Chater 196
ကျန်းတူဝရီးနှစ်ယောက်သား ကျန်းဟွေ့မိန်ရွာမှပြန်မလာခင် နှစ်ရက်အတွင်း ဝေဒနာခံစားခဲ့ရသည် ။
ကျန်းဟွေ့မိန်၏အသွင်အပြင်က ကြည့်ရဆိုးနေသည်။ မျက်နှာမှာလည်းဖျော့တော့ပြီး စက္ကူအဟောင်းကြီးကဲ့သို့ပင်အရောင်အဆင်းမရှိပေ။
သူမကိုကြည့်ရသည်မှာ အဆင်ပြေသည့်ပုံမပေါ်ပေ။ ကျန်းရှင်း၏ပျော်ရွှင်မှုများပျောက်ကွယ်သွား၍ သူမကိုမေးလိုက်သည်။
" အမေ ဘာလို့အဲ့လိုပုံကြီးဖြစ်နေတာလဲ....အိမ်ပြန်တုန်းကမကောင်းတာတစ်ခုခုဖြစ်ခဲ့လို့လား…”
ကျန်းရှင်း ရုတ်တရက်သူ့ဦးလေး၏ မိသားစုကိုသတိရသွားသည် ။
မိသားစုနှစ်ခုက ဆွေမျိုးမှနေ၍ ရန်သူအဖြစ်သို့ပြောင်းလဲသွားခဲ့ပြီး ပြန်၍သင့်သင့်မြတ်မြတ်နေနိုင်ဖို့ပင်မဖြစ်နိုင်တော့ပါ။ ဟုန်လီနှင့်သူ၏အဖေ ဟုန်ရှင်းကောနှစ်ယောက်လုံးက စရိုက်အတူတူပင်ဖြစ်သည်။ ကျန်းဟွေ့မိန်အိမ်တွင်တစ်ယောက်တည်းရှိနေသည်ကို အခွင့်ကောင်းယူ၍ တစ်ခုခုလုပ်လိုက်တာဖြစ်နိုင်သည် ။
မည်သို့ပင်ဖြစ်စေ သူသည် ထိုကဲ့သို့ဖြစ်လာနိုင်ကြောင်းကို ကြိုတွေးထားမိပြီး မက်ဆေ့ချ်တစ်စောင် ကြိုပို့ထားခဲ့သည်။ ထိုမှသာလျှင် ဟုန်မိသားစုထဲမှ တစ်ယောက်ယောက်ရွာကို လာသည့်အခါတွင် ကန်လွှတ်ခံရမည်ဖြစ်သည် ။
ကျန်းရှင်းက ယခုတွင်အနည်းငယ်သြဇာရှိသည့်လူတစ်ယောက်ဖြစ်နေပြီ ဖြစ်သည့်အတွက် ဟုန်မိသားစုပြဿနာလာရှာပါက သူကန်ထုတ်နိုင်နေပြီဖြစ်သည် ။
" မဟုတ်ဘူး....ဘာမှမကောင်းတာမဖြစ်ပါဘူး.... ”
ကျန်းဟွေ့မိန်သူမမျက်နှာကိုရိုက်ကာငိုတော့သည်။
" ငါကဝက်ဦးနှောက်လိုပဲဖ၊ငါမနှစ်ကရှောင်မန်ရတဲ့နှစ်သစ်မုန့်ဖိုးတွေကို သူသုံးပြစ်မှာကြောက်လို့ငါသိမ်းထားပေးမယ်လို့မပြောခဲ့ဘူးလား…”
သူမနှစ်သစ်မုန့်ဖိုးတစ်ခုခုဖြစ်သည်ကိုကြား၍ ကျန်းရှောင်မန်ရုတ်တရက်အပြေးအလွှားရောက်လာခဲ့သည်။ သူမ၏အဖွားကိုမျက်လုံးများပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်ကာ အကြောင်းစုံဆက်ပြောလာမည်ကိုစောင့်နေတော့သည် ။
ကျန်းဟွေ့မိန် သက်ပြင်းတစ်ချက်လေးပင်စွာချလိုက်ပြီး ကျန်းရှောင်မန်နှင့် မျက်လုံးချင်းမဆုံမိအောင်ရှောင်ကာ တိုးတိုးလေးပြောလိုက်သည်။
" ငါ…ငါ့မှာပစ္စည်းတွေကိုမီးဖိုထဲဖွက်တတ်တဲ့အကျင့်ရှိတယ်....ငါပြန်တဲ့အချိန်မီးဖိုကိုအပူပေးလိုက်မိတာ…ငါမေ့သွားခဲ့တယ်…”
ပစ္စည်းများကိုဝှက်ပြီးမြှုပ်နှံတာသည်လူကြီးများ၏အကျင့်ပင်ဖြစ်သည် ။
၎င်းသည်ရွာဘက်မှ အလေ့အကျင့်တစ်မျိုးဖြစ်ပြီး အိမ်တွင်ပစ္စည်းကောင်းတစ်ခုခုရှိပါကသင်မြင်နိုင်မည်မဟုတ်ပေ။ သင့်တွင်မည်သည့်ပစ္စည်းပဲရှိနေသည်ဖြစ်စေ ထိုပစ္စည်းကိုဖွက်ထားရမည်ဖြစ်သည်။ ထိုမှမဟုတ်လျှင်ထိုပစ္စည်းသည်နောက်တစ်ရက်အထိအထားခံမည်မဟုတ်ပေ ။
ကျန်းဟွေ့မိန်တွင် ပစ္စည်းများကိုမီးဖိုထဲတွင် ဖွက်တတ်သည့်အကျင့်ရှိသည်။ မီးဖိုက အမှောင်ဘက်ကျ၍ မည်သူမှလည်းမထိနိုင်ပေ ။ ထိုနေရာသည်သူမပစ္စည်းဖွက်နေကျနေရာဖြစ်သည် ။
ရလဒ်အနေဖြင့်… ယခုကဲ့သို့မတော်တဆမှုဖြစ်သွားခဲ့သည်။
ကျန်းဟွေ့မိန်လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
" ငါရှောင်မန်ရဲ့နှစ်သစ်မုန့်ဖိုးတွေအကုန်လုံးကိုမီးရှို့ပစ်လိုက်မိပြီ...."
ကျန်းရှင်း "…"
ကျန်းရှောင်မန် " ဝူး…ဝူး…ဝူး…”
အား…ငါ့ပိုက်ဆံလေးတွေ....
သူမဝမ်းနည်းပြီးနာကျင်စွာဖြင့်ငိုနေပြီဖြစ်သည်။
ကျန်းရှင်းက သူမကိုယွမ်ထောင်ပေါင်းများစွာပေးဖူးသော်လည်း သူမတစ်ရာသာယူခဲ့သည် ။
ပုံမှန်တွင် သူမထိုငွေများကိုမဖြုန်းတီးချင်သောကြောင့် ထိုငွေများကိုဖွက်၍ကျန်သည့်ငွေကိုသာသူမအဘွားကိုပေးခဲ့သည်။ သို့သော် အဘွားကအဲ့ဒီ့ပိုက်ဆံတွေကိုမီးရှို့ပြစ်လိုက်သည်။
အဲ့ဒီ့ပိုက်ဆံတွေနဲ့သာဆိုရင် အမဲသားခေါက်ဆွဲကိုအမဲသားအပိုနဲ့ဘယ်နှစ်ပန်းကန်လောက်တောင်စားနိုင်မှာပါလိမ့်…..
ရှောင်မန် မျက်ရည်များကျလာခဲ့သည် ။
ကျန်းဟွေ့မိန်၏ရင်ထဲတွင်လည်း နောင်တပြင်းပြင်းထန်ထန်ရနေခဲ့သည်။ သူမငိုချချင်သော်လည်း မျက်ရည်များကျမလာခဲ့ပေ ။
အသက်ကြီးရင့်သူများက ချွေတာတတ်သူများဖြစ်သော်လည်း မမျှော်လင့်စွာနဲ့ပင် ကျန်းဟွေ့မိန်သည်ယခုတစ်ကြိမ်တွင်တော့အမှားကြီးလုပ်ခဲ့မိသည် ။
ကျန်းရှင်းနှစ်သိမ့်စွာပြောလိုက်သည်။
" အမေရယ်ရပါတယ်... အများကြီးမတွေးပါနဲ့ယွမ်ထောင်ဂဏန်းအနည်းငယ်လောက်ပဲကို…ရေထဲကို ပိုက်ဆံပစ်ချကြည့်ပြီး ဘာအသံကြားရမလဲဆိုတာကို နားထောင်တယ်လို့ပဲ သဘောထားလိုက်ပါ... ဘာမှမဖြစ်ပါဘူးအမေ့သားကအခုပိုက်ဆံရှာနိုင်နေပြီလေ ဒီလောက်ပိုက်ဆံလောက်ကတော့ဘာမှမဟုတ်ဘူး... ရှောင်မန်ရောပဲမငိုနဲ့တော့…”
"ဝူး…ဝူး…ဝူး"
ကျန်းဟွေ့မိန်စူးစူးဝါးဝါးကြည့်လိုက်ပြီး ပြောသည်။
" ဘာကိုယွမ်ထောင်ဂဏန်းလည်း ယွမ်သုံးသောင်းနော် …”
" ကျွန်တော်…”
သေစမ်း…
ကျန်းရှင်းလည်း သောကရောက်သွားသည် ။
ကျန်းရှင်းက ယခုတွင်သူဌေးဖြစ်နေပြီဆိုသော်ငြားလည်း သူသည်ခက်ခဲသောကာလတွင်ကြီးပြင်းလာသူဖြစ်ပြီး သူသည်ချွေတာတတ်သူတစ်ယောက်ဖြစ်သည်ဆိုတာကိုသူ၏ကားကိုကြည့်ခြင်းအားဖြင့်သိနိုင်သည်။ ကားအသစ်တစ်စီးကိုအချိန်တွေအကြာကြီးလိုချင်ခဲ့သော်လည်း သူသည်ထိုစုတ်ပြတ်နေသည့်ကားကိုတဖြေးဖြေးသဘောကျလာပြီး ကားအသစ်မလဲချင်တော့ပေ ။
ယွမ်သုံးသောင်း…
ကျန်းရှင်းအတင်းလုပ်ရယ်လိုက်ပြီး ပြောသည်။
" မဟုတ်တာ ရပါတယ်...မီးဖိုစောင့်နတ်ကိုပူဇော်တယ်လို့ပဲသဘောထားလိုက်ပါ... အဲ့လိုလုပ်လိုက်လို့နောင်နှစ်တွေကျွန်တော်တို့အသေအချာကိုချမ်းသာလာလိမ့်မယ် …”
" ဝူး…ဝူး…ဝူး”
ကျန်းရှောင်မန်ငိုနေဆဲဖြစ်သည် ။
သူမအတွက် ဘဝကခက်ခဲလေသည် ။
ကျန်းဟွေ့မိန်သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
" အဲ့ဒါငါ့အမှားပါ.....ငါကအိုလာတော့မေ့တတ်လာတာ.... အဲ့ဒီ့ပိုက်ဆံတွေကိုငါ ရှောင်မန်ရဲ့အနာဂတ်ပညာရေးအတွက်စုဆောင်းထားတာ အဲ့တော့မှသူ့မှာသူ့ကိုယ်ပိုင်ပိုင်ဆံရှိမှာလေ.... အကုန်လုံးငါ့အမှားတွေပဲ …”
ကျန်းရှင်းပေးသည့် အိမ်အသုံးစရိတ်မှလွှဲ၍ ကျန်သည့်ပိုက်ဆံများအားလုံးကို ရှောင်မန်သုံးရန်ကျန်းဟွေ့မိန် သိမ်းထားပေးခြင်းဖြစ်သည် ။
ထိုပိုက်ဆံအားလုံးမီးလောင်သွားလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း ။
ကျန်းရှင်းသူ၏အမေကိုတစ်လှည့် တူမကိုတစ်လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
" ကျွန်တော်သေချာမတွေးမိလို့ဖြစ်မှာပါ... ကျွန်တော်ကအမေ့ကိုရှောင်မန်စာသင်ဖို့အတွက်ဘယ်လိုလုပ်ပိုက်ဆံစုခိုင်းရမှာလဲ.... ရှောင်မန်ရဲ့ပညာရေးနဲ့ သူမင်္ဂလာဆောင်ရင်သုံးဖို့အတွက်ပါကျွန်တော်စုထားပေးပါ့မယ် ...."
ထိုသို့ပြောပြီးနောက်တွင် ကျန်းရှင်းက တစ်စုံတစ်ခုလုပ်ရန်အတွက်အပြင်ထွက်သွားပြီး သူပြန်လာသည့်အချိန်ကျရင်အံအားသင့်အောင်လုပ်ပေးမည်ဟုပြောသွားသေးသည် ။
ကျန်းရှောင်မန်လည်း ငိုတာရပ်လိုက်သည်။ သူမ ဘွားဘွားဝမ်းနည်းနေသည်ကိုမြင်၍ သူမအငိုကိုရပ်လိုက်ပြီး ကျန်းဟွေ့မိန်အားနှစ်သိမ့်သည့်အနေဖြင့် သူမအစားအသောက်နှင့်အသားလျှော့စားပြီး မုန့်တွေနှင့်သကြားလုံးတွေကိုနေ့တိုင်းမစားတော့ပါဘူးဟုပြောလိုက်သည်။ ထိုမှသာလျင်သူမပိုက်ဆံတွေကိုပြန်စုနိုင်မည်ဖြစ်သည် ။
ကျန်းဟွေ့မိန် သက်ပြင်းသာချလိုက်သည် ။
ကျန်းဟွေ့မိန်က သူမနှလုံးသားကိုတစ်ယောက်ယောက်မှတူနှင့်ထုနေ၍ သွေးတစ်စက်စက်ကျသကဲ့သို့ပင်ခံစားနေရသည်။ ပိုက်ဆံရှာရသည်မှာခက်ခဲမှန်းသူမသိပါသည်။ သူမသား၏ပိုက်ဆံများသည် မည်သည့်နေရာကမှ ဒီအတိုင်းရောက်လာသည်မဟုတ်ပေ။ သူမထိုပိုက်ဆံများကို ဖျက်စီးခဲ့မိလေပြီ။
နှစ်ယောက်သားသက်ပြင်းချလိုက်သည်။ စားနေသည့်အစားအစာပင်အရသာမရှိတော့ပေ ။
xxxxxxxxx
Chapter 197
ညနေစောင်းချိန်ထိပင် ကျန်းရှင်းပြန်မလာသေးပေ ။
……
ကျန်းရှင်း လျို့ဝှက်စွာဖြင့်ဘဏ်ကတ်နှစ်ခုကိုထုတ်လိုက်သည်။ တစ်ခုမှာကျန်းဟွေ့မိန်အတွက်ဖြစ်၍ နောက်တစ်ခုမှာကျန်းရှောင်မန်အတွက်ဖြစ်သည် ။
" ဝိုး…”
ရှောင်မန်က အရင်ကဘဏ်ကတ်ကိုတစ်ခါမှမမြင်ဖူးခဲ့ပေ။ သူမလက်သေးသေးလေးဖြင့်ထိုဘဏ်ကတ်များကိုထိလိုက်ပြီး မေးသည်။
" ဒါကဘာလဲဟင်… ”
" သမီးအတွက်ပိုက်ဆံ ...."
" သမီးကိုဘာလို့ပိုက်ဆံပေးတာလဲ ..."
" သမီးကို ပိုက်ဆံမပေးရဘူးဆိုရင် ဦးလေးကဘာလုပ်ရမှာလဲ....ဘာအတွက်ပိုက်ဆံရှာနေတော့မှာလဲ …”
" အထဲမှာပိုက်ဆံဘယ်လောက်ပါလို့လဲ ...."
ကျန်းရှောင်မန်မျက်လုံးများအပေါ်သို့မြင့်တတ်လာသည်။ သူမအလွန်ပျော်ရွှင်သွားပြီး ချိုသာစွာဖြင့်ပြောလိုက်သည်။
" ဦးလေးကအကောင်းဆုံးပဲ ...."
ငါ့နှစ်သစ်မုန့်ဖိုးတွေမီးလောင်သွားတာကိုသိလို့ငါ့ကိုဦးဦးကပိုက်ဆံပေးတာပဲ.... ဦးလေးကအရမ်းကောင်းတာပဲ ငါနောင်အနာဂတ်မှာဦးလေးအပေါ်ကိုကောင်းပေးရမယ်…
" အထဲမှာဘာပိုက်ဆံမှမရှိဘူး ...."
ဟုကျန်းရှင်းဆိုလိုက်သည် ။
"…”
ကျန်းရှောင်မန်သူမဘဏ်ကတ်ကို တိတ်ဆိတ်စွာဖြင့်ပြန်ချလိုက်သည်။
" ဦးလေးကလူလိမ်ပဲ… ”
ကျန်းရှင်းြအမြဲထိုကဲ့သို့ဖြစ်ပြီး သူမကိုအရူးလုပ်ရသည်ကိုကြိုက်လေသည် ။
ငါ့ကိုသုံးနှစ်အရွယ်ပဲထင်နေသေးတာလားမသိဘူး ဟွန့်...ငါကဒီနှစ်ဆိုခုနှစ်နှစ်ပြည့်တော့မှာ...
" အခုအထဲမှာဘာပိုက်ဆံမှမရှိသေးဘူး... ဒါပေမဲ့နောက်ကျရင်ရှိလာလိမ့်မယ်...."
ကျန်းရှင်းသည်ပြုံးဖြီးဖြီးလုပ်၍ သူမကိုစနောက်နေသည်ကိုရပ်ကာ ပြောပြသည်။
" နောက်လကနေစပြီး သမီးကိုကုမ္ပဏီကနေ အမြတ်ငွေတွေလတိုင်းဘဏ်ထဲထည့်ပေးလိမ့်မယ်.... အနာဂတ်ကျရင်အတိုးတွေများလာပြီးချမ်းသာလာလိမ့်မယ်....သမီးကြီးလာရင်သုံးဖို့ပိုက်ဆံတွေအများကြီးရှိလာလိမ့်မယ် …”
" ဝါး…”
ကျန်းရှောင်မန်လက်ဖြင့်အဝိုင်းကြီးဝိုင်းပြလိုက်ပြီး မေးသည်။
" ပိုက်ဆံတွေကဒီလောက်များလား …”
" ဒီထက်တောင်များသေးတယ် ...."
ထိုသို့ကြား၍ ကျန်းဟွေ့မိန်သည်ဘဏ်ကတ်ကိုကျန်းရှင်းအားပြန်ပေးချင်သော်လည်း ကျန်းရှင်းက ပြန်ယူဖို့ငြင်းဆန်ခဲ့သည် ။
သူ(ကျန်းရှင်း)ပိုက်ဆံတွေအများကြီးရှာနေတာသိမ်းထားပြီး ဘာလုပ်ရမှာလဲ....လက်ထဲထားပြီးဖြုန်းပေးမှ နေသာထိုင်သာရှိမှာပေါ့...
သူအရင်ကထိုကဲ့သို့တစ်ခါမျှမစဥ်းစားဘူးပေ။ သူသာစဥ်းစားမိလျှင်ထိုကဲ့သို့လုပ်ခဲ့မည်မှာကြာပြီဖြစ်သည် ။
ကျန်းရှင်းက ရာထူးနိမ့်သောသူ မဟုတ်တော့ပေ ။
ကျန်းရှင်း…သူ၏ဘဝအထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်ပြီး ပိုက်ဆံအမြောက်အမြားရှာနိုင်သည့်အခွင့်အရေးလည်းရှိနေပြီဖြစ်သည်။ သို့သော်သူ၏အမေနှင့်တူမလေးသည် သူ့အပေါ်ကိုမှီခိုနေရသည်ဖြစ်၍ သူတို့အတွက်ပိုက်ဆံများများရှာရအုံးမည်ဖြစ်သည် ။
ကျန်းရှင်းမရမက တိုက်တွန်းနေသောကြောင့်ကျန်းဟွေ့မိန်လက်ခံလိုက်ရသည် ။
သူမ မူလတွင်ကျန်းရှောင်မန်၏ကတ်ကိုသူမအတွက်ယူသိမ်းထားပေးမယ်လို့ပြောမည်ကြံသော်လည်း သူမတွေဝေသွားပြီးစကားမပြောတော့ပေ။ သူမထိုကဲ့သို့မျက်နှာပြောင်တိုက်ပြီးထပ်မပြောချင်တော့ပေ ။
သူမက အသက်ကြီးပြီးမေ့တတ်နေပြီဖြစ်သည်။ ကျန်းရှောင်မန်၏စိတ်ကတော့ပိုရှင်းပြီး ပိုတိကျနေတာဖြစ်ကောင်းဖြစ်နိုင်သည်။ သူမ( ကျန်းဟွေ့မိန် )သာသိမ်းထားပြီးမတော်တဆပျောက်သွားခဲ့လျှင် သူမဘာလုပ်ရမည်မှန်းသိတော့မည်မဟုတ်ပေ ။
ကျန်းရှောင်မန်ကိုသေသေချာချာသိမ်းထားဖို့ပြောရုံမှအပမရှိတော့ပေ။ အဘွားအနေနှင့်ဝင်ရောက်စွတ်ဖတ်ပြောစရာမလိုအောင်ပင် သူမကောင်းကောင်းထိန်းသိမ်းနိုင်မှာပါ ။
ကျန်းရှောင်မန်သူမဘဏ်ကတ်များကိုနှုတ်ဆက်ရန်ကြိုပြင်ဆင်ထားသော်လည်း ရုတ်တရက်သူမထိုဘဏ်ကတ်များကိုပေးစရာမလိုတော့သောကြောင့်အလွန်ပျော်ရွှင်သွားသည်။ အနည်းငယ်တွေးလိုက်ပြီးနောက်တွင် ပြောလိုက်သည်။
"ဒါမှမဟုတ် ဘွားဘွားကတ်ကိုသမီးကိုပေးထားလို့ရတယ်လေ သမီးသိမ်းပေးထားမယ်.... သမီးမှာလုံခြုံတဲ့နေရာရှိတယ် ဘယ်သူမှသိမှာမဟုတ်ဘူး အဲ့တော့သမီးတို့မပျောက်တော့ဘူးပေါ့ …”
"…" ကျန်းဟွေ့မိန်ဒေါသဖြင့်ရီလိုက်သည်။
ဒီတော့ ဒါကကိုယ့်ရဲ့အရေးကြီးတဲ့အရာတွေကိုတခြားသူတစ်ယောက်ယောက်ကိုသိမ်းခိုင်းရတဲ့ခံစားချက်ပေါ့…
သူမ ယခုလေးတင်ရှောင်မန်ကတ်ကိုမသိမ်းဘူးလို့ပြောလိုက်တာကို ရှောင်မန်ကချက်ချင်းပင်သူမ( ကျန်းဟွေ့မိန် ) ကတ်ကိုကူပြီးတောင်သိမ်းပေးချင်နေသေးသည် ။
သူမကျန်းရှောင်မန်ကိုကြည့်လိုက်ပြီး ပြောသည်။
" သမီးကတ်ကိုသမီးအရင်ဂရုစိုက်ပါဦး....”
ဝူး…ဝူး…ဘွားဘွားမျက်လုံးတွေကအရမ်းကြောက်ဖို့ကောင်းတာပဲ....
ကျန်းရှောင်မန်စကားတစ်ခွန်းတောင်ထပ်မပြောရဲတော့ပေ။ သူမပြေးထွက်လာပြီး ကတ်ကိုဖွက်ရန်နေရာရှာတော့သည် ။
ဦးလေးကအခုကတ်ထဲတွင်ပိုက်ဆံမရှိသေးဘူးဟုပြောသော်လည်း နောက်ပိုင်းတွင်အများကြီးရှိလာမည်ဖြစ်သည်။ ကတ်ကပိုထူပြီး ပိုကြီးလာနိုင်သည် ။
အကယ်၍ထိုကတ်သည်သူမကဲ့သို့အရပ်ရှည်ပြီးကြီးလာလျှင် နေရောင်နှင့်မိုးရေကောင်းကောင်းထိနိုင်မည့်နေရာတွင်ထားဖို့လိုလိမ့်မည် ။
ကျန်းရှောင်မန်အခန်းအား ပတ်ပတ်လယ်လှည့်ကာဘယ်ညာကြည့်လိုက်ပြီး နောက်ဆုံးတွင်ကောင်းမွန်စွာကြီးလာနိုင်မည့်နေရာကိုတွေ့လိုက်သည် ။
ဝရံတာတွင် ပန်းစိုက်ထားသောအိုးသေးသေးလေးဖြစ်သည် ။
ထိုပန်းအိုးလေးကိုသူမဦးလေးကပေးခဲ့တာဖြစ်ပြီး သူမကောင်းကောင်းမွန်မွန်စိုက်ပျိုးလျင် ပန်းလေးသည်အသက်ဝင်ပြီးလှလာလိမ့်မည်ဟုဦးဦးကပြောခဲ့သေးသည်။ ၎င်း(ဘဏ်ကတ်)ကိုနေရောင်နှင့်မိုးရေကောင်းကောင်းရနိုင်သည့်နေရာတွင်ထားမှ မြန်မြန်ကြီးလာမည်ဖြစ်သည့်အတွက် သူမထိုနေရာကိုရွေးလိုက်ခြင်းဖြစ်သည် ။
တခြားနည်းဖြင့်ပြောရလျင် ထိုနေရာသည်တခန်းလုံးတွင် နေရောင်နှင့်မိုးရေထိနိုင်သည့်အကောင်းဆုံးနေရာဖြစ်သည် ။
ကျန်းရှောင်မန် …သူမရွေးထားသည့်နေရာကိုပျော်ရွှင်စွာကြည့်လိုက်ပြီး ဘဏ်ကတ်ကိုမြေကြီးထဲတွင်တစ်ဝက်မြုပ်၍ လေလာရာဘက်ကိုမျက်နှာမူကာထောင်ထားလိုက်သည် ။
မြန်မြန်ကြီးလာပြီး ပိုက်ဆံအများကြီးရှာပေးပါ။
ပတ်ပတ်လည်ကိုကြည့်လိုက်ပြီးနောက်တွင် ရေချိုးခန်းထဲသို့ဝင်သွားပြီး ပန်းအိုးကိုရေလောင်းလိုက်သည်။ မြေကြီးပေါ်တွင်ထောင်ထားသည့်ဘဏ်ကတ်သည် ရေအားဖြင့်လဲကျသွားသည် ။
"…” ကျန်းရှောင်မန်ပြန်ထောင်လိုက်သော်လည်း ပြန်လဲသွားပြန်သည် ။
မြေကြီးသည်ကတ်ထောင်ဖို့ရန်အတွက်ပျော့လွန်းနေသည် ။
ကျန်းရှောင်မန် ရေရွတ်လိုက်သည်။
" ဒီနေရာကမကောင်းဘူးမသင့်တော်ဘူးလို့နင်ထင်လား.. ငါနင့်အတွက်နေရာပြန်ပြောင်းပေးလို့ရပါတယ်... အဓိကကတော့နင်ကောင်းကောင်းကြီးလာဖို့ပဲ... နင်ကြီးလာမှချမ်းသာလာမယ်... လူတွေကလေးမွေးသလိုပဲ ဟုတ်ပြီလား…နင်ပိုက်ဆံလေးတွေအများကြီးမွေးပေးရင် ငါလည်းပိုက်ဆံတွေအများကြီးဖြုန်းနိုင်လိမ့်မယ် ..."
ဒါပေါ့ ဘဏ်ကတ်ကသူမကိုဘယ်လိုပြန်ဖြေနိုင်ပါ့မလဲ…
ဘဏ်ကတ်ကို ကောင်းကောင်းကြီးပြင်းလာရန်ထားဖို့လေထုရေထု ကောင်းသည့်နေရာကိုအိမ်အတွင်းအပြေးအလွှားရှာနေသည့်ရှောင်မန်ကိုစနစ်ရပ်မကြည့်နိုင်တော့ပဲ သူမကိုတားလိုက်သည် ။
" ပိုင်ရှင် ဘဏ်ကတ်ကိုစိုက်ပျိုးလို့မရဘူး...အဲ့ဒါကသက်မဲ့ကြီးလေ အသက်ရှိတဲ့အရာမဟုတ်ဘူးအဲ့တော့စိုက်စရာမလိုဘူး... သမီးဦးလေးပြောတဲ့ချမ်းသာမှုက ကလေးမွေးတာနဲ့မတူဘူး... ဟွားဟွားကဝက်ပေါက်လေးတွေမွေးပေးသလိုမျိုးနဲ့မတူဘူးလေ... သမီးဦးလေး ကဘဏ်ထဲမှာပိုက်ဆံသိမ်းတာမျိုးကိုပြောတာ အတိုးများများရလို့ပိုက်ဆံများများရတာကိုပြောတာ …”
ကျန်းရှောင်မန်ထိုကဲ့သို့ကြားလိုက်ရ၍ အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည် ။
" တကယ်လား…”
" တကယ်ပေါ့ ...."
ဟူး…
ကျန်းရှောင်မန်ပန်းအိုးလေးကိုပြန်ထားရုံမှအပမရှိတော့ပေ။ ထို့နောက်သူမသံသေတ္တာလေးထဲတွင် ဘဏ်ကတ်ကိုထည့်သိမ်းလိုက်သည် ။
xxxxx
Chater 198
ဘဏ်ကတ်က ကြီးမလာသလို ရှည်လည်းရှည်မလာတော့ဘူးဟုဆိုသည်။ ထို့ကြောင့် သူမထိုကတ်ကို ဘယ်ကနေရလို့ရလာမှန်းမသိသည့် သူမ၏ထူးဆန်းပြီး ဆန်းကြယ်သည့်ရတနာများနှင့်အတူသိမ်းထားလိုက်သည်။ ၎င်းတို့အားလုံးသည်သူမ၏အဖိုးတန်ရတနာများဖြစ်သောကြောင့် သူမအဆုံးရှုံးခံနိုင်မည်မဟုတ်ပေ ။
သံသေတ္တာကို မူလတွင် လမုန့်ထည့်ရန်သုံးခဲ့ခြင်းဖြင့်ပြီး နှစ်အတန်ကြာသည်အထိထိုသေတ္တာကိုအသုံးပြုခဲ့သည်။ သေတ္တာထဲတွင်အဖိုးတန်ရတနာများရှိသည်သာမကဘဲ ထိုသံသေတ္တာသည်လည်းသူမအတွက်ရတနာတစ်ခုဖြစ်သည် ။
နောက်ဆုံးတစ်ခေါက်တုန်းကဆိုလျ င်ဟုန်ရှင်းကောရှက်လွန်းလို့ဒေါသထွက်ပြီး သံသေတ္တာကိုရိုက်ခွဲလုနီးနီးဖြစ်သွားခဲ့သည်။ ထိုကိစ္စကြောင့် ကျန်းရှောင်မန်အချိန်အတော်ကြာဝမ်းနည်းခဲ့ပြီး ချိုင့်ဝင်သွားသည့်သေတ္တာ၏နေရာများကိုကျောက်တုံးဖြင့်နည်းနည်းစီထုကာပြန်ပြင်ခဲ့ရသည် ။
အားလုံးပြီးသွားသည့်နောက်တွင် သူမပစ္စည်းအားလုံးကိုမူလနေရာတွင်ပြန်ထည့်ခဲ့သည် ။
ရက်အနည်းငယ်ကြာပြီးနောက်တွင် ယွီချင်းရှီနှင့်သူ၏အဖေတို့အိမ်ပြန်လာခဲ့ကြသည် ။
သူတို့ပြန်လာသည့်ပထမဆုံးရက်တွင် ယွီချင်းရှီ အိမ်ထဲသို့မဝင်ပဲ ကျန်းရှောင်မန်တို့အိမ်သို့တန်းသွားခဲ့သည်။ ယွီဝမ်ချန်း…ယွီချင်းရှီ၏လက်ကိုကိုင်ထားသော်လည်း ယွီချင်းရှီပြေးထွက်သွားသည်ကိုမြင်ပြီးအထီးကျန်သလိုခံစားလိုက်ရသည် ။
သို့ပေမဲ့သူထိုအကြောင်းကိုစဥ်းစားမိလိုက်ပြီး ယွီချင်းရှီကိုသွားခွင့်ပေးလိုက်သည် ။
" ကျန်းရှောင်မန်....."
ယွီချင်းရှီအော်ခေါ်လိုက်သည် ။
ကျန်းရှောင်မန်အိပ်ရာမှနိုးလာပြီး ထိုအသံကိုကြားလိုက်ချိန်တွင်သူနားကြားမှားသည်ဟုထင်လိုက်သော်လည်း ယွီချင်းရှီသူမအိပ်ယာဘေးတွင်ရပ်နေသည်ကိုမြင်မှ အိပ်ချင်မူးတူးဖြင့်မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမခဏတာကြောင်သွားပြီးနောက်တွင် သူမလောလောဆယ်တွင်ကြည့်ရဆိုးနေမည်ဟုသဘောပေါက်လိုက်ပြီးချက်ချင်းပင်အိပ်ယာထဲသို့ခေါင်းကိုလှည့်ကာဖွက်လိုက်သည် ။
" အား…နင်... အပြင်ထွက်တော့၊...နင့်ကိုဘယ်သူကအထဲပေးဝင်တာလဲ ....”
သူမယခုချိန်တွင်အလွန်ရုပ်ဆိုးနေမည်ဖြစ်သည် ။
အော်ငေါက်ခံလိုက်ရသည့်ယွီချင်းရှီနာခံစွာဖြင့်အပြင်ထွက်လာခဲ့သည် ။
သူ၏မျက်နှာက အနည်းငယ်နီနေသည် ။
သူအထဲသို့ဝင်သွားမည်ဟုမစီစဥ်ထားသော်လည်း တံခါးကမပိတ်ထားပေ။ သူအကြိမ်ပေါင်းများစွာခေါ်နေသော်လည်း မည်သူမှပြန်မဖြေသောကြောင့် ကျန်းရှောင်အိမ်ထဲရှိမရှိသိချင်၍ဝင်လာခဲ့ချင်းဖြစ်သည် ။
အိပ်ပျော်နေသည့်ကျန်းရှောင်မန်မျက်နှာလေးသည်ပန်းရောင်သန်းနေပြီး သူမ၏ဆံပင်များက ပွတ်တိုက်လျပ်စီးကြောင့် ထောင်နေသည်။ သူမကိုကြည့်ရသည်မှာဖြူကောင်လေးနှင့်တူနေပြီးချစ်စရာကောင်းနေသည် ။
သူမမျက်နှာက လုံးဝိုင်းပြီးဖြူဖွေးကာနုဖတ်နေသောကြောင့် သူရပ်ကြည့်နေမိသည် ။ သူ သူမကိုနှိုးမိလိမ့်မည်ဟုမထင်ထားပေ ။
အစက သူမမျက်နှာကိုသူကိုင်ကြည့်ချင်သော်လည်း ကျန်းရှောင်မန် နိုးလာတာစော၍သူ မကိုင်ကြည့်လိုက်ရပေ ။
ကျန်းရှောင်မန်သူမကိုယ်သူမသန့်ရှင်းရေးလုပ်ပြီးသွားချိန်တွင် ယွီချင်းရှီအခန်းထဲသို့ပြန်ဝင်ခွင့်ရသွားသည် ။
" နောက်ဆိုရင် ငါအိပ်နေတဲ့အချိန်နင်အခန်းထဲဝင်လို့မရဘူး… ” ဟုမျှမျှတတတောင်းဆိုလိုက်သည် ။
သူမပြောတာကြားပြီးနောက်တွင် ယွီချင်းရှီရုတ်တရက်ပင်မမျှတသလိုခံစားလိုက်ရသည်၊ သူပြန်တုံ့ပြန်သည့်အနေဖြင့် ပြန်မေးသည်။
" ဘာလို့လဲ ငါအိပ်နေတဲ့အချိန်ကျရင်တော့နင်ကြိုက်သလိုဝင်လာပြီး ငါကြတော့ဘာလို့ဝင်လို့မရတာလဲ ...."
ကျန်းရှောင်မန်ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
" နင်မကျေနပ်ဘူးဆိုရင် နင့်အဖေကိုမေးကြည့်လို့ရတယ် မိန်းကလေးတစ်ယောက်အခန်းထဲကိုပြီးစလွယ်ဝင်လို့ရမရဆိုတာကို.... နင့်အခန်းထဲမဝင်စေချင်ရင်လည်းငါ့ကိုပြောလိုက်...နင့်အခန်းထဲမလာစေချင်ရင်လည်းရတယ်မလာဘူး...ဘယ်သူကရောလာချင်နေလို့လဲ …”
ယွီချင်းရှီအနည်းငယ်ဝမ်းနည်းစွာဖြင့်ပါးစပ်ကိုကိုက်လိုက်သည် ။
' ဒါဆိုလည်းမလာနဲ့ပေါ့ ' ဟုဆိုပြီးယောကျာ်းသိက္ခာကိုပြချင်သော်လည်း
သူ၏ပါးစပ်ဖျားမှနေ၍ " ငါတောင်းပန်ပါတယ် ” ဟုသာထွက်လာခဲ့သည် ။
" ရပါတယ် ငါခွင့်လွှတ်တယ်...."
ကျန်းရှောင်မန်က သဘောထားကြီးသည့်သူဖြစ်သောကြောင့် ချက်ချင်းပင်ခွင့်လွှတ်လိုက်သည် ။
ယွီချင်းရှီခေါင်းငုံ့ထားခဲ့သည် ။
ကလေးနှစ်ယောက်အောက်ထပ်သို့အတူတူဆင်းလာခဲ့ကြသည်။ အချိန်ကြည့်လိုက်သည့်အချိန်တွင် မနက်ကိုးနာရီခွဲပြီးနေပြီဖြစ်သည် ။
သူမအိပ်ရာထအလွန်နောက်ကျသွားသည် ။
မဟုတ်ဘူး အိပ်ရာထနောက်ကျခြင်းရဲ့အကြောင်းပြချက်ရှိတယ်…
နှစ်သစ်ရဲ့ဒုတိယမြောက်ရက်ပြီးသွားပြီးနောက်တွင် အရာအားလုံးပုံမှန်ပြန်စတင်နေပြီဖြစ်ရာ အပန်းဖြေဥယျာဥ်လည်းပြန်ဖွင့်နေပြီးဖြစ်သည် ။
ကျန်းရှင်းက သူ၏ကတိကိုတည်သည့်အနေဖြင့် သူ မနေ့ကအားလပ်ချိန်တွင် ကျန်းရှောင်မန်ကိုခေါ်ကာအပန်းဖြေဥယျာဥ်သို့သွားသည်။ သူတို့ကိုဆွဲဆောင်နိုင်သည့်အရာအားလုံးနှင့်ကစားကာကိုယ့်ကိုကိုယ်ပင်ပန်းစေခဲ့သည် ။
ကျန်းရှောင်မန်အိမ်ပြန်ရောက်သည့်အချိန်တွင် သူမအလွန်ပင်ပန်းသွားပြီးယခုထိတိုင်အိပ်ပျော်သွားခဲ့သည် ။
ဘွားဘွားသာအိမ်တွင်ရှိပြီး ဦးလေးကတော့အိမ်တွင်မရှိတော့ပေ ။
အီး…
စားပွဲပေါ်ရှိကျန်းဟွေ့မိန်နွှေးထားပေးသည့်ပဲနို့တစ်ခွက်ကိုကျန်းရှောင်မန်ယူကာတစ်ငုံသောက်လိုက်သည်။ ပဲနို့သည်မချိုသည့်အတွက် ယွီချင်းရှီဘက်သို့လှည့်ကာမေးသည်။
" နင်သောက်ချင်လား…”
ယွီချင်းရှီခေါင်းခါပြသည် ။
ကျန်းရှောင်မန်ဆက်၍တိုက်တွန်းလိုက်သည်။
" ဒီပဲနို့ကအရမ်းကောင်းတယ် ငါ့အဘွားကိုယ်တိုင်လုပ်ထားတာ... ဘွားဘွားကပြောတယ် အပြင်မှာရောင်းနေတာတွေကမစစ်ဘူး မသန့်ရှင်းဘူးတဲ့... ငရုတ်ဆုံထဲထည့်ထောင်းဖို့လူလိုမလိုဘူးတဲ့ ... ငါ့အဘွားမှာပဲကြိတ်ဖို့ပဲကြိတ်စက်လုပ်တဲ့သူကောင်းကောင်းရှိတယ်.... နင်ငါ့ကိုမယုံရင် စမ်းသောက်ကြည့်.... ဒါကနင်အိမ်မှာသောက်နေကြနဲ့ကွာတယ် စက်နဲ့ကြိတ်ထားတာ ...."
" ကောင်းပြီလေ …”
ယွီချင်းရှီ ပဲနို့မကြိိုက်တာမဟုတ်သော်လည်း သူဗိုက်ပြည့်နေသောကြောင့်ဖြစ်သည် ။
သို့သော်ကျန်းရှောင်မန်က အများကြီးပြောနေသည်ကို သူ မသောက်လိုက်လျင်သူမကိုဘယ်မျက်နှာနှင့်ရင်ဆိုင်ရမည်နည်း။
သူငယ်ချင်းကောင်းတွေဆိုတာချီးကျုးပေးပြီး တစ်ယောက်နှင့်တစ်ယောက်မျှဝေရမည်မဟုတ်ပါလော။
ကျန်းရှောင်မန်ပဲနို့ကို သူ၏ပါးစပ်နားသို့ကပ်ပေးလိုက်သည် ။
ယွီချင်းရှီ ဂရုတစိုက်ခေါင်းငုံ့လိုက်ပြီးတစ်ငုံ သောက်လိုက်သည် ။
" အရသာရှိတယ် …”
" ဒါဆိုနင်သောက်ရတာကြိုက်လား …”
" အင်း ...."
" ကောင်းပြီ ငါနင့်ကိုဒီခွက်ပေးမယ် ကုန်အောင်သောက်ဖို့မမေ့နဲ့ဦး…”
ကျန်းရှောင်မန် ယွီချင်းရှီပုခုံးကိုပုတ်လိုက်ပြီး ပဲနို့ကိုသူ၏လက်ထဲသို့ထိုးထည့်ပေးလိုက်သည်၊ ထို့နောက်မီးဖိုခန်းတွင်းသို့ပြေးဝင်သွားပြီး သူမအတွက်အသစ်တစ်ခွက်ကိုယူကာပျားရည်တစ်ဇွန်းအပြည့်ထည့်လိုက်သည် ။
ဟိ…ယွီချင်းရှီကတကယ်လူကောင်းလေးပဲ ...
ကလေးနှစ်ယောက်ပဲနို့သောက်ပြီးနောက်တွင် ကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့ဆိုဖာတွင်အတူတူထိုင်ကာစကားပြောကြလေသည် ။
" နင့်အဘွားအိမ်ကိုပြန်တာလား ..."
" အင်း ...."
" နင့်အဘွားအိမ်မှာနေရတာဘယ်လိုလဲ ..."
" ပျော်ဖို့မကောင်းဘူး ..."
" နင့်အမေကရောဘယ်လိုနေလဲ ...."
" သူမအဆင်ပြေပါတယ် ...."
" နင်ငါ့ကိုမလွမ်းဘူးလား ....."
"…” ယွီချင်းရှီခေါင်းငုံ့လိုက်ပြီး ဖြေလိုက်သည်။
" လွမ်းတယ် ...."
ကျန်းရှောင်မန်သူမဗိုက်သေးသေးလေးကိုပုတ်လိုက်ပြီး နောက်ဆုံးတော့သက်သောင့်သက်သာရှိသွားခဲ့သည်။ သူမပြုံးပြီးပြောလိုက်သည်။
" ငါလည်းနင့်ကိုလွမ်းတယ်..... နင်သိလား ငါ့ဘွားဘွားအိမ်မှာမရှိတုန်းကဆိုရင် ငါနဲ့ငါ့ဦးလေးဘယ်လောက်တောင်စိတ်ပျက်နေလဲဆိုတာကို...အဲ့ဒီ့အချိန်တုန်းကဆိုရင်နင်နဲ့ဦးလေးယွီ ရှိရင်ကောင်းမှာပဲလို့ငါတွေးနေခဲ့တာ အဲ့ဒါဆိုရင်ငါလည်းဗိုက်ဆာစရာမလိုတော့ဘူးလေ... ”
ယွီချင်းရှီ ခဏရပ်သွားပြီး မေးလိုက်သည်။
" နင်ကငါ့အိမ်အကူဟင်းချက်တာကိုပဲလိုချင်တာပေါ့ ...."
" ငါနင့်ကိုလည်းလွမ်းပါတယ် ...."
ကျန်းရှောင်မန် ယွီချင်းရှီ၏လက်ကိုကိုင်ပြီးမေးလိုက်သည်။
" ဒီနေ့အပြင်ထွက်ပြီး ငါနဲ့အတူတူမကစားချင်ဘူးလား …”
" ကောင်းပြီလေ…”
ယွီချင်းရှီနှလုံးသားထဲမှမပျော်ရွှင်မှုသည်နောက်ဆုံးတော့ပျောက်ကွယ်သွားခဲ့သည် ။
ဤသည်ကကျန်းရှောင်မန် သူ့ကိုပထမဆုံးအကြိမ်ဖြင့်အပြင်ထွက်ဆော့ဖို့ခေါ်ခြင်းဖြစ်သည် ။
ဒါပေါ့ သူသွားရမှာပေါ့ …
xxxxxxx
Chapter 199
ယွီချင်းရှီသည်အပြင်ထွက်ပြီးဆော့ရန်လို့သာထင်ထားသော်လည်း သူမမျှော်လင့်ထားသည်မှာ ကျန်းရှောင်မန်ကသူ့ကိုသူ၏ပစ္စည်းတွေထုတ်ပိုးခိုင်းမည်ကိုပင်ဖြစ်သည်။ သူ၏ကျောင်းလွယ်အိတ်ကိုယူကာ မုန့်အပြည့်ကိုထည့်နေရသည်မှာ နွေဦးခရီးကိုထွက်တော့မည့်အလားပင် ။
နွေဦးခရီးထွက်ဖို့ကအနည်းငယ်စောမနေဘူးလား…..
သို့သော်သူမဘာပြောပြောယွီချင်းရှီ လိုက်နာပြီးသားပြီးဖြစ်သည်။ သူ တွေဝေနေလျှင်တောင်မှပင် သူမပြောသည်ကိုနာခံပြီးသားဖြစ်သည် ။
ကလေးနှစ်ယောက်မုန့်အများကြီးကိုထုတ်၍ တစ်ယောက်လက်တစ်ယောက်ကိုင်ကာ အပြင်ထွက်ခဲ့ကြသည် ။
သူတို့ပန်းခြံသို့ရောက်သည့်အချိန်တွင် ယီကျားကျားနှင့်ကျန်းရှင်းဟွားသူတို့ကိုစောင့်နှင့်နေပြီးဖြစ်သည် ။
ဟမ်…နေပါအုံး တစ်ခုခုကမှားမနေဘူးလား ...
ယွီချင်းရှီထိတ်လန့်သွားပြီးနောက်တွင် သဘောပေါက်သွားတော့သည်။ ကျန်းရှောင်မန်ကအပြင်ထွက်ပြီးနှစ်ယောက်တည်း ကစားဖို့ခေါ်တာမှမဟုတ်ပေ။ ကျန်းရှောင်မန်၊ ယီကျားကျားနှင့် ကျန်းရှင်းဟွားတို့လည်းအတူတူကစားဖို့သဘောတူထားခြင်းဖြစ်သည်၊ သူအခေါ်ခံရခြင်းသည်တိုက်ဆိုင်မှုတစ်ခုသာဖြစ်သည် ။
ဝူး…ဝူး…ဝူး
သူကဒီအတိုင်း တိုက်ဆိုင်သွားသည့်ခရီးသည်တစ်ယောက်သာဖြစ်သည်။
သူ၏နှုတ်ခမ်းထောင့်များကုတ်ကျသွားပြီး ရယ်တောင်မရယ်နိုင်တော့ပေ ။
ယီကျားကျားသည်ပန်းခြံထဲရှိခုံတန်းရှည်တွင်ထိုင်နေ၍ သူတို့ကိုသတိထားမိသွားပြီး လက်ဝှေ့ပြကာလှမ်းအော်လိုက်သည်။
" ရှောင်မန်…ငါတို့ဒီမှာ ..."
ယနေ့တွေ့ဆုံပွဲကိုဦးဆောင်ခဲ့သူမှာရှောင်မန်ဖြစ်သည် ။
ယခင်ကသူမသူငယ်ချင်းတွေကို သူမအိမ်သို့လာပြီးမုန့်လာယူခိုင်းပေမဲ့ ကလေးတွေသည်နှစ်သစ်အတွင်းမအားသောကြောင့်သူမအစီအစဥ်ကိုပြန်ရုတ်သိမ်းလိုက်ရသည် ။
ထို့နောက်သူမ ယွီချင်းရှီပြောထားသည့်နွေဦးခရီးထွက်ခြင်းကို သတိရသွား၍ သူတို့ကိုပန်းခြံသို့စကားပြောပြီးမုန့်စားရန်ခေါ်လိုက်ခြင်းဖြစ်သည် ။
နွေးထွေးပြီးသက်သောင့်သက်သာရှိလှသည် ။
အနည်းငယ်အေးနေသေးသော်လည်း သူမလေထုကိုကာကွယ်ရန်အဝတ်အစားထူထူဝတ်ခဲ့ပြီး ဦးထုပ်ဆောင်းကာ လည်စည်းကိုလည်းလည်ပင်းတွင်သေသေချာချာပတ်ခဲ့သေးသည် ။
' ဟယ်လို ' လို့နှုတ်ဆက်ပြီးနောက်တွင် လေးယောက်သားထိုင်ချလိုက်ပြီး မုန့်ထုတ်ဖွင့်ကာ စစားကြတော့သည်။
ရွှတ်
ရွှတ်...
ရှောင်မန် ဒိုင်ယာရီရေးမည့်အကြောင်းအရာအနေဖြင့် အထိတ်တလန့်တစ်ခုခုလုပ်ချင်သော်လည်း ယွီချင်းရှီကိုလှမ်းကြည့်လိုက်သည့်အချိန်တွင်သူမမည်သည့်စကားမှထွက်မလာတော့ပေ။ ယွီချင်းရှီ သူ၏ခေါင်းကိုငုံ့ကာငြိမ်ငြိမ်လေးထိုင်နေခဲ့ပြီး စကားတစ်ခွန်းမှလည်းမပြောသလိုမုန့်လည်းမစားနေပေ ။
လေအေးတစ်ချက်တိုက်ခတ်လိုက်ချိန်တွင်သူ၏လည်ပင်းကိုကျုံ့လိုက်ကာ ကျန်းရှောင်မန်ကိုကြည့်ရန်ခေါင်းထောင်လာပြီးနောက်တွင် ချက်ချင်းခေါင်းပြန်ငုံ့သွားခဲ့သည် ။
အစမှနေ၍အဆုံးထိစကားတစ်ခွန်းမှမပြောကာ မည်သည်ကိုမှလည်း မတုံ့ပြန်ခဲ့ပေ ။
ကျန်းရှောင်မန်ခဏအကြာစဥ်းစားလိုက်ပြီးနောက်တွင် ယွီချင်းရှီအေးနေသည်ဟုထင်ပြီး သူမလည်စည်းကိုချွတ်ကာယွီချင်းရှီကိုပတ်ပေးလိုက်သည် ။
" ကလေးကောင်းတစ်ယောက်ဆိုတာလိမ္မာရမယ် အဝတ်ကိုထူထူဝတ်ပြီး ထမင်းများများစားရမယ်.... များများစားမှနင်အရပ်ရှည်လာမှာ နင်အရပ်ရှည်လာရင်အရိုက်ခံရမှာကိုကြောက်စရာမလိုတော့ဘူး …”
ကျန်းရှောင်သူ့ကိုဖက်ထားကာမေးလိုက်သေးသည်။
" နင်အေးသေးလား ...”
ယွီချင်းရှီရုတ်တရက်မျက်နှာနီလာပြီး အားကြိုးမာန်တတ်ဖြင့် ခေါင်းခါပြလိုက်သည် ။
" များများစား....."
ကျန်းရှောင်မန် သူ့အားအာလူးကြော်အထုပ်ကမ်းပေးလာသည် ။
ယွီချင်းရှီမုန့်ထုတ်ကိုယူလိုက်ပြီး ဂျွတ် ဂျွတ် ဟုမြည်အောင်ပင်အမြန်စားလိုက်သည် ။
" ဝူး…ဝူး…ဝူး အရမ်းနွေးပြီးသက်သောင့်သက်သာရှိတာပဲ.... ကျန်းရှောင်မန်ကအရမ်းကောင်းတာပဲ...."
ယွီချင်းရှီသူ၏မျက်နှာကိုလည်စည်းနှင့်ထုံးထားပြီး မျက်နှာနှင့်နားနှစ်ဖက်ကိုလက်ဖြင့်အုပ်ထားလိုက်သည် ။
ရှက်လိုက်တာ ရှက်စရာကြီး ....
ယွီချင်းရှီ၏နှလုံးသည်ယခုမှသက်သောင့်သက်သာရှိသွားပြီး ယီကျားကျားနှင့်ကျန်းရှင်းဟွားတို့ကိုမြင်ရသည်မှာ နေသာထိုင်သာရှိတော့သည်။ လေထုကြောင့်မလိုချင်ဖြစ်နေသည့်ဂေါ်ဖီထုပ်လေးလိုသူမခံစားရတော့ပေ ။
စားသောက်လို့ပြီးသွားသည့်နောက်တွင် ကျန်းရှင်းဟွား သူ၏ဦးထုပ်ကိုချွတ်ပြလိုက်ပြီး ပြောလိုက်သည်။
" ငါ့ဆံပင်တွေရှည်လာပြန်ပြီ ငါ့အဖေကငါ့ကိုဆံပင်ညှပ်ဆိုင်မကြာခင်ခေါ်သွားမယ်လို့ပြောတယ် ...."
ကျန်းရှောင်မန် အိမ်ပြန်ပြီးဘာမှလုပ်စရာမရှိပဲပျင်းစရာကောင်းနေမည်ဟုစဥ်းစားမိပြီး ကျန်းရှင်းဟွားနှင့်အတူလိုက်သွားဖို့စီစဥ်လိုက်သည် ။
ယီကျားကျားကတော့မလိုက်တော့ပေ သူမအဖေနှင့်လိုက်ပြီးအိမ်ပြန်တော့မည်ဖြစ်သည် ။
ယွီချင်းရှီကတော့ပုံမှန်းအတိုင်းကျန်းရှောင်မန်သွားသည့်အနောက်ကိုလိုက်ခဲ့သည် ။
ကလေးသုံးယောက်ဆံပင်ညှပ်ဆိုင်ဝင်းသို့ဝင်လာခဲ့ကြသည် ဆံပင်ညှပ်ဆိုင်တော်တော်များများယနေ့မဖွင့်ကြပေ။ သူတို့အချိန်အကြာကြီးရှာပြီးနောက်တွင် ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်ရသည် ။
ကျန်းရှောင်မန်နှင့်ယွီချင်းရှီအဆင်ပြေနေကြသည်။ ကလေးနှစ်ယောက်သည်ပုံမှန်အတိုင်းလှုပ်ရှားနေကြသော်လည်း ကျန်းရှင်းဟွားတော့မဟုတ်ပေဟ ကျန်းရှင်းဟွားသည်ဆိုဖာပေါ်တွင်ထိုင်ကာ အမောတကောဖြစ်နေသည် ။
ဆံသဆရာမှနေ၍ မေးသည်။
" မင်းတို့ထဲကဘယ်သူကဆံပင်ညှပ်မှာလဲ …”
ကျန်းရှင်းဟွားလက်ထောင်ပြလိုက်သည် ။
ဆံသဆရာသူ့ကိုအခန်းတွင်းသို့ခေါ်သွားခဲ့သည် အဘယ်ကြောင့်ဆိုသော်ကျန်းရှင်းဟွားသည်ဆံပင်မညှပ်ခင်ခေါင်းအရင်လျှော်မည်ဟုပြောထားသောကြောင့်ဖြစ်သည် ။
သူ့ခေါင်းကိုလျှော်နေစဥ်တွင် ဆံသဆရာသည်တစ်ခုခုကိုသတိရသွားဟန်ဖြင့်မေးလိုက်သည်။
" ကောင်လေး မင်းမှာဦးလေးရှိလား…”
" ဦးလေးလား…သားမှာမရှိပါဘူး...."
ကျန်းရှင်းဟွားရှုပ်ထွေးစွာဖြင့်ပြောလိုက်သည် ။
ထိုသို့ကြားပြီးနောက်တွင် ဆံသဆရာသည်ရဲရဲဝင့်ဝင့်ပင်သူ၏ဆံပင်ကိုညှပ်ပေးလိုက်သည် ။
မိနှစ်နှစ်ဆယ်လောက်စောင့်ပြီးနောက်တွင် ကျန်းရှင်းဟွား၏ဆံပင်များက တိုတိုတုတ်တုတ်ဖြစ်သွားပြီး သူ့ကိုကြည်ရသည်မှာပို၍ သန်မာသည့်ပုံပေါက်သွားသည် ။
ကျန်းရှောင်မန်အနည်းငယ်မနာလိုဖြစ်သွားသည်။ သူမဦးထုပ်ကိုချွတ်၍ ဆံပင်ကိုထိလိုက်ချိန်တွင် ဆံပင်များသည်သူမပုခုံးကိုကျော်နေပြီဖြစ်သည်၊ အရမ်းရှည်နေပြီဟုခံစားရ၍ ကျယ်လောင်စွာဖြင့်ပြောလိုက်သည်။
" ဦးလေး သမီးလည်းဆံပင်ညှပ်ချင်တယ်...."
" သမီးကဘယ်လောက်အထိညှပ်ချင်တာလဲ...."
" လည်ပင်းအလယ်လောက်ဆိုရပြီ အဲ့လောက်ဆိုခေါင်းလွယ်လွယ်ဖြီးလို့ရတယ်...."
ဆံသဆရာက သူမတောင်းဆိုသကဲ့သို့သေသေသပ်သပ်ညှပ်ပေးလိုက်သည် ။
ဆံပင်သည်အနေတော်လောက်ဖြစ်ပြီး အရမ်းမရှည်သောကြောင့်သူမဆံပင်အလွယ်တကူစီးလို့ရသည်။ အကယ်၍သူမမစီးပဲချထားလျင်ပုခုံးပေါ်ကျနေမည်ဖြစ်ပြီး သက်ဝင်လှုပ်ရှားကာလှနေမည်ဖြစ်သည် ။
ကျန်းရှောင်မန်၏ဆံပင်ပုံသည်ချစ်ဖို့ကောင်းပြီးလှသည်ဟုခံစားရ၍ ချီးကျူးလိုက်သည်။
" ဦးဦးမှာ အရည်အချင်းကောင်းကောင်းရှိတာပဲ ..."
" အာ…အဲ့လောက်လည်းမဟုတ်ပါဘူး ...."
ဆံသဆရာသည်ပိုက်ဆံကိုရေလိုက်သည်။ ပိုက်ဆံရေပြီးနောက်တွင် သူမေးခွန်းတစ်ခုကိုသတိရသွားဟန်ဖြင့်မေးလိုက်သည်။
" သမီးမှာဦးလေးမရှိဘူးမဟုတ်လား ..."
ဦးလေး…
သူဘာလို့ဒီလိုမေးရတာလဲ ....
ကျန်းရှောင်မန်သည်ဇဝေဇဝါဖြင့် ပြောလိုက်သည်။
" သမီးမှာတစ်ယောက်ရှိတယ် ..."
"…"
ဆံသဆရာ ရုတ်တရက်ဆွံ့အသွားပြီး သူ၏အမှုအရာက အနည်းငယ်ရုပ်ပျက်သွားသည်။ သူ အနည်းငယ်ရယ်လိုက်ပြီးနောက်တွင် ပြောလိုက်သည်။
" ဘာမှမဖြစ်ပါဘူး ရပါတယ် ဦးတို့ကခေတ်မီနေပါပြီ အယူသီးမနေပါနဲ့ ဟားဟားဟား… သမီးနှစ်သစ်ရဲ့ပထမဆုံးလမှာဆံပင်ညှပ်ရင် သမီးဦးလေးသေလိမ့်မယ်တဲ့ အဲ့ဒါကလူကြီးတွေရဲ့စကားပါ နှလုံးသားထဲသွင်းစရာမလိုပါဘူး မိန်းကလေးရဲ့... ”
ဆံသဆရာသူမကိုနှစ်သိမ့်ပြီးနောက်တွင် ကျန်းရှောင်မန်စငိုတော့သည် ။
xxxxxx
Chapter 200
ကျန်းရှောင်မန် ဆံပင်ညှပ်ဆိုင်မှထွက်လာချိန်အထိ ငိုကြွေးနေခဲ့သည်။ ယခုအခါ ကျန်းရှင်းဟွားအား သူ၏ဖခင်က လာရောက်ခေါ်ဆောင်သွားပြီဖြစ်သောကြောင့် သူမနှင့်ယွီချင်းရှီသာ ကျန်ခဲ့လေသည်။
ကလေးမလေး၏ နှာခေါင်းထိပ်လေးသည် နီရဲနေပြီး ပဲစေ့အရွယ်လောက်ရှိသော မျက်ရည်များသည် သူမ၏မျက်ဝန်းဝိုင်းဝိုင်းကြီးထံမှအဆက်မပြတ်ကျဆင်းနေသည်။
ယွီချင်းရှီသည် သူမအားကြည့်ကာ ပြောလိုက်သည်။
"မငိုနဲ့တော့...."
ကျန်းရှောင်မန်က နှာခေါင်းထိပ်လေးတုန်ရီလာသည်အထိ ဆက်လက်ငိုကြွေးနေလေသည်။
"လက်တွေ့ကျပါ..အယူမသီးပါနဲ့ တဲ့..ဆရာက ငါတို့ကို သင်ပေးထားတယ်လေ..ကျောင်းရဲ့ ပြဌာန်းချက်မှာတောင်ပါတယ်...နင်ကဘာလို့စိုးရိမ်နေတာလဲ...."
"ဒါပေမယ့် ဘွားဘွားနဲ့ဦးဦးက အယူသီးတယ်လေ....."
ကျန်းရှောင်မန်က မျက်ရည်များကိုပွတ်သုတ်ရင်းပြောလိုက်သည်။
"ငါဦးလေးကို အခက်မကြုံစေချင်ဘူး.."
ယွီချင်းရှီသည် ခဏတိတ်ဆိတ်သွားပြီးနောက် ဆက်၍ပြောလိုက်သည်။
"ဦးဦးကျန်းရှင်း ဒီနေ့အိမ်ကိုချောချောမွေ့မွေ့ပြန်ရောက်သရွေ့ ဘာပြသနာမှမရှိနိုင်ပါဘူး ဟုတ်ပြီလား...အရမ်းလည်းစိုးရိမ်မနေပါနဲ့...သူဘေးမသင့်လောက်ပါဘူး..ရှေးလူကြီးတွေကအရမ်းထူးဆန်းတာပဲနော်...သူတို့မှာ ရိုးရာဓလေ့တွေအများကြီးပဲ.."
"ဟုတ်တယ်...လူကြီးတွေမှာ လိုက်နာရမယ့်ကျင့်ဝတ်နဲ့ အစဥ်အလာတွေအများကြီးပဲ...."
ကျန်းရှောင်မန်သည် သူမဘက်မှလိုက်ပြောပေးသည့် ယွီချင်းရှီအားကြည့်လိုက်သည်။ ဦးဦးသည် တကယ့်ကိုအဆင်ပြေနိုင်သည်။ ယခုမူ သူမတစ်ဦးထဲသာ ကပ်ဘေးဆိုက်တော့မှာဖြစ်သည်။
"ငါလည်း အခက်မကြုံချင်ဘူး...ဝါး..."
"ဒီလိုလုပ်လေ...နင့်ဆံပင်ကိုငါညှပ်လိုက်တာလို့ပြောလိုက်...အဲ့လိုဆို နင်အဆူမခံရလောက်တော့ဘူး...."
ကျန်းရှောင်မန်သည် ခေတ္တစဥ်းစားလိုက်သည်။ ပုံမှန်အခြေအနေများတွင် ယွီချင်းရှီအားခေါင်းစဥ်တပ်လိုက်ရုံနှင့် ကိစ္စတော်တော်များများသည် အဆင်ပြေသွားလေ့ရှိသည်။ သို့သော် ထိုနည်းလမ်းသည် ထုံးတမ်းအစဥ်အလာများနှင့် ပတ်သတ်၍ အလုပ်မဖြစ်ချေ။
ဥပမာအားဖြင့် ရှောင်မန်က ကျန်းရှင်းယူလာသော ခြင်္သေ့ရုပ်အား သစ်သားမြင်းရုပ်ကဲ့သို့ တက်စီးကာဆော့ကစားဖူးသည်။ ထိုစဥ်က သူမ၏ သနားစဖွယ်ငိုယိုပြခြင်းသည် အသုံးမဝင်ခဲ့ပဲ အရိုက်ခံခဲ့ရလေသည်။
ရှောင်မန်သည် ခေါင်းခါရင်းပြောလိုက်သည်။
"ဟင့်အင်း...နင်ဘွားဘွားကို ဒီလိုကိစ္စမျိုးကိုသွားပြောလို့မရဘူး..."
"ဒါဆို ငါနင်နဲ့တူတူအရိုက်ခံပေးမယ်လေ...အဲ့တာကြောင့် ဆက်မငိုနဲ့တော့နော်...."
ကျန်းရှောင်မန်သည် ရင်ထဲအလွန်ထိရှသွားသဖြင့် ငိုကြွေးခြင်းအား ရပ်တန့်လိုက်သည်။
"နင်ငါ့အပေါ် အရမ်းကောင်းတာပဲ..."
ယွီချင်းရှီ၏ နားရွက်ကလေးများ နီရဲသွားကာ ခပ်တိုးတိုးအသံပြုလိုက်သည်။
ကျန်းရှောင်မန်သည် အိမ်သို့ရောက်သည်အထိ ဦးထုပ်အားမချွတ်ခဲ့ပေ။ သူမသည် ဆံပင်ပြန်ရှည်လာချိန်အထိ ဦးထုပ်မချွတ်ပဲထားမည်ဟု စဥ်းစားထားသည်။
ညနေသို့ရောက်ချိန်တွင် ကျန်းရှင်းက အိမ်သို့ကားဖြင့်ပြန်လာခဲ့သည်။ သူသည် လမ်းတစ်ဖက်တွင်ရှိသော ကြော်ငြာဆိုင်းဘုတ်ကို မမြင်လိုက်ပဲ ကားဖြင့်ဝင်တိုက်မိလေသည်။ သူ့တွင်အထိအခိုက်မရှိသော်လည်း ကားတွင်ပွန်းပဲ့သွားလေသည်။
အိမ်သို့ပြန်ရောက်သောအခါ ထမင်းစားပွဲဝိုင်းတွင် ထိုအဖြစ်အပျက်အား မိခင်နှင့်တူမဖြစ်သူကို ပြောပြခဲ့လေသည်။
ကျန်းရှောင်မန်သည် သူမ၏တူများလွတ်ကျသွားသည်အထိ ထိတ်လန့်သွားပြီး စတင်ရှိုက်ငိုလာတော့သည်။
ကျန်းရှင်းသည် သူမလေးအားနှစ်သိမ့်လိုက်သည်။
"ရှောင်မန်...မငိုပါနဲ့ကွယ်...ဦးဦး ဘာမှမဖြစ်ဖူးလေ တွေ့လား...ဦးဦးနောက်တစ်ခါ ပိုပြီးဂရုစိုက်မယ်နော်...တိတ်...တိတ်...."
ရှောင်မန်သည် ထိုင်ခုံပေါ်မှဆင်းလိုက်ကာ သူမ၏ လက်ဖောင်းဖောင်းကလေးနှင့် ကျန်းရှင်း၏ ဒူးခေါင်းကိုဖက်ကာ ပြောလာသည်။
"ဦးလေး...သမီးကြောင့်ဒီလိုဖြစ်ရတာပါ..ဦးဠးကို တစ်ခုခုဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး..သမီးကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှခွင့်လွှတ်မှာမဟုတ်ဘူး..ဝါး..."
"သမီးနဲ့ ဘာမှမဆိုင်ပါဘူး...ဘာလို့သမီးအပြစ်ဖြစ်ရမှာလဲ.."
"သမီးဒီနေ့ဆံပင်ညှပ်လိုက်မိတယ်...."
"......"
ကျန်းရှင်း ထိုင်ခုံမှပြုတ်ကျတော့မလိုပင် ဖြစ်သွားလေသည်။
ကျန်းဟွေ့မိန်လည်း သူမ၏တူများအားချက်ချင်းလွှတ်ချလိုက်သည်။ သူမ၏ရင်တွင်းမှ နှလုံးသည် အပြင်သို့ထွက်လာတော့မလို မြန်ဆန်စွာခုန်နေသဖြင့် ရင်ဘတ်ကိုလက်ဖြင့်အသာဖိနေလေသည်။
"ရှောင်မန်...သမီးဘယ်တုန်းက ဆံပင်ညှပ်လိုက်တာလဲ...."
"ဒီနေ့ပဲ....."
ဖြစ်နိုင်တာက သူနဲ့ရှောင်မန်ကဘာမှမတော်လို့များ ကပ်ဘေးကလွတ်သွားပြီး သူ မသေခဲ့တာလား...မဟုတ်သေးဘူး...ရလဒ်ကနှစ်လလောက်ကြာမှ သိရမှာ...
ကျန်းရှောင်မန် စတင်၍ငိုနေပြီဖြစ်သည်။ သို့သော် ကျန်းဟွေ့မိန်သည် သူမအားရိုက်ခြင်းဆူပူခြင်းမရှိချေ။
ကျန်းရှင်းနှင့် ကျန်းဟွေ့မိန်တို့သည် အတူတကွတီးတိုးပြောလိုက်သည်။
"မဟုတ်လောက်ပါဘူး...ရှောင်မန်ကသူတို့နဲ့ ဘာမှမတော်လောက်ပါဘူး..."
ကျန်းရှင်း၏ လက်များနှင့်ခြေထောက်များသည် တုန်ယင်နေလေသည်။
သားအမိနှစ်ဦးသည် ရုတ်တရက်ဖြစ်ပေါ်လာသည့်ပြသနာအား ဖြေရှင်းရန်ကိုယ်စီပြင်ဆင်ကြလေသည်။
ကျန်းဟွေ့မိန်သည် ပြာတစ်ဆုပ်ကို ခြံဝင်းထဲသို့ကျဲချလိုက်သည်။ သူမသည် အကွက်အချို့ကိုရေးဆွဲကာ အမွှေးတိုင်ထွန်း၍ ရွတ်ဖတ်ပူဇော်နေလေသည်။
သူသည် ရှောင်မန်အား ဆံပင်ညှပ်ဆိုင်သို့ခေါ်သွားကာ သူမ၏ဆံပင်ကိုပြန်ဆက်စေလိုက်သည်။
"မစိုးရိမ်နဲ့တော့နော်...အခုဆံပင်ကိုပြန်ဆက်လိုက်ရင် ဘာမှမဖြစ်တော့ဘူး...လက်တွေ့ကျရမယ်..အယူမသီးရဘူးလေ..ဟုတ်ပြီလား...."
ကျန်းရှောင်မန်သည် ခေါင်းငြိမ့်လိုက်သည်။
xxxxx