အပိုင်း ၁၅၆-၁၆၀
Viewers 14k

Chapter - 156


ရှောင်မန် အားရဲတစ်ယောက်ကချီထားသည်ကိုမြင်သည်နှင့် ဟုန်ရှင်းကောက ဒေါသတလိပ်လိပ်ထွက်လာခဲ့သည် ။ ပိုကြည့်လေ ရှောင်မန် လှည့်စားတာကိုခံရသည်အားတွေးမိပြီး ပိုဒေါသထွက်လေဖြစ်ကာ ရဲကား၏နောက်ခန်းကနေရှောင်မန် အားအော်ဟစ်ဆဲဆိုနေတော့သည် ။


" ဥာဏ်များတဲ့ကလေးစုတ်...မြေခွေးလိုဟာမလေး....."


ကံမကောင်းစွာနှင့်ရဲကားများ၏ အသံလုံစနစ်သည်အလွန်ကောင်းမွန်သောကြောင့် ဟုန်ရှင်းကောအနေနှင့်မည်မျှပင် ဒေါသထွက်ကာဆဲဆိုနေသည်ဖြစ်စေ ရှောင်မန်မကြားနိုင်ပေ ။


သူမတွေ့ရသည်က ဟုန်ရှင်းကော ဒေါသတကြီးဖြင့်ဟစိဟစိလုပ်နေသည့်ပုံသာဖြစ်သည် ။ ရှောင်မန်က နားမလည်သောကြောင့် သူမအားချီထားသည့်ရဲအားမေးသည့်အခါ ပြန်ဖြေပေးခဲ့သည် ။


" သူကသမီးကို ကျေးဇူးတင်နေတာ....."


" အို့..ရပါတယ်... မလိုပါဘူးနော်...."


ရှောင်မန်က မောင်းထွက်သွားပြီဖြစ်သည့် ကားနောက်သို့ လက်ပြကာနူတ်ဆက်လိုက်သည် ။


ရဲစခန်းသို့ရောက်သည့်အချိန်တွင် ဟုန်ရှင်းကော ဖြောင့်ချက်ပေးနေရတုန်း ရှောင်မန်တစ်ယောက်ကတော့ဖြင့် ခေါက်ဆွဲပြုတ်နေခဲ့သည်။သူမဗိုက်ဆာသည်ဟုပြောသောကြောင့် ရဲတစ်ဦးက အသင့်စားခေါက်ဆွဲဘူးကိုယူလာပေးကာ ရေနွေးလောင်းထည့်ထားပေးခြင်းဖြစ်သည် ။


" ကလေးမလေး သမီးရဲ့အိမ်ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ်မှတ်မိလား ...."


ကျန်းရှင်းက အိမ်ဖုန်းနံပါတ်ကို ရှောင်မန်အား အလွတ်ကျက်ခိုင်းထားခဲ့​သော ကြောင့် သေချာပေါက်ပင် ရှောင်မန်မှတ်မိသည် ။ တစ်ဖက်သို့ ဖုန်းဝင်သွားသည်နှင့်တစ်ပြိုင်နက် ရှောင်မန် စကားပြောရန်ကြိုးစားပါသော်လည်း ငိုဘဲငိုမိနေခဲ့သည် ။


" ဟယ်လို ဘွားဘွားလား ...."


" ဘွားဘွား မငိုပါနဲ့ သမီးအခု ရဲစခန်းမှာပါ ...."


" သမီးရောင်းစားခံရတော့မလို့...ဝူးဝူးဝူး...သမီးကိုမြန်မြန်လာခေါ်ပါ သမီးနောက်ကိုလျှောက်မသွားတော့ပါဘူး....ဝူးဝူးဝူး...."


"...ဝူး...ဝူး...ဝူး.."


ရှောင်မန်က အသည်းအသန်ငိုနေခဲ့ပြီး တစ်ဖက်တွင် ကျန်းဟွေ့မိန် သည်လည်းသတိလစ်တော့မတတ်ဖြစ်နေသည် ။ သူမကျောင်းကနေ အိမ်ပြန်ရောက်သည့်အခါတွင် ရှောင်မန့်ကိုမတွေရဘဲ ကျန်းရှင်းနှင့် အတူလိုက်သွားသည်ဟုထင်ခဲ့ကာ ဘာမှဆက်မတွေးမိခဲ့ချေ ။ 


ညဘက် ကျန်းရှင်းပြန်လာမှသာ ရှောင်မန်သူနှင့်အတူမရှိကြောင်းသိလိုက်ရသည် ။


ရှောင်မန် ပျောက်သွားပြီ.....


ကျန်းဟွေ့မိန်က ကျန်းရှင်းကို ဒေါသတကြီးရိုက်နှက်ပြီးသည့်နောက်တွင် ရှောင်မန်အား စတင်ရှာဖွေခဲ့ကြသည် ။ 


လူတစ်ချို့အား မေးမြန်းပြီးသည့်နောက်တွင် ဟုန်ရှင်းကော လာသွားသည်အား သိလိုက်ရသောကြောင့် ရှောင်မန့်ကို ဟုန်ရှင်းကော၏အိမ်၌ သွားရောက်ရှာဖွေခဲ့ပါသော်လည်း မတွေ့ခဲ့ချေ ။


ရှောင်မန် ပြန်ပေးဆွဲခံလိုက်ရလေပြီ....


ကျန်းဟွေ့မိန်က အရမ်းစိတ်ပူနေပြီးရှောင်မန် ရဲစခန်းမှဖုန်းဆက်ပြီးသည်နှင့်တစ်ပြိုင်နက် အထုတ်သိမ်းကာ ရဲစခန်းသို့သွားရန်ပြင်တော့သည် ။


မြို့သို့ရောက်ရန် အချိန်ကြာမည်ဖြစ်၍ ရဲစခန်း၌ရှောင်မန်တစ်ယောက်တည်း ကြောက်နေမည်စိုးသောကြောင့် ကျန်းရှင်းက ယွီဝမ်ချန်းကိုဆက်သွယ်ကာ ရှောင်မန်အား ခဏမျှခေါ်ထားပေးရန်ဆက်သွယ်လိုက်ပြီးနောက်တွင် မြို့သို့စထွက်ခဲ့ကြသည် ။


ဖုန်းချပြီးသည့်နောက်တွင်လည်း ရှောင်မန် ငိုနေဆဲဖြစ်ကာ ရဲတစ်ဦးက သူမ၏မျက်ရည်များကို တစ်ရှူးဖြင့်သုတ်ပေးလိုက်သည် ။


" ဦးဦးသမီးခေါက်ဆွဲစားလို့ရပြီလားဟင် ...."


" အင်း စားလို့ရပြီ..သတိထားဦး..ပူတယ်နော် ...."


ရဲကသူမအား ရူပ်ထွေးသည့်အမူအယာဖြင့်ကြည့်နေခဲ့သည် ။ သူမမကြောက်ဘူးလို့ပြောရအောင်လည်း အဆက်မပြတ်ငိုနေကာ တုန်ရီနေပြီး ကြောက်သည်ဟုဆိုရအောင်လည်း သူမက အခုထိစားချင်စိတ် ရှိနေဆဲဖြစ်သည် ။


ဒီနေ့ခေတ်ကလေးတွေက အရမ်းနားလည်ရခက်တာပဲရော.....


ရှောင်မန် ခေါက်ဆွဲစားပြီးသည့်အချိန်တွင် ယွီဝမ်ချန်းရောက်လာခဲ့သည် ။အဲ့ဒီအချိန်မှာတော့ ရှောင်မန်က ပင်ပန်းလွန်း၍အိပ်ပျော်နေပြီဖြစ်ကာ ယောင်ယမ်းပြီးတောင်မှငိုနေခဲ့သေးသည်။


ယွီဝမ်ချန်းက ရှောင်မန်ကို့အရမ်းသနားသွားသည် ။ သူ၏သားသည်လည်းပြန်ပေးဆွဲခံရဖူးကာ ရှောင်မန်ပါ ယခုလိုကြုံတွေ့ခဲ့ရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်နေခဲ့သည် ။ သူက သူမရဲ့မျက်နှာလေးကိုထိကာ အသံနှိမ့်ပြီးပြောလိုက်သည် ။


" ကလေးမလေးက အရမ်းကြောင်လန့်သွားပြီး စိတ်ဒဏ်ရာရသွားမှာကိုစိတ်ပူတယ် သူမအရမ်းလန့်သွားပြီး ဘာမှစားနိုင်မှာမဟုတ်ဘူး..."


ရဲ "........"


မင်းအရမ်း စိတ်ပူနေတာပဲ သူမကအခုလေးတင်ခေါက်ဆွဲတစ်ဘူးလုံးစားပြီးသွားပြီကွ...


ရဲက ယွီဝမ်ချန်းအား အနည်းငယ်စစ်ဆေးကာ စာရွက်တစ်ချို့တွင်လက်မှတ်ထိုးခိုင်းလိုက်ပြီးနောက် ရှောင်မန်နှင့်အတူ ပြန်လွှတ်လိုက်သည် ။ ကျန်းရှင်းနှင့် ကျန်းဟွေ့မိန်တို့ ရဲစခန်းသို့ရောက်သည့်အချိန်တွင် ဟုန်ရှင်းကောတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သူဖြစ်သည်။


လမ်းတစ်လျှောက်လုံး ကျန်းဟွေ့မိန်က သူမရဲ့ဒေါသတွေကိုချိုးနှိမ်လာခဲ့ရပြီး ဟုန်ရှင်းကောအားတွေ့သည်နှင့် မပြောမဆိုပြေးကာရိုက်နှက်တော့သည် ။

Xxxxxxxxxxxxxxx


Chapter - 157


အိုက်ရား....အမေရေ လူရိုက်မယ်ဆိုရင်လဲ နေရာကိုကြည့်ဦးလေဗျာ....ဘယ်လောက်ဘဲ ဒေါသထွက်တယ်ဆိုဦးတော့ ရဲစခန်းထဲမှာ လူရိုက်နေတာကတော့ မဟုတ်သေးဘူးလေ ... 


ကျန်းရှင်း ကစိုးရိမ်ပြီးချွေးစေးများ ထွက်နေတော့သည် ။ သူက ကျန်းဟွေ့မိန် ကိုဆွဲရင်းပြောလိုက်သည် ။


" စိတ်အေးအေးထားပါ အမေရယ် မရိုက်ပါနဲ့တော့ ရဲတွေပြောတာအရင်နားထောင်ကြရ အောင်ပါနော် ...."


ကျန်းဟွေ့မိန် က ဟုန်ရှင်းကော ကိုအလွန်ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး အံကြိတ်ကာပြောလိုက်သည် ။


" ဒီနေ့ ဖြစ်ခဲ့တာတွေ အကုန်လုံးကို သေသေချာချာ မဖြေရှင်းနိုင်ရင် နင့်တစ်သက်လုံး အေးအေးချမ်းချမ်းမနေနိုင်အောင် ငါလုပ်ပစ်မယ် ...."


ကျန်းဟွေ့မိန် ကအရမ်းကိုဒေါသထွက်နေခြင်းဖြစ်သည် ။


နောက်ဆုံးမှာ ရဲတစ်ယောက်က လျှောက်လာပြီးမေးခဲ့သည် ။


" ခင်ဗျားတို့က အချင်းချင်း သိကြတာလား ....."


" ဟုတ်တယ် ဟုတ်တယ် သူက ကျွန်တော့်အမပါ ....ကျွန်တော်တို့က ခဏခဏတွေ့ဖြစ်ကြပြီး အရမ်းရင်းနှီးကြတာပါ ...ဖြစ်ခဲ့တာတွေ အကုန်လုံးက ဒီတိုင်းအထင်လွဲကြတာလေးပါ မဟုတ်ဘူးလားအမ...."


ဟုန်ရှင်းကော ကအလောတကြီးပြောလိုက်သည် ။


" ငါတို့ ဆွေခန်းမျိုးခန်းပြတ်တာ ကြာလှပြီ အရူးကောင် ရဲ့...."


ကျန်းဟွေ့မိန် ကပြတ်ပြတ်သားသား ပြောလိုက်ကာ ဟုန်ရှင်းကော ကိုနည်းနည်းလေးမှ မျက်နှသာမပေးပေ ။


" ငါသူ့ကို ပြန်ပေးဆွဲပြီး ရောင်းဖို့စဉ်းစားတာမဟုတ်ပါဘူး.... လူတစ်ယောက်က ကလေးပျောက်သွားတယ်ပြောလို့ ငါကသူနဲ့ပေးတွေ့....."


ကျန်းဟွေ့မိန် ကဒေါသထွက်လွန်း၍ ဟုန်ရှင်းကော ပြောသည်ကိုပင် မစောင့်ကာဖြတ်ပြောလိုက်သည် ။


" နင့်မှာ အရှက်မရှိဘူးလား ဖြစ်ခဲ့တာတွေအကုန်လုံးက ရှင်းလင်းနေတာတောင်မှ နင်ကငြင်းချင်နေသေးတယ်.... ငါမသေသေးဘူးဟဲ့ နင်ပြောတာတွေကို ယုံနေရအောင် ဒီလူတွေအကုန်လုံးကိုနင်က အရူးလို့ထင်နေတာလား....."


နှစ်ယောက်လုံး ကအော်ဟစ်ကာရန်ဖြစ်နေကြပြီး ဟုန်ရှင်းကော သည်လည်း အလွန်အမင်း ဒေါသထွက်နေသည် ။


သူတို့နှစ်ယောက်က မောင်နှမတွေဖြစ်တာမို့ ကျန်းဟွေ့မိန် ကဒေါသထွက်သော်လည်း သူ့အားဘာမှလုပ်မည်မဟုတ်ဟု ယုံကြည်ထားခြင်းဖြစ်သည် ။


သူမက သူ့စကားများအား ယုံကြည်ပေးက ရှောင်မန် ဘာမှမဖြစ်၍ ဒီတိုင်းပြီးဆုံးသွားမည်ဟု ထင်နေသည် ။


သို့သော် သူ့ဘေးရှိရဲအားကြည့်ကာ ကိစ္စများက သူထင်ထားသလိုမဟုတ်သောကြောင့် စတင်ကြောက်လန့်လာကာ ချွေးစေးများပြန်လာတော့သည် ။


ရူးသွပ်လုနီးပါးဖြစ်နေသော ဟုန်ရှင်းကောက ကျန်းဟွေ့မိန် အားအော်ဟစ်ဆဲဆိုတော့သည် ။


" နင်ကမှတကယ် အရှက်မရှိတဲ့လူဘဲ ရှောင်မန် ကဘယ်သူ့ကလေးလဲဆိုတာ တစ်ယောက်မှမသိကြဘူး... နင်သူ့ကိုပြန်ပေး ဆွဲခဲ့တာမလား...... နင်ခိုးလာတာမလား... နင်ကမှ အဖမ်းခံရသင့်တာ ... ရဲအရာရှိတို့ သူမကိုဖမ်းပါ သူမကမှတကယ်အပြစ်ရှိတဲ့လူပါ...."


ကျန်းဟွေ့မိန် က ဟုန်ရှင်းကော မျက်နှာကို ခုန်အုပ်ကာ လက်သည်းများဖြင့်ကုတ်တော့သည်။


သူမ ဘာကိုမှစိတ်မပူတော့ပေ ။ 


ဒီခွေးကောင်ကို အသိဉာဏ်ဝင်အောင် အသေရိုက်ပြီးရင် သူတို့အတူတူထောင်ထဲ ဝင်ကြတာပေါ့.....


ဒီနေ့တော့ ခွေးကောင်ရဲ့ လည်ပင်းကိုချိုးလိုက်ရမှ သူမစိတ်ပြေမည် ထင်သည် ။


သူတို့နှစ်ယောက် လူခွဲသည့်အချိန်တွင်တော့ ဟုန်ရှင်းကော ၏မျက်နှာတွင် ရစရာမရှိအောင်စုတ်ပြတ်သတ်နေပြီ ဖြစ်သည် ။


" ဒါတွေအားလုံးက အထင်လွဲတာပါ ကျွန်တော်က အသက်ကြီးနေပါပြီ မကောင်းတာတွေလုပ်ဖို့ သတ္တိမရှိပါဘူး ...."


ဟုန်ရှင်းကော ကနစ်နာခံစားရသည့်ပုံစံနှင့်ပြောလိုက်သည် ။ ခဏအကြာတွင် တစ်စုံတစ်ယောက် ရောက်လာခဲ့သည် ။


ရှောင်မန့် ပြောစကားအရ ရဲများဟာ သံသယဝင်ကာ ဟုန်ရှင်းကော ကားရပ်ထားသည့်နေရာသို့ သွားစစ်ကြည့်ခဲ့ကြသည် ။


သေချာတဲ့ သက်သေအပြင် အခြားအရာများစွာကို ရှာတွေ့ခဲ့ကြသည် ။ ထို့အပြင် ရှောင်မန့်ကို ပြန်ပေးဆွဲစဉ်က အသုံးပြုခဲ့သည့် မေ့ဆေးသုတ်ထားသော အဝတ်ကိုပင် မလွှင့်ပစ်ရသေးချေ ။


" ကလေးမလေးရဲ့ ပြောစကားအရ ကျွန်တော်တို့ ကားကိုစစ်ကြည့်ခဲ့ပြီး အဲ့ဒီနေရာအနီးတစ်ဝိုက်က စောင့်ကြည့်ကင်မရာ တွေကိုလည်းစစ်ဆေးခဲ့ပါတယ်.... သိသိသာသာကိုဘဲ ဒီလူရဲ့ကောင်မလေးအပေါ်ကို ဆက်ဆံတဲ့ပုံစံကအရမ်းကြမ်းတမ်းတယ်...."


ရဲကဒီလောက်ထိဘဲပြောကာ ကျန်းဟွေ့မိန် ကိုကြည့်ပြီးမေးလိုက်သည် ။


" ခင်ဗျားတို့က ဆွေမျိုးတွေ ဆိုတော့ အချင်းချင်း ဘာကိစ္စတွေ ရှိကြမလဲမသိပေမဲ့ ဖြေရှင်းမဲ့နည်းလမ်းကတော့ ခင်ဗျားအပေါ်မူတည်တယ်...... ခင်ဗျားက ဒီ့ထက်ပိုပြီးဆက်သွားဖို့ စိတ်ကူးမရှိဘူးဆိုရင် ကျွန်တော်တို့လဲ ဆက်ပြီးစုံစမ်းမှာမဟုတ်ပါဘူး.... တရားဥပဒေအရ အရေးယူချင်တယ်ဆိုရင်တော့ တရားစွဲဆိုဖို့ ကျွန်တော်တို့ဆောင်ရွက်ပေးပါ့မယ် ...."


" ကျေအေးမယ် ကျေအေးမယ် ...."


ဟုန်ရှင်းကော ကအလောတကြီးပြောလိုက်သည် ။


" တရားဥပဒေအရ လုပ်မယ် ...."


ကျန်းဟွေ့မိန် က ဟုန်ရှင်းကော ကိုအေးစက်စွာစိုက်ကြည့်ပြီးပြောလိုက်သည် ။


" ဒီလောက်ထိဖြစ်ခဲ့ပြီးတာတောင် နင်ကလွတ်ဖို့မျော်လင့်နေသေးတာလား ခွေးကောင်ရဲ့ ငါတို့ရှောင်မန်လေးက ဉာဏ်ကောင်းလို့သာမဟုတ်ရင် နင်သူမကိုဘယ်နေရာမှာ ရောင်းလိုက်မှန်တောင်သိရမှာမဟုတ်ဘူး ငါနင့်ကိုတရားစွဲမှာ.... တရားစွဲပြီး တစ်သက်လုံးထောင်ထဲမှာနေရအောင် လုပ်မှာ ခွေးကောင်ရဲ့.... "


ဟုန်ရှင်းကောက ယခုအချိန်အထိ မယုံနိုင်သေးပေ။ 


သူမကသူ့ကိုထောင်ကျနေ စေချင်တာလား....


ထိုအချိန်တွင် ယွီအိမ်မှာအိပ်နေသည့် ရှောင်မန် ကစနစ်ရဲ့အသိပေးမူကြောင့်နိုးလာခဲ့သည် ။


[ အထူးတာဝန်ပြီးမြောက်ပါပြီ ...

ဟုန်ရှင်းကော ဆီက အမုန်းရမှတ်တွေအပြင် အပိုအမှတ် + 500 ရရှိပါတယ်...


စုစုပေါင်းရမှတ် 250  ]


Xxxxxxxxxx


Chapter - 158


ရှောင်မန် နိုးလာသည့်အချိန်တွင် နောက်တစ်နေ့မနက်သို့ပင် ရောက်နေပြီ ဖြစ်သည် ။

သူမနှင့်မရင်းနှီးသည့် ပတ်ဝန်းကျင်ဖြစ်သောကြောင့် ရှောင်မန်စပ်စပ်စုစု လိုက်ကြည့်နေသည် ။


သူမအိပ်လှဲနေတဲ့ အိပ်ရာကအရမ်းကိုကြီးပြီး နူးညံ့ကာသက်တောင့်သက်သာရှိသည် ။ သူမရောက်နေသည့်အခန်းက နွေးထွေးနေကာ ပြတင်းပေါက် ရှည်ကြီးများမှလည်း အလင်းရောင်က ဖြာကျနေသည် ။


သူမက ဒီလိုနေရာမျိုးမှာ ဘယ်တုန်းကမှ မနေခဲ့ရဖူးချေ။ အရင်တုန်းက သူမရဲ့အတွေ့အကြုံအရ ရှောင်မန် ကထအော်တော့သည် ။


" ဦးလေးရေ.... ဘွားဘွား‌‌ရေ သမီးကို လာကယ်ကြပါဦးသမီးထပ်ပြီး ပြန်ပေးဆွဲခံလိုက်ရပြန်ပြီထင်တယ်...."


သူမဘာလို့ ဒီလောက်ကံဆိုးနေရတာလဲ...


ပြန်ပေးဆွဲတဲ့ လူဆိုးကြီးတွေက တစ်ယောက်ပြီးတစ်ယောက်ဘဲ သူမတစ်သက်လုံးအိမ်ပြန် နိုင်ပါဦးမလား.....


ရှောင်မန် သူမရဲ့ ကံဆိုးမူတွေကိုညည်းတွားနေတုန်းမှာဘဲ တံခါးအပြင်ဘက်ကနေ အခန်းဆီလျှောက်လာတဲ့ ခြေသံကိုကြားခဲ့ရသည် ။


တစ်ယောက်ယောက်က သူမရဲ့နမည်ကို ခေါ်ခဲ့သည် ။

" ကျန်းရှောင်မန် ...."


၎င်းက ယွီချင်းရှီ ရဲ့အသံဖြစ်သည်။ သူမ ရင်းနှီး နေတဲ့လူတစ်ယောက်ရဲ့အသံကိုကြားလိိုက်ရသောကြောင့် အလွန်စိတ်လူပ်ရှားလာခဲ့သည် ။


သူမကိုယ်သူမ မထိန်းနိုင်ဘဲ ငိုမိပြန်ကာ မျက်ရည်များ အဆက်မပြတ်ကျလာခဲ့သည် ။


" ယွီချင်းရှီ နင်ဘာလို့ ဒီကိုရောက်နေတာလဲ နင်လည်းငါ့လိုပြန်ပေးဆွဲ ခံလိုက်ရတာလား ...."


ယွီချင်းရှီ ကရှောင်မန် ကိုကြည့်လိုက်ပြီး ပြောလိုက်သည် ။


" မျက်ရည်တွေ သုတ်လိုက်ပြီး သေသေချာချာ ကြည့်စမ်းပါဦး ဒါကငါ့အိမ်မှာ ..."


" တကယ်လား...."


ရှောင်မန် မျက်ရည်များကိုသုတ်လိုက်ကာ ထပ်မငိုတော့ပေ ။


သူမ မနေ့က အရမ်းငိုထားတာကြောင့် သူမမျက်လုံးတွေက ဖူးရောင်ပြီး နီရဲနေကာ ဘာကိုမှ ရှင်းရှင်းလင်းလင်းကြီး မမြင်ရချေ။


သူမအခု ဘယ်လောက်ရုပ်ဆိုးနေတဲ့ ပုံပေါက်နေလဲ မသိသောကြောင့် ရှောင်မန် က ယွီချင်းရှီ ကိုထွက်သွားခိုင်းခဲ့သည် ။


သူ့ရှေ့မှာ သူမရဲ့ ရုပ်ဆိုးဆိုး ပုံစံကို မပြချင်ပေ။ ၎င်းက အရမ်း ရှက်ဖို့ကောင်းသည် ။


ရှောင်မန် ကရုတ်တရက်ကြီး ဘာထဖြစ်လဲ ယွီချင်းရှီ မသိသော်လည်း ထွက်သွား ပေးခဲ့သည်။


အခန်းထဲတွင် သူမတစ်ယောက်တည်းရှိတော့မှ ရှောင်မန် သည် ရေချိုးခန်း သို့ပြေးသွားကာ မျက်နှာသစ်ခဲ့သည် ။


သို့သော်လည်း သူမမျက်လုံးများမှာရောင်နေဆဲဖြစ်သည် ။ ရှောင်မန် ကအလွန်ဝမ်းနည်းနေခဲ့သည် သူမကအရင်ကလို ချစ်စရာကောင်း သည့်ပုံပေါက်မနေပေ ။


သူမဟာ ခေါင်းကို ငုံကာ သူမရဲ့မျက်လုံးများကို ယွီချင်းရှီ မမြင်စေရန်ကာခဲ့သည် ။


ထိုအချိိန််တွင် သူမရဲ့ ရှေ့ကိုလက်ကလေးနဲ့ ရေခဲအိတ် တစ်အိတ် ကမ်းလာခဲ့သည် ။


" ဘာလုပ်ဖို့လဲ .."

ကျန်းရှောင်မန် မမေးဘဲ မနေနိုင်ခဲ့ချေ ။


ရှောင်မန် ကရေခဲအိတ်ကို မျက်လုံး မှာလှိမ့်ပြီးကပ်ပေးနေသည် ။ သူမအဖွားရဲ့ကြက်ဥ ပြုတ်လှိမ့်သည့်နည်းလမ်း အတိုင်းအကြမ်းပတမ်းကို လှိမ့်နေတော့သည် ။


အကယ်၍ ဒါကသူမအဖွား လုပ်ပေးနေကျ ကြက်ဥသာဆိုရင်ခွာစား လိုက်ပြီဖြစ်သည် ။


ယွီချင်းရှီ က ရှောင်မန် ကိုကြည့်ပြီးစိတ်မရှည်တော့ သောကြောင့် ရေခဲအိတ်ကိုယူကာ သူကိုယ်တိုင်ကပ်ပေးခဲ့သည် ။


" ဒီလောက် ကြမ်းကြမ်းတမ်းတမ်း လုပ်နေတာ နင့်မျက်နှာကိုနင် ပန်းကန်ပြားများမှတ်နေလား.....'


ရှောင်မန်က အဆူလိုက်ရသောကြောင့် စိတ်မကောင်း ဖြစ်ကာငိုချင်သော်လည်း သူမမငိုခဲ့ပေ ။


ခဏအကြာတွင် အရောင်သက်သာလာပြီး ယွီချင်းရှီ ကရေခဲအိတ်ကပ်နေတာကိုရပ်ကာ မေးလိုက်သည် ။


" နင်ခုဏက ရေချိုးခန်းထဲမှာ ဘာလုပ်နေတာလဲ...."


" ဘာမှမဟုတ်ပါဘူး ..."


ယွီချင်းရှီ ကရှောင်မန့်ကို မနက်စာစားရန် အောက်ထပ်သို့ ခေါ်သွားခဲ့သည် ။ တစ်လျှောက်လုံးမှာ သူကတည်ငြိမ်နေကာ မနေ့က ရှောင်မန် ဘာဖြစ်ခဲ့လဲ တစ်ခွန်းမှမမေးပေ ။


" မနေ့က ငါဘာဖြစ်ခဲ့လဲ နင်မသိချင်ဘူးလား ..."


" ငါသိတယ် နင်မနေ့က ပြန်ပေးဆွဲခံရပြီး ရောင်းစားခံရမလို ဖြစ်ခဲ့တာ ..."


" အဲ့တာကအရမ်း အန္တရယ် များမှန်းသိတာတောင်မှ နင်ငါ့ကိုဘာလို့ ဘာမှမမေးတာလဲ ..."


ရှောင်မန် ကအရမ်းဒေါသထွက်နေခဲ့သည် ။


" မထူးဆန်းပါဘူး ဒါမျိုးက အခုခေတ်မှာ ခဏခဏဖြစ်နေတာဘဲ ...."


ကျန်းရှောင်မန် " ........"


ယွီချင်းရှီ တင်ပါးကိုရိုက်ရန် လှမ်းနေသော သူမလက်ကလေးကို ပြန်ရုတ်လိုက်တော့သည် ။


Xxxxxxxxxxxx


Chapter - 159


ယွီချင်းရှီလည်း ရောင်းစားခံရမလို ဖြစ်ဖူးခဲ့သည် ဆိုတာသူမမေ့သွားခဲ့သည် ။


ဒီလို မျိုးကြုံပြီးသွားတာနဲ့ ရှောင်မန်က သူမကိုယ်သူမ ထူးခြားသည်ဟုထင်နေသည် ။


သူမခန္ဓာကိုယ်တွင် ထူးခြားသောစိတ်စွမ်းအင်များ ရှိနေသည်ဟု ခံစားနေရပြီး သူမလက်သေးသေးလေး များဖြင့်ရင်ဘတ်ကိုပုတ်ကာပြောလိုက်သည် ။


" ငါတို့နှစ်ယောက်က လူတွေအများကြီးကြားမှာထူးခြားတဲ့ နဂါးနဲ့ဇာမဏီပဲ...."


စနစ် " ......."


စနစ်က‌လေး အံ့သြလွန်း၍ဘာမှမပြောနိုင်တော့ပေ။


ကျန်းဟွေ့မိန် နှင့် ကျန်းရှင်းက ဟုန်ရှင်းကော နှင့်အလုပ်ရူပ်နေကြဆဲဖြစ်သည် ။ ကျန်းဟွေ့မိန် က ဟုန်ရှင်းကော ကိုသင်ခန်းစာပေးရန်ဆုံးဖြတ်ပြီး ဖြစ်သည့်အတွက် တရားစွဲဆိုမည်ဖြစ်သည် ။


အမူကိစ္စအတွက် သက်သေများကထင်ရှားနေသည်ဖြစ်ရာ တရားစွဲဆိုရာတွင် အခက်အခဲသိပ်မရှိပေ ။


ကျန်းဟွေ့မိန် နှင့် ဟုန်ရှင်းကော တို့ဟာ မလွှဲမရှောင်သာ တွေ့ဆုံကြရသည့်အချိန်တိုင်း တစ်ယောက်နှင့်တစ်ယောက်ကျိန်ဆဲနေကြကာ ရန်ထဖြစ်ရန် ခဏခဏဖြစ်ခဲ့ကြသည် ။


ဟုန်ရှင်းကော၏မိသားစုဝင်များက ကျန်းဟွေ့မိန် ကိုလာရှာကာ ဖြောင်းဖြခဲ့ကြသည်။


သို့သော် ကျန်းဟွေ့မိန်က အလျော့ပေးရန် စိတ်ကူးမရှိချေ။


ပထမဆုံးအနေဖြင့် ကျန်းဟွေ့မိန် ဟာသူမရဲ့ငယ်ဘဝ တစ်လျှောက်လုံးတွင် ပြဿနာအိုး သူ့မောင်၏ကိစ္စများကိုသာလိုက်ရှင်းပေးနေရသည်။ သူမအတွက် ခံစားရတာလုံလောက်ပြီဖြစ်ပြီး စိတ်ရှည်သည်းခံမူများလည်းကုန်ဆုံးနေပြီ ဖြစ်သည် ။


ဒုတိယအနေဖြင့် သူမအနေနဲ့ အရေးမပါသည့် ဆွေမျိုးများအားလည်းစိတ်ကုန်နေသည် ။ သူတို့သည် ကျန်းရွဲ့ သေသည်အား မကူညီဘဲကြည့်နေခဲ့ကြသည် ။


၎င်းကိစ္စမှာ ကျန်းဟွေ့မိန် ၏ရင်ထဲ၌ဆူးတစ်ချောင်းလိုဖြစ်နေခဲ့ပြီး ယခု ကျန်းရှောင်မန် အပေါ်လုပ်ခဲ့သည့်လုပ်ရပ်မှာတော့ သူမအားဓားဖြင့်လှီးနေသလိုဖြစ်သည် ။


ထိုကဲ့သို့ဆွေမျိုးများရှိနေခြင်းက ကျန်းဟွေ့မိန် အတွက်ကပ်ဆိုးများဖြစ်ပြီး အတိတ်ကသူမအပေါ် အခွင့်အရေး ယူခဲ့ကြသမျှအား စဥ်းစားလိုက်သည့်အခါ ယင်ကောင်မြိုချထားသလိုခံစား လာရသည် ။


သူမအနေဖြင့် အနာဂတ်တွင် သူမအပေါ်အခွင့်အရေးယူ သည်အားခွင့်ပြုတော့မည် မဟုတ်ပေ ။


ကျန်းရှင်းက သူမစကားနားထောင်ကာ တဖြည်းဖြည်းချင်းပြောင်းလဲလာကာ မှန်ကန်သောဘက်တွင် ရပ်တည်နေပြီဖြစ်သည် ။


ပထမဆုံးအနေနဲ့ ဟုန်ရှင်းကောက မြို့ကိုတက်လာခဲ့ပြီး အခုဆိုရင် သူ့ရဲ့အရှက်မရှိတဲ့ မိသားစုကပါ ပါလာပြီဖြစ်သည် ။ သူတို့ဟာ ပထမအကြိမ်လာ နိုင်ရင် ဒုတိယအကြိမ်အပြင်နောက်ထပ်အကြိမ်များလည်း ရှိလာမည်ဖြစ်သည် ။


သူတို့ဟာ အသားထဲကပ်တွယ်နေသည့် လောက်ကောင်များနှင့်တူပြီး လွယ်လွယ်နှင့် ဖယ်ထုတ်၍ရမည်မဟုတ်ပေ ။


ဘယ်လိုအကြောင်းနဲ့ဘဲဖြစ်ဖြစ် ကျန်းဟွေ့မိန် ကအလျှော့ပေးရန် စိတ်ကူးမရှိပေ ။ 


မိသားစုနှစ်ခုကြားမှ သဘောထားကွဲလွဲမူများသည် ပို၍ဆိုးရွားလာပြီး တစ်ဖက်နှင့်တစ်ဖက် နည်းနည်းလေးမှ မျက်နှာသာမပေးပေ ။ 


မိသားစုနှစ်ခုကြားမှ ပြဿများသည်ရူပ်ထွေးနေကာ ကျန်းဟွေ့မိန် ကစိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည် ။ 


ကိစ္စများသည် ရှောင်မန့်အပေါ် မသက်ရောက်စေရန် ယွီအိမ်တွင် ခဏနေခိုင်းထားပြီး ရှောင်မန် အတွက် စိတ်ချရသည့်အချိန်မှ ပြန်ခေါ်မည်ဖြစ်သည် ။ 


ရှောင်မန်က စားစရာနှင့် ကစားစရာရှိရုံဖြင့်ပျော်ရွှင်နေတတ်သော သူမျိုးဖြစ်သည့်အပြင် ယွီချင်းရှီ နှင့် မြောင်မြောင်ကအဖော်ပြု ပေးနေသောကြောင့် သူမပို၍ပင်ပျော်ရွှင်နေသည် ။


သူတို့ မြောင်မြောင်နဲ့ အတူဆော့ရန် မွှေးတုံလေးကိုလည်းခေါ်ခဲ့ကြသည် ။


တိရစ္ဆာန် လေးတွေရဲ့စရိုက်က သူတို့သခင်နဲ့ဆင်တူကြသည် ။ မြောင်မြောင်က တိတ်ဆိတ်ကာ အိပ်ရသည်အားနှစ်သက်ပြီး မွှေးတုံလေးကတော့ ရှောင်မန် နှင့်တူကာ အရာရာကိုစူးစမ်းချင်စိတ်ရှိသည် ။


မွှေးတုံလေးက တစ်နေကုန် တအွင့်အွင့်နှင့် ပျော်မြူးနေသည် ။ ယွီအိမ်သည် ကလေးများနှင့် တိရစ္ဆာန် လေးများကြောင့်ခြောက်ကပ်မနေတော့ပေ ။


ယွီချင်းရှီ နှင့်ရှောင်မန် တို့က ကျောင်းသို့အတူတူသွားကြပြီး အိမ်ပြန်ရောက်သည့်အခါ မြောင်မြောင်နှင့်မွှေးတုံလေး တို့အား ဆရာလုပ်ကာပြန်သင်ပေးတိုင်းဆော့ကြသည် ။


ရှောင်မန် ကိုကြည့်မိသည့်အကြိမ်တိုင်း ယွီချင်းရှီ သည်သူမ၏အတွေးများကို နားမလည်နိုင်ပေ ။ သူမဆီက ထွက်သမျှအကြံများအားလုံးသည် ထူးထူးဆန်းဆန်းတွေချည်းသာဖြစ်သည်။


သူမသည်မွှေးတုံလေး အညစ်အကြေးစွန့်သည့်ကိစ္စနှင့်ပက်သက်ပြီး အခက်တွေ့နေရသည့် အချိန်တွင် မြောင်မြောင်က ကြောင်အိမ်သာအား အသုံးပြုသည်ကိုတွေ့သောအခါ ကြောင်သဲများဖြင့် ဝက်အိမ်သာလုပ်တော့သည် ။


မွှေးတုံလေးအား အကြိမ်ပေါင်းများစွာသင်ကြားပေးခဲ့သော်လည်း ဝက်ကတော့ဝက်ဖြစ်နေဆဲဖြစ်ကာ သင်ပေး၍မရခဲ့ပေ ။

Xxxxxxxxx


Chapter - 160


အချိန်အတော်ကြာသော်လည်း မြောင်မြောင်နှင့် မွှေးတုံလေးအတူတူဆော့လျှင် မွှေးတုံလေးသည် မြောင်မြောင်ကဲ့သို့ လိမ္မာလာမည်ဟု ထင်နေဆဲဖြစ်သည် ။


ယွီချင်းရှီ နှင့် ရှောင်မန်က အပျော်အပါးမက်သော်လည်းစာလေ့လာရာတွင်တော့ ဆရာထန်ပြောသည့်အတိုင်းအချောင်ခိုမှုမရှိကြချေ ။


အဆုံးမှာတော့ မွှေးတုံလေး၏အိမ်သာစီမံကိန်းက ကျရူံးနေဆဲဖြစ်ပြီး ရှောင်မန် ထင်သလို မွှေးတုံလေးက မြောင်မြောင်လို လိမ္မာမလာခဲ့ပေ ။


ပုံမှန်အားဖြင့် မြောင်မြောင်က တိတ်ဆိတ်သောထောင့်နေရာ များ၌အိပ်လေ့ရှိသည် ။ မွှေးတုံလေးရောက်လာသည့်အခါတွင်တော့ မွှေးတုံလေးက မြောင်မြောင်အိပ်နေလျှင် သူ၏နူတ်သီးဖြင့်ထိုးကာ နိုးလေ့ရှိသည် ။ 


မြောင်မြောင်ကို နိူး၍မရလျှင် မွှေးတုံလေးက တအွင့်အွင့်နှင့် အော်နေတတ်သည် ။


မြောင်မြောင်က တည်ငြိမ်နေသလောက် မွှေးတုံလေးကတော့ ဒရမ်မာကွင်းတစ်ယောက်ဖြစ်သည်။ မြောင်မြောင်က လက်သည်းလေးတွေနှင့်ရနံ့လေးအား ကုတ်သည့်အခါ မွှေးတုံလေးကမြေပြင်ပေါ်မှာလှဲပြီး လှိမ့်ပေးလေ့ရှိသည် ။


အချိန်ကြာလာသည်နှင့်အမျှ မြောင်မြောင်သည်လည်း နေသားကျကာ ပျော်ရွှင်လာခဲ့သည် ။


ဒီလိုနှင့် ယွီအိမ်မှာတော့ မြောင်မြောင်နှင့် မွှေးတုံလေးက နမည်ကြီးနေကြတော့သည် ။


မြောင်မြောင်က မွှေးတုံလေးကိုကုတ်လိုက်တယ်....


မွှေးတုံလေးက မြောင်မြောင်ရဲ့ ကြောင်စာတွေကိုခိုးစားတယ်....


မွှေးတုံလေးနဲ့ မြောင်မြောင်ရန်ဖြစ်ကြပြန်ပြီ...


စသည်ဖြင့် တစ်နေ့တစ်မျိုးမရိုးနိုင်ပေ ။


မွှေးတုံလေးက အရမ်းကိုအံသြဖို့ကောင်းသည်။ မြောင်မြောင်နှင့် တစ်နေ့ဆယ်ကြိမ်လောက်ရန်ဖြစ်သော်လည်း တစ်ခါမှအနိုင်မရချေ ။ သို့သော်လည်း ရန်သွားစမြဲဖြစ်သည် ။


ပိုင်ရှင်တစ်ယောက် အနေဖြင့် ရှောင်မန် အားမရတော့ချေ ။ 


မြောင်မြောင် ကိုမနိုင်ရင် ဘာလို့သွားစနေသေးလဲလို့.....


ရှောင်မန့် အနေနဲ့ မွှေးတုံလေးရဲ့ အတွေးတွေကိုနားမလည်သော်လည်း ရူံးနိမ့်တာကိုသူမမကြိုက်ပေ။


သူမက မွှေးတုံလေး၏ နှာခေါင်းကို လက်ညိုးနဲ့ထောက်ပြီးဆူနေခဲ့သည် ။


" မွှေးတုံလေးရယ် နင်က ဝက်လေ မြောင်မြောင်က ကြောင်တစ်ကောင်ပဲကို..... ခန္ဓာကိုယ် ချင်းယှဥ်ရင်တောင်မှ နင်က ကြောင်ကိုအသာလေးနိုင်ရမယ်လေ နင်အစားတွေကျ အများကြီး စားပြီး အားမရှိတော့ဘူးလား နင်ကဘယ်လိုဝက်မျိုးလဲ ...."


မွှေးတုံလေးက မတရားခံနေရတဲ့လေသံလေးနဲ့ အွင့်အွင့်လိုက်တော့တယ် ။


ကျန်းရှောင်မန် အလွန် ဒေါသထွက်နေပြီး ရနံ့လေးကို နောက်ထပ်ဂရုမစိုက်တော့ဘူးဟု ဆုံးဖြတ်ခဲ့သည် ။


" သွားစမ်းပါ ငါနင့်ကိုမလိုချင်တော့ဘူး မြောင်မြောင်နဲ့ပဲ သွားနေတော့...."


ရနံ့လေးကလည်း ရှောင်မန် အားစိတ်ဆိုးသွားပြီး မြောင်မြောင် နှင့် ဆော့ရန် ဒေါသတကြီးထွက်သွားသည် ။


မွှေးတုံလေးက သူရဲ့ဝက်လက်သေးသေးလေးတွေဖြင့် ကြောင်အိမ် ပေါ်သို့ရောက်ရန် အတော်လေးကြိုးစားခဲ့ရသည် ။ ( 1 )


အချိန်များစွာကြာပြီးနောက် ဝက်တစ်ကောင်ဟာ ကြောင်အိမ်သာ အသုံးပြုနိုင်ဖို့ မသင်ယူနိုင်ခဲ့သော်လည်း ကြောင်အိမ်ပေါ်မည်သို့တက်ရမည် ကိုတော့သင်ယူနိုင်ခဲ့သည် ။


ဒါပေမဲ့ ပထမအဆင့်ပြီးနောက် မွှေးတုံလေးက ဆက်မတက်နိုင်တော့ဘဲ တအွင့်အွင့်နှင့်သာထိုင်ငိုနေတော့သည် ။


ကျန်းရှောင်မန် ကဒေါသထွက်လွန်း၍ ငိုတောင်ငိုချင်လာသည် ။


တုံးလိုက်တာ ...တုံးလိုက်တာ ...


သို့သော် မွှေးတုံလေးက ဝက်တစ်ကောင်ဆိုတာကို တွေးမိိ၍ သိပ်ပြီး ဝမ်းမနည်းတော့ပေ ။ ဝက်တစ်ကောင် တုံးအနေတာပုံမှန်ပဲဖြစ်သည်။


ဆူညံပူညံအဖြစ်တွေဟာ နေ့ကနေ လအထိကြာမြင့်ခဲ့ပြီး နှစ်ကူးမှ နွေဦးအစသို့ရောက်လာခဲ့သည် ။


လေးလကြာမြင့်ပြီးနောက်မှာတော့ ဟုန်ရှင်းကော အမူအတွက် အပြီးသတ် စီရင်ချက်ကိုချမှတ်ခဲ့ပြီး သက်သေခိုင်လုံသောကြောင့် ထောင်ခြောက်နှစ်ကျခဲ့သည် ။


ကိစ္စတွေအားလုံးဖြေရှင်းအပြီးမှာတော့ ကျန်းရှင်း ကရှောင်မန် ကိုခေါ်ဖို့ ယွီအိမ်သို့လာခဲ့သည် ။ ရှောင်မန် အိမ်ပြန်ဖို့ အချိန်ရောက်လာပြီဖြစ်သည် ။


ရှောင်မန် ကသူမကိုပွေ့ဖက်ထားတဲ့ ကျန်းရှင်း ရဲ့လက်မောင်းကြားမှာ ငိုယိုပြီး ယွီချင်းရှီ ကိုကြည့်နေခဲ့သည် ။


သူမဟာ ယွီချင်းရှီ ကိုထိဖို့လက်လှမ်းလိုက်သော်လည်း အဆုံးမှာသူမက ဘာကိုမှမပြောနိုင်ဘဲ ငိုယုံသာတတ်နိုင်ခဲ့သည် ။


ယွီချင်းရှီ က ရှောင်မန့်ကိုပြောလိုက်သည် ။


" ငါနင်နဲ့ မခွဲချင်ဘူး ..."


" ငါတို့ အနာဂတ်မှာ နေ့တိုင်းတွေ့ရမှာပါ ..."


ကျန်းရှောင်မန် ကပိုငိုလာခဲ့သည် ။ ကျန်းရှင်း က ရှောင်မန့် ကိုကြည့်ပြီး အလွန်ရီချင်နေကာ ပြောလိုက်သည် ။


" မပူပါနဲ့ မင်းတို့နှစ်ယောက် ခဏခဏတွေ့ရမှာပါ ..."


" ဝူး ဝူး ဝူး ..."


ကျန်းရှောင်မန် ကနားမထောင်ခဲ့ပေ ။ ကျန်းရှင်း ကမျက်လုံးလှိမ့်လိုက်ကာ ဆက်ပြီးရှင်းပြချင်စိတ်မရှိတော့ချေ ။


ကျန်းရှင်းက ကျန်းရှောင်မန် ကိုချီကာ ယွီဗီလာနှင့် ဘေးချင်းကပ်ရက်ဗီလာသို့ဝင်လာခဲ့သည် ။


အိမ်အသစ်လေး....


ကျယ်ဝန်းပြီး လှပတဲ့ဗီလာလေးဟာ အလင်းရောင်တလက်လက်တောက်ပနေသည်။

Xxxxxxxxxxxxxx