အပိုင်း ၂၃၆-၂၄၀
Viewers 14k

Chater 236


ကျန်းရှင်းဟွား ကျန်းရှောင်မန်ကိုလျို့ဝှက်စွာဖြင့်ကြည့်လိုက်ပြီး ထူးဆန်းစွာဖြင့်ဆိုလေသည်။

 " ရှောင်မန် နင်ဘာလို့အတန်းကိုမလာတာလဲငါသိတယ်.... ပြီးတော့နင် ဘာလို့ပျောက်သွားပြီး အိမ်ပြန်မယ့်လမ်းရှာမတွေ့တော့တာကိုလည်းငါသိတယ်...."


ကျန်းရှောင်မန်နှင့် ယွီချင်း ရှီတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ကျန်းရှင်းဟွားဘက်သို့ပြန်လှည့်ကာမေးလိုက်သည်။

 " ဘာလို့လဲ ...."


" နင် …” 

ကျန်းရှင်းဟွားတမင်မျှော်လင့်ထားသကဲ့သို့ အသံကိုနိမ့်ကာ ဆက်ပြောသည်။

 " နင်ကျောင်းရဲ့အံ့ဖွယ် ဆယ်ခုနဲ့တွေ့ခဲ့တာလား…”


"…” အဲ့ဒါကဘာကြီးလဲ …?


ကျန်းရှောင်မန်က ကျန်းရှင်းဟွားကို ခြောက်လှန့်ရန်ပုံပြင်ပြောပြနေကြဖြစ်သည်။ ကျန်းရှင်းဟွား ကျန်းရှောင်မန်၏ အသိပညာများထဲတွင် မရှိသည့်တစ်စုံတစ်ခုကို ပထမဆုံးအကြိမ်ဖြင့်ပြောပြခဲ့ခြင်းဖြစ်သည် ။


ကျန်းရှောင်မန် သူမခေါင်းကိုကိုင်လိုက်သည် သူမ မသိဘူးဆိုသည်ကိုထုတ်မပြချင်သောကြောင့် တည်ငြိမ်ချင်ဟန်ဆောင်ကာ ပြောလိုက်သည်။

" အာ… ငါသိလောက်တယ် ...."


ကျန်းရှင်းဟွား ထိတ်လန့်စွာဖြင့် ပင့်သက်ရှိုက်လိုက်ပြီး သူ၏ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်သည်။ သူကြောက်ရွံ့စွာဖြင့်ဘယ်ညာကြည့်လိုက်ပြီး မည်သူမှကြည့်မနေသည်ကိုတွေ့မှ တိုးတိတ်စွာဖြင့် မေးသည်။


 " အဲ့တော့ နင့်ကိုသရဲကစက်ဝိုင်းထဲဝင်သွားအောင်လုပ်ပြီး အိမ်ပြန်လမ်းရှာမတွေ့တော့အောင်လုပ်လိုက်တာမျိုးလား.... ဒါမှမဟုတ် နေ့နဲ့ညမှာလှေကားထစ်အရေအတွက်ကွာသလိုမျိုးလား.... ဒါမှမဟုတ်သူ့ကိုယ်သူကြိုးဆွဲချပြီးသတ်သေသွားတဲ့သရဲမလိုမျိုးလား …”


" ဟူး…” 

ကြောက်စရာကြီး... ကြောက်ဖို့ကောင်းလိုက်တာ....


ကျန်းရှောင်မန်သိမ့်သိမ့်တုန်သွားပြီး မသိစိတ်ကနေ ယွီချင်းရှီဘေးသို့ ချဥ်းကပ်သွားမိကာ ယွီချင်းရှီ လက်မောင်းကို လျို့ဝှက်စွာ ဖမ်းဆုပ်လိုက်သည်။ ထို့နောက်ကျန်းရှင်းဟွားကို စူးရှစွာ ကြည့်လိုက်ပြီးပြောလိုက်သည်။

 " အဓိပ္ပါယ်မရှိတာ… နင်ပြောတဲ့ဟာတွေကဘယ်လိုလုပ်ရှိမှာလဲ… ”


အကျိုးအကြောင်းမဆီလျော် သိပ္ပံနည်းမကျလိုက်တာ.....


သို့သော်ငြားလည်း ၎င်းကအလွန်ကြောက်ဖို့ကောင်းသည် ။


' ကျားမေမေ ' ထက်တောင်ပိုကြောက်ဖို့ကောင်းသည် ။


ကျန်းရှင်းဟွား ကြောက်လန့်စွာဖြင့် သူ့ရင်ဘက်ကိုပုတ်လိုက်ပြီး ကြောက်ရွံ့နေသည့်ပုံဖြင့်ဆိုသည်။

 " ဒါပေမဲ့ အဲ့ဒါကဒဏ္ဍာရီတွေထဲမှာပြောထားတာလေ...ငါကအမှန်အတိုင်းပြောပြရုံပဲ... နင်အဲ့ဒီလိုမျိုးမကြုံဖူးဘူးလား …”


ကျန်းရှောင်မန်က သဘာဝလွန်သည့်အရာမျိုးကိုကြောက်တတ်သည့်သူမျိုးမဟုတ်သော်လည်း သူမသိချင်စိတ်ပြင်းပြသွားသည် ။


သူမဟန်မဆောင်တော့ပဲ တိုက်ရိုက်မေးဖို့ဆုံးဖြတ်လိုက်တော့သည်။

 " အဲ့ဒါကဘာလဲ... အံ့ဖွယ်ဆယ်ခုကဘာလဲ …”


" အံ့ဖွယ်ဆယ်ခုက…” 

ကျန်းရှင်းဟွားသူ့အသံကိုမနည်းထွက်အောင်လုပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

 " ငါလည်းမသိဘူး …”


" အယ် ...."


" အဲ့ဒီ့အကြောင်းကိုငါ့ဝမ်းကွဲဆီကကြားလာတာ…” 


ကျန်းရှင်းဟွား လျို့ဝှက်ဆန်းကြယ်နေသည့်ပုံဖြင့် ဆက်ပြောသည်။

 " ငါ့ဝမ်းကွဲအစ်မကသူ့သူငယ်ချင်းနဲ့စကားပြောနေတုန်း သူကငါ့ကိုတမင်တကာရှောင်ပြီး ကလေးတွေသိဖို့မလိုဘူးလို့ပြောတယ်... ငါလည်းကြားရအောင်နည်းနည်းခိုးနားထောင်ခဲ့တယ် ...."


ထိုအကြောင်းအရာများက လူကြီးတွေပဲသိပြီး ကလေးတွေမသိနိုင်သည့် အရာမျိုးဖြစ်သည် ။


ကျန်းရှောင်မန်ထပ်မေးလိုက်သည်။

 " နင့်ဝမ်းကွဲအမကအသက်ဘယ်လောက်လဲ..."


" သူက အလယ်တန်းကျောင်းတတ်နေတာ...'


" အဲ့ဒါကလူကြီးမှမဟုတ်သေးတာ...."

ကျန်းရှောင်မန်ခေါင်းငုံ့လိုက်ပြီး ခဏတဖြုတ်တွေးလိုက်သည်။ သူမသည်ကိစ္စတော်တော်များများကိုကျော်ဖြတ်ထားသည့် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သည် ကလေးမဟုတ်တော့ပေ။ ထိုအကြောင်းတွေကိုသူမသိဖို့အဆင်ပြေသည် ထို့ကြောင့်သူမဆက်မေးလိုက်သည်။

 " တကယ်တမ်းကဘာလဲ ...”


" ကျောင်းရဲ့အုပ်စုအဖွဲ့တိုင်းအဲဒီ့အကြောင်းကိုပြောကြတယ်...အမည်မသိတဲ့ဒဏ္ဍာရီတဲ့... ”


" အဲ့ဒီ့အကြောင်းကအိပ်ဆောင်က​နေစခဲ့တာ.... မိန်းကလေးတစ်ယောက်ကသူ့ကိုယ်သူကြိုးဆွဲချခဲ့တယ်.... နောက်ပိုင်း အဲ့ဒီ့သရဲကခြောက်လန့်ဖို့အတွက်ယောကျာ်းလေးအဆောင်ကိုကူးပြောင်းသွားတာ...ယောကျာ်းလေးတွေမှာ ကြံ့ခိုင်တဲ့ 'ယန်' စွမ်းအင်ရှိလို့ မိန်းကလေးသရဲတွေကိုထိန်းထားနိုင်တယ်လေ...."


" တချို့ကစားကွင်းတွေဆိုရင် အကြောင်းပြချက်မရှိပဲအမြဲပြိုကြတတ်တယ်.... ပြီးတော့ကြောက်စရာကောင်းတဲ့ဟာတွေကိုလည်းအဲဒီ့ကစားကွင်းအောက်မှာမြုပ်ထားတာ... ညလယ်ကောင်ဆိုရင်ကလေးတွေခဏခဏပျောက်တတ်တယ်တဲ့ …”


" ပြီးတော့နေ့နဲ့ညကြားမှာ လှေကားထစ်အရေအတွက်တွေပြောင်းတတ်တဲ့စာကြည့်တိုက်လည်းရှိသေးတယ်... နင်လမ်းလျှောက်နေတဲ့အချိန်နင့်ခေါင်းကိုလှည့်လို့မရဘူး နင်နံပါတ်မှားရေလိုက်ရင် နင်ပြန်ထွက်လို့ရမှာမဟုတ်တော့ဘူး …”


စသည်ဖြင့်၊ စသည်ဖြင့်…


တစ်ခုချင်းစီတိုင်းက ကြောက်ဖို့ကောင်းသည်။


ကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့ထိတ်လန့်သွားကြသည် ။


သူတို့ ထိုအကြောင်းကို တစ်ခါမှမကြားဖူးပေ ။


သူမထပ်မေးချင်သေးသော်လည်း ကျန်းရှင်းဟွားက ခုံအောက်အတွင်းတွင်ဝပ်ကာ ကျန်းရှောင်မန်၏ခြေထောက်ကိုဖက်၍ ခိုက်ခိုက်တုန်နေသည်။

" ရှောင်မန်… ငါ့ကိုကူညီပါ... ရှောင်မန် …ငါ့ကိုကူညီပါဦး ငါမပြောသင့်တဲ့အရာတွေအများကြီးကိုငါပြောမိပြီ ငါ့ကိုညကျရင်တစ်စုံတစ်ခုကသေချာပေါက်လာခေါ်လိမ့်မယ် …”


ကျန်းရှောင်မန် ပြန်မတုံ့ပြန်ခင်မှာပင် ယွီချင်းရှီ ကျန်းရှင်းဟွားကိုအရင်ကန်ထည့်လိုက်ပြီဖြစ်သည် ထို့နောက်တွင်လေးနက်သည့်အသံဖြင့်ပြောလိုက်သည်။

 " သွားစို့ ...."


ကျန်းရှောင်မန်ကို ကျန်းရှင်းဟွားလွှတ်ပေးလိုက်ရသော်လည်း သူခုံအောက်ထဲမှမထွက်ရဲသေးပေ။သူ့ခေါင်းကိုထုတ်ကြည့်ကာ ကျန်းရှောင်မန်ကိုဝမ်းနည်းစွာမေးသည်။ 

" ရှောင်မန် ငါဘာလုပ်ရမလဲ... ငါအဝေးကိုခေါ်သွားခံရမှာလား ..."


" မဟုတ်တာ...."

 ကျန်းရှောင်မန်မေးလိုက်သည်။

" နင်ဒီအကြောင်းပြောတာလေးနဲ့တင် ဘာလို့အဝေးကိုခေါ်သွားခံရမှာလဲ.... ငါနင့်ကို 'ကျားမေမေ' အကြောင်းခဏခဏပြောဖူးတာပဲ ဒါပေမဲ့ငါ ကျားမေမေ ဆီကခေါ်သွားတာခံရလို့လား…”


" အိုး…ဟုတ်သားပဲ...."

 ကျန်းရှင်းဟွားအနည်းငယ်သက်သာရာရသွားသော်ငြား သူကြောက်ရွံ့နေသေးတုန်းဖြစ်သည်။

 " ဒါပေမဲ့ ငါ့ဝမ်းကွဲအစ်မကပြောတယ် သူဒီအကြောင်းတွေကိုမူလတန်းကျောင်းမှာတော့မပြောခဲ့ဘူးတဲ့... သူဒီအကြောင်းတွေကိုနောက်မှပြောတာတဲ့ သူသွားတတ်တဲ့အလယ်တန်းကျောင်း...အထက်တန်းကျောင်းတွေနဲ့ ပြီးတော့တက္ကသိုလ်တွေမှာအဲ့ဒီလိုဒဏ္ဍာရီတွေများသထက်တောင်များများလာသေးတယ်တဲ့...."


အဓိပ္ပါယ်မရှိလိုက်တာ ဒဏ္ဍာရီမှာတောင်ခွဲခြားပြီးဆက်ဆံခံရသေးတယ်....


လူကြီးတွေကြသိလို့ရပြီး ကလေးတွေကျဘာလို့သိလို့မရတာလဲ...


...ကြောက်စရာပုံပြင်ချင်းအတူတူပဲကို ကျားမေမေအကြောင်းကြတော့သူမပြောလို့ရပြီး..... ကျောင်းရဲ့အံ့ဖွယ်တွေကြတော့ဘာလို့ပြောလို့မရတာလဲ ...


xxxxx


Chapter 237


ကျန်းရှောင်မန်မကြောက်တော့ပဲ သူမရိုးရှင်းစွာဖြင့်ကောက်ချက်ချလိုက်သည် ။


ကျားမေမေက ဇာတ်လမ်းအတုဖြစ်သည်၊ ထို့ကြောင့် ကျောင်း၏အံ့ဖွယ်ဆယ်ခုကလည်းဇာတ်လမ်းတုပဲဖြစ်နိုင်သည်။ ကျားမေမေသည် လူကြီးများ၏ ကလေးများကိုချော့သိပ်သည့်ပုံပြင်ဖြစ်​သောကြောင့် ကျောင်း၏အံ့ဖွယ်ဆယ်ခုသည်လည်း ကလေးတွေကိုပတ်မပြေးနေရန် လှည့်စားထားသည့်ဇာတ်လမ်းဖြစ်နိုင်သည် ။


အဓိပ္ပါယ်ရှိလေသည် ။


ကျန်းရှောင်မန် သူမ လူကြီးများ၏လျို့ဝှက်ချက်ကိုမဖုံးထားနိုင်ဘူးဟုသဘောပေါက်လိုက်သည်။ ဆန်းကြယ်သောအပြုံးဖြင့် ကျန်းရှင်းဟွားကိုစားပွဲအောက်မှထွက်လာရန်ချော့သည်၊ သို့သော်လည်းကျန်းရှင်းဟွား သူမပြောသည်ကိုနားမထောင်ပေ ။


ကျန်းရှောင်မန်ထိုသို့ပြောရုံမှလွှဲ၍ တခြားနည်းမရှိတော့ပေ။

" နင်အရမ်းကြောက်နေတာဆိုတော့ ငါနင့်ကိုအဆောင်တစ်ခုကူပြီးဆွဲပေးမယ် …” 


" အာ…နင်ကအဆောင်လည်းဆွဲတတ်တာပဲလား...."

 ကျန်းရှင်းဟွားမျက်လုံးများအရောင်တောက်သွားသည် ။


ကျန်းရှောင်မန်ဒါကိုဘယ်လိုလုပ်သိတာလဲ… 


လူတွေကြားက ကွာခြားချက်ကဘာလို့ဒီလောက်တောင်ကြီးရတာလဲလို့.... 


သူ့နှလုံးသားတွင် တစ်ခါမှမခံစားဖူးသည့်ခံစားချက်မျိုးကို ခံစားလိုက်ရသည်။ နောက်ဆုံးတွင်ဂရုတစိုက်ဖြင့်ထုတ်မေးလိုက်သည်။

 " ငါ့ကိုမကောင်းတဲ့အရာတွေကနေကာကွယ်ဖို့အတွက် နင်အဆောင်ကိုကူပြီးဆွဲပေးလို့ရမလား..., ကျောင်းရဲ့အံ့ဖွယ်ဆယ်ခုကငါ့ဆီတော့မလာဘူးမလား... ငါနောက်ဆိုရင်ဒီလိုမျိုးအကြောင်းတွေကိုနင့်ကိုပဲပြောတော့မယ် နောက်ဘယ်သူ့ကိုမှမပြောတော့ဘူး…”


သူ အလွန်ကြောက်နေခဲ့သည် ။


အသေအချာကိုပင် သူ၏ဝမ်းကွဲအမပြောတာမှန်လေသည် ။


ထိုကဲ့သို့အရာမျိုးကို မည်သူ့ကိုမှမပြောပြသင့်ပေ။ သူထိုအကြောင်းများကိုပြောပြီးသည်နှင့် သူ့နောက်ကျောများအေးလာပြီးချွေးများထွက်လာခဲ့သည်၊ တကယ့်ကိုကြောက်ဖို့ကောင်းလေသည် ။


သူ့ကိုတစ်ခုခုကစိုက်ကြည့်နေသည့်အတိုင်းပင် ကြောက်ရွံနေခဲ့သည်။ အလွန်ဆန်းကြယ်လွန်းသည် ။


ကျန်းရှောင်မန် အတည်ပေါက်ဟန်ဆောင်လိုက်သည်။

" ဒါပေါ့ ငါရွာမှာတုန်းကနတ်ဆရာဆီကနေ အစွမ်းတွေသင်ထားတာ.... ငါကလေးတုန်းက ငါကိုယ့်ကိုကိုယ်စကားပြန်ပြောလေ့ရှိတယ်... ငါ့ဘွားဘွားကငါ့ကိုပြောဖူးတယ်.... ငါကတစ်ခုခုစွဲကပ်တာခံနေရတယ်တဲ့လေ... ဒီတော့နတ်ဆရာမကငါ့ဘွားဘွားကိုလာဖို့ခေါ်ပြီး အစွဲချွတ်ခိုင်းတယ်... သူမ ငါ့ကိုအဆောင်တစ်ခုပေးခဲ့တယ်... သူမအဲ့အဆောင်ကိုပြာဖြစ်အောင်မီးရှို့ပြီး ငါ့ကိုသောက်ခိုင်းတယ် သံအိုးအပူတစ်လုံးကိုလည်းမန္တန်ရွတ်​နေတဲ့အချိန် ငါ့ခေါင်းပေါ်တင်ထားသေးတယ်...."


" အား……ကြောက်ဖို့ကောင်းလိုက်တာ..."


" အင်းဆို..."


ကျန်းရှောင်မန်လည်း​ကြောက်ရွံ့သလိုခံစားလိုက်ရသည် ။


သူမက လုံးလုံးကြီး တစ်စုံတစ်ခုစွဲကပ်နေခြင်းမဟုတ်ပေ။ အကယ်၍အခြားကလေးများသာသူမနေရာမှာဆိုလျင်ကြောက်လွန့်လွန်းသဖြင့် တစ်ခုခုပင် အမှန်တကယ်စွဲကပ်သွားနိုင်သည် ။


ဟူး…နတ်ဆရာကစိတ်ချလို့မရဘူးပဲ ....


သို့ပေမဲ့ ၎င်းက လူတွေကိုချော့ရအဆင်ပြေသည် ။


ကျန်းရှောင်မန် သူမစာရေးကိရိယာဘူးထဲမှ ဆော့ပင်တစ်ချောင်းထုတ်ယူလိုက်ပြီး သူမလက်မောင်းပေါ်တွင်ပထမဆုံးစမ်းကြည့်လိုက်သည်။ ထို့နောက် ကျန်းရှင်းဟွားကိုပြောလိုက်သည်။

 " လာ …ငါနင့်မျက်နှာပေါ်မှာပုံဆွဲပေးမယ် ဒါဆိုနင်ကြောက်စရာမလိုတော့ဘူး...."


ကျန်းရှင်းဟွား အမြဲနာခံတတ်သူဖြစ်ပြီး ကျန်းရှောင်မန်ပြောသမျှကိုသူလိုက်လုပ်တတ်သည်။ ကျန်းရှင်းဟွားဆီသို့သူ၏ခေါင်းကိုထိုးပေးလိုက်ပြီး သူမကိုဆွဲခိုင်းလိုက်သည် ။


ကျန်းရှောင်မန် သူ့ကိုအဆောင်တစ်ခုမဆွဲပေးနိုင်သည်မှာအသေအချာဖြစ်သည် ။


သူမ ကျန်းရှင်းဟွားမျက်နှာပေါ်တွင် စက်ဝိုင်းနှစ်ဝိုင်းဆွဲပေးလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အမဲ​ရောင်မျက်မှန်တစ်စုံကိုဝတ်ဆင်ထားသကဲ့သို့ဆွဲပေးလိုက်သည် ။


 ကျန်းရှင်းဟွားက ချစ်ဖို့ကောင်းသည်ဟုကျန်းရှောင်မန်တွေးလိုက်သည် ။


ကျန်းရှင်းဟွား ကြောင်အစွာဖြင့်မေးလိုက်သည်။

 " ဒါအဆင်ပြေပါ့မလား ..."


" အခုအဆင်ပြေသွားပြီ ..."


" ငါ့ကိုဘာမှလာမရှာတော့ဘူးမလား ..."


" ဟင့်အင်း သူတို့မလာအောင်ငါနင့်ကိုကာကွယ်ပေးထားတယ်လေ… ”


" ကျေးဇူးပါနော်... ရှောင်မန်..."


" ရပါတယ်...  ငါတို့ကသူငယ်ချင်းကောင်းတွေပဲကို ...."


ကျန်းရှင်းဟွား ပျော်ရွှင်စွာဖြင့်ပြန်သွားသည် ။


ကျန်းရှောင်မန် ဆော့ပင်ကိုစာရေးကိရိယာဘူးထဲသို့ပြန်ထည့်လိုက်ပြီး ယွီချင်းရှီသူမကိုကြည့်နေခဲ့သည်ကိုသဘောပေါက်လိုက်သည်။ သူမ ယွီချင်းရှီကိုကြည့်ရန်ခေါင်းကိုပြန်လှည့်လိုက်ပြီး မေးလိုက်သည်။

 " နင်လည်းကျောင်းအံ့ဖွယ်ဆယ်ခုကိုနားထောင်တာပဲကို မကြောက်ဘူးလား ...."


ယွီချင်းရှီခေါင်းခါပြလိုက်သည်။

 " ဟင့်အင်း ..."


သူ ကျန်းရှောင်မန်ဘာကြောင့် ကျောင်းနှစ်ရက်ပျက်ထား ကြောင်းကိုသိလေသည် ။


သူမတခြားသူတွေကိုလိမ်ပြီးတာတောင် သူမသူ့ကိုလိမ်ချင်နေသေးတာလား…


သူကအရူးမဟုတ်ပေ....


ကျန်းရှောင်မန် အားမလိုအားမရဖြင့်သက်ပြင်းချလိုက်သည်။ မူလတွင် သူမယွီချင်းရှီ၏မျက်နှာပေါ်တွင်ဆွဲပေးချင်တာဖြစ်သည်။ ၎င်းသည်ပျော်ဖို့ကောင်းပေမဲ့ ယွီချင်းရှီသည်မကြောက်ဘူးဟုဆိုသဖြင့် သူမထိုအကြောင်းကိုမေ့ထားလိုက်တော့သည်။


သူမစာရေးကိရိယာသေတ္တာကိုပိတ်တော့မည့်အချိန်တွင် ယွီချင်းရှီစကားတစ်ခွန်းမှမပြောပဲ သူ၏လက်ကိုထိုးပေးလိုက်သည် ။


ကျန်းရှောင်မန်သူ့ကိုကြည့်လိုက်သည် ။


ယွီချင်းရှီရှက်ရှက်ဖြင့် တိုးတိုးလေပြောလိုက်သည်။

" အဲ့ဒါဆွဲပေးပါ...."


သူ၏မျက်နှာပေါ်တွင် ဆွဲဖို့သဘောမတူပေ ။


ကျန်းရှောင်မန်အလွန်ပျော်ရွှင်သွားသည်။ သူမ သူ့လက်ကောက်ဝတ်ပေါ်တွင်နာရီပုံဆွဲပေးလိုက်သည်။ စဥ်းစားကြည့်လိုက်ချိန်တွင် သူမဆွဲတာမလုံလောက်သေးဘူးဟု ခံစားလိုက်ရသည်ဟ ထို့နောက်သူ့လက်ပေါ်တွင် ပန်းပုံနှင့်နေပုံထပ်ဆွဲပေးလိုက်သည် ။


သူမဆွဲထားသည့်ပုံသည်အလွန်လှသည်ဟု သူမခံစားရ၍ သူမနာမည်ကိုလက်မှတ်ထိုးပေးလိုက်သည်…ကျန်းရှောင်မန် ။


xxxxxxx


Chapter 238


ယွီချင်းရှီ၏လက်က အလွန်ယားနေသော်လည်း သူ မရယ်ပဲသူမပြီးသည်အထိဆက်ဆွဲစေလေသည် ။


ကျန်းရှောင်မန်ဟိုဟိုဒီဒီလျှောက်ဆွဲနေတာပြီးမှ ယွီချင်းရှီသက်ပြင်းချနိုင်သည် ။


ယားလိုက်တာ....


သူ၏လက်ပေါ်တွင်လျှောက်ခြစ်ထားသည့်အမဲရောင်မင်များနှင့်ပင်။ အမှန်တိုင်းပြောရလျင် ပုံဆွဲထားသည်မှာကြည့်ရဆိုးလွန်းသည်။ သို့သော် ကျန်းရှောင်မန် သူမကိုယ်သူမအလွန်ကောင်းမွန်သည်ဟုခံစားရသဖြင့် ယွီချင်းရှီလည်းမည်သည့်စကားမှမပြောတော့ချေ ။


အိမ်ပြန်ပြီးနောက်တွင် ကလေးနှစ်ယောက်အိမ်စာအတူတူလုပ်ကြသည် ။


မကြာမီတွင် အင်္ဂလိပ်စကားပြောဆရာစာလာသင်တော့မည်ဖြစ်သည်။ ယွီချင်းရှီတွင် ညနေ၈နာရီစန္ဒယားသင်တန်းရှိပြီး ကျန်းရှောင်မန်လည်းအလုပ်များနေသည်။ သင်ခန်းစာများက အဆုံးမရှိပေ ။


သို့သော် ဝါသနာအတန်းမှလွဲ၍ သူမက ယွီချင်းရှီနှင့် အတူပုံမှန်အတန်းတတ်လေ့ရှိသည် ။


ကလေးနှစ်ယောက်လုံးအလုပ်ရှုပ်နေကြသည် ။


သူမအိမ်စာတစ်ဝက်နီးနီးပြီးသွားပြီးနောက်တွင် ကျန်းရှောင်မန်ရုတ်တရက်ရပ်လိုက်ပြီး မေးလိုက်သည်။

 " အဲ့ဒါအမှန်ပဲလား အလယ်တန်းကျောင်းတတ်တာနဲ့ ကလေးတွေတစ်ခုခုမသိရအောင်တားမြစ်ထားတဲ့စည်းမျဥ်းတွေမရှိတော့ဘူးဆိုတာ …”


" ထင်တာပဲ ...."


" နင်လုပ်ချင်တာဘာမဆိုလုပ်လို့ရတာလား …” ကျန်းရှောင်မန်စိတ်ဆန္ဒပြင်းပြစွာဖြင့် မေးထောက်လိုက်သည် ။


" ဟုတ်မှာပေါ့ ..."


" ဒါဆိုငါ အလယ်တန်းကျောင်းကိုတကယ်သွားချင်လိုက်တာ ...."


သူမအလယ်တန်းကျောင်းသို့သွားချင်ရုံမကပဲ အထက်တန်းကျောင်း CCနှင့် ကောလိပ်ကိုလည်းသွားချင်သေးသည် ။


သူမ လူဆိုးကြီးကိုကျော်လွန်ပြီး ပိုကောင်းသည့်ဗီလိန်တစ်ယောက်ဖြစ်ချင်သည်။ ထိုနည်းဖြင့်သာ သူမ သူကိုအနိုင်ယူနိုင်မည်ဖြစ်သည် ။


ကျန်းရှောင်မန် ချက်ချင်းဆိုသလို တိုက်ချင်ခိုက်ချင်စိတ်အပြည့်ဖြစ်သွားသည်။ သူမထိုအကြောင်းကိုခဏစဥ်းစားလိုက်ပြီးနောက်တွင် သူမဘောပင်ကိုကောက်ကိုင်လိုက်ပြီး အိမ်စာဆက်လုပ်တော့သည် ။


ယွီချင်းရှီ သူမကိုကြည့်လိုက်သည်။ အချိန်တစ်ခုကြာတုံ့ဆိုင်းနေပြီးနောက်တွင် သတ္တိကိုစုလိုက်ပြီး တည်ငြိမ်သည့်ပုံဟန်ဆောင်ကာမေးလိုက်သည်။

 " ငါတို့အလယ်တန်းကျောင်းတတ်တဲ့အခါကျရင် စားပွဲတစ်ခုတည်းမှာအတူတူထိုင်လို့ရမလား ...."


ကျန်းရှောင်မန်လှည့်ပင်မကြည့်ပဲပြောလိုက်သည်။

" ဒါဆိုနင်ကြိုးစားမှရမယ် ..."


"…..."


" နင်ဒုတိယနေရာမရဘူးဆိုရင် နင်ငါနဲ့ကျောင်းအတူသွားလို့ရမှာမဟုတ်ဘူး ပြီးတော့နင်ငါနဲ့စားပွဲလည်းတူမှာမဟုတ်တော့ဘူး ...."


" ငါစာမေးပွဲအောင်ရင်ရပြီမလား ...."


ကျန်းရှောင်မန်သူ့ခေါင်းကိုပွတ်ပေးဖို့အချိန်ယူလိုက်သည်။ အာ… သူမအမှားလုပ်လိုက်မိပြီး သူ၏ခေါင်းအစားမျက်နှာကိုပုတ်လိုက်မိသည်။

 " ဒါပေါ့ ငါလည်းနင်နဲ့တစ်စားပွဲတည်းထိုင်ချင်တာပေါ့… ”


သူမ မရှိလျှင်ယွီချင်းရှီငိုလိမ့်မည်ဖြစ်သည် ။


သူငိုသည့်အခါဆိုလည်း သူပြောလိမ့်မည်မဟုတ်ပေ။ သူဒေါသထွက်ပြီး အားလုံးကိုလည်းလျစ်လျုရှုထားလိမ့်မည်ဖြစ်သည် ။


သူ့ကို ချော့ရန်အလွန်ခက်ခဲသည် ။


ယွီချင်းရှီ မျက်နှာချက်ချင်းပင် နီလာပြီး တစ်ချိန်တည်းပင် တိုက်ခိုက်ချင်စိတ်အပြည့်ဖြစ်လာပြီး သူ၏အိမ်စာကိုကြိုးကြိုးစားစားစလုပ်တော့သည် ။


သူအသေအချာပင်လုပ်နိုင်သည် ။


သူမှလွဲ၍ မည်သူမှကျန်းရှောင်မန်နှင့်တစ်စားပွဲထဲထိုင်နိုင်မည်မဟုတ်ပေ။ ကျန်းရှင်းဟွားတောင်မရပေ ။


သို့သော် သူထိုအကြောင်းကိုမပြောနိုင်ပေ ။


အကယ်၍သူထိုအကြောင်းကိုပြောလိုက်လျင် ကျန်းရှောင်မန်သူ့ကိုအသေအချာပင်ရယ်မည်ဖြစ်သည်။


ဝူး…ဝူး…ဝူး…


ထို့ကြောင့် ယွီချင်းရှီအရင်ထက်ပိုဝီရိယရှိလာသည် ။


သူအလုပ်ကြိုးစားနေခဲ့ပြီး ကျန်းရှောင်မန်လည်းဖိအားခံစားရ၍ ပို၍တောင်ကြိုးစားနေရသည် ။


နှစ်ယောက်သားကြိုးစားနေသောကြောင့် ကျန်းရှင်းဟွားတွင် ဆော့မည့်သူတောင် မရှိတော့သောကြောင့် သူလည်းကြိုးစာကြိုးစားနေရသည် ။


ကျန်းရှင်းဟွားပင် စာကြိုးစားနေပြီဆိုမှတော့ တခြားကလေးတွေလည်း စာမကြိုးစားစရာ အကြောင်းမရှိတော့ပေ ။


အတူတူစားကြိုးစားကြရအောင် ..


စာကြိုးစားပြီး နေ့တိုင်းတိုးတတ်အောင်လုပ်ရအောင်…


ယီကျားကျားလည်း ယွီချင်းရှီသို့မဟုတ် ကျန်းရှောင်မန်နှင့်ပင် မကစားနိုင်တော့ပေ။ သူမကျန်းရှင်းဟွားနှင့်ပင် မကစားနိုင်တော့သောကြောင့် သူမလည်းစာကြိုးစားရုံမှလွှဲ၍မရှိတော့ပေ။ 


ကျောင်းဝင်ခွင့်ရသည့်နေ့တွင် လူတိုင်းအလယ်တန်းကျောင်းတစ်ခုတည်းကိုဝင်နိုင်ကြပြီး ကျောင်းနေဖက်ထပ်ဖြစ်ကြလေသည် ။


အလယ်တန်းကျောင်းအားလုံး၏ယူနီဖောင်းများသည် အတူတူပင်ဖြစ်သည်။ ပွပွနှင့် လျော့တိလျော့ရဲနိုင်သည့် အားကစားဝတ်စုံ အမျိုးအစားမျိုးဖြစ်သည် ။


ယူနီဖောင်းက အဖြူရောင်တီရှပ်ပေါ်တွင်အနက်ရောင်အစင်းကြောင်းဖြစ်သည်။ ကျောင်းတံဆိပ်ကိုရင်ဘတ်ပေါ်တွင်ထိုးထားပြီး ကျောင်းဆောင်ပုဒ်ကိုလည်းအောက်တွင်ရေးထိုးထားသေးသည်။ ဘောင်းဘီအနက်ရောင်နှင့်လည်း ရိုးရှင်းပြီးသဟဇာတဖြစ်လေသည် ။


သူငယ်ချင်းလေးယီကျားကျား မဟုတ်ဘူး…သူမသည်သူငယ်ချင်းလေးမဟုတ်တော့ပေ။ သူတို့အားလုံးကြီးလာကြပြီဖြစ်သည် ။


ယီကျားကျား ကျောင်းယူနီဖောင်းရသည့်အချိန်တွင် သူမချက်ချင်းပင်ကျန်းရှောင်မန်ကိုတိုင်တန်းလေသည် ။


သူမပြောသည်မှာ " အင်္ကျီတွေကကျယ်လွန်းပြီး ဘောင်းဘီကလည်းကြီးလွန်းတယ်... ငါနှစ်ယောက်လောက်တောင် ဝင်လို့ရသေးတယ်... လှလည်းမလှဘူး ငါမကြိုက်ဘူးငါ့ခြေထောက်တွေလေတောင်မထိဘူး အရမ်းပူတာပဲ ...." ဟူ၍ပင်။


ကျန်းရှောင်မန်ကတော့အလွန်သဘောကျလေသည် ။


၎င်းက အလွန်သက်သောင့်သက်သာရှိပြီး ပို၍လည်းမြန်မြန်ပြေးနိုင်သည်။ ရန်ဖြစ်ရန် အင်္ကျီလဲစရာတောင်မလိုတော့ပေ ။


ကျန်းရှောင်မန် သူမကိုစိတ်ငြိမ်အောင်လုပ်ပေးသည့်အနေဖြင့် နှစ်သိမ့်ပေးသည်။

" လှပါတယ်... နင်ငါ့ရဲ့လေ့ကျင့်ရေးအဝတ်အစားတွေကိုမနာလိုမဖြစ်ခဲ့ဖူးဘူးလား …အခုဒီအဝတ်အစားတွေကလည်းငါ့အဝတ်အစားတွေနဲ့အရောင်အတူတူပဲ လှပါတယ်…”


" ဒါပေမဲ့…" 

ယီကျားကျားခဏတာတိတ်ဆိတ်သွားပြီး ခေါင်းငြိတ်ကာလက်ခံယောင်ဆောင်လိုက်သည် ။

" ကောင်းပြီလေ ..."


ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအကျီဆင်တူဝတ်ရမည်ဖြစ်သောကြောင့် သူမတစ်ယောက်တည်း ရုပ်ဆိုးနေမည်တော့မဟုတ်ပေ။ သူမထိုနည်းအတိုင်းစဥ်းစားလိုက်၍ ခံစားချက်ပိုကောင်းလာသည်။


xxxxx


Chapter 239


သို့သော်သူမကျန်းရှောင်မန်ကိုမနာလိုဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော်ကျန်းရှောင်မန်သည် မည်သည့်ကိစ္စမဆို​အေးအေးဆေးဆေးစဥ်းစားတွေးခေါ်တတ်သည် ။


ကျန်းရှောင်မန်ပေါ့ပေါ့ပါးပါးပင်မေးလိုက်သည်။

 " နင်အိမ်မှာနင့်မောင်လေးနဲ့နေပေးဖို့မလိုဘူးလား…”


ကျန်းရှောင်မန် ထိုအကြောင်းပြောလိုက်ချိန်တွင် ယီကျားကျားဒေါသထွက်သွားသည် ။


သူမမောင်လေးက စဥ်းစားဆင်ခြင်နိုင်စွမ်းမရှိပေ ။


သူကိုယ်တိုင် နို့ကိုမည်ကဲ့သို့ လောင်းထည့်ရမည်ကိုလည်းမသိသလို သူ့ဘာသာသူအဝတ်အစားမည်ကဲ့သို့ဝတ်ရမည်ကိုလည်းမသိပေ။ သူမအိမ်စာများကိုဝိုင်းကူမပေးနိုင်ရုံသာမကပဲ သူ၏အိမ်စာများကိုတောင်သူမပြန်ကူညီပေးနေရသေးသည် ။


ယီကျားကျားဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

" သူကအခုမူလတန်းကျောင်းတတ်နေပြီလေ... ဒီတော့ငါသူ့ကိုထပ်ပြီးကြည့်ပေးစရာမလိုတော့ဘူး..... အား…မိုက်မဲတယ် အရမ်းမိုက်မဲတာပဲ ဘာလို့ငါ့မှာအဲ့လောက်မိုက်မဲတဲ့မောင်လေးမျိုးရှိနေရတာလဲ....ငါ့အဖေကသူ့အိမ်စာတွေဝိုင်းကူလုပ်ပေးဖို့ငါ့ကိုပြောတယ် ငါအရမ်းဒေါသထွက်တာပဲ …”


ကျန်းရှောင်မန်သူမကိုဖျတ်ခနဲကြည့်လိုက်ပြီး မေးလိုက်သည်။

" ဘာဖြစ်လို့လဲ… ”


" ၁+၁=၃ ၊ ၂+၄=၅ ၊ ၃+၃=၈ ” 

ယဲ့ကျားကျား ငြီးတွားလိုက်သည်။

 " ဘာလို့ဒီလောက်ရိုးရှင်းတဲ့ပြဿနာလေးကိုတောင်သူမဖြေရှင်းတတ်ရတာလဲ… ဘာလို့လဲ.... ငါနှစ်ဆလောက်ပိုအိုသွားသလိုပဲ... မျှော်လင့်ချက်မရှိတော့ပါဘူး.... ငါသူ့ကိုနေ့တိုင်းသာစာပြပေးရမယ်ဆိုရင် ငါ့သက်တမ်းတဝက်ကတော့သွားမှာပဲ...."


" ထားလိုက်ပါတော့ ...."

 ကျန်းရှောင်မန်သူမပုခုံးကိုပုတ်၍နှစ်သိမ့်ပေးလိုက်သည်။

" နင်လည်းအရင်ကဒီလိုပါပဲ …”


"….."


ယီကျားကျား စကားပြောရပ်သွားသည် ။


ယီကျားကျားသူမပြောချင်သည့်စကားလုံးများကိုမြိုသိပ်လိုက်ပြီး  ဗလာဖြစ်စွာ ထိုင်ချလိုက်သည်။သူမမျက်လုံးများတွင်ခံစားချက်မရှိပေ ။


ကျန်းရှောင်မန်က ဒီလိုကိစ္စမျိုးကို ဘာလို့မှတ်မိနေရတာလဲ....ဘာလို့လဲ….


ကျန်းရှောင်မန်သာ သူမ၏ညီမလေးဖြစ်လျှင်ကောင်းမည်။ ကျန်းရှောင်မန်ကိုသာ စာပြရလျှင် သူမသွေးပေါင်ချိန်လည်းတတ်လာမည်မဟုတ်ပေ ။


ခဏကြာပြီးနောက်တွင် ယီကျားကျားထပ်ပြောလိုက်သည်။

 " ရှောင်မန်…ငါ့ဆံပင်တွေရှည်လာပြီ နင်ငါနဲ့အတူတူဆံပင်ညှပ်ချင်လား...."


ယီကျားကျားကိုသူမအမေဆံပင်စီးပေးချင်းကိုရပ်လိုက်ထဲက သူမယုန်တွင်းထဲသို့ပြုတ်ကျသွားသကဲ့သို့ပင်။ သူမအဖေ၏ဆံပင်စီးပေးသည့်လက်ရာသည်လည်းဆိုးလွန်း၍ သူမသူ့ကိုဆံပင်စီးခွင့်မပေးတော့ပဲ သူမကိုယ်တိုင်သာစီးတော့သည် ။


ရလဒ်အနေဖြင့် သူမပို၍ကျွမ်းကျင်လာသည်။  သူမနှလုံးသားထဲတွင် ခပ်မိုက်မိုက်အမတစ်ယောက်ဖြစ်ဖို့ပို၍စွဲလမ်းလာသည် ။


ကျန်းရှောင်မန်၏ ရောင်စုံကျစ်ဆံမြီးများကို သူမယခုအထိမှတ်မိသေးသည်လို့တော့ သူမဝန်မခံချင်ပေ ။


ကျန်းရှောင်မန်ချက်ချင်း သဘောမတူပဲ သူမ၏ ပြက္ခဒိန်ကို ထုတ်ကြည့်လိုက်ပြီး ပြောသည်။

 " ရှောင်စရာကိစ္စရှိမရှိ ငါရက်အရင်ကြည့်လိုက်အုံးမယ် ..."


"……”


ယီကျားကျား သူမကို စောင့်နေခဲ့သည် ။


နောက်ဆုံးတော့ ယနေ့က ထူးခြားသည့်နေ့မဟုတ်ဘူးဆိုသည်ကို ကျန်းရှောင်မန် စိတ်ဆုံးဖြတ်နိုင်ခဲ့ပြီး အကယ်၍သူမဆံပင်ညှပ်လိုက်ရင်တောင် သူမအရိုက်ခံရနိုင်ချေမရှိသဖြင့် ယီကျားကျားနှင့်သွားရန်သဘောတူလိုက်သည် ။


နှစ်ယောက်သား ခြံဝင်းထဲမှထွက်ပြီး ဘေးအိမ်သို့ဖြတ်ရင်း ယွီချင်းရှီဆီသို့ အပြေးအလွှားသွားလိုက်ကြသည် ။


ယွီချင်းရှီက မြောင်မြောင် ကိုကိုင်ထား၍နေပူဆာလုံနေသည်။ ကျောက်တုံးပေါ်တွင်ထိုင်၍ စကားတစ်ခွန်းမှမပြောပေ။ သူတစ်စုံတစ်ခုကို ပြောချင်နေသည့်အတိုင်း  သူ၏ မျက်ဝန်းနှစ်စုံက ကျန်းရှောင်မန်ဆီသို့ရောက်နေပြီး ခဏတာလောက် စိုက်ကြည့်နေခဲ့မိသည် ။


ကျန်းရှောင်မန် သူ့ကိုဖြတ်ခနဲကြည့်ပြီး ယီကျားကျားဘက်သို့ လှည့်ကြည့်ကာ စိတ်ရင်းဖြင့်ယွီချင်းရှီကိုဖိတ်​နိုင်ရန် သူမ၏အားကြီးသည့်ဘာသာပြန်စွမ်းရည်ကိုသုံးလိုက်သည်။

 " ငါတို့စျေးဝယ်ထွက်ပြီး အဝတ်အစားတချို့သွားဝယ်ရင်း ဆံပင်လည်းညှပ် တစ်ခုခုလည်းသွားစားမလို့... နင်ရောလိုက်ချင်လား …”


ယွီချင်းရှီ မြောင်မြောင်ကိုလွှတ်ပေးပြီးချက်ချင်းထရပ်လိုက်သည် ။


" ငါ… ( လိုက်ချင်တယ် ) ..."


" သူသွားမှာမဟုတ်ဘူး ..."


ယဲ့ကျားကျားမနှစ်မြို့သည့်ပုံဖြင့်သူမလက်ကိုယမ်းပြလိုက်သည်။

 " ရှောင်မန်… ငါတို့ကအခုကြီးလာပြီ.... ဒီကောင်လေးကငါတို့နဲ့အတူတူဆော့ချင်တော့မှာမဟုတ်ဘူး... ငါကျန်းရှင်းဟွားကိုခေါ်တာတောင် သူကငါ့ကိုမသိချင်ယောင်ဆောင်ပြီး ငါ့ကိုကလေးမလေးလို့လည်းခေါ်သေးတယ်... ဟွန့် …ဘယ်သူကရောသူတို့နဲ့ကစားချင်နေလို့လဲ ...”


ကျန်းရှောင်မန် သူမ မေးစေ့ကိုပွတ်၍အနည်းငယ်စဥ်းစားလိုက်သည် ။


သူမ အလယ်တန်းကျောင်းသို့ သွားလည်ခဲ့ချိန်တွင် ယောကျာ်းလေးတွေနှင့် မိန်းကလေးတွေ အတူတူမကစားရတော့သည်ကို သိခဲ့ရသည်။၊ တစ်လမ်းတည်းအတူတူ မလျှောက်လို၍ နယ်နိမိတ်မျဥ်းဆွဲသည်ကို မစောင့်နိုင်အောင်ထိ သူတို့ကြားတွင် ရှင်းရှင်းလင်းလင်းကိုခွဲခြားထားလိုက်သည် ။


အလယ်တန်းတတ်တာနဲ့ အရင်လိုအတူတူပျော်ပျော်ရွှင်ရွှင်ဆော့လို့မရတော့ဘူးနဲ့တူပါတယ်…..


ကျန်းရှောင်မန် မျက်တောင်တစ်ချက် ခတ်လိုက်ပြီး ယောကျာ်းလေးများ၏စိတ်က အလွန်နားလည်ဖို့ခက်သည်ဟု တွေးလိုက်သည် ။


သို့သော် သူမအလေးထားမြဲဖြစ်သည် ။


" ဒါဆို နင်ငါတို့နဲ့လိုက်ချင်လား ..."

ကျန်းရှောင်မန်ယွီချင်းရှီကိုထပ်မေးလိုက်သည်။


ယွီချင်းရှီတည်ငြိမ်စွာဖြင့် လှည့်ကြည့်လာပြီး ဖြေသည်။

" ဟင့်အင်း ငါလုပ်စရာတွေရှိသေးတယ် …”


ကျန်းရှောင်မန် ယွီချင်းရှီ၏အရိပ်ကိုကြည့်ရင်းကျန်နေခဲ့သည် ။


ကျန်းရှောင်မန်သက်ပြင်းချလိုက်သည်။ ယီကျားကျားပြောသလို ယောကျာ်းလေးများကကိုးရိုးကားရားနိုင်သည်ဟု တွေးလိုက်မိသည် ။


အကယ်၍သူ မသွားချင်ဘူးဆိုလျှင်လည်း ထိုကဲ့လိုလုပ်စရာမလိုပါဘူး သူမယီကျားကျားနှင့် သွားလို့ရပါသေးသည် ။


ထို့ကြောင့် မိန်းမငယ်လေးနှစ်ယောက် တစ်ယောက်လက်တစ်ယောက်ကိုင်ကာထွက်သွားကြသည် ။


ယွီချင်းရှီ… ယွီချင်းရှီသူတို့အဝေးသို့ထွက်သွားသည်ကိုဒုတိယထပ်ပြတင်းပေါက်ကနေကြည့်နေခဲ့သည် ။


ကျန်းရှင်းဟွား…ဒီငတုံးကတော့....


အရမ်းမိုက်မဲတာပဲ…


xxxxx


Chapter 240


ယွီချင်းရှီ မြောင်မြောင်ကို လက်မောင်းပေါ်တွင်ပွေ့ထား၍ တိုးတိုးလေးပြောလိုက်သည်။

 " မြောင်မြောင် … ငါတို့အိမ်စာအတူတူသွားလုပ်ကြရအောင် ..."


မြောင်မြောင်အိမ်စာမလုပ်ချင်ဘူး... မြောင်မြောင်အိပ်ပဲအိပ်ချင်တယ်... 


အိပ်လို့မရနိုင်ဘူးဆိုမှတော့ မွှေးတုံလေးကိုလိုက်ရှာပြီးကစားရုံပဲရှိတော့တယ်... 


မြောင်မြောင်လျင်မြန်စွာဖြင့် အဝေးသို့ချော်ထွက်သွားသည်။


ယွီချင်းရှီ အခန်းလွတ်ထဲတွင် တစ်ယောက်တည်းနေ၍ စိတ်တွေလွတ်နေလေသည် ။


ခဏကြာပြီးနောက်တွင် စာအုပ်ဖတ်ပြီး အိမ်စာဖတ်နေသည်ကမှပို၍နေလို့ကောင်းမိဟုခံစားမိလိုက်သည် ။


 ဒါပေမဲ့…ဒါကနည်းနည်းတော့သနားစရာကောင်းသလိုခံစားရတယ်...


ကျန်းရှင်းဟွားကိုခေါ်လိုက်ရင်ကောင်းမလား …


ဟင့်အင်း... မလိုပါဘူး…


အိမ်စာပဲ လုပ်ရအောင်ပါ....


_


ကျောင်းမှတ်ပုံတင် တင်သည့်နေ့တွင် ကျန်းရှောင်မန်နှင့် ယွီချင်းရှီတို့နှစ်ယောက်သားအတူတူထွက်လာခဲ့ကြသည် ။


သူတို့ကိုလူကြီးများလာကြိုရန်မလိုတော့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည် ။


ကလေးနှစ်ယောက်က သူငယ်ချင်းကောင်းများဖြစ်ကြပြီး ပုံမှန်အားဖြင့်တစ်ယောက်ကိုတစ်ယောက်အဖော်ပြုပေးနေကြဖြစ်သည်။ ယခုတွင်သူတို့သည်ကြီးနေပြီဖြစ်သည့်အတွက် သူတို့ကိုတစ်ယောက်ယောက်ကစောင့်ကြည့်ပေးနေစရာမလိုတော့ပေ ။


၎င်းမှာ ကျန်းရှောင်မန်၏ ကိုယ်ခံပညာအစွမ်းတိုးတတ်လာသည်နှင့်လည်း အသေအချာကိုဆက်နွယ်နေသည် ။


လမ်းခုလတ်သို့ရောက်သောအခုတွင် ကျန်းရှောင်မန် ယွီချင်းရှီကိုမေးလိုက်သည်။

 " ငါအပြင်ထွက်တော့ ငါ့ဘွားဘွား နင့်ကိုတားလိုက်တာကိုမြင်လိုက်တယ် နင့်ကိုသူတစ်ခုခုပေးလိုက်တာလား .."


သူမပြောလို့ပြီးသွားသည့်အချိန်တွင် ယွီချင်းရှီတိတ်ဆိတ်စွာဖြင့် သူ၏လွယ်အိတ်ထဲမှနေ၍ ပစ္စည်းနှစ်ခုထုတ်ပေးလိုက်သည် ။


၎င်းတို့မှာကြက်သွန်မြိတ်နှင့် သစ်အယ်သီးတို့ဖြစ်သည် ။


" နင့်ဘွားဘွားကပြောတယ် အလယ်တန်းသင်ခန်းစာတွေက ပိုခက်တယ်တဲ့....ဒီတော့ငါတို့ကိုင်တွယ်ဖြေရှင်းနိုင်အောင်ဒါတွေကိုများများယူသွားမှဖြစ်မယ် ..."


ယွီချင်းရှီက အရာအားလုံးကိုကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်နေပြီဖြစ်သည် ။


ထိုအရာများနှင့်မည်ကဲ့သို့လုပ်ရမည်ကိုသူသိသည် ။


သူစိုးရိမ်နေသည်မှာ ကျန်းရှောင်မန်လည်းသူ့ကဲ့သို့အများကြီး ယူလာမည်ကို ဖြစ်သည်။ ထိုသို့ဆိုလျင်ကျန်းရှင်းဟွား တစ်ယောက်တည်း အကုန်စားနို​င်လိမ့်မည်မဟုတ်ပေ ။


သူရောစားရမှာလား…


စားရမယ်နဲ့တူပါတယ်… မဟုတ်လောက်ပါစေနဲ့ ...


ယွီချင်းရှီ တို့စားရန် ဆော့စ်မယူခဲ့မိသည်ကို စတင်၍နောင်တရလာသည် ။


ယူလာခဲ့လျှင် အနည်းဆုံးတော့ သူကြက်သွန်မြိတ်များကို ဒီတိုင်းစားစရာမလိုတော့ပေ ။


ကျန်းရှောင်မန်လည်းတိတ်ဆိတ်စွာဖြင့် လွယ်အိတ်ထဲမှနေ၍ ပစ္စည်းနှစ်ခုထုတ်လိုက်သည် ။


၎င်းတို့က ကြက်သွန်မြိတ်နှင့် သစ်အယ်သီးများ မဟုတ်သော်လည်း ပန်းသီးအနီတစ်လုံးနှင့် တရုတ်နံနံပင်လက်တစ်ဆုပ်စာဖြစ်သည် ။

 

ယွီချင်းရှီတရုတ်နံနံပင်များကိုမြင်လိုက်ချိန်တွင် သူ၏မျက်ခုံးများတွန့်ကွေးသွားသည် ။


" ဘွားဘွားကပြောတယ် ငါကြက်သွန်စိမ်းနဲ့သစ်အယ်သီးတွေယူသွားတာများနေပြီတဲ့..... ဥာဏ်ကောင်းလွန်းနေတာလည်းမကောင်းဘူးတဲ့.... အဲ့ဒါကြောင့်သူ ငါ့ကိုပန်းသီးနဲ့တရုတ်နံနံထည့်ပေးလိုက်တာ။ တရုတ်နံနံကငါ့ကိုအလုပ်ကြိုးစားစေပြီး ပန်းသီးကငါ့ကိုကာကွယ်ပေးတယ် …” ဟုဆိုပြီးသည်နှင့်ကျန်းရှောင်မန်စတင်ခေါင်းကိုက်လာသည် ။


ယွီချင်းရှီက ပြောသည်။

 " ငါနားလည်ပါတယ် ...."


" ဟမ်…” 

သူကဘာကိုနားလည်တာလဲ…


" တရုတ်နံနံတွေကိုဖျော်ရည်လုပ်လိုက်လေ....."


" … " ကျန်းရှောင်မန်တွေဝေစွာဖြင့်ကြည့်လိုက်သည်။

 " ဘာလို့လဲ ..."


" နင် အရင်ကငါနဲ့အဲဒီ့လိုမလုပ်ဖူးဘူးလား ....”


" … "


ကျန်းရှောင်မန် ထိုအကြောင်းကို လေးလေးနက်နက်စဥ်းစားလိုက်ပြီး တောင်းပန်လိုက်သည်။

 " ငါတောင်းပန်ပါတယ်.. ဒါပေမဲ့တရုတ်နံနံတွေကိုငါတို့အိမ်ပြန်ရင်ချက်ဖို့ချန်ထားလိုက်ရအောင်....ဒီည ညစာလာစားဖို့လည်းမမေ့နဲ့ဦး...."


သူမထိုအကြောင်းတွေကိုအရင်ကမသိခဲ့သော်လည်း ​ကြည့်ရသည်မှာသူမ အရင်ကယွီချင်းရှီပေါ်အတော်လေးဆိုးခဲ့ပုံရသည် ။


ကျန်းရှောင်မန်သင်ခန်းစာရသွားသည့်နောက်တွင် သူမ ပြောလိုက်သည်။

 " ဒီတစ်ခါငါနင့်အစားယူထားလိုက်မယ်... ”


" … "

 ကြက်သွန်မြိတ်တွေကရော ဘယ်လိုလုပ်မလဲ…


ယွီချင်းရှီ သူ၏လက်ထဲမှ တရုတ်နံနံပင်များကိုဖြတ်ခနဲကြည့်လိုက်ပြီး ရုတ်တရက်အမြင်ရလိုက်သည်မှာ သူ၎င်းတို့ကိုအိမ်သို့ပြန်ယူသွားလျှင် ကြက်သွန်စိမ်းနှင့်တရုတ်နံနံရောကြော်တစ်ပွဲတော့ရနိုင်မည်ဖြစ်သည် ။


ကြည့်ရတာတော့ကောင်းမယ့်ပုံပါပဲ....


သို့သော် ကြက်သွန်စိမ်းတစ်စည်းကိုသူတို့ညနေအိမ်ပြန်သည့်အချိန်ထိသိမ်းထားနိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် သူတို့ကျောင်းတွင်၎င်းတို့ကိုသေချာထိန်းသိမ်းထားရမည်ဖြစ်သည် ။


ကျန်းရှင်းဟွားက သူတို့ထက်အရင်ကြိုရောက်နေပြီဖြစ်ပြီး သူ ကျန်းရှောင်မန်နှင့် ယွီချင်းရှီတစ်ယောက်ပြီးတစ်ယောက်ဝင်လာသည်ကို တွေ့၍ သူချက်ချင်းအော်လိုက်သည်။

 " ငါဒီဘက်မှာ …”


ယွီချင်းရှီ သူ့ကိုမမြင်ချင်ယောင်၊ မသိချင်ယောင်ဆောင်ချင်သော်လည်း ကျန်းရှောင်မန် ကျန်းရှင်းဟွားနှင့် ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်နှင့်နေပြီးဖြစ်သောကြောင့် သူလည်းလိုက်ရုံပင်ရှိတော့သည် ။


ကျန်းရှင်းဟွားချဲ့ကားစွာဖြင့် ' ဝါး ' ဟုအော်လိုက်ပြီး အဓိပ္ပါယ်မရှိစွာဖြင့်ကျန်းရှောင်မန်ဆီသို့လေမှုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။

 " ရှောင်မန် ငါနင့်ကိုမတွေ့တာရက်ပိုင်းပဲရှိသေးပေမယ့် နင်အရင်ကထက်အရပ်ပိုရှည်ပြီး အများကြီးပိုလှလာတယ်...."


သူမသည် သူ(ကျန်းရှင်းဟွား)၏အင်အားကြီးကာကွယ်သူဖြစ်သည်။ သူမြဲမြဲဆုပ်ကိုင်ထားမှဖြစ်မည် ထိုမဟုတ်လျှင်နောက်ဆို သူမဆီမှနေ၍ သူအိမ်စာကူး၍ရမည်မဟုတ်ပေ ။


ကျန်းရှောင်မန်ရှက်ရှက်ဖြင့် သူမပါးကိုပုတ်လိုက်ပြီး ပြောလိုက်သည်။

" ကျေးဇူး ...နင်ကငါ့ကိုမြှောက်ပင့်နေတာပဲ...."


ကျန်းရှင်းဟွားသူမကိုဆက်၍ မြှောက်ပင့်ခြင်သေးသော်လည်း ရုတ်တရက်သူ့ရှေ့သို့လက်တစ်ဆုပ်စာကြက်သွန်စိမ်းများရောက်ရှိလာသည် ။


ကျန်းရှင်းဟွားတစ်ခဏထိတ်လန့်သွားပြီး တိတ်ဆိတ်နေသည့်ယွီချင်းရှီကိုပြုံးဖြီးဖြီးဖြင့်ကြည့်လိုက်သည်။ သူ့ရင်ဘတ်ကိုပုတ်လိုက်ပြီး ပြောလိုက်သည်။


"မင်းငါ့အတွက်ကြက်သွန်မြိတ်တွေ ထပ်ယူလာပေးမယ်ဆိုတာ ငါသိသားပဲ...."


ယွီချင်းရှီစကားတစ်ခွန်းမှမပြောသေးပေ ။


" လာစမ်းပါကွာ ဒါကအသေးအဖွဲလေးပဲကို...."

 ကျန်းရှင်းဟွား သူ၏ရင်ဘတ်ကို ပုတ်လိုက်ပြီး ဂုဏ်ယူစွာဖြင့်ပြောလိုက်သည်။

 " ငါ ကြက်သွန်စိမ်းနဲ့စားလို့ရအောင် ပေါက်စီယူလာခဲ့တယ် ..."


ထိုသို့ပြော၍ သူ၏လွယ်အိတ်ထဲမှ ပေါက်စီနှစ်လုံးကို အမှန်တကယ်ပင်ထုတ်ယူလိုက်သည် ။


သူ အမှန်တကယ် ပြင်ဆင်ခဲ့ခြင်းဖြစ်သည် ။


ကျန်းရှင်းဟွားက ပေါင်းထားသည့် ပေါက်စီကြီးကို အလယ်မှနေခွဲ၍ ကြက်သွန်မြိတ်များကိုထည့်ကာ တစ်မြုံ့မြုံစားနေသည်။ နှစ်ကိုက်လောက်ကိုက်လိုက်ရုံဖြင့် သူစားလို့ကုန်သွားပြီဖြစ်သည် ။


ကျန်းရှောင်မန်နှင့်ယွီချင်းရှီ အံသြစွာဖြင့်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။


xxxxxxx