အပိုင်း ၁၉၁-၁၉၅
Viewers 14k

Chapter 191


ကျန်းရှောင်မန်ဆုယူ၍ဓာတ်ပုံရိုက်ပြီးနောက်တွင်စင်ပေါ်မှပျော်ရွှင်စွာပြန်ဆင်းလာခဲ့သည် ။


လူအချို့ပျော်ရွှင်နေချိန်တွင် လူအချို့ကတော့ဝမ်းနည်းနေကြသည် ။


ကျန်းရှောင်မန်ပျော်ရွှင်နေချိန်တွင် တစ်ယောက်သောသူကတော့ ဝမ်းနည်းစွာငိုနေသည် ။


ကျန်းရှင်းဟွားက နံရံကိုမှီ၍ ဘဝကအဓိပ္ပါယ်မရှိတော့သည့်ပုံစံဖြင့်ငို​ကြွေးနေသည် ။


သူ၏မျက်နှာဝိုင်းဝိုင်းတွင် ဘဝ၏ခက်ခဲကြမ်းတမ်းမှုများထင်ဟပ်နေသည့်အလားပင် ။


ကျန်းရှောင်မန်နှင့်ယွီချင်းရှီ တစ်ယောက်ကိုတစ်ယောက် မကူညီနိုင်သည့်ခံစားချက်မျိုးဖြင့်ကြည့်လိုက်ကြသည် ။


" ဘာဖြစ်လို့လဲ.... စာမေးပွဲရလဒ်တွေမကောင်းလို့လား...."


ကျန်းရှင်းဟွားခေါင်းခါ၍ ပြောလိုက်သည်။

 " ငါ့အမှတ်တွေကနှစ်ဝက်စာမေးပွဲတုန်းကထက်ပိုမြင့်လာပါတယ်... တိုးတတ်လာပြီ …”


" အဲ့ဒါကောင်းတာမဟုတ်ဘူးလား…” 

ကျန်းရှောင်မန် သူဘာကြောင့်ငိုနေမှန်းကိုနားမလည်စွာဖြင့်ပြောလိုက်သည် ။


ကျန်းရှင်းဟွာငို၍ ပြောလိုက်သည်။

 " ဒီတစ်ကြိမ်မေးခွန်းတွေကလွယ်လွန်းတယ်လေ.... ငါတိုးတတ်လာသလို တခြားကလေးတွေလည်းတိုးတတ်လာတယ် …”


" အဲ့ဒါတော့ငါတို့လည်းဘာမှလုပ်လို့မရဘူးလေ… ”


ကျန်းရှောင်မန်လည်း စာမေးပွဲမေးခွန်းများက လွယ်လွန်းသည်လို့ထင်သည်။ ထိုအကြောင်းကိုစဥ်းစားကြည့်လိုက်ရာတွင် ဤသို့သာအဖြေထွက်သည်။

 ကျောင်းကငါတို့ကိုနှစ်သစ်မှာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းစေချင်လို့လုပ်တာလည်းဖြစ်နိုင်တာပဲလေ …


" ငါတစ်ခုပဲတိုးတတ်လာတာ.... ”

ကျန်းရှင်းဟွားဆိုလိုက်သည် ။


ကျန်းရှောင်မန်ပိုထူးဆန်းသွား၍ မေးလိုက်သည်။

 " တစ်ခုတည်းတိုးတတ်လာရင်တောင်မကောင်းဘူးလား... တိုးတတ်မှုရှိနေသရွေ့ကတော့အကောင်းကြီးပဲလေ... မပူပါနဲ့ နင်အလျင်လိုဖို့မလိုပါဘူး... တစ်ချိန်ကို တစ်ကိုက်ပဲကိုက်လေ... ဒီတစ်ကြိမ်နင်တစ်ခုပဲတိုးတတ်လာပေမဲ့ နောက်တစ်ကြိမ်ဆိုရင် နှစ်ခုတိုးတတ်လာလိမ့်မယ် ပြီးရင်တော့နင်တိုးတတ်ပြီးရင်းတိုးတတ်လာလိမ့်မယ်… ”


ကျန်းရှင်းဟွားနောက်ဆုံးတွင်မျက်ရည်များကျလာသည်။

" ငါတစ်ယောက်ထဲတိုးတတ်လာတာ... ဒုတိယနောက်ဆုံးနေရာကလူကတိုးတတ်မလာဘူးလေ....အဲ့ဒါကြောင့်ငါနောက်ဆုံးနေရာမှာပဲနေလိုက်တာ …”


" … "


"အိုး…”


ဒါဆိုဒါပဲပေါ့....


ကျ​​န်းရှောင်မန်လည်းသူ့ကိုချော့ရုံမှလွှဲ၍မတတ်နိုင်တော့ပေ ။


" မငိုပါနဲ့ ငါခုလေးတင်ယွမ်၅၀ဆုရထားတာ.... ငါနင့်ကိုအမဲသားခေါက်ဆွဲဝယ်ကြွေးပါ့မယ်...."


သူမအစားအစာအကြောင်းပြောလိုက်သည်နှင့် ကျန်းရှင်းဟွားအငိုတတ်သွားပြီးမေးလိုက်သည်။

 " တကယ်လား…”


" တကယ်ပေါ့ ...."

ကျန်းရှောင်မန် တွက်ချက်လိုက်သည် ယွမ်၅၀ဆိုလျှင် အမဲသားခေါက်ဆွဲလေးပန်းကန်ကို အမဲသားအပိုထည့်ပြီးစားလို့ရနိုင်သည်။

 " ယီကျားကျားကိုပါငါတို့နဲ့အတူသွားဖို့ခေါ်ရအောင်...."


သူမသည်မျှဝေလိုစိတ်ရှိပြီး ရက်ရောတတ်သည့်ကလေးမဖြစ်သည် ။


အရင်ကလည်းသူမ၏သကြားလုံးများကိုသကြားလုံးမရှိသည့် အခြားသူများကိုပေးခဲ့သေးသည် ။


ငါကဘာလို့ဒီလောက်တောင်ကောင်းနေရတာလဲ.... ဟူး…ဒါနဲ့ပတ်သတ်ပြီးလို့တော့ဘာမှလုပ်လို့မရဘူးလေ ငါကိုကကောင်းနေတော့… 


စနစ် "..."


ပိုင်ရှင်၏ကိုယ့်ကိုကိုယ်အထင်ကြီးသည့်ရောဂါသည်ကုသလို့မရနိုင်သည့်အဆင်တွင်ရောက်ရှိနေပြီဖြစ်သည်။ ​သူမသည် အလွန်ငယ်သေးသော်လည်းကုသလို့မရနိုင်တော့ပေ။ စနစ်သည်ထိုကဲ့သို့တွေးလိုက်ခြင်းဖြစ်သည် ။


အစားအသောက်အကြောင်းကြားလိုက်သည်နှင့် ကျန်းရှင်းဟွား၏အနာဂတ်အတွက်စိုးရိမ်ပူပန်မှုများသည်ယာယီ သက်သာရာရသွားပြီး ကျန်းရှောင်မန်နှင့်အတူအမဲသားခေါက်ဆွဲစားရန်လိုက်သွားလေသည် ။


ခေါက်ဆွဲဆိုင်က မူလတန်းကျောင်းအနီးရှိလူသိများသည့်ဆိုင်ဖြစ်ပြီး လမ်းလေးအနည်းငယ်လျှောက်ရုံဖြင့်ရောက်နိုင်သည် ။


ကလေး လေးယောက် လွယ်အိတ်ကိုယ်စီသယ်၍ ဆိုင်အတွင်းသို့ဝင်ထိုင်လိုက်သည်။ ကျန်းရှောင်မန်သည်သူမ၏ကလေးအသံဖြင့်အော်လိုက်သည်။

 " ဆိုင်ရှင်ဦးဦးရေ အမဲသားခေါက်ဆွဲလေးပွဲကို အမဲသားအပိုနဲ့သမီးတို့ဘက်ကိုချပေးပါ …”


ဆိုင်ရှင်သည် နှစ်နှစ်အတွင်းဆိုင်သို့မကြာခဏလာစားတတ်သည့်ထိုမိန်းကလေးကိုမှတ်မိပါသည် ။


မိန်းမငယ်လေးသည်ကြည့်ကောင်းပြီး အပြောလည်းချိုသေးသည်။ ဆိုင်ရှင်သည်သူမလာတိုင်းအမဲသားပိုထည့်ပေးရသည်ကိုသဘောကျလေသည်။ သူမသည်အမြော်အမြင်ရှိပြီး သူမကိုထိုကဲ့သို့ပိုထည့်ပေးသည်ကိုသိ၍ အမဲသားခေါက်ဆွဲကို အမဲသားအပိုဖြင့်အမြဲမှာလေသည် ။


ဆိုင်ရှင်သည်ထိုကလေးမကိုအမှန်တကယ်သဘောကျ၍ အမဲသားများကိုပို၍…ပို၍…ထည့်ထည့်ပေးသည် ။


သူမမှာလိုက်သည်ကိုကြားပြီးနောက်တွင် ဆိုင်ရှင်သည်အလျင်အမြန်ပင်သူမကိုစနောက်လိုက်သည်။

 " အမဲသားခေါက်ဆွဲလေးပွဲမဟုတ်ပဲ အမဲသားကြီးပဲကိုခေါက်ဆွဲမပါဘူးဆိုတော့ကံကောင်းလိုက်တာနော် …”


ကျန်းရှောင်မန်ရှက်သွား၍ သူမပါးနှစ်ဖက်ကိုလက်ဖြင့်အုပ်ထားလိုက်သည် ။


ခေါက်ဆွဲရောက်လာချိန်တွင် ထည့်ရမည့်အစာပလာသည်များများစားစားရှိပြီး လုံခြုံစွာလည်းဖုံးအုပ်ထားသည် ။


ကျန်းရှောင်မန်တူကိုကောက်ကိုင်ကာ စတင်၍စားတော့သည် ။


အခြားကလေးများလည်းတူများကိုစတင်လှုပ်ရှားကြတော့သည်။ ပျော်ရွှင်စွာစားသောက်နေသံနှင့် တစ်ချက်တစ်ချက်ခေါက်ဆွဲပူမှာဆိုး၍မှုတ်နေသံတို့သည် လေထဲသို့ပျံနှံ့သွားသည် ။


ယွီချင်းရှီသည်နှစ်လုပ်စားပြီးနောက်တွင်ရပ်လိုက်ပြီး သူ၏မျက်နှာ​​သည်ချီတုန်ချတုန်ဖြစ်နေသည် ။

xxxxxx


Chapter 192


သို့သော်ငြားလည်း ယွီချင်းရှီနှင့်ကျန်းရှောင်မန်တို့ဆက်ဆံ​ရေးကောင်းသည်ကို ကျန်းရှင်းဟွားသိလေသည် ။


သူမပေါ်လာပြီးချိန်မှစ၍ ယွီချင်းရှီသူ့ကိုပေးနေကျမုန့်တို့သည် ကျန်းရှောင်မန်ဆီသို့ရောက်ကုန်သည်။ ထိုအကြောင်းကြောင့်ပင်သူ သူမကိုခဏတာမုန်းမိပြီး ရန်သူအဖြစ်သတ်မှတ်ထားခဲ့မိသည် ။


သို့သော်နောက်ပိုင်းတွင် သူ၏ကျန်းရှောင်မန်အပေါ်ရန်လိုစိတ်သည် သူမ၏ချစ်စရာကောင်းမှုအောက်တွင်ပျောက်ဆုံးသွားခဲ့ရသည် ။


" ငါ့ဟာလည်းနင့်ကိုပေးမယ်... ”

 ယီကျားကျားသည်လည်းကလေးကောင်းတစ်ယောက်ဖြစ်သည် ။


သူမက အနည်းငယ်အစားကြီးသော်လည်းအများကြီးမစားနိုင်ပေ။ သူမ စားမကုန်လျင် အလေအလွင့်ဖြစ်သွားမည်ဖြစ်သည် ။


ထိုသို့ကြားလိုက်ချိန်တွင် ကျန်းရှင်းဟွားက သူ၏ပန်းကန်လုံးကို ယဲ့ကျားကျားရှေ့သို့ ပျော်ရွှင်စွာဖြင့်တွန်းပေးလိုက်ပြီး ယဲ့ကျားကျားထည့်ပေးမည်ကိုစောင့်နေခဲ့သည် ။


" နင်ကတကယ်ကိုကောင်းတာပဲ...."ဟုကျန်းရှင်းဟွားဆိုလိုက်သည် ။


သူထိုကဲ့သို့ပြောပြီးနောက်တွင် ယဲ့ကျားကျားသည် သူ(ကျန်းရှင်းဟွား)၏ပန်းကန်တွင်းသို့ခေါက်ဆွဲအပုံလိုက်လောင်းချလိုက်သည် ။


အမဲသားများပါမတော်တဆရောပါသွားမည်ကိုစိုး၍ တူဖြင့်အောက်တွင်ဖယ်ထားလေသည် ။


" ပြီးပြီ..." ဟုသူမပြောလိုက်သည် ။


"…” ကျန်းရှင်းဟွား၏မျက်နှာပေါ်မှအပြုံးသည်အေးစက်သွားသည် ။


ဒါကဘာကွာခြားသွားသေးလို့လဲ....


သူသည်ကလေးဖြစ်သော်ငြားလည်း သူ့ကိုယ်သူမည်ကဲ့သို့ကျေနပ်ရမည်ကိုသိသည် ။


ခေါက်ဆွဲ​လေးပဲလား… 


" ကျေးဇူးပဲ...."


" ရပါတယ်..."


ကလေးတွေကျေနပ်နေကြသည် ။


စားပြီးနောက်တွင် ကျန်းရှင်းဟွားထပ်ငိုပြန်သည် ။


ယခုစားလိုက်ရတာသည်သူ၏ပိတ်ရက်အတွက်အရသာရှိဆုံးအစားအစာတောင်ဖြစ်သွားနိုင်သည် ။


မုန့်မရ၊ အရသာရှိတဲ့အစားအစာမရ ဒါသည်သူ့အဖေ၏အပြစ်ပေးမှုဖြစ်သည် ။


ကျန်းရှောင်မန်သူမ၏ဗိုက်ကိုပုတ်ကာ စိတ်လျော့လိုက်ရသည်။

 " အိုက်ယား…နင်ကအရမ်းနုတာပဲ... နင့်ရဲ့အလေးချိန်ကိုကြည့်ပါအုံး.... နင့်စိတ်ကနင့်ခန္ဓာကိုယ်လောက်ဘာလို့မသန်မာရတာလဲ.... ဘာမှမဟုတ်တာလေးကို ဘာလို့မခံနိုင်တာလဲ …”


ကျန်းရှင်းဟွားသူမကိုလျစ်လျုရှု၍ဆက်ငိုနေသည် ။

 

ထိုအကြောင်းကိုတွေးပြီးနောင်တွင် ကလေးတိုင်းသည်သူမကဲ့သို့မသန်မာနိုင်ပေ၊ လူကြီးတွေပေါ်သူတို့၏အကြောက်တရားကိုရင်ဆိုင်နိုင်သင့်တယ်၊ သူမတွင်ရွေးချယ်စရာမရှိသောကြောင့် ပြောလိုက်သည်။


 " နင့်ရဲ့ပြဿနာကတကယ့်ကိုဘာမှမဟုတ်ပါဘူး... နင်တိုးတတ်လာရင် နင့်အဖေကချီးကျူးမှာပါ...  နင်ကနင့်အဖေဆူလို့ငိုနေတာမဟုတ်ပဲ နင့်ရဲ့မုန့်တွေကြောင့်ငိုနေတာလေ... ဒါကပြဿနာမှမဟုတ်တော့တာ....  နှစ်သစ်အကြိုကနီးပြီလို့ငါ့အဖွားကပြောတယ်

ငါတို့မိသားစုမုန့်တွေအများကြီးရလိမ့်မယ်လို့ ငါစားလို့ကုန်မှာမဟုတ်ဘူး ဒီတော့နင်ငါ့အိမ်ကိုလာတဲ့အခါကျရင် ငါနင့်ကိုတဝက်ခွဲပေးမယ် …”


" နင်ကငါ့ကိုတကယ်နားလည်တာပဲ....."

 ကျန်းရှင်းဟွားအလွန်ပျော်ရွှင်သွား၍ မျက်ရည်များကိုသုတ်ကာ ဆက်ပြောသည်။

" ကျေးဇူးပါပဲ …”


" ရပါတယ်...."


ကိစ္စများသည်ကောင်းကောင်းမွန်မွန်ဖြေရှင်းသွားပြီဖြစ်သော်လည်း ယွီချင်းရှီက အနည်းငယ်မပျော်မရွှင်ဖြစ်နေသည် ။


သို့သော် သူသေလောက်တဲ့ထိအသက်ရှုကျပ်နေလျင်တောင် သူထုတ်ပြောမည်မဟုတ်ပေ ။


သူပိတ်ရက်အတွင်းကျန်းရှောင်မန်နှင့် နေ့တိုင်းကစားနိုင်မည်လို့ ထင်ခဲ့ပေမဲ့ မမျှော်လင့်ထားသည်မှာ ကျန်းရှင်းဟွားပိတ်ရက်အတွင်းနေ့တိုင်းရောက်လာမည်ကိုပင် ။


ယွီချင်းရှီသူ၏နားကိုကုတ်လိုက်၍ အချန်အကြာကြီးတုံ့ဆိုင်းနေပြီ ကျန်းရှင်းဟွားနှင့် ယီကျားကျားပြန်သွားပြီးနောက်တွင် ပြောလိုက်သည်။

 " ငါ…ငါရောနင့်အိမ်ကိုမုန့်လာယူလို့ရမလား...."


" ရတာပေါ့...." ကျန်းရှောင်မန်ငြင်းဆိုချင်းအလျင်းမရှိပဲ " ဒါပေမဲ့နင်ကငါ့ထက်မုန့်အများကြီးပိုရတယ်လေ ”


" …ငါအဲ့ဒါတွေမစားချင်လို့ ..."


" ဟူး … နင့်ရဲ့ရပိုင်ခွင့်ကိုနင်အသိအမှတ်ပြုသင့်တယ် ” 

ကျန်းရှောင်မန်ခေါင်းခါလိုက်သည် ။


ယွီချင်းအနည်းငယ်စိတ်ဆိုးသွားသည်။ သူတိုးတိုးလေးအော်ဟစ်လိုက်ပြီး စကားဆက်မပြောတော့ပေ ။


အကယ်၍သူ  မပေးရင်လည်း​နေပေါ့.... ငါလည်းမသွားဘူး …


သူမည်သည့်စကားတစ်ခွန်းမျှမပြောသော်လည်း " ငါမပျော်ဘူး ” ဟူသောစကားသည်သူ၏မျက်နှာပေါ်တွင်ရေးသားထားသည့်အတိုင်းပင် ။


ကျန်းရှောင်မန် အသေအချာပင်သတိထားမိလေသည် ။


သူမအနည်းငယ်တုန့်ဆိုင်းသွားပြီးနောက်တွင် ယွီချင်းရှီကိုချော့ဖို့ဆုံးဖြတ်လိုက်သည်၊ သူ့ကိုချောရသည်မှာလွယ်ပါသည် ကိစ္စသေးသေးလေးဖြင့်တောင်သူ၏အာရုံကိုလွှဲနိုင်ပြီး သူ၏ဒေါသကိုမေ့သွားစေနိုင်သည် ။


" ငါနင်နဲ့ဆွေးနွေးစရာရှိတယ် ..."

ကျန်းရှောင်မန်တမင်ပြောလိုက်သည် ။


" ဘာလဲ ..."


" ငါအိမ်ရောက်ရင်တစ်ခုခုလုပ်စရာရှိတယ်... နင်လာချင်လား…”

 ကျန်းရှောင်မန်သူမ၏လက်ချောင်းများကိုကစားနေရင်းဖြင့် ရိုးရိုးသားသားဖိတ်ခေါ်လိုက်သည် ။


" … "


ယွီချင်းရှီချက်ချင်းသဘောမတူခဲ့ပေ အဘယ်ကြောင့်ဆိုသော်သူထိုစကားများကိုကြားဖူးနေသောကြောင့်ဖြစ်သည်။ ထို့ပြင် နောက်ဆုံးအကြိမ်တုန်းကလည်း သူအရိုက်ခံရလုနီးနီးဖြစ်ခဲ့သေးသည် ။


သူ၏လုံခြုံရေးအတွက်ဂရုတစိုက်ဖြင့်မေးလိုက်သည်။

 " နင်ဘာလုပ်မှာလဲ .."


" နင်နောက်ဆုံးတစ်ခေါက်တုန်းကငါ့ကိုကူပြီးတော့ကျောင်းကိုအုတ်ခဲသယ်ပေးမယ်လို့ပြောခဲ့တယ်မလား…ငါရှာနေတာကြာလှပြီဒါပေမဲ့ခုထိသင့်တော့မယ့်အုတ်ခဲမတွေ့သေးဘူး..... ဒါပေမဲ့ငါစုံစမ်းစစ်ဆေးကြည့်ပြီးနောက်ဆုံးတော့ ဘယ်မှာရှိတယ်ဆိုတာငါသိလိုက်ပြီ ဒါကြောင့်ငါနင့်အတွက်ပါတစ်ခုယူပေးမလို့…”


ယွီချင်းရှီလည်းသူကတိပေးထားသည့်အရာမလို့မငြင်းဆန်တော့ဘဲ ပြောလိုက်သည်။

 " ကောင်းပြီလေ… ”


ကျန်းရှောင်မန်လည်းတခစ်ခစ်ရယ်၍ အိမ်ကိုပျော်ရွှင်စွာပြန်တော့သည် ။


အိမ်ပြန်ပြီးနောက်တွင် ကျန်းရှောင်မန်သည် ကိရိယာတန်ဆာပလာအခန်းထဲတွင်လှည့်ပတ်ရှာပြီးနောက်တွင် သင့်တော်မည့်ကိရိယာများကိုရှာတွေ့သွားသည် ။


၎င်းတို့မှာ ဆောက်နှင့် ဓားတို့ဖြစ်သည် ။


ယွီချင်းရှီမျက်မှောင်ကြုတ်လိုက်သည် ။


ကျန်းရှောင်မန်သည်သူတို့အိမ်နှစ်လုံးကြားမှနံရံကိုညွှန်ပြလိုက်ပြီး ပြောသည်။

 " ဟိုနားလေးမှာ တွင်းတူးပြီး အုတ်ခဲတစ်ချို့ယူရအောင်...."


" … ”


ရိုးရိုးသားသားပြောရလျင် ယွီချင်းရှီလုံးဝမသွားချင်ပေ ။


အုတ်ယူမည်ဆိုသည်မှာဆင်ခြေတစ်ခုလို့သူထင်ခဲ့သော်လည်း တကယ်တမ်းတွင်ခွေးတွင်းတူးရမည်ဖြစ်သည်။ ထိုခွေးတွင်းပေါက်လေးသည် သူ့အတွက်တူးနေသလိုပင် ။


ထိုအကြောင်းကိုတွေးလိုက်ပြီး သူပိုလို့တောင်မသွားချင်တော့ပေ ။


တကယ်တူးမည်ဆိုလျင် သူအရိုက်ခံရမရ မသေချာသော်လည်း ရှောင်မန်ကတော့အသေအချာပင်အရိုက်ခံရမည်ဖြစ်သည် ။


ယွီချင်းရှီသတိထား၍မေးလိုက်သည်။

 " နင်တွင်းတူးလို့အရိုက်ခံရရင်ဘယ်လိုလုပ်မလဲ ...”


ကျန်းရှောင်မန်ထိုကိစ္စအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည် ။


သူမခေါင်းထောင်လာပြီး ပြန်ဖြေသည်။

 " မပူပါနဲ့ ငါအခုမြန်မြန်ပြေးနိုင်နေပြီ အဘွားကငါ့ကိုဖမ်းနိုင်မှာမဟုတ်ဘူး သူငါ့ကိုရိုက်ဖို့ကြိုးစားရင် ငါငိုရင်းနဲ့ဒီနားတဝိုက်ကိုခုန်ချလိုက်မယ်လေ အဘွားပင်ပန်းလာရင်လက်လျှော့သွားလိမ့်မယ် …”


ယွီချင်းရှီတိတ်ဆိတ်သွားပြီးနောက်တွင် ပြောသည်။

 " တူးလိုက်တော့ …”

xxxxxx


Chapter 193


ကျန်းရှောင် မန်မည်သို့ပင်သန်မာသည်ဖြစ်စေ သူမက ကလေးသာရှိသေးသည်။ မီးပူပေးထားသည့်ဆောက်သည်အနည်းငယ်လေးပင်ပြီး သူမထိုဆောက်ဖြင့်မပင်ပန်းမချင်းရိုက်ထုနေတာတောင် ခဲတစ်လုံးထွက်မလာချေ ။


သူမယွီချင်းရှီကိုခေါ်လိုက်ပြီးတစ်ယောက်တစ်လှည့်စီဖြင့်ပြောင်းလုပ်ကြရာ နောက်ဆုံးတွင်တံတိုင်းအပြင်ဘက်မှအုပ်တစ်ချပ်ကိုရိုက်ချနိုင်ခဲ့သည် ။


သူမချက်ချင်းအောင်ပွဲမခံနိုင်ခဲ့ပေ။ သူမကိုတစ်ယောက်ယောက်စိုက်ကြည့်နေသည်လို့ခံစားရ၍ သူမကျောများချမ်းစိမ့်လာခဲ့သည် ။


ထိုအချိန်တွင် သူမဘေးတွင်ဆောင့်ကြောင့်ထိုင်နေသည့်ယွီချင်းရှီသည်ရိုသေစွာထရပ်ကာ အမှားကိုဝန်ခံနေသည့်အတိုင်းပင်ခေါင်းငုံ့ထားပြီး အဆူခံအရိုက်ခံဖို့ပြင်ဆင်နေသည် ။


" ဘွားဘွား…” 

ကျန်းရှောင်မန်လှည့်ကြည့်ကာနှာ​ခေါင့်ရှုံ့၍ ပြောသည်။

  " သမီးဒီနားမှားကစားနေတာ...”


ကျန်းဟွေ့မိန်အေးစက်စွာဖြင့်ရယ်လိုက်ပြီး ပြောလိုက်သည်။

 " ကစားနေရုံနဲ့​တော့နံရံထောင့်မှာစုဝေးမနေပါဘူး....သမီးအတည်ပြောနေတာဆိုရင်အိမ်ကိုတော့မီးမရှို့ဘူးမလား... ဘွားဘွားကိုပြောသမီးဘာလုပ်နေတာလဲဆိုတာ...”


ကျန်းရှောင်မန်စတင်ငိုရှိုက်တော့သည် ။


သူမအဆူခံရမည်ကိုသူမကြိုသိ၍ တွင်းကိုတူးနိုင်သလောက်တူးဖို့ပြင်ဆင်ထားသည်။ သို့ပေမယ့်တွင်းတူးလို့မပြီးခင် ဘွားဘွားရောက်လာမည်ကိုတော့ကြိုမတွေးထားခဲ့ပေ ။


ဘွားဘွားက အစောကြီးရောက်လာတာကိုးလို့… 


ကျန်းဟွေ့မိန်သက်ပြင်းတစ်ချက်ချလိုက်ပြီး ​တိတ်ဆိတ်နေသည့်ယွီချင်းရှီကိုတစ်လှည့် ကျန်းရှောင်မန်ကိုတစ်လှည့်ကြည့်လိုက်ပြီး ကလေးနှစ်ယောက်ကိုဘေးအိမ်သို့ခေါ်သွားခဲ့သည် ။


သူမယွီဝမ်ချန်းကိုတွေ့၍တောင်းပန်လိုက်သည်။

 " ငါတောင်းပန်ပါတယ် မစ္စတာယွီရယ် ငါ့ကလေးကပြဿနာထပ်ရှာပြန်ပြီ... သူနံရံထောင့်မှာအပေါက်ဖြစ်လောက်တဲ့ထိတွင်းတူးထားတယ်… ငါတကယ်တောင်းပန်ပါတယ်...."


တံတိုင်းကိုသေ​​​သေသပ်သပ်​လှလှပပဆောက်ထားရာ ကျန်းရှောင်မန်ဖြိုပြီးယူထားသည့်အုပ်နေရာသည် ကြည့်ရဆိုးလွန်းလေသည် ။


စာရွက်ဖြူပေါ်တွင်မင်စွန်းထားသကဲ့သို့ကြည့်ရဆိုးလွန်းပြီးအများနှင့်မတူပဲကွဲထွက်နေသည် ။


ယွီဝမ်ချန်းအကြောင်းစုံကိုသိသွားပြီးနောက်တွင် ပြုံး၍ပြောလိုက်သည်။

 " အမကြီးရေမပူပါနဲ့ ဒါကကြီးကြီးမားမားမဟုတ်ပါဘူး ကလေးတွေဆော့ချင်တယ်ဆိုရင် လွှတ်ပေးထားလိုက်ပါ... သူတို့အဲ့လိုတတ်ကြွနေတာကောင်းပါတယ် ……”


"…"

ကျန်းဟွေ့မိန်တွင်ပြောစရာစကားမရှိတော့ပေ။ တခြားသူကစိတ်မရှိဘူးဆိုမှတော့ သူမကျန်းရှောင်မန်ကိုအိမ်ပြန်ခေါ်သွားရုံပင်ရှိတော့သည် ။


နောက်တစ်နေ့တွင် ကျန်းဟွေ့မိန်က အပေါက်ဖြစ်သွားသည့်အုတ်ခဲနေရာကိုကြည့်ရမဆိုးအောင်အင်္ဂတေဖြင့်သွားဖာရ မဖာရဝေခွဲရက်နေ၍ သွားကြည့်လိုက်ချိန်တွင် သူမထိတ်လန့်သွားသည် ။


သေစမ်း…


မနေ့တုန်းကအုတ်တစ်ချက်သာပဲ့သွားပေမဲ့ ယနေ့တွင်ခွေးဝင်ပေါက်နီးနီးတူးပြီးသွားပြီဖြစ်သည် ။


ဒါတင်မကသေးဘဲ ဘိလပ်​မြေဖြင့်လည်းပြန်ဖာထားသေးပြီး​ တံတိုင်းပေါ်တွင်သေသေ သပ်သပ်ဘောင်ခတ်ထားသေးသည် ။


ဒါတော့ကျန်းရှောင်မန်လုပ်တာမဖြစ်နိုင်တော့ဘူး....


ကျန်းဟွေ့မိန်တော်တော်ကြာကြာတောင့်သွားပြီး ဆွံ့အစွာဖြင့်အိမ်ပြန်သွားတော့သည် ။


ယွီဝမ်ချန်းက ကလေးတွေကိုဖျက်စီးနေတာပဲ.... 


 ဒီလိုသာဆက်ဖြစ်နေရင် တစ်နေ့ကလေးတွေအိမ်ခေါင်မိုးကိုတောင်ဖြိုချပစ်လိမ့်မယ် …


ကျန်းဟွေ့မိန်အမှန်တကယ်ပင်စိတ်ပူနေသည် ။


နှစ်သစ်သည်လည်းနီးလာပြီဖြစ်ပြီး ကျန်းရှောင်မန်လည်းအလွန်ပျော်ရွှင်နေသည်။ အဘယ်ကြောင့်ဆိုသော် နှစ်သစ်သည်သူမအသက်နောက်တစ်နှစ်ကြီးလာပြီဟုအဓိပ္ပါယ်ရပြီး နှစ်သစ်မုန့်ဖိုးများ၊ ဝတ်ဆင်ဖို့အဝတ်အစားသစ်များနှင့် မုန့်များလည်းရရှိမည်ဖြစ်သည် ။


သူမ၏အရင်သဘောတူညီချက်အတိုင်း သူမ၏သူငယ်ချင်းကောင်းများကိုလည်းဖိတ်ထားသေးသည် ။


" ဟယ်လို…ကျန်းရှင်းဟွား နှစ်သစ်မှာပျော်ရွှင်ပါစေ ..."


" နင်ငါတို့အိမ်ကိုမုန့်ယူဖို့လာမှာလား ...."


" နင်မလာဘူးဆိုရင် ငါကျောင်းဖွင့်တဲ့အချိန်ကျရင်ယူခဲ့ပေးမယ်... အဆင်ပြေလား ..."


ဖုန်းချပြီးနောက်တွင် ယီကျားကျားကိုလည်းကျန်းရှောင်မန်ဖုန်းခေါ်လိုက်သေးသည် ။


ယီကျားကျားသည် အလွန်လာချင်နေသော်လည်း သူမ၏မိဘများသည်သူမကိုလိုက်ပို့ပေးဖို့အချိန်မရှိသလို ကျန်းရှင်းကလည်းသူမကိုသွားကြိုပေးဖို့အချိန်မရှိသောကြောင့် သူမတွင်ရွေးချယ်စရာမရှိ၍လက်လျှော့လိုက်ရသည် ။


ကျန်းရှောင်မန်ရွာကိုပြန်ချင်သည်ဟုငြီးတွားလိုက်သည် ။


ရွာတွင်သူငယ်ချင်းများလျော့သွားသည်လို့ကိုမရှိဘဲ လွတ်လွတ်လပ်လပ်ရှိလှသည် ။


အကယ်၍သူမသာသကြားလုံးများ၊ ဘီစကစ်များနှင့်ရွာကိုပြန်မည်ဆိုလျင် ကလေးအုပ်စုလိုက်သည်သူမနောက်သို့လိုက်လာကြမည်ဖြစ်ပြီး စည်စည်ကားကားဖြစ်နေလိမ့်မည် ။


ကျန်းရှောင်မန်အချိန်တစ်ခဏကြာ စဥ်းစားလိုက်ပြီးနောက်တွင် ကျန်းဟွေ့မိန်ဆီပြေးသွား၍ ဒီနှစ်နှစ်သစ်ကိုရွာတွင်ကျင်းပလို့ရမလားဟုသွားမေးလေသည် ။


 အဘယ်ကြောင့်ဆိုသော်သူမမှတ်မိသည် ရှေ့နှစ်ယခုကဲ့သို့အချိန်လောက်တွင် ဘွားဘွားကသူမကိုပစ္စည်းတွေထုပ်ပိုးထားဖို့ကြိုပြောထားသည်။သို့သော်ယခုနှစ်တွင်တော့မွှေးတုံလေးသည်လည်း အိမ်မှာပဲရှိသေးပြီး အိမ်မွေးတိရစ္ဆာန်ဆိုင်ကိုသွားမပို့ရသေးသလို သူတို့ရွာကိုပြန်ရမည့်လက္ခဏာတစ်ခုမှမတွေ့ရချေ ။


ကျန်းဟွေ့မိန်မှ ပြောလိုက်သည်။

 " သမီးဒီနှစ်ရွာမပြန်ရဘူး... ဘွားဘွားတစ်ယောက်ထဲပြန်မှာ... ရက်ပိုင်းအတွင်းသမီးဦးလေးကုမ္ပဏီကလည်းပိတ်တော့မှာဆိုတော့ သူသမီးနဲ့အတူနေပေးလိမ့်မယ် …”


ဟုန်ရှင်းကော မနှစ်ကဖြစ်ခဲ့သည့်အတိုင်းပင်ဖြစ်ပြီး ကျန်းဟွေ့မိန်တွင်၎င်းအဖြစ်အပျက်ကိုမမေ့နိုင်သေးသည့်နာတာရှည်ကြောက်လန့်မှုကြီးလည်းရှိနေသေးသည်။ ကျန်းဟွေ့မိန်သည် ရွာတွင်ရှောင်မန်ကိုကျေးဇူးကန်းသည့်အတွေးမျိုး တွေးနေသည့်သူတွေရှိ​နေမည်ကိုစိုး၍ ကျန်းရှောင်မန်ကိုသွားခွင့်မပေးခြင်းဖြစ်သည် ။


ထိုကဲ့သို့တွေးနေခြင်းသည် ' ကျီ 'ထဲကလူကဲ့သို့ပင်မိုးပြိုကျမည်ကိုကြောက်နေသည့်အတိုင်းပင် ကြောက်တတ်လို့နှစ်ခါသေနေရလေသည် ။


ကျန်းရှောင်မန်ထိုကဲ့သို့ကြားလိုက်ချိန်တွင် ပါးစပ်ကိုတင်းတင်းစိ၍ တိုးတိုးလေးပြောလိုက်သည်။

 " ဒါဆိုဘွားဘွားကသမီးတို့နဲ့အတူနှစ်သစ်မှာအတူတူရှိမနေပေးဘူးပေါ့... သမီးတို့နဲ့အတူတူသွားရင်သွား မသွားရင်မသွားနဲ့ ”


ဘွားဘွားကိုသူမအလွန်နှစ်သက်သည် ။


သူမနှစ်တိုင်းကိုသူမအဘွားနှင့်အတူ နှစ်သစ်ကိုဖြတ်သန်းခဲ့ပြီး ယခုနှစ်တွင်ကျန်းဟွေ့မိန်မရှိလျင်သူမနေတတ်မည်မဟုတ်ပေ ။


ကျန်းဟွေ့မိန်သူမကိုသေချာကြည့်လိုက်ပြီး ပြန်ပြောသည်။

 " ဘွားဘွားကသမီးကိုတစ်ယောက်ထဲဘယ်လိုထားခဲ့ရမှာလဲ... ပြီးတော့သမီးဦးလေးကိုနှစ်သစ်မှာတစ်ယောက်ထဲလွှတ်ထားစရာလား... သမီးတို့နှစ်ယောက်ထဲဆိုရင် အနောက်မြောက်ကလာတဲ့လေကိုစားနေရလိမ့်မယ် ”


" အာ…” 

ကျန်းရှောင်မန်စိတ်လောသွားသည်။


အကယ်၍သူမမုန့်ကော အသားကောမစားရဘူးဆိုလျှင် ဒီနှစ်သစ်ကဘာအဓိပ္ပါယ်ရှိတော့မည်နည်း။ 


နောက်ပြီး…

xxxxxx


Chapter 194


" ဘွားဘွား အနောက်မြောက်လေကဘယ်လိုလေမျိုးလဲ.... အဲ့လေကဘယ်ကလာတာလဲ၊ မြောက်ကတောင်လား....အရှေ့ကအနောက်လားတောင်သမီးမပြောနိုင်ဘူး.... သမီးကအနောက်မြောက်လေကိုစားလို့မရဘူးလား...."


ဒီကလေးကငတ်သေဖို့မကောင်းဘူးလား ..


ကျန်းရှောင်မန်အံကြိတ်လိုက်ပြီး ဆက်ပြောပြန်သည်။

" အင်း....အဲ့တော့ဘွားဘွားကသမီးတို့ကိုနှစ်ယောက်ထဲထားခဲ့လို့မရဘူးဟုတ်ပြီလား... မပူပါနဲ့ ဘွားဘွားကအဲဒီ့ကိုဘိုးဘေးတွေကိုဝတ်ပြုဖို့နဲ့ မီးသွားဖိုရမယ်... ပြီးသွားရင်ပြန်လာခဲ့မယ်...."


" ဘွားဘွားရွာကိုမပြန်လို့မရဘူးလား••• "


" မရဘူး ဒါကဘိုးဘေးတွေရဲ့စည်းမျဉ်းပဲ...."


ကျန်းရှောင်မန်သက်ပြင်းချလိုက်ပြီး ငြီးတွားသည်။

 " ဟူးသမီးတို့ဘိုးဘေးတွေကစည်းမျဉ်းတွေချရတာကိုတကယ်နှစ်သက်ကြတာပဲ...."


 ဒီဟာအတွက်စည်းမျဉ်း ဟိုဟာအတွက်စည်းမျဉ်းနဲ့ အရာအားလုံးကစည်းမျဉ်းတွေနဲ့ချည်းပဲ ...


ကျန်းဟွေ့မိန်သူမကိုလျစ်လျူရှုပြီး သူမပစ္စည်းတွေကိုသူမကိုယ်တိုင်ထုပ်ပိုးနေသည်။ ရွာပြန်ဖို့အတွက်ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည် ။


ကျန်းရှောင်မန်တစ်ယောက်တည်း ဆော့ရတော့မည်ဖြစ်သည် ။


သူမသူငယ်ချင်းတွေမလာလည်းကိစ္စမရှိပါဘူး သူမတွင်ယွီချင်းရှီရှိသေးသည် ။


မူလကသူမယွီချင်းရှီကိုခေါ်ပြီး သူမနှင့်အတူလာဆော့ချင်လားလို့မေးမလို့ပေမဲ့သူမဖုန်းဘေမဖြုန်းတီးချင်တာလည်းဖြစ်သလို သူမသူ့ကိုလှမ်းအော်မခေါ်ချင်တာလည်းဖြစ်သည်။ ထို့ကြောင့်သူမစာရေးပြီးမေးလိုက်သည် ။


သူမစာကိုမွှေးတုံ၏ကိုယ်တွင်ချီကာ ဖင်ကိုပုတ်လိုက်ပြီး ပြောလိုက်သည်။


" သွားတော့ မွှေးတုံလေး •••"


မွှေးတုံလေးသည်ထိုအရာများနှင့်နေသားကျနေပုံရှိပြီး ချက်ချင်းပင်၎င်း၏ဝက်ခြေထောက်လေးများဖြင့်ဒယိမ်းဒယိုင်ပြေးကာ ယွီဝမ်ချန်းလုပ်ထားပေးသည့်ခွေးတိုးပေါက်ကနေဝင်သွားသည် ။


ခွေးတိုးပေါက်သည်လက်ရာမြောက်လှပြီး ခွေးတိုးပေါက်နှင့်တောင်မတူပေ။ ယွီချင်းရှီသည်ထိုအပေါက်ကနေမလာဖို့အခိုင်အမာပြောထားပြီး သူမကိုလာတွေ့သည့်အခါတွင်လည်း တံခါးကနေပဲဖြတ်လာသည်။ တဖြေးဖြေးဖြင့်ခွေးတိုးပေါက်လေးသည် မွှေးတုံလေးသွားဖို့လမ်းဖြစ်လာခဲ့သည် ။


မွှေးတုံလေးသည် မြောင်မြောင်နှင့်ဆော့ဖို့အမြဲထိုအပေါက်ကနေသွားရှာတတ်ပြီး ယခုကဲ့သို့သူ့သခင်၏စာများကိုကူညီ၍သွားပေးရန်အတွက်လည်း ထိုအပေါက်ကိုမကြာခနအသုံးပြုလေသည် ။


၎င်းသည်အလွန်လိမ္မာပြီး ဝက်တစ်ကောင်နှင့်တောင်မတူတော့ပေ ။


ကျန်းရှောင်မန်ဆီမှစာရသည်နှင့် ယွီချင်းရှီသည်သူရေးနေသည့်အိမ်စာကိုရပ်ရန်သုံးစက္ကန့်မျှသာစဉ်းစားပြီး သူမနှင့်ကစားရန်အပြင်သို့ထွက်ခဲ့သည် ။


နှစ်သစ်မတိုင်ခင်နှစ်ရက်အလိုတွင် ကျန်းဟွေ့မိန်တစ်ယောက်တည်းရွာပြန်သွားပြီး ကျန်းရှင်းလည်းအိမ်ပြန်ရောက်နေပြီဖြစ်သည် ။


ကျန်းဟွေ့မိန်သည်ပစ္စည်းအများကြီးကို အိတ်ကြီး အိတ်သေးခွဲကာသယ်သွားသည်။ တစ်အိတ်မှာ အိမ်နီးနားချင်းတွေအသစ်အဆန်းအနေနှင့်သုံးရအောင်ယူသွားပြီး၊ နောက်တစ်အိတ်မှာဆရာထန်ကိုလက်ဆောင်ပေးဖို့ဖြစ်သည် ။


သူမခရီးတွင်အနှောင့်မယှက်မဖြစ်ရအောင် သူမကိုရွာသို့မောင်းပို့ပေးမည့်ကားဆရာတစ်ယောက်ကိုကျန်းရှင်းရှာပေးခဲ့သည် ။


မသွားခင်တွင် ကျန်းဟွေ့မိန်သည်ကျန်းရှင်းကိုမှာခဲ့သေးသည်။

 " ရှောင်မန်ကအခုအရမ်းလိမ္မာနေပြီ သူ့ဘာသာသူစားနိုင်တယ်.... အဝတ်အစားလည်းသူ့ဘာသာသူဝတ်နိုင်တယ် အိမ်စာလည်းပြောစရာမလိုပဲသူ့ဘာသာသူလုပ်တယ်... ဘာမှစိတ်ပူစရာမရှိဘူး....  သူ့ကိုကောင်းကောင်းဂရုစိုက်.... ဆံပင်မွှေးတမျှင်တောင်မကျွတ်စေနဲ့... တကယ်လို့နင်မနှစ်ကလိုနင့်သူငယ်ချင်းကောင်တွေနဲ့ထွက်ကစားပြီး ရှောင်မန်တစ်ယောက်ထဲတစ်ခုခုဖြစ်လို့ကတော့ ငါပြန်လာတာကိုစောင့်နေလိုက်တော့..."


ကျန်းရှင်းက သူထိုကဲ့သို့မလုပ်ပါဘူးဟုအကြိမ်ကြိမ်အခါခါပြောလိုက်သည်၊ မြို့ထဲမှာရှိတဲ့သူ့သူငယ်ချင်းအကုန်လုံးသည်စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်သည်။


 ဘာကိုသူငယ်ချင်းကောင်းတွေလဲ.. သူတို့အားလုံးက လေးစားဖို့ကောင်းတဲ့သူတွေပဲကို... 


ကျန်းဟွေ့မိန်ကိုအဝေးသို့လိုက်ပို့ပြီးနောက်တွင် ဦးလေးရောတူမနှစ်ယောက်လုံး ပထမဆုံးအနေဖြင့်စားစရာဘာမှမရှိပေ ။


ကျန်းဟွေ့မိန်အိမ်မှာရှိလျင် ထမင်းပူပူလေးနှင့်ဟင်းများကိုပြင်ဆင်ထားမည်ဖြစ်ပြီး သူတို့နှစ်ယောက်လုံးသည်စောင့်ပြီးစားရုံတင်ဖြစ်သည်။ မူလကပင်ကျန်းရှင်းတွင်အစားအစာကိုနွှေးတတ်သည့်အရည်အချင်းရှိသော်လည်း ယခုနှစ်အနည်းငယ်အတွင်းတွင်သူသည်စီးပွားရေးသမားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ သူ့တွင်အစားစားဖို့အချိန်မရှိသည်အထိ အလုပ်ရှုပ်နေခဲ့သဖြင့်မီးဖိုချောင်ထဲကိုတောင်မဝင်ချေ ။ သူ့အတွက်အစားအစာများကိုလည်းတစ်ယောက်ယောက်ကအမြဲပြင်ဆင်ထားပေးလေသည် ။


အိမ်တွင် အိမ်အကူလည်းမရှိပေ။ ကျန်းဟွေ့မိန်သည်ပိုက်ဆံမဖြုန်းချင်သလို 

အခပေးပြီးလည်းမငှားရမ်းချင်သောကြောင့် သူမကိုယ်တိုင်ပင်အိမ်သန့်ရှင်းရေးလုပ်သည်။ ကျန်းရှင်းလည်းသူမကိုမည်သို့မှပြောမရသောကြောင့် သူမလုပ်ချင်သည်ကိုပဲပေးလုပ်ထားတော့သည် ။


သို့ပေမယ့်ယခု ကျန်းဟွေ့မိန်မရှိချိန်တွင် ကျန်းရှင်းနှင့်ကျန်းရှောင်မန်နှစ်ယောက်သားသည် စားစရာမရှိခြင်း၏နာကျင်မှုကိုသိလိုက်ရသည် ။


ကျန်းရှောင်မန်သည်ဆိုဖာပေါ်တွင်ထိုင်ကာ ခြေထောက်တလှုပ်ဖြင့်တီဗွီကြည့်နေခဲ့သည်။ သူမသည်ကောင်းကင်အမှောင်ဘက်သန်းလာသည်ကိုကြည့်ပြီး ဗိုက်ဆာလာ၍ သူမဦးလေးကိုဗိုက်ဆာလာကြောင်းပြောလိုက်သည် ။


ကျန်းရှင်းသည်သူမကိုခနစောင့်ခိုင်းပြီး ခုချက်ချင်းပြန်လာမည်ဟုပြောကာမီးဖိုချောင်ထဲဝင်သွားသည် ။


သို့ပေမယ့်ကျန်းရှင်းအတွက်အကူအညီလှမ်းတောင်းဖို့အချိန်မကြာလိုက်ပေ ။

" ကူပါဦး...ကူပါဦး...ရှောင်မန်ရေလာကူညီပါဦး ...."


ရှောင်မန်လည်းကျန်းရှင်းကိုသွားကယ်တင်ရတော့သည် ။


တူဝရီးနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်သည် ။


ကျန်းရှောင်မန်ဝမ်းနည်းနေသည့်အသံဖြင့် ပြောသည်။

 " ဦးဦး... သမီးဗိုက်ဆာနေပြီ...."


ကျန်းရှင်းသည်သူ၏လုပ်ဖော်ကိုင်ဖက်နှစ်သစ်လက်ဆောင်အဖြစ်ပေးထားသည့် ချောကလတ်များ၊ မုန့်များနှင့်သကြားလုံးများကိုရေခဲသေတ္တာထဲမှထုတ်လိုက်သည် ။


၎င်းတို့အားသေသေချာချာထုပ်ပိုးထားပြီး ဈေးကြီးမည့်ပုံလည်းပေါ်သည် ။


ကျန်းရှင်းသည်ယခုအခါတွင်ထောပတ်ရရှိသည့်အဆင့်မှတက်၍ တစ်ယောက်ယောက်ကပေးသည့် လက်ဆောင်များကိုလက်ခံရရှိသည့်သူတစ်ယောက်ဖြစ်လာခဲ့သည် ။


ကျန်းရှင်းသည်ချောကလတ်ဗူးကိုဖွင့်၍ သူ၏ပါးစပ်ထဲတွင်ပြည့်သိပ်ထည့်ကာ ပြောသည်။

 " အွန်း...အရသာရှိသားပဲ... မြန်မြန်စားကြည့် အဲ့ဒါတွေကသွင်းကုန်တွေ ဈေးကြီးတယ် ..."


ကျန်းရှောင်မန်လည်းထိုအရာများကိုစားရတာကြိုက်သော်လည်းစားပြီးသည့်နောက်တွင် သူမ၏ဗိုက်ကိုဆုပ်ကိုင်ကာ ငို၍ပြောလိုက်သည်။

 " ဦးဦးသမီးအသားစားချင်တယ်... "


သူမအသားမစားရလျင် သူမခွန်အားရှိမည်မဟုတ်ပေ ။


သူမချောကလတ်တွေအများကြီးစားပြီးတာတောင် ဗိုက်မဝသေးပေ ။


ကျန်းရှောင်မန်သည်ပူပူလေးနှင့်အရသာရှိသည့် ကြက်ပေါင်၊ အမဲသား၊ 

ဝက်သား၊ သိုးသားအစရှိသည့် အသားမျိုးစုံကိုစားချင်လေသည် ။


သူမထိုကဲ့သို့အေးပြီး၊ ချိုပြီး အဆီများသည့်ချောကလတ်များကိုမစားချင်ပေ ။


ကျန်းရှင်းသက်ပြင်းချလိုက်သည်။ ဘေးအိမ်သို့သွား၍ စားစရာသွားတောင်းရန်နောက်ကျနေပြီဖြစ်သည်။ ယွီ၀မ်ချန်းသည်လည်းအိမ်တွင်မရှိပေ။ ယွီ၀မ်ချန်းသည်သူ၏ယောက္မအိမ်သို့သွားသည်ဖြစ်၍ ယွီချင်းရှီကိုလည်းခေါ်သွားသည် ။


အခြားနည်းလမ်းမရှိတော့၍ ကျန်းရှင်းသည်အ၀တ်အစားလည်း၍ ကျန်းရှောင်မန်ကိုခေါ်ကာ အစားအစာထွက်၀ယ်ရတော့သည် ။

xxxxxxxx


Chapter 195


ဆောင်းညများသည် လေအေးများ၏တိုက်ခတ်သံများနှင့်စိမ့်အေးနေ​သောကြောင့် စိတ်မချမ်းမြေ့စရာကောင်းလှသည် ။


ကျန်းရှင်း ကျန်းရှောင်မန်ကိုချီ၍ ကားသော့ကိုထုတ်ကာမောင်းထွက်လာခဲ့သည် ။


လမ်းတစ်လျှောက်မောင်းလာပြီးချိန်တွင် လမ်းသည်အလွန်တိတ်ဆိတ်ပြီး ပုံမှန်အားဖြင့်အလုပ်များတတ်သည့်ဆိုင်များသည်လည်းပိတ်ထားလေသည် ။


အားလုံးသည်နှစ်သစ်အတွင်းအိမ်ပြန်သွားကြပြီဖြစ်သည့်အတွက် မည်သူကယခုလိုအချိန်ဆိုင်တွင်ကာအစားအစာရောင်းမည်နည်း ။


တူဝရီးနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ထပ်ကြည့်လိုက်ပြန်သည် ။


ခဏကြာပြီးနောက်တွင် ကျန်းရှင်းမှမေးသည်။

 " KFC မှာသွားစားကြမလား …”


" အွန်း...."


အခြားနည်းလမ်းမရှိပေ။ ယခုကဲ့သို့အချိန်မျိုးတွင် KFCကဲ့သို့ဆိုင်မျိုးသာလျင်ဖွင့်လိမ့်မည်ဖြစ်သည် ။


နှစ်သစ်တွင်အလုပ်လုပ်နေကြသည့် သူများကိုကျန်းရှင်းကျေးဇူးတင်လိုက်မိသည် ။


ကစားကွင်းအနီးတွင် KFC ကိုရှာဖို့အချိန်သိပ်မကြာလိုက်ပေ။ ဆိုင်ထဲတွင်လူအသင့်အတင့်ရှိသော်လည်း လိုင်းအရှည်ကြီးရပ်စောင့်ရလောက်သည့်အထိတော့လူမများနေပေ။ လမ်းပေါ်ရှိအခြားနေရာများထက်တော့ အနည်းငယ်အသက်ဝင်လှုပ်ရှားလျက်ရှိသည် ။


" ဟုတ်ပြီ …” 

ကျန်းရှောင်မန်မှပြောလိုက်သည်။

 " သမီးချားရဟတ်သွားစီးချင်တယ်..."


' ချားရဟတ် ' ခုလေးတွင်တွေ့ခဲ့သည့်မလှမ်းမကမ်းရှိကစားကွင်းတွင်ဖြစ်သည်။


ကျန်းရှင်းကလေးကိုချီကာ အပြင်သို့ထွက်ရပြန်သည် ။


ကစားကွင်းသို့ရောက်သည့်အချိန်တွင် ကျန်းရှင်းဆွံ့အသွားရသည် ။


ကစားကွင်းလည်းပိတ်ထားပြန်သည် ။


ကျန်းရှောင်မန်နှုတ်ခမ်းများမဲ့လာပြီး ငိုတော့မည့်အတိုင်းပင် ။


ကျန်းရှင်း ခေါင်းကိုက်လာ၍ ရုတ်တရက် မြေကြီးပေါ်တွင်လေးဘက်ထောက်လိုက်ပြီး ပြောသည်။

 " လာပါ …အဘွာ​အိုပေါက်စလေးရေ ဦးဦးကိုစီးလို့ရတယ် ဦးဦးကသမီးအတွက်ဆိုမြင်းတောင်ဖြစ်ပေးလို့ရတယ် …”


" ဦးဦးဘာလုပ်နေတာလဲ...."

ကျန်းရှောင်မန် ကျန်းရှင်း၏လက်ကိုသူမခြေထောက်သေးသေးလေးဖြင့်ကန်လိုက်ကာ မျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။


 " မြန်မြန်ထလိုက်ပါ ဦးဦးဖျားလို့ ဘွားဘွားကဆူရင်သမီးမကူညီဘူးနော် …”


မြေကြီးသည်အလွန်အေးနေသည်။ ကျန်းရှောက်မန်သာငိုဖို့မလုပ်ဘူးဆိုလျင် ကျန်းရှင်းလည်းထိုကဲ့သို့အနစ်အနာခံပြီးမြေကြီးပေါ်နေမည်မဟုတ်ပေ ။


" ဘာမှမဖြစ်ပါဘူး ရှောင်မန်ရယ်... နောက်တစ်ခါကစားကွင်းဖွင့်တဲ့အချိန်ကျရင် ဦးဦးသမီးကိုကစားဖို့ခေါ်လာမယ်ဟုတ်ပြီလား.... ကစားကွင်းဖွင့်တဲ့အချိန်ကနေပိတ်တဲ့အချိန်ထိဆော့ကြမယ်.. ဒီမှာရှိတဲ့ကစားစရာတွေအားလုံးကိုကစားကြမယ်၊ ဦးဦးတို့နှလုံးတွေပြုတ်ထွက်လာတဲ့အထိဆော့ကြမယ်လေနော် …”


" လူလိမ်… ဦးဦးကအမြဲအလုပ်ရှုပ်နေလို့တောင် ရက်အနည်းငယ်လောက်နေမှ တစ်ခါပဲတွေ့ရတာလေ....."


" တခြားနည်းမှမရှိတာ တာဝန်ကြီးကြီးယူမှ အာဏာကြီးကြီးလည်းရမှာပေါ့ ” 

ကျန်းရှင်းသက်ပြင်းချကာဆိုလိုက်သည် ။


သူ၏လုပ်ငန်းက ကြီးသည်ထက်ကြီးမားလာပြီး စိုးရိမ်ရမည့်ကိစ္စများလည်းများလာသည်။ ကျန်းရှင်းက ထိုအလုပ်ကိစ္စအားလုံးကိုသူ၏လက်အောက်ငယ်သားများနှင့်လွှတ်မထားချင်သောကြောင့် နေ့တိုင်းအလုပ်ရှုပ်ခံကာခြေထောက်မြေကြီးနှင့်ပင်မထိသည်အထိနေနေလေသည် ။


သးတို့မိသားစုမှအငယ်ဆုံးလေး သူအိမ်ပြန်လာတာကို လိုချင်တောင့်တနေမှတော့ သူကဘာလို့မလုပ်နိုင်ရမှာလဲ …


ကျန်းရှောင်မန်သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

" အဖေတွေအားလုံးကဒီလိုပဲဆိုတာသမီးသိပါတယ်....ဦးလေးကအဖေမဟုတ်ဘူးဆိုရင်တောင် ဦးလေးလည်းအတူတူပါပဲ …”


ကျန်းရှင်းက သူမနှင့်အတူခုံတန်းလျားပေါ်တွင်ထိုင်ကာ စကားပြောခဲ့သည် ။


" ရှောင်မန်ကအဖေလိုချင်လို့လား …”


" မလိုချင်ပါဘူး...."


" ဘာလို့မလိုချင်တာလဲ...."


" သမီးအဖေကိုဒီနေရာမှာနောက်ဆုံးတွေ့ခဲ့တာလေ ” ဟုကျန်းရှောင်မန်ဆိုလိုက်သည်။


 " ဒါပေမဲ့ …သမီးဖေဖေ့ကိုရှာမတွေ့ဘူး သူဘယ်လိုပုံရှိမှန်းလည်းမမှတ်မိတော့ဘူး..... နောက်ပိုင်းသမီးသူ့ကိုပြန်တွေ့တဲ့အချိန်မှာတော့… သူကအရမ်း အရမ်းကိုမ​ကောင်းဘူးလေ ...သူ့မှာနောက်ထပ်ကလေးတွေရှိနေတော့ သမီးကိုမလိုချင်တော့လို့ သမီးကိုဆူတာကို သမီးခုချိန်ထိမှတ်မိသေးတယ် ...."


သူမထိုအကြောင်းပြောနေရင်းဖြင့် သူမမှတ်ဥာဏ်များတဖန်ပြန်ပေါ်လာပြီး မကျေနပ်ချက်များထွက်ပေါ်လာသည် ။


 သူမကိုစိတ်ဓာတ်ကျစေမည့်အကြောင်းအရာများကိုလည်းထပ်မပြောချင်သော်လည်း သူမသည်အမှတ်တရကောင်းရှိသည့်ကလေးတစ်ယောက်ဖြစ်သည်။ သူမစကားစပြောလိုက်သည်နှင့် သူမအရာအားလုံးကိုချက်ချင်းပြန်မှတ်မိလာသည် ။


ထိုအချိန်တုန်းက သူမနှင့်ယွီချင်းရှီတို့နှစ်ယောက်ကစားဖို့လာခဲ့သော်လည်း  စနစ်ကပျက်သွားခဲ့ပြီးမည်သည့်အသံမှထွက်မလာတော့သောကြောင့် သူမအဖေနှင့်လွှဲသွားခဲ့သည် ။


စနစ်သည်သူမကိုအမှတ်အများကြီးရမည့် မစ်ရှင်တစ်ခုပေးခဲ့သည်။ ထိုမစ်ရှင်အရ သူမ၏မိဘများကိုရှာရမည်ဖြစ်ပြီး ကျန်းရှောင်မန်သည်ယွီချင်းရှီကိုရှုံးသွားခဲ့သည်။ နှစ်ယောက်သားထိုကိစ္စကြောင့်ရန်ဖြစ်ခဲ့ကြပြီး တစ်ယောက်ကိုတစ်ယောက်မသိကျေးကျွန်ပြုကာ စစ်အေးစစ်ပွဲကိုအချိန်အကြာကြီးဆင်နွှဲခဲ့ကြသည် ။


ကျန်းရှင်းသည်သာမန်အတိုင်းမေးခွန်းမေးလိုက်သော်လည်း သူမထိုကဲ့သို့ပြန်ဖြေလာမည်ဟု မမျှော်လင့်ထားပေ ။ ကျန်းရှင်း၏မျက်နှာသည်အတည်ပေါက်ဖြစ်လာကာ မေးလိုက်သည်။

 " ဘယ်အဖေလဲ …”


" သမီးအဖေပေါ့ ...."


" သမီးအဖေကဘယ်သူမှန်းသမီးသိလို့လား…” ထိုကိစ္စကိုမည်သူမှမသိပေ၊ ကျန်းရှင်းကိုယ်တိုင်နှင့် ကျန်းဟွေ့မိန်အပါအဝင်ဖြစ်သည်။


ဒီကလေးကဘယ်လိုလုပ်သိနေတာလဲ...သူမအရင်ကဒီလိုပြောတာကိုဘာလို့မကြားဘူးရတာလဲ…


" သမီး မသိဘူး…”


" ဒါဆိုသမီးကဘာတွေပြောနေတာလဲ ...."


" သမီး…သမီး…” 


ကျန်းရှောင်မန်ခနတာတိတ်ဆိတ်သွားပြီး သူမ၏ခေါင်းသေးသေးလေးဖြင့် သူမ၏အတွေးများကိုဖယ်ရှားရန်ရုန်းကန်ရတော့သည်။ သူမထိုကဲ့သို့အဖေမျိုးကိုမလိုချင်၍ အပြစ်ရှိသည့်စိတ်ဖြင့်ပြောလိုက်တော့သည်။


" အိမ်မက်ပဲဖြစ်မှာပေါ့ ...."


ကျန်းရှင်းစကားပြောတာရပ်လိုက်ပြီး ကလေးကိုချီကာအိမ်သို့ပြန်သွားသည် ။


ရှောင်မန်ကဘယ်လိုလုပ်အဲ့ဒီ့လိုအိမ်မက်မျိုးမက်ရတာလဲ ....


အိမ်ပြန်ရောက်ချိန်တွင် ရှောင်မန်သည်ပင်ပန်း၍ အိပ်ပျော်သွားသည်။ ကျန်းရှင်းသည်ခဏတာတုံ့ဆိုင်းသွားပြီးနောက် သူမခေါင်းမှဆံပင်တစ်မျှင်ကိုအသာလေးဆွဲနှုတ်လိုက်ပြီး နောက်ပိုင်းမှတစ်ယောက်ယောက်ကိုစမ်းသပ်ခိုင်းမည်ဟုစီစဥ်လိုက်သည် ။


အခုခေတ်သိပ္ပံသည်အရင်ကထက်ပို၍အဆင့်မြင့်လာပြီဖြစ်ပြီး တစ်ခုမဟုတ်တစ်ခုတော့သိရှိနိုင်မည်ဖြစ်သည် ။


သူနှင့်ရှောင်မန်သွေးသားတူညီတာဖြစ်နိုင်သည်။ ရှောင်မန်ကတကယ်သူ့အမ၏ကလေးဟုတ်ပါ့မလား …


တကယ်သာဟုတ်ခဲ့ရင် တွေးပူစရာအကြောင်းမရှိတော့ပေ။ သူ့တွင်လုပ်စရာဆိုလို့သူ၏အမနှလုံးသားရော ခန္ဓာကိုယ်ရောကိုလှည့်စားခဲ့သည့်ခွေးကောင်ကိုရှာပြီးတော့သာ ရိုက်နှက်ဆုံးမရုံသာရှိတော့သည် ။

xxxxxxx