အပိုင်း ၂၂၆-၂၃၀
Viewers 14k

Chapter 226


ကျန်းဟွေ့မိန် ကစကားကိုဖြေးဖြေးပြောနေသော်လည်း သူမအသံကအေးစက်နေသည် ။


" ငါနင့်ကိုရှင်းရှင်းလင်းလင်းပြောထားမယ်.... နင့်ကိုငါ အခုထိစကားပြောနေသေးတယ်ဆိုတာက ငါတို့ကအမေတစ်ယောက်တည်းက မွေးတာမို့လို့ပဲ....  ငါ့အသက်ဆယ်နှစ်တုန်းက ကိစ္စကိုမှတ်မိသေးလား..... နင်ကငါ့ကိုနွားတစ်ကောင်အတွက်နဲ့ ကလေးသတို့သမီးအဖြစ်ရောင်းစားခဲ့တာလေ.... ငါကနွားတစ်ကောင်လောက်တောင်တန်ဖိုးမရှိခဲ့လို့လား..."


" အဲ့တာက အရမ်းငယ်သေးတော့ ငါဘာမှမသိခဲ့လို့ပါ...."


" ငါ့အသက်ဆယ့်ခြောက်နှစ်တုန်းကလဲ အဖေနဲ့အမေ ကငါ့ကိုနင့်ခန်းဝင်ကြေးအတွက် အတင်းလက်ထပ်ပေးချင်ကြတယ်.... ငါသာထွက်မပြေးခဲ့ရင်ဘာတွေဖြစ်နေမလဲဆိုတာ ဘယ်သူသိမှာလဲ....တခြားသူတွေ ကောင်းကောင်း နေရတဲ့အချိန်မှာ ငါ့မှာဝတ်စရာအဝတ်ကောင်းကောင်းတောင်မရှိဘူး ဒါတောင်နင့် ခန်းဝင်ကြေးအတွက်ငါက ရောင်းစားခံရမလို ဖြစ်ခဲ့တာ နင်သိသားပဲ...."


ကျန်းဟွေ့မိန် ကပြောရင်းနှင့် ပို၍သာဒေါသထွက်လာရသည်။


သူမဘယ်လိုမျိုးရှင်သန်ခဲ့ရလဲဆိုတာ ဘယ်သူမှမသိပေ။


ကျန်းဟွေ့မိန်က လုံခြုံရေး များကိုရဲခေါ်ခိုင်းလိုက်သည် ။


" နင့်ဘာသာ ငါနဲ့ဘာတော်တော် ခိုးတာကခိုးတာဘဲ...ပြစ်မူမှတ်တမ်းရှိပြီးသားဆိုတော့ နောက်ထပ်နှစ်နည်းနည်းလောက်ထောင်ထဲမှာထပ်နေရလိိမ့်မယ်...."


ရဲဖမ်းခံရမည့်အကြောင်းကြားသည့်အခါ ဟုန်ရှင်းကော ကဘာကိုမှ မမေးရဲတော့သလို စကားလဲမပြောရဲတော့ဘဲ ထွက်ပြေးတော့သည် ။


ကျန်းဟွေ့မိန် ကသူ့ကို ဂရုစိုက် ရန်ပျင်းလွန်းနေပြီဖြစ်သည်။


ကျန်းဟွေ့မိန်က အသဲမာကာ ဟုန်ရှင်းကော ကိုတစ်ပြားတစ်ချပ်မှပင်မပေးပေ ။


ခြံကနေလမ်းမကြီးပေါ်ကိုလျှောက်ဖို့အရမ်းကြာခဲ့ပြီး ပင်ပန်းလွန်းသောကြောင့် လမ်းဘေးတွင် ထိုင်နေခဲ့ရသည်။


အရမ်းဆာလောင်နေပါသော်လည်းဘာမှ စားစရာမရှိပေ ။ ပိုက်ဆံ လည်းမရှိသည့်အတွက် တောင်းစားဖို့သာတတ်နိုင်သည် ။


အဲ့ဒီအပြင် သူ့တွင်အိမ်ပြန်ရန်တောင်လမ်းစရိတ် မရှိပေ ။ အချိန်အတော်ကြာ ခြေပစ်လက်ပစ်ထိုင်နေပြီးနောက် တစ်ခုခုလုပ်ရန်စဥ်းစားမိသွားသည် ။ 


သူက ကျန်းရှောင်မန် ကြောင့်ထောင်ထဲရောက်ခဲ့ရနာဖြစ်ပြီး မပြီးပြတ်သေးသည့်ကိစ္စကိုအဆုံးသတ်ရမည်ဖြစ်သည် ။


ဟုန်ရှင်းကောက လွန်ခဲ့သည့်ခြောက်နှစ်ကတည်းက လူပျောက်ကြော်ငြာပေါ်က ဖုန်းနံပါတ်ကိုမှတ်မိနေသည် ။


သူ့ရဲ့ အသုံးမဝင်တဲ့သားက ကြောက်နေလို့သာမဟုတ်ရင် အစောကြီးကတည်းက ဖုန်းဆက်ပြီးဆုကြေးကိုရယူလိုက်ပြီးဖြစ်သည် ။


ယခုမူ သူ့ကိုတားမည့်သူမရှိတော့ပေ ။


ဟုန်ရှင်းကော လမ်းဘေးဖုန်းရုံသို့သွားကြာ နှစ်ပေါင်းများစွာ မှတ်မိနေသည့် ဖုန်းနံပါတ်ကိုခေါ်ဆိုလိုက်သည် ။


ထိုအချိန်တုန်းက လူပျောက်ကြော်ငြာမှာ ပျောက်ဆုံးသွားသည့်ကလေးအမေရဲ့ ငယ်စဥ်ကပုံကိုပါထည့်သွင်းထားသည် ။ ရှောင်မန် ငယ်စဥ်ကမသိသာသော်လည်း ယခုမူ ဆက်စပ်တွေးကြည့်၍ရပြီဖြစ်သည် ။


သူလုံးဝ မမှားနိုင်ဘူး။


" ဟယ်လို ဟယ်လို ...."


လျန်ယွမ်ချင်း ကအမည်မသိဖုန်းခေါ်ဆိုမူကို ဆေးရုံရောက်နေသည့်အချိန်တွင် လက်ခံရရှိခဲ့သည် ။


သူကအကြိမ်အနည်းငယ် ခေါ်နေပေမဲ့ တစ်ဖက်လူကဘာမှပြန်မပြောလာပေ ။ ဖုန်းချတော့မည့်အချိန်မှသာ တုန်ရီနေသည့် အသံနှင့်ပြောလာခဲ့သည် ။


" မင်း....မင်းတို့မိသားစုမှာ အရင်က ကလေးပျောက်ဖူးလား ..."


လျန်ယွမ်ချင်း ရဲ့မျက်နှာအမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့သည် ။ 


 "ငါ မြို့ Bကိုရောက်တုန်းက မင်းတို့မိသားစုမှာ ကလေးပျောက်သွားပြီး သတင်းပေးနိုင်တဲ့လူကိုဆုကြေးပေးမယ်လို့ပြောထားတာတွေ့တယ်...."


" မင်းတို့သိချင်မလားမသိဘူး အဲ့ဒီကြော်ငြာထဲကမိန်းမနဲ့ အရမ်းတူတဲ့ကလေးတစ်ယောက်ရှိတယ် သူမက မင်းတို့မိသားစုက ကလေးဖြစ်လောက်တယ် ..."


" ငါ့ကိုပိုက်ဆံမပေးရင် ငါဆက်မပြောပြတော့ဘူး ...."


လျန်ယွမ်ချင်း ရဲ့အစောတုန်းက စိတ်အခြေအနေကမကောင်းသော်လည်း ယခုတွင်သူ့နူတ်ခမ်းဖြားလေးက ဥာဏ်နီဥာဏ်နက်များစွာကော့တက်လာသည် ။


" ခင်ဗျား အခုဖုန်းနံပါတ်ကိုဘဲဆက်ရသေးတာမလား ...."


တကယ်ဆို ကြော်ငြာပိုစတာထဲမှာ ဖုန်းနံပါတ် သုံးလုံးပါရှိသည် ။


" မင်း...မင်းတစ်ယောက်တည်းပဲ.... ဘာလို့လဲ မင်းပိုက်ဆံမပေးနိုင်လို့လား...."


ဟုန်ရှင်းကော ကတုန်လူပ်စပြုလာသည် ။ တကယ်လို့ထိုသူသာမတတ်နိုင်ရင် သူပိုက်ဆံရတော့မှာမဟုတ်ပေ ။


xxxxxx


Chapter - 227


လျန်ယွမ်ချင်း တို့မိသားစုတွင် အမှန်တကယ်ကလေးပျောက်ခဲ့ပြီးမိန်းကလေးဖြစ်သည် ။


လွန်ခဲ့သည့် ဆယ်နှစ်တုန်းကဖြစ်ပြီးသူပင် မေ့လုနီးနီး ဖြစ်နေပြီဖြစ်သည် ။ ဆယ်နှစ်လုံးလုံး နေရာပေါင်းစုံကဖုန်းဆက်ခဲ့ကြသော်လည်း အစစ်အမှန် မဟုတ်ဘဲ ဆုကြေးငွေကိုလိုချင်၍သာဖြစ်သည် ။ 


လျန်ယွမ်ချင်းက စိတ်ညစ်လွန်း၍ဖုန်းနံပါတ် ပြောင်းပစ်ချင်သည်အထိဖြစ်သော်လည်း မပြောင်းဖြစ်ခဲ့ပေ ။


သူ့မွေးစားမိသားစုအတွက် ပိုက်ဆံကအရေးမကြီးပေ ။ ဆယ်နှစ်ကြာ နည်းလမ်းပေါင်းစုံသုံး၍ ရှာဖွေခဲ့ကြသော်လည်း အစအနပင်မတွေ့ရသောကြောင့် လက်လျှော့လုနီးပါးဖြစ်သည် ။


လျန်ယွမ်ချင်းလည်း လက်လျှော့လိုက်သလိုဖြစ်နေသည့်အချိန်တွင် ယခုဖုန်းက သူ့ကိုအံ့သြစေသည် ။


" ခင်ဗျားသေချာလား ..."


" သေချာတယ် သေချာတယ် ကလေးမလေးကအရမ်းချောတယ်... ငါ့ကိုမယုံရင် မင်းကိုယ်တိုင် သွားကြည့်နိုင်တယ် ပိုပြီးသေချာတာက ကလေးမလေးရဲ့မိဘတွေကဘယ်သူဆိုတာ မသိကြဘူး... မင်းမိသားစုက ပျောက်သွားတဲ့ကလေးဖြစ်နိုင်တယ် "


လျန်ယွမ်ချင်း စတင်ပြီးသေသေချာချာတွေးတောမိလာပြီဖြစ်သည် ။


ကျန်းရှောင်မန် ဖြစ်နေမည်ဆိုလျှင် အရမ်းအံ့သြရမည်မဟုတ်ပေ ။ သူမရဲ့မျက်နှာ အစိတ်အပိုင်းတွေကသူ့ဇနီးနှင့်ဆင်တူနေသောကြောင့်ဖြစ်သည် ။


သူအရင်က တွေးမိသော်လည်း နေရာကျဉ်းကျဉ်းလေးတွင် တွေ့ဆုံရန်အကြောင်းမရှိသောကြောင့်ဖြစ်နိုင်ချေ မရှိဟုထင်ခဲ့သည် ။ အခုတော့ သူ့သံသယတွေကမှန်ကန်လာပြီဖြစ်သည် ။


ထိုကလေးမွေးတုန်းက တစ်မိသားစုလုံး အရမ်းပျော်ရွှင်ခဲ့ကြသည် ။


သူမကမွေးခါစဖြစ်ပြီး မိန်းကလေးဖြစ်တာတောင်မှ အကြီးအကဲတွေက သူမအတွက် အမွေပစ္စည်းတွေ အပြိုင်အဆိုင်ပေးနေကြပြီဖြစ်သည် ။


သူကတော့မွေးစားသားတစ်ယောက်ဖြစ်သည့်အတွက် ဘာကိုမှမရခဲ့ပေ ။


သူမရဲ့မျိုးရိုးနာမည်က သူ့မျိုးရိုးဖြစ်သော်လည်း သူ့ကလေးဟုပင်သတ်မှတ်၍မရခဲ့ပေ ။


လျန်ယွမ်ချင်း ကမကျေမနပ်ဖြစ်နေခဲ့သည် ။ သူက ယောက္ခမ မိသားစုရဲ့အထောက်အပံ့ကိုမှီခိုနေရသလိုဖြစ်ပြီး အဆုံးတွင် ထောက်ပံ့မူမရလျှင် သူ့တွင်အခွံသာကျန်ရှိသည် ။


ထိုကလေးက နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသည့်အတွက် ဆက်ပြီးပျောက်ဆုံးနေတာသာကောင်းသည် ။


သူက ကျန်းရှောင်မန် ကိုသူမရသင့်သည့်ပိုင်ဆိုင်မူတွေကိုခွဲမပေးချင်ပေ ။ 


လျန်ယွမ်ချင်း သူ့လက်ထောက်ကိုဖုန်းခေါ်လိုက်သည် ။ ထိုလက်ထောက်ဖြစ်သူကသူကိုယ်တိုင်လေ့ကျင့်ပေးထားတာဖြစ်ပြီး မြေအောက်လောက နောက်ခံနှင့်ဖြစ်သောကြောင့် အပြုအမူများကရက်စက်ကာ အထိန်းအချုပ်မရှိတတ်ပေ ။


လျန်ယွမ်ချင်း ကထိုသူ၏အတိတ်အကြောင်းဂရုမစိုက်ပေ။ ရှင်းရှင်းပြောရင် အနည်းငယ်ကောင်းပြလိုက်သည်နှင့် အဆမတန်သစ္စာရှိသောကြောင့် အကျိုးရှိသည် ။


သူက လျန်ယွမ်ချင်း နှင့်နှစ်ပေါင်းများစွာအတူရှိလာတာဖြစ်ပြီး မကောင်းသည့်ကိစ္စများစွာကို လျန်ယွမ်ချင်း အစားဖြေရှင်းပေးရသည် ။


လျန်ယွမ်ချင်း ကသူ့ကိုအမိန့်ပေးလိုက်သည် ။


" မနက်ဖြန်ကျရင် ကျန်းရှောင်မန် ကိုငါနဲ့တွေ့ဖို့ခေါ်လာခဲ့...."


မနက်ဖြန်... ကျန်းရှောင်မန် ကိုတဲ့လား....


လက်ထောက်က ခဏမှင်သက်သွားပြီးမေးလိုက်သည် ။


" ကျန်းရှောင်မန် က ကျန်းရှင်း ရဲ့တူမမဟုတ်လား သူဌေးက ဘာလို့သူမကိုတွေ့ချင်ရတာလဲ...."


သူမက ကလေးပဲရှိသေးတာကိုလေ....


" မင်းမသိသင့်တာကိုမမေးနဲ့ နှစ်တွေအကြာကြီး ငါ့နောက်လိုက်လာတာတောင် စည်းကမ်းတွေကိုမသိဘူးလား ..."


လျန်ယွမ်ချင်း ဒေါသထွက်နေသောကြောင့်လေသံကလဲမာနေသည် ။ 


" သူမကို တိုးတိုးတိတ်တိတ်ပဲ ခေါ်လာခဲ့ မင်းကိုလူတွေသိပ်သတိမထားမိစေနဲ့ ..."


လျန်ယွမ်ချင်း အမှန်တကယ်စိတ်ပူနေသည် ။ သူသာ ရှောင်မန် ကိုရှာတွေ့ပါလျက် မပြောပြသည့်အပြင် သီးသန့်တွေ့သည်ကိုသာ သိသွားကြရင် ရှင်းပြရန် တကယ်ခက်မည်ဖြစ်သည် ။


လူနည်းနည်းသာသိလေ ကောင်းလေဖြစ်ပြီး ကျန်းရှင်း ကိုမသိစေချင်ပေ ။ သူ့မိသားစုကပါ မသိလျှင်ပိုကောင်းသည် ။ သူမက ထိုနှစ်တွင် ပျောက်ဆုံးခဲ့သည့်ကလေးဟုတ်မဟုတ်သိချင်ရုံသာဖြစ်သည် ။


လျန်ယွမ်ချင်း ကအမိန်ပေးပြီးသော်လည်းလက်ထောက်ကတွေဝေနေကာ ပြန်ဖြေမလာပေ ။


" ဒီလောက်လွယ်တာလေးကိုတောင်မလုပ်နိုင်ဘူးလား.... နှစ်တွေအကြာကြီး ငါမင်းကိုထောက်ပံ့ပေးလာတာတွေက အသုံးမဝင်ဘူးဘဲ...."


" ဒါပေမဲ့ ကျွန်တော် ကအခုလက်ဆေးနေတုန်းဘဲရှိသေးတယ်လေ...."


" ဟုတ်ပြီ ဒါဆိုလဲ မြန်မြန် ဆန်ဆန်လုပ် မင်းကိုဘသူမှသတိမထားမိဖို့ကို သေချာလုပ်ချေ..."


"ဟုတ်ကဲ့ သူဌေး ...."


လက်ထောက်တစ်ယောက်အနေနှင့် သူနားလည်ထားရမည်က လျန်ယွမ်ချင်း ကမနက်ဖြန်မှ လို့ပြောလျှင် ချက်ချင်းထလုပ်ရမှာဖြစ်ပြီး စောင့်ရမှာကိုမကြိုက်တတ်ပေ ။


သူ ကျန်းရှောင်မန် ကိုရှာရန်ချက်ချင်းလုပ်ရမည် ။


လျန်ယွမ်ချင်း စောင့်နေခဲ့သော်လည်း နောက်တစ်နေ့ရောက်သည်အထိ ရှောင်မန် ကိုမတွေ့ရဘဲ သူ့လက်ထောက်ဆီကဖုန်းဆက်လာတာကိုသာရခဲ့သည် ။ 


xxxxxx


Chapter 228


လက်ထောက်က ပြောလိုက်သည် ။


" ကျွန်တော် သူဌေးအတွက် လူကိုဖမ်းထားပြီးပါပြီ ...."


"!???"


" နေရာကတော့ မြို့ပြင်ကစွန့်ပစ်ထားတဲ့စက်ရုံမှာပါ..... စိတ်မပူပါနဲ့ သူဌေးမပြောသရွေ့ဘယ်သူမှသိမှာမဟုတ်ပါဘူး..."


" မင်းဘာတွေ လုပ်နေတာတုန်း...."


" သူဌေးစိတ်ချပါ ကျန်းရှင်း ကိုကလေးနဲ့ ခြိမ်းခြောက်ချင်တယ်ဆိုရင် အခုလုပ်လို့ရပါပြီ...."


လက်ထောက်က ချွေးသုတ်ကာဆက်ပြောလိုက်သည် ။


" ဒီကိစ္စပြီးသွားရင် ကျွန်တော် အလုပ်ထွက်ချင်ပါတယ် နောက်ထပ် ဒီလိုအလုပ်မျိုးတွေမလုပ်ချင်တော့ပါဘူး သူဌေးလက်ထောက် အသစ်သာရှာလိုက်ပါတော့ ...."


" မင်းရူးနေပြီလား ...."


လျန်ယွမ်ချင်း ကစိတ်တိုလွန်း၍သတိလစ် မလိုတောင်ဖြစ်နေသည် ။ 


ဘာတုန်းဟ...


စိတ်ရူပ်လို့ တိုက်ပေါ်ကပင် ခုန်ချချင်စိတ်ပေါက်နေပြီဖြစ်သည် ။ သူက ကျန်းရှောင်မန် ကို လူမသိအောင်တိတ်တိတ်လေး ခေါ်လာခိုင်းတာသာဖြစ်သည် ။


ဘာလို့ သူမကိုကြိုးတုပ်ထားရတာလဲ....


သူ့လက်ထောက်ရဲ့ ဦးနှောက်ကဘာတွေနဲ့ဖြည့်ထားတာလဲ....


လျန်ယွမ်ချင်း ကပြဿနာအကြီးကြီးမဖြစ်ချင်ပေ ။ ထို့ကြောင့် လက်ထောက်ပြောသည့် နေရာသို့ သူကိုယ်တိုင်မောင်းသွားလိုက်သည် ။


မြို့ပြင်က စွန့်ပစ်စက်ရုံဖြစ်ပြီး အနည်းငယ်ဝေးသည် ။


ဒါက ဒုတိယအကြိမ်မြောက် ရှောင်မန် ပြန်ပေးဆွဲခံလိုက်ရတာ ဖြစ်သည် ။ ပထမအကြိမ်က သူမဦးလေးဖြစ်ပြီး ကံကောင်းစွာနဲ့ လွတ်မြောက်ခဲ့ပြီး ထောင်ချနိုင်ခဲ့သည် ။


ယခုတစ်ခေါက် ပြန်ပေးဆွဲ တဲ့သူက တကယ့်လူဆိုးပုံဖြစ်သည် ။ ကျန်းရှောင်မန် မေ့ဆေးကြောင့် ခေါင်းမူးနေကာ အပြည့်အဝသတိမရသေးပေ ။


ပြန်ပေးဆွဲတဲ့ လူဆိုးတွေ ကမေ့ဆေးသုံးတာကလွဲရင် တခြားနည်းလမ်း မသိကြတော့ဘူးလား....


ပြန်ပေးဆွဲသူက လူကြီးတစ်ယောက်ဖြစ်ကာ ရှောင်မန် ကကလေးသာဖြစ်သော်လည်း ပြန်ချချင်၍ လက်ယားနေပြီဖြစ်သည် ။


ဒီညနေကျောင်းဆင်းတော့ ရှောင်မန် ကတစ်ယောက်ထဲသင်တန်းသို့ သွားခဲ့ရသည် ။ ယွီချင်းရှီ က ကိစ္စရှိ၍ဒီနေ့ သူမနှင့်အတူ မသွားနိုင်ပေ ။


သူမက ဆရာကို တိုက်ခိုက်နည်းတွေ သင်ချင်သည်ဟုပြောခဲ့သောကြောင့် ဆရာက တိုက်ခိုက်ရေးနည်းလမ်းတချို့ကို သင်ပေးမည်ဟု ပြောခဲ့ကာ ဒီနေ့က သေချာပေါက် စသင်ပေးမည့်နေ့ဖြစ်သည် ။


သူမက လက်ဝါးစောင်းနဲ့အုပ်ကြွပ်ပြား ခွဲတာကိုလည်းစွဲလမ်းနေသောကြောင့် ဆရာက အရင်လေ့ကျင့်နေခိုင်းခဲ့သည် ။


သူမလေ့ကျင့်နေစဉ် ဆရာအား သူမမိဘတွေက လာခေါ်ခိုင်းသည်ဟုဆိုကာ လူတစ်ယောက် ရောက်လာသည် ။


သင်တန်းဆရာက သူမကိုခေါ်ကာထိုလူစိမ်းကိုသိလားမေးခဲ့သည် ။ ထိုလူက ရှောင်မန် အားအရမ်းအရေးကြီးသည့် အရာတစ်ခုကို ပြောစရာရှိသည်ဟုဆိုသည် ။


ကျန်းရှောင်မန် ကခဏလောက်စဥ်းစားကာ ခေါင်းခါပြီး အလေးအနက်ပြောလိုက်သည် ။


" ရဲခေါ်လိုက်ပါဆရာ ...."


သင်တန်းဆရာက ရဲခေါ်ရန်လုပ်နေသည့်အတွက် လက်ထောက်က ဒူးထောက်ကာ တောင်းပန်ချင်လာခဲ့သည် ။


ဒီနေ့ခေတ်ကလေးများက လူကြီးတစ်ယောက်လိုတွေးခေါ်နေကြသည်ဟု မထင်မိခဲ့ပေ။


သူတို့ကို လှည့်စားနိုင်ရန် မလွယ်ကူပေ။


ရှောင်မန် ကိုအလွယ်တကူ ခေါ်မရသည့်အတွက် ဖမ်းပြေးရန်စဥ်းစားမိသော်လည်း သူမဘေးကဆရာက ကြွက်သားတွေ အပြည့်နှင့် လန့်စရာပုံဖြစ်သောကြောင့် သူမလုပ်ရဲချေ ။


မြန်မြန် ဆန်ဆန် ထွက်ပြေးရန်သာတတ်နိုင်သည် ။


မည်သို့ပင်ဆိုစေ သူ့သူဌေးပေးသည့်တာဝန်အား မပြီးပြီးအောင်လုပ်ရမည်ဖြစ်သည် ။


သင်တန်းနားက လမ်းကြား၌ အချိန်အတော်ကြာ စောင့်ပြီးနောက် ရှောင်မန် ကအိမ်ပြန်ရန်ထွက်လာခဲ့သည် ။


ရှောင်မန် ကိုအမျိုးမျိုး ဆွဲဆောင်ခဲ့သော်လည်း သူမကအဖတ်မလုပ်ပေ ။ သူကရွေးချယ်စရာမရှိတော့ဘဲပြောလိုက်ရသည် ။


" ကလေးလေး ဦးရဲ့သူဌေးက သမီးကို တွေ့ချင်နေတယ် ...."


ရှောင်မန် ကစပ်စုစွာမေးလိုက်သည် ။


" ဦးရဲ့သူဌေးက ဘယ်သူလဲ ...."


" လျန်ယွမ်ချင်း လေ သမီးဦးလေးနဲ့သိတယ်...."


လူဆိုးကြီး က သူမရဲ့ဦးလေးကို ပြဿနာရှာချင်ပြန်ပြီလား....


ကျန်းရှောင်မန် ကထိုလူဆိုးကြီးနှစ်ယောက်ကို သင်ခန်းစာပေးချင်သည် ။ သူမခြေလှမ်းအနည်းငယ်ဘဲ လျှောက်ရသေးပြီး သတိလစ်သွားခဲ့ရသည် ။


နိုးလာသည်နှင့် ဒီနေရာသို့ရောက်နေခြင်းဖြစ်သည် ။ 


xxxxxx


Chapter 229


"ပိုင်ရှင်ပြန်ပေးဆွဲ ခံရပြန်ပြီလား ...."


စနစ်က မျက်လုံးလှန် လိုက်ချင်သော်လည်း ကံမကောင်းစွာဖြင့် ခန္ဓာကိုယ်က ရှိမနေပေ ။


" ဘဝကြီး က အရမ်းဆိုးရွားနေတာပဲ ...."


စနစ်ရဲ့ပြောစကားကြောင့်ရှောင်မန်က ဝမ်းနည်းလာသော်လည်း သူမကလေးဘဝကအတွေ့အကြုံရှိပြီးဖြစ်သည့်အတွက် အရမ်းကြီး မခံစားရတော့ပေ ။


စွန့်ပစ်အဆောက်အဦကြီးထဲတွင် ဖုန်များ၊ ပင့်ကူအိမ်များနှင့်ပြည့်နှက်နေကာ မလုံသည့်အပေါက်တွေကြားမှနေရောင်က ကြို့တို့ကြဲတဲ ဝင်ရောက်နေကာ တဖြည်းဖြည်း နှင့် မိုးချုပ်တော့မည်ဖြစ်သည် ။


မှောင်စပြုလာပြီဖြစ်သည့်အတွက် ရှောင်မန် ကြောက်လာသော်လည်း မငိုခဲ့ပေ ။ ငိုတာက သူမကိုအလိုလိုက်သည့် လူတွေကြားမှာသာအသုံးဝင်သည် ။


သူမအော်ငိုလျှင်လည်း ကယ်မည့်သူရောက်လာနိုင်ခြေအရမ်းနည်းကာ ငိုယိုပြီးအားအင်တွေကိုဖြုန်းတီးမည့်အစား ဘယ်လိုထွက်ပြေးရမလဲစဥ်းစားတာကမှ ပိုအသုံးဝင်သေးသည် ။


သူမတံခါးကိုသွားပြီး အကြိမ်ရေအနည်းငယ်ကန်လိုက်သော်လည်း တံခါးကပွင့်မည့်ပုံမပေါ်ပေ ။ 


ကန်ပြီးရင်းကန်နေသော်လည်း တံခါးကလူပ်ခါနေကာ မပွင့်ပေ ။


စနစ်ကပြောလိုက်သည် ။


" တံခါးကအပြင်ကနေ သော့ခတ်ထားတာ ဘယ်လောက်ကန်ကန် အားပဲကုန်မယ် ပွင့်လာမှာမဟုတ်ဘူး ...."


" အွန်း ..."


ရှောင်မန် ကပျင်းရိစွာဖြေလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ ပတ်ကြည့်နေတော့သည် ။


သူမကတံခါးကနေ မထွက်နိုင်လျှင် ခွေးတိုးပေါက်ကိုရှာရမည် ။ ခွေးတိုးပေါက်ကနေထွက်တာက သူမအကျွမ်းကျင်ဆုံးဖြစ်သည် ။


ကျန်းရှောင်မန် ကခွေးတိုးပေါက်လိုက်ရှာနေပါသော်လည်း နံရံတွေကကွန်ကရစ်လောင်းထားတာတွေ ဖြစ်သောကြောင့် ခွေးတိုးပေါက်ကိုအသာထား ကြွက်တိုးပေါက်ပင်ရှာမရချေ ။


" ဦးဦးစနစ် ဘာလို့သမီးရဲ့မကောင်းတဲ့ အဖေကသမီးကိုပြန်ပေးဆွဲရတာလဲ... သူ့မှာပိုက်ဆံမလိုဘဲနဲ့ ကလေးတစ်ယောက်ကိုပြန်ပေးဆွဲစရာမလိုဘူးလေ ...."


ကျန်းရှောင်မန် မတွေးတတ်တော့ပေ ။ 


သူမကဒီတိုင်း ကျောင်းသူလေးတစ်ယောက်ပဲကို ဘာလို့ ဒီလိုတွေကြုံတွေ့နေရတာလဲလို့...


သူမကဒီတိုင်း ကောင်းကောင်း အိပ် ၊ ကောင်းကောင်း စား ၊ စာကောင်းကောင်း လုပ်ပြီး ကာတွန်းကား လေးအေးဆေးကြည့်ချင်ရုံသာဖြစ်သည် ။


စနစ်ကလည်း ဘာကြောင့်မှန်းမသိပေ ။


ကျန်းရှောင်မန် ကိုပြန်ပေးဆွဲသည့်သူက ရင်းနှီးသည့် ဇာတ်ကောင်မဟုတ်ပေ ။


သူက ဇာတ်ညွှန်းထဲတွင်တစ်ခါမှပေါ်မလာဘူးကာ ဖြတ်လျှောက်လာတဲ့ အရံတစ်ယောက်သာဖြစ်နိုင်သည် ။


စဥ်းစားပြီးနောက် ဇာတ်ညွှန်းအပြောင်းအလဲတွေက ကျန်းရှင်းကြောင့်သာဖြစ်နေသည် ။


" မင်းဦးလေးရဲ့ ရန်သူတွေက စိတ်ဖြေဖို့ မင်းကိုပြန်ပေးဆွဲတာလားမှမသိတာ ...."


ကျန်းရှောင်မန် ကဘာမှမပြောနိုင်တော့ပေ ။


သူတို့က ဘာလို့ ကလေးတစ်ယောက်ကိုပြန်ပေးဆွဲရတာလဲ....


တကယ် မကောင်းတဲ့လူတွေပဲ....


သူတို့မှာ သတ္တိရှိရင် ဦးလေးဆီကိုယ်တိုင်သွားချကြလေ ။ ဘာလို့ကလေးတစ်ယောက်ကို လာအနိုင်ကျင့်နေကြတာလဲ ။


ကျန်းရှောင်မန် ကဆက်ပြီးစိတ်ရူပ်မခံတော့ဘဲ စနစ်ဆီက အစားအစာတချို့လဲလှယ်ကာ စားသောက်နေတော့သည် ။


ကလေးတွေက အမှောင်ထဲမှာတစ်ယောက်ထဲရှိရမှာကိုကြောက်ကြသည် ။


တစ်ယောက်တည်းရှိရမှာကိုကြောက်တာလား....


ဦးဦးစနစ်နဲ့ စကားပြောနေလို့ရတယ်လေ....


အမှောင်ကိုကြောက်တာလား...


ဒီနေရာမှာ ကြွက်တွေရှိရင်ပိုတောင်ကောင်းဦးမယ်... သူမကြွက်မဖမ်းရတာကြာပြီလေ.....


"ပိုင်ရှင်လက်မှတ်တွေဖျောက်ပစ်မှာကိုသတိထား ..."


" လက်မှတ်တွေဖျောက်တာကဘာကိုပြောတာလဲ...."


" အဲ့တာက မြေအောက်လောက ကအသုံးအနူန်းတစ်ခုဘဲ... လူသတ်ပြီးအလောင်းဖျောက်တာကိုပြောတာ..."


" ရက်စက်လိုက်တာ...."


ရှောင်မန် ဒေါသတကြီး ပြောလိုက်သည် ။


ထိုအချိန်တွင် တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်၌ ခြေသံများထွက်ပေါ်လာပြီး တစ်ယောက်ယောက် လာနေမှန်းသိသာသည် ။


လူကောင်းလား လူဆိုးလား သူမမသိပေ ။ စနစ်ကပြောလိုက်သည် ။


" အဲ့လူက ရဲမဟုတ်လောက်ဘူး ... ပုန်းနေသင့်တယ် ..."


ထိုလူက ရဲမဟုတ်ပါက သူမကိုပြန်ပြေးဆွဲလာသည့် လူဆိုးသာဖြစ်မည် ။


ရှောင်မန် နံရံထောင့်နားတွင်ပုန်းနေခဲ့သည် ။ ခဏအကြာ မှာတော့ တံခါးပွင့်သွားပြီး လူတစ်ယောက် ဝင်လာခဲ့သည် ။


ထိုသူကအရပ်ရှည်ကာ သူမမျက်နှာမမြင်ရသော်လည်းရင်းနှီးသလိုရှိသည် ။


" သူမဘယ်မှာလဲ...."


လျန်ယွမ်ချင်း ကအနီးအနားတွင်ရှာသော်လည်း ဘယ်သူမှမတွေ့ပေ ။


ကျန်းရှောင်မန်က ဘောလုံးတစ်လုံးလိုကွေးနေခဲ့ပြီး အရမ်းမှောင်နေသောကြောင့် လွယ်လွယ်နှင့် မမြင်ရခြင်းဖြစ်သည် ။


ဒါဆို လျန်ယွမ်ချင်း ပေါ့...


အဆိုးဆုံး ဗီလိန်ကြီး....


ရှောင်မန် အမှန်တကယ်ပင် ဒေါသထွက်လာပြီဖြစ်သည် ။ 


ဦးဦးစနစ် ပြောတာမှန်တယ်... တကယ်ဘဲ သူမဦးလေးနှင့်ပက်သက်နေသည်....


နောက်ဆုံးတစ်ခေါက်က ကိစ္စအတွက် သူမဦးလေးကို အငြိုးထားနေတုန်းဖြစ်ရမယ်....


သူကတကယ်ဆိုးတာပဲ...


မိသားစုတွေအပေါ် မကောင်းတဲ့အပြင် အပြင်လူတွေ အပေါ်ပိုဆိုးကာ စိတ်ကောင်းဝင်နေသည့် အချိန်ဟူ၍မရှိပေ ။


သူကသူမရဲ့ အဖေလို့ပြောရင်တောင်မှ သူမအနေနဲ့ အတွန့်မတက်ရဲပေ ။


ထိုသို့စဥ်းစားမိတော့ ပိုလိုတောင် မုန်းလာသေးသည် ။ သူမအနေဖြင့် မည်မျှဗီလိန်ဆန်ပါစေ လျန်ယွမ်ချင်း ကိုဘယ်တော့မှ လိုက်မမှီနိုင်လောက်ပေ ။


သူမပိုပြီး ကြိုးစားရမည့်ပုံပေါ်သည် ။ ပြန်ပေးဆွဲသည့်ကိစ္စလိုပေါ့ သူမအနေနဲ့ ကလေးတစ်ယောက်ကိုပြန်ပေးဆွဲရန် မလုပ်နိုင်ပေ ။


သို့သော် လူကြီးတွေက သူတို့ ပြန်ပေးဆွဲ ချင်တဲ့သူကို ကြိုက်တဲ့အချိန်တွင်ပြန်ပေးဆွဲနိုင်ကာ သတိမေ့စေချင်တဲ့လူကို မေ့ဆေးတွေ ဖောဖောသီသီသုံးကာ သတိမေ့စေလိမ့်မည် ။


သူတို့က တော်တော်ကြီးကို အကျင့်ယုတ်ကြသည်။

xxxxxxx


Chapter  230


ကျန်းရှောင်မန် သူမရင်ထဲကနေ အရူးဟု အကြိမ်အနည်းငယ်လောက်ကျိန်ဆဲပြီးနောက် မှောင်ရိပ်ခိုကာ ထွက်ပြေးရန် ကြံသော်လည်း လျန်ယွမ်ချင်း ကငတုံးမဟုတ်ပေ ။


ကျန်းရှောင်မန် တံခါးဆီသို့ ခိုးကြောင်ခိုးဝှက်ဖြင့် သွားနေသည့်အချိန်တွင် လျန်ယွမ်ချင်း ကသတိထားမိကာ သူမကိုဖမ်းဆွဲလိုက်သည် ။


" မင်းက ဒီမှာ ပုန်းနေတာလား ရှာရခက်လိုက်တာ...."


လျန်ယွမ်ချင်း ရှောင်မန် ၏အကျ်ီဂုတ်ကဆွဲကာပြောလိုက်သည် ။ ညအမှောင်ထဲ၌ လျန်ယွမ်ချင်း ရဲ့ မျက်လုံးများက သားရဲတစ်ကောင်လို အန္ဒရာယ်ရှိပုံပေါ်နေသည် ။


ရှောင်မန် ကသတ္တိရှိတဲ့ကလေးတစ်ယောက်ဖြစ်ပြီးသူမက အမှောင်နဲ့ကြွက်တွေကိုမကြောက်သော်လည်း လျန်ယွမ်ချင်း ရဲ့အကြည့်တွေကိုတော့ထိတ်လန့်စပြုလာသည် ။


လျန်ယွမ်ချင်း ကသူမကိုပြန်ပေးဆွဲခဲ့သည့်ဦးလေးထက် ပိုကြောက်ဖို့ကောင်းသည် ။ ရှောင်မန် ကမငိုမိအောင် သူမနူတ်ခမ်းကိုတင်းတင်းကိုက်ထားကာ ပြောလိုက်သည် ။


" သမီးကိုလွှတ်ပေး ဗီလိန် ကြီး....... အိမ်ပြန်ရောက်ရင် ဦးလေးနဲ့တိုင်ပြောပြီး ရိုက်ခိုင်းမှာ..... ပြီးတော့ ဦးဦးရဲကြီး တွေကလဲခွင့်လွှတ်မှာမဟုတ်ဘူး.... ကလေးကိုတောင်ပြန်ပေးဆွဲတဲ့လူယုတ်မာကြီး....  ဒီကိစ္စကိုသာ ဦးမိသားစုကသိသွားရင် စိတ်ပျက်ပြီး မောင်းထုတ်ပစ်ကြလိမ့်မယ်.... ကိုယ့်နေရာကိုယ်သိတယ်ဆိုရင် သမီးကိုလွှတ်ပေး....."


ကျန်းရှောင်မန် ၏စကားများကထိရှကာ လျန်ယွမ်ချင်း ခေါင်းပေါ်သို့ ရေအေးတစ်ပုံးလောင်းချလိုက်သလိုပင်ဖြစ်သည် ။


လျန်ယွမ်ချင်း ကစီးပွားရေးသမားတစ်ယောက်ဖြစ်သည့်အတွက် ဂုဏ်သတင်းက အကျိုးအမြတ်ပင်ဖြစ်ကာဘာအတွက်ကြောင့်နှင့်မှ နာမည်ပျက်မခံနိုင်ပေ ။


သူရှောင်မန် ကိုလွှတ်ပေးကာ စိတ်ငြိမ်စေရန် သူမခေါင်းကိုပွတ်သပ်ဖို့ကြိုးစားပါသော်လည်း ရှောင်မန် ကရှောင်ထွက်လိုက်သည် ။ 


ကျန်းရှောင်မန် ကအမှန်တကယ် ဒေါသထွက်နေပြီး သူမအသားကိုအထိမခံပေ ။ လျန်ယွမ်ချင်း ကဆောင့်ကြောင့်ထိုင်ကာ သူမကိုကြည့်ပြီးပြောလိုက်သည် ။ 


" ဦးလေးပြောတာကိုနားထောင်ပါဦး....  ဒီလိုဖြစ်တာက အထင်လွဲတာပါ ဦးလေးလဲ သူ့ကိုအပြစ်ပေးပြီးပါပြီ....သမီးပြန်ရောက်ရင် ဦးလေးက ကစားဖို့ခေါ်သွားတာလို့သမီး ဦးလေးကိုပြောလိုက်နော်...."


လူကြီးတွေက ဘယ်လိုဘဲလုပ်ချင်ပါစေ ရှောင်မန် ကမဟုတ်ဘူးငြင်းလိုက်သည်နှင့် ကိစ္စပြီးပြီဖြစ်သည် ။


လျန်ယွမ်ချင်း မထင်မှတ်ထားသည်ပ ရှောင်မန် ကလှည့်စားရလွယ်ကူသည့်ကလေးတစ်ယောက်မဟုတ်ပေ ။


တခြားကလေးတွေက ခြိမ်းခြောက်ခံရရင် ဘာမှမပြောကြသော်လည်း သူမကတော့ထိုသို့မဟုတ်ပေ ။ ခြိမ်းခြောက်ခံရရင် ပိုငိုပြီးပြောမည် ။ နှစ်ခွန်းခြိမ်းခြောက်ခံရလျှင် လေးခွန်းစာတိုင်တောမည်ဖြစ်သည် ။


" လိမ်နေတာ အဲ့ဒီလူကြီးကိုဦးလွှတ်လိုက်တာ သမီးကိုသုံးနှစ်ကလေးလို့ထင်ပြီးလာလှည့်စားနေတာလား ...."


" ဦးလေးမလိမ်ပါဘူး သမီးကိုတကယ်ကယ်ဖို့လာတာကို သမီးအထင်လွဲနေတာ ...."


လျန်ယွမ်ချင်း ကပြုံးကာရှင်းပြနေသော်လည်း ရင်ထဲကတော့ ဒေါသထွက်နေပြီဖြစ်သည် ။


သူရဲ့လက်ထောက်က တကယ်ကိုအရူပ်ထုပ်ပဲ..... အလုပ်ကိုသေချာမလုပ်ဘဲ ဖွထားခဲတဲ့ပြဿနာတွေကို သူဌေးလုပ်သူကလိုက်ရှင်းနေရတယ်....


" တကယ်လို့မယုံဘူးဆိုရင် ရဲခေါ်ပြီးစုံစမ်းခိုင်းလိုက်လို့ရတယ် အဲ့ဒီလူကိုဘယ်သူလွှတ်လိုက်တာလဲ သမီးသေချာသိရမှာပါ....."


လျန်ယွမ်ချင်း ပြောနေသော်လည်း ရှောင်မန် က လုံးဝ လုံးဝလုံးဝ ကိုမယုံပေ ။


ဦးဦးစနစ် ကလျန်ယွမ်ချင်းက ဗီလိန်ကြီး ဟုပြောထားသောကြောင့် သေချာပေါက် သူသည်လူဆိုးဆိုတာ သံသယရှိစရာမလိုပေ ။


အရာအားလုံးထက် သူမဒီနေရာကလွတ်ဖို့သာအရေးကြီးသည် ။ ကျန်းရှောင်မန် ကခေါင်းငုံ့ကာ အသံတိုးတိုးလေးနှင့်ပြောလိုက်သည် ။


" သမီးတို့ ဒီကနေအရင်ထွက်သွားလို့ရမလားဟင် သမီးဘာမှမစားရသေးသလို ဒီနေရာကြီးကိုလည်းမကြိုက်ဘူး ...."


အချိန်ကြာနေပြီဖြစ်သော်လည်း လျန်ယွမ်ချင်း ကဘာကိုမှအတည်မပြုနိုင်သေးသည့်အပြင် သူမကိုပါစောင့်ရှောက်ပေးရဦးမည်ဖြစ်သည် ။


ရုတ်တရက် လျန်ယွမ်ချင်း ကရှောင်မန် ရဲ့အက်ျီကော်လံအောက်က ကြိုးရာကိုတွေ့သွားခဲ့သည် ။ ကြိုးရာကအဟောင်းဖြစ်ကာ အချိန်ကြာမြင့်စွာကတည်းက အမာရွတ်ကျန်ခဲ့ပုံပေါ်သည် ။


လျန်ယွမ်ချင်း ကကြမ်းတမ်းစွာဆွဲလိုက်သောကြောင့် ရှောင်မန် ကိုနာကျင်စေခဲ့သည် ။ ရှောင်မန် ကပျောက်ဆုံးနေသည့်သူမ အမှန်ပင်ဖြစ်သည် ။


လျန်ယွမ်ချင်း၏ အတွေးတွေက ခဏမျှဗလာဖြစ်သွားပြီး ရှောင်မန် ကိုအေးစက်စွာစိုက်ကြည့်လိုက်သည် ။


" ဦးလေး သမီးရဲ့လည်ဆွဲလေးကိုပြန်ပေး ..."


လျန်ယွမ်ချင်း ကဘာမှပြန်မပြောဘဲ လည်ဆွဲကိုယူကာလှည့်ထွက်လိုက်ပြီး သူမကိုခေါ်ထုတ်သွားမည့်အကြောင်းတစ်ခွန်းမှမပြောပေ ။


ဒီနေရာကိုသူမကိုခေါ်လာခဲ့တာက သူမဟုတ်သလို သူမကိုလဲဘာမှမလုပ်ရသေးပေ.


သူစိမ်းကလေးတစ်ယောက်ကို ကယ်တင်ရန်မလိုပေ။ သူမကိုဒီမှာဘဲပေးနေလိုက်မည် ။


လျန်ယွမ်ချင်း ကရှောင်မန် အကူအညီတောင်းသည်အား လျှစ်လျှူရူကာကားမောင်းပြီးထွက်သွားရန် အသင့်ဖြစ်နေခဲ့သည်။ ထိုအချိန်မှာပဲ စနစ်ကအသည်းအသန်ပြောလာခဲ့သည် ။


" ပိုင်ရှင်... သူကလည်ဆွဲကိုယူပြီး တစ်ယောက်ထဲထွက်သွားမှာ သူ့ကိုမြန်မြန်တား ..."


ကျန်းရှောင်မန် သေချာပေါက် နားလည်ပေသည်။ သူမမျက်ရည်တွေကိုသုတ်ပြီး အသက်ပြင်းပြင်းရူကာ မားမားရုံရဲ့အပ်စိုက်ကုထုံးကို အမှတ်အားလုံးနှင့် လဲလှယ်လိုက်သည် ။


သူမကတည့်တည့်မောင်းနေသည့် ကားက ရုတ်တရက် သစ်ပင်တစ်ပင်ကိုဝင်တိုက်မိကာ လျန်ယွမ်ချင်း သည်ကာထဲကခုန်ထွက်လာပြီးအော်ဟစ်နေခဲ့သည် ။


" အား..  အား... အား...."


သူ့တင်ပါးကလည်းနာကာ ခေါင်းတွေပါကိုက်လွန်းသောကြောင့် မတ်တပ်ပင်မရပ်နိုင်တော့ချေ ။


xxxxx