အပိုင်း ၂၂၁-၂၂၅
Viewers 14k

Chapter 221


" ပိုင်ရှင် အနားယူဖို့အချိန်ရောက်နေပြီလေ....  လိမ္မာတဲ့ကလေးမလုပ်တော့ဘဲ အဆိုးဝါးဆုံး ဗီလိန် တစ်ယောက် ဖြစ်အောင်လုပ်မယ်လို့ ကြုံးဝါးထားတာနော်...."


ရှောင်မန် ကတိုးတိုးလေးရေရွတ်လိုက်သည် ။

" ဟုတ််တယ် အဆိုးဝါးဆုံး နဲ့ ကြောက်စရာအကောင်းဆုံး ဗီလိန်တစ်ယောက်ဖြစ်လာမှာ...."


စနစ် "........"


အဲ့တာဆို အခုဘာတွေလုပ်နေတာလဲ....


အခုလုပ်နေတာတွေက သူမလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်တုန်းက အပြုအမူနဲ့ ဘယ်နေရာကများကွာခြားနေလို့လဲ.....


ရှောင်မန် ကလေးလေးနက်နက်ပြန်ပြောလိုက်သည်။


" ဒါပေမဲ့ သမီးက အခုမှ မူလတန်း ဘဲရှိသေးတယ် လေ .... သမီးဖေဖေက ကောလိပ်အထိရောက်ခဲ့တာ သမီးကောလိပ်ထိမရောက်ရင် ဘယ်လိုလုပ်သူ့ထက်သာမှာလဲ သမီးပိုပြီး ကြောက်စရာကောင်းတဲ့ ဗီလိန် ဖြစ်လာဖို့ ဒါကအဓိကလိုအပ်ချက်ဘဲ....."


စနစ် "......."


သူမပြောတာမှန်တယ်ထင်ပေမဲ့ ဘာလို့တစ်ခုခုလွဲနေသလိုခံစားနေရတာပါလိမ့်....


ကျန်းရှောင်မန် ကထပ်ပြောလိုက်သည် ။


" သမီးက ပိုကြိုးစားပြီး သူများတွေထက်သာအောင်ကြိုးစားရမယ် အဲ့ဒါမှ ဗီလိန် တွေထဲမှာလည်းအတော်ဆုံးဖြစ်မှာ ...."


" ဒီနေ့က စပြီး ပိုကြိုးစားရမယ်...."


ကျန်းရှောင်မန် အကြောဆန့်လိုက်သည် ။ သူမနောက်ဆုံးတော့အိမ်စာတွေပြီးကာ အိပ်လို့ရပြီဖြစ်သည် ။


" သမီးက ဖေဖေ့ထက် ပိုကောင်းတဲ့ တက္ကသိုလ်မှာ တက်ရမယ်... ဒါမှသူက သမီးကိုအနိုင်ကျင့်လို့မရမှာ သမီးကတောင် သူ့ကိုပြန်ပြီး အနိုင်ကျင့်နေနိုင်ဦးမှာ ....."


" ပိုင်... ပိုင်ရှင်...."


စနစ်က ပထမ ပြောမည့်စကားများကိုပြန်မြိုချကာ ပြောလိုက်သည် ။


" ပြောတာကမမှားပါဘူး ...."


သူမတကယ် အနိုင်ကျင့်နိုင်ဖို့ဘဲမျှော်လင့်မိသည် ။


ကျန်းရှင်းက အိမ်မှာရက်အနည်းငယ်နားနေခဲ့ပြီး သူအားသည့်အချိန်တွင် ရှောင်မန် အားကျောင်းကြိုပို့လုပ်ပေးသည် ။


ကျန်းရှင်းက ရှောင်မန် ကိုအကြောင်းပြကာ နားရက်ယူပြီးနှပ်နေခဲ့သည် ။


ကျန်းရှောင်မန်က သူမဦးလေး ကိုကစားကွင်းတစ်ခုကိုလှူပြီး နေ့တိုင်းသွားပြန်ဆော့နေသည့်လူနှင့်တူသည်ဟုခံစားလိုက်ရသည် ။


မည်သို့ပင်ဆိုစေ သူမကိုကျောင်းကြိုပို့လုပ်ပေးနေသည်အားပျော်သည်။


သူမကို စိတ်ညစ်နေစေသည့် တစ်ခုတည်းသောအကြောင်းအရာမှာ အမှတ်တွေအားလုံးကို အသုံးပြုလိုက်သောကြောင့် တစ်မှတ်မှ မကျန်တော့ခြင်းပင် ဖြစ်သည် ။


သူမဦးလေးကို ကူညီဖို့ အတွက် အမှတ်အများကြီးကိုတစ်ခါတည်း အသုံးပြုလိုက်ရသည် ။


အခုတော့ သူမတွင် မားမားရုံရဲ့ အပ်စိုက်ကုထုံးကို လဲလှယ်ဖို့အမှတ်တွေမရှိတော့ပေ ။


သူမနှလုံးသားလေးလစ်ဟာနေသလိုခံစားရသည် ။


ဘွားဘွား ပြောတာမှန်သည်။ သူမ စိတ်တည်ငြိိမ်နိုင်ဖို့အတွက် အစားအသောက်ကို လိုအပ်သည် ။ သူမအတွက် အစာကဆေးပင်ဖြစ်သည်။ 


သို့သော် အမှတ်တွေ မည်သည့်နေရာက ရမလဲဆိုတာက ပြဿနာဖြစ်နေဆဲဖြစ်သည် ။


သူမအတွက် တခြားကလေးများထံမှ အမှတ်စုဆောင်းရခြင်းက တကယ်ကိုခက်ပေသည် ။ သင်တန်းမှာက ပို၍ပင် ခက်ခဲသေးသည် ။


လူအများကြားမှ နဂါးနှင့်ဖီးနစ်လိုလူမျိုး ယွီချင်းရှီ ကတစ်ခါတစ်လေ သဝန်တိုတတ်တာက သူမအတွက် အရမ်းအသုံးဝင် သည် ။


အမှတ်တချို့ စုဆောင်းနိုင်ပြီး တစ်ခါလေတွင်တော့ တစ်မှတ်မှမရပေ ။


ယွီချင်းရှီက အရမ်းကောင်းတဲ့ကောင်လေးဖြစ်ကာ ငိုယိုပြီးလဲပြဿနာမရှာပေ ။ သူမက သူနှင့်ရန်မဖြစ်ဖူးသောကြောင့် မကောင်းတဲ့အမှတ်များ သူ့ဆီက မရပေ ။


ဆရာမက လေ့ကျင့်ခန်း စာအုပ်ကိုအကြံပြုခဲ့ပြီး ၎င်းက စာလုပ်ရာတွင် အထောက်အကူပြုမည်ဟုဆိုကာ အတန်းပြီးရင် ဝယ်ရန်ပြောခဲ့သည် ။ 


စာလုပ်ရတာကို အလွန်အမင်း စွဲလမ်းနေသည့် ရှောင်မန်က ယွီချင်းရှီ နှင့်အတူ စာအုပ်ဝယ်ရန် ချိန်းထားခဲ့သည် ။ တခြားကလေးများက သူမတို့လိုမဟုတ်ဘဲ သူတို့ရဲ့ မိဘတွေကိုသာဝယ်ခိုင်းကြသည် ။


စာအုပ်တစ်အုပ် ဝယ်လိုက်သည်နှင့် ဆိုင်ရှင်က နောက်တစ်အုပ် မိတ်ဆက်ပေးသည်အား ရှောင်မန် သတိထား မိသည် ။


ဘာသာရပ်အစုံကလေ့ကျင့်ခန်းစာအုပ်တွေအကုန်လုံးကိုဝယ်လို့ရသည် ။


ထိုစာအုပ်တွေက အရမ်းအသုံးဝင် ပြီး သူ့ကလေးလည်း အသုံးပြုကာ ဆရာတွေကလည်းထောက်ခံသည်ဟု ပြောလိမ့်မည် ။


သူပြောတာတွေကိုနားထောင်ပြီးကလေးတွေက မှန်တယ်ဟုထင်ကာ အကုန်ဝယ်ကြပြီး စာအုပ်ဆိုင်မှထွက်သည့်အခါ အများကြီး ဝယ်မိကြလိမ့်မည် ။


လေ့ကျင့်ခန်း စာအုပ်တွေ အများကြီးနှင့် သူတို့ရဲ့အားလပ်ရက်တွေက ကုန်ဆုံးသွားကြသည် ။


ရှောင်မန်က သူမပိုက်ဆံရှာနိုင်မည့်နည်းလမ်းကိုရှာတွေ့ပြီဟုထင်သည် ။ စာအုပ်ဆိုင်သို့ ဝင်သွားသည့်် ဘယ်ကလေးမဆို အပြုံးနှင့်ပြန်ထွက်မလာ နိုင်ပေ။


စာအုပ်ဆိုင်ရှင်က တကယ်မကောင်းတာဘဲ....


ရှောင်မန် သူမရဲ့နှလုံးသားလေးထဲမှာ ရည်မှန်းချက် ပိစိလေးပေါ်ထွက်လာသည် ။


သူမက၎င်းကို စာစီစာကုံးတွင်ထည့်ရေးရမည်!


သူမရေးလိုက်သည်နှင့် ဆရာမက အတန်းရှေ့တွင်ဖတ်ပြခိုင်းခဲ့သည် ။ စာစီစာကုံးအကြောင်းအရာက " သမီးက အနာဂတ်တွင်.......... ဖြစ်ချင်သည် " ဟူ၍ဖြစ်သည် ။


တခြားကလေးများက ဤသို့သာရေးကြသည်။


'အနာဂတ် မှာ သိပ္ပံပညာရှင် တစ်ယောက်ဖြစ်ချင်ပါသည်။'


' အနာဂတ်မှာ သင်္ချာပညာရှင်ဖြစ်ချင်ပါသည်' စသည်ဖြင့် ဖြစ်သည် ။


သို့သော် ရှောင်မန်၏အိပ်မက်က လက်တွေ့ ကျကာ ရိုးရှင်းသည် ။


သူမ စာစီစာကုံးခေါင်းစဥ်က ' အနာဂတ် မှာ စာအုပ်ဆိုင် ပိုင်ရှင်ဖြစ်ချင်သည်' ဟူ၍ဖြစ်သည် ။


သူမ၏အိပ်မက်က အရမ်းရိုးရှင်းလွန်း၍ ဘာသာစကားဆရာက အများကြီး မတွေးမိသော်လည်း ဖတ်ပြီးသည့်အခါ သူမကအရမ်းတော်သည်ဟုထင်သောကြောင့် အတန်းရှေ့တွင် ထွက်ကာဖတ်ပြခိုင်းခဲ့သည် ။


xxxxxx


Chater 222


"အနာဂတ်ဆယ်နှစ်မှာ ငါကအသက်နှစ်ဆယ်ရှိမှာဖြစ်ပြီး အဲ့ဒီအချိန်မှာငါက စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်နေလောက်ပြီ...


ငါက ကောင်တာမှာထိုင်ပြီး ကလေးတွေကိုစာအုပ်ရောင်းနေရပြီ...


သူတို့ကိုလေ့ကျင့်ခန်း စာအုပ်တွေ ကိုဘာသာရပ်အစုံရောင်းပေးမယ်...


ငါကသူတို့ မနက်ကနေညအထိ ပိတ်ရက် တွေမှာပါမကျန်စာလုပ်ပြီး အားလပ်ရက် ခရီး ထွက်တာထက် အသိပညာတွေ ကြားမှာဘဲနေစေချင်တယ်....


စာအုပ်ဖိုး မတတ်နိုင်ဘူး ဆိုရင်လဲအဆင်ပြေတယ် ငါကအဲ့ဒီကလေးတွေကို စာအုပ်အလကားပေးမယ်....


ဒါမှသူတို့တွေက စာကြိုးစားလို့ရပြီး ပညာတတ်ကြီး တွေဖြစ်ပြီး တခြားသူတွေ ကိုလည်းစာလုပ်ဖို့တိုက်တွန်းနိုင်လိမ့်မယ်..."


ဘာသာစကား ဆရာက သူမအရမ်းကို ဥာဏ်ကောင်းသည်ဟု ခံစားရသည် ။ သူမက အရမ်းလက်တွေ့ကျကာ ကျိုးကျော်ဆီလျှော်သည် ။ ဘာသာစကားဆရာက ချီးမွမ်း ၍မဆုံးပေ ။


အတန်းဖော်တွေကတော့ ငိုနေကြလေပြီ။


အတန်းထဲ၌ ကလေးအယောက်ငါးဆယ်ရှိပြီး အက်ဆေးတစ်ပုဒ်နှင့်တင်ရှောင်မန်က အမှတ်၄၅၀တောင်ရခဲ့သည် ။


သူမက ပိုက်ဆံ အိတ်အပြည့်ငွေတွေရှိနေသည့် သူဌေး တစ်ယောက် မျက်နှာမျိုးဖြစ်နေသည် ။


တခြားကလေးတွေက လှည့်စားရန်လွယ်ကူကာ သူတို့ထက်စာလျှင် ရှောင်မန် ကလှည့်စားတတ်ပုံပေါ်ကာ သူမကိုယ်သူမ ဗီလိန်အရှိန်အဝါ အပြည့်နှင့်ဟုထင်နေသည် ။


သူမရဲ့အမှတ်တွေကိုကြည့်ကာ ပျော်မိသော်လည်း စိတ်မကောင်းလဲဖြစ်မိသည် ။ 


သူမပျော်ရသည့်အကြောင်းအရင်းက အသုံးပြုဖို့အမှတ်တွေမရှိတော့မှာကိုစိုးရိမ်စရာမလိုတာဖြစ်ပြီး စိတ်မကောင်း ဖြစ်မိတာက လှည့်ကွက်တစ်ခုကိုနှစ်ခါလုပ်လို့မရတာဖြစ်သည် ။


အစကတော့ သူမကစာသာလုပ်ချင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမအတွက် တခြားအကျိုးရှိစေမည့်အရာများကိုပါလုပ်ရမည်အား သိလာရသည် ။


ဗီလိန်ဖြစ်ရန်ကြိုးစားခြင်းကအရေးပါသော်လည်း သူမအားနှောင့်ယှက်နေသည့် လူဆိုးကြီး များရှိသည် ။ 


အကယ်၍ သူမက အမှတ်တွေအားလုံးကို မားမားရုံရဲ့ အပ်စိုက်ကုထုံးကို သာလဲလှယ်ခဲ့ရင် လူဆိုးကြီး တွေက သူမဦးလေးကိုလာနှောင့််ယှက်ခဲ့ရင် သူမအတွက် အသုံးပြုစရာ ကဒ်ရှိတော့မည်မဟုတ်ချေ ။


သေသေချာချာ စဥ်းစားပြီးနောက် အမှတ်တွေကို အနာဂတ်အတွက် သိမ်ထားတာကောင်းသည် ။


သူမအိမ်ပြန်ရောက်တဲ့အခါမှာကျန်းရှင်းကိုမေးလိုက်သည် ။


" ဦးလေး လူဆိုးဦးလေးကြီးက ဒီမှာရှိသေးလား သူထွက်သွားပြီလား ..."


" သူဒီမှာ ရှိသေးတယ် ဘာလို့သူ့ကိုမေးတာလဲ.... "


" သမီးက သူပြဿနာရှာမှာကိုကြောက်တာပါ.... "


ကျန်းရှင်း ကသူမခေါင်းလေးကိုပွတ်ပြီးပြောလိုက်သည် ။


" လူကြီးတွေရဲ့ ကိစ္စကို သမီး စိတ်ပူစရာမလိုပါဘူး ... သူကဆက်တိုက်နေမကောင်းဘူးလို့ပြောနေပေမဲ့ ဆေးစစ်ချက်တွေမှာပြဿနာမရှိတာကိုလက်မခံနိုင်ဘဲပြဿနာရှာနေတာ...."


သူမက ဘာတွေဖြစ်ခဲ့လဲသိသော်လည်းဘာမှပြောမှာမဟုတ်ပေ ။ ကလေးတွေကသာလှည့်စားဖို့လွယ်တာမဟုတ်ဘဲ လူကြီးတွေလဲအတူတူပင်ဖြစ်သည် ။


သူကနည်းနည်းလေးခြောက်လိုက်တာနဲ့တောင် ဒီလောက်ထိဖြစ်စရာလား...


အားနည်း လိုက်တာ....


ဒါကအဖွားပြောသလို ဖြစ်ရမယ် မဟုတ်တာသာမလုပ်ထားရင် ညသန်းခေါင်သရဲတံခါးလာခေါက်လဲမကြောက်ဘူးဆိုတာပေါ့....


အခုထိုလူဆိုးကြီးက သူမဦးလေးကို လာမနှောင့်ယှက်နိုင်ဟုဆိုမှသာ သူမစိတ်ချသွားရသည် ။


ကျန်းရှင်း နောက်ဆုံးတစ်ခေါက် သတင်းစာမှာပါလာသည့်အချိန်ကတည်းက သူ့ ကုမ္ပဏီ ကနမည်ကြီးလာခဲ့သည် ။ 


အရည်အသွေး ကောင်းမွန်သည့်ထုတ်ကုန်များကိုများများ ကြော်ငြာသင့်သည် ။ မဟုတ်လျှင် ထုတ်ကုန်က အမှန််တကယ်ကောင်းမွန်ကြောင်း လူအများကြီးကသိမှာမဟုတ်ပေ ။


ကျန်းရှင်း၏ စိတ်ကူးတွေက ကောင်းမွန်သော်လည်း အရင်က အသုံးပြုပုံ လွဲမှားခဲ့သည် ။ ယခုသူက မိသားစုကိုကာကွယ်ရန်စိတ်ပိုင်းဖြတ်လိုက်သည့်အတွက် အရာရာ ကိုအမှန် မြင်နေပြီဖြစ်သည် ။


ကျန်းရှင်း ကအကြံရလာပြီး ရှောင်မန် ကိုပြောလိုက်သည် ။


" ရှောင်မန် ဦးလေး သမီးသူငယ်ချင်းတွေကို ခြံထဲကိုဖိတ်ချင်တယ်.... ပျော်ပွဲစားထွက်နေသလိုသဘောထားပြီး ပျော်ပျော်ရွင်ရွင်နဲ့ ဓာတ်ပုံတွေ ရိုက်ကြ...ပြန်ရောက်တဲ့အခါကျရင် အဲ့ဒီအကြောင်းကို စာစီစာကုံးတွေရေးကြပေါ့ ..."


အရင်က ကစားကွင်းလှူပေးထားတာနဲ့သာဆိုရင် ကလေးတွေက သေချာပေါက် သူတို့မိသားစုတွေ ရှေ့မှာကြော်ငြာပေးကြလိမ့်မယ် ။ 


ကလေးတွေကပိုက်ဆံမသုံးနိုင်ပေမဲ့သူတို့မိသားစုတွေကတော့သုံးနိုင်တယ် ။ တစ်ယောက် နဲ့တစ်ယောက် ပြောကြရင်းကနေ လူတွေအများကြီး သိသွားကြပြီး ကြော်ငြာခတောင်သက်သာသေးသည် ။


သူသာ ကလေးတွေအတွက် ဆောင်းဦးခရီးစဥ်မှာပျော်ပွဲစားထွက်သည့်ကိစ္စတွင် စပွန်ဆာပေးလိုက်ပါက ကျောင်းအုပ်ကြီး ကပျော်ရွှင်စွာဖြင့် ခွင့်ပြုပေးလိမ့်မည်ဖြစ်သည်။


အစီအစဉ်က အလွန်အလုပ်ရူပ်မည်ဆိုသော်လည်း ကျန်းရှင်း ကတွေးကာ ပျော်ရွှင်နေခဲ့သည် ။


ခရီးစဉ် အတွက် နေရာကိုမရွေးရသေးကာ သူမဦးလေး၏ အကြံက မဆိုးဟုထင်သော်လည်း သူမနားမလည်နိုင်တာရှိသေးသည် ။


" ဦးလေး မှာဘယ်တုန်းကခြံပိုင်သွားရတာလဲ...."


လယ်တောခြံက မကြာသေးခင်ကမှအပြီးသတ်တာဖြစ်ပြီး ကျန်းရှင်း ကအရင်ကတည်းက ဝက်မွေးချင်နေသောကြောင့် တစ်ခါတည်း စီးပွားဖြစ်မွေးရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။


ခြံထဲတွင် ဝက်မွေးရန်ဝက်ခြံအပြင် အသီးအနှံတွေ နှင့် ဟင်းသီးဟင်းရွက်များလဲ စိုက်ပျိုးထားရန်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသော်လည်း စျေးကြီးသည် ။


ဧည့်သည်တွေကို ဆွဲဆောင်ရန် အတွက် အပန်းဖြေ လယ်တောအိမ်လေးတွေကိုလဲဆောက်ထားသည် ။


အခုတော့ လည်ပတ်သူအများအပြားမရှိသေးပေ။


ကျန်းဟွေ့မိန် ကသူမရဲ့ဝက်တွေကိုစိတ်ပူနေကာ နေ့တိုင်းလိုလို သွားစစ်ဆေးနေပြီး ညရောက်မှပြန်လာလေ့ရှိသည် ။


ဝက်မွေးတာက သူမတို့မိသားစုရဲ့ ဘိုးဘွားလုပ်ငန်းလိုဖြစ်နေပြီး မစွန့်လွှတ်နိုင်ကြပေ ။ ကျန်းရှင်း ကပြောလိုက်သည် ။


" ငါတို့မိသားစုရဲ့ ဝက်ခြံအသစ်ကိုဖွင့်လှစ်လိုက်ပြီး ဝက်မတစ်ကောင်က သားပေါက် တော့မယ်...."


ဒါကြောင့် ကျန်းဟွေ့မိန် ဝက်ခြံသို့ အပြေးအလွှားသွားနေတာ အံ့သြစရာမရှိပေ ။


xxxxx


Chapter 223


ကျန်းရှောင်မန် ကြားသည့်အခါ သူမကလက်ခုပ်တီးပြီးပြောလိုက်သည် ။ 


" သမီး ဝက်ပေါက်လေးတွေကို ကိုင်ချင်နေတာအရမ်းကြာပြီ ....."


အခုသူမအိပ်မက်တွေပြည့်ဝတော့မယ်....


ဦးလေးက အရမ်းကောင်းတာဘဲ....


ကျန်းရှောင်မန် က ကျန်းရှင်း ရဲ့လက်မောင်းကိုဖက်ကာမေးလိုက်သည် ။


" ဝက်ပေါက်လေးတွေက အရမ်းချစ်ဖို့ကောင်းလားဟင် ....."


" ချစ်ဖို့ကောင်း သလို အရသာလဲရှိတယ်...."


ကျန်းရှောင်မန် "ဟမ်......"


သူမက အစကတော့ ဝက်ကလေးတွေကို ရှောင်ဟွားတစ် ၊ ရှောင်ဟွားနှစ် စသဖြင့်နမည်ပေးချင်ခဲ့တာဖြစ်သော်လည်း နောက်ဆုံး၌မလုပ်ရန် ဆုံးဖြတ်လိုက်သည် ။


သူမနာမည်ပေးထားတဲ့ဝက်ကလေးတွေက ထမင်းစားစားပွဲပေါ်ရောက်နေလျှင် သူမထိုင်ငိုနေရပေလိမ့်မည်။


ကျန်းရှောင်မန် ကပြောလိုက်သည် ။


" သမီးတို့ခြံထဲသွားကြရအောင်....."


ဆောင်းဦးခရီးစဉ်အတွက် စပွန်ဆာရခြင်းက ကျောင်းအတွက်လည်း ပိုက်ဆံကုန်သက်သာသောကြောင့် သဘောတူညီမူရခဲ့သည် ။


မွေးမြူရေး ခြံက မြို့နှင့်ဝေးသော်လည်းအရမ်း အရမ်းအဝေးကြီးမဟုတ်ပေ ။ တည်နေရာကောင်းတွင်တည်ရှိပြီး လတ်ဆတ်သောလေထုရှိကာ ကျေးလက်အငွေ့အသက်အနည်းငယ်ရသည် ။


သဘာဝမွေးမြူရေးခြံက ခရီးစဉ်အတွက် အရမ်းသင့်တော်သည် ။ ယွီချင်းရှီ ကလွဲပြီးတခြားကလေးတွေအားလုံးကအရမ်းစိတ်လူပ်ရှားနေကြသည် ။


ယွီချင်းရှီ ကမသွားချင်ပေ ။ သူက ကျန်းမိသားစုက ထူးထူးဆန်းဆန်း သတ္တဝါတွေ ပါမွေးထားမှာကြောက်နေခြင်းဖြစ်သည် ။


မွေးမြူရေး ခြံစဖွင့်ကတည်းက ကျန်းဟွေ့မိန် ကပျားပိုးလောင်းတွေကို အိမ်ယူလာလေ့ရှိသည် ။ ခြံထဲမှာ ပန်းခင်းတွေရှိကာ သူမတို့ပျားမမွေးသော်လည်း ပျားအုံများ အများအပြားရှိသည် ။


ယွီချင်းရှီ က ကျန်းရှောင်မန် အိမ်ကို မကြာခဏညစာလာစားလေ့ရှိသော်လည်း ပျားပိုးလောင်းတွေကိုတွေ့ပြီးကတည်းက မလာတော့ချေ ။ သူကအဲ့ဒီအကောင်တွေကိုစားမဲ့အစား တစ်ယောက်ထဲအထီးကျန်နေဖို့ကိုသာရွေးချယ်ခဲ့သည် ။


သို့သော် ကျန်းရှောင်မန် ကလူကောင်းလုပ်ကာ ယွီချင်းရှီ ထံသို့ထိုအကောင်များကိုပန်းကန်အပြည့်ယူလာခဲ့သည် ။


အပြုအမူကောင်းနှင့်ဆုံးမခြင်းခံထားရသည့် ယွီချင်းရှီ မှာတော့ မျက်ရည်တွေ ဖြင့်သာ လိမ်လိမ်မာမာ လက်ခံလိုက်ရသည် ။


ကျန်းရှောင်မန်၏ အဘွားကအရမ်းထူးဆန်းသောကြောင့် ခြံထဲ၌ထူးထူးဆန်းဆန်း အကောင်များအားတွေ့ရင် သူလန့်သေသွားမှာစိုးမိသည် ။


သို့သော် အတန်းဖော်တွေအားလုံးသွားကြမည်ဖြစ်ကာအရေးကြီးဆုံးကတော့ ရှောင်မန် လဲသေချာပေါက်သွားမည်ဖြစ်သည် ။


ထိုနေ့မှာတော့ တစ်တန်းလုံးက ကျောင်းကားနှင့်သွားခဲ့ကြသည် ။ ကျန်းရှောင်မန် နှင့်ယွီချင်းရှီ ကတော့ ကျောင်းကားနှင့်မသွားခဲ့ပေ ။ သူတို့နှစ်ယောက်က ကျန်းရှင်း နှင့်အတူလိုက်လာပြီး မွှေးတုံလေးကိုပါ ခေါ်လာသည် ။


ယွီချင်းရှီ ကမွှေးတုံလေးကို လက်မောင်းထဲ၌ပွေ့ထားကာ မွှေးတုံလေးရဲ့ အဆီခေါက်ကလေးတွေကိုလက်ဖြင့်ပုတ်ကာ နှစ်သိမ့်ပေးနေသည် ။


 ယွီချင်းရှီ က မြောင်မြောင် ကိုပါခေါ်လာချင်တာဖြစ်သော်လည်း မြောင်မြောင် ကအပြင်ထွက်သည်နှင့် နေရာအနှံ့ လျှောက်ပြေးနေသောကြောင့်သူမထိန်းနိုင်ပေ ။


နောက်ဆုံးမှာတော့ ကျန်းရှောင်မန် နှင့် မွှေးတုံလေးနှင့် အတူအပြင်ထွက်လည်ချင်သည့် သူ့ဆန္ဒလေးမှာ ပြည့်ဝသွားရပြီဖြစ်သည် ။


သူက ရှောင်မန် နှင့်အတူရှိရမှာကိုတွေးပြီး ရင်ထဲမှာ ပိစိလေးပျော်ရွှင်နေသည် ။ ရှောင်မန် သာအသေအလဲအိပ်နေပြီး မွှေးတုံလေးကိုသူတစ်ယောက်ထဲမချီထားရလျှင်ပိုပြီးပျော်ရွှင်မည်ဖြစ်သည် ။


ဒါ...ဒါပေမဲ့ သူမအိပ်နေတာက ချစ်ဖို့ကောင်း တော့ခွင့်လွှတ်ပေးလိုက်ပါမယ်လေ....


ခြံထဲသို့ရောက်သည့်အချိန်တွင် ယွီချင်းရှီ က ကျန်းရှောင်မန် ကိုနိူးလိုက်သည် ။ သူမကတစ်လမ်းလုံးအိပ်လာသည့်အတွက် မျက်နှာပေါ်တွင် ဖိမိထားသည့်အရာများပေါ်နေကာ အူကြောင်ကြောင်နဲ့ဖြစ်နေသည် ။


" ဒါကဘယ်နေရာလဲ...."


ကျန်းရှောင်မန် ကဆံပင်တွေထိုးထိုးထောင်ထောင်ဖြစ်နေကာ ရူပ်ပွနေသည် ။ ယွီချင်းရှီ ကသူ့မှာရှိသမျှ သတ္တိ အားလုံးစုကာ ရှောင်မန် ရဲ့ ရူပ်ပွနေသည့် ဆံပင်အားသပ်ပေးကာ သူမမျက်နှာကို တစ်သျှူးနှင့်သုတ်ပေးလိုက်သည် ။


" ငါတို့အခု ခြံထဲရောက်ပီ ..."


" အွန်....အွန်း ..."


ကျန်းရှောင်မန် က ယွီချင်းရှီ ရဲ့အခုလုပ်ရပ်အားဘာမှမပြောပေ ။ သူမကားတံခါးကိုဖွင့်ကာတစ်ယောက်ထဲဆင်းသွားသည့်အချိန်တွင် ယွီချင်းရှီ ကမျက်နှာကြီးရဲကာကျန်ခဲ့သည် ။


သူက သူမရဲ့ ဆံပင်ကိုကိုင်ပြီး မျက်နှာကိုသုတ်ပေးခဲ့တယ်....


သူတို့ ငယ်ငယ် ကဆိုရင်သူမကိုမကြာခဏထိတွေ့လိုရပြီး အသက်ကြီးလာသည်နှင့် သူမအားထိတွေ့လို့မရတော့ပေ ။ 


ယွီချင်းရှီ ကစိုးရိမ်နေပါသော်လည်း ကံကောင်းစွာနဲ့ ရှောင်မန် ကဒေါသမထွက်သွားပေ ။ သူမက သူမရဲ့ ဆံပင်ကိုတန်ဖိုးထားဆုံးဖြစ်သောကြောင့် စိတ်မကြည်လျှင် ယွီချင်းရှီ အရိုက်ခံရ မှာသေချာပေါက်ပင်ဖြစ်သည် ။


ဒါပေမဲ့ သူမဆံပင်တွေက ကိုင်လို့အရမ်းကောင်းတာပဲရော.....


ယွီချင်းရှီ ကသူ့ခေါင်းကိုသူပြန်ကိုင်ကြည့်ပြီး မွှေးတုံလေးရဲ့အမွှေးကိုပါ ပွတ်သပ်ကြည့်သော်လည်း သူမရဲ့ဆံပင်လို့မနူးညံ့ပေ ။


" ကျစ် ကိုင်လို့မကောင်းလိုက်တာ ...."


ဝူးဝူးဝူး သူကဒီတိုင်းဝက်တစ်ကောင်ပါ ဘယ်ဝက်မွှေးက ကြောင်တစ်ကောင်လိုနူးညံ့နေလို့တုန်း!


မွှေးတုံလေးက မျက်ရည်တွေနှင့်ကားပေါ်ကဆင်းပြေးသွားတော့သည် ။


xxxxxx


Chapter 224


မွှေးတုံလေးရဲ့နှာခေါင်းက ခွေးတစ်ကောင်ထက်တောင်ကောင်းပြီး သူဆွေမျိုးများ၏အနံ့ရသည့်အခါ ဝမ်းသာအားရပြေးသွားသည် ။


အွင့် အွင့် အွင့် ဝက်တွေ ဒီမှာဝက်တွေအများကြီးဘဲ....


အွင့်အွင့်အွင့် အထဲဝင်ချင်တယ်....


မွှေးတုံလေးက အကြာကြီး တအွင့်အွင့်နှင့် လုပ်နေကာ ဝက်ခြံထဲဝင်ရန်ကြိုးစားနေသည် ။


တဝက်ဖြတ်တံခါးက သော့ခတ်ထားသည်ဖြစ်ရာ မွှေးတုံလေးအတွက်အထဲဝင်ရန်ခက်ခဲနေသည် ။


သို့သော်လည်း မွှေးတုံလေးက မြောင်မြောင် ရဲ့ကြောင်တာဝါပေါ်သို့ ကုတ်တက်နေကြဖြစ်သောကြောင့် ခုန်ပျံကျော်လွှားကာ အထဲသို့ရောက်သွားခဲ့သည် ။


မွှေးတုံလေးက သူ့အမျိုးများကြားတွင် ဝမ်းသာအားရ အွင့်နေခဲ့သည် ။


အကန့်တစ်ခုထဲတွင် ဝက်မတစ်ကောင်ကလူပ်ရှား မူမရှိဘဲ သားပေါက်လေးတွေကိုနို့တိုက်နေသည် ။


မွှေးတုံလေးက ဝက်မကိုနူတ်သီးနှင့်သွားထိုးသော်လည်း ဝက်မကလှုပ်ရာမှာပျင်းသောကြောင့်မျက်လုံးပင်ပွင့်မလာပေ ။ ဝက်မက မွှေးတုံလေးကို နားညီးစရာဟုထင်သောကြောင့် နို့စို့ရန်ဆွဲဖိထားလိုက်သည် ။ 


ကလေးများလာကြည့်သည့်အခါတွင် နီတာရဲဝက်ပေါက်လေးများကြားထဲ၌နို့တိုးစို့နေသော မဲမဲသဲသဲ မွှေးတုံလေးကိုတွေ့လိုက်ရသည် ။


" ဝါး ကျန်တဲ့ဝက်ကလေးတွေကဖြူနေပြီးတော့ သူတစ်ကောင်ဘဲမဲနေတာ ..."


" ဝက်ဖြူလေးတွေကသေးသေးလေးဖြစ်နေပြီး ဘာလို့သူတစ်ကောင်ထဲအရမ်းဝနေရတာလဲ ...."


" သူကတခြားဝက်ကလေးတွေကိုအနိုင်ကျင့်ပြီး သူဘဲအများကြီးစားလို့နေမှာပေါ့ ...."


" အာ.... ဆိုးလိုက်တာ ...."


ကျန်းရှောင်မန် ကအစတုန်းက မွှေးတုံလေးကို ခေါ်ထုတ်ချင်ခဲ့သော်လည်း တခြားကလေးတွေက ဝေဖန်နေကြသည့်အခါ ရှက်ပြီးအကြည့်လွှဲကာဖြတ်လျှောက်သွားလိုက်သည် ။


ယွီချင်းရှီ ကအပြစ်ရှိသလိုခံစားလိုက်ရသည် ။ တကယ်တော့ သူသေချာဂရုမစိုက်မိလို့မွှေးတုံလေးကပျောက်သားရတာဖြစ်သည် ။


ယွီချင်းရှီ ကနောက်ဆုံးမှထွက်သွားသည့်သူဖြစ်ပြီးမွှေးတုံလေးအားတိုးလေး နူတ်ဆက်သွားခဲ့သည် ။


"တာ့တာ ငါမင်းကို နောက်ကျရင်လာခေါ်ပါ့မယ် ..."


ယွီချင်းရှီက ခေါ်ချင်သော်လည်း ရှောင်မန် ကမခေါ်ချင်ပေ ။ မွှေးတုံလေးကတို့နှစ်ယောက်ထွက်သွားတာကို မျက်ရည်တွေဖြင့်သာ အွင့်အွင့် လုပ်ရင်းကျန်ခဲ့ရသည် ။


ဒါပေမဲ့ သူတို့မထင်မိတာက သွားခေါ်သည့်အချိန်တွင် မွှေးတုံလေးကရှိမနေတော့ပေ ။


မွှေးတုံလေးကတစ်ယောက်ထဲထွက်ပြေးသွားပြန်ပြီလား....


ကျန်းရှောင်မန် ကငိုပြီး ကျန်းဟွေ့မိန် ဆီပြေးသွားခဲ့သည် ။


" ဝူးဝူးဝူး ဘွားဘွားသမီးဝက်ကလေးပျောက်သွားပြီ ...."


ကျန်းဟွေ့မိန် ဘာမှမပြောရသေးခင်မှာဘဲ လုံခြုံရေး အစောင့်ကအော်ပြီးပြေးလာခဲ့သည်။


" မဒမ် သတင်းဆိုးရှိတယ် ကျွန်တော်တို့ ဝက်သူခိုးကိုဖမ်းမိထားပါတယ်..."


" အဲ့ဒါက မွှေးတုံလေးလား ...."


ကျန်းရှောင်မန် ကမျက်ရည်ဝဲဝဲနှင့်မေးလိုက်သည် ။


" အဲ့ဒီဝက်က အဖြူနဲ့ အနက်စပ်ထားတာ ...."


လုံခြုံရေးအစောင့်က အမှန်တကယ်ပင် မွှေးတုံလေးကိုမသိပေ ။


" မွှေးတုံလေးက လဲအဖြူနဲ့အနက်ပဲ ...."


ဒါဆိုမွှေးတုံလေးက အခိုးခံရမလိုဖြစ်သွားတာပေါ့....


ကျန်းရှောင်မန် ကသူမအမှားလို့ခံစားလိုက်ရသည် ။ သူမသာအစောကတည်းက မွှေးတုံ လေးကို ခေါ်ခဲ့လျှင် ဒီလိုဖြစ်မည်မဟုတ်ပေ ။


မွှေးတုံ လေးက အစားတောင်ခံရနိုင်တယ်....


ကျန်းရှောင်မန် ကသူမကိုယ်တိုင် ဝက်သူခိုးနှင့်ညှိနိူင်းရန်လိုက်လာခဲ့သည် ။ ဝက်သူခိုးအားဖမ်းထားသည့်နေရာသို့ရောက်သောအခါ မွှေးတုံလေးကတံခါးဝတွင်ရှိနေသည် ။


ရှောင်မန် ကိုမြင်သည်နှင့် မွှေးတုံလေးက ကလေးလေးလိုပြေးလာကာ မလွှတ်တမ်းဖက်ထားတော့သည် ။ ရှောင်မန် ကလဲမွှေးတုံလေးကိုဖက်ထားကာအော်ငိုလေသည် ။


" အချစ်လေးရယ် နောက်တစ်ခါ တစ်ယောက် ထဲလျှောက်မပြေးတော့နဲ့နော် ငါတို့နင့်ကိုပျောက်သွားရင် နင်သေချာပေါက်အစားခံရတော့မှာ..."


မွှေးတုံလေးက ရှောင်မန် ကိုဝက်ခြေထောက်လေးတွေနဲ့ဖက်တွယ်ထားကာ ရှောင်မန့် မျက်နှာကိုနူတ်သီးနှင့်ထိုးပြီး တအွင့်အွင့်နှင့် တိုင်တောနေသည် ။


အွင့်အွင့်အွင့် သူကဒီတိုင်းဝက်လေးတစ်ကောင်ပါ ဘသူ့ကိုမှအပြစ်မလုပ်ဖူးပါဘူး....


အွင့် အိပ်ဖို့နဲ့ အွင့်.... စားဖို့ဘဲသိတာပါ....


မွှေးတုံလေးရဲ့နားကြည်းချက်အပြည့်နှင့် တအွင့်အွင့်အသံ ဆူညံနေတုန်းမှာရှောင်မန် က ပြောလိုက်သည် ။


" ဝက်ဖြူဖြူလေးတွေအများကြီးထဲကနေမှ ဘာလို့နင့်ကိုခိုးသွားရတာလဲ အရသာရှိမဲ့ပုံလဲမပေါ်ဘဲနဲ့ကို ....."


မွှေးတုံလေးက ပို၍ပင်ကျယ်လောင်စွာထအော်တော့သည် ။


ရှောင်မန် က မွှေးတုံလေးကိုနှစ်သိမ့်ပေးနေရင်းနဲ့ သူမကဝက်သူခိုးကိုရိုက်ဖို့လာတာမှန်းသတိရသွားခဲ့သည် ။ 


သူမအထဲကိုကြည့်လိုက်တဲ့အခါမှာ ကျန်းဟွေ့မိန် ကတိုက်ခိုက်ရန်အသင့်အနေအထားနှင့်ဖြစ်နေသည် ။


ကံမကောင်းစွာနဲ့ ဝက်သူခိုးကလဲ ရှောင်မန် သိသည့်သူဖြစ်နေသည် ။ ထိုသူက ရှောင်မန် ကိုပြန်ပေးဆွဲရန်ကြံစည်ဖူးသည့်သူဖြစ်သည် ။


သူကထောင်ထဲမှာ မဟုတ်ဘူးလား....


ဘာလို့ ဒီမှာ ဝက်လာခိုးနေရတာလဲ....


ကျန်းရှောင်မန် နှစ်ကိုရေတွက်မိတော့ ခြောက်နှစ်နီးပါးဖြစ်ကာ ထောင်ကလွတ်ချိန်ပင်ဖြစ်သည် ။


ဆရာထန်က လူတစ်ယောက်က အပြစ်ခံယူပြီးရင် ခွင့်လွှတ်သင့်သည်ဟုပြောသောကြောင့် သူမက အရေးမစိုက်ချင်ပေ ။


သို့သော် သူမ မထင်မိတာက သူမဦးလေးက သူမ၏ဝက်ကိုတောင်ပြန်ပေးဆွဲဖို့ရောက်လာမည်ဟုပင် ။


ခွေးတွေက အရိုးကိုက်တာကိုမစွန့်လွှတ်နိုင်သလိုမျိုးဘဲ....


ရှောင်မန် ကဆက်ပြီး လျှစ်လျှူရူလို့မရတော့ပေ ။ သူမက မွှေးတုံလေးကိုအသာလေးချထားလိုက်ကာ ကျိန်ဆဲရင်း ပြေးသွားလိုက်သည် ။


" လူဆိုးကြီး မွှေးတုံလေးကိုတောင် ခိုးဖို့ကြံရဲတယ် ရိုက်သတ်ပစ်မယ် ...."


xxxxxxx


Chapter 225


ဟုန်ရှင်းကော ကရှောင်မန် ကိုရှက်လွန်း၍မကြည့်ရဲပေ ။ သူ့ရဲ့ ကောင်းကင်ကိုတောင် ကျော်လွန်နေသည့် အထင်ကြီးနေမူများမှာ ပျောက်ဆုံးသွားခဲ့တာကြာပြီဖြစ်သည် ။

ထောင်ထဲမှာ ခြောက်နှစ်နေခဲ့ရတာက သူ့ကိုအများကြီးသိမြင်သွားရစေစသည် ။ အရင်တုန်းက ဆိုရင်သူက စားဖို့နှင့်အိပ်ဖို့သာသိသည့်သူဖြစ်သည် ။ 


ဟုန်ရှင်းကော က ကျန်းဟွေ့မိန် ထက်အသက်ငယ်သော်လည်း ပင်ပန်းစွာခြောက်နှစ်ဖြတ်ကျော်ခဲ့ရပြီးနောက် အရေးအကြောင်းများစွာနှင် အတော်အိုစာနေပြီဖြစ်သည် ။


ဟုန်ရှင်းကော ကရှောင်မန် ကိုမုန်းသော်လည်း သူ့တွင်တစ်ခုခုလုပ်ရန် သတ္တိမရှိပေ ။ ထောင်ကျခဲ့ရသည့် အတွေ့အကြုံက အရမ်းကြောက်လန့်နေစေသည် ။


မကောင်းတဲ့ အတွေးတွေမရှိရဲချေ ။


သူကအသက်ကြီးမှ ထောင်ထဲကနေအသက်ရှင်ရက်ပြန်ထွက်လာနိုင်တာဖြစ်ပြီး ပြန်ဝင်သွားရဖို့ကိုတွေးပင်မတွေးရဲချေ ။ 


သူကအခု ကျန်းရှောင်မန် ရဲ့လက်ညိုးထိုးပြီးပြောဆိုတာခံနေရသော်လည်း ပြန်မပြောနိုင်ဘဲ လက်ခံရန်သာရှိသည် ။


ဟုန်ရှင်းကော ကသူ့လက်ကိုခါကာချောင်းဟန့်ပြီးပြောလိုက်သည် ။


" ရှောင်မန် ရယ်ဒီလိုမပြောပါနဲ့ သမီး အဘွားကိုပြောပေးပါဦး....  ဦးလေးကထောင်ကထွက်လာကတည်းကခက်ခဲနေခဲ့တာ အသားလေးတောင်မှမစားနိုင်ဘူး ...သမီးအဖွားကို အကူအညီ တောင်းတော့လဲသူကဦးလေးကိုနှင်လွှတ််တယ်လေ....  ပြီးတော့လဲ ဒီမှာဝက်တွေအများကြီးရှိတာနဲ့ တစ်ကောင်လောက်မရှိလည်း ဘာမှမဖြစ်ဘူးလို့ထင်တာနဲ့..........နောက်မလုပ်တော့ဘူး... နောက်မလုပ်ရဲတော့ပါဘူး ..."


ဟုန်ရှင်းကော ကထောင်ကစောလွတ်လာခဲ့သည် ။ သူကအသက်ကြီးပြီဖြစ်သောကြောင့် ထောင်ထဲမှာသေသွားတာစိုးရိမ်တာနှင့် ကောင်းကောင်းပြုမူတာကြောင့်ဖြစ်သည် ။


သို့သော် ထောင်ကထွက်လာသော်လည်း သေဖို့ထိုင်စောင့်နေရတာနှင့်ဘာမှမခြားပေ ။ အရင်ကလူမူပတ်ဝန်းကျင်ရဲ့အမိူက်ဖြစ်သော်လည်း ယခုမူမြုပ်နှံခံရတော့မည့်အမိူက်ဖြစ်သည် ။


ဟုန်ရှင်းကော ထောင်ကထွက်လာသည်အားကြားသောအခါသူ့သားက အိမ်သို့ကိုယ့်ဘာသာပြန်လာရန်ပြောခဲ့သည် ။ ဒီနှစ်တွေတစ်လျှောက်လုံးမှာလဲ သူအဆင်ပြလားဘသူမှမမေးကြပေ။


ဟုန်ရှင်းကော ကရွေးချယ်စရာမရှိတော့ဘဲ ကျန်းဟွေ့မိန် ထံသို့အကူအညီတောင်းရန်လာခဲ့ရသည်။ ကျန်းဟွေ့မိန် ကသူ့ကိုရက်အနည်းငယ်လောက်ခေါ်ထားရန်ဖြစ်သည် ။


သို့သော် မထင်မိတာက ကျန်းဟွေ့မိန် ကသူနဲ့ဆွေမျိုးဆက်ဆံရေးကိုတောင်မှဖြတ်တောက်ပြီး ထမင်းတစ်နပ်တောင် မကျွေးဘဲနှင်လွှတ်သည် ။


သူ့တွင်အားကိုးစရာဆွေမျိုးမရှိပေ ။


" အရူးကောင်ရဲ့ နင်လုပ်ခဲ့သမျှတွေက လူတစ်ယောက်လိုမဟုတ်ဘဲဆိုးရွားနေတာတောင်မှ နင်ကအကူအညီလိုချင်နေသေးတာလား.... ဆန်ကုန်မြေလေး ရဲ့ အခုချက်ချင်းနင်ထွက်မသွားဘူးဆိုရင် ငါရဲခေါ်လိုက်တော့မှာ ငါတို့ရဲ့ ဆွေမျိုးဆက်ဆံရေးက ပြီးပြတ်သွားတာကြာပြီ ...."


ကျန်းဟွေ့မိန် ကနည်းနည်းလေးတောင်မှမျက်နှာသာမပေးပေ ။ ကျန်းရှောင်မန် က ကျန်းဟွေ့မိန် ရဲ့ခါးကိုဖက်ပြီး ဟုန်ရှင်းကော ထံသို့ ဒေါသတကြီးစိုက်ကြည့်လိုက်သည် ။


ရှောင်မန်က အရင်ကလိုမဟုတ်ဘဲအသက်လည်းကြီးလာပြီဖြစ်ကာ ကိုယ်ခံပညာလည်းသင်ထားသေးသည် ။


ဟုန်ရှင်းကောက အသက်ကြီးနေပြီဖြစ်ကာအရင်ကလောက်မသန်မာတော့ပေ ။ ရှောင်မန် ကတော့အရင်ကထက်ပို၍သန်မာလာသောကြောင့် ဟုန်ရှင်းကော ကိုအသာလေးထိန်းသိမ်းနိုင်သည် ။


ရှောင်မန့် တွင် ဟုန်ရှင်းကော အတွက်သနားစိတ်ပင်မရှိချေ ။ မကောင်းတဲ့အကျင့်တွေက ကျန်ရှိနေမှာဘဲဖြစ်သည် ။


ဟုန်ရှင်းကော ကရှောင်မန် အပေါ်မှာ မကောင်းကြံလိုစိတ်မရှိသော်လည်း မွှေးတုံလေးပေါ်တွင်ရှိနေသည် ။ 


သူမလုံးဝ ခွင့်မလွှတ် ပေးနိုင်ပေ ။


ကျန်းဟွေ့မိန် ကရှောင်မန် ကိုကြည့်ကာ ပြောလိုက်သည် ။


" ငါ့လိုပုံစံနဲ့လိုက်မပြောနဲ့ ...."


" ဟုတ် ...."


ကျန်းရှောင်မန် ကအဆူခံလိုက်ရ၍ပို၍ပင်မပျော်တော့ပေ ။ လူကြီးတွေက အမြဲတမ်း အဲ့ဒီလိုဘဲ သူတို့ဘာသာလုပ်နေရရင် ကောင်းပြီး ကလေးတွေလိုက်လုပ်ရင် အဆူခံရတော့သည် ။


သူမခါးထောက်ကာ ပြောဆိုလုပ်လို့မရတော့သည့်အတွက် ကျန်းဟွေ့မိန် နောက်ကနေကြည့်နေရုံသာတတ်နိုင်သည် ။


ကျန်းဟွေ့မိန် ၏စကားများသည် လေဆင်နှာမောင်းလို ထိရှအားပြင်းကာ အပြောခံရသည့်သူမှာခံစားဖို့ပင်မသက်သာပေ ။


ကျန်းရှင်း က ကလေးများကိုခြံထဲခေါ်လာသည့်အတွက် ကျန်းဟွေ့မိန် က ကလေးများကိုမခြောက်လှန့်မိချင်သော်လည်း ထိုအရာက ကျန်းဟွေ့မိန် သူမရဲ့ ဒေါသတွေကိုမပြသဘူးလို့ဆိုလိုခြင်းမဟုတ်ပေ ။


သူမက ကလေးတွေ မကောင်းတဲ့အပြုအမူကို မှတ်သားမိသွားမှာစိုးလို့သာဖြစ်သည် ။ ဟုန်ရှင်းကော ကဒူးထောက်ချကာ အသည်းအသန်တောင်းပန်သည် ။


" ကျွန်တော် လည်းရွေးချယ်စရာမရှိတော့လို့ပါ အစ်မကအရင်ကတည်းက ကျွန်တော့်ကို ထောက်ပံ့ပေးခဲ့တာဘဲလေ .... ကျွန်တော် တစ်ယောက်ထဲ ဒုက္ခရောက် နေတာကိုကြည့်ရက်လို့လား ...."


ကျန်းဟွေ့မိန် ကဘာမှမပြောသည့်အခါ ဟုန်ရှင်းကော ကသတ္တိရှိလာပြီး ဒူးထောက်ကာ ငိုယိုပြီး ပိုက်ဆံတောင်းနေခဲ့သည် ။


ကျန်းမိသားစုက ယခုအချိန်တွင် စီးပွားရေးအခြေအနေကောင်းမွန်နေသောကြောင့် ဟုန်ရှင်းကော အနေနဲ့ အောက်ကျို့ပြီး နေနိုင်သရွေ့ ကျန်းဟွေ့မိန် ကထောက်ပံ့ပေးကာ သက်တောင့်သက်သာ နေနိုင်မည်ဖြစ်သည် ။


ဟုန်ရှင်းကော က ကျန်းဟွေ့မိန် ကိုနားချရန် မျက်နှာချိုသွေးကာဆက်ပြောချင်သောလည်း ရင်ဝကိုသာဆောင့်ကန် ခံလိုက်ရသည် ။


ကျန်းဟွေ့မိန် ကတော့ ကြမ်တမ်းလွန်းတဲ့ ကျန်းဟွေ့မိန် ဖြစ်နေဆဲပါဘဲ ။


ဟုန်ရှင်းကော ကရင်ဝကိုဖိကာ ချောင်းတဟွတ်ဟွတ်ဆိုးနေပြီး မြေကြီးပေါ်လဲနေရင်း ဘာတွေဖြစ်ကုန်မှန်းနားမလည်ပေ ။


အခုတင် အဆင်ပြေနေသေးတာပါ ဘာလို့ အခြေအနေတွေက ချက်ချင်းပြောင်းပြန်ဖြစ်သွားရတာလဲ....


xxxxxx