အပိုင်း ၂၀၆-၂၁၀
Viewers 14k

Chapter 206


ကျန်းရှောင်မန်သည် စနစ်အား စမတ်ကျကျအဆင့်မြှင့်တင်ခွင့် မပေးခဲ့ချေ။ သူမက စနစ်ထံသို့ အဆင့်မြှင့်တင်သည့်ခလုတ်ကိုပေးကာ အလဲအလှယ်အနေဖြင့် သူမပြောသည်အားလိုက်နာစေရန် ရည်ရွယ်ထားလေသည်။


သို့သော် စနစ်က အဆင့်မြှင့်တင်ခဲ့သည်၊


သူက ထိုအမှတ်များအား သူ၏ဉာဏ်ရည်ကိုသုံးရင်း ရယူခဲ့ရသည်။  ပိုင်ရှင်ပါဝင်နေသော တဖတ်သတ်သဘောတူညီမှုများနှင့်ပြည့်နေသည့် စာချုပ်အားချုပ်ဆိုခဲ့ရလေသည်။


သူမအား ကလေးများကိုအနိုင်မကျင့်ခိုင်းရန်..မလုပ်ချင်သည့် ကိစ္စရပ်များအား အတင်းအကြပ်မခိုင်းရန်...သူမအား လွတ်လပ်စွာ နေထိုင်စေရန်.....


စနစ်လေးခင်ဗျာ မျက်ရည်စက်လက်ဖြင့် သဘောတူခဲ့လေသည်။


[တင်းတောင်...စနစ်၏အဆင့်မြှင့်တင်မှုပြီးဆုံးပါပြီ...ဗီလိန်စနစ် အဆင့်၂သို့ရောက်ရှိသွားပါပြီ...ပိုင်ရှင် စနစ်၏လုပ်ငန်းအား စတင်၍ စစ်ဆေးနိုင်ပါပြီ..]


ကျန်းရှောင်မန် ထိုအသံအားကြားသောအခါ ဆက်လက်အိပ်စက်ခြင်းမပြုတော့ပဲ ထကြည့်လေသည်။


ဦးဦးစနစ်က ပိုတော်လာလား...ပိုနှေးလာလား..


ရှောင်မန်က  သူမ၏မိတ်ဆွေများအား အလေးထားသည့်အလျှောက် စနစ်၏ပြောင်းလဲမှုအား ကြည့်ချင်နေခဲ့သည်။


သူမသည် ဦးစွာလက်ကျန်အမှတ်အား စစ်ဆေးလိုက်သည်။ အမှတ်များက ၅၀၀၀ကျော်မှ ၂၅၀သို့ထိုးကျသွားသည်အား တွေ့လိုက်ရသောအခါ အနည်းငယ်ရှုံးနိမ့်သည်ဟု ခံစားလိုက်ရလေသည်။


"အနာဂတ်ကျရင် ပြန်ပေးဖို့မမေ့နဲ့နော်...."


"ဟမ်....."


"အခုဟာကို ပြန်ပေးရမယ်လေ...ဒါမှနောက်တခါ အမှတ်လိုတဲ့အခါကျရင် ထပ်ချေးပေးလို့ရမှာပေါ့..."


"ဒါပေမယ့် ငါ...."


"သူငယ်ချင်းအချင်းချင်း ကိုယ့်ကျင့်တရားကောင်းအောင်နေရမယ်...."


သူဒီအမှတ်တွေနဲ့ သူတို့နှစ်ယောက်သဘောတူထားတဲ့အချက်တွေနဲ့ လဲခဲ့တာမဟုတ်ဘူးလား...သူက ပြန်ပေးရဦးမှာလား...အဲ့လိုမှန်းသိရင် သဘောတူညီချက် မလုပ်ပါဘူး...


သို့သော် ယခုအချိန်မှ ငြင်းခုံနေခြင်းသည် ဘာမှမထူးပေ။


ဘာပဲဖြစ်ဖြစ် သူ့မှာ ပေးစရာအမှတ်မှမရှိတာ...ပိုင်ရှင်သည် သူ့ထံမှအမှတ်တွေ ဘယ်လိုလုပ်ရနိုင်မှာလဲ...


စနစ်အားသင်ကြားပြီးသည်နှင့် ရှောင်မန်သည် ပြောင်းလဲမှုများအား သိချင်စိတ်နှင့် လိုက်လံကြည့်ရှုတော့သည်။


စနစ်သည် အဆင့်မြှင့်တင်ခြင်းမပြုမီက လဲလှယ်ခြင်းတစ်ခုသာ လုပ်နိုင်သည်။ ချိုချဥ်နှင့် အမှတ်များလဲလှယ်ခြင်းပင်ဖြစ်သည်။


ယခုမူ စနစ်၏စျေးဟူသည့် ခလုတ်အပိုလေးပါလာလေသည်။ ကျန်းရှောင်မန်သည် "ဝိုး" ဟုအသံပြုလိုက်ပြီး စတင်၍စူးစမ်းတော့သည်။


ကဒ်များ ပစ္စည်းများနှင့်ပြည့်နေသော စင်အတန်းလိုက်သည် ထွက်ပေါ်လာလေသည်။ သို့သော် အားလုံးက ဗီလိန်တစ်ဦးအတွက် အထူးပြုလုပ်ထားခြင်းသာ ဖြစ်လေသည်။


"...."


ကျန်းရှောင်မန် ဖတ်လိုစိတ်ပင်မရှိတော့ချေ။


သူမတို့တွေ နောက်ပိုင်းမှာကောင်းတာတွေပဲလုပ်မယ်လို့ သဘောတူညီချက်ရပြီးသားမဟုတ်လား...ဦးဦးစနစ်က ဘာလို့အမှောင်လမ်းကနေမထွက်ရတာလဲ...


စနစ်လည်း နစ်နာသလိုခံစားလိုက်ရသည်။


"ဝူး...ဝူး...ပိုင်ရှင် ငါ့ကိုမမုန်းပါနဲ့...ငါကဒီအတိုင်းမွေးလာတာလေ...ငါအဲ့အပေါ်မှာ ဘာမှလုပ်လို့မရဘူး...ဝူး.."


"ကောင်းပြီ...ဒါက မကောင်းတဲ့မိသားစုနောက်ခံကြောင့်ပဲ...သမီးက ဦးဦးကိုအထင်မသေးပါဘူး...အဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့....."


စနစ်က သူ့ကိုယ်သူတစ်ခါမှ အထင်မသေးဖူးသော်လည်း ကျန်းရှောင်မန်ထိုသို့ပြောသောအခါ အနည်းငယ်ဝမ်းနည်းလာလေ့ရှိသည်။


လူသားကလေးလေးတွေ...အရမ်းကြောက်စရာကောင်းတာပဲ...


ကျန်းရှောင်မန်က ပစ္စည်းမျာအား ဆက်လက်စစ်ဆေးနေလေသည်။ အချို့ပစ္စည်းများက သော့ခတ်ထားသည်။ သူမ ထိုအရာများကိုကြည့်နိုင်ရန် ဆက်လက်အဆင့်မြှင့်တင်ရမည်ဖြစ်သည်။


ကျန်းရှောင်မန် ကျပန်းပစ္စည်းတစ်ခုအား ထိကြည့်လိုက်သည်။


[ပစ္စည်းစျေးနှုန်း - ၁၀မှတ်


ပစ္စည်းအမည် - အိမ်သာထဲရှိလုပ်ကြံသူ


ပစ္စည်း၏လုပ်ဆောင်ချက် -ဗီလိန်သည် တစ်စုံတစ်ယောက်အား အိမ်သာထဲတွင်.ပိတ်ထားရမည်..အောင်မြင်နိုင်ချေမှာ ၁၀၀ရာခိုင်နှုန်းဖြစ်သည်....


သတိပေးချက် : ဤပစ္စည်းအား အသုံးပြုပြီးပါက အလွယ်တကူ ရှာဖွေတွေ့ရှိသွားနိုင်သည်]


ကျန်းရှောင်မန် နောက်တစ်ခုအားထပ်မံကြည့်ရှုလိုက်သည်။


[ပစ္စည်းစျေးနှုန်း - ၂၀မှတ်


ပစ္စည်းအမည် - မားမားရုန်၏ အပ်စိုက်ကုထုံး


လုပ်ဆောင်ချက် - အမျိုးသမီးဇာတ်လိုက်အား အပ်များဖြင့်ထိုးသကဲ့သို့ ခံစားရစေခြင်း..ပြိုင်ပွဲများ၊ စတိတ်စင်များနှင့် လူစုလူဝေးရှိသည့်အချိန်အခါမျိုးတွင် အမျိုးသမီးဇာတ်လိုက်အား အရှက်ရစေရန် အသုံးပြုသင့်ပါသည်]


"...."


သူမစနစ်အား ထိခိုက်မပြောဆိုလိုပေ။ သို့သော် ထိုပစ္စည်းအားလုံးသည် အသုံးဝင်ခြင်းမရှိချေ။


တစ်ယောက်ယောက်ကို.အိမ်သာထဲမှာ ဘာလို့ပိတ်ထားရမှာလဲ...ပြီးတော့ ကျောင်းကအိမ်သာတွေက အတွင်းကလော့ချတာလေ...သူမကဘယ်လိုလုပ် အပြင်ကနေပိတ်ထားလို့ရမှာတဲ့လဲ..


ပြီးတော့ မားမားရုန်ကို သူမသိပါတယ်...ခုဏကပဲတီဗီမှာ ကြည့်လိုက်ရသေးတယ်..ဒါပေမယ့် သူမအနေနဲ့ ကလေးတစ်ယောက်ကို ဘယ်လိုလုပ် အပ်နဲ့ထိုးရက်မှာလဲ...အရမ်းကြောက်စရာကောင်းတာပဲ..


ကျန်းရှောင်မန် စိတ်ဝင်စားမှုကုန်ဆုံးသွားသည်။ စနစ်က အဆင့်မြှင့်တင်ခြင်းမဟုတ်ပဲ အဆင့်နှိမ့်ချခြင်းလုပ်လိုက်သည်ဟု ခံစားရလေသည်။ သူမ သူ့အားကယ်တင်ရမည်ဖြစ်သည်။


Footnotes


အိမ်သာထဲရှိလုပ်ကြံသူ


https://en.wikipedia.org/wiki/Assassin's_Mace


မားမားရုံ၏ အပ်စိုက်ကုထုံး ဆိုတာက ရုပ်ရှင်ထဲက ဇာတ်ကောင်ကိုပြောထားတာပါ။ ရုပ်ဆိုးပြီး ကြောက်စရာကောင်းတဲ့ မိဖုရားပါတဲ့...


https://en.wikipedia.org/wiki/My_Fair_Princess


xxxxxxxx


Chapter 207


"ဦးဦးစနစ်...ဒါတွေကဘာတွေလဲ.."


စနစ်လည်း အနည်းငယ်ရှက်ရွံ့နေခဲ့သည်။ သူသည်လည်း ယခုမှအဆင့်မြှင့်တင်ဖူးခြင်းဖြစ်သဖြင့် ထိုကဲ့သို့အဖြစ်အပျက်အားမျှော်လင့်မထားချေ။


"ဒါက...ဗီလိန်တစ်ယောက်ကို အထောက်အကူပြုတဲ့ဟာတွေလေ...ပိုင်ရှင်ရဲ့မစ်ရှင်တွေ မြန်မြန်ပြီးအောင် ကူညီပေးလိမ့်မယ်..."


စနစ်က အဆင့်မြှင့်တင်လိုက်သော်လည်း ပုံမှန်ဗီလိန်စနစ်သာလျှင် ဖြစ်နေသေးသည်။ သူ့တွင် မေရီဆူးဇာတ်ကောင်များသာအသုံးပြုနိုင်သည့် ပစ္စည်းများမရှိချေ။


သူ လက်မလျှော့သေးပဲ ရှောင်မန်အားဆွဲဆောင်ရန် ကြိုးစားခဲ့သည်။


"ပိုင်ရှင်....ငါတို့တခြားပစ္စည်းတွေကိုလည်း လျှောက်ကြည့်ရအောင်လေ...မကောင်းဘူးလား.."


သူ ပြောသာပြောနေသော်လည်း အနည်းငယ်ရှက်ရွံနေခဲ့သည်။ 


ကျန်းရှောင်မန်က စိတ်ဝင်စားမှုမရှိတော့ချေ။ သူမ အိပ်ရာပေါ်တွင်လှဲလိုက်ရင်း ပြောလိုက်သည်။


"မကြည့်တော့ဘူး...သမီးရဲ့အိပ်ချိန်နောက်ကျနေပြီ...ကောင်းသောညပါ ဦးဦးစနစ်.."


"ကောင်းသောညပါ...."


စနစ်လေးခင်ဗျာ ဆက်လက်၍ပျော်ရွှင်ခြင်းမရှိတော့ချေ။ သူသည် အဆင့်မြှင့်တင်ခဲ့သော်လည်း ကြီးမြတ်သောဗီလိန်စနစ်ဖြစ်ရန်မူ အဝေးကြီးလိုသေးသည်။ ယခုမှစ၍ ပို၍ကြိုးစားရမည်ဖြစ်သည်။


ကျန်းရှောင်မန်သာ နောက်တနေ့တွင် အိပ်ရာမှထသောအခါ နိုးကြားခြင်းမရှိခဲ့ပေ။


သူမသည် ပုံမှန်အားဖြင့် စောစောအိပ်ကာ စောစောထလေ့ရှိသည်။ မနေ့ညကမူ ကိုယ်ပိုင်သုံးသပ်ချက်အားရေးပြီးသည့်အချိန်တွင် အတော်လေးနောက်ကျနေပြီဖြစ်သည်။ သို့သော် ဦးဦးစနစ်၏ အဆင့်မြှင့်တင်ခြင်းအား စောင့်ဆိုင်းကာ စပ်စပ်စုစုလိုက်ကြည့်ခဲ့သေးသည်။ ထို့ကြောင့် နောက်တစ်နေ့မနက်နိုးလာသည့်အခါ အားအင်ပြည့်ဝနေခြင်းမရှိပေ။


ရှောင်မန် သွားတိုက်ပြီးမျက်နှာသစ်လိုက်ကာ ကျောင်းသို့ထွက်လာခဲ့လေသည်။


လမ်းတွင် သူမကဲ့သို့ ကိုယ်ပိုင်သုံးသပ်ချက်ရေးခဲ့ရသော ယွီချင်းရှီအားတွေ့လေသည်။ သူသည်လည်း အိပ်ရာဝင်နောက်ကျခဲ့ပုံရသည်။


သူမသည် ယွီချင်းရှီ၏ မျက်ဝန်းအောက်မှ အမဲရောင်များကိုကြည့်ကာ အားပျော့စွာဆိုလိုက်သည်။


"ဆရာများနားနေခန်းကိုသွားပြီး ကိုယ်ပိုင်သုံးသပ်ချက်ကိုသွားထပ်ရအောင်.."


"အင်း..."


ယွီချင်းရှီ ခေါင်းငြိမ့်ကာပြန်ဖြေလိုက်ပြီးနောက် ကျန်းရှောင်မန်၏ဆံပင်လေးများထောင်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူ့လက်ကလေးများအားသုံးကာ သူမအားကူညီ၍ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပေးလိုက်သည်။


ကျန်းရှောင်မန် သူ့အားကြည့်ရင်းဆိုလာသည်။


"အရမ်းမဖိနဲ့...ငါဆက်ပြီး အရပ်မရှည်ပဲနေမယ်.."


"အိုး..."


သူမဆံပင်လေးများက ချောမွေ့နူးညံ့နေလေသည်။ သူ ထိုအထိအတွေ့အား မြောင်မြောင်၏အမွှေးများထက်ပို၍ နှစ်သက်လေသည်။


ယွီချင်းရှီ သူ့ဆံပင်စူးစူးကလေးများကို ကိုင်ကြည့်ရင်း လက်လျှော့လိုက်သည်။


သူတို့နှစ်ဦးသား အိမ်စာထပ်ကာ အတန်းသို့ပြန်ခဲ့ကြသည်။


ရှောင်မန်က ပထမအတန်းချိန်တွင် တက်ကြွနေသေးသည်။ ဒုတိယအချိန်တွင်မူ သူမ အိပ်ငိုက်စပြုလာလေသည်။


ကလေးများသည် ဖွံ့ဖြိုးဆဲကာလတွင် ရှိနေသည်ဖြစ်သောကြောင့် အိပ်ချိန်က အလွန်အရေးပါလေသည်။ ရှောင်မန် တဖြည်းဖြည်းမျက်လုံးများပိတ်ကျလာကာ ခေါင်းကလေးသည် ငိုက်ကျလာပြီး စားပွဲခုံနှင့်ထိလုနီးပါးဖြစ်နေလေသည်။


ယွီချင်းရှီ ထိုအရာအားတွေ့လိုက်သောအခါ သူမကို နှိုးလိုက်သည်။


"ဆရာမက နင့်ကိုကြည့်နေတယ်..."


ကျန်းရှောင်မန် ခေါင်းကိုခါလိုက်ရင်း အိပ်ချင်ပြေအောင်လုပ်လိုက်သည်။ သူမ မျက်ရည်မကျပဲငိုချင်နေပြီဖြစ်သည်။


အိပ်ချင်တယ်....အရမ်းအိပ်ချင်တာပဲ...ဝူး.... ဆံပင်ကိုထုတ်တန်းမှာချည်လိုက်ပြီး ပေါင်ကိုအပ်နဲ့ထိုးတဲ့နည်းလမ်းကိုသုံးရတော့မှာလား..


ရုတ်တရက် သူမ အကြံတစ်ခုရသွားလေသည်။


သူမသည် စနစ်၏စျေးအားဖွင့်လိုက်ကာ "မားမားရုန်၏ အပ်စိုက်ကုထုံး" ပစ္စည်းအားရှာလိုက်သည်။


စနစ် : "....."


ပိုင်ရှင်....မင်းကအိပ်ချင်စိတ်ကြောင့် ကယောင်ချောက်ချားဖြစ်ပြီး ဆရာမအပေါ်ဒီနည်းလမ်းကို သုံးချင်နေတာမဟုတ်လား...ဒါဆိုသူမစာမသင်နိုင်တော့ဘူးလေ...


ပိုင်ရှင်...မင်းကတကယ့်ကို ဗီလိန်ဖြစ်ဖို့ထိုက်တန်တယ်...ပုံမှန်အချိန်ဆို တိတ်ဆိတ်နေသလောက် လှုပ်ရှားပြီဆိုတာနဲ့ အကြီးကြီးလှုပ်ရှားတော့တာပဲ....


စနစ်က သူမအား အလံများဝေ့ယမ်းရင်း အားပေးနေလေသည်။


[အသုံးပြုခံပစ်မှတ် : ကျန်းရှောင်မန်]


တကယ်ကြီးလား...


[အတည်ပြုသည်..]


ကျန်းရှောင်မန် သူမ၏တင်ပါးတွင် အပ်ကလေးများအစိုက်ခံရသော နာကြင်မှုကြောင့် ထအော်လိုက်ကာ မတ်တပ်ရပ်လိုက်သည်။


သူမသည် အတော်လေးနာသွားသော်လည်း အပြည့်အဝနိုးသွားပြီဖြစ်ပြီး အိပ်ချင်မနေတော့ချေ။


အတန်းတွင်းရှိကလေးများက သူမအားဝိုင်းကြည့်နေလေသည်။


"တော်တယ်....အားလုံးမြင်ကြလား..."


ဆရာမသည် သူမအားကြည့်ရင်း ဂုဏ်ယူစွာချီးမွမ်းလိုက်သည်။


"ကျောင်းသူ ကျန်းရှောင်မန်က အတန်းစကတည်းကအိပ်ငိုက်နေခဲ့တယ်...ဆရာမက သူမကိုဆူမလို့ပဲ...ဒါပေမယ့် သူမကကိုယ့်အပြစ်ကိုယ်သိတာကြောင့် အရင်ဆုံးမတ်တပ်ရပ်လိုက်တယ်...အရမ်းကောင်းတယ်...."


"တခြားအိပ်ငိုက်နေတဲ့လူရှိရင် မတ်တပ်ရပ်ပြီး ကိုယ့်အပြစ်ကိုယ်ဝန်ခံလိုက်ပါ...ကလေးတို့...."


ဆရာမ၏စကားဆုံးသောအခါ ကလေး၅ယောက် ထပ်မံမတ်တပ်ရပ်လာသည်။


ဝူး...ဝူး....အရမ်းကြောက်စရာကောင်းတာပဲ..


စနစ် : "....."


ပိုင်ရှင်...မင်းကတကယ့်ကို...


အံ့သြစရာကောင်းတယ်.... 


TN : ဆံပင်ကိုထုတ်တန်းမှာချည်ထားတယ်ဆိုတာနဲ့ ပေါင်ကိုအပ်နဲ့ထိုးတယ်ဆိုတာက စာကြိုးစားသင်ယူတာကိုပြောတာပါ..အိပ်မငိုက်အောင်လို့လုပ်တာပါတဲ့..ဒီမှာရှင်းပြထားပါတယ်...


https://chinaconnectu.com/2012/09/01/7229/ 


xxxxxxxx


Chapter 208


မကြာခင်တွင် အမှတ် ၅၀အနှုတ်ခံလိုက်ရကာ သူမ အိပ်ငိုက်ခြင်းမရှိတော့ပဲ ကြည်ကြည်လင်လင်ဖြစ်သွားလေသည်။


အစတွင် သူမသည် စနစ်၏စျေးအား "လွှင့်ပစ်ရန်နှမြောစရာကောင်းသော်လည်း အရသာမရှိသော ကြက်ရင်အုံကြီး" ကဲ့သို့တွေးမိခဲ့သည်။ သို့ရာတွင် စနစ်၏ မိမိကိုယ်ကိုတန်ဖိုးထားမှုအား ထည့်တွက်သည့်အနေဖြင့် သူမ ထုတ်မပြောခဲ့ပေ။ သို့သော် ယခုအခါတွင်မူ စနစ်၏စျေးမှ ပစ္စည်းများသည် အလွန်ပင်ကောင်းမွန်ပြီး အသုံးဝင်သည်ဟု ခံစားလာရလေသည်။


ဒီလို အသုံးဝင်တဲ့စနစ်မျိုးကတည်ရှိနေတာပဲ...


ကျန်းရှောင်မန် ကျေးဇူးတင်စွာပြောလိုက်သည်။


"ကျေးဇူးပါ..ဦးဦးစနစ်...အနာဂတ်မှာ သမီးအလုပ်ကောင်းကောင်းလုပ်ရင်းနဲ့ အမှတ်များများရှာပြီး ဦးဦးကို အဆင့်မြှင့်တင်ပေးမယ်နော်....."


တကယ်လို့ သူမမှတ်မိတာမမှားဘူးဆိုရင် ခုထိမပွင့်သေးတဲ့ပစ္စည်းတွေ အများကြီးရှိသေးတယ်မဟုတ်လား...


"ကောင်းပြီလေ...."


သူ၏ပိုင်ရှင်က ကိစ္စတော်တော်များများအား နားလည်ရန်အချိန်ယူလေ့ရှိသည်။ သူ လည်း ထိုအရာနှင့်အသားကျနေပြီဖြစ်သည်။


ကျန်းရှောင်မန်သည် အားလပ်ချိန်သို့ရောက်သောအခါ စနစ်၏စျေးထဲသို့ဝင်ကြည့်ကာ ပစ္စည်းများအားစစ်ဆေးတော့သည်။


"အိမ်သာထဲရှိ လုပ်ကြံသူ" ကဒ်၊ "မားမားရုန်၏ အပ်စိုက်ကုထုံး" ကဒ် များပြီးနောက် သူမအသုံးပြုနိုင်သည်မှာ သုံးကဒ်သာကျန်သည်။


၎င်းတို့မှာ "အကြွင်းမဲ့ချော်လဲစေသောကဒ်"၊ "သေလုနီးပါးအဖျားရောဂါ"ကဒ်နှင့် "ပန်းပွင့်ကြွေ"ကဒ် များဖြစ်ကြသည်။


စနစ်၏ရှင်းပြချက်အရ သက်ရောက်မှုပြင်းထန်သောကဒ်များသည် အမှတ်များများကုန်ကျလေသည်။


"ပန်းပွင့်ကြွေ"ကဒ်သည် အမျိုးသမီးဇာတ်လိုက်၏ ပန်းပင်များအားဖျက်ဆီးရန်ဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်သည် အပင်စိုက်ခြင်းနှင့် အကောင်ငယ်လေးများမွေးမြူခြင်းအား ဝါသနာထုံလေသည်။ ထို့ကြောင့် သူမ၏ကြိုးစားမှုများအား ဖျက်ဆီးရန်မှာ ဗီလိန်၏တာဝန်ဖြစ်လေသည်။


ထိုကဒ်က ပြောပလောက်အောင်အသုံးမဝင်သည့်အလျှောက် ငါးမှတ်သာကုန်ကျလေသည်။


ကျန်းရှောင်မန်သည် စနစ်၏စျေးအတွင်းမှ ပစ္စည်းများက ထိုမျှမှော်ဆန်မည်ဟု မယုံကြည်ပေ။ ထို့ကြောင့် သူမ စမ်းသပ်ကြည့်ရန် ကြိုးစားလိုက်သည်။


[ပစ်မှတ် : ဆူးဘောလုံးပင်]


[အတည်ပြုသည်...]


သူမသည် ဝရန်တာရှိရှားစောင်ပင်အား သွားရောက်ကြည့်ရှုလိုက်သည်။ လက်ဖြင့်ပုတ်ကြည့်လိုက်သည်။ သို့သော် ထူးခြားမှုမရှိသလို သေဆုံးသွားခြင်းလည်းမရှိပေ။ 


နောက်တစ်နေ့တွင် သူမသည် ဆူးဘောလုံးပင်အား မတော်တဆ ရေအမြောက်အများလောင်းမိသွားလေသည်။ သို့ရာတွင် သူမမည်ကဲ့သို့ရေလောင်းပါစေ ၎င်းသည် ပြန်၍ရှင်မလာတော့ချေ။


ဆူးဘောလုံးပင်က သေဆုံးသွားပြီဖြစ်သည်။ ပန်းအိုးသည် ရေကြောင့်စောင်းသွားကာ ဘောလုံးပင်အခြောက်သည် သူမခြေထောက်နားသို့လိမ့်လာလေသည်။


ဝူး....ဝူး....ဆူးဘောလုံးပင်ကောင်းလေးရေ....ဘာလို့သေသွားတာလဲ...


ရှောင်မန်က ထိုကဒ်အား ဦးလေးဖြစ်သူလက်ဆောင်ပေးခဲ့သည့်အပင်အပေါ် စမ်းသပ်ခဲ့မိသည်ကို နောင်တရသွားလေသည်။


သူမ ဆူးဘောလုံးအားပိုက်ကာ ငိုကြွေးတော့သည်။ ထို့နောက် ကျန်နှစ်ကဒ်ကိုကြည့်လိုက်သည်။


[ပစ္စည်းစျေးနှုန်း : ၂၀မှတ်....


ပစ္စည်းအမည် : အကြွင်းမဲ့ ချော်လဲစေခြင်းကဒ်...]


[လုပ်ဆောင်ချက် : ပစ်မှတ်၏ လဲကျနိုင်ချေမှာရာနှုန်းပြည့်ဖြစ်သည်....


မှတ်ချက် : အကယ်၍ ဤကဒ်အား အမျိုးသားဇာတ်ဆောင်၏ရှေ့တွင် အသုံးပြုခဲ့ပါက ပစ်မှတ်သည် သူ၏လက်မောင်းများနှင့် ထိန်းကိုင်ပေးခြင်းခံရလိမ့်မည်..


ပစ္စည်းစျေးနှုန်း : ၅၀မှတ်]


[ပစ္စည်းအမည်: သေလုနီးပါးအဖျားရောဂါကဒ်....


လုပ်ဆောင်ချက် : ပစ်မှတ်တွင် သေလုနီးပါး အဖျားရောဂါခံစားနေရသူ၏ လက္ခဏာများပြသလိမ့်မည်


မှတ်ချက် : သေဆုံးနိုင်ချေမရှိပါ]


အရမ်း ကြောက်စရာကောင်းတာပဲ...


 "သေလုနီးပါးအဖျားရောဂါ" ကဒ်သည် ဖျားဟန်ဆောင်ကာ ခွင့်တိုင်လိုလျှင်  အသုံးဝင်နိုင်လေသည်။သို့သော် သူမသည် ဆူးဘောလုံးပင်ကဲ့သို့ဖြစ်မည်ကိုကြောက်သဖြင့် မစမ်းသပ်ရဲချေ။


အကောင်းဆုံးကဒ်သည် "မားမားရုန်၏အပ်စိုက်ကုထုံး"ပင်ဖြစ်သည်။ သို့သော် ထိုကဒ်အား ဒီအတိုင်းမဖြုန်းတီးသင့်ပေ။ အနာဂတ်တွင် စနစ်အား အဆင့်မြှင့်တင်ရဦးမှာဖြစ်သည်။ သူမသည် အမှတ်များများစုဆောင်းရမည်။


ကျန်းရှောင်မန် ခက်ခဲသောအချိန်များကို ဖြတ်သန်းခဲ့ရသည့် ဘွားဘွားအား တွေးမိသွားသည်။ ဘွားဘွားက လက်ထဲတွင် အစားအစာရှိမှသာ စိတ်အေးလက်အေးနေနိုင်လေသည်။ သူမသည်လည်း အမှတ်များရှိမှသာ စိတ်အေးလက်အေးနေနိုင်မည်ဖြစ်သည်။ 


အမှတ်များများရနိုင်မယ့်နည်းကို စဥ်းစားကြည့်ရအောင်....


အခြေခံကျောင်းများ၏ သင်္ချာပြိုင်ပွဲအား သူမဝင်ပြိုင်ခဲ့သည်။ သူမသည် ပထမဆုအားဆွတ်ခူးပြီးသည့်နောက် အမှတ် ၁၀၀၀အား ရရှိခဲ့လေသည်။ သူမသည် ထိုနေ့အားအမှတ်ရမိလေသည်။


ယခုမူ ထိုကဲ့သို့အခွင့်အလမ်းမျိုးမရှိတော့ချေ။


ရှောင်မန်က အခြေခံကျောင်းသူမဟုတ်တော့သည့်အလျှောက် သူမ၏အတန်းဖော်များသည်လည်း ရင့်ကျက်မှုနည်းသောကလေးများ မဟုတ်တော့ချေ။ သူတို့၏ စိတ်ခံစားမှုများသည် တည်ငြိမ်နေကာ မနာလိုဖြစ်စေရန် အတော်လေးခက်ခဲနေပြီဖြစ်သည်။


ဒါကတော့ လူတွေကြားကနဂါးနဲ့ဇာမဏီတွေရဲ့ အခက်အခဲပဲလေ...အရမ်းတော်နေတော့ တခြားလူတွေက ယှဥ်ပြိုင်လိုစိတ်တောင်မရှိတော့ဘူးပေါ့....


ကျန်းရှောင်မန် ထိုသို့တွေးလိုက်ပြီးနောက် သူမ၏အိမ်စာများအား ပျော်ရွှင်စွာစတင်ရေးတော့သည်။ 


သူမက ကိုယ်ပိုင်တိုးတက်မှုကိုသာ အာရုံစိုက်ရန်လိုအပ်လေသည်။ ထိုအခါမှသာ အခြားလူများအားမနာလိုစေဖြစ်ကာ စနစ်ထံမှ အမှတ်များများရနိုင်မည်ဖြစ်သည်။


စနစ် : "...."


ပိုင်ရှင် မင်းကအရမ်းအံ့သြဖို့ကောင်းတာပဲ...


ကျန်းရှောင်မန်သည် အိမ်စာလုပ်ပြီးသောအခါ ဆူးဘောလုံးပင်အကြောင်းအားတွေးရင်း ဝမ်းနည်းသွားလေသည်။ သူမသည် အပြစ်မကင်းသလို ခံစားခဲ့ရသည်။


ထိုအပင်အား သူလာရာနေရာသို့ ပြန်ပို့ပေးရမည်။

xxxxxxx


Chapter 209


သူမ ပစ္စည်းကိရိယာများထည့်ထားသောပုံးအား အတန်ကြာလှန်လှောရှာဖွေလိုက်ပြီးနောက် ပေါက်ပြားအားတွေ့ခဲ့သည်။ ထို့နောက် အပင်အားမြှုပ်နှံရန်သင့်တော်သော နေရာအားရှာဖွေလိုက်သည်။


သိုက်ယွီ၏ပန်းကလေးအား မြှုပ်နှံခြင်းဟူသည့် ပုံပြင်အား အရင်ကကြားဖူးခဲ့သည်။ သူမတွင်လည်း ပုံပြင်ကောင်းတစ်ပုဒ်ရနိုင်လေသည်။ သူမ ဤအပင်မြှုပ်နှံခြင်းဖြစ်စဥ်အား ဘာသာစကားဆရာမကို စာတမ်းရေးပြလျှင် ဆရာမက သူမအားချီးကျူးနိုင်သည်။


ကျန်းရှောင်မန် ထိုသို့တွေးပြီးနောက် ပို၍တက်ကြွစွာ အလုပ်စလုပ်တော့သည်။ အပင်သည် လက်သီးဆုပ်အရွယ်သာရှိသောကြောင့် သူမသည် ကြာကြာမတူးလိုက်ရချေ။


ထို့အပြင် ရှောင်မန်က ငယ်စဥ်ကတည်းကပင် သူမ၏ရတနာများအား တွင်းတူးကာမြှုပ်လေ့ရှိသဖြင့် ကျင်းငယ်တစ်ခုအား မြန်ဆန်စွာ တူးပြီးသွားလေသည်။ သို့သော် အပင်အားမြှုပ်ရန်ပြင်ချိန်တွင် အပင်သည်မရှိတော့ချေ။


ကျန်းရှောင်မန်သည် အော်ခေါ်လိုက်သည်။


"ဘောလုံးရေ....ဘောလုံး..."


သူမ အော်ခေါ်ပြီးနောက် ဘောလုံးမှာစကားမပြောနိုင်သည်ကို အမှတ်ရသွားလေသည်။ ထိုအစား မွှေးတုံလေး၏ အွင့်အွင့် အသံသည်သာ ထွက်ပေါ်လာလေသည်။


ကျန်းဟွေ့မိန်သည်လည်း မွှေးတုံလေးအား ချစ်ခင်နေပြီဖြစ်သည်။ သူ့အားစား၍မရသော်လည်း ဖက်ထားရသည်မှာ အလွန်နွေးလေသည်။ ထို့အပြင် ကျန်းရှောင်မန်ကဲ့သို့ ဉာဏ်များတတ်သေးသည်။ သူမနှင့်ယှဥ်ပါက ဝက်ကလေးသည် ပို၍နာခံမှုရှိသဖြင့် ကျန်းဟွေ့မိန်က သူ့အားပိုပိုချစ်လာလေသည်။


မွှေးတုံလေး၏အော်သံ ကြားလိုက်ရသောကျန်းဟွေ့မိန်သည် အိမ်ထဲမှ ထွက်လာလေသည်။ မွှေးတုံလေး၏ပါးစပ်မှာ ဆူးများပြည့်နေပြီး သနားစရာကောင်းအောင်မြည်တမ်းနေလေသည်။


"ကျန်းရှောင်မန်....မွှေးတုံလေးကိုဘာလို့ ဒီလိုဟာမျိုးကျွေးရတာလဲ...."


ဝူး...ဝူး...မွှေးတုံလေးက သူ့ဟာသူခိုးစားသွားတာလေ...သူမကျွေးတာမှမဟုတ်တာကို...ဝူး..


ကျန်းရှင်းက သူမအား ဆူးဘောလုံးပင်တစ်ပင်အစားပြန်ပေးခဲ့သည်။ သူသည် ထိုအပင်အား သဲကန္တာရမှယူလာခြင်းဖြစ်သည်။ ယခင်အပင်ဟောင်းက အတုဖြစ်သောကြောင့် သေဆုံးခြင်းဖြစ်နိုင်သည့်အတွက် သူမအပြစ်မဟုတ်ဟူ၍ နှစ်သိမ့်ခဲ့လေသည်။


ကျန်းရှောင်မန်က ကျန်းရှင်းအား ထိုသည်မှာ အပင်၏အပြစ်မဟုတ်ပဲ သူမ၏အပြစ်သာဖြစ်ကြောင်း ပြောလိုခဲ့သည်။


"ပန်းပွင့်ကြွေ"ကဒ်သည် ထိုမျှအင်အားကြီးမှန်းသိခဲ့ပါက သူမသည် ဆူးဘောလုံးပင်အစား ကျောင်းရှိသရက်ပင်အပေါ် သာ သုံးမှာဖြစ်သည်။ ထိုသရက်ပင်လဲသောအခါ သရက်သီးများစားရနိုင်သည်။ အရင်တခါ သရက်ပင်ကြီးလဲစဥ်က ကျောင်းရှိကလေးအားလုံးသည် သရက်သီးတစ်လုံးစီရခဲ့သည်။


အဆိုပါသရက်သီးများသည် ချဥ်ပြီးအရသာသိပ်မကောင်းလှသော်လည်း သူမသည် စားချင်စိတ်ရှိဆဲပင်ဖြစ်သည်။


ထိုကဲသို့လဲမကျခင်က ကလေးတစ်ဦးသည် သရက်ပင်နားသို့ချဥ်းကပ်ကာ တွယ်တက်ရန်ကြံဖူးသည်။ သူသည် ဆရာမများ၏ အဆူခံခဲ့ရလေသည်။ 


ရှောင်မန် ကျောင်းသို့ရောက်သောအခါ ပျော်ရွှင်သွားလေသည်။


အဘယ့်ကြောင့်ဆိုသော် အချိန်ဇယား၏ ညနေပိုင်းတွင် ကာယအတန်းပါသောကြောင့်ဖြစ်သည်။


သူမက သန်မာသောကြောင့် ပြေးလွှားရခြင်းနှင့် အရာဝတ္ထုများအားရိုက်နှက်ရခြင်းကိုသဘောကျလေသည်။ ထို့အပြင် အားလပ်ချိန်တွင် ကစားနိုင်သေးသည်။


ရှောင်မန်၏ နှုတ်ခမ်းများ အပေါ်သို့ကွေးသွားသည်။ သူမ ပျော်ရွှင်ခြင်းအားမဖုံးဖိနိုင်ချေ။


သို့သော် မကြာမီတစ်စုံတစ်ယောက်က သူမ၏ပျော်ရွှင်မှုအား ဖျက်ဆီးလိုက်လေသည်။


ယွီချင်းရှီ၏အမူအရာအား ကျန်းရှောင်မန်ဖတ်နိုင်သကဲ့သို့ပင် ကျန်းရှောင်မန်ပြုံးနေသောအခါ ယွီချင်းရှီသည် သူမ၏အတွေးအားတန်းသိလေသည်။


"အိမ်မက်တွေမက်မနေနဲ့...ကာယအတန်းမရှိဘူး.."


"ဟမ်..ဘာလို့လဲ.."


"အင်္ဂလိပ်ဆရာမ ဝင်မှာတဲ့..."


ကျန်းရှောင်မန်၏အပြုံး အေးခဲသွားသည်။ သူမ ပြန်လည်ချေပလိုသော်လည်း ထိုအရာသည် အမှန်ဖြစ်နိုင်ချေရှိလေသည်။


အခြေခံကျောင်းသားဘဝမှ သုံးတန်းသို့ရောက်လာသည့်အခါ သူမတို့တွင်သင်ယူစရာများ များပြားလာလေသည်။ ထို့ကြောင့် ကာယချိန်သည် မကြာခဏလုယူခံရလေ့ရှိသည်။ တစ်ခါတစ်ရံ ဘာသာစကားဆရာမဝင်သည်။ ထို့နောက် သင်္ချာဆရာမ အစားဝင်သည်။


ကာယချိန်သည် တစ်ပါတ်တွင်နှစ်ချိန်ရှိရာ ပထမတစ်ချိန်သည် လုယူခံရပြီးဖြစ်သည်။


အခုရော ထပ်ပြီးလုခံရဦးမှာလား...


"မဟုတ်ဘူး...အဲ့တာက ကာယချိန်ပဲဖြစ်မှာ..."


ယွီချင်းရှီ သူမနှင့်ငြင်းခုံမနေတော့ချေ။


သို့သော် ယွီချင်းရှီပြောသည်မှာ မှန်သွားခဲ့သည်။ ကာယချိန်သို့ရောက်သောအခါ ကာယဆရာမသည် မလာခဲ့ချေ။ ထိုအစား အင်္ဂလိပ်ဆရာမသာရောက်လာခဲ့သည်။


ဝူး..ဝူး...သူမကစားချင်တယ်...ကစားကွင်းကအရမ်းပျော်ဖို့ကောင်းတာ...ငှက်တွေလည်းရှိတယ်..သစ်ပင်တွေလည်းရှိတယ်....


ကျန်းရှောင်မန် လေ့ကျင့်ခန်းသိပ်မလုပ်ဖြစ်ပေ။ ထို့အပြင် သူမသည် ကာယချိန်အား စာသင်ခြင်းမှအနားယူသောအချိန်အဖြစ် သတ်မှတ်ထားလေသည်။


ခဏတာ တုန့်ဆိုင်းပြီးနောက် စနစ်၏စျေးကိုဖွင့်ကာ "သေလုနီးပါးဖျားနာခြင်း"ကဒ်အားထုတ်လိုက်သည်။


စနစ် သက်ပြင်းချလိုက်သည်။ ပိုင်ရှင်သည် စာသင်ရသည်အားငြီးငွေ့လာသဖြင့် ဖျားနာဟန်ဆောင်ကာ အပြင်သို့သွား၍ကစားရန်ကြံစည်နေသည်။ 


[ပစ်မှတ် - အင်္ဂလိပ်ဆရာမ


အတည်ပြုသည်...]


နေပါဦး...နေပါဦး...နေကြပါဦး...


ပိုင်ရှင်...ဘာတွေလုပ်နေတာလဲ...ပိုင်ရှင်..


Footnotes : ရှောင်မန်ဖတ်ဖူးတဲ့ပုံပြင်ပါ။ 


https://en.wikipedia.org/wiki/Lin_Daiyu


xxxxxxxxx


Chapter 210


အင်္ဂလိပ်ဆရာမက စတိတ်စင်ပေါ်ရှိကျောက်သင်ပုန်းပေါ်တွင် စာရေးနေသည်။ ထို့နောက် သူမ ကလေးများအား စာချပေးရန်ပြင်ဆင်လိုက်ချိန်တွင် ဝမ်းဗိုက်အောက်ပိုင်းမှ စတင်၍နာကျင်လာလေသည်။


ပြင်းထန်စွာနှလုံးခုန်မြန်လာမှုသည် သူမအား သတိလက်လွတ်ပင်ဖြစ်စေလေသည်။


သူမ လက်တစ်ဖက်ဖြင့်စားပွဲစွန်းကိုအားပြုကာ အခြားလက်အားသုံး၍ ဝမ်းဗိုက်ကိုဖိထားရလေသည်။ သူမ၏မျက်နှာက ဖြူလျော်လာခဲ့သည်။


စတိတ်စင်အောက်ရှိကလေးများက သူမအားစိုးရိမ်စွာကြည့်ရှုနေကြသည်။ ကျန်းရှောင်မန်သည်လည်း အတူတူပင်ဖြစ်သည်။


ဆရာမအဆင်ပြေသွားမှာပါ...ဟုတ်တယ်မလား...


စနစ်၏အကြံပြုချက်အရ ထိုကဒ်သည် အမျိုးသမီးဇာတ်လိုက်အား မကောင်းကြံရာတွင်သုံးရမည်ဖြစ်သည်။ ရှောင်မန်သည် ဆရာမအပေါ် အသုံးပြုဝံ့ခြင်းမှာ သေဆုံးနိုင်ချေလုံးဝမရှိဟူသော မှတ်ချက်ကြောင့်ဖြစ်သည်။


ဒါပေမဲ့...သူမကိုကြည့်ရတာအရမ်းနာနေတဲ့ပုံပဲ...ပြီးတော့ မျက်နှာအရောင်လည်း ပိုဖျော့လာတယ်လေ...


ရှောင်မန် မျက်ရည်များဝဲလာကာ မတ်တပ်ရပ်လိုက်သည်။


"ဆရာမ...သမီးက အင်္ဂလိပ်ချိန်အစား ကာယချိန်ကိုပိုမကြိုက်သင့်ပါဘူး...သမီးကအရမ်းဆိုးတာပါ...ကျောင်းသူကောင်းတစ်ယောက် မဖြစ်ခဲ့ပါဘူး...ဆရာမ...စာဆက်သင်ပါ..သမီးသေချာနားထောင်ပါ့မယ်....."


အတန်းသားများက ထိတ်လန့်သွားကြသည်။ ကျန်းရှောင်မန်သည် သနားစရာကောင်းအောင်ငိုနေကာ ဆရာမ၏ အမူအရာမှာလည်း ထူးဆန်းနေလေသည်။ သူတို့သည် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သတိပြုမိသွားကြသည်။ သတ္တိရှိသော ကလေးအချို့သည် မတ်တပ်ရပ်ကာ ထပြောကြလေသည်။


"ဆရာမ...သားလည်းကာယချိန်ကို ပိုကြိုက်ခဲ့မိပါတယ်...သားလည်းကျောင်းသားကောင်းမဖြစ်ခဲ့ပါဘူး... စိတ်ဆိုးတာက ကျန်းမာရေးအတွက်မကောင်းပါဘူး...ဆရာမ စာဆက်သင်ပေးပါ..ဝူး...."


"သမီးရောပဲ...သမီးလည်း ကာယချိန်ကိုပိုကြိုက်မိပါတယ်...ဒါပေမယ့် သမီးက အင်္ဂလိပ်ဆရာမကိုလည်း ဝမ်းမနည်းစေချင်ပါဘူး...ဆရာမ...စာဆက်သင်ပေးပါ...ဝူး...ဝူး..."


ကလေးများ ပြိုင်တူငိုနေကြသည်။ ထို့အတူ ဆရာမလည်း ငိုချင်နေလေသည်။


လွန်ခဲ့သည့် သုံးလလောက်မှစ၍မလာတေ့သဖြင့် တစ်စုံတစ်ခုဖြစ်မည်အားစိုးရိမ်ကာ ဆေးခန်းပင်ပြနေရသော အန်တီကြီးသည် ယခုလာနေပြီဖြစ်သည်။ သူမသည် ထိုနာကျင်မှုအား ခံစားနေရခြင်းဖြစ်သည်။


ထိုဝမ်းဗိုက်အောက်ပိုင်းမှ နာကျင်မှုသည် သေချာပေါက်အန်တီကြီးလာခြင်းသာ ဖြစ်လေသည်။


သူမ စာတကယ်မသင်ချင်တော့ဘူး...


ဆရာမက အားတင်းပြုံးကာ ပြောလိုက်သည်။


"ဆရာမ ဒီနေ့ဒီအတိုင်းအတန်းလွှတ်လိုက်မယ်နော်...ကလေးတို့ ကာယဆရာမကိုသွားခေါ်ကြနော်..."


"သားတို့ ကာယချိန်မလိုချင်တော့ပါဘူး...ဆရာမ စာဆက်သင်ပေးပါ..ဝူး.."


"သမီးတို့ ထပ်ပြီးမဆိုးတော့ပါဘူး....ဝူး.."


ဆရာမမျက်နှာက ဒီလောက်ပျက်ယွင်းနေတာလေ...သူမအရမ်းစိတ်ဆိုးနေလို့မဟုတ်လား..သူတို့တွေပိုပြီး လိမ္မာပြရမယ်...


ဆရာမက ငိုချင်သော်လည်းမျက်ရည်မကျပဲဖြစ်နေသည်။


[တင်းတောင်...အင်္ဂလိပ်ဆရာမထံမှ မကျေနပ်မှုအချို့ လက်ခံရရှိပါသည်


 အမှတ် : +၁၀မှတ်]


[တင်းတောင်...အင်္ဂလိပ်ဆရာမထံမှ မကျေနပ်မှုအချို့ လက်ခံရရှိပါသည်...


အမှတ် :+၁၀မှတ်]


[တင်းတောင်...အင်္ဂလိပ်ဆရာမထံမှ မကျေနပ်မှုအချို့ လက်ခံရရှိပါသည်...

 အမှတ် :+၁၀မှတ်]


ကျန်းရှောင်မန်က အမှတ်များလက်ခံရရှိသော်လည်း စိတ်မဝင်စားချေ။


အင်္ဂလိပ်ဆရာမ အလွန်ဝမ်းနည်းနေခြင်းဖြစ်ရမည်ဟုယူဆကာ သူမ ဆက်လက်၍ ကျယ်ကျယ်ပြောတော့သည်။ 


"ဆရာမ....သမီးထပ်ပြီးမဆိုးတော့ပါဘူး စာဆက်ပြီးသင်ပေးပါနော်...နောက်ထပ်အတန်းတွေပိုယူရင်တောင် အဆင်ပြေပါတယ်...အတန်းပိုယူရုံတင် မဟုတ်ဘူး...အတန်းချိန်ကိုပါ ပိုတိုးလိုက်ပါ ဆရာမ...ဒီနေ့တင် မဟုတ်ဖူး...မနက်ဖြန်လည်း အင်္ဂလိပ်စာသင်ပေးပါ...နေ့တိုင်း အင်္ဂလိပ်စာသင်ပေးပါ...


[တင်းတောင်...ကျန်းရှင်းဟွားထံမှ မကျေနပ်မှုအချို့ လက်ခံရရှိပါသည်....


အမှတ် :+၁၀မှတ်]


[တင်းတောင်...ယီကျားကျားထံမှ မကျေနပ်မှုအချို့ လက်ခံရရှိပါသည်...


အမှတ် : +၁၀မှတ်]


[တင်းတောင်...ယွီချင်းရှီထံမှ မကျေနပ်မှုအချို့ လက်ခံရရှိပါသည်....


 အမှတ် : +၁၀မှတ်]


ကျန်းရှောင်မန် ပါးစပ်ပိတ်သွားသည်။


အိုး..ကြည့်ရတာ..အားလုံးကသူမနဲ့အတွေးတူနေတာမဟုတ်ဘူးပဲ...


သူမ ယွီချင်းရှီအားကြည့်လိုက်သည်။ သူသည် တစ်တန်းလုံးမတ်တပ်ရပ်နေသောကြောင့်လိုက်ရပ်နေခြင်းသာဖြစ်သည်။ ဆရာမအားစာဆက်လက်သင်ရန် တစ်ခွန်းမှမပြောချေ။


ဆရာမက သူမ၏ခေါင်းပေါက်ကွဲတော့မလိုခံစားလိုက်ရသည်။


သူမအတန်းချိန်အစားဝင်မယ်ပြောတုန်းက အကုန်လုံးနီးပါး စိတ်ညစ်သွားကြတာပါ...ဘာလို့ရုတ်တရက်ကြီးတက်ကြွသွားကြတာလဲ...


ဒါပေမယ့် အခုသူမတကယ့်ကို စာမသင်ချင်တော့ဘူးလေ...


နောက်ဆုံးတွင် ကာယဆရာရောက်လာကာ အင်္ဂလိပ်ဆရာမအား.အကျပ်အတည်းမှ ကယ်တင်သွားလေသည်။


ကလေးများသည် ဆရာမထွက်သွားသည်အထိ ငိုနေခဲ့ကြပြီးနောက် ကာယဆရာနောက်သို့ ပျော်ရွှင်စွာလိုက်သွားကြတော့သည်။


ရှောင်မန်က ဆရာမအားထိခိုက်မိစေခဲ့ခြင်းအပေါ် ဝမ်းနည်းနေလေသည်။ သူမထိုကဲ့သို့ မလုပ်ခဲ့သင့်ပေ။


"ပိုင်ရှင်...မင်းရဲ့ဆရာမက တရုတ်ရိုးရာဆေးတွေ သုံးနေတာကြာပြီ....သူမရောဂါကမသက်သာခဲ့ဘူး...ခုမင်းကြောင့် ပြန်ကောင်းသွားပြီလေ....စိတ်မကောင်းမဖြစ်ပါနဲ့...."


အကယ်၍ ကျန်းရှောင်မန်သာ အသုံးမပြုခဲ့ပါက စနစ်အနေဖြင့် သူ့ပစ္စည်းများသည် ဤကဲ့သို့မှော်ဆန်ကြောင်း မသိနိုင်ပေ။


"ဘာကိုပြောတာလဲ...ဦးဦးစနစ်...."


"နောက်ကျရင်နားလည်လိမ့်မယ်..."


"ဘယ်တော့လဲဟင်....."


"ဇီဝဗေဒ အတန်းပြီးရင်...."


အိုး...ကောင်းပြီလေ..


ကျန်းရှောင်မန် စနစ်၏နှစ်သိမ့်မှုအားကြားပြီးနောက် စိတ်အခြေအနေပြန်ကောင်းလာသည်။ ဦးဦးစနစ်သည် စိတ်ကောင်းရှိသောစနစ်ဖြစ်လာပေသည်။ သူက ဗီလိန်စနစ်မဟုတ်တော့ချေ။


သူမ သူ့လမ်းကြောင်းအား တည့်မတ်ပေးလိုက်ပြီ ဖြစ်သည်။


Footnotes


အန်တီကြီးလာတာက ရာသီလာတာပါ..ကြည့်ရတာ ဆရာမက ရာသီမလာလို့ ရိုးရာဆေးသောက်နေရတဲ့ပုံပါပဲ...

xxxxxxx