အပိုင်း ၁၆၆-၁၇၀
Viewers 14k

Chapter - 166


အလယ်တန်းကျောင်းနဲ့ မူလတန်း ကျောင်း အနီးတဝိုက် တွေမှာ ကလေးတွေအတွက် အခြေခံ ကိုယ်ခံပညာသင်တန်းများ နှင့် ကျူရှင်များ အတန်းလိုက် ရှိသည် ။


ကျောင်းဆင်းချိန်တွင် မိဘများအား ဆွဲဆောင်ရန် လက်ကမ်းစာစောင်ဝေသူအများအပြားက သူတို့၏ သင်တန်းများကို ပရိုမိုးရှင်းဆင်းကြသည် ။


ကျန်းဟွေ့မိန်က ရှောင်မန် ကိုနေပူပူမိုးရွာရွာ လာကြိုမြဲဖြစ်သည့်အတွက် သူမကိုတော်တော်များများက သတိထားမိကြသည် ။


သူတို့က သူမကိုဆွဲဆောင်ရန် ကြိုးစားကြသည် ။ တစ်ယောက်ယောက်က သူမကိုစကားစပြောလာခဲ့သည် ။


" အမကြီးက ကလေးကျောင်းလာကြိုတာလား ...."


ကျန်းဟွေ့မိန် ကသူမကိုတစ်ချက်ကြည့်ပြီး လျှစ်လျှူရူထားလိုက်သည် ။


" ကျွန်မ ကလေးကလည်း ဒီကျောင်းမှာတက်နေတာလေ.... ကလေးတွေကိုကျောင်းပို့ထားလည်း ပူပန်နေရတာပါပဲ ရှင်....."

ကျန်းဟွေ့မိန် ကဂုဏ်ယူစွာနဲ့ ပြန်ပြောခဲ့သည် ။


" ကျွန်မအိမ်က ကလေးမလေးကတော့ လိမ်မာပြီး ဥာဏ်ကောင်းတော့ သိပ်ပြီးစိတ်ပူစရာမလိုဘူးရယ် ...."


" အိုက်ရား အဲ့တာကောင်းတာပေါ့အမရယ် အခုခေတ်မှာ ကလေးတွေရဲ့ကျောင်းစရိတ်က အရမ်းကုန်တာ ဘာသာစကားဆရာတွေနဲ့ခေါ်သင်ရမယ် သင်္ချာအိုလံပစ်အတွက် ဆရာလိုမယ် အကုန်လုံးက ပိုက်ဆံ ကုန်ရမှာတွေချည်းပဲ ...."


" သင်္ချာအိုလံပစ်က ဘာလဲ....."


ကျန်းဟွေ့မိန် ကနားမလည်ပေ ။


" အဲ့ဒီမေးခွန်းတွေကိုလေ့လာရင် တက္ကသိုလ် ဝင်ခွင့်အတွက် အရမ်းအသုံးဝင် တယ်လေ ကျွန်မကလေးကလည်း အိုလံပစ်မေးခွန်းတွေကိုလုပ််တယ် ....."


ကျန်းဟွေ့မိန် ကပြုံးပြီးပြောလိုက်သည် ။

" ကျွန်မမြေးလေးကတော့ ကျန်တာတွေစိတ်ပူစရာမလိုဘဲ စာအရမ်းလုပ်လွန်းလို့ အနားယူဖို့တောင် မနည်းတားယူရတယ် ...."


အဲ့လိုကလေးမျိုးကတကယ်ရောရှိလို့လား.... 


အမျိုးသမီးကြီးက အံ့သြသွားခဲ့သည် ။ ဤအနီးတစ်ဝိုက်တွင် ကျူရှင်တွေအများကြီးရှိသည် ။


ဘယ်လိုဆရာမျိုးပဲ သင်သင်ကလေးတွေက စာလုပ်ရမယ်ဆိုရင် သူတို့အသက်တစ်ဝက်တိုသွား သလိုမျိုးကိုပြုမူနေကြသည် ။


ကိုယ့်ဘာသာကိုယ်စာလုပ်တဲ့ကလေးမျိုးက နဂါးနှင့်ဇာမဏီများလောက်ကို ရှားပါးသည် ။


အမျိုးသမီးကြီးက လက်မလျှော့ဘဲဆက်ပြောဆဲဖြစ်သည် ။


" သင်ခန်းစာတွေအတွက်စိတ်ပူစရာမလိုရင်တောင်မှ တခြားအရာတွေအများကြီးရှိပါသေးတယ် ..... ပီယာနို ၊ တယော ၊ ဘဲလေး..... အများကြီးဘဲ ဒီနေ့ခေတ်ကလေးတွေက အရမ်းသနားစရာ ကောင်းတယ် သူတို့ကမိုးလင်းကနေမိုးချုပ်အထိ သင်ယူနေရပြီး အဲ့ဒီလိုမှမဟုတ်ရင် အနာဂတ်မှာ နောက်ကျကျန်ခဲ့လိမ့်မယ်....."


" အခုခေတ်ကလေးတွေက အဲ့တာတွေကို လည်းလေ့လာရတာဘဲလား....."


ကျန်းဟွေ့မိန် ကအံ့သြစွာပြောလိုက်သည် ။


" ဒါပေါ့ ပညာရေးစနစ် ကအရမ်းအဆင့်မြင့်ပြီး သူတို့မကြိုးစားရင် လူမူပတ်ဝန်းကျင်မှာခက်ခဲလိမ့်မယ်လေ ...."


ကျန်းဟွေ့မိန် ကလုံးဝမှင်သက်သွားတော့သည်။ သူမက ခေတ်နောက်ကျနေသော အဖွားအိုကြီးတစ်ယောက်ဖြစ်သော်လည်း ပညာမတတ်ရင် ဒုက္ခရောက်မှာ ဆိုတာတော့ သူမသိသည် ။


ကျန်းဟွေ့မိန် က ရှောင်မန် သူများနောက်မှာ ကျန်ခဲ့မှာကိုစိတ်ပူပြီး သူမအတွက် အကောင်းဆုံး လုပ်ပေးချင်သည် ။


" ပြပါဦး အဲ့မှာ ဘာတွေသင်ကြတာလဲ ...."


ကျန်းဟွေ့မိန် ကလက်ကမ်းစာစောင်ကိုယူပြီးသေသေချာချာကြည့်တော့သည် ။ သူမရှောင်မန့် အတွက် အသုံးဝင်မည့် အတန်းကိုရှာဖွေရမည် ။


" ကျွန်တော်တို့မှာစိတ်ကြိုက်အတန်းတွေ အများကြီး ရှိပြီး ဒီကျောင်းက ကလေးအများစုက ကျွန်တော်တို့ ဆီမှာတက်ကြတယ် ...."


လက်ကမ်းစာစောင်လာဝေနေသော သင်တန်းပိုင်ရှင်ကပြောလိုက်သည် ။


ပိုင်ရှင်က သင်တန်းနေရာသို့ခေါ်သွားပြီး စာသင်ခန်း များကိုလိုက်ပြပေးခဲ့သည် ။


စာသင်ခန်းတွေရှေ့မှာတော့ သင်ကားနေတဲ့ ဘာသာရပ်တွေရဲ့ဆိုင်းဘုတ်တွေရှိသည် ။


ကျန်းဟွေ့မိန် ကလိုက်ရွေးရင်းမူးဝေနေခဲ့ကာ သူမဘာတစ်ခုကိုမှမသိပေ ။ သူမကဆိုင်းဘုတ်တွေကို လက်ညိုးထိုးပြီး ဘာတွေသင်တာလဲသာမေးနိုင်သည် ။


သူတို့နှစ်ယောက်က သင်တန်းဝမှာစကားပြောနေကြပြီး ကျောင်းလွှတ်ချိန်တွင် မိဘတချို့က သူတို့ကလေးများကို အိမ်ပြန်ခေါ်မသွားဘဲ သင်တန်းထဲဝင်လာသည်ကိုတွေ့လိုက်ရသည် ။


သူတို့တွေက တကယ်ကြီး ဒီမှာလာထားကြတဲ့ပုံဘဲ.....


 ကျန်းဟွေ့မိန် ကအစကလိမ်လည်နေတာဟုထင်ခဲ့တာဖြစ်သည် ။


ကျန်းဟွေ့မိန် က စိတ်ဆုံးဖြတ်လိုက်ပြီး ရှောင်မန် အတွက် အသုံးဝင်မည့် အတန်းကိုရှာဖွေရန် ဆုံးဖြတ်ခဲ့သည် ။


တခြားကလေးတွေက ရရင် ရှောင်မန်လည်း ရစေရမယ်....


သို့သော် ကျန်းဟွေ့မိန် ကရွေးချယ်စရာတွေထဲတွင်စိတ်ကြိုက်မတွေ့ခဲ့ပေ။


သီချင်းဆိုတာ... ပီယာနိုတီးတာ... ရှောင်မန် ကသေတာတောင်သီချင်းတစ်ပုဒ် ပြီးအောင်သင်နိုင်မှာ မဟုတ်ဘူးလေ..... ဒီတော့ သူမနဲ့အဆင်ပြေတာကိုရှာရမယ်...


ကတာကလဲ ရှောင်မန် နှင့်အဆင်ပြေမှာမဟုတ်လောက်ဘူး.... မြင်းစီးတာကတော့ နည်းနည်းအသက်ကြီးမှစဥ်းစားမယ်...


အချိန်အတော်ကြာ စဥ်းစားပြီးနောက် မှာတော့ ရှောင်မန် ကိုမေးပြီး ရွေးသည်က ပိုကောင်းမည်ဟုထင်ခဲ့သည် ။


ကျန်းဟွေ့မိန်က အတန်းရွေးဖို့ခက်နေတုန်းတွင် ကလေးတစ်သိုက်က နံချပ်ကူ များကိုင်ကာ သင်တန်းထဲဝင်လာကြသည် ။


သူမကစဥ်းစားမိသွားပြီး သင့်တော်သည့်အတန်းအားစဥ်းစားမိသွားသည် ။ သူမက ကလေးများနောက်သို့လိုက်သွားပြီး လေ့လာခဲ့သည် ။


ရှောင်မန် အိမ်ပြန်ရောက်အေခါတွင် သူမအဖွားက လက်ကမ်းစာစောင် တစ်ထပ်ကြီးကိုသူမလက်ထဲထိုးထည့်ကာပြောသည် ။


ထိုအထဲတွင် တိုက်ကွမ်ဒို ၊ ဂျူဒိုနဲ့ လက်ဝှေ့ထိုး အကုန်လုံးရှိသည် ။


" ကြိုက်တဲ့တစ်ခုကိုရွေးပြီး ပိတ်ရက်ကြရင် ဘွားဘွားနဲ့ သင်တန်းသွားအပ်ကြရအောင် ...."


ကျန်းရှင်း နှင့်ကျန်းရှောင်မန် ကလက်ကမ်းစာစောင်ကို စိတ်ဝင်တစားလှန်ကြည့်နေကြပြီးနောက် တစ်ယောက်နှင့်တစ်ယောက် တိတ်ဆိတ်စွာကြည့်မိကြသည် ။


ကျန်းရှင်းက သူ၏ ပြားချပ်နေသော ပိုက်ဆံအိတ်လေး အကြောင်းတွေးမိကာ မျက်ဝန်းများမှောင်မိုက်လာခဲ့သည် ။


ကျန်းရှောင်မန် ကသူမ၏ ခေါင်းသေးသေးလေးကိုထိလိုက်သည် ။ သူမက ဘာတွေဖြစ်နေမှန်းမသိသော်လည်း ရွေးရမှာတွေက အရမ်းမိုက်တာကြောင့် သူမရဲ့မျက်ဝန်းတွေက မှောင်မိုက်သွားတော့သည် ။

Xxxxxxxxxx


Chapter. - 167


ကျန်းဟွေ့မိန် ၏အတွေးများက အရမ်းရိုးရှင်းသည် ။ ပီယာနို ဖြစ်ဖြစ် ကတာဖြစ်ဖြစ် ရှောင်မန် စိတ်ဝင်စားရင် ပေးလုပ်ခိုင်းလိုက်မည်ဖြစ်သည် ။


တိုက်ခိုက်တာက ဘယ်နေရာဘဲရောက်ရောက် အလွန်အသုံးဝင် မည်ဖြစ်ကာ အနာဂတ် ၌ရှောင်မန်က ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မည်ဖြစ်သည် ။


အရင်အချိန်တွေ ကတည်းက ကျန်းဟွေ့မိန်က မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် ခွန်အားကအရေးကြီးကြောင်း သိခဲ့ရသည် ။


သူမသာ နုနုရွရွ ပန်းကလေးတစ်ပွင့်လို နေထိုင်ခဲ့လျှင် သူမ၏ ကလေးနှစ်ယောက် အားပျိုးထောင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ ။


ရွာတွင် ရန်ပွဲတစ်ခုဖြစ်လျှင် မည်သူနိုင်လဲဆိုတာကိုဘဲ လူတွေကစိတ်ဝင်စားကြသည် ။ မြို့မှာဆိုရင်တော့ ကိုယ့်ကိုကိုယ် ခုခံကာကွယ်နိုင်သည်။


 မိန်းကလေး တွေကိုလာနှောင့်ယှက်တဲ့ လူဆိုးကောင်တွေကို မြေကြီးထဲထိဝင်သွားသည်အထိ ရိုက်နှက်သင့်သည် ။


မိန်းကလေးများက ပို၍ပင် သန်မာရန်လိုအပ်သေးသည် ။ ရှောင်မန် ကတစ်ခါပြန်ပေးဆွဲ ခံရဖူးသောကြောင့် ကျန်းဟွေ့မိန် ကနောက်တစ်ခါ ထပ်ပျောက်သွားမှာ အရမ်းစိုးရိမ်နေသည် ။


" ရှောင်မန် မိန်းကလေးတွေက ကိုယ့်ကိုကိုယ် ကာကွယ်တတ်ရမယ် ဒါမှ သမီးအနာဂတ်မှာ လူဆိုးကြီးတွေနဲ့တွေ့ရင် သမီးသူတို့ကိုရိုက်လို့ရမှာ ဘွားဘွားက အသက်ကြီးပြီး အရိုးတွေမကောင်းတော့လို့သာမဟုတ်ရင် ဘွားဘွား ပါသင်တယ် ...."


ကျန်းဟွေ့မိန် ကမျက်ခုံးပင့်ပြီးထပ်ပြောလိုက်သည် ။


" ဒါပေါ့ သမီးဦးလေးလဲ သင်ရမယ် ..."


ကျန်းရှင်း ကလက်ခါပြီး အသည်းအသန် ငြင်းကာ ရှောင်မန် ကိုပြောသည် ။


" ရှောင်မန် ဦးလေးက အသက်ကြီးနေပြီ အလုပ်ရှုပ်တော့ သင်ဖို့အချိန်မရှိဘူး... ရှောင်မန် ကအရမ်းချစ်ဖို့ကောင်းတာကြောင့် မကောင်းတဲ့ကောင်တွေ သမီးကိုလာနှောင့်ယှက်ရင် ရိုက်ပစ်ဖို့သင်ထားရမယ် ..."


ရှောင်မန် ကသေချာတွေးပြီးနောက် သဘောတူခဲ့သည် ။ သူမကသေသေချာချာသင်ယူပြီး အနာဂတ်မှာ အဖွားနဲ့ ဦးလေး ကိုကာကွယ်ပေးနိုင်မည် ။


သူတို့နှစ်ယောက်က အသက်ကြီးလာပြီဖြစ်ပြီး သူမကငယ်ရွယ်တုန်းဖြစ်တာကြောင့် သူမက အကြီးများကိုကာကွယ်ပေးရမည် ။


ပိတ်ရက်ရောက်သည့်အခါတွင် ကျန်းဟွေ့မိန် က ရှောင်မန် ကို သင်တန်းသို့ ခေါ်သွားခဲ့သည် ။ သူမကသင်တန်းဆရာကိုမေးလိုက်သည် ။


" သူမက ကိုယ်ခံပညာသင်ဖို့ သင့်တော်ရဲ့လားဆရာ ...."


ဆရာက အရပ်ရှည်ကာ ကြွက်သားအတုံးလိုက်နှင့်ဖြစ်ပြီး တစ်ချက်ကြည့်ရုံနှင့်တင် သန်မာကြောင်းသိနိုင်သည် ။


ရှောင်မန် ကသူမထက် အများကြီး ပိုသန်မာတဲ့ ဆရာကိုကြည့်လိုက်ပြီး လန့်နေသောကြောင့် ဘာမှပြောမထွက်ပေ ။ ဆရာက ရှောင်မန် ကိုမေးလိုက်သည် ။


" ကလေးမလေး မင်းကဘာကိုသင်ချင်တာလဲ...."


ရှောင်မန်က သူမရဲ့ ခေါင်းလေးကိုငုံ့ပြီး တိုးတိုးလေးပြောလိုက်သည် ။


" သမီးက ဘယ်လိုတိုက်ခိုက်ရမလဲသင်ချင်တာ...."


ဆရာက ပြန်ပြောလိုက်သည် ။


" ဒီကိုလာတဲ့ကလေးတွေက ငယ်ငယ်လေးကတည်းက ကျန်းမာရေး ကောင်းဖို့ လာလေ့ကျင့်ကြတာ အင်အားသုံးပြီး ဖြေရှင်းဖို့မဟုတ်ဘူး ...."


" သမီးက သူငယ်ချင်းတွေကို ရိုက်ဖို့မဟုတ်ပါဘူး သမီးက လူဆိုးကြီး တွေကိုဘဲရိုက်မှာပါ ...."


" လူဆိုးတွေ နဲ့တွေ့ရင် မြန်မြန် ပြေးပြီးအကူအညီတောင်းရမယ်လေ...."


" သမီးက လူဆိုးကြီး တွေလောက် မြန်မြန် မပြေးနိုင်ဘူးလေ...."


" ဒါလည်း ဟုတ်တာဘဲ ...."


" တကယ်လို့ အကူအညီ တောင်းဖို့ အချိန်မရရင်ရော..... သမီးအရင်တစ်ခေါက်ပြန်ပေးဆွဲခံရတုန်းက လူဆိုးကြီး ကသမီးကို သတိမေ့အောင်လုပ်ပြီးဖမ်းခေါ်သွားတာ သမီးအကူအညီတောင်မတောင်းနိုင်ခဲ့ဘူး...."


ရှောင်မန် ကအလွန်ဒေါသထွက်စွာပြောလိုက်သည် ။ နောက်တစ်ခါ ကြရင်သူမရဲ့ မကောင်းတဲ့ဦးလေးကို အရင်ရိုက်ပစ်မယ် ။


ဆရာက ရှောင်မန် ပြန်ပေးဆွဲ ခံရတာကိုကြားပြီး လန့်သွားခဲ့သည် ။သူက ကျန်းဟွေ့မိန် နဲ့ကျန်းရှောင်မန် ကိုတစ်လှည့်စီကြည့်ပြီးနောက်ဘာမှဆက်မမေးတော့ပေ ။


" သူမကို ပထမဆုံး စစ်ဆေးကြည့်ပြီးနောက်မှ ဆက်ပြောကြတာပေါ့ ...."


ကျန်းဟွေ့မိန် ကသဘောတူခဲ့သည် ။ ရှောင်မန် ကစမ်းသပ်မူအမျိုးမျိုးကိုကျော်ဖြတ်ပြီးနောက်မှာ သူမဆံပင်တွေက ချွေးတွေ နှင့်ရွဲနစ်နေပြီး အလွန်ပင်ပန်းနေသည် ။


ရှောင်မန် ရဲ့ဗိုက်ကဆာလောင်လွန်း၍ အသံစုံပင်မြည်နေလေပြီ ။


ဆရာက ရှောင်မန် ကိုမုန့်များ နှင့် သစ်သီးဝလံများကို ချပေးခဲ့သည် ။


" သမီးဒါတွေကိုစားလို့ရလားဟင် ..."


" ရတာပေါ့ စားပြီးဒီမှာ ခဏစောင့် နေနော်...."


ဆရာက သင်တန်းအပ်ဖို့ကိစ္စနှင့်ပက်သက်၍ ကျန်းဟွေ့မိန် နှင့်ဆွေးနွေးနေခဲ့သည် ။ သူတို့နှစ်ယောက်ဆွေးနွေးပြီးနောက် ရှောင်မန် စားပြီးသလောက်ရှိပြီဖြစ်သည် ။


သူမကချထားပေးသမျှအကုန်အပြတ်ရှင်းခဲ့သည် ။ ဆရာက ရှောင်မန် ကိုအံ့သြတကြီးကြည့်နေပြီး သူမရဲ့ အစာအိမ်သေးသေးလေးက အများကြီး စားနိုင်တာကိုမတွေးတတ်ပေ ။


" ဆရာ သူမကသင်ဖို့အဆင်ပြေရဲ့လား...."

ကျန်းဟွေ့မိန် ကမေးလိုက်သည် ။


ဆရာက ပြုံးပြီးပြောခဲ့သည် ။


"ဒါပေါ့.... သူကအရမ်းကိုသင့်တော်ပြီး ပါရမီရှိတယ်....."


သူမကအရမ်းကို ကောင်းကောင်းမွန်မွန်စားပြီး ကြီးထွားလာကာ သေချာပေါက် သန်မာလာလိမ့်မည် ။ တစ်ရာရာခိုင်နူန်းသေချာသည် ။


ထိုနေ့မှစ၍ ရှောင်မန် သင်တန်းစတက်ခဲ့သည် ။ ကျောင်းဆင်းသည့်အချိန်တိုင်း သင်တန်းသို့ သွားကာလေ့ကျင့်ခဲ့သည် ။


အစက သူမက ကျောင်းသွားရတာကိုအရမ်းပျော်ရွှင်ပြီး အိမ်စာတွေကလည်း အရမ်းလွယ်ကူသောကြောင့် မူကြိုတုန်းကလို ပင်သိပ်မထူးခြားပေ ။


သူမက နေ့လည်နားချိန်မှာ အိမ်စာတွေကိုအပြီးလုပ်ရသည် သူမအတွက်အိမ်စာကလွယ်ကူသော်လည်း နားချိန်မရှိပေ ။


ဒါက ကျောင်းတက်ရတဲ့ပျော်ရွှင်မူဘဲဖြစ်ရမယ်....


ရှောင်မန် ကမျက်ရည်တွေဝဲလာသော်လည်းမငိုခဲ့ပေ။

Xxxxxxxxxxxxx


Chapter - 168 


ကံကောင်းစွာနှငွ သင်တန်းက အခြေခံအဆင့်သာဖြစ်ပြီး အရမ်းကြီး ပင်ပင်ပန်းပန်း လေ့ကျင့်ရန်မလိုအပ်ပေ ။


ရှောင်မန် ကတခြားကလေးတွေနဲ့တန်းတူ ပြေးတာနှင့်အကြောလျှော့တာတွေလောက်သာလုပ်ရသည် ။ တချို့ကလေးတွေကတော့ ကစားဖို့သပ်သပ်လာသလားပင်မှတ်ရသည် ။


ပထမကတော့ ရှောင်မန် တက်ကြွနေခဲ့သော်လည်း တဖြည်းဖြည်းချင်း ပျင်းလာပြီဖြစ်သည် ။


သူမက သင်တန်းကိုတောင်မတက်ချင်တော့သော်လည်း သူမဦးလေး၏ အရမ်းစျေးကြီးကြောင်းညည်းညူချက်များနှင့် သူမအဖွား၏ မျက်နှာကြောင့်သာလာတက်နေရခြင်းဖြစ်သည် ။


ထို့ကြောင့် ကုန်ကျသည့်ပိုက်ဆံနှင့်တန်စေရန် ရှောင်မန် သည် တခြားကလေးများထက် ပိုလေ့ကျင့်သည် ပိုပြေးသည် ။ သူမဦးလေး၏ ပိုက်ဆံ တွေကို အလကားဖြစ်စေ၍မရပေ ။


သူမက လေ့ကျင့်ရတာကြောင့်ပင်ပန်းကာ စိတ်ထဲရှိသမျှက စားချင်တာနဲ့ အိပ်ချင်တာဘဲဖြစ်သည် ။ လေ့ကျင့်ခန်းလုပ်ပြီး အစားများများ စားတာကြောင့် သူမ၏အရပ်က ဆွဲဆန့်လိုက်သလိုပင်ရှည်ထွက်လာခဲ့သည် ။

သူမက ကျောင်းကပြန်လာလျှင် အိမ်စာလုပ်သည် စားသည် အိပ်သည်နှင့် တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းနေသည် ။


အချိန်ကြာလာသောအခါတွင် ယွီချင်းရှီက သည်းမခံနိုင်တော့ပေ ။


သူတို့အိိမ်ချင်း ဝေးကွာနေတုန်းကတောင်မှ ရှောင်မန် ကသူဆီ တစ်ပတ်တစ်ခါ လာလည်တတ်ပြီး အိမ်ချင်းကပ်ရပ်ကျမှ သူမနှင့်မဆော့ရတာ ဒေါသထွက်ဖို့ကောင်းသည် ။


ယွီချင်းရှီ အရမ်းအထီးကျန်နေသည် ။


သူ ရှောင်မန် ကိုတွေ့ဖို့သွားတဲ့အချိန်တိုင်း ရှောင်မန် ကအိမ်စာတွေလုပ်နေသောကြောင့် သူပါ အိမ်စာလုပ်ပြီး ပြန်လာခဲ့ရသည် ။


ပိတ်ရက် ရောက်တဲ့ အခါမှာတော့ ယွီချင်းရှီ ကရှောင်မန် ကိုမေးလိုက်သည် ။


" ဒီနေ့ ငါနဲ့ မုန့်လျှောက်စားရအောင် ...."


ယွီချင်းရှီ ကအရမ်းမျှော်လင့်မိနေသည် ။ သူကအပြင်ထွက်ရတာကိုမကြိုက်သော်လည်း ရှောင်မန် နှင့်အတူရှိနိုင်ရန် မျှော်လင့်သည် ။


ရှောင်မန် ကအရမ်းတက်ကြွပြီးစူးစမ်းတတ်တာကြောင့် အပြင်ထွက် ပြီး ဆော့ရန်ပြောလျှင် သူမငြင်းမည်မဟုတ်ဟုထင်သည် ။


" ငါတို့ဘယ်ကိုသွားကြမှာလဲ ...."

ရှောင်မန် ကစိတ်လူပ်ရှားစွာနဲ့ မေးလိုက်သည် ။


" မုန့်တွေစားပြီး လှတဲ့နေရာ တွေမှာ ဓာတ်ပုံ လိုက်ရိုက်ကြမယ် ...."


ယွီချင်းရှီ ကပြောရင်းပြောရင်း အသံတိမ်ဝင်လာခဲ့သည် ။


" ငါတို့သွားရင် မွှေးတုံလေးကိုပါ ခေါ်လို့ရမလား ငါတို့နှစ်ယောက်သူ့ကိုကြည့်လို့ရပါတယ် ..."


မြောင်မြောင်ကအပြင်ထွက်လို့မရတာကြောင့်သာမဟုတ်ရင် မြောင်မြောင် ကိုပါ ခေါ်မည်ဖြစ်သည် ။


ရှောင်မန်က သွားချင်သော်လည်း သင်တန်းသွားရမည်အားတွေးမိကာ စိတ်ထဲမကောင်းတော့ချေ ။


" ဒါပေမဲ့ ငါ့မှာအချိန်မရှိဘူး ..."


" ဘာလို့လဲ ..."


ရှောင်မန် ငိုချင်လာသည် ။ သူမက ယွီချင်းရှီ နှင့်အတူ လျှောက်လည်ပြီး ဓာတ်ပုံတွေ ရိုက်ချင်သည် ။ သကြားလုံးတွေစားကာ မွှေတုံလေးနှင့်ဆော့ကြမည် ။


အား....တွေးလိုက်ရုံနဲ့တင်အရမ်းပျော်ဖို့ကောင်းတာဘဲ....


ဒါပေမဲ့ သူမသွားလို့မရပေ....


ရှောင်မန် နှစ်ယောက် သူမခေါင်းထဲတွင်ရန်ဖြစ်နေသလိုဖြစ်နေသည် ။ တစ်ယောက်က ယွီချင်းရှီ နှင့်အတူ ပျော်ပျော်ရွင်ရွင် နဲ့ လျှောက်ကစားရန်ပြောနေပြီး တစ်ယောက်က တော့ သူမအဖွားနှင့် ဦးလေးအားစိတ်မပျက်ရစေရန်ပြောနေသည် ။


ရှောင်မန် ပိုတွေးလေ ပိုငိုမိလေဖြစ်သည် ။ သူမကငိုရင်းပြောလိုက်သည် ။


" ငါသင်တန်း သွားချင်သေးတယ်...  ဒီနေ့ဆရာက လက်ဝါးစောင်းနဲ့ အုပ်ကြွပ်ပြား ဘယ်လိုခွဲရမလဲ သင်ပေးမယ်လို့ပြောတယ်....  ငါနေ့တိုင်း ပြေးတာနဲ့ အကြောလျှော့တာတွေဘဲလုပ်နေရတာ ငါသွားသင်ချင်တယ် ဝူးဝူးဝူး.... "


ရှောင်မန် ကပြောပြီးနောက် ထွက်ပြေးသွားလေပြီ ။ သူမ ယွီချင်းရှီ နှင့်ဆက်စကားပြောနေရင် သင်တန်းမသွားမိတော့မှာစိုးရိမ်မိသည် ။


ယွီချင်းရှီက ပြေးထွက်သွားသည့် ရှောင်မန် နောက်ကျောလေးကိုကြည့်ကာ တစ်ခုခုကိုစဥ်းစားနေပုံပေါ်သည် ။


နောက်ဆုံးတော့ ရှောင်မန် သင်တန်းကိုရောက်သွားခဲ့သည် ။


သူမကပြင်းပြင်းထန်ထန်လေ့ကျင့်သည် ။ ငိုသည် ။


ပြေးသည် ။ ငိုသည် ။


ဆရာပြသည့်အတိုင်းအသင့်အနေအထားနှင့် အုပ်ကြွပ်ပြား ခွဲသည် ။ ငိုသည် ။


ဆရာက ရှောင်မန် ဖြစ်နေသည့်ကိုမြင်ကာ သူမဆက်တောင့်မခံနိုင်ဘူးဟု ထင်နေသည် ။


" ရှောင်မန် အဆင်မပြေ ဘူးဆိုရင်တစ်ရက်နားလိုက်ပါလား ..."


" ရပါတယ် သမီးလုပ်နိုင်ပါတယ် ...."


ဒါပေမဲ့ သူ့နှလုံးသားလေးကတော့ အရမ်းနာကျင် နေသည် ။


ရှောင်မန် ကငိုရင်းပြောလိုက်သည် ။ဆရာက ရှောင်မန် ရဲ့ မျက်ရည်တွေအပြည့်နဲ့ မျက်နှာလေး ကိုကြည့်လိုက်သည် ။ သူမကနည်းနည်းလေးမှ မညည်းညူပေ ။ 


ခဏအကြာ တွင်တော့ အတန်းထဲ တွင် လက်ခုပ်တီးသံ အကျယ်ကြီး ထွက်လာခဲ့သည် ။ ဆရာ့ကို ကျောင်းသားများက အံ့သြစွာဝိုင်းကြည့်နေကြသည် ။


ဆရာက ရှောင်မန် ကိုသူ့ရဲ့နားသို့ဆွဲကာ စကားစပြောခဲ့သည် ။


" ကလေးတို့ မင်းတို့အနာဂတ်မှာ ရှောင်မန် ကိုအတုယူသင့်တယ် သူမ ဘာတွေကြုံတွေ့ခဲ့ရလဲဆရာတို့မသိပေမဲ့ သူမကအရမ်းကို ကြိုးစားပြီး မညည်းညူတတ်ဘူး.... မင်းတို့ထဲမှာ တချို့ကတော့ ဒီမှာပိုက်ဆံကုန်ခံပြီးလာဆော့နေကြသလိုဘဲ မရှက်ဘူးလား.... အနောက်က အိပ်ငိုက်နေတဲ့နှစ်ယောက် အခုချက်ချင်း ထပြေးစမ်း...."

Xxxxxxxxxxxxx


Chapter - 169


ကျန်းရှောင်မန် အရမ်း အရမ်း အရမ်းကိုမှ အလုပ်များနေသည် ။


ယွီချင်းရှီက ရှောင်မန် တကယ်အချိန်မရှိဘဲ မသိခင်ကဆို သူတို့နှစ်ယောက်က ဘယ်တော့မှ ဆော့နိုင်တော့မှ မဟုတ်ဟုထင်ခဲ့သည် ။


သူတို့နှစ်ယောက်က အိမ်ချင်းကပ်ရပ်နေကြကာ ထိုင်ခုံဖော်တွေဖြစ်ကြပြီး ခေါင်းလေးလှည့်လိုက်ရုံနဲ့တွေ့နိုင်ကြသော်လည်း စကားပြော တာအရမ်းနည်းပါးလာခဲ့သည် ။ 


ယွီချင်းရှီ ကသူကိုယ်တိုင်စကားစပြောခဲကာ ပုံမှန်ဖြစ်သော်လည်း အရမ်းစကားများသည့် ရှောင်မန် ကရုတ်တရက်ကြီး စကားပြော နည်းသွားသည့်အခါ သူမနေတတ်တော့ပေ ။


ယွီချင်းရှီ တစ်ခုခုလုပ်ရန် စဥ်းစားခဲ့သော်လည်း ဘာကစရမလဲသူမသိပေ ။


ကျန်းရှောင်မန် က ကိုယ်ခံပညာသင်တန်းတွင် တက်နေသောကြောင့် ယွီချင်းရှီ ကသူ့အဖေကိုပြောခဲ့ကာ သူ့အားသင်တန်းပေးတက်မည်ဟုပြောခဲ့သည် ။


ယွီချင်းရှီ ကအရမ်းပျော်ကာ သူ့အဖေကို ဖက်နမ်းတော့သည် ။ ရလဒ်အနေနဲ့ကတော့ နောက်တစ်နေ့ မနက်တွင် သူ့၌ကျူရှင်ဆရာနှစ်ယောက် တိုးလာခဲ့သည် ။


တစ်ယောက်က ဘာသာစကား ဆရာဖြစ်ပြီး နောက်တစ်ယောက် ကတော့ အနုပညာဆရာဖြစ်သည် ။


သူ့အဖေက သူ့ကို ဖြည်းဖြည်းချင်း သင်ယူလေ့လာ ဖို့ပြောခဲ့သည် ။ သူကဆရာတွေကိုမကြိုက်ရင် နောက်ထပ်အသစ်ရှာပေးမည်ဖြစ်သည် ။


ဘဝကြီးက အရမ်းနာကျင်စရာကောင်းသွားလေပြီ ။


ယွီချင်းရှီက ရှောင်မန် ပိတ်ရက်မှာ ဘာလုပ်မှာလဲ မေးရမှာရှက်သောကြောင့် အိမ်တွင်သာ မိူပေါက်မတက်ထိုင်နေရသည် ။


ကြေကွဲစရာကောင်းတဲ့ သင်ကြားမူကြီးတွေအဆုံးမှာတော့ ယွီချင်းရှီ ကသတ္တိရှိရှိနဲ့ တိုက်ရိုက်မေးရန်ဆုံးဖြတ်လိုက်သည် ။


ထို့ကြောင့် စာသင်ချိန်မှာ ယွီချင်းရှီ ကရှောင်မန် ဆီ မှတ်စုစာရွက်လေးမှာ စာရေးပေးခဲ့သည် ။


' ပိတ်ရက်မှာ နင်ဘာလုပ်မှာလဲ ...'


ကျန်းရှောင်မန် ခဏမှင်သက်သွားသည် ။ စာသင်ချိန် တွင် အာရုံမစိုက်တာက အပြုအမူကောင်းမဟုတ်သောကြောင့် ရှောင်မန် ကသိပ်မကြိုက်သော်လည်း ယွီချင်းရှီ ကစိတ်ကောက်ရင်ချော့ရန်ခက်ခဲသောကြောင့် စာပြန်ခဲ့သည် ။


' မပြောပြဘူး ....'


ယွီချင်းရှီ ကသူ့နူတ်ခမ်းများကိုတင်းတင်းစေ့ထားကာ နောက်တစ်ရွက် ကမ်းပေးလာသည် ။


' ငါတို့ကသူငယ်ချင်းကောင်းတွေလေ နင်ငါ့ကိုပြောပြလို့ရတယ် ...'


ရှောင်မန် ကစာကိုအကြာကြီးမှ အကြာကြီး ဖတ်ပြီး အကြာကြီး နေမှ စာပြန်လာသည် ။


ယွီချင်းရှီ ကဘာရေးထားလဲကြည့်လိုက်သည့်အခါတွင် အံ့သြသွားရသည် ။


ဝူးဝူးဝူး... ဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူး


ဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူးဝူး


ရှောင်မန် ကတစ်မျက်နှာလုံးကို ငိုနေတဲ့ စာလုံးတွေသာရေးထားခဲ့ပြီး နောက်တစ်ဖက်မှာတော့ ငိုနေတဲ့မျက်နှာပုံကိုရေးဆွဲထားခဲ့သည် ။


ယွီချင်းရှီ ကစာရွက်ကိုလုံးခြေပြီး ခုံအောက်ထဲထိုးထည့်နေတုန်းမှာ ဆရာမကမိသွားခဲ့သည် ။


သူတို့နှစ်ယောက်က စာသင်ခန်းအပြင်မှာ ထွက်ရပ်ဖို့ အပြစ်ပေးခံရပြီး တစ်ယောက် နှင့်တစ်ယောက်စကားမပြောဘဲတိတ်ဆိတ်နေကြသည်။


ယွီချင်းရှီ ကအပြစ်ရှိသလိုခံစားရပြီး ရှက်လွန်းသောကြောင့် သူ့မျက်နှာဘယ်နားထားရမလဲပင်မသိပေ ။


ရှောင်မန် ကသူ့ကိုမုန်းနေတော့မယ်ထင်တယ်....


သူမကသူ့ကြောင့် အပြစ်ပေးခံရတာဖြစ်သည် ။ သူကစာရွက်ကိုအရင်စပေးခဲ့တဲ့လူဖြစ်သောကြောင့် သူကအပြစ်ရှိသည့်သူဖြစ်သည် ။


ရှောင်မန် ကိုဆရာတွေရောအတန်းဖော်တွေကပါ ချစ်ကြပြီး သူနှင့်မတူပေသူက သူမကိုသူနှင့်အတူဆွဲချမိသွားသည် ။


" အဆင်ပြေပါတယ် ဒါကကျောင်းသားတိုင်းမှားတတ်တဲ့အမှားပဲလေ...."


ယွီချင်းရှီ မျက်လုံးတွေနီလာပြီး စိတ်ဓာတ်ကျနေသည့် ပုံနှင့်ဖြစ်တာကြောင့် ရှောင်မန် ကနှစ်သိမ့်ပေးခဲ့သည် ။


ယွီချင်းရှီ ကသူမကို စိတ်ရူပ်ထွေးစွာနဲ့ကြည့်လိုက်ပြီး အသံတိုးတိုးလေးနဲ့ပြောလိုက်သည် ။


" ဒါပေမဲ့ မကောင်းဘူးလေ ..."


သူမဘာလို့ပျော်နေနိုင်သေးတာလဲ သူစဥ်းစား၍မရပေ ။


" ဟုတ်တယ် ဒါကမကောင်းဘူးလေ ဒါကြောင့်နင် နောက်ကျရင် မကောင်းတဲ့အရာတွေကိုမလုပ်ရဘူး ...."


သူမကတော့လုပ်ရမည် သူမမကောင်းသည့်အရာတွေလုပ်လေ စနစ်ကပျော်လေဖြစ်သည် ။


အခုတောင်သူမ ဆယ်မှတ်ရနေပြီ.....


သူမကအတန်းထဲမှာ ပထမဆုံး အပြစ်ပေးခံရတဲ့ကလေးဖြစ်တဲ့အတွက် စနစ်ကချီးကျူးခဲ့ပြီး ရလဒ်ကိုဆက်ထိန်းသိမ်းသွားရန်ပြောခဲ့သည် ။


သူမက ဗီလိန်ဖြစ်သည့်အတွက် မကောင်းတာလုပ်ရမည့် အခွင့်အရေး များလေ အမှတ်ပိုများများရလေ ဖြစ်ကြောင်းပြောပြခဲ့သည် ။


အမှတ်တွေများဖို့အတွက်နှင့်တော့ ရှောင်မန် ကတခြားကလေးများကိုအနိုင်မကျင့်ချင်ပေ ။


" ငါနောက်ထပ်မလုပ်တော့ပါဘူး ...."

ယွီချင်းရှီ ကရုတ်တရက်ကြီး ထပြောလိုက်သည် ။


" ရှောင်မန် နင်လဲ မကောင်းတာတွေမလုပ်ရဘူးနော် ...."


ရှောင်မန် ကချောင်းဆိုးမိသွားသော်လည်း ပြန်မဖြေခဲ့ပေ ။


အတန်းပြီးတဲ့အချိန်မှာတော့ နှစ်ယောက်လုံး ကသူတို့မှားကြောင်းဆရာမဆီမှာ ဝန်ခံခဲ့ကြသည် ။


အမှန်က ဆရာမသည် သူတို့ကို နောက်ထပ်ကျောင်းသားတွေ အတွက် စံပြအဖြစ်အပြစ်ပေးခဲ့တာဖြစ်သောကြောင့် သူတို့နှစ်ယောက်က ဆူဆူညံညံတွေ လုပ်မည်ဟုထင်ခဲ့တာဖြစ်သည် ။


ဒါပေမဲ့ ကလေးနှစ်ယောက် ကအရမ်းသိတတ်သောကြောင့် သဘောကျသွားခဲ့သည် ။ 

Xxxxxxxxxxxxx


Chapter - 170


ဆရာမ ကသူတို့နှစ်ယောက်ကိုဆက်မဆူနိုင်တော့ပေ။


" အတန်းထဲကိုပြန်တော့ နောက်စာသင်ချိန်တွေကျ အာရုံစိုက် ကြဟုတ်ပြီလား...."


ယွီချင်းရှီ ကအတန်းထဲပြန်သွားသော်လည်း ရှောင်မန် ကတော့ကျန်နေခဲ့သည် ။ သူမခေါင်းမော့လိုက်သည့်အခါတွင် မျက်ရည်တွေ အပြည့်နှင့်ဖြစ်နေသည် ။


" ဒါဆို ဆရာမက မိဘမခေါ်ဘူးမလားဟင် သမီးဘွားဘွားက အရမ်းဒေါသကြီးတာ...."


" ဆရာမ မပြောပါဘူး ...."


" ဝူးဝူးဝူး ကျေးဇူးတင်ပါတယ်ဆရာမ ဆရာမ ကအရမ်းကောင်းတာဘဲ...."


ဒီလှည့်ကွက်ကို ဘယ်သူသင်ပေးတာလဲ သူမမေ့နေပေမဲ့ အသုံးဝင်နေတုန်းဖြစ်သည် ။ 


ငိုတာက ကလေးတွေရဲ့ အကောင်းဆုံး လက်နက်ပဲ.... ဝူးဝူးဝူး လုပ်လိုက် တာနဲ့ လိုချင်တာအကုန်ရနိုင်တယ်....


ရှောင်မန် ကအရမ်းကို ပျှော်ရွှင်နေသည် ။


စနစ် ".........."


အစက သူမကို တာဝန်ပေးချင်ခဲ့တာဖြစ်သော်လည်း သူမအတွေးတွေကြောင့်နင်သွားရသည် ။


သူရဲ့ပိုင်ရှင်ကတစ်ခါတစ်လေ ဆိုရင် ဗီလိန်ဇာတ်ကောင်မဟုတ်ပဲ... အဓိကဇာတ်လိုက်များလားလို့တောင် ထင်မိတဲ့အထိပဲ....


မည်သို့ပင်ဆိုစေ သူမကို ဇာတ်ကြောင်းအတိုင်းလုပ်ခိုင်းဖို့တောင်အရမ်းခက်ခဲနေသည်ဟု ထင်နေသည် မှာကြာပြီဖြစ်သည် ။


မစ်ရှင်တွေ အောင်ရင် အဆင်ပြေပြီဖြစ်သည် ။ များများ စားစားမတွေးချင်ပေ ။


[ ရေရှည်မစ်ရှင် : အတန်းဖော်တွေနဲ့ တတ်နိုင်သလောက် ကင်းကင်းရှင်းရှင်းနေပါ ဗီလိန်တစ်ယောက်ကသူငယ်ချင်းမလိုအပ်ပါဘူး အစစ်အမှန်ဗီလိန်က တစ်ယောက်ထဲရပ်တည်ပါတယ်...


ဆုလာဘ် - အတန်းဖော်တစ်ယောက်ဆီကမကောင်းမြင်ခံရတိုင်း အမှတ် ၁၀၀ ရရှိပါမယ် ] 


ရှောင်မန်က ထိုကဲ့သို့တာဝန်မျိုးကိုမလုပ်ချင်ပေ ။ 


" သမီးဒီလိုမျိုးတာဝန်ကိုမလုပ်ချင်ဘူး တခြားကလေးတွေကိုလည်း စိတ်အနှောင့်အယှက်မပေးချင်ဘူး ..."


စနစ်ကတော့ သူမကိုသွေးဆောင်ဖို့ စဥ်းစားမိသော်လည်း အထူးဆုတုန်းက အဖြစ်အပျက်ကိုတွေးမိသွားသည် ။ အဲ့ဒီတုန်းက သူမမလုပ်ချင်ဘူးပြောခဲ့သော်လည်း တာဝန်ပြီးမြောက်ခဲ့သည် ။


ဒီတစ်ခေါက်မှာလဲ ဘယ်သူပြောနိုင်မှာလဲ သူ့ဘာသာပြီးသွားနိုင်တာပဲလေ ဟုတ်တယ်မလား....


သူ့ပိုင်ရှင်တွင် တာဝန် ပြီးမြောက်ရန်ထူးထူးဆန်းဆန်း နည်းလမ်းပေါင်းစုံရှိတာကြောင့် ဘာမှမပြောဘဲ ပါးစပ်ပိတ်ပြီး နေလိုက်တော့ သည် ။


" ဘာဘဲဖြစ်ဖြစ် လေအဲ့တာက ရေရှည်မစ်ရှင် ဆိုတော့ဖြည်းဖြည်းချင်းသွားလို့ရပါတယ် ..."


" ဟုတ်ပြီလေ...."


ရေရှည်ဆိုတော့ သူမတွင်ရွေးချယ်ခွင့်ရှိသည် ။ မလုပ်ချင်လဲအဆင်ပြေသည် ။ 


နေ့လည်ခင်းတွင် ဘာသာစကား အချိန်နှစ်ချိန်ရှိသည် ။ ဤစာသင်ချိန်မှာ နောက်ဆုံးတော့ ရှောင်မန် ဘာလို့ အလုပ်ရူပ်နေတာလဲဆိုတာကို သိခဲ့ရပြီဖြစ်သည် ။


ဆရာက သူတို့ကို ဒိုင်ယာရီ ရေးရန်အိမ်စာပေးခဲ့သည် ။ သူတို့က တစ်နေကုန် ဘာတွေလုပ်လဲဆိုတာကို ချရေးရမည်ဖြစ်ပြီး အရေးအသားတိုးတက်စေဖို့နဲ့ ဝေါဟာရသုံးတတ်စေဖို့ဖြစ်သည် ။


သေချာပေါက်ကို အေအဆင့်ရှိတဲ့ အိမ်စာက ရှောင်မန် ရဲ့ဟာဖြစ်သည် ။ သူမကအိမ်စာလုပ်ရာတွင် အလွန်တက်ကြွပြီး စိတ်ဝင်တစား ရှိသောကြောင့် အသုံးအနူန်းတွေကအရမ်းကောင်းမွန်သည် ။


ဘာသာစကား ဆရာက ရှောင်မန် ကိုအလွန်နှစ်သက်သောကြောင့် သူမ၏ အရေးအသားကို အတုယူနိုင်စေရန် ဖတ်ပြခိုင်းလေ့ရှိသည် ။


" ဒီနေ့က တနလ်ာနေ့ ဖြစ်တယ် ။ ဖွားဖွား ကငါ့ကိုမနက်စာအနေနဲ့ ပန်ကိတ်လုပ်ကျွေးခဲ့ပြီး အဲ့တာကအရမ်းအရသာရှိတယ် ။ ဖွားဖွား က သူမရဲ့အထူးနည်းလမ်းကြောင့်စားကောင်းတာဖြစ်ပြီး သူမလိုဘယ်သူမှမလုပ်နိုင်ဘူးလို့ပြောတယ် ။ မနက်စာစားပြီးတော့ ကျောင်းကိုလာတယ် ။ ကျောင်းအိမ်စာတွေကိုအကုန်လုပ်ပြီး ကျောင်းဆင်းတော့ သင်တန်းကိုသွားတယ် ။ သင်တန်းမှာဆရာက လက်ဝါးစောင်းနဲ့ အုပ်ကြွပ်ပြား တွေကိုခွဲပြတာအရမ်းမိုက်တယ် ။ ဒီနေ့က အရမ်းပျော်စရာကောင်းတယ် ။"


" ဒီနေ့က အင်္ဂါနေ့ ဖြစ်တယ် ။ မနေ့ပန်ကိတ်ကိုဘဲ ဖွားဖွား ကိုထပ်လုပ်ကျွေးခိုင်းပြီး ဖွားဖွားကငါ့ကို ကျောင်းလိုက်ပို့တယ် ။ ကျောင်းရောက်တော့ အိမ်စာထပ်တာ ငါပထမထပ်ရတယ် ကျောင်းဆင်းတဲ့အချိန် သင်တန်းရောက်တော့ ဆရာကငါလေ့ကျင့်တာကိုချီးကျူးခဲ့တယ် ။"


" ဒီနေ့က........ "


၎င်းက ရှောင်မန် နေ့စဥ်ဖြတ်သန်းနေပုံဘဲဖြစ်သည် ။ နောက်ဆုံးတော့ ရှောင်မန် သူနဲ့မဆော့ဖြစ်တာက လေ့ကျင့်ရတာ အရမ်းပင်ပန်း လို့ဆိုတာ ယွီချင်းရှီ သိသွားခဲ့သည် ။


ပုံမှန်နေ့တွေလို ကျောင်းဆင်းတာနဲ့ သင်တန်းသို့ သွားခဲ့သည် ။ ဆရာ အုပ်ကြွပ်ပြား တွေခွဲပြတာကိုမြင်ကတည်းက သင်တန်း သွားရတာကို ပြန်တက်ကြွလာခဲ့သည် ။


၎င်းကက အရမ်းကိုမိုက်တယ်လိုထင်ပြီး သူမ အုပ်ကြွပ်ပြား တွေကိုချိုးနိုင်တာနဲ့ ဘွားဘွားရဲ့ ကြံတွေကိုလည်းချိုးနိုင်မည်ဖြစ်သည် ။


သူမကသင်ယူဖို့အရမ်းတက်ကြွနေသည် ။ သို့သော်ဆရာက သူမကငယ်သေးသောကြောင့် အလွန်အကြွံမလုပ်သင့်ကြောင်းဆုံးမကာ အသက်နည်းနည်းကြီးလာရင် သင်ပေးမည်ဟု ဂတိပေးသည် ။


ရှောင်မန်သည်လည်း အလောတကြီးမလုပ်သင့်ကြောင်းနားလည်သည် ။ ထို့ကြောင့် သူမက သူမတွင် သင်တန်းဖော်အသစ် ရှိလာမည်ကို မသိဘဲပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေသည် ။


ယွီချင်းရှီ အိမ်ပြန်ရောက်တော့ သူအဖေအား ကိုယ်ခံပညာသင်ချင်သည်ဟုပြောခဲ့သည် ။


ယွီဝမ်ချန်း ကအိမ်တွင်ဆရာများစီစဥ်ပေးသည်ကို ယွီချင်းရှီ မလိုချင်လဲ မစဥ်းစားတတ်ပေ ။ ထိုအချိန်တွင် ယွီချင်းရှီ ကအသံတိုးတိုးလေးနှင့်ပြောခဲ့သည် ။


" သားက ရှောင်မန် နဲ့အတူတူသင်ချင်တာ...."


ယွီချင်းရှီ ကိုကြည့်ပြီး ယွီဝမ်ချန်း သက်ပြင်းချကာ ဝမ်းနည်းတစ်ဝက် ဝမ်းသာတစ်ဝက်ဖြစ်နေသည် ။ သားတွေ အရွယ်ရောက်လာရင် ထိန်းချုပ်လို့ မရတော့ဘူးဟူသည့်စကားက အရမ်းမှန်သည် ။


ယွီချင်းရှီ "........"


အရမ်းရှက်ဖို့ကောင်းတာပဲ....

Xxxxxxxxxxxx