အပိုင်း ၂၃၁-၂၃၅
Viewers 14k

Chapter 231


လျန်ယွမ်ချင်း သူကျိန်စာတိုက်ခံနေရသည်ဟုပင်ထင်စပြုလာသည် ။ သူခန္ဓာကိုယ်ကအကြောင်းမဲ့နာကျင်လာတတ်ပြီး မတ်မတ်တောင်မရပ်နိုင်တော့သည်အထိဖြစ်သည် ။


အစက ကြွက်သားအားနည်းသည့်ရောဂါတစ်ခုဟုထင်ခဲ့သော်လည်း ဆေးစစ်ချက်အဖြေတွင်အရာအားလုံးက ပုံမှန်ဖြစ်နေသည် ။ သူ့ခန္ဓာကိုယ်က ပုံမမှန်သည့်ရောဂါတစ်မျိုးဖြစ်နေကာ ဆေးစစ်ချက်များ၌အဖြေမပေါ်နိုင်သည့်အရာတစ်ခုခုဟု သံသယရှိသည် ။


လျန်ယွမ်ချင်း ဆက်တိုက်ပြောနေသောကြောင့်ဆရာဝန်ကပင် ကျန်းမာသည့်လူတစ်ယောက်ကတကယ် ရောဂါရှိနေသည်ဟု ထင်စပြုလာခဲ့သည် ။


ခန္ဓာကိုယ်တွင် မဟုတ်ဘဲ ခေါင်းထဲတွင် ရောဂါရှိလာသည်ဟုထင်ခြင်းဖြစ်သည်။


ကားထဲရှိနေရာက ကျဥ်းလွန်းသည့်အပြင် အကာအကွယ်လေအိတ်သာ ကန်ထွက်လာခဲ့ရင် သူ့နာကျင်မူကနှစ်ဆဖြစ်လာလိမ့်မည်ဖြစ်ကာ ကားထဲကအလျှင်အမြန်ထွက်ပြီး နာကျင်မူပျောက်သွားတဲ့အထိ သည်းခံနေရုံသာတတ်နိုင်သည် ။


နေရာအနှံ့ အပ်တွေစိုက်နေသလိုနာကျင်သော်လည်း နာကျင်မူက ကြာရှည်မည် မဟုတ်ကြောင်းကိုလျန်ယွမ်ချင်းသိသည် ။


အချိန်အနည်းငယ် ကြာပြီးလျှင်သူကားပြန်မောင်းကာထွက်သွားလို့ရပြီဖြစ်သည် ။


အဲ့ဒီကလေးအတွက်ကတော့....


လျန်ယွမ်ချင်း မျက်လုံးပွတ်ပြီးကြည့်လိုက်သည့်အချိန်တွင် ရှောင်မန်က ထိုနေရာ၌ရှိမနေတော့ပေ။


သူမပျောက်သွားပြီ....


လျန်ယွမ်ချင်း အနည်းငယ် စိတ်ရူပ်ထွေးသွားသော်လည်း အလျှင်အမြန်ဘဲ ပြန်တည်ငြိမ်သွားခဲ့သည် ။


သူမ ကြောက်လွန်းလို့ထွက်ပြေးသွားတာဖြစ်ရမယ်....


သူမထွက်ပြေးသွားတာ ကောင်းသည် ။ ပိုဝေးဝေးပြေးလေ ပိုကောင်းလေဖြစ်ကာ အနီးတဝိုက် ၌သားရဲတချို့ပင်ရှိနေနိုင်သည် ။


ထိုအတွက် သူ့ကိုအပြစ်တင်၍မရပေ။


လျန်ယွမ်ချင်း ထိုသို့တွေးပြီးအနည်းငယ်ပျော်ရွှင်မိနေသည် ။


ကျန်းရှောင်မန်က ထွက်ပြေးခဲ့သော်လည်းအဝေးကြီးမဟုတ်ဘဲ လျန်ယွမ်ချင်း ထံမှ ပုန်းရုံသာဖြစ်သည် ။


စနစ်၏တွက်ချက်မူအရ လျန်ယွမ်ချင်း ကစိတ်လွတ်ပြီး ရှောင်မန် ကိုထိခိုက်စေနိုင်သောကြောင့် လုံခြုံမူရှိစေရန်အတွက်ပုန်းနေခိုင်းခြင်းဖြစ်သည် ။


ရှောင်မန်ကလည်း မငြင်းဆန်ခဲ့ပေ ။ သူမက သစ်ပင်ကြီးတစ်ပင်နောက်တွင်ရှိနေပြီး သူမဘက်က လျန်ယွမ်ချင်း ကိုမြင်ရသော်လည်း လျန်ယွမ်ချင်း ဘက်မှ သူမကိုမမြင်နိုင်ပေ ။


" သမီးအခု ဘာဆက်လုပ်ရမလဲဟင် ဦးဦးစနစ် ...."


ရှောင်မန် မည်မျှသတ္တိရှိနေပါစေ သူမက ကလေးတစ်ယောက်ဘဲဖြစ်နေသေးကာ စတင်ကြောက်လန့်လာပြီဖြစ်သည် ။


ရွာမှာနေစဉ်က ကလေးများကတောင်ပေါ်ကို ညဘက်တစ်ယောက်တည်း မသွားသင့်ကြောင်း အထူးသဖြင့် ညဘက် ဖြစ်ကြောင်း ကိုအတန်တန်မှာကြားခဲ့သည် ။


သွားရန်ကြိုးစားသည့် မည်သည့်ကလေးမဆိုအရိုက်ခံကြရသည်ချည်းသာဖြစ်သည် ။ ရှောင်မန်က စူးစမ်းလိုသော်လည်း သူမအသက်ကလေးကိုတန်ဖိုးထားဆဲဖြစ်ကာ မစမ်းသပ်ရဲပေ ။


"ပိုင်ရှင် ကို လျန်ယွမ်ချင်း ခေါ်သွားဖို့အတွက် နည်းလမ်းတစ်ခုကိုရှာမှဖြစ်မယ်နော် ...."


စနစ် ပတ်ဝန်းကျင်ကို စကဲန်ဖတ်လိုက်ပြီး မြွေနှင့်အန္ဒရာယ်ရှိ အကောင်ပလောင်များမရှိမှသာ စိတ်သက်သာရာ ရသွားခဲ့သည် ။


" ပထမဦးစားပေးက ဒီနေရာ ကနေထွက်သွားရဖို့ပဲ... လျန်ယွမ်ချင်း ကိုဒေါသမထွက်စေနဲ့ လူကြီးတွေ ဒေါသထွက်လာရင်ကျိုးကြောင်းမသင့်တာတွေလုပ်လာနိုင်တယ်...."


ရှောင်မန်က ကိုယ်ခံပညာကိုနှစ်အနည်းငယ်လောက်သင်ယူပြီးတခြားကလေးများကို အနိုင်ယူနိုင်သော်လည်း လူကြီးတစ်ယောက်နှင့်မယှဥ်နိုင်သေးကာ လျန်ယွမ်ချင်း ကိုချဖို့မဖြစ်နိုင်ပေ ။


ကျန်းရှောင်မန် ညည်းညူလိုက်သည် ။


" သမီးက သူ့ကိုဒေါသထွက်အောင်မလုပ်ဘူးဆိုရင်တောင်မှ သူက ကြောက်စရာကောင်းနေတုန်းပဲ ...."


သို့ရာတွင် ရှောင်မန် ၌အသုံးပြုရန်ကဒ်တွေအများကြီးရှိနေသောကြောင့် အနည်းငယ်စိတ်ချရသည် ။ သူမ၌ အပ်စိုက်ကုထုံးကဒ်တွေရှိနေဆဲဖြစ်ကာ လျန်ယွမ်ချင်း ကို မြေကြီးပေါ်ကထမရအောင်လုပ်နိုင်သည် ။


သူက နာကျင်မူကြောင့် သူမကိုဂရုမစိုက်နိုင်သည့်အချိန်တွင် သူမကားမောင်းတတ်ပါက မောင်းပြေးကာ လျန်ယွမ်ချင်း အားထားခဲ့ပြီဖြစ်သည် ။


သူမက သူ့ထက်ဆိုးအောင်ပင်လုပ်နိုင်သေးသည် ။ လူကြီးတစ်ယောက်ကိုတောထဲမှာပစ်ထားခဲ့လျှင်ပင် ဘာမှဖြစ်မည်မဟုတ်ပေ။ သို့သော် ကလေးတစ်ယောက်ကိုတော့ သူမပစ်ထားခဲ့မှာမဟုတ်ပေ။


ကံမကောင်းစွာဖြင့် ရှောင်မန် က ကားမမောင်းတတ်ပေ ။ သူမ၏အတွေးတွေကို စနစ်ကသိသောအခါ တိုးတိုးလေး ပြောလိုက်သည် ။


"ပိုင်ရှင် အမှတ်တွေကိုသုံးပြီး လျန်ယွမ်ချင်း ကိုနေရာရွေ့ပစ်လို့ရတယ်လေ....ဒါဆို ကားထဲမှာဝင်နေလို့ရတယ် ....တောထဲမှာညဘက်ကအရမ်းအန္ဒရာယ်များတယ်..."


ရှောင်မန်က ထိုအချက်ကိုမစဥ်းစားမိခဲ့ပေ ။


ဦးဦးစနစ် ကတော့ ဦးဦးစနစ် ပါပဲလေ.... အရမ်းဉာဏ်ကောင်းတယ်....


ကျန်းရှောင်မန် သူမခေါင်းကိုကုတ်ပြီးစဥ်းစားနေစဉ် လျန်ယွမ်ချင်း၏ အပ်စိုက်ကုထုံးကဒ်က အာနိသင်ပြယ်လာပုံရသောကြောင့် ရှောင်မန် ကနှစ်ကဒ်ဆက်တိုက်အသုံးပြုကာ လျန်ယွမ်ချင်း ကိုဆက်ခံစားစေလိုက်သည် ။


တစ်ကဒ်အသုံးပြုခြင်း၏ အာနိသင်ကသိပ်မထိရောက်သောကြောင့် ရှောင်မန် ကအမှတ်ဇယားကိုကြည့်လိုက်သည့်အခါ နှစ်ရာကျော်ကျော်သာကျန်တော့ကြောင်းတွေ့လိုက်ရသည် ။ 


အမှတ်တွေကအလျှင်အမြန်ပင် ကုန်ဆုံးသွားကြသည် ။ သူမကဒီတိုင်း ဆက်သွား၍မရပေ ။ စနစ်နှင့်မတူပဲ ရှောင်မန် ကတခြားအကြံတစ်ခါကိုတွေးမိသည် ။


ကဒ်၏အာနိသင်ကုန်ပြီးနောက် လျန်ယွမ်ချင်း သူမကိုခေါ်သွားမည်ကိုစောင့်မည့်အစား သူမဘာသာလွတ်မြောက်အောင်ကြံစည်တာကပိုကောင်းသည် ။ သူမကနတ်ဘုရားနှင့် ကောင်းကင်ကိုအားမကိုးဘဲ လက်တွေ့ကျကျ ကလေးတစ်ယောက်ဖြစ်သည် ။


သူမမှာသာ ဖုန်းရှိမည်ဆိုလျှင် ရဲစခန်းကိုဖုန်းဆက်ကာအကူအညီတောင်းနိုင်မည်ဖြစ်သည် ။


သူမမှာဖုန်းမရှိပေမဲ့ လျန်ယွမ်ချင်း မှာရှိတယ်လေ....


သူမ လျန်ယွမ်ချင်း ၏ဖုန်းကိုဘယ်လိုယူရမလဲစဥ်းစားနေတုန်းမှာဘဲ ကဒ်ရဲ့အာနိသင်က ကုန်ဆုံးခါနီးဖြစ်တာကြောင့် အချိန်ဆွဲနိုင်ရန် အလို့ငှာ နောက်တစ်ကဒ်ထုတ်သုံးလိုက်သည် ။


နှစ်ကဒ်ပြိုင်အာနိသင်ကိုခံစားဖူးသည့် လျန်ယွမ်ချင်း အတွက်တော့ တစ်ကဒ်ရဲ့ဒဏ်က ခံနိုင်ရည်ရှိသွားသော်လည်း မသက်မသာခံစားနေရဆဲဖြစ်သည် ။


xxxxxxxxxxxxx


Chapter  232


ခဏတာတုံ့ဆိုင်းသွားပြီးနောက်တွင် မသက်မသာဖြစ်နေမှုကိုတွန်းလှန်ပြီး ကားဆက်မောင်းရန်ဆုံးဖြတ်လိုက်သည်။ ဤမလုံခြုံသည့်နေရာမှထွက်သွားရန်သည် သူ၏ပထမဦးစားပေးဖြစ်သည် ။


လျန်ယွမ်ချင်း ကားထဲသို့ ထော့နဲ့ထော့နဲ့ ဝင်သွားသည်ကို ကျန်းရှောင်မန်တွေ့လိုက်သည် ။


သူမ တစ်ကြိမ်တည်းဖြင့်ကတ်ငါးခုလဲကာ မတ်တပ်ရပ်နေခဲ့သည် ။


အပ်စိုက်ကုထုံးကတ်မဟုတ်သလို၊ မြေကြီးပေါ်ကျသည့်ကတ်လည်းမဟုတ်သော်လည်း ' အကြွင်းမဲ့ပန်းဖျက်စီးခြင်း ' ကတ်ငါးခုဖြစ်သည် ။


လျန်ယွမ်ချင်းကား၏မျက်နှာချင်းဆိုင်ရှိသစ်ပင်ကို ကျန်းရှောင်မန်ရည်ရွယ်လိုက်သည်။


ကားစထွက်သည့်အသံကိုကြားသည်နှင့် ကျန်းရှောင်မန်ရုတ်တရက်ထအော်လိုက်သည်။

 " အကြွင်းမဲ့ …အကြွင်းမဲ့ပန်းဖျက်စီးခြင်း.... ပန်းဖျက်စီးခြင်း ဖတ်… ဖတ်… ဖတ် ငါ့အတွက်လှဲကျပေးပါ …”


သူမ လက်ခုပ်တီးသည့်အသံဖြင့် သစ်ပင်၏ပင်စည်ကို ရိုက်သည့်အယောင်ဆောင်လိုက်သည် ။


စနစ် ရုတ်တရက်ဆိုလိုက်သည်။

 "ပိုင်ရှင်.... မြန်မြန်ပြန်လာခဲ့ ..."


ကျန်းရှောင်မန် နာခံစွာဖြင့်ပြန်လှည့်လာခဲ့သည်။


အနောက်သို့ပြန်မလှည့်လာခဲ့လျှင် သူမသည်ရူးနေလို့ပင်ဖြစ်လိမ့်မည် ။


သစ်ပင်ကအက်ကွဲသံထွက်ကာ တဖြေးဖြေးဖြင့်အမြစ်ကနေ၍ ယွီလျန်ချင်း၏ကားခေါင်မိုးပေါ်သို့ကျလာခဲ့သည် ။


ကြီးမားသည့်အသံကြောင့် ကျန်းရှောင်မန်ပင်လန့်၍ခုန်လိုက်သည် ။


ဒီသစ်ပင်ကကြီးလိုက်တာ ...


ကားခေါင်မိုးကကျေမွကာ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသည် ။


လေကာမှန် လည်းပျက်စီးသွားသည် ။


သူမမှားသွားခဲ့သည်။ ပန်းဖျက်စီးခြင်းကတ်သည် အသုံးမဝင်ဆုံးကတ်ဟု သူမ မတွေးခဲ့သင့်ပေ ။


၎င်းသည်အလွန့်အလွန်ကိုအသုံးဝင်သည့်ကတ်မှန်း သိသိသာသာပင်ဖြစ်သည် ။

 

သေလောက်နိုင်စွမ်းရှိသည်အထိ အံ့သြစရာကောင်းပြီး စျေးလည်းသက်သာသည့်အပြင်အသုံးလည်းဝင်သေးသည် ။


သူမ ယခုတွင်ပိုကောင်းသည့်လူဆိုးတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည် ။


ကျန်းရှောင်မန် ညအမှောင်တွင်သွက်လက်နေသည့်နတ်သူငယ်တစ်ယောက်လိုပင် ကားကိုတိတ်ဆိတ်စွာဖြင့်ဖြတ်ကျော်လာခဲ့သည် ။



လျန်ယွမ်ချင်း ဆွံအသွားသည် ။


သူလုံးဝကိုအံအားသင့်သွားခဲ့သည် ။


ဘာတွေဖြစ်နေမှန်း သူမသိတော့ချေ။ သူသိတာတစ်ခုမှာ အကောင်းတိုင်းရှိနေသည့်သစ်ပင်သည် အသိပေးခြင်းမရှိပဲ မည်သည့်နေရာကနေလဲကျလို့လဲကျလာသည်မှန်းကိုသာဖြစ်သည်။ ထိုသစ်ပင်သည် သူ့တွင်တုန့်ပြန်နိုင်စွမ်းမရှိတော့အောင် သူ၏ခန္ဓာကိုယ်တစ်ပိုင်းအကြော​သေသွားသည်အထိရိုက်ချလိုက်သည် ။


ကားလေကာမှန်ကွဲထွက်ကာ သူ၏မျက်နှာကိုလာခြစ်မိပြီး နှဖူးတွင်လည်းသွေးတွေထွက်နေခဲ့သည်။ သူ၏လည်ပင်းကိုထိန်းကာ ကားထဲမှထွက်ရန်ကြိုးစားနေသော်လည်း ကားတံခါးသည်ပျက်စီးနေပြီး ဖွင့်လို့တောင်မရတော့ပေ ။


မည်သူ့ကိုအကူအညီတောင်းရမှန်း လျန်ယွမ်ချင်းမသိတော့ပေ ။ ထိုအချိန်တွင် ပျောက်သွားပြီးမည်သည့်နေရာသို့ရောက်သွားမှန်းမသိသည့်ကျန်းရှောင်မန်ရုတ်တရက်ပြန်ပေါ်လာခဲ့သည် ။


သစ်ပင်ကြီးတစ်ပင်ပြုတ်ကြလာခဲ့သည်ကိုတောင်သူမ မကြောက်လန့်နေခဲ့ပေ။ နှစ်ယောက်သားမှန်ပြတင်းပေါက်မှတစ်ဆင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေခဲ့သည် ။


ကျန်းရှောင်မန် စကားမပြောပဲတိတ်ဆိတ်စွာဖြင့်သူ့ကိုကြည့်နေခဲ့သည်။ လျန်ယွီချင်း ဘာကြောင့်မှန်းမသိ သူအနည်းငယ်ကြောက်ရွံ့လာသည် ။


သူမဘာလို့စိတ်ရှုပ်တာ ဒါမှမဟုတ်ငိုတာမျိုးတစ်ခုခုလုပ်မနေရတာလဲ ဒီကလေးမ …သူမဘာလို့သာမန်နဲ့မတူနေရတာလဲ …


လျန်ယွီချင်း ထိတ်လန့်လာသည် ။


ဒါတွေအားလုံးက သူထင်ထားသည်နှင့်ကွဲပြားနေခဲ့သည် ။


သူ ကံဆိုးလွန်းနေတာဖြစ်သည်။


 ဒီနေရာကလုံးဝကျိန်စာသင့်နေတာပဲ…..


သူဒီကိုလာသည့်အချိန်တိုင်းတွင် သူလုပ်ချင်သည့်အရာအားလုံးကို ပြီးဆုံးအောင်မလုပ်နိုင်ခဲ့ပေ ။


ယခုကိစ္စတွေအားလုံးရှင်းသွားသည့်အခါကျရင် ဒီနေရာကိုဘယ်တော့မှပြန်မလာတော့ဘူးဟုသံဓိဌာန်ချလိုက်သည် ။


လျန်ယွမ်ချင်း ပျက်စီးနေသောကားထဲတွင်ဒဏ်ရာများစွာဖြင့်နေနေသော်လည်း ကျန်းရှောင်မန်ကတော့ အပြင်တွင် မထိမခိုက်ပဲရှိနေသည်။ သူမသည်သူ့အား ပွဲအခမ်းအနားတစ်ခုကိုကြည့်နေသည့်အတိုင်း ထူးဆန်းသည့်မျက်နှာဖြင့်ကြည့်နေခဲ့သည် ။


လျန်ယွမ်ချင်း ဒေါသထွက်လာခဲ့သည်။ သူ၏မျက်နှာသည်သဘာဝမကျစွာဖြင့်တုန်လှုပ်လာသည်၊ သနားစရာကောင်းသည်မှာ သူသည်အချည်အနှောင်ခံထားရသကဲ့သို့ပင် နည်းနည်းမျှပင်လှုပ်လို့မရချေ ။


အိုး…ထားလိုက်ပါတော့... ဒီကလေးကိုအခုလောလောဆယ်ဥပေက္ခာပြုထားရမယ်… ....


သူ့ကိုယ်သူကယ်တင်ဖို့ရန်ပိုအရေးကြီးလေသည် ။


လျန်ယွမ်ချင်း၏ နှဖူးက သွေးထွက်နေဆဲဖြစ်သည် ။


သူလက်တစ်ဖက်ကိုဆွဲထုတ်ကာ သွေးများကိုသုတ်လိုက်သည်၊ သူ၏ခေါင်းသည် သွေးများဆုံးရှုံးထားသည့်အတွက် တဖြေးဖြေးမူးနောက်လာသည်။


သူအကူအညီတောင်းမှရတော့မည် ။


လျန်ယွမ်ချင်း အိတ်ကပ်ထဲမှဖုန်းကိုခက်ခက်ခဲခဲဆွဲထုတ်လိုက်ပြီး နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။ ဖုန်းမခေါ်နိုင်ခင်မှာပင် သူ၏လက်များတုန်လှုပ်သွားပြီး ဖုန်းကိုတောင်ကိုင်မထားနိုင်တော့ပေ ။


အဘယ်ကြောင့်ဆိုသော်… ကျန်းရှောင်မန်သူ၏လက်ကို ပြင်းပြင်းထန်ထန်ကိုက်လိုက်သောကြောင့်ဖြစ်သည်။ သူမအမဲသားတစ်ကိုက် ကိုက်လိုက်သကဲ့သို့ သူ့ကိုကိုက်ချလိုက်လေသည် ။


လျန်ယွမ်ချင်းရုန်းကန်နေရပြီး သူ၏မျက်နှာသည်နာကျင်မှုကြောင့်ကြည့်ရဆိုးလွန်းနေသည်။ သို့ပေမဲ့သူ၏ရုန်းကန်မှုများသည် သူ့ကိုသွေးမြန်မြန်ပိုထွက်စေရုံသာရှိပြီး အကူအညီမရပေ ။


သူ့လိုဂုဏ်သိက္ခာရှိပြီး အရပ်၇ပေလောက်ရှည်သည့်ယောကျာ်းတစ်ယောက်က နို့နံ့မစင်သေးသည့် ကလေးတစ်ယောက်၏အနိုင်ကျင့်ခြင်းကိုခံနေရသည် ။


ကျန်းရှောင်မန် သူ၏ဖုန်းကိုခိုးသွားခြင်းဖြစ်သည် ။


လျန်ယွမ်ချင်းဒေါသကြောင့်မျက်လုံးအိမ်များကျယ်လာပြီး ကျန်းရှောင်မန်ကိုခါးသက်စွာဖြင့်ကြည့်လိုက်သည် ။


xxxxxxx


Chapter 233


ကျန်းရှောင်မန်ကတော့ သူ့ကိုလျစ်လျုရှုထားသည် ။


ဖုန်းကိုလုပြီးနောက်တွင် သူမစတင်၍ငိုတော့သည် ။


" ဟိုင်း…ဟယ်လို… ဒါကရဲဦးဦးကြီးလားမသိဘူး….."


" ဟမ်…မဟုတ်ဘူးလား…ဆရာဝန်ဦးဦးလား …ဖုန်းနံပါတ်၁၂၀.... အိုး…ဦးဦးရေသမီးကိုကူညီပါလား သမီးကိုလူကုန်ကူးသူတစ်ယောက်ကပြန်ပေးဆွဲထားလို့ သမီးဘယ်မှာမှန်းလဲသမီးမသိဘူး…."


" သူကအရမ်းကြမ်းကြုတ်ပြီး ရက်စက်တာပဲ..... သမီးလည်ဆွဲကို လုယူယုံတင်မကဘဲ သမီးကိုလည်း ဆူပူကြိမ်းမောင်းနေသေးတယ်.... သမီးအရမ်းကြောက်ပြီး အရမ်းဝမ်းနည်းတာပဲ.... ဒီမှာအရမ်းမှောင်နေပြီး သမီးအရမ်းလည်းအေးနေတယ် ..."


" အွမ်…အာ…အဲ့ဒါကမြို့အစွန်မှာ... သစ်ပင်တွေအများကြီးနဲ့ စွန့်ပစ်ထားတဲ့ဂိုထောင်တစ်လုံးရှိတယ်... သစ်ပင်တွေကမြင့်လွန်းလို့ မြို့ရဲ့အလင်းရောင်ကိုတောင်သမီးမမြင်ရဘူး …”


" ဒါကပြန်ပေးဆွဲသမားရဲ့ဖုန်းပါ...သူကအခုလေးတင်သစ်ပင်နဲ့ပိသွားတာ သမီးအရမ်းစိတ်ဆင်းရဲနေတယ်... ကံကောင်းလို့ သမီးသူနဲ့ကားထဲအတူမဝင်သွားမိတာ မဟုတ်ရင်သမီးကျေမွ​ပြီးသေသွားလောက်တယ်... ဦးဦး… မြန်မြန်လာပြီးသမီးကိုကယ်ပေးလို့မရဘူးလား... သမီးအရမ်းကြောက်တယ် …”


ကျန်းရှောင်မန် ဖုန်းချလိုက်သည် ။


ထို့နောက်သူမခေါင်းကိုလှည့်လာပြီး လျန်ယွမ်ချင်းကိုမျက်ရည်ကြောင့်မှုန်ဝါးဝါးဖြစ်နေသည့်မျက်လုံးများဖြင့်ကြည့်လိုက်ပြီး သေးငယ်သည့်အပြုံးလေးဖြင့် "အော့… ” 

(လျှာထုတ်ပြောင်တဲ့အသံပါမရေးတတ်လို့😂...)


အော့တဲ့လား.....


ကျန်းရှောင်မန် သူမပါးစပ်ကိုလက်ဖြင့်အုပ်ကာ ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။

 " ကြည့် …မကောင်းတာလုပ်ရင်မကောင်းတာဖြစ်လိမ့်မယ်.... သမီးကိုဒီမှာထားခဲ့ပြီး ဦးလေးကိုယ့်ကိုကိုယ်နာကျင်တာနဲ့ပဲ အဆုံးသတ်သွားတယ်.... ဒီနေရာကအရမ်းဝေးလွန်းတယ် ဦးလေးလည်ပင်းကွဲထွက်တဲ့အထိအော်ခေါ်ရင်တောင်ဘယ်သူမှလာကူညီမှာမဟုတ်ဘူး…”


"မင်း…မင်း…မင်း…”


လျန်ယွမ်ချင်းအလွန်ဒေါသထွက်သွားပြီး နှလုံးဖောက်သွားခဲ့သည်။ သူ့ကိုယ်သူမထိန်းနိုင်တော့ပေ။ မျက်လုံများမူးဝေလာပြီးနောက်ဆုံးတွင်လုံးလုံးမူးလဲသွားတော့သည် ။


လျန်ယွမ်ချင်း​သေသွားပြီအထင်နှင့်ကျန်းရှောင်မန်ထိတ်လန့်သွားသည် ။ 


သူအသက်ရှူမရှူကို သူမလက်နှင့်စမ်းကြည့်ပြီးနောက်တွင် သူအသက်ရှင်နေသေးမှန်းသိသွား၍သူမသက်သာရာရသွားသည် ။


ဒီအခြေအနေကိုကျော်ဖြတ်ဖို့အတွက် သူကဘာလို့အဲ့ဒီ့လောက်တောင်အထိအခိုက်လွယ်ရတာလဲ...


ကျန်းရှောင်မန်ပါးစပ်တွန့်လိုက်ပြီး ကားကိုမှီကာ သူမကိုယ်သူမနွေးထွေးရန်ကိုယ်ကိုကျုံ့ထားလိုက်သည် ။


တောထဲတွင်အလွန်အေးနေပြီး သူမအဝတ်ထူထူထဲထဲလည်းမဝတ်ထားပေ။ ရာသီဥတုသည်တစ်ဖန်ပြန်အေးလာပြီး သူမလည်းချမ်းတုန်နေသည် ။


မည်မျှကြာလို့ကြာသွားမှန်းမသိသည့်အချိန်တွင် သူမရဲကားအသံများကိုကြားလိုက်ရသည်။


ဝူး…ဝူး…ဝူး ဦးဦးရဲတွေက အရေးပေါ်လူနာတင်ကားနဲ့လာတာပဲ ...


••••••••••


လျန်ယွမ်ချင်းနှိုးလာသည့်အချိန်တွင် သူဆေးရုံသို့ရောက်နေပြီဖြစ်သည် ။


ပိုးသတ်ဆေးအနံ့ကြောင့် သူအနည်းငယ်သက်သာရာရသွားသည်။ သူမူးမလဲခင်က ဖြစ်ခဲ့သည့်အရာများကိုပြန်စဥ်းစားကြည့်လိုက်သည့်အခါတွင် တစ်ခုခုကမူမမှန်နေဘူးဟုခံစားလိုက်ရသည် ။


သူမတ်တပ်ရပ်ရန် ကြိုးစားပြီးထဖို့လုပ်ချိန်တွင် သူ၏လက်များသည်အိပ်ယာထောင့်စွန်းရှိတိုင်တွင်အချုပ်ခံထားရသည်ကိုသိလိုက်ရသည် ။


သူလက်ထိပ်ခတ်ခံထားရသည်။


လျန်ယွမ်ချန်း၏မျက်လုံးများပြူးကျယ်လာပြီး အသက်ရှုသံပိုပြင်းလာသည်။ သူ၏ လက်ကောက်ဝတ်ကို ခံစားချက်မရှိစွာဖြင့် ကြည့်လိုက်သည်။ 


မြို့ပြင်တွင် မည်ကဲ့သို့ဖြစ်ခဲ့သည်ကို ပြန်စဥ်းစားလိုက်သည်။ သူ၏ရင်ဘတ်ခုန်လာပြီး ပြန်မူးလဲလုနီးနီးပင် ဖြစ်သည်။


" မင်းနိုးပြီလား...."

လျန်ယွမ်ချင်းဘေးမှရဲများသူနိုးလာသည်ကိုမြင်၍ မေးခွန်းမေးရန်ချက်ချင်းပင်ရောက်လာတော့သည် ။


လျန်ယွမ်ချင်းနှလုံးတုန်လာပြီး ခြောက်ကပ်ကပ်ဖြင့်ပြောလိုက်သည်။

 " ရဲဘော်တို့ ဒါကဘာကိုဆိုလိုတာလဲ… ”


" မင်းကလေးတွေကိုပြန်ပေးဆွဲပြီး လူကုန်ကူးနေတယ်လို့တစ်ယောက်ယောက်ကလာတိုင်ထားတယ်....မင်းနိုးလာပြီဆိုတော့ ကျေးဇူးပြုပြီးငါတို့နဲ့အတူရဲစခန်းကိုလိုက်ခဲ့ပေးပါ ..."


" ခဏလေး ခဏလေးနေပါဦးရဲဘော်.... ဒါ…ဒါကအထင်လွှဲနေတာ... ကျွန်တော်ကဘယ်လိုလုပ်ကလေးတွေကို ပြန်ပေးဆွဲပြီး လူကုန်ကူးရမှာလဲ... ကျွန်တော့်ကိုအရင်ရှင်းပြခွင့်ပေးပါ ကျွန်တော်အခု…ကျွန်တော်အခု…” 

လျန်ယွမ်ချင်းအထိတ်တလန့်ဖြစ်နေခဲ့သည် ။


သူကငွေကြေးချို့တဲ့နေသူတစ်ယောက်မဟုတ်ဘဲ ဘာကြောင့်ကလေးတွေကိုပြန်ပေးဆွဲရမှာလဲ… 


" ပြဿရှိရှိမရှိရှိ ကျွန်တော်တို့နဲ့အရင်ဆုံးရဲစခန်းကိုသာလိုက်ခဲ့ပေးပါ ...'


သူတို့ရဲစခန်းသို့ရောက်သည့်အချိန်တွင် ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းလည်းရောက်နေပြီးဖြစ်သည်။ နှစ်ယောက်သားသည်ငို၍ အပြစ်သားကိုမလွှတ်ပေးပဲပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ပြောဆိုနေကြသည်။ ကလေးငယ်လေးက ဤအခြေအနေမျိုးကို ရင်ဆိုင်နိုင်ဖို့ငယ်သေးလွန်းသည်။ အကယ်၍ရာဇဝတ်သားကိုအပြစ်မပေးဘူးဆိုလျှင် သူတို့ငြိမ်းငြိမ်းချမ်းချမ်းသေနိုင်မည်ပင်မဟုတ်ဘူးဟု ပြောဆိုနေကြသည် ။


အကယ်၍ တစ်ယောက်ယောက်သာ ကျန်းရှောင်မန်ကိုကြည့်လိုက်လျှင် သူမအသင့်စားခေါက်ဆွဲစားနေသည်ကို တွေ့နိုင်ပေသည် ။


ဆောင်းဦးဖြစ်၍ ရာသီဥတုသည်အေးနေပြီး သူမအလွန်ဆာလောင်နေသည်။


'သင်ဗိုက်ဆာနေသည့်အချိန်တွင် သင့်ခန္ဓာကိုယ်သည်နွေးနေလိမ့်မည်မဟုတ်ပေ...'ဟူသော စကားပုံအရ အသင့်စားခေါက်ဆွဲပူပူကိုစားပြီးမှသာလျင် သူမခြေဖဝါးများသက်သောင့်သက်သာရှိတော့သည်။ 


ရှောင်မန် မဝမချင်းစားသောက်နေခဲ့သည်။ သူမဟင်းရည်တွေ အကုန်လုံးကိုလည်း သောက်ပြီး ဗိုက်ခေါက်ကိုပုတ်ကာခုံတွင်မှီထိုင်နေလိုက်သည် ။


သူမခေါင်းကို လှည့်လိုက်ချိန်တွင် လျန်ယွမ်ချင်းကတံခါးတွင်ရပ်ကာ ပိတ်ပါးလွှာဖြင့်ကာထားသည့်သူမနေရာကိုကြည့်နေသည်ကိုမြင်၍ ကျန်းရှောင်မန်ရုတ်တရက်ငိုချလိုက်သည်။

 " ဝါး…”


" ဘွားဘွား…ဦးဦးရေ သမီးကိုကူညီပါဦး....”

 ကျန်းရှောင်မန်မျက်ရည်များကိုသုတ်ကာ ပြောလိုက်သည်။

 " သူကအရမ်းဆိုးတာပဲ....သူသမီးကိုကြည့်နေတုန်းပဲ သူသမီးကိုပြန်ပေးဆွဲချင်နေသေးတာလား….."


ကျန်းဟွေ့မိန်နှင့် ကျန်းရှင်းစကားပြောတာရပ်လိုက်သည်။ ကျန်းဟွေ့မိန်လှည့်လာပြီးရှောင်မန်ကိုပွေ့ကာ ငိုကြတော့သည် ။


xxxxxx


Chapter  234


ကျန်းရှင်း လျန်ယွမ်ချင်းကို​မြင်လိုက်ချိန်တွင် ဒေါသကြောင့်အဆုတ်ပင်ပေါက်ထွက်လုနီးနီးဖြစ်သွားသည်။ သူလျန်ယွမ်ချင်းကိုလက်ညိုးထိုးပြီးအော်လိုက်သည်။ လျန်ယွမ်ချန်းကိုယောကျာ်းတစ်ယောက်မဟုတ်ဘူးဟုပြောလိုက်သည်။ ယောက်ကျာ်းတစ်ယောက်က လူကြီးတွေရဲ့ပြဿနာထဲကလေးတွေကိုဆွဲမထည့်ဘူးဟုဆိုသည် ။


ရဲသားက ကျန်းရှင်းကိုပြန်၍မဆွဲထားသင့်ပေ။ သူ(ကျန်းရှင်း) လျန်ယွမ်ချင်းကိုထိုးသင့်သည် ။


ရဲစခန်းကို​ခေါ်လာခံရသည်မှာအနည်းငယ်မွန်းကျပ်ဖို့ကောင်းသည်။ သူတို့အားလုံးက ထိုကိစ္စဖြစ်ရခြင်းမှာ သူနှင့်ကျန်းရှင်း၏ပတ်သတ်မှုကြောင့်ဟုထင်နေကြသည် ကံဆိုးခြင်းကြားထဲမှကံကောင်းခြင်းတစ်မျိုးဟုပင်ပြောရမည်ဖြစ်သည် ။


လျန်ယွမ်ချင်းပြင်းပြင်းထန်ထန်အံကြိတ်လိုက်သည်။ သူ၏မသိစိတ်ကနေကျန်းရှောင်မန်ဆီမှနေ၍ သူ့လက်နှစ်ဖက်ဖြင့်ကိုယ်တိုင်ယူလာသည့် ကျောက်စိမ်းလည်ဆွဲကိုစမ်းကြည့်ချင်နေသည်။ သူစမ်းကြည့်လိုက်ချိန်တွင် ကျောက်စိမ်းလည်ဆွဲမရှိတော့ပေ ။


" ငါတို့မင်းနဲ့အတူပါလာတဲ့ပစ္စည်းတွေကို လုံခြုံရေးအတွက်ထိန်းသိမ်းထားတယ်.... ကိစ္စတွေရှင်းပြီဆိုရင် ငါတို့မင်းကိုပြန်ပေးမယ်..."


ထိုသို့ကြားလိုက်၍ ကျန်းရှောင်မန်မျက်လုံးများပြူးကျယ်လာသည် ။


စနစ် ဒီတစ်ကြိမ်တွင်တော့အော်ဟစ်နေပြီးဖြစ်သည်။


 "ပိုင်ရှင်... မြန်မြန် အဲ့ဒါငါ့ရဲ့အသက်သွေးကြောလေ....မင်းငါ့ကိုကျောက်စိမ်းလည်ဆွဲပြန်ယူပေးရမယ် မဟုတ်ရင်ဒီမျိုးမစစ်ကောင်ကကျောက်စိမ်းလည်ဆွဲကိုယူသွားလိမ့်မယ်… ”


ထိုသို့ကြားပြီးနောက်တွင် ကျန်းရှောင်မန်ပို၍တောင် ငိုချလိုက်သေးသည်။ သူမကျန်းဟွေ့မိန်၏ လက်မောင်းများကို ဖယ်လိုက်ပြီး ရဲသားတစ်ယောက်ဆီသို့သွားလိုက်သည်။ သူမရှိုက်ကြီးတငင်ငင်နှင့်ငိုကာ ကြို့ထိုးလျက်ဖြင့် ပြောလိုက်သည်။

 " ဦးဦးရဲကြီးရေ အဲ့ဒီ့ကျောက်စိမ်းလည်ဆွဲကသမီးဟာ သမီးငယ်ငယ်လေးကတည်းကဆွဲထားတာ...ဟုတ်တယ်…ဒီလူဆိုးကသမီးကိုပြန်ပေးဆွဲရုံတင်မကဘဲ လုလည်းလုသွားသေးတယ် ဝူး…ဝူး…ဝူး ..."


ကျန်းဟွေ့မိန်လည်းထိတ်လန့်သွားသည်။

လျန်ယွမ်ချင်းက ရှောင်မန်ရဲ့ကျောက်စိမ်းဆွဲကြိုးကို ဘာလို့လုဖို့လုပ်ရတာလဲ …


သို့ပေမဲ့ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေသူမ ကျန်းရှောင်မန်၏ဘေးတွင်နေပေးရမည်ဖြစ်သည်။ သူမလည်းငိုချလိုက်ပြီး ပြောလိုက်သည်။

 " ဒီကလေးမှာအမေလည်းမရှိဘူး အဖေလည်းမရှိဘူး သူ့ဘဝကအရမ်းခါးသက်စရာကောင်းတယ်... ဒီကျောက်စိမ်းလည်ဆွဲတစ်ခုတည်းကပဲ အမှတ်တရအဖြစ်ကျန်ခဲ့တာ.... ပြီးတော့အဲ့ဒီ့လည်ဆွဲကိုသူမငယ်ငယ်လေးထဲကဝတ်ထားခဲ့တာ... ဒီလည်ဆွဲကို တချို့လူတွေအပြင်မှာကောင်းကောင်းဝတ်စားနိုင်မယ်လို့မထင်ထားပေမဲ့... ဒီမျိုးမစစ်ကောင်က ကလေးဆီကနေတောင်ပစ္စည်းကိုလုယူနေသေးတယ် …”


ရဲ၏အမှုအရာက ချက်ချင်းပင် အေးစက်သွားပြီး လျန်ယွမ်ချင်းကိုအပြစ်တင်လိုက်သည်။

 " ကလေးတွေကို ပြန်ပေးဆွဲပေးပြီး လူကုန်ကူးတယ်လို့ သင်္ကာမကင်းဖြစ်နေသေးတဲ့အပြင် .... ကလေးတွေနဲ့အတူပါလာတဲ့ပစ္စည်းတွေကိုလည်းခိုးယူဖို့ ကြိုးစားသေးတယ်... အပြစ်ဒဏ်ကတော့အကြီးဆုံးပဲ...."


အိုးတစ်လုံး၏အောက်ခြေတွင်မဲနေသကဲ့သို့ပင် လျန်ယွမ်ချင်း၏အမှုအရာသည်မဲမှောင်နေသည်။ စကားဖြင့်ဖော်ပြဖို့တောင် ခက်ခဲလေသည် ။


ရဲတွေက သူ့ကိုသနားကြင်နာမှုနည်းနည်းတောင်မပေးပဲ လျန်ယွမ်ချင်းကို ထွက်ဆိုချက်တောင်းရန်အဝေးသို့ခေါ်သွားလိုက်သည် ။


ပြဿနာကိုစုံစမ်းစစ်ဆေး၍ သက်သေစုဆောင်းပြီးမှသာလျှင် သုံးသပ်ချက်ချနိုင်မည်ဖြစ်သည် ။ လျန်ယွမ်ချင်းက အထင်လွှဲမှားနေခြင်းဖြစ်သည်ဟုအခိုင်အမာပြောဆိုပြီး သူအကြောင်းအရာတိတိကျကျကိုတောင်မသိသည့်အပြင် သူနှင့်ဘာမှမပတ်သတ်ဘူးဟုပြောလေသည်။ မည်သို့ပင်ဖြစ်စေ ကလေးကပြန်ပေးဆွဲရတာသည်အမှန်ဖြစ်ပြီး ကျန်းရှင်းကလည်း တစ်စုံတစ်ယောက်ကလွယ်လွယ်နှင့် အနိုင်ကျင့်လို့ရသည့်သူတစ်ယောက်မဟုတ်ပေ။ ကျန်းရှင်းက လျန်ယွမ်ချင်း ချွတ်ခြုံကျသည်အထိတရားစွဲနိုင်မည့်ရှေ့နေမျိုးကိုရှာချင်သည် ။


နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ပြင်းပြင်းထန်ထန်ကြိမ်းမောင်းနေကြသည်။ ကြိမ်းမောင်းသည်နှင့်ပတ်သတ်၍လျန်ယွမ်ချင်းက ကျန်းရှင်း၏ပြိုင်ဘက်မဟုတ်သည်မှာသေချာသည်။


ကျန်းရှင်းမှာမြို့၏ အနုပ်စုပ်ကုပ်စုပ်နေရာတွင် ကြီးပြင်းလာသူတစ်ယောက်ဖြစ်ပြီး ကြိမ်းမောင်းခြင်းနှင့်ကျိန်ဆဲသည့်စကားမျိုးစုံဖြင့် အသားကျပြီးသားဖြစ်သည်။ လျန်ယွမ်ချင်းကတော့ကွာခြားသည်။ သူက ကောလိပ်ကျောင်းသားနှင့် ပညာတော်သင်ကျောင်းသားတစ်ယောက်ဖြစ်သည်ဟု ဆိုသည်။ သူက ပုံမှန်အားဖြင့် အပေါ်ယံစကားပြော၍ရယ်လေ့ရှိသည့်လူယဥ်ကျေးများနှင့်သာပေါင်းလေ့ရှိသည်။ ကျန်းရှင်းကဲ့သို့လူမျိုးနှင့်သူတစ်ခါမှအဆက်အဆံမလုပ်ဖူးပေ ။


ရန်ပွဲပြီးသွားသည့်နောက်တွင် လျန်ယွမ်ချင်းဒေါသထွက်ပြီး နှလုံးနှင့်သွေးခုန်နှုန်းတိုးလာပြီး နောက်တစ်ကြိမ်မူးလဲသွားပြန်သည် ။


သူပြန်ထပ်နှိုးလာသည့်အချိန်တွင် ထိန်းသိမ်းရေးစခန်းသို့ရောက်နေပြီဖြစ်သည် ။


သူအချုပ်ခံထားရပြီးဖြစ်သည် ။


လျန်ယွမ်ချင်းဒေါသအလွန်ထွက်ပြီး နံရံကိုထုတော့မည့်အတိုင်းပင်။ သူ၏မျက်လုံးများက နီရဲနေပြီး သူ့ကိုကြည့်ရသည်မှာကြမ်းကြုတ်နေသည် ။


၎င်းသည်အလွန်မှောင်မဲ၍ သေးလွန်းသည်။ ဂုဏ်သရေရှိမှုကိုညစ်ညမ်းမှုနှင်း​ပေါင်းစပ်ထားသည့်အတိုင်းပင်။ ရိုးရိုးသားသားပြောရလျင် လျန်ယွမ်ချင်းက ထိုကဲ့သို့မှောင်မိုက်ပြီး ကျဥ်းကျပ်သည့်အခန်းမျိုးနှင့်မနေထိုင်ခဲ့သည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ 


သူ၏ခန္ဓာကိုယ်သည်မခံမရပ်နိုင်ပြီး သူနိုးလာသည့်အချိန်များကိုချန်ထားခဲ့နိုင်ရန် တွေးနေမိသည် ။


သို့သော် ရဲများသည်သူ့ကိုရက်အနည်းငယ်စောင့်ရန်ပြောသွားသည်။ တစ်ယောက်ယောက် သူ့ကိုအာမခံမပေးမချင်း သူဒီမှာပဲနေရမည်ဖြစ်သည် ။


အာမခံ…ဟုတ်သားပဲ အာမခံ ...


ရဲများမှပြောသည်။

 " ငါတို့မင်းမိန်းမကိုဆက်သွယ်ထားတယ်.... ဒါပေမဲ့သူကပြည်တွင်းထဲမှာမဟုတ်ဘူးမလား ..."


တစ်ယောက်ယောက်ကသူ့ခေါင်းကိုရိုက်လိုက်သကဲ့သို့ လျန်ယွမ်ချင်းရုတ်တရက်ထထိုင်လိုက်သည်၊ သူ့စိတ်ချက်ချင်းပင် ရှင်းထွက်သွားခဲ့သည် ။


" ကျွန်…ကျွန်တော့် မိန်းမလား.... ရဲဘော်...

သူ့ကိုဆက်သွယ်ပြီးပြီလား…”


" ဟုတ်တယ်.... ကြည့်ရတာသူမအရမ်းအလုပ်ရှုပ်နေပုံရတယ်... သူမကပြောတယ်နှစ်ရက်လောက်သူမဒီမှာရှိနေအုံးမှာမဟုတ်ဘူးတဲ့…”


လျန်ယွမ်ချင်းအထိတ်တလန့်ဖြင့် နဖူးပေါ်မှချွေးများစီးကျလာခဲ့သည် ။


သူအပြင်ထွက်ချင်သော်လည်း သူ့ယောက္ခမ မိသားစုကိုလာပြီးသူ့အတွက်အာမခံခွင့်မပေးနိုင်ပေ ။ သူ့ယောက္ခမိသားစုမှ လူတွေကလည်းဒီနေရာကိုလာလိမ့်မည်မဟုတ်ပေ ။


xxxxxx


Chapter 235


လျန်ယွမ်ချင်းခန္ဓာကိုယ်ပျော့ခွေသွားပြီး နံရံကိုမှီကာတွေးနေခဲ့သည် ။


" ရဲဘော်တို့ ကျွန်တော့်မိန်းမနဲ့ဖုန်းပြောလို့ရမလား.... သူမ…သူမကကျွန်​တော် နဲ့ဆက်ဆံရေးသိပ်မကောင်းဘူး ... ကျွန်တော့်ကိုလာပြီးအာမခံပေးဖို့ဆန္ဒရှိမှာမဟုတ်ဘူး.... ကျွန်တော့်ကိုသူနဲ့စကားပြောခွင့်ပေးပါ...."


၎င်းက အမှန်ဖြစ်ပုံရသည်။ သူတို့ဖုန်းခေါ်သည့်အချိန်တုန်းကလည်း တစ်ဖက်လူ၏အသံက ချက်ချင်းအေးစက်သွားပြီး နှစ်ယောက်သားဆက်ဆံရေးပြိုပျက်ထားသည့်အတိုင်းပင် ။


" ရပါတယ်…ဒါပေမဲ့ မင်းသီးသန့်တော့ပြောလို့မရဘူး... မင်းစပီကာဖွင့်ထားရမယ်ဒါမှငါတို့မင်းကိုကြီးကြပ်နိုင်မှာ ..."


သူက တစ်ချိန်လုံးစောင့်ကြည့်ခံရမည်ဖြစ်သည် ။


လျန်ယွမ်ချင်း သက်ပြင်းတစ်ချက်ပြင်းပြင်းထန်ထန်ချလိုက်ပြီး အတင်းပြုံးကာခေါင်းငြိမ့်ပြလိုက်သည် ။


အချိန်အတော်ကြာတတီတီမြည်ပြီးနောက်တွင် ဖုန်းအဆက်အသွယ်ရသွားခဲ့သည် ။


" ဟယ်လို...."

 အနည်းငယ်အေးစက်သည့်မိန်းမတစ်ယောက်အသံ ထွက်လာသည် ။


" မိန်းမ…ငါပါ...."

 လျန်ယွမ်ချင်းချက်ချင်းပင်ဆိုလိုက်သည်။

 " မင်းအခုဘယ်မှာလဲ… မင်းငါ့ကိုအာမခံပေးဖို့လာမှာလား ..."


" နိုင်ငံ C မှာ ...."


အာ … သူမ တကယ်ပြည်ပမှာပေါ့... ကောင်းလိုက်တာ....


လျန်ယွမ်ချင်းဆက်ပြောလိုက်သည်။

 " အရမ်းဝေးလွန်းတော့ မင်းပြန်လာဖို့အဆင်မပြေလောက်ဘူး.. မင်းပြန်လာစရာမလိုပါဘူး ကောင်းကောင်းအနားယူ နောက်ပြီးငါ့အတွက်လည်းစိတ်ပူမနေနဲ့ …."


" လျန်ယွမ်ချင်း…နင်ဘာပဲလုပ်ခဲ့လုပ်ခဲ့ နင်ကငါ့ယောကျာ်းဖြစ်နေတုန်းပဲ.... ငါတိုင်းပြည်အတွင်းမှာရှိမနေဘူးဆိုပေမဲ့ 

ငါ ငါ့အဖေကိုနင့်အတွက်အာမခံပေးမယ့်သူတစ်ယောက်ယောက်ရှာခိုင်းလိုက်မယ် …”


" မလိုပါဘူး တကယ်မလိုဘူး...."

 လျန်ယွမ်ချင်းတုန်တုန်လှုပ်လှုပ်ဖြစ်ပြီး လျှာပင်ထွေးလုံးလာသည်။

 " ဒီလောက်တောင်အသိတရားမရှိရင် လူဘယ်ဟုတ်ပါတော့မလဲ.... မဟုတ်ဘူးလားရဲဘော်တို့... ငါ့ကိုအာမခံဖို့ဘာလိုလို့လဲ...မလိုပါဘူး ဒီမှာတကယ်ကိုနေရတာကောင်းပြီး ငါဒီမှာနေရတာကိုသဘောကျတယ်၊ သူတို့ငါ့ကိုခဏလောက်သော့ပိတ်ထားပါလေ့စေ ငါလည်းတိတ်တိတ်ဆိတ်ဆိတ်နေလို့ရမယ့်အချိန်ရှိသွားတာပေါ့ ...."


" … နင့်ဦးနှောက်ကတစ်ခုခုမှားနေတာလား...”


လျန်ယွမ်ချင်း ကျန်သည့်အရာအားလုံးကို မသိကျေးကျွန်ပြုလိုက်ပြီး ဒေါသထွက်ချင်ယောင်ဆောင်လိုက်သည်။

 " မင်းတကယ်သဘောမပေါက်သေးဘူးလား... မင်းကအမြဲဒီလိုပဲဆိုတော့ ငါဒီမှာပဲအပိတ်ခံထားချင်တော့တယ်....  ငါဒီမှာတိတ်တိတ်ဆိတ်ဆိတ်နေချင်တယ်...ငါမင်းကိုအနာဂတ်မှာလည်းမတွေ့ချင်ဘူး ငါ့ကိုအာမ လာခံမပေးနဲ့ မင်းကအရမ်းဒေါသထွက်ဖို့ကောင်းတယ်...."


တစ်ဖက်မှစကားပြန်မလာတော့ပဲ ဖုန်းချသွားသည် ။


လျန်ယွန်ချင်းသက်ပြင်းဖြေးဖြေးတစ်ချက်ချလိုက်ပြီး သူမ၏စိတ်ကိုသူလျို့ဝှက်စွာဖြင့်တွေးလိုက်သည်၊ သူမသည်သူသေသေရှင်ရှင် ဂရုစိုက်မည်မဟုတ်ပေ။ သူဖုန်းချပြီးနောက်တွင် ပြုံးလျက်ပင်ရဲများဆီသို့ဖုန်းပြန်ကမ်းပေးလိုက်သည် ။


ရဲများလည်းဆွံအသွားခဲ့သည် ။


သူ့ဦးနှောက်မှာပြဿနာတစ်ခုခုရှိနေတာလား…


ထိုစာကြောင်းကိုပဲပြန်အမှတ်ရလိုက်သည် ။


လျန်ယွမ်ချင်းကတော့သူ့ကိုအခြားသူများမည်ကဲ့သို့တွေးသည်ကိုဂရုမစိုက်ပေ ။


သူ့ယောက္ခမမိသားစု ကလေး(ကျန်းရှောင်မန်) ကိုရှာဖွေမည့်အစား သူအထိန်းအသိမ်းပဲခံမည်ဖြစ်သည် ။


အရာအားလုံးထိုကဲ့သို့ဖြစ်သွားသဖြင့် သူဝန်ခံရုံပင်ရှိတော့သည် ။


မီးမောင်းထိုးပြမည်ဆိုလျင် သူအဖြေတစ်ခုခုစဥ်းစားမိမည်ဖြစ်သည် ။


သုံးလကြာပြီးနောက်တွင် လျန်ယွမ်ချင်းလက်ထောက်က ဝန်ခံရန်ပြန်လာခဲ့သည်၊ အရာအားလုံးကိုသူကိုယ်တိုင်လုပ်ခဲ့သည်ဖြစ်ပြီး သူ့သူဌေးနှင့်မည်သို့မှမသက်ဆိုင်ဘူးဟုဆိုလေသည်၊ သူ၏ပြစ်မှုအားလုံးကိုဝန်ခံခဲ့သည် ။


ထိုမှသာလျှင် လျန်ယွမ်ချင်းသက်သာသွားတော့သည် ။


ယခုလိုတိုတောင်းသည့်သုံးလတာအတွင်းတွင် သူ၏အရွယ်အစားသည်ပိုပိန်ပါးလာပြီး မေးစေ့တွင်လည်းမုတ်ဆိတ်မွေးငုတ်တိုများနှင့် မျက်လုံးများလည်းချောင်ကျနေသည်။ 


သူလွတ်လာပြီးနောက်တွင် ကျန်းရှင်းကိုလည်းပြဿနာမရှာချင်တော့သည့်အပြင် မည်သည့်အကြောင်းကိုမှလည်းဂရုမစိုက်ချင်တော့ပေ ။


ယခုတွင်​ ထိုကျိန်စာသင့်နေသည့်နေရာမှဝေးနိုင်သလောက်ဝေးဝေးသွားချင်တော့သည် ။ သူဒီပျက်စီးနေသည့်နေရာသို့ဘယ်တော့မှပြန်လာတော့မည်မဟုတ်ပေ ။


-


သုနှင့်ယှဥ်ကြည့်လိုက်သည့်အခါတွင် ကျန်းရှောင်မန်ကတော့ ကောင်းကောင်းမွန်မွန်ဖြတ်သန်းနေသည် ။


တစ်ညအိပ်ပြီးနောက်တွင် ထိုကိစ္စအားလုံးမဖြစ်ခဲ့သည့်အတိုင်းပင်ဖြစ်သွားသည် ။


ရဲဦးဦးကြီးက သူမဆီသို့ရုပ်ပိုင်းဆိုင်ရာစစ်ဆေးဖို့လာခဲ့ပြီး သူမနေလို့ထိုင်လို့ကောင်းကြောင်းပြောဆိုစစ်ဆေးပြီးနောက်တွင်ပြန်သွားခဲ့သည် ။


ဘွားဘွားကလည်း သူမအဆင်ပြေနေပြီဖြစ်ပြီး ထိုကိစ္စကိုလူသိရှင်ကြားဖြစ်အောင်မလုပ်သင့်ဘူးဟုဆိုသည်။ သူမကျောင်းသို့သွားနေဆဲဖြစ်ပြီး ထိုအကြောင်းများပျံ့နှံ့သွားလျှင် သူမစာသင်ရာတွင် အကျိုးရှိမည်တော့မဟုတ်ပေ ။


ရဲများကလည်း ကျန်းဟွေ့မိန်တောင်းဆိုချက်ကိုလက်ခံကြပြီး လူသိရှင်ကြားဖြစ်အောင်မလုပ်တော့ပေ။ မည်သည့်အရာများဖြစ်ပျက်သွားသည်ကို မည်သူမှမသိကြပေ ။


သူမကျောင်းနှစ်ရက်လောက် ပျက်လိုက်သည်နှင့်စပ်လျဥ်း၍ သူမရှင်းပြခဲ့သည်မှာ သးမကူမကဆိုးသွမ်း၍ ညလယ်ကောင်တွင် စူးစမ်းရန်ထွက်လာခဲ့ပြီး လမ်းပျောက်၍အိမ်ပြန်မည့်လမ်းရှာမတွေ့တော့သောကြောင့် သူမအဘွားဆီမှအရိုက်ခံရသည်ဟူ၍ဖြစ်သည်။ ကလေးများကိုလည်း အကြောင်းပြချက်မရှိပဲပြေးလွှားမနေဖို့ရန် သူမသတိပေးလိုက်သေးသည်။


အထူးသဖြင့် ညဘက်တွေမှာအလွန်အန္တရာယ်များကြောင်းကိုပင် ။


ကလေးများက အံ့အားသင့်စွာဖြင့် သူတို့နားလည်သဘောပေါက်ကြောင်းပြသလေသည် ။


သို့သော်ငြားလည်း ကျန်းရှင်းဟွားထိုကိစ္စနှင့်ပတ်သတ်ပြီးအမြင်မတူပေ ။


အဘယ်ကြောင့်ဆိုသော်သူကျန်းရှောင်မန်အကြောင်းကိုကောင်းကောင်းသိလေသည် ။


ကျန်းရှောင်မန်က အလွန်ရဲရင့်ပြီး ဥာဏ်ကောင်းသည်။ သူမညဘက်ကိုတစ်ယောက်ထဲအပြင်ထွက်သွားပြီး အိမ်ပြန်ဖို့လမ်းပျောက်သွား၍အရိုက်ခံရသည်ဆိုတာမဖြစ်နိုင်ပေ ။


ထို့ကြောင့်အကြောင်းပြချက်တစ်ခုသာရှိတော့သည်။ ၎င်းမှာကျန်းရှောင်မန်အပြင်ထွက်သွားသော်ငြား တစ်စုံတစ်ခုကသူမအိမ်ပြန်သည့်လမ်းကိုတားဆီးခဲ့လို့ပဲဖြစ်ရမည် ။


xxxxxxx