အပိုင်း ၁၇၆-၁၈၀
Viewers 14k

Chapter 176


" ကတုံးတုံးရုံလေးဘဲမလား အဆင်ပြေပါတယ်...."


" ဒါပေမဲ့ သူတို့တွေက ငါ့ကို ဝိုင်းကြည့်နေကြတယ်လေ...."


" အဲ့ဒါက နင့်ဂတုံးကအရမ်းပြောင်နေတော့ သူတို့မမြင်ဖူးလို့နေမယ် ...."


သူမ စကားပြောပြီးနောက်မှာဘဲ ကျန်းရှင်းဟွားက ပိုငိုလာသည် ။သူ့ကိုနှစ်သိမ့်ပေးခြင်းက အလုပ်မဖြစ်ပေ ။


အကယ်၍သူ၏ပုံစံက အခြားသူများနှင့် တူနေပါက သူဝမ်းနည်းတော့မည်မဟုတ်ပေ ။ သို့သော်ချက်ချင်းကြီး ဆံပင်များပြန်ထွက်လာဖို့ဆိုသည်က ပိုပင်မဖြစ်နိုင်ပေ ။


သူမ၏ ဦးလေးနောက်ဆုံးတစ်ခေါက် ဆံပင်ညှပ်ပေးတုန်းကပင် ပြန်ရှည်လာရန်အချိန်အရမ်းကြာခဲ့သည် ။


" မငိုပါနဲ့ ငါ့အမှားလည်းပါတာမလို့ ငါနင့်ကိုကူပြီး ဖြေရှင်း ပေးပါ့မယ် ...."


ကျန်းရှင်းဟွားက  မငိုတော့ဘဲ ကျန်းရှောင်မန် ကိုစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

" ငါ့အဖေကို ပြန်ရိုက်ပေးမှာ မလို့လား..."


"ဟင့်အင်း... ငါကလူဆိုးတွေကိုပဲရိုက်တာ..."


"တကယ်လို့ နင့်ထက်ပိုပြီး ကတုံးပြောင်တဲ့နောက်တစ်ယောက်သာရှိလာရင် လူတွေက နင့်ကို မေ့သွားကြလိမ့်မယ်လေ...."


" နင်ကတုံးတုံးမလို့လား...."


" မဟုတ်ဘူး...ငါမလုပ်ပေမဲ့ ချင်းရှီ ကနင့်လို ကတုံးတုံးလိမ့်မယ်...."


ဘာမှမသိဘဲ လမ်းဖြတ်လျှောက်လာတဲ့ ယွီချင်းရှီ "......."


ယွီချင်းရှီ ရှောင်မန်နှင့် ကျန်းရှင်းဟွား ကိုဒေါသတကြီးစိုက်ကြည့်လိုက်သည် ။


ကျန်းရှင်းဟွား အဆာပြေမုန့်တွေမစားရတာကတော်သေးတယ်.... အခုသူက သူနဲ့အတူ ကတုံးတုံးစေချင်နေတာလား အိပ်မက်မက်နေလိုက်လေ...


ကျန်းရှင်းဟွားက  ငိုနေဆဲဖြစ်ပြီး အဘယ်ကြောင့် ယွီချင်းရှီက သူ့ကိုစိုက်ကြည့်နေသလဲမသိချေ ။ 


" ကတုံးနဲ့လူတွေ ဘယ်နေရာမှာ အများကြီး ရှိလည်း ငါသိတယ်.... မင်းသာအဲ့နေရာမှာဆို မင်းကိုဘယ်သူမှကြည့်ကြမှာမဟုတ်တော့ဘူး...."

ယွီိချင်းရှီ ကပြောလိုက်သည်။


ကျန်းရှင်းဟွားက အရမ်းအံ့သြနေပြီး သူကဲ့သို့ကတုံးများစွာကိုတွေ့ရန် မစောင့်နိုင်တော့ပေ ။


ကျန်းရှောင်မန်က ဘယ်နေရာလဲဆိုသည်ကို ခန့်မှန်းပြီးဖြစ်သည် ။ ထိုနေရာက ကွန်ဖူးလေ့ကျင့်သည့် ရှောင်လင်ကျောင်းဖြစ်ပြီး အသက်ရှစ်နှစ်မှစ၍ လက်ခံသည် ။


ကိုရင်လေးများ မဟုတ်သော်လည်း ကတုံးတုံးထားကြကာ လေ့ကျင့်ရေးကွင်း၌ အတန်းလိုက်လေ့ကျင့်ကြသည့်အခါတွင် ကတုံးအတန်းလိုက်မှာ အရောင်တလက်လက်တောက်ပနေကာ မီးထွန်းစရာပင်မလိုလောက်ပေ ။


ကျောင်းဆင်းသည့်အချိန်တွင် ယွီချင်းရှီ နှင့် ရှောင်မန်တို့က ကျန်းရှင်းဟွားအား ကွန်ဖူးကျောင်းသို့ဆွဲခေါ်သွားကြသည် ။


ကျန်းရှင်းဟွားက ကတုံးများအကြားတွင်  ရောက်သွား၍ မထူးဆန်းသော်လည်း ဝမ်းနည်းနေဆဲဖြစ်သည် ။ 


သူက အတန်းသားမဟုတ်သည့်အတွက် အတန်းထဲ ဝင်မရသော်လည်း ရှောင်မန် ကဆရာနှင့်ရင်းနှီးသောကြောင့် အတူလေ့ကျင့်ခွင့်ပြုခဲ့သည်။


ကျန်းရှင်းဟွားအား ကွန်ဖူးကလပ်မှ ကလေးများနှင့်မိတ်ဆက်ပေးသည့် အခါမှ တက်ကြွလာပြီး သူ့ကိုယ်သူထူးဆန်းသည်ဟုမထင်တော့ပေ။


ယွီချင်းရှီ ပြောတာမှန်သည်  ။


သူတို့ ဤမျှကြိုးစားတာဖြစ်၍ ထူးချွန်သည်မှာ မဆန်းပေ ။ အချိန်ကြာ လာသည်နှင့် ကျန်းရှင်းဟွား ပျင်းလာပြီး အိမ်ပြန်ချင်လာသည် ။


" မင်းဒီကို စာလုပ်ဖို့လာတာမဟုတ်ဘူးလား...."

ဆရာကတွေ့သွားပြီးမေးခဲ့သည် ။


ကျန်းရှင်းဟွားလည်း ရွေးချယ်စရာမရှိတော့ဘဲ ရှောင်မန် တို့လေ့ကျင့်ပြီးသည့်အခါ သူပါအိမ်စာလုပ်ရတော့သည် ။


အခန်းက  လေ့ကျင့်နေကြသည့် ကလေးများ၏ အသံနှင့်အလွန်ဆူညံနေသောကြောင့် ကျန်းရှင်းဟွားက စာလုပ်၍ မရချေ ။


တိတ်ဆိတ်နေလျှင်ပင်  စာမလုပ်သောသူ့အတွက် ခက်ခဲသောကြောင့် ရှောင်မန် ကိုသာအကူအညီ တောင်းနိုင်သည် ။


" အဲ့ဒါဆိုနင် အိမ်စာမရေးနိုင်ရင် ငါနဲ့အတူ ကဗျာတွေပြန် နွှေးကြမလား...."

ကျန်းရှောင်မန် က ကဗျာတွေပြန် ရွတ်ဆိုနေရင်းနှင့် ကျန်းရှင်းဟွားကိုစာစစ်ပေးနေသည် ။


" နေရောင်အောက်မှ လယ်ထွန်ယက်နေတယ် ရဲ့နောက်စာကြောင်းကဘာလဲ...."

ကျန်းရှောင်မန်  သဲအိတ်ကို ကန်နေရင်းနဲ့အော်မေးလိုက်သည် ။

"ငါစာမလုပ်ချင်တော့ဘား...."


" ချွေးစက်တွေက မြေဆီလွှာထဲ စိမ့်ဝင်သွားကြတယ်ဆိုတဲ့ စာကြောင်းလာတယ်..."


" အဖြေစာရွက်တွေအကုန် အလွတ်တွေချည်းဘဲ...."


ရှောင်မန်  " ....... "


"နင်က အရမ်းတော်တာပဲ ကဗျာတွေကိုတောင်မှ ကိုယ့်ဘာသာဖြည့်ရေးနိုင်နေပြီ...."


ရှောင်မန်စာစစ်နေတာကိုရပ်ပြီး ပြောလိုက်သည် ။

" ဝူး ဝူး ဝူး ဝူး ငါမရည်ရွယ်ပါဘူး ..."

Xxxxxxxxxx


Chapter - 177


ရှောင်မန် ၏ကြီးကြပ်မူအောက်တွင် ကျန်းရှင်းဟွားက အိမ်စာတွေကိုအပြီးလုပ်ပြီးသည်နှငိ့ အိမ်ကိုပြန်ပြေးတော့သည် ။

[ တင် တင်....

ကျန်းရှင်းဟွားဆီက နှစ်လိုမူအမှတ် 10 မှတ်လျော့ကျသွားပါတယ်...


စုစုပေါင်း အမှတ်: 290 ] 


သူကတော်တော် စိတ်နုတာဘဲ ...

ယွီချင်းရှီ တွေးလိုက်မိသည်။


တစ်နေ့ စာအိမ်စာလေးလုပ်ရတာကိုအဲ့လောက်ထိ ဖြစ်စရာလိုလို့လား....


ကျန်းရှောင်မန်က အတတ်နိုင်ဆုံး စာလုပ်သည့် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားပေးပါသော်လည်း ကျန်းရှင်းဟွားက အမြဲငိုယိုနေဆဲဖြစ်သည် ။


နေ့တိုင်း အော်ဟစ်ငိုယို နေရသည့်အခါ ရှောင်မန် အနားသို့ ကျန်းရှင်းဟွားထပ်မကပ်တော့ လောက်ဟုတွေးပြီးစိတ်သက်သာရာ ရသွားသည် ။


သို့သော် သူတွေးသည်နှင့်အလွဲကြီးပင်လွဲလေသည် ။


ကျန်းရှင်းဟွားက မည်သို့ပင်အော်ဟစ်ငိုယို ရသည်ဖြစ်စေ နောက်တစ်နေ့၌ အရူးလိုပြုံးဖြီးကာရှောင်မန့် ဆီသို့လာမြဲဖြစ်သည် ။


တစ်ခါတစ်ရံတွင် ရှောင်မန် ကြိုက်သည့် အဆာပြေမုန့်များကိုပါ ပေးလေ့ရှိသည် ။


 " ဝါး နင်ကအရမ်းသဘောကောင်းတာပဲ...."

ရှောင်မန် က ကျန်းရှင်းဟွား ပေးသည့်မုန့်များကိုစားရင်းပြောလိုက်သည် ။


" တကယ်တော့ ငါမနေ့က အိမ်စာတွေအကုန်လုပ်ပြီး အိမ်ရောက်တော့ ငါ့မိဘတွေ ကငါ့ကို ချီးကျူးပြီး မုန့်တွေအများကြီးဝယ်ကျွေးခဲ့တာ ...."


ကျန်းရှင်းဟွားက သူရဲ့ ကတုံးလေးကိုပွတ်ပြီးရှက်ရွံ့စွာပြောသည် ။


" ဒီလိုဖြစ်ခဲ့တာပေါ့ ဒါဆိုနင် ဒီနေ့လည်းအိမ်စာတွေ ပြီးအောင်လုပ်မှာလား...."


" ဒါပေါ့ဟ.... "


ကျန်းရှင်းဟွားသည် အရင်တုန်းက သူအရမ်းအချိန်ဖြုန်းခဲ့တာပဲ ဟုတွေးလိုက်မိသည် ။ 


သူအိမ်စာတွေကို လိမ်လိမ်မာမာ လုပ်နေသရွေ့ သူ့မိဘတွေကမုန့်တွေ အများကြီး ဝယ်ကျွေးနေလိမ့်မည်ဖြစ်သည်။ 


အရမ်းကောင်းတာပဲ...


ကျန်းရှင်းဟွား ပျော်သလို ရှောင်မန် လည်းပျော်နေခဲ့ သည် ။ တစ်ဦးတည်းသော စိတ်အခြေအနေမကောင်းသူမှာ ယွီချင်းရှီ သာဖြစ်သည် ။


သူက စိတ်ခံစားချက်တွေကို မျက်နှာမှာ မဖော်ပြတဲ့အတွက် ဘယ်သူမှသတိမထားမိဘဲ ရှောင်မန် တစ်ယောက် သာတစ်ခုခုမှားနေမှန်း သတိထားမိသည် ။


" နင်အဆင်ပြေရဲ့လား...."


ယွီချင်းရှီ ခေါင်းခါပြလိုက်သည် ။


" နင့်ကိုကြည့်ရတာမပျော်သလိုပဲနော်..."


ယွီချင်းရှီ ခေါင်းထပ်ခါလိုက်ပြန်သည် ။


" အို့ ....ဒါဆိုရင် ငါအိမ်စာလုပ်တော့မယ်နော်...."

ရှောင်မန် ကအိမ်စာသာလုပ်နေပြီး ယွီချင်းရှီ ကိုတစ်ချက်မှမကြည့်ပေ ။


နောက်ဆုံးတွင် ယွီချင်းရှီ ကသတ္တိမွေးကာ ရှောင်မန်၏ အင်္ကျီအစွန်းကိုဆွဲရန်ကြိုးစားသော့လည်း ရှောင်မန်က လှုပ်လိုက်သောကြောင့်မမိခဲ့ချေ ။


စိတ်လူပ်ရှားနေသည့် ယွီချင်းရှီ က အတန်းပြီးသည်အထိ နည်းနည်းလေးတောင်ထပ်မလှုပ်ရဲ တော့ပေ။


ရှောင်မန်ကမူ အတန်းထဲမှာ မေးခွန်းတွေ ဖြေကာတက်ကြွနေသည် ။


ရှောင်မန် ကစကားပြောချင်ပါသော်လည်း ဦးဦးယွီက ယွီချင်းရှီ စိတ်အခြေအနေမကောင်းရင် တစ်ယောက်နေဖို့ အချိန်ပေးသင့်ကြောင်း ပြောထားခဲ့သည့်အတွက် မနှောင့်ယှက်ရဲပေ ။


နားချိန်တွင် ယွီချင်းရှီ က ရှောင်မန် ဆီ စာရွက်လေးတစ်ရွက်ပေးခဲ့ကာ သူနောက်တစ်ကြိမ် စိတ်မဆိုးတော့ကြောင်း ရေးထားခဲ့သည် ။


ရှောင်မန် ကစာရွက်ကလေးကိုသိမ်းလိုက်ပြီး

" နင်ဘာဖြစ်နေလို့လဲ...."


ယွီချင်းရှီက မျက်နှာလေးနီလျှက် ရှက်ရွံ့စွာ ခေါင်းငုံ့ထားသည် ။


" ငါမပျော်ဘူး ...."


" ငါသတိထားမိပါတယ် ..."


" ဒါဆိုဘာလို့ငါ့ကို စကားလာမပြောတာလဲ..."


" အခုပြောလေ နင်ဘာဖြစ်နေလို့လဲ..."


သူတို့နှစ်ယောက် ကျောင်းအတူတူလာတုန်းကတောင်မှ အဆင်ပြေနေကြသေးတယ်လေ....


ဘာကြောင့် သူစိတ်ဆိုးနေလဲ သူမ မတွေးတတ်တော့ပေ။


ယွီချင်းရှီ ကရှိသမျှသတ္တိအကုန်လုံးစုပြီး ပြောပြရန်ကြံသည့်အချိန်တွင် ကျန်းရှင်းဟွားက မုန့်တွေပိုက်ကာ ရှောင်မန့်ဆီပြေးလာခဲ့သည် ။


" ရှောင်မန် နင်ဘာစားချင်လဲ ငါမနက်ဖြန် ယူလာပေးမယ် ..."


" အင်း စတော်ဘယ်ရီ အရသာဂျယ်လီ ယူလာခဲ့ အဲ့ဒါကအရသာရှိတယ် ..."


" ရတာပေါ့ ..."


ယွီချင်းရှီက မဲမှောင်နေသည့် မျက်နှာထားနှင့် ပြောလိုက်သည်။

" ငါလည်းလိုချင်တယ်...."


" ငါ့မှာအဲ့လောက်ထိမရှိဘူး ..."

ကျန်းရှင်းဟွာ ကပြောလိုက်သည် ။


" ငါမင်းအတွက် အိမ်စာလုပ်ပေးမယ် ငါလုပ်နိုင်တယ် ...."

ယွီချင်းရှီ ပြောလိုက်သည် ။


" ကောင်းပြီ ...."


ထိုအချိန်တွင် ကျန်းရှောင်မန် ကဒေါသတကြီးထရပ်လိုက်ပြီးပြောလိုက်သည်။

" အိမ်စာက ကိုယ့်ဘာသာ လုပ်မှအကျိုးရှိတယ်ဆိုတာ နင်တို့နှစ်ယောက်မသိဘူးလား ...."


ကျန်းရှင်းဟွား ကရှောင်မန် စိတ်ဆိုးနေသောကြောင့် ကြောက်နေပြီး ယွီချင်းရှီ ကသူ့နှုတ်ခမ်းကိုစေ့ထားကာ ဘာမှမပြောပေ ။


" ငါ ....ငါက.... ဒီအတိုင်း ...."


ယွီချင်းရှီ ရဲ့ဦးနှောက်လေးက ပြောစကာစရား စဥ်းစားမရပေ ။ သူ့ခန္ဓာကိုယ်တွင် သွေးများပြောင်းပြန်စီးနေသလိုခံစားရပြီး နားထဲဘာမှမကြားတော့ပေ ။


သူဤနေရာကနေ ထွက်ပြေးပြီး တစ်ယောက်တည်း ပုန်းအောင်းနေချင်သည် ။

Xxxxxxxxx


Chapter - 178


ယွီချင်းရှီ၏ မျက်နှာက သွေးရောင်မရှိတော့ဘဲ ထွက်ပြေးရန် စဥ်းစားနေစဉ်တွင် သူ့နားထဲ၌ အသံတစ်ခုကြားလိုက်ရသည် ။


ဘယ်သူငိုနေတာလဲ.... ဒါ ရှောင်မန် ရဲ့အသံဘဲ.....

ယွီချင်းရှီ သတိပြန်ဝင်လာခဲ့သည်။


 ခုဏကလေးတင် သူမဒေါသထွက်နေခဲ့တာမဟုတ်လား.... အခု ဘာလို့ ငိုနေရတာလဲ....


" ဆရာထန် ကပြောတယ်စာလုပ်တာက ကိုယ်တိုင်လုပ်မှရတာတဲ့ တကယ်လို့ နင်သူ့အိမ်စာတွေ လုပ်ပေးလိုက်ရင် သူ့စာမရဘဲ စာမေးပွဲကျလိမ့်မယ်..... သူစာမေးပွဲ ကျရင်သူ့အိမ်က သူ့ကိုမုန့်တွေဝယ် ကျွေးတော့မှာ မဟုတ်ဘူး ... ကျန်းရှင်းဟွာ ကငါ့ကိုအမြဲမုန့်ကျွေးနေတာ သူမစားရရင် ငါလည်းမစားရတော့ ဘူး...."


ကျန်းရှောင်မန်က ဝမ်းနည်းစွာငိုရင်း ပြောသည်။


သေသေချာချာ စဥ်းစားပြီးနောက်တွင် ယွီချင်းရှီ က ရှောင်မန် ပြောတာမှန်သည်ဟု ခံစားရသည် ။


သူမနာလိုဖြစ်ခဲ့သော်လည်း ကျန်းရှင်းဟွား ကရှောင်မန် ကိုမုန့်ကျွေးသည်မှာ အမှန်တရားဖြစ်သည် ။


" ငါမှားသွားတယ်..."

ယွီချင်းရှီ ကရိုးရိုးသားသားတောင်းပန်ခဲ့သည်။


ယွီချင်းရှီ အမှန်တကယ်နောင်တရနေသည်ကို မြင်ပြီး ကျန်းရှောင်မန်က ကျန်းရှင်းဟွားဘက်သို့လှည့်ကာပြောလိုက်သည်။


" နင်ကရော အိမ်စာကိုကိုယ်တိုင်လုပ်ပြီးစာကြိုးစားမှာလား... ငါတို့ရွာမှာဆိုရင် အိမ်စာကူးချတဲ့ ကလေးတွေကို ဆရာမက ကျားစာကျွေးပစ်တာ.... ကျားကြီးက နင့်အရိုးတွေကိုပါစားပစ်လိမ့်မယ်...."


၎င်းကလူကြီးတွေ ကလေးများအား ခြောက်လှန့်သည့်နည်းလမ်းတစ်မျိုး ဖြစ်သည် ။


အကယ်၍ အော်ဟစ်ငိုနေသည့် ကလေးများဆိုလျှင် အငိုမတိတ်ရင် ကျားကြီးက ကိုက်စားသွားလိမ့်မယ် ဟုပြောကြသည် ။


တခြားကလေးတွေ က ကြောက်ပြီးအငိုတ်ကြသော်လည်း ကျန်းရှောင်မန် ကတော့စူးစမ်းစွာဖြင့် မေးလေသည်။

" ကျားကြီးက လူပုံစံပြောင်းနိုင်လား သူကဘွားဘွားလိုမျက်နှာမျိုးနဲ့ အမြှီးကိုဖွက်ထားတာလား.... ကျားကြီးက ဘယ်လိုပုံစံမျိုး ရှိလဲ ကျားကြီးလာရင် ဘွားဘွားက သမီးကိုကာကွယ်ပေးမှာလား ...."

ကျန်းဟွေ့မိန် ကထိုအချိန်ကတည်းကသူမကိုမခြောက်လှန့်တော့ပေ ။ 


တခြားကလေးတွေ အတွက်ကြောက်စရာ ဖြစ်သော်လည်း ကျန်းရှောင်မန် တစ်ယောက်တည်း သာ ရူးကြောင်ကြောင်မေးခွန်းမျိုးမေးတာဖြစ်သည်။


ကျားကြီးပုံပြင်ကို ကြားပြီးနောက်တွင် ကျန်းရှင်းဟွားက အော်ငိုတော့သည် ။


" ငါကျားစားတာမခံချင်ဘူး ငါမသေချင်သေးဘူး ဝူး ဝူးဝူး ...."


ကျန်းရှင်းဟွား နှင့် ရှောင်မန် ငိုနေတာကြည့်ပြီး ယွီချင်းရှီ စိတ်ဆိုးနေတာတောင်ဘယ်ရောက်သွားလဲမသိချေ ။


သူတို့နှစ်ယောက်အား စိတ်အေးအေးထားရန် ပြောသည့်အခါ ရှိုက်ရင်း တစ်ယောက်နှင့်တစ်ယောက်စိုက်ကြည့်နေကြသည် ။


"ဒါဆိုရင် နင် အိမ်စာကို ကိုယ့်ဘာသာလုပ်မှာလား...."

ကျန်းရှောင်မန် ကမေးလိုက်သည် ။


ကျန်းရှင်းဟွားက ကခေါင်းတစ်ဆတ်ဆတ်ငြိမ့်၍ ပြန်ဖြေသည်။

" ငါလုပ်မယ်...."


" ဒါဆိုရင် နင်ငါတို့နှစ်ယောက်နဲ့အတူတူလုပ်လို့ရတယ်...."


ကျန်းရှင်းဟွားက ကျားစာအဖြစ်မခံချင်သောကြောင့် မျက်ရည်များနှင့်သဘောတူခဲ့သည် ။


ကျန်းရှင်းဟွားက ရက်အတော်ကြာ လိမ်လိမ်မာမာ ပြုမူနေသောကြောင့် ရက်အနည်းငယ် အကြာတွင် ကျန်းရှင်းဟွား၏ အဖေက သူမကိုလာရှာခဲ့သည် ။


" ကလေးလေး မင်းကအရမ်းအံ့သြဖို့ ကောင်းတာဘဲ မင်းဘာနည်းလမ်းတွေသုံးလိုက်လဲ မသိပေမဲ့ မင်းကိုအရမ်းကျေးဇူးတင်တာပဲ....

ရှင်းဟွားရဲ့ပုံစံ မျိုးနဲ့ ဦးဦးတို့က သူ့ကိုကျောင်းမှာလိုက်ပြီး ရိုက်ချင်တဲ့အထိပဲ.... ကလေးလေး မင်းကငါတို့ မိသားစု ရဲ့ကယ်တင်ရှင်လေးပဲ...."


" ကလေးလေး ရှင်းဟွားနဲ့အတူ ဦးဦး တို့အိမ်မှာစာလာလုပ်ပါလား ဦးဦး မုန့်တွေအများကြီး ဝယ်ကျွေးမယ်လေ...."


ကျန်းရှောင်မန် ခေါင်းခါရုံသာရှိသေးသည် သူမရဲ့ဘေးမှာရပ်နေတဲ့ ယွီချင်းရှီ ကမျက်နှာသေကြီးနှင့် အပြင်းအထန် ငြင်းဆိုခဲ့သည် ။


"မရဘူး သူကသားနဲ့အတူစာလုပ်နေတာ..."


ကျန်းရှင်းဟွား ၏အဖေက သူ့သားသာ စာသေချာလုပ်မည်ဆိုလျှင် ကွန်းဖြူးရှပ် ဘုရားကျောင်းကိုပင်သွား၍ ဝတ်ပြုရန် ဆန္ဒရှိသည် ။


အကယ်၍ ကလေးမလေးက သူ့အိမ်မလာချင်လျှင် ကလေးမလေးဆီ စာလုပ်ရန်သူ့သားကိုလွှတ်မည် ဖြစ်သည် ။


ရလဒ်အနေနှင့် ရှောင်မန်၏ လေ့ကျင့်ရေး အတန်းတွင် ဖက်တီးလေးတစ် ယောက်တိုးလာခြင်းဖြစ်သည် ။


ထိုဖက်တီးလေးက လေ့ကျင့်ရန်လာခြင်းမဟုတ်ဘဲ အိမ်စာလုပ်ရန်လာခြင်းဖြစ်သည် ။


ကျန်းရှောင်မန်က သူငယ်ချင်းကိုကူညီရ၍ ပျော်ရွှင်နေသော်လည်း ကျန်းရှင်းဟွား ရဲ့အဖေက သူမအား လက်ဆောင်အကြီးကြီးပေးခဲ့သည် ။


ကျန်းရှင်းဟွား၏ အဖေက အရမ်းကိုပျော်ရွှင်နေသည် ။ ကျန်းရှင်းဟွားကို လာကြိုသည့်အချိန်တိုင်း ကျန်းရှင်းဟွား ၏အဖေက သူမအားချီးကျူးလေ့ရှိသည် ။


ရှောင်မန်သည် ကျောင်းစာရော ကိုယ်ခံပညာတွင်မှာပါ တော်ကာ ထိပ်တန်းကျောင်းသား ဖြစ်သည်မှာမဆန်းဘဲ သူမကအရမ်းအံသြဖို့ကောင်းသည် ။


လေ့ကျင့်ရေးသင်တန်းမှ ကလေးများ၏ မိဘများသည် ရှောင်မန်က ကြိုးစားပြီး လှပသဘောကောင်းသော မိနိးမငယ်လေးဖြစ်သည့်အပြင် သူမ၏အဆင့်များကပါ အရမ်းကောင်းနေမည်ဟု မမျှော်လင့်ထားကြချေ ။


မိဘတွေ အကုန်လုံးကသူမကိုသဘောကျကြပြီး သူတို့ကလေးများကို ပြန်ကြည့်သည့်အခါ မျက်လုံးသာလှန်မိကြသည် ။


" ရှောင်မန် ကိုကြည့်စမ်းပါဦး သူမကဘာသာစုံအမှတ်ပြည့်ပဲ ..."


" ရှောင်မန့်ကိုကြည့်စမ်းပါဦး သူမစကားပြောတာ ချစ်ဖို့ကောင်းလိုက်တာ ဘလာ ဘလာ ဘလာ ..."


" ရှောင်မန် ကနောက်ထပ် ဆုရပြန်ပြီ ဘလာ ဘလာ ဘလာ ..."


ဤသို့ဖြင့် ရှောင်မန်က ကျောင်းသားတွေဆီက နှစ်လိုမှုအမှတ်အမြားအပြား နုတ်ခံရပြီး အမှတ်ပေါင်းက တစ်ခါတည်း ငါးရာအထိရောက်လာသည် ။


Xxxxxxxxxx


Chapter- 179


တစ်ခါတစ်ရံတွင် စနစ်က သူ့ရဲ့ အသိဥာဏ်အကြောင်းကိုသံသယရှိနေပြီး သူ့ရဲ့ဦးနှောက်ကဘယ်လို အလုပ်လုပ်တာလဲအမြဲသိချင်နေခဲ့သည် ။


ဘာလို့ သူ့ဗီလိန်လေးရဲ့ တာဝန်တွေက ထူးထူးဆန်းဆန်းနည်းလမ်းတွေနဲ့ အမြဲပြီးမြောက်သွားရတာလဲ....


အချိန်အတန်ကြာစဥ်းစားပါသော်လည်း အဖြေမထွက်သောကြောင့် စနစ်ကသူရဲ့ဥာဏ်ရည်လိုအပ်မူ ရှိနေသည်ကိုလက်ခံလိုက်သည် ။


 ရှောင်မန်နှင့် ပထမဆုံးစာချုပ်ချုပ်ဆိုသည့်အချိန်တွင် သူမအသက်သုံးနှစ်သာရှိသေးကာ စနစ်ကသူမထက်ပို၍ ဥာဏ်ကောင်းပုံရသော်လည်း သူမအသက်သည်ခြောက်နှစ်ဖြစ်လာပြီဖြစ်၍ စနစ်အနေနှင့် နောက်ကျကျန်ခဲ့သလိုခံစားနေရသည် ။


စနစ်က သူ့ကိုယ်သူစစ်ဆေးလိုက်ပြီးနောက် သူ၏ဥာဏ်ရည်သည် သုံးနှစ်ကလေးထက်သာလွန်ကာ လေးနှစ်ကလေးကိုမမှီကြောင်းတွေ့လိုက်ရသည် ။ ဒီအချက်က စနစ်ကိုအလွန်ဝမ်းနည်းစေပါသော်လည်း လူသားကလေးများက အရမ်းရှုပ်ထွေးလွန်းပြီး ခန့်မှန်းရခက်တာကြောင့် စနစ်အနေနှင့်နားမလည်နိုင်သည်မှာ ပုံမှန်ဘဲဟုသာဖြေသိမ့်နိုင်သည် ။ 


ရှောင်မန် နှင့်စာချုပ်ချုပ်ဆိုခဲ့ရသည်အား ကောင်းကင်ဘုံကပေးသည်အခွင့်အရေးဟုသာမှတ်ယူပြီး ဘာမှအထွန့်ထပ်မတက်တော့ချေ ။ ယခုတော့ ဥာဏ်ရည်နိမ့်သည့်စနစ်ကလေးအနေဖြင့် မြန်မြန်အဆင့်မြှင့်နိုင်ရန်သာဆုတောင်းမိသည် ။


သူ့ရဲ့ပိုင်ရှင်တောင်မှကြီးထွားနိုင်သေးရင် သူလဲကြီးထွားနိုင်ရမှာပေါ့....


တချို့စနစ်များဆိုလျှင် အဆင့်မြှင့်တင်ခြင်းမှစွမ်းရည် အမျိုးမျိုးရရှိသောကြောင့် အရမ်းကိုပင်အထင်ကြီးစရာကောင်းသည် ။ စနစ်များ၏ အဆင်ကိုကိုးဆင့်တိတိသတ်မှတ်ထားပြီး တစ်ဆင့်ခြင်းစီတွင် စွမ်းရည်အမျိုးမျိုးရွေးချယ်လေ့လာနိုင်သည် ။ အတွက်အချက်ပညာ ၊ ဆေးဝါးနဲ့တူရိယာ အစုံအလင်ပင်ဖြစ်သည် ။ 


တစ်ကြိမ်အဆင့်မြှင့်တင်လိုက်တိုင်း စနစ်၏ လုပ်ဆောင်ချက်များက ပိုပြည့်စုံလာပြီး ပိုစွမ်းအားကြီးလာလိမ့််မည် ။


အမှန်အတိုင်းပြောရလျှင် သနားစရာစနစ်ကလေးခမျာမှာတော့ တစ်ခါမှအဆင့်မမြှင့်ခဲ့ဖူးပေ ။ သူက ဗီလိန်စနစ်များ၏ ဇယားအောက်ဆုံးမှာရှိနေပြီး အကယ်၍အဆင့်မြှင့်လိုက်မည်ဆိုလျှင် ဥာဏ်ပိုကောင်းလာမည်လားလည်းသိချင်မိသည် ။


သူ့အနေနှင့် လူသားကလေးများ သူနားမလည်နိုင်သည့် ဖတ်စာအုပ်ပုံတွေကြားခေါင်းမြုပ်ကာလေ့လာ နေသည်ကိုထိုင်ကြည့်မနေနိုင်တော့ပေ ။ 


အကယ်၍သာ သူက အရမ်းစွမ်းအားကြီးသည့်ဗီလိန်စနစ် ဖြစ်လာခဲ့မည်ဆိုလျှင် ဖြစ်လာမည့်ဘယ်ကိစ္စမဆိုအေးဆေး ဖြေရှင်းနိုင်မည်ဖြစ်ကာရှောင်မန် သူ့အား အထင်သွားစေရန်လည်း ပါဝါပြနိုင်မည်ဖြစ်သည် ။


စနစ်ဇယား၌ အောက်ဆုံးတွင်ရှိနေသည့်သူအနေနှင့် ပို၍စွမ်းအားကြီးလာအောင်ကြိုးစားရမည်ဖြစ်ပြီး အောင်မြင်မူအတွက် လဲကျပါစေဒီလမ်းကို ဆက်လျှောက်ကိုလျှောက်ရမည်ဖြစ်သည် ။


ထို့ကြောင့် စနစ်က ရှောင်မန်ရဲ့အမှတ်တွေကို နည်းနည်းလေးခိုးကြည့်လိုက်သည် ။ ယခုတလောရှောင်မန်က အမှတ်တွေစုဆောင်းရာ၌ စိတ်မပါဖြစ်နေသော်လည်း သူမနေနှင့်လူအများကြီးနှင့်ထိဆွေ့ ဆက်ဆံသရွေ့ အမှတ်ရရန်လွယ်ကူနေမည်ဖြစ်သည် ။ 


ယခုတစ်ခေါက်တွင် ရုတ်တရက်အမှတ်ငါးရာ ရရှိလာခြင်းကစနစ်အား အရမ်းအံ့သြ သွားစေသည် ။ သူကအရင်အချိန်များက တွင်းတော၌သာနေခဲ့ရသည့် လူရိုးလေးတစ်ယောက်လိုခံစားခဲ့ရပြီး ယခုအချိန်တွင်တော့ ကိစ္စကြီးများကိုဆောင်ရွက်ရန် အချိန်ကောင်းပင်ဖြစ်သည် ။ 


ရှောင်မန် တွင်အမှတ်တွေအများကြီးရှိသရွေ့ စနစ်က သူမ၏အမှတ်များကို အဆင့်မြှင့်တင်ရန်အတွက်အသုံးပြုနိုင်ပြီး စနစ်ကိုယ်တိုင်အမှတ်စုဆောင်းဖို့မလိုအပ်ချေ ။ 


တခြားစနစ်တွေအတွက် အဆင့်မြှင့်တင်ရန် သူတို့၏ပိုင်ရှင်များထံမှ အမှတ်များကို မျက်တောင်တစ်ချက်မခတ်ဘဲသုံးစွဲ၍ရနိုင်ပြီး ကစားသူဘက်ကလည်းသေချာပေါက်ပင်သဘောတူညီလိမ့်မည်ဖြစ်သည် ။


စနစ်သည်လည်း တခြားစနစ်များကိုအားကျကာ မိမိမိုက်မိုက်နေချင်ပြီး ရှောင်မန်သဘောတူ ရန်သာမျှော်လင့်ရသည် ။


"ပိုင်ရှင်..."

စနစ်ကပြောလိုက်သည် ။


" ငါမင်းကိုပိုပြီး ခက်ခဲတဲ့တာဝန်တွေပေးမယ်လုပ်နိုင်လား အမှတ်များများရလေ ကိစ္စတွေအများကြီးပိုဖြေရှင်းနိုင်လေဘဲ ..."


စနစ်က အမှတ်များသည် သူတို့နှစ်ယောက်အတွက်အရမ်းအသုံး ဝင်သည်ဟုပြောပြချင်နေကာ ရှောင်မန်သည်လည်း ဥာဏ်ကောင်းသောကြောင့်သေချာပေါက်ပင်နားလည်လိမ့်မည် ။


ယခင်က ရှောင်မန် တာဝန်တွေကိုမပြီးမြောက်မှာ စိုးရိမ်နေခဲ့ရသော်လည်း ထူးထူးဆန်းဆန်းနည်းများဖြင့် ပြီးမြောက်နေသည်ကိုမြင်ရသည့်အခါတွက် ပို၍ခက်ခဲတာတွေပေးပြီး အမှတ်များကိုရူးသွပ်စွာစုဆောင်းချင်လာခဲ့သည် ။


စိုးရိမ်နေစရာမလိုဘူးသူမသေချာပေါက် ဖြေရှင်းနိုင်လိမ့်မယ်....


ရှောင်မန် အိမ်စာရေးနေသည်ကိုရပ်တန့်ကာမေးလိုက်သည် ။


" ဒါပေမဲ့သမီးတို့မှာ အမှတ်အတွေများကြီးရှိတယ်လေ သုံးလို့တောင်မကုန်သေးတာ ဘာလို့အမှတ်တွေ ထပ်စုရမှာလဲ ..."


အမှတ်များများရလေ သူမပိုပျင်းလာလေဖြစ်သည် ။ ရွာတွင်ရှိစဥ်က သကြားလုံးကဲ့သို့သောမုန့်များကို စနစ်ထံမှ အမှတ်နှင့်လဲလှယ်ယူ၍ရသော်လည်း ယခုအချိန်၌သူမတွင်ပြည့်စုံနေသောကြောင့် အမှတ်နှင့်လဲလှယ်ရန်မလိုအပ်ပေ ။


သူမ အမှတ်တွေကိုသုံးစရာနေရာမရှိသောကြောင့် အမှတ်စုဆောင်းရန်စိတ်မပါတော့ပေ ။ ရှောင်မန် ကအမှတ်များစုဆောင်းနေရခြင်းထက်အိမ်စာလုပ်နေရသည်ကမှ သူမအတွက်အကျိုးရှိသေးသည်ဟုတွေးကာ သူမအိမ်စာကိုသာဆက်လုပ်နေတော့သည် ။


စနစ်သေချင်စော်နံသွားရလေပြီ။


သို့သော်လည်း စနစ်ကလက်မလျော့သေးဘဲရှောင်မန် အားအမှတ်များစုဆောင်းရန် ဆွဲဆောင်နေဆဲဖြစ်သည် ။


" အရင်ကတည်းက အမှတ်တွေစုဖို့စိတ်အားထက်သန်နေခဲ့တာပဲလေ.... ဆက်ပြီးလည်းအဲ့လိုဘဲနေသွားလိုက်ပါ.... အမှတ်တွေက အသုံးမဝင်ဘူးလို့ ဘယ်သူပြောလဲ အမှတ်တွေကအဆင့်မြှင့်လို့ရတယ်..."


ရှောင်မန် အနည်းငယ်စိတ်ဝင်စားလာခဲ့ပြီး သူမရဲ့ဘောပင်ကိုနောက်တစ်ခေါက်ချကာမေးလိုက်သည် ။


" ဝါး...တကယ်အဆင့်မြှင့်လို့ရတာလား...အဆင့်မြှင့်ပြီးရင်ဘယ်လိုဖြစ်သွားမှာလဲ... လက်တွေခြေထောက်တွေပေါက်လာမှာလား... လူတွေကိုရောလိုက်ရိုက်လို့ရမှာလား...."


" အဆင့်မြှင့်လိုက်ရင်တောင်မှ စနစ်ကစနစ်ဘဲဖြစ်နေမှာပါ.... လူသားတွေအသက်ကြီးလာသမျိုးပေါ့ အသက်ကြီးလာတာနဲ့လူသားတွေက ခွေးတွေကြောင်တွေအဖြစ်ပြောင်းသွားလို့လား...."


" အိုး....."

ရှောင်မန် နည်းနည်းလေးမှစိတ်မဝင်စားတော့ချေ ။

Xxxxxxxxxxx


Chapter - 180


ရှောင်မန် ကစနစ်ကိုကူညီဖို့ တွေးထားသည် ။ ဦးဦး စနစ်က သူမ၏ သူငယ်ချင်းကောင်း ဖြစ်ပြီး သူငယ်ချင်းအချင်းချင်း  ကူညီရမည်ဖြစ်ည် ။


စနစ်က တာဝန် တွေလုပ်ပြီး  အမှတ်တွေစုဆောင်းဖို့သာ ဖျားယောင်းနေသည် ။


" အမှတ်တွေအများကြီးရှိရင် အဆင့်မြှင့်နိုင်မယ် အဆင့်မြင့်လာတာနဲ့ ပိုသန်မာလာမယ် ပိုသန်မာလာတာနဲ့ အမှတ်တွေအများကြီးရနိုင်မယ် ..."


" အဲ့တာဆို နောက်ထပ်အမှတ်တွေရရင် ...."


" နောက်ထပ်အဆင့်မြှင့် နိုင်မယ်လေ "


" အဆင့်မြှင့်ပြီးလည်း စနစ်က ခန္ဓာကိုယ် ရပြီး လူဖြစ်လာနိုင်လို့လား... မုန့်စားနိုင်လို့လား ကစားနိုင်လို့လား ..."


ရှောင်မန် ကပြောလိုက်သည် ။


စနစ်လေးမှာ အမှန်တရားက ခါးသက်နေသောကြောင့် ငိုရုံသာတတ်နိုင်သည် ။


သူ့မှာခန္ဓာကိုယ် မရှိရင် သူဟာ နဂိုပုံအတိုင်းရှိနေမှာဖြစ်ပြီး မြင်တွေ့ရမည်မဟုတ်ချေ ။


ရှောင်မန် ကစနစ် အလွန်စိတ်ဓာတ်ကျပြီး ခံစားနေရတာကိုမသိပေ ။


စနစ်က သွေးဆောင်နေမူကိုရပ်တန့်လိုက်ပြီး သူ့ဘာသာတိတ်ဆိတ်စွာနေတော့သည် ။


အချိန်များစွာကြာ ရှောင်မန် အိမ်စာပြီးသည့်အခါ ရှောင်မန်က စနစ်ကို ကူညီဖို့ပြောခဲ့သည် ။


" ဟုတ်ပါပြီ ဝမ်းနည်းမနေနဲ့တော့ အမှတ်တွေစစုကြမယ်လေ ဦးဦးစနစ် ..."


ဦးဦး စနစ်နဲ့ ယွီချင်းရှီ တို့ကအရမ်းကိုဆင်တူကြသည် ။ သူတို့ရဲ့စိတ်အခြေအနေကို ထုတ်မပြကြဘဲ သေသေချာချာ ခံစားကြည့်မှသိနိုင်သည် ။


" ထမင်းစားသလိုပဲ တစ်ခါတည်း အများကြီးစားရင် ဗိုက်အောင့်လိမ့်မယ် အမှတ်တွေကိုလဲ ဖြည်းဖြည်းချင်းစီစုရမယ်လေ ...."


" ကျန်းရှင်းဟွားကိုပဲကြည့်ပါလား ....သူဆိုရင် ငယ်ငယ်ကတည်းက မုန့်တွေအများကြီး စားလာလို့ဝနေတာ.... ဦးဦး စနစ် လည်းတစ်ခါတည်းအမှတ်အများကြီး ရရင်ဝလာလိမ့််မယ် ..."


ရှောင်မန် ကစနစ်ကို လေးနက်စွာအကြံပေးနေသည် ။


ဟာသဘဲ စနစ်မှာ ခန္ဓာကိုယ်မရှိတဲ့အတွက် မဝနိုင်ဘူးဆိုတာသူမ မသိဘူးလား ...


" တကယ်လို့ ဦးဦး စနစ် ကဝလာရင် သမီးကသယ်မထားနိုင်တော့ဘူးရယ် အဲ့အခါကျ ဦးဦးစနစ် ကအိမ်ကို ကိုယ့်ဘာသာ လမ်းလျှောက်ပြီးပြန်ရမှာ မတော်လို့ ဦးဦးစနစ် ကိုလမ်းမှာ လူဆိုးတွေ ဖမ်းသွားရင်ဘယ်လိုလုပ်မလဲ ...

သမီး ဦးဦးစနစ် ကိုတစ်သက်လုံးတွေ့ရတော့မှာမဟုတ်ဘူး ...."

ရှောင်မန် ပြောလိုက်သည် ။


စနစ်မှာ ခန္ဓာကိုယ် မရှိသောကြောင့် ရှောင်မန် ကရိုးရိုးရှင်းရှင်းပင် စနစ်ကသူမ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာကပ်တွယ်နေရမည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။


အရင်ကစနစ်က အရမ်းပေါ့ပါးသောကြောင့် သူမသယ်ဆောင်သွားနိုင် သော်လည်း


အချိန်အတော်ကြာ စဥ်းစားသော်လည်း ရှောင်မန် အားပြန်ချေပရန် မတတ်နိုင်သောကြောင့် စနစ်သည် သဘောတူခဲ့သည်။


အချိန်ခဏလေး အတွင်းတွင် နှစ်ကုန်စာမေးပွဲသို့ ရောက်ရှိလာခဲ့သည် ။


ရှောင်မန်သည်လည်း အရပ်ရှည် လာပြီး သူမကရွယ်တူကလေးတွေထက် ခေါင်းတစ်လုံးသာနေသည် ။


ရှောင်မန်က အာဟာရပြည့်ဝစွာ စားသောက်ပြီး အစာချေစနစ်လဲကောင်းမွန်သည် ။ သူမသည် လေ့ကျင့်ရေးတွင်လဲမခိုကပ်သောကြောင့် သူမ၏ခန္ဓာကိုယ်သည် ကြံ့ခိုင်သည် ။


ရှောင်မန်က တခြားကလေးများကသူမထက်ပု၍ သူမကအပေါ်စီးကနေကြည့်ရခြင်းအား နှစ်သက်သည် ။


သူမတို့အတန်း၏ ကာယဆရာက ရှောင်မန်၏အရပ်အား ချီးကျူးပြီး မနက်ခင်းကာယချိန်၌ သူမအား အတန်းထိပ်၌နေစေသည် ။


ထိုအခါမှ သူမအတန်းဖော်များက အရပ်ရှည်ပြီး ပိုနီတေးမြင့်မြင့်စည်း ထားသည့်ကောင်မလေး အားတွေ့လျှင် နေရာရှာတွေ့နိုင်မည်ဖြစ်သည် ။


ကြံ့ခိုင်မူစစ်ဆေးပွဲ၌ ရှောင်မန် တစ်ယောက်သာ သက်တောင့်သက်သာပြေးနေပြီး တခြားကလေးများက ပင်ပန်း၍ ညည်းညူနေကြကာ တချို့ကငိုယိုနေပြီး တချို့ဆိုဝင်တောင်မပြေးကြပေ ။


ရှောင်မန် က ကာယဆရာစိတ်ညစ်နေတာကြည့်ပြီး အတန်းဖော်များအားကူညီပေးခဲ့သည် ။


တစ်ယောက်ငိုတိုင်း အဖော်ပြုပေးကာ သူမအတန်းဖော်နှင့် တစ်ပတ်ကူပြေးပေးသည် ။


တခြားကလေးများကလည်း ငိုနေရင်း ရှောင်မန် နှင့်အတူပြေးကြသည် ။


သူမမပင်ပန်းဘူးလား....


အတန်းဖော်အနည်းငယ်နှင့် ပြေးပြီးနောက်သူမလဲ ပင်ပန်းနေပြီဖြစ်သည် ။ လက်ကလေးတစ်ချောင်းတောင် မမြှောက်ချင်တော့ပေ။


သူမမြက်ခင်းပြင် ပေါ်မှာလှဲပြီး နွေးထွေးလှသည့် နေရောင်ခြည်ကိုခံစားပြီးအိပ်ပျော်သွားတော့သည် ။


နေရာင်နွေးနွေးအောက်တွင် အိပ်စက် ရသည်မှာ အလွန်သက်တောင့်သက်သာရှိသည် ။ 


နေရောင်ခြည်က နွေးထွေးပြီး လေပြေလေးက အေးမြနေသည် ။


ခဏအကြာ သူမဘေးတွင် နွေးထွေးတဲ့အရာတစ်ခု ကပ်လာတာခံစားမိပြီး ဖက်ထားလိုက်ကာ ခံစားလို့အရမ်းကောင်းသည်ဟု တွေးလိုက်သည် ။


အတန်းပြီးသည့်နောက် သူမနိုးလာသည့်အချိန်မှာတော့ သူမဘေးကခံစားလို့ကောင်းပြီး နွေးထွေးသည့်အရာလေးက ယွီချင်းရှီ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။


ယွီချင်းရှီ၏ မျက်နှာလေးကနီရဲနေပြီး သူလဲအခုမှနိုးပုံပေါ်သည် ။


ရှောင်မန် အလွန်ရှက်သွားပြီး သူ့ကိုယ်သူ မကောင်းတဲ့မိန်းမကြီးတစ်ယောက်ဟု တွေးမိသည် ။


သူမ တကယ်ကြီး ယွီချင်းရှီ ကိုဖက်အိပ်ခဲ့တယ် ...

Xxxxxxx