အပိုင်း ၁၈၁-၁၈၅
Viewers 14k

Chapter 181


နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက်တွင် မျက်နှာများနီရဲလာကြသည် ။


ကျန်းရှောင်မန်က သတ္တိရှိရှိဖြင့်"ကျေးဇူးပဲ ”ဟုပြောပြီးအစပြုလိုက်သည် ။


"ရပါတယ်”

 ယွီချင်းရှီ၏အသံသည်ငြင်သာလွန်း၍ ဂရုတစိုက်နားမထောင်လျင်သူပြောသည်ကိုကြားရမည်တောင် မဟုတ်ပေ ။


သူ…သူ…ကျန်းရှောင်မန်နှင့်အိပ်ခဲ့ခြင်းဖြစ်သည်။


သူမ သူ့ကိုဖက်လိုက်သည့်အချိန်တွင် မြောင်မြောင်ထက် ပို၍သက်သောင့်သက်သာရှိပြီး နူးညံ့နွေးထွေးနေလေသည်။ မြောင်မြောင်က အမွေးဖွာပြီးထိလို့ကောင်းသော်လည်း အိပ်သည့်အခါတွင်ဟောက်တတ်သည်။ ရှောင်မန်ကထူးခြားလေသည်။ သူမအိပ်သည့်အခါတွင် ပေါ့ပါးပြီး တိုးတိမ်သောအသက်ရှုသံဖြင့် ငြိမ်သက်စွာအိပ်စက်တတ်သည်။ ယွီချင်းရှီသည်သူမကိုကြည့်ရင်းအိပ်ပျော်သွားသည် ။


သူရည်တောင် မရည်ရွယ်ဘဲနှင့်ဖြစ်သွားခြင်း ဖြစ်သည် ။


ကံအားလျော်စွာဖြင့် ကျန်းရှောင်မန်က မှားနေသည်ဟုပင်မခံစားရပေ ။


ယွီချင်းရှီ သက်ပြင်းချလိုက်သည်။ သူပြစ်မှုတစ်ခုကျူးလွန်၍ ထွက်ပြေးလာသလိုပင်ခံစားလိုက်ရသည် ။


အတန်းတစ်ချိန်စာအိပ်ပြီးနောက်တွင် သူတို့၏ခန္ဓာကိုယ်တွင်မြက်ခြောက်များဖြင့်ပြည့်နှက်နေသည် ။ သူတို့ကိုယ်မှမြက်ခြောက်များကိုခါချပြီးနောက်တွင် မြက်ပေါ်မှထရန်တစ်ယောက်ကိုတစ်ယောက် ကူပေးလေသည် ။ ထို့နောက်သူတို့နားပြီးချိန်တွင် ဆရာမအားသူတို့၏ပျက်ကွက်မှုကိုတင်ပြရန်သွားလေသည် ။


နောက်အတန်းတစ်ခုလည်း မကြာခင်စတော့မှီဖြစ်သည်။ နှစ်ယောက်သားသူတို့၏အခန်းတွင်းသို့ တစ်ယောက်နောက်တစ်ယောက်လိုက်၍ပြန်လာခဲ့ကြသည် ။


ဒုတိယထပ် စင်္ကြလမ်းသို့လျှောက်သည့်အခါတွင် မိန်းကလေးတစ်ယောက်သူတို့ရှေ့မှနေ၍ ငိုပြီးမျက်ရည်များကိုသုတ်ကာဖြတ်လျောက်သွားသည်ကိုတွေ့လိုက်၏ ။


ပုံရိပ်၏နောက်ကျောကိုကြည့်လေလေ ပို၍ရင်းနှီးနှီးလာလေဖြစ်ဖြစ်သည် ။


ကျန်းရှောင်မန်ပ အငိုသန်သည့်ကလေးများကိုမမုန်းသည့်အပြင် သူတို့ကိုချော့ရသည်ကိုပင်သဘောကျသည်။ သူမထိုမိန်းကလေးနောက်သို့လိုက်သွား၍ မေးလိုက်သည်။

" သူငယ်ချင်းယီကျဲကျဲဘာဖြစ်လို့လဲ …"


ယီကျဲကျဲနှင့်ကျန်းရှောင်မန်နှစ်ယောက်သည်သူငယ်တန်းကတည်းကပင် ရင်းနှီးကြပြီး တစ်ယောက်ပေါ်တစ်ယောက်လည်းကောင်းကြလေသည် ။


ယီကျဲကျဲက သိမ်မွေ့ပြီး သူမရယ်သည့်အချိန်တွင် အလွန်ချိုသာလေသည်။ 


သူမ ကျန်းရှောင်မန်နောက်သို့လိုက်ပြီး " ရှောင်မန် ရှောင်မန်”ဟူ၍ခေါ်နေကြပင်။ သူမက ချစ်ဖို့ကောင်းပြီး ကျန်းရှောင်မန်လည်းသူမကိုသဘောကျသည် ။


သို့သော်ငြားလည်း မူလတန်းကျောင်းတွင် သူတို့နှစ်ယောက်အခန်းတူတူမရရ၍ရှောင်မန်ကိုပင်ဝမ်းနည်းစေခဲ့သည် ။


" ရှောင်မန်.... ”

ယီကျဲကျဲသူမဘက်သို့ခေါင်းလှည့်လာပြီးကြည့်လိုက်သည်။ သူမ၏မျက်လုံးနှင့်နှာခေါင်းများသည် ငိုထား၍နီရဲနေပြီး ရှောင်မန်ကိုတွေ့လိုက်သည့်အခါတွင် ငိုသံမှာပို၍ကျယ်လောင်လာသည် ။


ကျန်းရှောင်မန်မှမေးလိုက်သည်။

 " ဘာလို့ငိုနေတာလဲ …ကောင်လေးတွေနင့်ကိုအနိုင်ကျင့်လို့လား မကြောက်ပါနဲ့ ငါသူတို့ကိုနင့်အတွက်သွားရိုက်ပေးမယ် …”


ယခုခေတ်ကောင်လေးများသည် အစအနောက်သန်ပြီး မကြာခဏမိန်းကလေးအတန်းဖော်များကိုပင်အနိုင်ကျင့်နေကြပင် ။


'မိန်းကလေးများ၏ဆံပင်ကိုဆွဲရသည်ကိုသူတို့အကြိုက်ဆုံးပင်။ ယီကျဲကျဲ၏ဆံပင်များသည် ကျစ်ဆံမြီးလှလှလေးကျစ်ထားသောကြောင့် သူမ မကောင်းတဲ့လက်တွေနဲ့ဆွဲတာကိုခံရခြင်းဖြစ်မည်။


အာ…ခနနေပါအုံး…


သူမရဲ့ကျစ်ဆံမြီးတွေရော… ရှောင်မန် သူမခေါင်းကိုတစ်ချက်ကြည့်လိုက်ပြီး သူမဒီနေ့ရိုးရိုးဦးထုပ်လေးတစ်လုံးကိုသာဆောင်းပြီး သူမခေါင်းကိုကာထားလေသည် ။


သူမဦးထုပ်အောက်ကိုမမြင်ရချေ ။


ယီကျဲကျဲ၏အမေက သူမ၏ဆံပင်များကိုပုံစံအမျိုးမျိုးဖြင့်လှလှလေးကျစ်ပေးနေကြ​ဖြစ်သည်။ ရှောင်မန်လည်း သူမကိုအမြဲအားကျနေကြပင် ။


"ဘယ်သူမှ ငါ့ကိုအနိုင်မကျင့်ပါဘူး.... ” 

ယီကျဲကျဲသူမမျက်ရည်များကိုသုတ်ကာ ဆက်၍ငိုပြီး ပြောလိုက်သည်။

 " ငါရေချိုးခန်းထဲမှာရှိတုန်းကမှန်တစ်ချက်ကြည့်လိုက်တာ ငါအရမ်းရုပ်ဆိုးတာပဲလို့တွေးပြီး ငိုတာမရပ်တော့ဘူး...."


"…?" 

ကျန်းရှောင်မန်အံ့အားသင့်သွားပြီး ပြန်ပြောလိုက်သည်။

 " နင်ကရုပ်မဆိုးပါဘူး နင်ကအရမ်းချစ်ဖို့ကောင်းတာ ငါအမြဲနင့်လိုဆံပင်ဘယ်လိုကျစ်ရမလဲဆိုပြီး သင်ချင်နေတာ ..."


" ဝါး…ဝါး…ဝါး..."

သူမပြောသည်ကိုကြားပြီးနောက်တွင် ယီကျဲကျဲအသံကျယ်ကျယ်ဖြင့်ထပ်ငိုပြန်သည်။သူမငိုနေရင်းဖြင့် "ငါနင့်ကိုပြမယ်”ဟုပြောလိုက်သည် ။


ထိုသို့ပြောပြီးနောက်တွင် သူမဦးထုပ်ကိုချွတ်​ပြလိုက်ပြီး ပြန်ဝတ်လိုက်သည်။


"…"


ယီကျဲကျဲဦးထုပ်ချွတ်ပြသည်ကိုမြင်ပြီးနောက်တွင် ကျန်းရှောင်မန်သဘောပေါက်သွားလေသည် ။


သူမကျစ်ဆံမြီးတွေမရှိတော့ဘဲ အညှပ်ခံလိုက်ရပြီဖြစ်သည် ။


သူမဆံပင်များသည် ခွေးကိုက်ခံထားရသလိုပင် ကြည့်ရဆိုးလွန်းသည် ။


အာ…ငါဆံပင်အကြောင်းမပြောလိုက်ရမှာ....


ကျန်းရှောင်မန်သူမကိုယ်တိုင်ခံစားရသလိုပင် ဒေါသတကြီးဖြင့် ယီကျဲကျဲလက်ကိုကိုင်ပြီး ပြောချလိုက်သည်။

" ဘယ်လိုလူလိမ်လူကောက်ကနင့်ဆံပင်ကိုညှပ်လိုက်တာလဲ ငါနင့်အတွက်ကူပြီးရိုက်ပေးမယ် ပြီးရင်ဆရာမကိုပါငါနဲ့အတူတူလိုက်ခဲ့ဖို့ပြောလိုက်မယ် ......"


ယီကျဲကျဲမျက်ရည်သုတ်လိုက်ပြီး ပြန်ပြောလေသည်။

" အဲ့ဒါငါ့အဖေလေ…”


"……”

xxxxxxxxxxxxx


Chapter 182


ယီကျဲကျဲမှပြောလိုက်သည်။

 " ရှောင်မန် တကယ်လို့ငါ့မောင်လေးကိုနင့်ကိုပေးလိုက်မယ်ဆိုရင်ရော.... ငါသူ့ကိုသဘောမကျဘူး....  ငါ့မိဘတွေကသူ့ကိုမွေးပြီးကတည်းက ငါ့ကိုမချစ်ကြတော့ဘူး... ငါ့အမေကလည်းငါ့ကိုဆံပင်မစီးပေးတော့ဘူး... ငါ့အဖေကလည်းငါ့မောင်လေးအတွက်နို့ဘူးပဲလုပ်ပေးနိုင်တယ် ငါ့ကိုဂရုမစိုက်ကြတော့ဘူး …”


ကျန်းရှောင်မန် ကလေးများကိုသဘောကျသော်လည်း သူမတွင် အခြားသူတို့၏တန်ဖိုးထားရသည့်အရာများကိုမယူရဘူးဟူ၍ စည်းမျဥ်းရှိလေသည် ။ဥပမာအနေဖြင့် သူမယွီချင်းရှီ၏ မြောင်မြောင်လေးကိုအလွန်ချစ်သော်လည်း သူမ ထိုကြောင်လေးကိုပွတ်ရုံသာပွတ်သပ်ပေးပြီး အိမ်ကိုယူသွားမည်ဟုတစ်ခါမျှမတွေးခဲ့ချေ ။


ကျန်းရှောင်မန် ခေါင်းခါပြီးငြင်းလိုက်သည်။

"အဲ့ဒါမကောင်းဘူးနော်.... နင့်အဖေနဲ့အမေအတွက် နင့်မောင်လေးကိုကောက်လာဖို့ဆိုတာခက်ခဲလိမ့်မယ် စိတ်မကောင်းမဖြစ်ပါနဲ့.... ကလေးလေးတွေကအိမ်မရှိခင်တုန်းကဆိုရင် အရမ်းသနားဖို့ကောင်းတယ်.... ဒုက္ခတွေအများကြီးရောက်ပြီးမှ သူတို့ပိုကောင်းတဲ့ဘဝကိုရကြတာ... သူတို့ကို အလျှော့ပေးလိုက်ပါ.. ငါတို့ကလူကြီးတွေဖြစ်နေပြီလေ ကလေးတွေနဲ့ရန်မဖြစ်ပါနဲ့ …”


ဘာ…ကောက်တယ်…ဘာကိုကောက်တာလဲ…


ရီကျဲကျဲ ကြောင်သွားလေသည် ။


မောင်လေးကကောက်လာပြီးအိမ်ကိုခေါ်လာလို့ရတဲ့အရာမျိုးလား…


ရီကျဲကျဲအချိန်တစ်ခုမျှစဥ်းစားပြီး ပြောလိုက်သည်။

 " ဘာလို့အိမ်မရှိတဲ့ကလေးတွေက သနားဖို့ကောင်းတာလဲ…သူကတစ်ကယ်သနားဖို့ကောင်းတယ်ဆိုရင် ငါဖေဖေနဲ့မေမေကို ခနငှားပေးလို့ရတာပဲ သူနောက်မှငါ့ကိုပြန်ပေးပေါ့…”


" ဘာလို့လဲဆိုတော့… နင်တို့မြို့မှာရှိတဲ့ကလေးတွေအားလုံးကိုအမှိုက်ပုံးထဲကကောက်လာတာလေ...."ဟုကျန်းရှောင်မန်ရှင်းပြသည်။


" ယွီချင်းရှီလည်းအဲဒီ့လိုပဲလေ သူကအရမ်းသနားဖို့ကောင်းတာ... သူ့မှာစားစရာလည်းမရှိဘူး... ဝတ်စရာလည်းမရှိဘူးလေ သူ့တစ်ကိုယ်လုံးဆိုအနံ့တွေနဲ့ချည်းပဲလေ... သူနေ့တိုင် သူ့ကိုယ်သူအခန်းထဲပိတ်ထားပြီး လူတိုင်းကိုလျစ်လျူရှုထားတာလေ...နင့်မောင်လေးလည်းအဲ့ဒီလိုပဲဖြစ်လိမ့်မယ် နင်သူ့ကိုသဘောထားကြီးပေးလိုက်ပါ…”


ယွီချင်းရှီ:"……”


သူထိုကဲ့သို့အကြောင်းအရာများကို တစ်ခါမျှမပြောဖူးပေ ။


ကျန်းရှောင်မန်က တစ်ခါတစ်လေစိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူအနည်းငယ်ဒေါသထွက်သွားသည် ။


ယွီချင်းရှီ လေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ကျန်းရှောင်မန်၏ကလေးမလေးအားလှည့်ဖျားပြောဆိုနေခြင်းကိုသာ တိတ်တိတ်ဆိတ်ဆိတ်နားထောင်နေတော့သည် ။


နောက်ဆုံးတွင် ယီကျဲကျဲအငိုရပ်သွားလေသည်။


အဘယ်ကြောင့်ဆိုသော် ကျန်းရှောင်မန်က အတန်းထဲတွင်အတော်ဆုံးဖြစ်ပြီး အ​ကြောင်းအရာများများကိုလည်းသူမသိလေသည် ။


ယီကျဲကျဲသည်သူမမောင်လေး၏ အမှိုပ်ပုံထဲမှသနားစရာဘဝလေးကိုတွေးတောမိသည်။ ရုတ်တရက်သူမခံစားချက်များလည်းတည်ငြိမ်သွားလေသည်။ အကယ်၍ရှောင်မန်ပြောတာသည်သာမှန်လျင် သူမအိမ်ပြန်လျင်သူမမောင်လေးကိုပို၍ ဂရုစိုက်ရမည်ဖြစ်သည် ။


သူမယွီချင်းရှီကိုကြည့်ပြီးမေးလိုက်လေသည်။

 " တကယ်သနားဖို့ကောင်းတာလား…”


ကျန်းရှောင်မန် နှင့်ယီကျဲကျဲတစ်ပြိုင်တည်း ယွီချင်းရှီကိုကြည့်လိုက်လေသည် ။


ကျန်းရှောင်မန် ယွီချင်းရှီ၏လက်အားလျို့ဝှက်စွာဖြင့်ဆွဲလိုက်ပြီး " မြန်မြန်…တစ်ခုခုပြောလိုက်လေ... ”ဟုတိုးတိုးပြောလိုက်သည် ။


ယွီချင်းရှီမတတ်သာတော့၍ ခေါင်းငြိမ့်ပြလိုက်ပြီး အသံတိုးတိုးလေးဖြင့် ပြောပေးလိုက်ရသည်။

 " တကယ်သနားဖို့ကောင်းတယ် …”


ယီကျဲကျဲသူမမောင်လေးကိုအနည်းငယ်ချစ်ရန်ဆုံးဖြတ်လိုက်သည် ။


သို့သော် ၎င်းကသူမသိထားသည်နှင့်ကွဲပြားနေသည်။


ကလေးလေးတွေကိုဘာလို့အမှိုက်ပုံးထဲက​နေကောက်ကြတာလဲ …


တခဏတွေဝေသွားပြီးနောက်တွင် ယီကျဲကျဲအသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။


 " ဒါပေမဲ့ရှောင်မန် ငါ့မိဘတွေကအမှိုက်ပုံးကိုဖြတ်သွား​မှာကိုမကြိုက်ဘူးလေ...ပြီးတော့…ငါသိတာကဦးလေးနဲ့အဒေါ်နှစ်ယောက်ကအတူတူအိပ်ကြတာ... တစ်ညလည်းပြီးရောအဲ့ဒီအန်တီရဲ့ဗိုက်ကပူနေပြီးအဲဒီ့ထဲမှာ ကလေးလေးရှိနေတာလေ... ဘာလို့ကလေးတွေကိုအမှိုက်ပုံးထဲကကောက်တာလဲ …”


" ဝိုး…”

ရှောင်မန် ထိုအကြောင်းကိုမသိဘဲ စပ်စုစွာဖြင့် မေးလိုက်သည်။

" နင်အဲ့ဒါကိုဘယ်လိုလုပ်သိတာလဲ…”


" တီဗွီီထဲ​ကလေ …”

 ယီကျဲကျဲသူမခေါင်းကိုငုံ့လိုက်ပြီး ငြင်သာစွာဖြင့်ပြောလေသည် ။


ကျန်းရှောင်မန်က ကာတွန်းကြည့်ရသည်ကိုသာသဘောကျပြီး ရုပ်ရှင်များကိုမကြည့်ပေ ။သူမအဖွားနဲ့ရုပ်ရှင်ကြည့်သည့်အခါတွင်လည်း ငယ်ရွယ်သည့်စုံတွဲများကွာရှင်းပြတ်ဆဲသည့်အမျိုးအစားမျိုးပင်။ ယောက္ခမရောက်လာပြီးဝင်ရောက်စွတ်ဖတ်၍ ရန်ဖြစ်ကြခြင်းပင်။ 'နင်ငါ့ကိုရိုက်တယ် ငါလည်းနင့်ကိုပြန်ရိုက်တယ်'ဟူသည့် အမျိုးအစားမျိုးဖြစ်ပြီး ယီကျဲကျဲပြောသည့်ပုံစံမျိုးကိုသူမတစ်ခါမှမကြည့်ဖူးပေ ။


" တီဗွီထဲမှာပါတဲ့အန်တီရဲ့ဗိုက်ထဲမှာ အမှိုက်ပုံးရှိလို့ဖြစ်မှာပေါ့ …”


"အိုး…အဲ့လိုလည်းဖြစ်နိုင်တာပဲ...."


”အတိုချုံးပြောရရင် သူတို့ဗိုက်လေးတွေကလုံးလုံးဖောင်းဖောင်းလေးတွေ ကြည့်ရတာအားလုံးအတူတူပါပဲ...."


ယီကျံကျဲ၏သံသယများရှင်းသွားပြီး အငိုရပ်သွားသည် ။


ပြောရလျင် သူမသည်ဆံပင်တစ်ခုတည်းကြောင့် ငိုနေခြင်းမဟုတ်ပေ…


သူမတွင် မောင်လေးရှိသည့်အခါတွင် သူမကိုသူမအဖေနှင့်အမေ မချစ်တော့မှာကို စိုးရိမ်နေခြင်းဖြစ်ပြီး ယခုတော့အဆင်ပြေသွားပြီဖြစ်သည်။ သူမမောင်လေး၏ဘဝသည်သနားစရာကောင်းသည်ဆိုလျင် သူမသဘောထားကြီးပေးရမည်ဖြစ်သည် ။


သူမမောင်လေးကို နို့မှုန့်တစ်ခါဖျော်ခိုင်းမယ် ပြီးရင်သူကိုယ်တိုင်လုပ်ခွင့်ပေးမည်။ သူ့အဝတ်အစားကိုသူ့ဘာသာဝတ်ခိုင်းမည်။ သူ့ဘာသာသူစားခိုင်းမည်။သူမ၏အိမ်စာတွေကိုပါဝိုင်းကူခွင့်ပေးအုံးမည် ။


ထိုကဲ့သို့လုပ်ရမည် ။


ယီကျဲကျဲသည်ပျော်ရွင်လာပြီး သူမတွင်မောင်လေးရှိသည်မှာကောင်းသည်ဟုခံစားရလေသည် ။


" ကျေးဇူးပဲ ရှောင်မန်... မနက်ဖြန်ငါ့မောင်လေးကိုကျောင်းကိုခေါ်လာပြီး နင့်ကိုကြည့်ခွင့်ပေးမယ် ဒါပေမဲ့နင်သူ့ကိုခေါ်သွားလို့မရဘူးနော်.... သူကငါ့မောင်လေး ပြီးတော့သူကြီးလာရင်ငါ့ကိုအိမ်စာတွေဝိုင်းလုပ်ပေးမှာ…"


"ကောင်းပြီ..."


ယီကျဲကျဲပျော်ပျော်ရွင်ရွင်ဖြင့်ပြန်သွားသည် ။


အကြောင်းပြချက်တစ်မျိုးမျိုးကြောင့်ပင်ကျန်းရှောင်မန်၏ပျော်ရွှင်နေသည့်ပုံရိပ်ပျောက်ကွယ်သွားလေသည်။ စစ်ပွဲပေါင်းများစွာကိုတိုက်ခဲ့သည့်စစ်မှုထမ်းဟောင်းကျန်းရှောင်မန်ပင် ယီကျဲကျဲမကြာခင်အရိုက်ခံရတော့မည်ဟုခံစားမိလေသည် ။


ထိုအချိန်တွင် " ငါ့ကိုအမှိုက်ပုံးထဲကနေကောက်ခဲ့တာမဟုတ်ဘူး..... ”ဟုယွီချင်းရှီဆိုလိုက်သည်။


ကျန်းရှောင်မန်မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက်ပြောလိုက်သည်။

 " ဒါဆိုနင်ဘယ်ကရောက်လာတာလဲ ...."


သူတို့ ထိုအကြောင်းကို သုံးနှစ်အရွယ်ကတည်းကပင် ဆွေးနွေးခဲ့ခြင်းဖြစ်သည် ။


ထိုအကြောင်းကိုတွေးပြီးနောက်တွင် ယွီချင်းရှီမှပြောလိုက်သည်။

" ယီကျဲကျဲပြောသလိုပဲနေမှာပေါ့... ငါ့မိဘတွေတူတူအိပ်ပြီး တစ်ညကျတော့ ငါ့အမေဗိုက်ထဲငါရောက်နေပြီဖြစ်မှာပေါ့ …”


" အဲ့ဒါအမှန်လား... လူနှစ်ယောက်အိပ်တာနဲ့ သူတို့မှာကလေးရှိသွားနိုင်တာလား…”

 ကျန်းရှောင်မန်မေးလိုက်သည် ။


" အင်းလေ …အဲ့ဒါတီဗွီမှာပါသလိုပဲလေ..."

ယွီချင်းရှီအားတတ်သရောခေါင်းငြိမ့်ပြလိုက်သည် ။


ဘယ်လိုပဲဖြစ်ဖြစ်ပါ အမှိုက်ပုံးထဲကကောက်လာတာထက်တော့ပိုကောင်းပါတယ်….


ကျန်းရှောင်မန်ယုံသွားပုံပေါ်၍ ထပ်ပြောလိုက်သည်။

 " ဒါဆိုနှစ်ယောက်အတူတူအိပ်တာနဲ့ကလေးရနိုင်တာပေါ့…”


ထိုသို့ပြောပြီးနောက်တွင် သူမတစ်ခုခုကိုရုတ်တရက်သတိရသွားပြီး ထိတ်လန့်သွားသည် ။


ယွီချင်းရှီလည်းထိတ်လန့်သွားသည် ။


နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက်ထိတ်လန့်နေသည်ကိုမြင်လိုက်ရသည် ။

Xxxxxxxxx


Chapter 183


ကျန်းရှောင်မန်အတန်းတစ်ချိန်လုံးစိတ်ပျက်နေသည် ။


ဤသည်မှာရှားပါးသည့်ဖြစ်ရပ်မျိုးဖြစ်သည် ။


သူမက အတန်းထဲတွင်မုန့်ခိုးစားခြင်း ၊အိပ်ခြင်းမျိုးမပြုလုပ်​တတ်သည့် နာခံတတ်သည့်ကျောင်းသူကောင်းတစ်ယောက်ဖြစ်သည် ။


သို့သော်ယနေ့တွင် သူမဆရာမစကားကိုနားထောင်ရန်စိတ်မတည်ငြိမ်နေပေ ။


သူမတစ်ယောက်တည်း ဂနာမငြိမ်ဖြစ်နေခြင်းမဟုတ်ဘဲ ယွီချင်းရှီလည်းဂနာမငြိမ်ဖြစ်နေသည် ။


သူစာရွက်ပေါ်တွင် ရေးခြစ်ပြီးရင်းရေးခြစ်နေပြီး မိသားစုသုံးယောက်ပုံဆွဲလိုက်သည် ။


နှစ်ယောက်မှာအရပ်ရှည်ပြီး တစ်ယောက်မှာပုပုလေးဖြစ်သည် ။


ယွီချင်းရှီလန့်သွားပြီး အမြန်ပြန်ခြစ်လိုက်ပြီး မမြင်ရတော့အောင်ခဲမဲမဲဖြင့်ခြစ်လိုက်သည် ။


ကျန်းရှောင်မန်သူ့ကိုသတိထားမိ၍မေးလိုက်သည်

 " ဘာလုပ်နေတာလဲ…”


ယွီချင်းရှီခေါင်းခါပြလိုက်ပြီး ခေါင်းကိုအောက်သို့ငုံ့ကာ ကလေးအကြောင်းကိုစဥ်းစားလိုက်သည် ။


သူ…အဖေတစ်ယောက်ဖြစ်တော့မှာလား… 


ဒါပေမဲ့.... သူကိုယ်တိုင်သည်ကလေးပဲရှိသေးတာကို အဖေဘယ်လိုဖြစ်လာရမှာလဲ... သူကလေးကိုဘယ်လိုကာကွယ်ရမှာလဲ… ကလေးငိုရင်ဘယ်လိုချော့ရမှာလဲ…ဒါမှမဟုတ်ကလေးအတွက်နို့လုပ်ပေးရမှာလား… ကလေးဆံပင်ကိုဘယ်လိုစီး​ပေးရမလဲ.... ဒါမှမဟုတ်  ဘယ်လို ဝတ်အစားလဲပေးရမလဲကို သူမသိဘူးလေ....


ကလေးလေးက မြောင်မြောင်လိုမျိုးစည်သွပ်ဘူးထဲကအစားအစာတွေစားနိုင်လား…သူတို့ဘာသာသူတို့စားနိုင်လား… 


အား…


သူ ထိုအကြောင်းကိုတွေးလေလေ ခေါင်းများပေါက်ကွဲထွက်တော့မလိုခံစားရလေလေဖြစ်သည် ။


စာသင်နှစ်ဝက်ပြီးခါနီးလာသည်နှင့် ဝါသနာအတန်းသင်ခန်းစာများလည်းပြီးလုနီးပြီဖြစ်သည် ။ ကျောင်းဆင်းသွားသည့်အချိန်တွင် နှစ်ယောက်အတူတူအိမ်ပြန်ခဲ့ကြသည် ။


တံခါးရှေ့သို့ရောက်သည့်အခါတွင် အချင်းချင်းနှုတ်ဆက်လိုက်ကြသည်။ သူတို့အချင်းချင်းကြည့်ပြီး အကြည့်လွှဲလိုက်ကြသည် ။


သူတို့တွင်တူညီသည့်အတွေးများရှိနေပြီး စိတ်ထဲတွင်လည်းတစ်ခုခုရှိနေသော်လည်း ထုတ်ပြောရန်ရှက်ရွံ့နေကြသည် ။


" တာ့တာ...."

ယွီချင်းရှီမှနေ၍ပြောလိုက်သည် ။


" တာ့တာ.... ”

ကျန်းရှောင်မန်လက်ဝေ့ပြလိုက်ပြီး နှစ်ယောက်လုံးကိုယ်စီအိမ်ထဲဝင်သွားကြသည် ။


ရှောင်မန် ညစာစားချိန်တွင်ဗိုက်အလွန်ဆာနေသောကြောင့် သူမထမင်းနှစ်ပန်းကန်စားလိုက်ပြီး။ ထို့နောက်တွင်ဂျယ်လီပင်စားလိုက်သေးသည် ။


ထမင်းစားပြီးနောက်တွင် သူမဗိုက်သည်ဖောင်းကားနေပြီဖြစ်သည် ။


ကျန်းရှောင်မန်ဆိုဖာပေါ်သို့ပျော်ရွှင်စွာလှဲချလိုက်သည် ထိုအချိန်တွင်ကျန်းဟွေ့မိန်က အိမ်သန့်ရှင်းရေးလုပ်ရင်းသူမရှေ့မှဖြတ်လျှောက်သွား၍ သူမဗိုက်ပူပူကိုကြည့်လိုက်ပြီးပြောလိုက်သည်။

" ကလေးရေ... လိုတာထက်ပိုမစားနဲ့ အစာအိမ်ထိခိုက်လိမ့်မယ်...  ကျူးကျီရဲ့မိန်းမဆိုရင်သူကိုယ်ဝန်ရှိတုန်းကသမီးလိုပဲအစားတွေအများကြီးစားတာ…”


ကျန်းရှောင်မန်ဆိုဖာပေါ်မှာရုတ်တရက်ထထိုင်လိုက်ပြီး ကျန်းဟွေ့မိန်အားအထိတ်တလန့်ကြည့်လိုက်သည် ။


"ဘွားဘွား…တကယ်လို့တစ်ယောက်ယောက်မှာ ကလေးရှိနေရင်သူတို့ကအများကြီးစားမယ်...  ပျင်းနေပြီးဘာမှမလုပ်ချင်ဘူး... ပြီးရင်သူတို့ဗိုက်တွေကလေတွေနဲ့ဖောင်းနေမယ် အဲ့လိုမျိုးကလူတိုင်းဖြစ်တာလား…”


" ဟုတ်တယ်…လူတွေပဲမဟုတ်ဘူး ဝက်တွေလည်းအဲဒီ့အတိုင်းပဲလေ ..."


ထိုအသံကိုကြားရသည်မှာ မှန်နေသည်နှင့်တူပါသည် ။


ဒါပေမဲ့သူတို့ရွာမှနေတုန်းကဆိုရင် ဟွားဟွားကတစ်နေကုန်အိပ်တာနဲ့စားတာကလွဲရင်ဘာမှမလုပ်ဘူးလေ.... သူကလေးရှိနေ​ချိန်မှာတော့  ပိုစားပိုအိပ်လာပြီးနဲနဲဝလာတယ် ....


'ဒါဆို ဒါကမှန်တာပေါ့ ...


ရှောင်မန်ဖျော့တော့နေသည့်မျက်နှာဖြင့် သူမအခန်းတွင်းသို့ပြန်ဝင်လာပြီး သူမခန္ဓာကိုယ်သည်အိပ်ပျော်နေသကဲ့သို့တောင့်တင်းနေသည် ။


သူမမှာ တကယ်ကလေးရှိနေပြီလား…


ကျန်းရှောင်မန် သူမ အင်္ကျီကိုအပေါ်ဆွဲတင်ပြီး မှန်ရှေ့ရပ်ကာပုံတစ်ချို့ရိုက်လိုက်လေသည် ။


သူမဗိုက်က ပူပြီးဖောင်းနေသည်ကိုတွေ့လိုက်ရသည် ။


သူမအံ့အားသင့်သွားပြီး သူမတစ်ခုခုကိုစဥ်းစားနေဟန်ဖြင့်ဗိုက်ကိုပွတ်လိုက်သည် ။


အထဲမှာကလေးလေးရှိနေတာလား…


သူမဗိုက်က လုံးပြီးဖောင်းနေသော်လည်း ကျုးကျီ၏မိန်းမကဲ့သို့တော့မဟုတ်ပေ ။


မည်သို့ပင်ဖြစ်စေ သူမသည်ကျုးကျီ၏မိန်းမကဲ့သို့အရပ်မရှည်သည့်အတွက် ဗိုက်သေးသေးထဲတွင် ကလေးသေးသေးလေးရှိတာဖြစ်နိုင်သည်မဟုတ်ပါလော။


ဒါဆိုဒီနေ့ကစပြီး သူမကအမေဖြစ်တော့မှာပေါ့....


ကျန်းရှောင်မန် တုန်လှုပ်ခြောက်ခြားသွားသည်။


ရေချိုးနေစဥ်တွင် သူမဗိုက်ပူပူလေးဖြင့်ရေချိုးကန်တွင်းထိုင်ချလိုက်ပြီး သူမမျက်နှာတစ်လျှောက်မျက်ရည်များစီးကျလာလေသည်။


အာ…သက်သောင့်သက်သာမရှိလိုက်တာ... သက်သောင့်သက်သာမရှိဘူး… သူမကလေးမွေးပေးရတော့မှာလား အဲ့လောက်တောင်မြန်လား…


ယီကျဲကျဲပြောတာတော့ သူတို့အနည်းဆုံးတစ်ညကိုဖြတ်သန်းရမယ်တဲ့ ဒါပေမဲ့သူမကတစ်နေ့တောင်မဖြတ်သန်းလိုက်ဘူးလေ …


သူမ သက်သောင့်သက်သာရှိမနေ။ သူမနှလုံးသားလည်းသက်သောင့်သက်သာမဖြစ်နေ တစ်ချိန်ထဲမှာပင် ဗိုက်ထဲတွင်လည်းအလွန်မသက်သာဖြစ်နေသည်။ သူမဒူးနှစ်လုံးကြားခေါင်းကိုညပ်ထားကာငိုနေတော့သည် ။


သူမ ကလေးလေးတွေကိုအများကြီးသဘောကျသော်လည်း သူမကောက်၍မွေးထားသည့်ကလေးများကိုသာသဘောကျသည်။ သူမသည်သေးသေးလေးသာရှိပြီး သူမဗိုက်သည်လည်းသေးသေးလေးပင်။ ကလေးလေးကသူမဗိုက်ထဲမှာနေရတာ သက်သောင့်သက်သာမရှိဘဲဝမ်းနည်းနေလိမ့်မည်။


 အကယ်၍ကလေးလေးမွေးလာရင် သူတို့ကထန်းသီးအရွယ်လောက်ပဲရှိတော့မှာပေါ့…'


သူတို့ဘယ်လိုအသက်ရှင်နိုင်မှာလဲ …


သူမရွာမှာနေတုန်းက သူမဘေးအိမ်မှအဖွား၏ကြောင်လေးသည် ထန်းသီးအရွယ်လောက်ပဲရှိသည့်ကြောင်ပေါက်လေးများကိုသာမွေးနိုင်သည် ။


ကြောင်ပေါက်လေးများသည်သေးလွန်းပြီး အမွေးလည်းမပေါက်သေး၊ 'မြောင်' ဟူသည့်အသံမှာလည်း ပျော့ပြောင်းလွန်းသည် ။ ဘေးအိမ်မှအဖွားသည် ကြောင်ပေါက်လေးနှစ်ကောင်အသက်မရှင်နိုင်ဘူးဟု​ပြောသည် ။


သူမ မူလတွင်ထိုကြောင်ပေါက်လေးများထဲမှတစ်ကောင်ကိုခေါ်မွေးထားဖို့ပြောရန်ရည်ရွယ်ထားသော်လည်း မကြာခင်ပင်မှာပင် ထိုကြောင်ပေါက်လေးနှစ်ကောင်သည်အသက်မရှင်တော့ချေ ။


ဘေးအိမ်မှ အဖွားသည်ထိုကြောင်ပေါက်လေးများအားအဝေးကိုသွားပစ်ချင်သော်လည်း ရှောင်မန်သည်သူတို့အတွက်စိတ်မကောင်းဖြစ်၍ တွင်းတူးကာမြုပ်ပေးလိုက်သည် ။


အကယ်၍သူမကလေးသည်လည်းထန်းသီးအရွယ်သာရှိလျင် သူတို့လည်းအသက်ရှင်နိုင်မည်မဟုတ်ချေ ။


ကျန်းရှောင်မန်စိတ်မကောင်းဖြစ်စွာဖြင့်ငိုနေတော့သည် ။

Xxxxxxxxx


Chapter 184


စနစ်သည်ရပ်မကြည့်နိုင်တော့၍ ပြောလိုက်တော့သည်

" ပိုင်ရှင်…မင်းမှာကလေးမရှိပါဘူး... မင်းကအစားများလွန်းနေတာပြီး ဗိုက်ထဲနေလို့မကောင်းဖြစ်နေတာပါ...မနက်ဖြန်ကြရင်ကောင်းသွားလိမ့်မယ်..."


"ဒါပေမဲ့ သမီးယွီချင်းရှီနဲ့အိပ်ပြီးပြီလေ...."

ကျန်းရှောင်မန်သူမမျက်ရည်များကိုသုတ်လိုက်ပြီး သူမ၏နီရဲနေသောမျက်လုံးများဖြင့် ဆက်ပြောသည်။


"ယီကျဲကျဲကပြောတယ်.... လူတွေအတူတူအိပ်လိုက်ရင်သူတို့မှာကလေးရှိသွားတယ်တဲ့ တီဗွီထဲမှာလည်းအဲဒီ့လိုပဲတဲ့ …”


"…ကောင်းပြီ... လူတွေအတူတူအိပ်ရင်ကလေးရတာမမှားဘူးဆိုပေမဲ့ မင်းကအိပ်ရုံပဲအိပ်တာလေတခြားဘာမှ မလုပ်တာ…”


"တခြားဘာလုပ်စရာလိုသေးလို့လဲ...


"ကလေးမွေးပေးရတဲ့သူက…ကလေးတွေ​မဖြစ်သင့်​ဘူးလေ…ဘယ်လိုပဲဖြစ်ဖြစ်မင်းက ကလေးမွေးလို့မရဘူး…."


ကျန်းရှောင်အနည်းငယ်သက်သာရာရသွားသည်။ သူမလေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ဆက်ပြောသည်။

" ကလေးတွေကအတူတူအိပ်ရာကနေရတာမဟုတ်ဘူးဆိုရင် သူတို့ဘယ်ကနေလာတာလဲ...သမီးကဘယ်ကလာတာလဲ...ယွီချင်းရှီကရောဘယ်ကနေလာတာလဲ…”

သူမထိုအရာကိုသိဖို့လိုအပ်သည် ။


အခြားကလေးတွေလည်း အနာဂတ်မှာထိုအကြောင်းနှင့်ပတ်သတ်၍ရှုပ်ထွေးလာရင် သူမရှင်းပြဖို့လိုမည်ဖြစ်သည် ။


စနစ်သည်ခနတာငြိမ်သက်သွားပြီးနောက်တွင် ပြန်ပြောလိုက်သည်။

 " တူတူအိပ်ဖို့လိုတယ်…”


"…” 

ကျန်းရှောင်မန်လည်းတိတ်ဆိတ်သွားပြီးနောက်တွင် ထပ်ငိုလေသည် ။


" ဦးဦးစနစ်ကအရမ်းကြောက်ဖို့ကောင်းတာပဲ... ခုနကကျတော့တူတူအိပ်တာကနေကလေးမရနိုင်ဘူးဆို... ခုကျတော့တူတူအိပ်ရာကနေကလေးရနိုင်တယ်တဲ့ ဒီတော့ကလေးကရမှာလားမရဘူးလား…"


စနစ်မှ ပြန်ပြောလိုက်သည်။

 " အိပ်တာကလိုအိပ်ချက်ဆိုပေမဲ့…ဒါပေမဲ့အတိအကျလိုအပ်ချက်တော့မဟုတ်ဘူးလေ..."


စနစ်လည်းရူးချင်နေပြီဖြစ်သည် ။


မည်ကဲ့သို့စ​ပြောရမှန်းလဲမသိတော့သလို မည်ကဲ့သို့ရှင်းပြရမည်ကိုလဲမသိတော့ချေ ။


" ဒါဆိုဘယ်လိုအခြေအနေမျိုးကလိုအပ်တာလဲ...."


" … အဲ့ဒါက ကလေးတွေမသိသင့်တဲ့အရာတွေရှိတယ်...သူတို့ကြီးလာရင်နားလည်သွားလိမ့်မယ် အခုမင်းကငါ့ကိုလာမေးနေတော့ ငါဘယ်လိုပြောပြရမလဲ… ”


ကျန်းရှောင်မန်ရပ်တန့်၍ စဥ်းစားလိုက်ပြီး ပြန်ပြောသည်။

 " ဦးဦးဒီလောက်ထိ လေးနက်နေစရာမလိုပါဘူး... ဦးဦးမသိရင်ဒီတိုင်းသမီးကိုမသိဘူးလို့သာပြောလိုက်ပါ သမီးဦးဦးကိုမရယ်ပါဘူး..."


"…”

စနစ်အမှန်တကယ်စိတ်ဆိုးသွားလေသည်။


စနစ်၏ဥာဏ်ရည်နှင့်ပတ်သတ်ပြီးမေးခွန်းထုတ်ကောင်းထုတ်နိုင်ပေမဲ့ စနစ်၏ဗဟုသုတဘဏ်သည် မေးခွန်းထုတ်စရာမလိုပေ ။


" ငါကဘယ်လိုလုပ်မသိရမှာလဲ …ငါအကုန်လုံးကိုသိတယ်... ငါ့မှာရုပ်ပုံတွေ၊စာတွေ၊ဗီဒီယိုတွေရှိတယ် ငါထုတ်ပြလို့ရလား မင်းရောကြည့်နိုင်လား... မင်းနေ့တိုင်းထူးထူးဆန်းဆန်းကိစ္စတွေတွေးနေတာကိုရပ်လို့ရမလား….."


" ဘာလို့ပို့လို့မရတာလဲ ” 

ကျန်းရှောင်မန်က အလိမ်အညာဖြစ်သည်ဟုထင်နေသည် ။


" အဲ့ဒါကငါ့ရဲ့ကုဒ်ထဲမှာရှိနေတဲ့အတွက်ကြောင့် ငါပို့လိုက်ရင်အပိတ်ခံရမှာပေါ့…”


"အိုး…”


ကျန်းရှောင်မန်သူမဒူးနှစ်လုံးကြားထဲသို့ခေါင်းစိုက်၍ တစ်ဖန်ငိုပြန်လေသည် ။


သိသိသာသာပင်စနစ်၏ကျော်ကြားသည့် သိပ္ပံစွမ်းရည်နှင့်နှစ်သိမ့်မှုတို့သည် ပြစ်မှတ်ကိုမထိရောက်ခဲ့ချေ ။


ခနကြာပြီးနောက်တွင် စနစ်ကပြောလာသည်။

" ပိုင်ရှင် မင်းကကလေးတစ်ယောက်ကိုမွေးပေးနိုင်တဲ့အထိအသက်မကြီးသေးဘူး မင်းကြီးလာရင်သိလာလိမ့်မယ်…”


ကျန်းရှောင်မန်သူမလက်နှစ်ဖက်ဖြင့် မျက်နှာသစ်၍ စိတ်လျှော့လိုက်ပြီး ပြောလိုက်သည်။

 " ဦးဦးပြောတာက သမီးဗိုက်ထဲမှာကလေးလေးကရှိနေတာပေါ့....သမီးကြီးလာမှသူတို့ကကြီးလာပြီး အဲ့တော့မှမွေးလို့ရမှာပေါ့ဟုတ်လား..."


" အင်း…အဲ့လိုပဲပေါ့....ဘယ်လိုပဲဖြစ်ဖြစ်အခုတော့မွေးဖို့မဖြစ်နိုင်ဘူး အဲ့ဒါကြောင့်မစိုးရိမ်နဲ့တော့... ”


ကျန်းရှောင်မန်သက်သာရာရသွားပြီး ​စနစ်အားအတည်ပြုသည့်အနေဖြင့် ပြောလိုက်သည်။

"ဘယ်လောက်အရွယ်က အသက်ကြီးဖို့လုံလောက်ပြီလဲ …”


" ၁၇၊၁၈ ဒါမှမဟုတ် ၂၄ ၊၂၆ အစရှိသဖြင့်ပေါ့..."


ကျန်းရှောင်မန်နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားသည် ။


သူမညအိပ်ဝတ်စုံကိုလဲဝတ်လိုက်ပြီး အိပ်ရာထဲဝင်သွားခဲ့သည် ။


သူမကောင်းကောင်းအိပ်ပျော်သွားပြီး ညလယ်လောက်တွင်သူမခန္ဓာကိုယ်ရုတ်တရက်တုန်လှုပ်သွားပြီး ​ခန္ဓာကိုယ်ကိုလှည့်၍ထထိုင်လိုက်သည် ။


သူမခနတာထိုင်ပြီးနောက်တွင် မျက်ရည်များဝဲလာပြီဖြစ်သည် ။


သူမ ဘွားဘွားကိုမသိစေချင်သောကြောင့်  

စောင်ကိုကိုက်၍ သနားဖွယ်ကောင်းအောင်ငိုနေလေတော့သည်။ စနစ်လည်းထိတ်လန့်သွားပြီး သူမအိမ်မက် မက်တာဖြစ်သည်ဟုထင်လိုက်သည် ။


သူမသုံးနှစ်အရွယ်တုန်းက သူမကျန်းရှင်းကိုအိမ်မက်မက်ခဲ့သလိုဖြစ်မည် ။


သို့ပေမဲ့မကြာသေးမီက အိမ်မက်ဆိုးမက်လောက်စရာကိစ္စမျိုး ကျန်းရှင်းနှင့်မဖြစ်ခဲ့ချေ။ 


ဒါဆိုအိမ်မက်ထဲကအကြောင်းကဘယ်လောက်တောင်ဝမ်းနည်းဖို့ကောင့်လို့ သူမသနားစရာကောင်းအောင်ငိုနေတာလဲ...


"ပိုင်ရှင် မင်းဘာအိမ်မက်မက်တာလဲ …”


"သမီး…သမီးမှာကလေးရှိနေတယ်လို့အိမ်မက်မက်တယ်..."


"…” 

စနစ် အချိန်ခနကြာဆွံအသွားပြီးနောက်ပြောလိုက်သည်

" မင်းကလေးမွေးလို့မရဘူးလို့ငါမင်းကိုပြောထားတယ်လေ...  ကျီထဲကလူလိုမိုးပြိုကျမှာကိုမကြောက်နေပါနဲ့..."


ကျန်းရှောင်မန်ခေါင်းခါပြလိုက်ပြီး ပြန်ဖြေလိုက်သည်။

 " သမီးမက်ခဲ့တဲ့အိမ်မက်က နောက်မှတစ်ခုခုဖြစ်လာမယ်ဆိုရင်ရော..."


" ဒါဆိုမင်းအခုဘာလို့ငိုနေတာလဲ…”


" သမီးဝက်ကလေးတစ်ကောင်မွေးတယ်လို့ အိမ်မက်မက်တယ်...”


စနစ်သည် လုံးဝ လုံးဝထိတ်လန့်သွားလေသည် ။


ရှောင်မန်သည်ငိုနေရင်းနှင့်ပင် ပြောလာသည်။

" ဝက်ပေါက်လေးတွေအများကြီးပဲ... သူတို့ကမွှေးတုံလေးတွေနဲ့တူပြီး သမီးဆီလာပြီးနေ့တိုင်းခေါင်းကိုက်အောင်လုပ်ကြတယ်သူတို့နို့သောက်ချင်တယ်ဆိုပြီး.. သမီးမလိုချင်ဘူး …သမီးမလိုချင်ဘူး …သမီးမလိုချင်ဘူး …သမီးဝက်ပေါက်လေးတွေမမွေးချင်ဘူး .."


" ဘာလို့အဲ့ဒီလိုအိမ်မက်မျိုးမက်ရတာလဲ …”


" ဘာလို့လဲဆို သမီးအရင်တစ်ရက်က မွှေးတုံလေးနဲ့အိပ်တာလေ ..."


"……"


စနစ် ထိုအကြောင်းကိုတွေ့ပြီး စိတ်ကိုလျော့လျက်ပြောပြသည်။

 " ပိုင်ရှင်နဲ့ မွှေးတုံဠးနဲ့က မျိုးပွားခြင်းမတူဘူးလေ …”


သေချာပါသည်၊ ပိုင်ရှင်သည် ဘာလို့လဲဆိုသည့် 'မေးခွန်းပေါင်းတစ်သောင်းကို' ထပ်မေးအုံးမည်ဖြစ်သည် ။


"မျိုးပွားမှု မတူညီဘူးဆိုတာဘာ​ပြောတာလဲ...”


" မတူညီတဲ့မျိုးစိတ်တွေက ကလေးမမွေးနိုင်ဘူးလေ... ဝက်တွေက ဝက်တွေကိုပဲမွေးနိုင်တယ်၊ လူတွေကလည်းလူတွေကိုပဲမွေးနိုင်တယ်.. ဒီတော့မင်းကဝက်တွေကိုမမွေးပေးနိုင်ဘူး နားလည်ပြီလား…”


" တကယ်လား…”


"တကယ်ပေါ့...."


ကျန်းရှောင်မန်စိတ်သက်သာရာရသွားပြီး အငိုရပ်သွားပြီဖြစ်သည် ။


သူမအိပ်ချင်နေသော်လည်း သူမအိမ်မက်သည်အလွန်ကြောက်ဖို့ကောင်းနေသောကြောင့် ပြန်အိပ်ရန်တွန့်ဆုတ်နေလေသည်။ သူမထလိုက်ပြီး သူမစားပွဲခုံပေါ်တွင်ထိုင်၍ စိတ်အေးရန် မှတ်စုစာအုပ်ထုတ်ရေးနေလိုက်သည် ။


ထိုမှတ်စုကို သူမဆရာမကိုပြမည်မဟုတ်ပေ။ သူမ ကလေး၏မွေးနေ့ကိုမှတ်တမ်းတင်ထားရန်လိုပေသည် ။


မဟုတ်လျင် သူတို့မွေးသည့်နေ့ကိုသူတိုမသိခြင်းဖြစ်နေနိုင်ပါသည် ။


" ကလေးလေးငါ့ဗိုက်ထဲမှာရှိနေတာ ဒီနေ့ကပထမဆုံးနေ့ပဲ.... စနစ်ကပြောတာငါနောက်ပိုင်းကြီးလာတဲ့ချိန် ၁၇၊၁၈အရွယ်ဒါမှမဟုတ် ၂၄၊ ၂၆အရွယ်မှာ ကလေးလည်းကျန်းကျန်းမာမာဖြစ်နေပြီ ..."


စာရေးပြီးနောက်တွင် မောပန်းလာပြီး အိပ်ရာထဲဝင်၍အိပ်တော့သည် ။


နောက်တစ်နေ့သူမနိုးလာချိန်တွင် သူမမျက်လုံးများသည်မနေ့ညကမှောက်အိပ်ထား၍ ရောင်ရမ်းလာလေသည် ။


သူမ အပြင်ထွက်လာသည့်အချိန်တွင် သူမယွီချင်းရှီ၏မျက်နှာကိုတွေ့လိုက်ရသည် ။ သူ၏မျက်နှာသည်လည်း သူမကဲ့သို့ပင် ။


သူ၏မျက်လုံးများသည်လည်းနီ၍ရောင်ကိုင်းနေပြီး မျက်ခမ်းစပ်အောက်တွင်လည်းမဲနေသည်။ သူသည်လည်း သူမကဲ့သို့ဖျော့တော့နေသည် ။


ကလေးနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တစ်ချက်ကြည့်ရုံဖြင့်နားလည်လိုက်ကြသည် ။


"နင်မနေ့ညက အိမ်မက်ဆိုးမက်ခဲ့တာလား...."

ဟုကျန်းရှောင်မန်ဆိုလိုက်သည် ။


"နင်လည်းအိမ်မက်ဆိုးမက်ခဲ့တာလား”ဟုပြန်မေးလိုက်သည် ။

Xxxxxxxxx


Chapter 185


ယွီချင်းရှီလည်း အိမ်မက်ဆိုးမက်ခဲ့သည် ။


မနေ့ကသူအိမ်ပြန်ရောက်တည်းက ဝမ်းနည်းစိတ်ပျက်ပြီးတစ်နေကုန်စိတ်ဆိုးနေခဲ့သည် ။


ယွီဝမ်ချန်းက ထမင်းစားချိန်တွင်သူ့အားအသီးအရွက်အချို့ထည့်ပေးခဲ့သော်လည်း သူမစားပဲပါးစပ်ပိတ်၍ ခေါင်းကိုခါနေပြီး ယွီဝမ်ချန်းအားစိတ်တိုအောင်လုပ်နေခဲ့သည် ။


ယွီဝမ်ချန်းတူကိုဆောင့်ချလိုက်ပြီးအံကိုကျိတ်ကာ ပြောလိုက်သည်။

" ငါအရင်ဘဝကမင်းအပေါ်အကြွေးတင်ခဲ့တာဖြစ်မယ်...မင်းကြီးလာပြီးမင်းကလေးကိုပြုစုပြိုးထောင်တဲ့အခါကြရင် မိဘရဲ့ကြင်နာမှုကိုနားလည်လာလိမ့်မယ်…”


စကားလုံးတစ်လုံးတည်းဖြင့်ယွီချင်းရှီအံသြသွားခဲ့သည်။


သူလည်းကလေးရတော့မှာလား…


ထိုညတွင် …ယွီချင်းရှီသူ့တွင်ကလေးရှိသည်ဟုအိမ်မက်မက်ခဲ့သည် ။


တစ်ယောက်တည်းတောင်မဟုတ် အမြွှာတွေပင် ။


ယွီချင်းရှီတစ်ယောက်ကိုနောက်ကျောတွင်ချီထားပြီး နောက်တစ်ယောက်ကိုလက်တစ်ဖက်ဖြင့်ပိုက်ထားသည်။ တစ်ယောက်သည်နို့သောက်ချင်၍ငိုနေပြီး နောက်တစ်ယောက်သည် အကြောင်းအရင်းမရှိ၍ပင်ငိုနေသည် ။


ကလေးနှစ်ယောက်သည်သူ့အားအလွန်ပင်ပန်းအောင်လုပ်နေသည့်အချိန်တွင် ကျန်းရှောင်မန်…ကျန်းရှောင်မန်ကတော့ဘာမှလုပ်မနေပေ။၊သူမအခြားကလေးတစ်ယောက်နဲ့ပင်ဆော့နေခဲ့သည် ။


သူမထိုကလေးနှစ်ယောက်အားသူ့ဆီပစ်ထားခဲ့သည် ။


ယွီချင်းရှီ၏ဒေါသများက မျက်ရည်အဖြစ်သို့ပေါက်ကွဲသွားသည်။ ကလေးနှစ်ယောက်က အလွန့် အလွန်ပင်လေးလေသည်။ သူရုန်းကန်ရင်းဖြင့်နိုးလာပြီး သူ့ကိုယ်ပေါ်တွင်မြောင်မြောင်၏ကိုယ်တစ်ဖက်တတ်ဖိထားသည်ကိုတွေ့လိုက်ရသည် ။ သူလေးလံသလိုခံစားရသည်မှာ အံသြစရာမရှိပေ ။


သူနိုးလာပြီးနောက်တွင် ယွီချင်းရှီအကြောင်းအရာများကိုတွေးပြီးတွေးရင်း သူ့အိမ်မက်ထဲကအတိုင်းအမှန်တကယ်ဖြစ်လာရင် မည်သို့လုပ်ရမလဲဟုစဥ်းစားလိုက်သည်။ သူဝမ်းနည်းစွာဖြင့်ငိုတော့သည် ။


တစ်ညတာကိုလှည့်လှည်ဖြတ်သန်းပြီးနောက်တစ်နေ့တွင်သူ၏မျက်နှာသည်သရဲတစ်ကောင်လိုဖြစ်နေပြီဖြစ်သည် ။


ကလေးနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တုန့်ဆိုင်းသွားပြီးနောက်တွင် ထိုင်ပြီးစကားပြောဖို့ဆုံးဖြတ်လိုက်သည် ။


ဒါတွေအားလုံးပြီးသွားလို့ကလေးမွေးလာခဲ့ရင် ဘယ်သူကဘာကိုတာဝန်ယူမလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်သင့်သည် ။


ယွီချင်းရှီက ကျန်းရှောင်မန်ကိုသူ၏အိမ်သို့ခေါ်သွားပြီး အသံတိုးတိုးလေးဖြင့်ပြောလိုက်သည်။

 " တီဗွီအတူတူကြည့်ရအောင် ..."


အခြားတစ်ယောက်ပြောတာတစ်ခုတည်းကိုမယုံဘဲ ရှောင်မန်နှင့်အတူအမှန်တရားကိုစိစစ်ရန် ရည်ရွယ်ထားသည် ။


ကျန်းရှောင်မန်သည် ယွီချင်းရှီနှင့်အတူတီဗွီကြည့်ချင်၍ ခေါင်းငြိမ့်ပြလိုက်သည် ။


တီဗွီတွင်လည်း ယီကျဲကျဲပြောသလိုအမှန်ပင်ဖြစ်သည် ။


တစ်ယောက်မျက်နှာတစ်ယောက်အသက်မပါစွာဖြင့် အထိတ်တလန့်ကြည့်လိုက်ပြီး ရှောင်မန်လျင်မြန်စွာဖြင့်စိတ်လျော့လိုက်သည် ။


" မ​ကြောက်ပါနဲ့ ငါမနေ့ကရှင်းရှင်းလင်းလင်းမေးပြီးပြီ...အခုငါ့ဗိုက်ထဲမှာကလေးရှိနေရင်တောင် သူတို့ကသေးသေးလေးပဲရှိပြီးမကြီးသေးဘူး ငါကြီးလာတဲ့အထိစောင့်ပြီးမှ ငါသူတို့ကိုမွေးပေးနိုင်မှာ..."


" အဲ့ဒီ့လိုလား…”


" အင်း ..."


ယွီချင်းရှီမျက်တောင်တစ်ချက်ခတ်လိုက်ပြီး ကျန်းရှောင်မန်၏ဗိုက်ကို သေချာကြည့်လိုက်သည် ။


သူမ၏ဆောင်းရာသီဝတ် အင်္ကျီမှာထူထဲနေပြီး သူမ၏ဗိုက်ပူလေးကိုလည်းမမြင်ရသည်မှာ သူ့ကိုပို၍ထိချင်အောင်လုပ်နေသည် ။


သူ့ကလေးကဗိုက်ထဲမှာရှိနေတာလေ…


" ငါကလေးအဖေဖြစ်တော့မှာလား…”

ယွီချင်းရှီမေးလိုက်သည် ။


" ငါလည်းအမေဖြစ်တော့မှာလေ ..."


" ကလေးကဘယ်တော့မွေးမှာလဲ ..."


ယွီချင်းရှီက အနာဂတ်တွင်ကလေးကိုမည်ကဲ့သို့ပျိုးထောင်ရမည်ကိုလည်းဆွေးနွေးချင်သေးသည် ။ 


 အကယ်၍ သူတို့မှာအမြွှာရှိနေခဲ့လို့ သူတစ်ယောက်ထဲပိုးထောင်ရမည်ဆိုလျင် သူသေလောက်အောင်ပင်ပန်းနေမည်ဖြစ်သည် ။


" ငါလည်းအဲ့ဒါတော့မသိဘူး... ဒါပေမဲ့အခုချိန်နဲ့ဆိုရင်တော့ကြာအုံးမှာ..."


"အဲ့ဒါကောင်းတာပေါ့....."

ယွီချင်းရှီသက်ပြင်းတစ်ချက်ချလိုက်ပြီးသူကြီးလာပြီးသန်မာအောင်လုပ်ဖို့အချိန်ရှိပြီဖြစ်သည်။ ထိုမှသာလျင်ကလေးတွေကိုချီထားသည့်အခါတွင် သူမပင်ပန်းတော့မည်ဖြစ်သည်။


သူတစ်ခုခုကိုတွေးနေပုံဖြင့် " ခဏနေဦး...” ယွီချင်းရှီသူ၏အခန်းအတွင်းသို့ပြေးဝင်သွားသည် ။


သူနို့တစ်ပုလင်းကိုကိုင်၍ ပြန်ထွက်လာသည် ။


"…"

ကျန်းရှောင်မန်ရှုပ်ထွေးစွာဖြင့်သူ့ကိုကြည့်လိုက်သည် ။


"ဒါငါငယ်ငယ်တုန်းကသုံးခဲ့တဲ့ဟာလေ... ငါကြီးလာရင်အမှတ်တရဖြစ်အောင်လို့ ငါ့အဘိုးနဲ့အဘွားကသိမ်းထားပေးတာ...."

ယွီချင်းရှီဆက်၍ ပြောလိုက်သည်။

 " နင့်ဗိုက်ထဲမှာကလေးရှိနေပြီဆိုတော့ နင်သူ့အတွက်သောက်ပေးလို့ရတယ်လေ ..."


" ငါမသောက်ချင်ပါဘူး.... ငါကလေးမှမဟုတ်တာ…” 

ဟုကျန်းရှောင်မန်ဆိုလိုက်သည် ။


ကျန်းရှောင်မန်မသောက်ဘူးဟုအခိုင်အမာဆိုလိုက်သောကြောင့် ယွီချင်းရှီလည်းမတတ်နိုင်တော့ချေ ။


သူသည်ကျန်းရှောင်မန်ဗိုက်ထဲမှ ကလေးကောင်းကောင်းမကြီးလာမည်ကိုစိုးရိမ်နေသည် ။ ထို့ကြောင့်သူ၏အိမ်အကူကိုအရသာရှိသည့်အစားအစာများစွာကိုလုပ်ခိုင်းပြီး ကျန်းရှောင်မန်ကိုချော့ဖို့လုပ်လေသည် ။


နှစ်ယောက်လုံးစားသောက်ပြီးသည့်အချိန်တွင် ရှောင်မန်အိမ်ပြန်သွားခဲ့ပြီး သူမ၏ဗိုက်သည် ဖောင်းနေပြီဖြစ်သည် ။


အထောက်အကူကောင်းဖြစ်သည် ။


ကျန်းရှောင်မန်အိမ်ရောက်သည့်အခါတွင် ညစာအတွက်မည်သည့်အစားအစာမှထပ်မစားနိုင်တော့ပေ ။


သူမ၏ဗိုက်ပူပူဖြင့်ဆိုဖာပေါ်ထိုင်ချလိုက်ပြီး ကျန်းဟွေ့မိန်အား မေးလိုက်သည်

" ဘွားဘွား …ဘွားဘွား ဦးဦးကိုမွေးဖို့အချိန်ဘယ်လောက်ကြာခဲ့လဲ …”


" ဆယ်လထက်မပိုပါဘူး... သူ့ကိုအဲ့လောက်ကြာပြီးအချိန်မှာမွေးခဲ့တာ …” 

ကျန်းဟွေ့မိန်ခေါင်းငုံ့​ကာထမင်းစားနေရင်းဆိုလိုက်သောကြောင့် ကျန်းရှောင်မန်၏မျက်နှာပြောင်းလဲသွားသည်ကိုမတွေ့လိုက်ချေ ။


ဆယ်…ဆယ်လလား .....


ဘာလို့ဆယ်လတည်းလဲ...


ဒီထက်ပိုပြီးကြာရမှာမဟုတ်ဘူးလား…


ဘယ်သူကလိမ်နေတာလဲ...


ကျန်းရှောင်မန်မကျေနပ်၍ ဆက်မေးလေသည်။

 " တစ်ကယ်ဆယ်လထဲလား... ဘွားဘွားသေချာရောမှတ်မိရဲ့လား…”


" အင်း…မှားနိုင်ပါတယ်... ဆယ့်နှစ်လ ဒါမှမဟုတ် ဆယ့်တစ်လလည်းဖြစ်နိုင်တယ်...ဘယ်လိုပဲဖြစ်ဖြစ် တူတူလောက်ပါပဲ...."


ဝါး…ဝါး…ဝါး…


ကျန်းရှောင်မန်တိုးတိတ်စွာဖြင့်ငိုနေတော့သည်။


ဦးဦးစနစ်က သူမကိုလိမ်ခဲ့တာပဲ…


ဆယ်လဆိုရင် သူမဒုတိယတန်းပဲရှိအုံးမည်။ သူမသည်အလွန်လည်းငယ်သေးပြီး သူမကလေးလည်းသေးသေးလေးပဲဖစ်လိမ့်မည်။ သူမကလေးတွေကိုမွေးလိုက်ရင် သူတို့အသက်ရှင်နိုင်မှာမဟုတ်ဘူး ။


ထပ်ပေါင်းပြောရလျင် သူမကိုယ်တိုင်ကလေးပဲရှိသေးသည်ကို သူမကျောင်းသွားရင်ကလေးတွေကိုမည်သို့ခေါ်သွားရမည်နည်း။


သူမကျောင်းမသွားရလျင် သူမပျော်ရွှင်မည်မဟုတ်ပေ ။


သူမနည်းလမ်းတစ်ခုစဥ်းစားရမည်ဖြစ်ပြီး သူမဥာဏ်ကိုအဖြေထုတ်ရန်အသုံးချရမည်ဖြစ်သည် ။


ကျန်းရှောင်မန်ရုတ်တရက် ရွာမှာတုန်းက ကလေးဆုံးရှုံးသွားသည့် ဇနီးငယ်ငယ်လေးကိုသတိရသွားသည် ။


ဇနီးငယ်လေးသည်ကိုယ်ဝန်ဖြင့်ရွာကိုရောက်ရှိလာပြီး သူမယောက္ခမသည်သူမအပေါ်ဆိုးဆိုးရွားရွားဆက်ဆံပြီး၊ နေ့တိုင်းဆူပူကြိမ်းမောင်းပြီးရိုက်နှက်လေသည်။ သူမတွင်ကလေးရှိနေသည်ဆိုသည့်အချက်ကိုပင် သတိမရဘဲ ကလေးလည်းဆုံးရှုံးသွားခဲ့သည် ။


ရှောင်မန်သည်ထိုအချိန်တုန်းကငယ်သေး၍ ရှင်းရှင်းလင်းလင်းမမှတ်မိသော်လည်း ထိုအချိန်တုန်းကမတော်တဆမှုသည် ရွာတွင်အကြီးအကျယ်ရန်ပွဲတစ်ခုဖြစ်စေခဲ့သည် ။

Xxxxxxxxxxx