Chapter - 171
အတန်းကို ကျောင်းသားအသစ်ပြောင်းလာခဲ့သည် ။
အတန်းတက်သည့် ကျောင်းသားအများစုက ဆော့ကစားဖို့သက်သက်သာ စိတ်ဝင်စားကြပြီးရှောင်မန်တစ်ယောက်သာ စိတ်ဝင်တစားရှိခဲ့သည် ။
သူမက များများလေ့ကျင့်လျှင်ပိုပြီးသန်မာလာမည် ဟုမျှော်လင့်နေခဲ့သည် ။ အခြားကလေးတွေက ကောင်းမွန်သောအခြေခံမရှိကြပဲ သူတို့ဆက်ပြီး စိတ်ဝင်တစားလုပ်ဆောင်ကြမလားဆိုသည်ကလည်း အရေးမကြီးပေ။
စာသင်နှစ်အလယ်တွင် ကျောင်းသားအသစ်တစ်ယောက်ပြောင်းလာတာက အထူးအဆန်းမဟုတ်သောကြောင့်အတန်းထဲမှကလေးများကနေသားကျနေပြီဖြစ်သည် ။
သို့သော် ဤကျောင်းသားသစ် ကတော့အရမ်းထူးခြားသည်။
ဆရာက ကျောင်းသားသစ်ကလေးနှင့် အတန်းထဲရှိ ကလေးတွေ ပြဿနာတစ်စုံတစ်ရာမရှိဘဲအဆင်ပြေကြဖို့သာ မျှော်လင့်သည်။ကျောင်းသားသစ်ရဲ့ကျန်းမာရေးကအရမ်းကြီးမကောင်းတဲ့အတွက် ဆူညံတဲ့အတန်းဖော်တွေကိုမနှစ်သက်ဘဲ တိတ်ဆိတ်တာကိုသာကြိုက်သည် ။
အတန်းဖော်များက သူ့ကိုဆိုးဆိုးရွားရွားကြီး ဆက်ဆံကြလို့လဲမဖြစ်ပေ ။ ဤကျောင်းသားအသစ်အတွက် ထူးထူးဆန်းဆန်းအပ်ချက်တွေက များလွန်းသည်။
သူ့ကိုဂရုစိုက်ပေးဖို့ အတွက် အရမ်းခက်ခဲလွန်းသည် ။ ပထမဆုံးအကြိမ်ထိုကဲ့သို့ ကျောင်းသားမျိုးအား မည်သို့ကိုင်တွယ်ရမည် မသိသည့်အတွက် ဆရာကလဲ လက်မခံချင်ပေ ။ ကောင်ငယ်ကလေးက အနေအေးပြီးနာခံတတ်တဲ့ပုံစံမျိုးဖြစ်ပြီး ပြဿနာရှာမည့်ပုံလဲမပေါ်ပေ ။ ကောင်ငယ်လေးကို သူ့အဖေက လာပို့ခဲ့ပြီးနောက် ဆရာကလည်းဂရုစိုက်ရမဲ့ အချက်တွေတပုံတပင်ကြီးကို လက်ခံမှတ်သားခဲ့ရသည် ။
ကောင်ငယ်ကလေး၏ အဖေက သူ့သားအတွက် ပထမဆုံးလူမူပတ်ဝန်းကျင်နဲ့ ဆက်ဆံတာဖြစ်ပြီးအရင်က အိမ်မှာဘဲ ဆရာတွေခေါ်ပြီး သင်ကြားခဲ့ရတာဖြစ်သည့်အတွက် ပိုဂရုစိုက်ပေးဖို့အလေးပေးပြောကြားခဲ့သည်။
ဤကျောင်းသားလေးကို ဂရုစိုက်ဖို့အတွက်အရမ်းကို ဒုက္ခများပြီးလက်မခံခဲ့ချင်သော်လည်း သူ့အဖေပေးခဲ့တဲ့ပိုက်ဆံက အရမ်းများတာကြောင့်မငြင်းနိုင်ခဲ့ပေ ။
" အခုကတော့နားချိန်ဘဲ ...."
ဆရာက ယွီချင်းရှီ ကို ရှင်းပြပြီးနောက်ထွက်သွားချင်ယောင်ဆောင်ပြီးအဝေးက ကြည့်ရူနေခဲ့သည် ။ ဒီကလေးက ပတ်ဝန်းကျင်နဲ့အဆင်ပြေနိုင်ပါ့မလား ဆိုတာကိုအကဲခတ်ပြီး သူ့အတွက် ခက်ခဲနေမယ်ဆိုရင် သူ့အဖေကို အသိပေးမည်ဖြစ်သည်။
သူ့အဖေပြောခဲ့သလိုဘဲ ယွီချင်းရှီက တိတ်တိတ်ဆိတ်ဆိတ်သာနေတတ်ပြီး တခြားကလေးများကဲ့သို့စူးစမ်းချင်စိတ်လဲမရှိပေ ။ သူကငြိမ်ငြိမ်လေးသာထိုင်နေပြီး ဖြစ်ပျက်နေသမျှက သူနဲ့မဆိုင်သလိုသာဂရုမစိုက်ပေ ။
ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုလုပ်အတန်းထဲမှာပထမရနိုင်ပါ့မလဲ သူကစိတ်ဝင်စားမူ နည်းနည်းလေးတောင်မရှိပေ ။ ပြီးတော့လဲသူကအခြေခံကြံ့ခိုင်မူစစ်ဆေးတာ ကိုတောင်မလုပ်ခဲ့သောကြောင့် ဆရာက ဘယ်ကနေဘယ်လိုစပြီးသင်ကြားပေးရမလဲစဥ်းစားမရချေ ။
သူ့ကျန်းမာရေးကြောင့် တခြားကလေးတွေလိုမျိုး လေ့ကျင့်ခန်းမျိုးနဲ့ သင်ကြားပေးလို့မရဖြစ်နေခဲ့သည် ။ ဆရာတွေးနေတုန်းမှာဘဲ တစ်ယောက်ယောက်ကောင်လေးကို ခေါ်တာကြားလိုက်ရသည် ။
ရင်းနှီး နေတဲ့အသံပိုင်ရှင်ကတော့အတန်းရဲ့ အတက်ကြွဆုံးလေ့ကျင့်ရာမှာ အရမ်းစိတ်အားထက်သန်တဲ့ကျန်းရှောင်မန် ဖြစ်သည်။သူမက ကောင်လေးနဲ့ရင်းနှီးနေကာကောင်းမွန်သောဆက်ဆံရေး ရှိပုံပေါ်သည်။
" နင်ဘာလို့ဒီကိုရောက်နေတာလဲ...."
သူမက အံ့အားသင့်စွာမေးလိုက်သည်။
ယွီချင်ရှီ လည်းဘဲအံ့သြနေသံနှင့်ပြောလိုက်သည်။
" အာ နင်ဒီမှာရှိမယ်မှန်းငါမသိခဲ့ဘူး ..."
" ငါတို့က ဒီလိုဆုံဖို့ကံပါလာလို့နေမှာပေါ့ ...."
ကျန်းရှောင်မန်က ပြောရင်းနှင့် သူ့ကိုလက်ဝှေ့အိတ်တစ်ခုအနား ဆွဲခေါ်သွားခဲ့သည်။
" နင်ဒီတစ်ခုနဲ့စမ်းကြည့်ချင်လား....."
"ငါကလက်ဝှေ့အိတ်ကို အရမ်းကြိုက်တယ် ငါ့ဘွားဘွားကိုရိုက်လို့ပြန်မတိုက်ခိုက်နိုင်တဲ့အချိန်တိုင်း ငါဒီကိုလာပြီး အရိုက်ခံရတဲ့အချက်အရေအတိုင်း ငါထိုးတတ်တယ်.... ဒါက ငါ့ဒေါသတွေရဲ့ထွက်ပေါက်လိုဖြစ်ပြီး ငါ့ကိုအရမ်းစိတ်သက်သာရာရစေတယ်လေ...."
"..... "
ယွီချင်းရှီ ကဘာမှမပြောပဲ သူမကိုသာစိုက်ကြည့်ပြီး နားထောင်နေခဲ့သည်။
လက်ဝှေ့အိတ်က ဝါဂွမ်းနဲ့တခြားအရာအနည်းငယ်ကို ဖြည့်ထားပြီးအလေးချိန်ရှိကာ သဲအစစ်နဲ့မဟုတ်ဘဲ ကလေးများအတွက် ရည်ရွယ်ထားတာဖြစ်သည်။
ရှောင်းမန်က ယွီချင်းရှီ ကိုဘယ်လိုကန်ရမလဲပြသပေးခဲ့သည် ။ သူမရဲ့ခြေကန်ချက်တွေက လှပအားပြင်းစွာနဲ့ ဆက်တိုက်ဆိုသလို ထိုးအိတ်ပေါ်ကို ကျရောက်နေခဲ့သည်။
" ဘယ်လိုလဲ ဒါကလွယ်တယ်မလား ...."
သူမက သူမကိုယ်သူမညဂုဏ်ယူနေခဲ့သည် ။ ယွီချင်းရှီ ကသူမလိုအတုခိုးပြီးကန်လိုက်သော်လည်း ရှောင်မန် လိုမျိုးမဟုတ်ဘဲ ပြန်ကန်ထွက်လာသည့်အားကြောင့် လဲကျသွားခဲ့သည်။
ရှောင်မန်က ရယ်မောပြီးထူဖို့လက်ကမ်းပေးခဲ့ပေမဲ့ ယွီချင်းရှီ ကတော့ အူတူတူနဲ့ထိုင်နေတုန်းဖြစ်သည် ။ သူက ရှောင်မန် ရဲ့လှည့်စားတာခံလိုက်ရတယ် ဆိုတာကိုသဘောပေါက်ဖို့ အချိန်အနည်းငယ်ကြာခဲ့သည် ။
သူမကအရင်လိုဘဲမပြောင်းလဲသေးဘူးပဲ.... တစ်ခါတစ်လေမှာ သူ့အပေါ်ကောင်းတယ်ဆိုပေမဲ့ မပြောင်းလဲသေးဘူး ဒါပေမဲ့ခွင့်လွှတ်ပေးလိုက်ပါမယ်လေ သူမကရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမှမဟုတ်တာ....
ဤအခြေအနေကို မြင်ပြီး ဆရာက သူတို့နှစ်ယောက်ရင်းနှီးသည်ကို အတည်ပြုပြီးဖြစ်သည့်အတွက် စိတ်ပူစရာမလိုအပ်တော့ပေ။
ရှောင်မန် ရှိသရွေ့တခြားကလေးတွေပြဿနာလာရှာခဲ့မည်ဆိုလျှင်ပင် သူမကကောင်းကောင်းကြီးပညာပြန်ပေးလိုက်လိမ့်မည်ဖြစ်သည်။
" ကြည့်ထား ငါနင့်ကိုပြပေးမယ် ..."
ရှောင်မန်က အရွယ်ရောက်သူကြီးတစ်ယောက်လိုပြုမူပြီးပျော်ရွင်နေသည်။ သူမကတခြားသူတွေကိုဆရာကြီးလုပ်ပြီး သင်ပေးရတဲ့ခံစားချက်ကို အရမ်းသဘောကျသည်။
ထိုခံစားချက်က အရမ်းကောင်းပြီးသူမသန်မာလာတဲ့အခါ အခြားသူတွေကိုလည်း သူမလိုသန်မာလာဖို့ပြန်သင်ကြားပြသပေး နိုင်သည်။
သူမက အတန်းထဲတွင် အကြိုးစားဆုံးနှင့် အတက်ကြွဆုံး ဖြစ်ပြီးလေ့ကျင့်ခန်းလုပ်ရတာ ကိုစွဲလမ်းသူဖြစ်သည်။ သူမ လေ့ကျင့်ပေးသည့် နည်းလမ်းများကို ယွီချင်းရှီ ကသေမတတ်တောင့်ခံနေခဲ့ရသည်။
" နင်ကအရမ်းအားနည်းတာပဲ ယွီချင်းရှီ..."
ယွီချင်းရှီလည်း သူမထက်အားမနည်းချင်ပေ။ သူက ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူမကိုကာကွယ်ပေးချင်သည်။သို့သော်ရှောင်မန် က အရမ်းသန်မာပြီး အတိုက်အခိုက်တော်လွန်းသည်။
ယွီချင်းရှီက သူ့မျက်နှာဖြူဖျော့နေသော်လည်း သူ့၏ယောက်ျားဆန်မူကိုပြသဖို့ကြိုးစားနေခဲ့သည်။ရှောင်မန်က သူ့ရဲ့လက်ကိုဆွဲပြီးနှစ်သိမ့်ပေးခဲ့သည်။
" အဆင်ပြေပါတယ်လူတိုင်းမှာကျွမ်းကျင်တဲ့အရာတွေကမတူညီကြဘူးလေ.... နင်မလုပ်နိုင်ဘူးဆိုလည်းရပါတယ်... ငါလက်နဲ့အုပ်ကြွပ်ပြားတွေကိုဘယ်လိုခွဲ ရမလဲသင်ပြီးရင် ငါနင့်ကိုကာကွယ်ပေးမယ်...."
Xxxxxxxxxxx
Chapter 172
ယွီချင်းရှီ၏ ဖြူဖျော့ဖျော့မျက်နှာလေးက နောက်တစ်ဖန် နီရဲလာခဲ့သည် ။ သူက သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး
" နင့်ကိုငါက အလကားကာကွယ်ခိုင်းလို့ ဘယ်ဖြစ်မလဲဒီလိုလုပ်ပါလား.... နင်ကငါ့ကိုလေ့ကျင့်ဖို့ကူညီပေး ငါကလည်းနင် စာလုပ်ဖို့ပြန်ကူညီပေးမယ်လေ ...."
" နင်က ငါ့ကိုစာပြပေးမှာလား...."
ယွီချင်းရှီ ကခေါင်းလေးငုံ့ထားပြီး ပြောလိုက်သည်။
" ငါ့အဖေက ငါ့အတွက် ကျူရှင်ဆရာတွေ အများကြီး ငှားပေးထားလို့ ငါအိမ်စာတွေအများကြီးလုပ်ရတယ်.... ကျောင်းဆင်းလို့ နင်လေ့ကျင့်ပြီးတာနဲ့ ငါနဲ့ အတူတူ စာလုပ်လို့ရတယ် ဘယ်လိုလဲ...."
ရှောင်မန် ခဏလောက်စဥ်းစားပြီးသဘောတူခဲ့သည်။နှစ်ယောက်သား သဘောတူညီမူရပြီးနောက်မှယွီချင်းရှီ စိတ်သက်သာရာရ ခဲ့သည် ။
နောက်တစ်နေ့တွင် သဘောတူညီထားတဲ့အတိုင်း ရှောင်မန် က ယွီချင်းရှီ ကိုလေ့ကျင့်ဖို့ကူညီပေးခဲ့သည် ။
ယွီချင်းရှီ ကခဏလောက်အပြေးလေ့ကျင့်ခဲ့ပြီး အကြောလျော့လေ့ကျင့်ခန်းအချို့ ကိုလည်းလုပ်ခဲ့သည်။
ရှောင်မန်က ယွီချင်းရှီ ရဲ့ဆရာနဲ့ အတူ စကားပြော လေ့ကျင့်ခဲ့သည် ။ ဘာသာစကားဆရာက လန်ဒန်လေသံဝဲဝဲနဲ့ စကားပြောတတ်ပြီး ရွှေရောင်ဆံပင် မျက်လုံးပြာလေးတွေနှင့် ချောမောသည့်အလှလေးဖြစ်သည် ။
ထိုဆရာလေးကို တွေ့ပြီးအိမ်ပြန်ရောက်တော့ ရှောင်မန် ကသူ့ဘွားဘွားကိုဆံပင် ရွှေရောင်ဆိုးချင်တယ်လို့ပြောခဲ့သည် ။ ရလဒ်ကတော့ နောက်ထပ် အရိုက်ခံရမလိုတောင်ဖြစ်ခဲ့သည် ။
ရှောင်မန်က ဆံပင်ဆေးဆိုးတာလေးတစ်ခုအတွက် အရိုက်ခံရ မလိုဖြစ်ခဲ့ သောကြောင့် ဒေါသထွက်နေခဲ့သည် ။ သူမကဆံပင် ဆေးဆိုးတာကို ပျော်စရာကောင်းမည့် တစ်ခုခုဟုသာတွေးခဲ့တာဖြစ်သည် ။
နောက်တစ်နေ့ လေ့ကျင့်ချိန်တွင် ရှောင်မန်ကထိုးအိတ်ကိုသာ အားရပါးရထိုးကြိတ် ကန်ကျောက်နေခဲ့သည် ။
ယွီချင်းရှီ ကသူမရဲ့ပုံစံကို မြင်ပြီးအထိတ်တလန့်နှင့် မေးလိုက်သည်ဟ
" ဘာဖြစ်လို့လဲ နင့်ရဲ့ဘွားဘွားက ထပ်ရိုက်ပြန်ပြီလား ...."
ရှောင်မန် ကငိုချင်နေသည့် မျက်လုံးနီနီများဖြင့် ပြောလိုက်သည်။
" နင်ဘယ်လိုသိတာလဲ ..."
" နင်နောက်ဆုံး အရိုက်ခံခဲ့ရတာက သုံးရက်တောင်ရှိနေပြီလေ ...."
ရှောင်မန် ဒေါသတကြီး ထိုင်ချလိုက်ပြီး ပြောခဲ့သည် ။
" ငါ့ဘွားဘွားက အရမ်းချုပ်ချယ်လွန်းတယ် ငါတို့ရွာမှာနေတုန်းကတောင်မှ သူမကငါ့ကိုနေ့တိုင်းရိုက်ခဲ့တာမဟုတ်ဘူး.... အခုလိုဖြစ်နေတာငါဘာအမှားလုပ်မိလို့လဲ သူမက ငါ့ကိုအရင်လောက် မချစ်တော့ဘူး...."
ယွီချင်းရှီ သူမဘေးမှာထိုင်ပြီးကူဖြေရှင်းရန် ကြိုးစားနေခဲ့သည်။
" နင်ပြောတာ နင့်အသက် သုံးနှစ်ကလား...."
" အင်း...."
ယွီချင်းရှီ ကသူ့အသက်သုံးနှစ်ကမှတ်ဥာဏ်တွေကိုမသိတော့သော်လည်း ရှောင်မန် ကသေသေချာချာကို မှတ်မိသည် ။
" နင့်ဘွားဘွားအရင်က ဘယ်လိုလူမျိုးလဲဆိုတာ ငါမသိပေမဲ့ သူမှာအကြောင်းအရင်းတစ်ခုခု ရှိလောက်မှာပါ ...."
" ငါငယ်ငယ်တုန်းက သူမငါ့ကိုမရိုက်ခဲ့ဘူး...."
" သူမက တိတ်ဆိတ်တဲ့ကလေးတွေ ကိုဘဲသဘောကျလို့ နေမှာပေါ့ ..."
ရှောင်မန် စဥ်းစားပြီးနောက် ယွီချင်းရှီ ပြောတာမှန်သည်ဟု ထင်သည် ။
ရှောင်မန် ရွာမှာနေခဲ့စဥ်က စကားပြောဖော်သူငယ်ချင်း မရှိခဲ့သလိုအထူးအဆန်း ဖြစ်စေမည့်အရာများလည်း မရှိခဲ့ပေ ။
ရှောင်မန်၏ တစ်ဦးတည်းသော သူငယ်ချင်းက ဦးဦးစနစ် ဖြစ်သလို သူမကလည်း ဦးဦးစနစ်နှင့် စကားပြောရတာကိုသဘောကျသည် ။
ဦးဦး စနစ်နှင့်စကားပြောဖို့ အသံထွက်စရာ မလိုသောကြောင့်သူမငယ်စဥ်က တိတ်ဆိတ်သည့်ပုံပေါ်ခဲ့သည် ။
တစ်ခါတစ်ရံဆိုလျှင် သူမသည် ပျင်းလွန်း၍ ဝက်များနှင့်ပင်စကားပြောကာ နေခဲ့ရသည် ။ ရှောင်မန် သည် သူမအရမ်းအထီးကျန်ခဲ့ရကြောင်း တွေးကာငိုချင်လာခဲ့သည် ။
". အနာဂတ်မှာ နင့်ဘွားဘွား နင့်ကိုရိုက်ခဲ့ရင် ငါ့ကိုခေါ်လိုက် ငါနင့်ကိုကာကွယ်ပေးမယ် ...."
" တကယ်လို့ နင် မကြားရင် ဘယ်လိုလုပ်မလဲ...."
" ဒါဆိုလဲ နင်ပိုကျယ်ကျယ် အော်ခေါ်လိုက် ...."
" နင်မြန်မြန်ရောက်မလာရင်ရော ...."
" ငါရောက်လာမှာပါ....."
ကျန်းရှောင်မန် ခဏစဥ်းစားပြီး ထပ်ပြောလိုက်သည်။
" ဒါဆိုရင်လည်း ငါတို့အိမ်ရဲ့ခြံစည်းရိုးမှာ အပေါက်ဖောက်ထားရအောင်လေ.... အဲ့ဒါမှမှအဲ့ဒီ့ အပေါက်လေးတွေက နေငါ့ဆီလာလို့ရမှာ...."
" ......"
" နင်ဒီတိုင်းသာ အရိုက်ခံလိုက်ပါတော့...."
သူဒီငတုံးမ ရှောင်မန် နဲ့စကားမပြောချင်တော့ပေ ။
သူကသူမအတွက် အတတ်နိုင်ဆုံးတွေးပေးသော်လည်း ဒီငတုံးမရဲ့ခေါင်းထဲမှ ကြောင်တောင်တောင် အကြံတွေသာထွက် လာခဲ့သည်။
သူမ၏ အကြံပေးက သူမကိုဂရုမစိုက်တော့တာတွေ့ပြီး ရှောင်မန် ကစိတ်ပြေအောင် ကြိုးစား တော့ သည်။
" ငါဒီတိုင်း နောက်လိုက်တာပါ... ညကျရင် ငါ့မှာ အစီအစဉ် ရှိတယ်နင်လာချင်လား...."
ရှောင်မန်ချော့ကတည်းက စိတ်ပြေနေပြီဖြစ်တဲ့အတွက် သူအလျင်အမြန် သဘောတူခဲ့သည်။
" ကောင်းပြီ...."
သူတို့နှစ်ယောက်ပြန်အဆင်ပြေပြီးနောက်မှ သူမရဲ့အစီအစဥ်က ဘာလဲဆိုတာ သိခဲ့ရသည်။
ရှောင်မန် ကရွှေရောင်ဆံပင်ကိစ္စကိုလက်မလျှော့သေးဘဲ သူ့ဆီက အဝါရောင်ဆေးတွေကို ငှားခဲ့သည် ။
ရှောင်မန် ကသူမရဲ့ဆံပင်တွေကိုဆေးတွေ သုတ်ရုံတင်မဟုတ်ဘဲ ယွီချင်းရှီ ကိုပါဆေးသုတ်ပစ်ခဲ့သည်။
ဆေးသုတ်ထားတဲ့ပုံက ဝက်နှစ်ကောင်ကိုအဝါရောင်သုတ်ထားတာနှင့်ဆင်တူသည် ။
အဆုံးမှာတော့ ရှောင်မန် အရိုက်ခံရရုံတင်မဟုတ်ဘဲ ယွီချင်းရှီ ပါ အရိုက်ခံရနီးနီးဖြစ်ခဲ့သည် ။
Xxxxxxxxxxx
Chapter - 173
ကျန်းရှောင်မန်က ဆိုးဆေးများကို ရေးဆေးချရင်း ငိုနေခဲ့သည် ။ ၎င်းကအချိန်အကြာကြီးနေမှ ဝမ်းနည်းတကြီး သူမငိုနေရတာဖြစ်ပြီး ကိုယ့်ကိုယ်ကို အရွယ်ရောက်ပြီဟု သတ်မှတ်ထားသည့် သူမအတွက် အရမ်းကိုအရှက်ရစရာ ဖြစ်သည် ။
သူမ၏ ဘွားဘွားရှေ့မှာမျက်ရည်ကျတာက အသုံးမဝင်၍ သူမ မငိုချင်ပေ ။
သူမ ငယ်စဥ်ကတည်းက ကိုယ်တိုင်သန်မာအောင် နေခဲ့ရပြီး သူမ၏ ဘွားဘွားကလည်း ဘာမှမလုပ်ပေးတဲ့အတွက် သူမကတိတ်တဆိတ်နဲ့ သန်မာအောင်သာ နေခဲ့သည် ။
သို့သော် ဒီနေ့မှာတော့ သူမရဲ့ငိုချင်စိတ်ကိုထိန်းမရခဲ့ပေ ။ ယွီချင်းရှီ ပြန်သွားပြီးနောက် သူမတစ်ယောက်တည်းသာ အရူပ်တွေရှင်းဖို့ကျန်ခဲ့ရသည် ။
ရှောင်မန် ငိုရင်းနှင့် ဆိုးဆေးတွေပျက်ဖို့ အချိန်အကြာကြီးဆေးကြောခဲ့ရသည် ။ ထို့နောက်သူမ ဆိုးဆေးများနှင့် သုတ်ထားသည့်ဝက်ပေါက်ကလေးကိုပါ ဆေးကြောပေးခဲ့ရသည် ။
ဝက်ပေါက်ကလေးက ကြောက်လွန်းလို့တုန်ရီနေသည်ကို မြင်ပြီး သူမစိတ်မကောင်းဖြစ်နေရသည်။
သူမ ဝက်ကလေးရဲ့ခြေထောက်လေးကို ဆွဲလိုက်ပြီး ပြောလိုက်သည်။
" နင်ရော ငါအရမ်းဆိုးတယ်လို့ထင်လား ဟင်.... "
ဝက်ကလေးက သူ့ကိုယ်သူအတွက်အရမ်းဝမ်းနည်းမိသည် ။ ပထမဆုံး အနေဖြင့်သူ့ မကောင်းဆိုးဝါး သခင်ထံမှ အဝါရောင်ဆေးတွေဆိုးပေးခံရပြီး ဆေးကြောနေတုန်းမှာ သူကိုယ်သူ ချက်စားခံရတော့မည်ဟု ထင်ခဲ့တာဖြစ်သည် ။
ဝက်ကလေးက ပြန်မပြောနိုင်ပေမဲ့ မျက်ရည်တွေနဲ့ဖြစ်သည် ။ ရှောင်မန်က ဝက်ကလေးကို ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။
" ဘေဘီလေး နင်ကငါ့ကိုအချစ်ဆုံးဆိုတာ ငါသိတယ် ဒီညငါနင်နဲ့ပဲ လာအိပ်တော့မယ် ..."
ဝက်ကလေး "........"
ထို့နောက်မှာတော့ ရှောင်မန်က တကယ်ကြီး ဝက်ကလေးနှင့်အိပ်ခဲ့သည် ။
သူမငယ်စဥ်ကတည်းက တစ်ခါတစ်ရံ ဝက်ကလေးတွေနှင့် အိပ်လေ့ရှိပြီး အခုတော့သူမဟာ ကလေးမလေးမဟုတ်ကြောင်း သူမရဲ့ရှည်လာတဲ့အရပ်က သက်သေပြနေသည် ။
ဘွားဘွားက ပင်ပင်ပန်းပန်း လုပ်စရာမလိုသောကြောင့် အိမ်အလုပ်အချို့ကိုသာ လုပ်ရသည် ။ တစ်ခါတစ်ရံမှသာ ဝက်ခြံကိုရှင်းလင်းလေ့ရှိသည် ။
ရှောင်မန်က သက်တောင့်သက်သာ ရှိစွာနှင့် အိပ်ပျော်သော်လည်း ဝက်ကလေးကတော့ နံရံမှာဖြစ်ညစ်ခံရပြီး တစ်ညလုံးနေခဲ့ရသည် ။
ကျန်းဟွေ့မိန် ရှောင်မန်ကိုနှိုးဖို့သွားတဲ့ အခါတွင် သူမမရှိတော့တာကိုတွေ့လိုက်ရသည် ။
ကျန်းဟွေ့မိန်က ကျန်းရှင်းကိုအကျယ်ကြီး အော်ခေါ်လိုက်ပြီး
" နင့်ဦးလေးထောင်ကထွက်လာပြီပြဿနာတစ်ခုခု ရှာထားတာလားငါတို့ရဲ့ရှောင်မန်ကို မတွေ့တော့ဘူး ...."
ကျန်းရှင်း ထိုစကားကိုကြားသည့်အခါတွင် နှလုံးရပ်မတတ် လန့်ဖြပ်သွားခဲ့သည် ။
ဘာဖြစ်တယ် ... ထောင်ကလွတ်လာတာလား... ဒါကြီးက လက်တွေ့မှာဖြစ်နိုင်လို့လား....
သို့သော် ရှောင်မန်သာ တကယ်ပျောက်သွားသည် ဆိုပါက ပြဿနာအကြီးကြီးဖြစ်သွားမည်ပင်။
ဟုန်ရှင်းကော ကသံသယဝင်စရာ အကောင်းဆုံးဖြစ်သည့်အတွက် သူ့ကိုပထမဆုံးတွေးမိတာကပုံမှန်ဖြစ်သည် ။
ကျန်းရှင်းက သူ့ကိုယ်သူအတတ်နိုင်ဆုံးစိတ်ငြိမ်အောင် ထားလိုက်ပြီး
" အမေ စိတ်အေးအေးထားပါဦးသူမကိုအိမ်ထဲမှာ အရင်လိုက်ရှာကြည့်လိုက်ပါဦး တစ်နေရာရာမှာ ပုန်းနေတာဖြစ်ပါလိမ့်မယ်... အိမ်သာထဲမှာရော ရေချိုးခန်းထဲမှာရောဗီဒိုတွေထဲမှာရော ...."
ကျန်းဟွေ့မိန်က ရှောင်မန်ကိုနေရာအနှံ့ လိုက်ရှာခဲ့သည်။
ကျန်းရှင်းက ခဏလောက်စဥ်းစားလိုက်ပြီး ဟုန်ရှင်းကောက ထောင်ထဲမှာရှိနေဆဲဖြစ်ပြီး တကယ်သာ ရှောင်မန်ပျောက်သွားခဲ့ရင် တရားခံက ဟုန်လီ ဖြစ်ဖို့များသည် ။
ကျန်းရှင်းက ဟုန်လီကို ဖုန်းခေါ်လိုက်ပြီး ရှောင်မန်ကို အခုချက်ချင်းပြန်မပေးရင် သေအောင်ရိုက်သတ်မည်ဟု ခြိမ်းခြောက်နေတော့သည်။
ဟုန်လီက ဖုန်းကိုင်ကိုင်ချင်း သေမတတ်ကျိန်ဆဲခံရပြီး ကြောင်အနေတုန်း ကျန်းဟွေ့မိန်က တစ်အိမ်လုံးအနှံ့ ရှာပြီးရဲခေါ်တော့မဲ့ ဆဲဆဲမှာဘဲ ရှောင်မန်က ဝက်ခြံထဲကနေ အိပ်ချင်မူးတူးနဲ့ ထွက်လာခဲ့သည် ။
ရှောင်မန် ကသူမကြောင့် ဘယ်လောက်တောင် ဂယက်ထသွားလဲဆိုတာ မသိဘဲ
" ဘွားဘွား "ဟုအိပ်ချင်မူးတူးနှင့် ခေါ်လိုက်သည်။
ရှောင်မန်၏ ဆံပင်တွေက ရူပ်ပွနေပြီး သူမက ခေါင်းအုံးလေးကို ပိုက်ကာရပ်နေခဲ့သည် ။
ကျန်းဟွေ့မိန်၏ အကြည့်မျာက အေးစက်နေပြီး သူမရဲ့နူတ်ခမ်းတွေက ဒေါသကြောင့်တုန်ရီနေပြီး မကြာခင်တွင် ရှောင်မန်က သေချာပေါက် အရိုက်ခံရတော့မှာဖြစ်သည် ။
Xxxxxxxxxxx
Chapter - 174
ရှောင်မန်က ဒီလိုအရိုက်မခံရခင် ပုံစံများနှင့် နေသားကျနေပြီဖြစ်သည့်အတွက် မျက်ရည်တွေ ဝဲလာခဲ့ပြီး မျက်နှာသေးသေးလေးက မျက်ရည်တွေ အပြည့်နှင့် ဖြစ်နေသည် ။
သူမ စတင်ငိုကြွေးတော့သည် ။
ကျန်းဟွေ့မိန်က အံကြိတ်ပြီးသူမကို မေးခဲ့သည် ။
" နင်မနေ့ညက ဘယ်မှာအိပ်ခဲ့တာလဲ ..."
" ဝက်ခြံထဲမှာအိပ်ခဲ့တာလား ...."
" ဟုတ်တယ်...."
ကျန်းဟွေ့မိန် အလွန်ဒေါသထွက်စွာပြောလိုက်သည်။
" နောက်နေ့ကစပြီး အိမ်ထဲမှာလာမအိပ်နဲ့တော့.... ဝက်ခြံထဲမှာဘဲအိပ် ..."
ရှောင်မန် အရမ်းအံသြသွားပြီး သူမ၏ ဘွားဘွားကိုဖက်ကာ အော်ဟစ်ငို ကြွေးတော့သည် ။
ကျန်းဟွေ့မိန်က စိတ်ဆိုးစွာနှင့် သူမကိုဖယ်ချထားခဲ့သည် ။ ရှောင်မန်က အရမ်းကိုကြောက်လန့်သွားပြီး ဘွားဘွားကသူမကို မလိုချင်တော့ဘူးဟု အော်ဟစ်ငိုယိုနေခဲ့သည် ။
ကျန်းရှင်း အိမ်ပြန်ရောက်သည့်အခါတွင် ကျန်းဟွေ့မိန်က သူ့ကိုဝက်ခြံနားမှာရှောင်မန်နေရန် အခန်းတစ်ခန်းဆောက်ခိုင်းခဲ့သည် ။
ကျန်းဟွေ့မိန်က ဒေါသထွက်နေတုန်း ပြောတဲ့စကားဖြစ်ပေမဲ့ ရှောင်မန်က အတည်မှတ်ကာ နေဖို့သဘောတူခဲ့သည်။
ကျန်းဟွေ့မိန် " .........."
" အမေ စိတ်လျှော့ပါ သူနောက်တစ်ခါမလုပ်ရဲလောက်တော့ပါဘူး ..."
သူ့ဦးလေး၏ ကျေးဇူးကြောင့် ရှောင်မိန် ကထပ်အဆူမခံရတောပေ ။ နောက်တစ်နေ့ ကျောင်းရောက်သည့်အခါတွင် ရှောင်မိန်၏ မျက်လုံးများက နီရဲနေကာ သူမအလွန်အမင်းငိုထားခဲ့တာကြောင့် ဖူးယောင်နေသည်။
ယွီချင်းရှီက ရှောင်မန်၏ နီရဲနေတဲ့မျက်လုံးတွေကြောင့်မနေ့ညက ဘာဖြစ်ခဲ့လဲ ခန့်မှန်း၍ရနိုင်သည် ။
" နင်မနေ့က အရိုက်ခံရသေးလား ...."
" ဟင့်အင်း ..."
" ဒါဆိုနင် ဘာလို့ငိုထားတာလဲ ...."
" အရမ်းသိသာနေလို့လား ..."
ရှောင်မန်က သူမရဲ့မျက်လုံးတွေကိုအုပ်လိုက်ပြီး ပြောလိုက်သည်။
" ငါမနေ့က ဝက်ခြံထဲမှာအိပ်လို့ အဖွားက ငါ့ကိုဆူခဲ့တာ ..."
" နင်ဝက်နဲ့အတူ အိပ်ခဲ့တာလား ...."
" အဲ့လောက်ထိ အထူးအဆန်းကြီးမလုပ်စမ်းပါနဲ့ ဝက်ခြံဆိုပေမဲ့ အရမ်းသန့်ပြီး အိပ်လို့ကောင်းတယ်နင်လည်း မြောက်မြောင်နဲ့ အတူတူအိပ်တာပဲမလား ...."
" အဲ့တာကမတူဘူးလေ ငါကသူ့အိပ်ရာမှာသွားအိပ်တာ မဟုတ်ဘဲ သူကငါ့ဆီ လာအိပ်တာလေ...."
" အဲ့လိုလား ..."
ရှောင်မန် ကခဏလောက်စဥ်းစားပြီး ထပ်ပြောလိုက်သည်။
"ဒါဆို ငါ့အိပ်ရာထဲခေါ်သိပ်လိုက်မယ်...."
" ဒါဆိုနင် နောက်ထပ် အရိုက်ခံရလိမ့််မယ် "
ယွီချင်းရှီ၏ အကြံပေးချက်ကြောင့် သူမ၏ ပေါက်တတ်ကရ အတွေးကိုလက်လျှော့လိုက်တော့သည် ။
မျက်စိတစ်မှိတ် အတွင်းတွင် နှစ်ဝက်စာမေးပွဲကိုရောက်ရှိလာခဲ့သည် ။
၎င်းက ကလေးတွေအလေးအနက် ထားကြရမည့် ပထမဆုံးအကြိမ် ဖြစ်သည် ။ ပုံမှန်စာမေးပွဲ တွင် ကလေးများက သူတို့မသိတဲ့မေးခွန်းတွေကို လက်ထောင်ပြီး ဆရာမကိုမေးလေ့ရှိကြသည် ။
စာမေးပွဲ ဖြေချိန်မှာဆရာမက ကလေးများကို စာအုပ်တွေထဲက မကြည့်ကြဖို့နဲ့ စကားမပြောကြဖို့ တဖွဖွပြောပြ နေရသည် ။
တစ်ပတ်ကြာပြီးနောက် စာမေးပွဲရလဒ်တွေ ထွက်လာပြီဖြစ်သည် ။
ရှောင်မန် အတွက်စာမေးပွဲကသိပ်မခက်ပေ ။ အမှတ်အများဆုံးက ၁၀၀သာမဟုတ်ရင် သူမကဒီထက်ပိုရဖို့တောင်မှ ယုံကြည်ချက်ရှိသည် ။
တစ်ကျောင်းလုံးမှာ အမှတ်ပြည့်ရသည့် ကလေးအများအပြား ရှိလေသည် ။
အတန်း ၁ မှာအမှတ်ပြည့်ရတာလေးယောက်ရှိပြီး ရှောင်မန် ၊ ယွီချင်းရှီ နှင့် တခြားကလေးနှစ်ယောက်တို့ဖြစ်သည် ။
အတန်းပိုင်က သူတို့လေးယောက်အတွက် ဂုဏ်ပြုလက်မှတ်ပေးခဲ့ပြီးအသုံးမဝင်သော်လည်း ရှောင်မန် ကိုအလွန်ပျော်ရွှင်စေသည် ။
သူမရဲ့ဝါသနာက ပန်းပွင့်နီလေးတွေ စုဆောင်းရာမှ ဂုဏ်ပြုလက်မှတ်တွေ စုဆောင်းခြင်းသို့ ပြောင်းလဲသွားသည် ။
နှစ်လယ်ကနေ နှစ်ဆုံးထိစာမေးပွဲတွေ အကုန်လုံးမှာ သူမကြိုးစားရမည် တစ်ခုလေးတောင်မှ လွတ်သွားလို့မဖြစ်ပေ ။
အိမ်ပြန်ရောက်တဲ့အခါတွင် ရှောင်မန် ကသူမရဲ့စာကြည့်စာပွဲနားက နံရံမှာ ဂုဏ်ပြုလက်မှတ်ကို စာကြိုးစားဖို့တွန်းအား အနေနဲ့ ကပ်ထားလိုက်သည် ။
အပြင်းအထန်စာလုပ်ပြီး နောက်နေ့မှာ ရှောင်မန် ကျောင်းကိုတက်ကြွစွာသွားတော့သည် ။
အတန်းထဲ ဝင်ခါနီး တစ်ယောက်ယောက်ငိုနေသံကြားလိုက်ရသည် ။
" ဘာလို့ငိုနေတာလဲ "
ကျန်းရှောင်မန်မေးလိုက်သည် ။
ငိုနေသော ကျန်းရှင်းဟွား ကမျက်ရည်သုတ်ကာ ပြောလိုက်သည်။
" ငါကအတန်းထဲမှာ နောက်ဆုံးအဆင့်ရလို့ မနေ့ကငါ့အဖေက ငါ့ကိုရိုက်တယ် အဆင့်တက်မလာဘူးဆိုရင် ငါ့ကိုမုန့်မကျွေးတော့ဘူး လို့ပြောတယ် ..."
" နင်အဖေကအရမ်းလွန်တာပဲ...."
ကျန်းရှင်းဟွား က ရှောင်မန့်ကို ကြည့်ကာ
" နင်ကအရမ်းတော်တာပဲနော်.... အမှတ်ပြည့်လည်းရတယ်... ငါအဆင့်တက်လာဖို့ စာပြပေးနိုင်မလားဟင်...."
" ဒါပေါ့ ငါက နေ့တိုင်း စာအရမ်းလုပ်တယ်လေ...."
" ဒါဆို ငါရော ဘယ်လိုစာလုပ်ရမလဲ ...."
ရှောင်မန်က အလေးအနက်စဥ်းစားလိုက်ပြီး ဖြေလိုက်သည်။
" နင့်ဆံပင်တွေကို တင်းတင်းကြပ်ကြပ် စည်းထားပြီး နင့်ပေါင်မှာအပ်တွေစိုက်ထားလိုက် အဲ့ဒါဆိုနင် ပြင်းပြင်းထန်ထန် စာလုပ်ချင်သွားလိမ့်မယ်....." ( 1 )
" အမ် ....အဲ့ဒါက အရမ်းကြောက်ဖို့ကောင်းမနေဘူးလား ...."
ကျန်းရှင်းဟွား က တွေးရင်းနှင့်ပင်ကြက်သီးထနေသည် ။
" ကြောက်ဖို့ကောင်းပေမဲ့ တကယ်ကြီးထိရောက်မှာနော်..."
" ဒါဆို ဘယ်လိုလုပ်ရမလဲ နင်ငါ့ကိုသင်ပေး...."
" ကောင်းပြီ လေ ...."
ရှောင်မန် သူမအိတ်ထဲမှ ရာဘာသားရေကွင်း နှစ်ကွင်းကိုယူလိုက်ပြီး ကောင်လေး ရဲ့ဆံပင်ကိုနှစ်ဖက်ခွဲကာ ခပ်တင်းတင်းစည်းပေးလိုက်သည် ။
" ရပြီ...."
T/N
( 1 ) ဒါကတော့စာကြိုးစား
လွန်းတဲ့ကျောင်းသားနှစ်ယောက်ရဲ့နည်းလမ်းပါ ပထမတစ်ယောက်က ဆံပင်ကိုတင်းတင်းချည်ပြီး တန်းတစ်ခုကနေ ကြိုးနဲ့ချည်ထားပါတယ် ဒါမှသူအိပ်ငိုက်တဲ့အခါ ခေါင်းကငိုက်ကျမသွားဘဲ ဆံပင်ချည်ထားတဲ့နာကျင်မူကြောင့် လန့်နိုးလာစေဖို့ပါ ။
ဒုတိယတစ်ယောက်ကတော့ အိပ်ပျော်မှာစိုးလို့ သူ့ကိုယ်သူအပ်နဲ့ထိုးတာပါ ။
Xxxxxxxx
Chapter - 175
ကျန်းရှင်းဟွားက ရှောင်မန်ကို ကြည့်နေ၍ ရှောင်မန်က ရိုးသားတဲ့ပုံစံလေးနဲ့ မျက်စိမှိတ်ပြလိုက်သည် ။
နှစ်ယောက်စလုံး အချိန်အတော်ကြာ စိုက်ကြည့်နေကြပြီးမှ ရှောင်မန် ကစကားစပြောခဲ့သည်။
" နင်ဘယ်လိုခံစားရလဲ ..."
ကျန်းရှင်းဟွားက ကြက်တောင်စည်းလေး နှစ်ဖက်ကိုကိုင်ကြည့်လိုက်ပြီးပြောလိုက်သည် ။
" ငါနည်းနည်း ပိုချောလာသလိုပဲ...."
" ဟမ်...."
ဆံပင်ကို အဲ့လိုကြီးစည်းထား လိုက်တာက တကယ်ကြီးနေလို့ကောင်းလို့လား...
တကယ်သာဆိုရင် ငါအမြဲတမ်း မိမိုက်နေတာကဆံပင်စည်းထားလို့များလား....
ကျန်းရှင်းဟွားက ဝမ်းသာအားရပြောလိုက်သည် ။
" တကယ်အလုပ်ဖြစ်တယ်ထင်တာဘဲ ငါ့မျက်လုံးတွေပိုပြီး ကျယ်လာတယ်လို့ ခံစားရတယ် ....ဒါနဲ့ငါ့ကို ဘာလို့သူတို့တွေဝိုင်းကြည့်နေကြတာလဲ ...ငါအရမ်းချောနေလို့လား ...."
သူအတန်းရှေ့က ဖြတ်သွားကြတဲ့ ကျောင်းသားတွေအပြင် သူ့အတန်းဖော် တွေကပါ ဝိုင်းကြည့်နေကြတော့ ကျန်းရှောင်ဟွား မနေတတ်ဘဲရှက်လာသည် ။
ကျန်းရှောင်ဟွားက အိပ်ဖို့နဲ့စားဖို့သာ သိတဲ့ဖက်တီးလေး တစ်ယောက်ဖြစ်ပြီး တခြားသူတွေ သူ့ကိုစူးစမ်းစွာကြည့်တာကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည် ။
အရင်တုန်းက ဆိုရင်လူတွေက ရှောင်မန် ကိုဘဲအာရုံစိုက်ကြတာဖြစ်သည် ။ ကျန်းရှင်းဟွားက အာရုံစိုက်ခံရတဲ့အရသာကိုသဘောကျလို့နေသည် ။
" ငါနေ့တိုင်း ဆံပင်စည်းထားတော့မယ်...."
ကျန်းရှောင်မန် ကသူ့ကိုကြည့်လိုက်ပြီး ထပ်ပြောလိုက်သည်။
" ဒါဆိုနင် စာပိုကြိုးစားရတော့မှာဘဲ ...."
" အင်း အင်း...."
ကျန်းရှင်းဟွားက ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်သည် ။
ဆရာမပင် ကျန်းရှင်းဟွား၏ ပုံစံကိုခဏခဏကြည့်နေတာကြောင့် သူကနောက်ဆုံးတော့ ဆရာမမျက်လုံးထဲမှာ ထူးခြားနေသည့်အတွက် ဂုဏ်ယူနေသည် ။
ကိုယ့်ကိုယ်ကို ထူးခြားသည်ဟုထင်နေသည့် ကျန်းရှင်းဟွား ကတော့ တစ်နေကုန် မြောက်ကြွ မြောက်ကြွ ဖြစ်နေသည် ။
သူက အိမ်သာသွားရင်လဲ ကြက်တောင်စည်းလေး တကားကား ၊ ကျောင်းကန်တင်းမှာသွားစား ရင်လည်းကြက်တောင်စည်း လူပ်စိစိ ၊ ကစားရင်လည်း ကြက်တောင်စည်းလေး တလွင့်လွင့်နှင့် နောက်ဆုံးသန့်ရှင်းရေးချိန်မှာပါ ကြက်တောင်စည်းဖြင့်နေတော့သည် ။
ကျန်းရှင်းဟွား ကသူ့ကိုယ်သူ နမည်ကြီးနေပြီ ဟုထင်ကာ ရှောင်းမန် အားဆရာတင်တော့မလိုပင် ဖြစ်နေသည် ။
နောက်နေ့တွေမှာလည်း ဆက်ပြီးကြက်တောင်စည်း လေးနဲ့နေဖို့ဆုံးဖြတ်ထားသော်လည်း သူ့အကြံလေးမအောင်မြင်ခဲ့ပေ ။
အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့ကျောင်းလာသည့်အချိန်တွင် ကျန်းရှင်းဟွား ရဲ့ကြက်တောင်စည်းလေးနေရာတွင် အခွံခွာထားသည့် ကြက်ဥပြုတ်လေး တစ်လုံးကဲ့သို့ပြောင်လက်က တောက်ပနေလေသည်။
သူ၏ဂတုံးလေးအား ဖြတ်သွားဖြတ်လာ ကျောင်းသားများကသာမက အတန်းဖော်များကပါ ကြည့်ရူကြသည့်အတွက် ကြက်တောင်စည်းကေထက် ဂတုံးကေနှင် ပို၍နာမည်ကျော်နေတော့သည် ။
ဆရာမကပင်
" ငါတို့ရဲ့ ကျောင်းသားလေး ကျန်းရှင်းဟွားက ဆံပင်ပုံစံတွေပြောင်းရတာကြိုက်ပုံရတယ်.... အဲ့တာက ကောင်းတယ် သူ့မှာမတူညီတဲ့ အရာတွေကိုစမ်းသပ်ကြည့်ဖို့ သတ္တိရှိတယ် မင်းတို့လဲသူ့ရဲ့ စူးစမ်းတတ်တာကို အတုယူသင့်တယ် ...."
ကျန်းရှင်းဟွားက ဆရာမသူ့ကိုချီးကျူးခဲ့တာကို ပုံမှန်အားဖြင့် ပျော်သင့်သော်လည်း သူပျော်မနေခဲ့ပေ ။
အတန်းဆင်းတဲ့နောက် သူ့စားပွဲခုံလေးပေါ် ခေါင်းစိုက်ကာအော်ငိုတော့သည် ။
ကျန်းရှောင်မန် ကဘာဖြစ်ခဲ့သလဲမေးတဲ့အခါတွင် ဝမ်းပန်းတနည်းပြန်ဖြေလာသည်။
" မနေ့က ငါအိမ်ရောက်တော့ ငါ့အဖေက ငါ့ကိုဆူတယ် ..."
" သူကနင့်ကိုဘာလို့ဆူရတာလဲ ...."
ကျန်းရှောင်မန် ကသက်ပြင်းချလိုက်ပြီး
" လူကြီးတွေကဒီလိုဘဲရယ် အမြဲတမ်း ငါတို့ကိုဆူဖို့ဘဲသိကြတယ်.... ငါတို့ကလေးတွေရဲ့ ဘဝကအရမ်းခက်ခဲတာဘဲ ..."
" ငါ့အဖေက ငါ့ကိုဒီလိုဆံပင်ပုံစံမျိုး မထားရဘူးလို့ပြောတယ်..."
" ဒီဂတုံးပုံလား...."
" မဟုတ်ဘူးမနေ့က ကြက်တောင်စည်းပုံ ..."
သူ့အဖေက သူ့ကိုကြက်တောင်စည်းပုံက မိန်းကလေးတွေသာ ထားရတာဖြစ်ပြီး သူလိုယောက်ျားလေးတစ်ယောက်နဲ့ မသက်ဆိုင်ဘူးဟု ပြောကာ ခေါင်းစီးကွင်းကိုဖြုတ်ခိုင်းခဲ့သည်။
ကံမကောင်းစွာဖြင့် ရာဘာကွင်းတွေက အရမ်းတင်းကြပ်နေတာကြောင့် ဖြုတ်မရဘဲ သူ့အဖေက ဂတုံးတုံးချပစ်လိုက်တာဖြစ်သည် ။
သူတကယ်ကို ဂတုံးမဖြစ်ချင်ခဲ့ပေ ။
[ တင်တင် ကျန်းရှင်းဟွားဆီက နှစ်လိုမူအမှတ် 10 မှတ်နုတ်ပါတယ် ]
[ လက်ကျန်အမှတ်: 280 ]
ဦးဦးစနစ် ရဲ့သတိပေးသံက သူမခေါင်းထဲမှာပေါ်ထွက်လာသည် ။ ၎င်းက ပထမဆုံးအကြိမ် တခြားကလေးတစ်ယောက်ဆီက မနှစ်သက်မူကို ကြုံတွေ့ရတာဖြစ်ပြီး သူမ ၎င်းကို မကြိုက်ပေ။
သူမ ကျန်းရှင်းဟွားအား နှစ်သိမ့်ပေးချင်သော်လည်း သူမည်သို့ခံစားနေရသည်မသိသောကြောင့် ဇွတ်မလုပ်ရဲချေ ။
ထို့ကြောင့် သူမသူ့ရဲ့နေရာမှာဝင်ပြီးတွေးကြည့်ခဲ့သည် ။ တကယ်လို့သူမရဲ့ ဦးလေးကသူမကို ဂတုံးတုံးပစ်မယ်ဆိုရင် သူမစိတ်ဆိုးပြီး တစ်နှစ်လောက်စကားပြောမှာမဟုတ်ချေ ။
အနည်းဆုံးတော့ ကျန်းရှင်းဟွားကသူမကို စိတ်ဆိုးသော်လည်း စကားတော့ ကောင်းကောင်းပြန်ပြောသောကြောင့် သူမစိတ်သက်သာရာရသွားခဲ့သည် ။
Xxxxxxxx