတစ်ယောက် ပြောတဲ့စကားကိုယုံနေကြတာလား သူမက ဘယ်နဲ့ညာတောင်ကောင်းကောင်း မခွဲတတ်ဘူး ..."
ဟုန်ရှင်းကောက ဒေါသတကြီးအော်ဟစ်နေသည် ။
" ဘယ်ဟာကအမှန်လဲဆိုတာ ရဲစခန်းကိုသွားလိုက်ရင် သိရမှာဘဲ စကားများမနေနဲ့တော့.... "
ရဲသားဦးကြီးက ရှောင်မန် ရဲ့မျက်ရည်များကိုသုတ်ပြီးနှစ်သိမ့်ပေးခဲ့သည် ။
" ကလေးလေးမင်းက လူဆိုးတွေကို ဘယ်လိုမျိုးကိုင်တွယ်ရမလဲနဲ့ ရဲခေါ်ဖို့သိတာ အရမ်းတော်တယ် မင်းမိဘတွေက မင်းကို သေသေချာချာသင်ကြားပေးခဲ့တာဘဲ ..."
တကယ်တော့ ဦးဦးစနစ်က သင်ကြားပေးခဲ့တာဖြစ်သည် ။
" သမီး ဦးဦးတို့နဲ့ အတူတူ ရဲစခန်းကိုလိုက်ပြီး ဖြစ်ခဲ့တာတွေအကုန် ပြောပြပေးနိုင်မလား...."
" ဟုတ်ကဲ့ ဦးဦး ..."
နောက်ထပ်ရဲကား တစ်စီးရောက်လာပြီး ဟုန်ရှင်းကော ကိုခေါ်ကာ ရှောင်မန် ကနောက်တစ်စီးဖြင့် ရဲစခန်းသို့သွားခဲ့ကြသည် ။
ရဲကားထဲ ရောက်သည့်အခါမှသာ ဟုန်ရှင်းကော ကကြောက်လန့်ပြီး သူ့မျက်နှာသည် ဖြူဖျော့နေတော့သည် ။
Xxxxxxxxxxxxxx