အပိုင်း ၂၄၁-၂၄၅
Viewers 14k

Chapter 241


ကျန်းရှောင်မန်လည်း ခဏတာ စဥ်းစားလိုက်ပြီး တရုတ်နံနံပင်များကိုထုတ်လိုက်ပြီး ကျန်းရှင်းဟွားသို့ပေးလိုက်သည်။

 " ဒါလည်းစမ်းစားကြည့် ....."


ကျန်းရှင်းဟွားက အမှန်တကယ်စားနိုင်လေသည် ။


မြောင်မြောင်ကဲ့သို့ သူကအားလုံးကိုစားနိုင်သည်။ သူကြက်သွန်းမြိတ်ကိုလည်းပျော်ရွှင်စွာဖြင့်စားနိုင်သောကြောင့် တရုတ်နံနံကိုလည်း စားနိုင်လောက်သည် ။


ခြုံပြောရလျှင် လူအချို့မကြိုက်သည့်အစားအစာများကို အချို့လူများကအလွန်ကြိုက်နှစ်သက်ကြသည် ။


ကျန်းရှောင်မန်က ကြက်ဟင်းခါးသီးစားရသည်ကိုမကြိုက်ပေ။ စားပွဲပေါ်တွင်ကြက်ဟင်းခါးသီးကိုတွေ့ရသည့်အချိန်တိုင်းတွင် သူမမျက်နှာမချိုမချဥ်ဖြစ်သော်လည်း ဘွားဘွားနှင့်ဦးလေးတို့က ကြက်ဟင်းခါးသီးကိုအမြဲချီးမွှန်းပြီး အရသာရှိသည်ဟုပင်ခေါ်သေးသည် ။


ဘာကအဲ့လောက်တောင်ကောင်းနေလို့လဲ လုံးဝခါးနေတာကြီးကို .... 


ကျန်းရှင်းဟွား ပျော်ရွှင်စွာဖြင့် စားသောက်နေသည်။ သူနောက် ထက်လက်တစ်ဆုပ်စာအစိမ်းရောင်များကို မြင်သည်နှင့် ကြက်သွန်မြိတ်များဟုပင်ထင်၍ သူ၎င်းတို့ကိုယူလိုက်ပြီး သူ့ပါးစပ်ထဲသို့ထည့်ချလိုက်သည် အကိုက်အနည်းငယ်လောက်ကိုက်လိုက်ပြီး တမြုံမြုံနှင့်စားနေသည် ။


တရုတ်နံနံဖျော်ရည်က သူ့ပါးစပ်ထဲသို့ဝင်သွားပြီး မကြာမီမှာပင်တရုတ်နံနံပင်အနံ့များပါးစပ်ထဲတွင်ပြန့်ကျဲကုန်သည် ။


ကျန်းရှင်းဟွားမျက်နှာက ဝမ်းချုပ်နေသကဲ့သို့ ရှုံ့တွလာပြီး မျက်နှာအမှုအရာက ကြည့်ရဆိုးလွန်းသည် ။


သူချက်ချင်းပင် အမှိုက်ပုံးဆီသို့ပြေးသွားပြီး သူ၏မျက်နှာအစိမ်း​ရောင်သမ်းသည်အထိအကြိမ်အနည်းငယ်လောက်သူ၏ပါးစပ်ထဲမှအရာအားလုံးရှင်းသွားအောင်အန်ထုတ်လိုက်ရသည် ။


ကျန်းရှောင်မန်စိတ်မကောင်းဖြစ်၍ ရေတစ်ဗူးကမ်းပေးလိုက်ပြီး ပါးစပ်ထဲလောင်းထည့်ဖို့ပြောလိုက်သည် ။


ကျန်းရှင်းဟွား ကျန်းရှောင်မန်ကိုကျေးဇူးတင်နေချိန်တွင် ယွီချင်းရှီရုတ်တရက်ပြောလိုက်သည်။

" အဲ့ဒါတရုတ်နံနံဖျော်ရည်တွေမလား …”


!!!


အမေရေ…ကယ်ပါအုံး....


မဟုတ်ဘူး အဲ့ဒါဆားရည်တွေ…


........


" နောက်ထပ်အနေဖြင့်….ကျေးဇူးပြုပြီးကျောင်းသားသစ်များ၏ထူးချွန်ကိုယ်စားလှယ် ကျန်းရှောင်မန်… မိန့်ခွန်းပြောရန်စင်ပေါ်သို့လာခဲ့ပေးပါ ...."


နောက်ဆုံးတွင်ဌာနမှုး၏ ရှည်လျားသည့် မိန့်ခွန်းပြီးသွားပြီး ကျန်းရှောင်မန်အလှည့်ရောက်လာခဲ့သည် ။


ကျန်းရှောင်မန်က လူသိများသည့်ပုံရိပ်တစ်ခုဖြစ်ပြီး ယခုရှိနေသည့်အတန်းဖော်အများစုက သူမနာမည်ကိုကြားဖူးပြီးသားဖြစ်သည် ။


သူတို့မူလတန်းကျောင်းတတ်သည့် အချိန်တုန်းကလည်း ကျန်းရှောင်မန်၏ လွှမ်းမိုးမှုခံရမည်ကိုကြောက်ရွံခဲ့ရသည်။ မြို့တွင်ပူးတွဲစာမေးပွဲသို့မဟုတ်ပြိုင်ပွဲများရှိသည့်အခါတိုင်း ကျန်းရှောင်မန်ဝင်ပြိုင်ခဲ့လျှင် သူတို့တွင်အခြေခံအားဖြင့်လုပ်စရာမရှိတော့ပေ ။


သို့သော် အချိန်အတော်ကြာသည်အထိ သူတို့သူမနာမည်ကိုကြားဖူးရုံသာရှိပြီး လူကိုယ်တိုင်မတွေ့ဖူးကြပေ။ နောက်ဆုံးတော့ ယနေ့တွင်တကယ့်လူကိုတွေ့ခဲ့ရပြီဖြစ်သည် ။


လူအုပ်ထဲတွင်အုပ်အော်သောင်းနင်းဖြစ်၍ လက်ခုပ် ဩဘာသံများပင်အဆုံးမသတ်တော့ပေ ။


ကျောင်းသားများက ဆရာမများမျှော်လင့်ထားသည်ထက် ပို၍စိတ်ပါဝင်စားနေကြသည်။


သိပ်မကြာခင်တွငိ စင်ပေါ်တွင်ကျောင်းဝတ်စုံဖြင့်ရပ်နေသည့်မိန်းကလေးကို မြင်လိုက်ရသည် ။


အကွာအဝေးအနည်းငယ်လှမ်း၍ သူမမျက်နှာကိုရှင်းလင်းစွာမမြင်ရသော်လည်း သူမဆံပင်ကိုမြင့်မြင့်စီးထားသည်ကိုတွေ့နိုင်ပြီး သူမမျက်နှာသည်ဖြူဖွေးကာ သဘာဝအတိုင်းကိုသန့်ရှင်းနေသည်။ သူမကနေရောင်အောက်တွင်တောက်ပနေသကဲ့သို့ တလက်လက် တလက်လက်ဖြင့် အလွန်လှပနေသည် ။


ပို၍အရေးကြီးသည်မှာ သူမသည်ယုံကြည့်မှုအပြည့်ဖြင့်လျှောက်လာနေပြီး သူမ၏အရှိန်အဝါသည်ထူးခြားနေသည် ။


" အချိန်တွေကုန်သွားပြီ …အခုစက်တင်ဘာလကိုရောက်နေပြီ ' ရွှေရောင် 'ဆောင်းဦးအချိန်လေးပေါ့.... မျက်စိတစ်မှိတ်လေးမှာပဲ မူလတန်းကျောင်းကနေ အလယ်တန်းကျောင်းရဲ့ဂိတ်ဝကိုရောက်လာခဲ့ပြီး အလယ်တန်းကျောင်းသားတွေအဖြစ်နဲ့ပိုပြီးအသက်ဝင်လာကြပြီ...."


ထို့ပြင် သူမအသံကနှစ်လိုဖွယ်ကောင်းသည် ။


သူမနှင့်အတူ မည်သည့်မှတ်စုကိုမှယူမလာခဲ့၍ လူအများကြီးရှေ့တွင် မဝံ့မရဲလည်းဖြစ်မနေပေ။ အဆင်မပြေဖြစ်ခြင်းမရှိနေဘဲ ပုံမှန်အတိုင်းသာပြုမှုနေခဲ့သည် ။


ဝါး…ကျန်းရှောင်မန်ကတော့ထင်ထားတဲ့အတိုင်းပါပဲ ....


[ တင်းတောင်... ကျောက်ဒုံဒုံရဲ့အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း...

 ဘောနပ်စ်ပွိုင့်များ +၁၀]


[တင်းတောင်...မာချောင်ဝေ့ရဲ့အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း....

ဘောနပ်စ်ပွိုင့်များ +၁၀ ]


[တင်းတောင်.... လီရှောင်ယုရဲ့အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း....

ဘောနပ်စ်ပွိုင့်များ +၁၀ ]



တင်းတင်းတောင်တောင် အသံများထွက်လာပုံအရ ကျန်းရှောင်မန်အမြန်နှုန်းနှင့် မျက်စိတစ်မှိတ်အတွင်း ပွိုင့် ၅၀၀လောက်စုဆောင်းမိလိုက်သည် ။


အရမ်းမိုက်တာပဲ…


ကြည့်ရသည်မှာ သူမ၏အလယ်တန်းကျောင်းသားအဖွဲ့ဝင်များသည်ပို၍ စိတ်ပါဝင်စားနေကြသည်။ ရှုံးနိမ့်မှုကိုဝန်ခံရန်တွန့်ဆုတ်နေကြပြီး သူတို့၏နှလုံးသားများက မူလတန်းကျောင်းသားများထက်ပင်ပို၍ နုနယ်နေသည် ။


ဆက်လက်တိုက်ပွဲဝင်ကြပါ...သူငယ်ချင်းတို့ရေ....


နေ့တစ်နေ့ကစတင်လာပြီဖြစ်သည် ။


ကျန်းရှောင်မန် မျက်နှာပေါ်တွင်အပြုံးအပြည့်ဖြင့်စင်ပေါ်မှဆင်းလာသည် ။


မိုးခြိမ်းသံကဲ့သို့ လက်ခုပ်သြဘာအသံများဖြင့်  သူမ၏ကျော်ကြားမှုက အသစ်အဆန်းဖြစ်နေခဲ့သည် ။


xxxxxx


Chapter 242


အလယ်တန်း ကျောင်းသားကျောင်းသူအသစ်များအားလုံး အတန်းများခွဲထားကြပြီးဖြစ်သည် ။


ကျန်းရှောင်မန် ၊ယွီချင်းရှီ ၊ကျန်းရှင်းဟွားနှင့်ယီကျားကျားတို့ကတစ်ခန်းတည်းတွင် နေရာအနှံ့ဖြစ်နေသည် ။


ဆရာမဝင်မလာခင်တွင် ကျောင်းသားများအားလုံးသူတို့နှင့်ထိုင်မည့်အဖော်ကိုရွေးပြီးထားကြပြီဖြစ်သည် ။


ကျန်းရှောင်မန်က ယွီချင်းရှီနှင့်အလယ်တန်းကျောင်းတတ်လျဗင် အတူတူထိုင်ရန်အချိန်အတန်ကြာကတည်းက သဘောတူညီမှုလုပ်ထားပြီးသားဖြစ်သည်။ ယီကျားကျားက ကျန်းရှောင်မန်နှင့်ထိုင်ချင်သော်လည်း ယွီချင်းရှီ သူမထက်လက်ဦးမှု ယူသွားပြီဖြစ်၍ သူမ ကျန်းရှင်းဟွားနှင့်သာ ထိုင်ရုံရှိတော့သည် ။


ထိုအချိန်တွင် ကျန်းရှောင်မန်နှင့်ယွီချင်းရှီတို့နှစ်​ယောက်ရှိမနေခဲ့ပေ။ သူတို့ရုံးခန်းထဲမှာဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဆရာမကသူတို့ကိုရှာနေသောကြောင့်ဖြစ်သည် ။


ယီကျားကျားတစ်ယောက်တည်း မပျော်မရွှင်ဖြစ်၍ ငိုတော့မည့်ပုံပေါက်နေသည် ။


ကျန်းရှင်းဟွား " နင်ဘာလို့ငိုနေတာလဲ... ငါကသာငိုချင်နေတဲ့သူပါ... ငါနင့်လိုမိန်းကလေးမျိုးနဲ့မထိုင်ချင်ဘူး... ”


ယီကျားကျားဒေါသထွက်သွားပြီး ကျန်းရှင်းဟွားခေါင်းကိုရိုက်လိုက်သော်လည်း နှစ်ယောက်က ကွဲမသွားပေ ။


ယခုအတန်းထဲတွင် အခြားသူများမှာသူနှင့်ရင်းနှီးပြီးသားသူများဖြစ်သည့်အတွက် အကယ်၍သူတို့ကွဲသွားလျှင် ကိုးရို့ကားရားနိုင်သလိုခံစားရမည်ဖြစ်သည် ။


အတန်းကအလွန်ဆူညံမနေပေ။ မူလတန်းတုန်းကထက်ပို၍တိတ်ဆိတ်ပြီး ပို၍စည်းကမ်းရှိလာသည် ။


ဆယ်မိနစ်ကျော်ကြာပြီးနောက်တွင် ကျန်းရှောင်မန်ပြန်လာခဲ့သည် ။


သူမပတ်ပတ်လှည်ကိုကြည့်လိုက်ပြီး သူမနေရာကိုတွေ့၍ဝင်ထိုင်လိုက်သည် ။


ယွီချင်းရှီအခုလေးတင်သန့်စင်ခန်းအရင်သွားနှင့်မယ်လိုပြောသွားပြီးတော့ သူဒီကိုခဏလေးအတွင်းပြန်ရောက်နေပြီးတာလား…


သူသည် စားပွဲခုံပေါ်တွင်အိပ်နေပြီး ကြည့်ရတာမိန်းမောတွေဝေနေသည့်ပုံပေါက်နေသည် ။


ကျန်းရှောင်မန်သူ့ကိုမနှောင့်ယှက်ဘဒ သူမအပိုယူလာသည့်စတော်ဘယ်ရီနို့ဘူးတစ်ဘူးကိုသာသူ့ကိုပေးလိုက်သည် ။


ထိုကဲ့သို့လုပ်လိုက်သည်က စားပွဲခုံပေါ်တွင်အိပ်နေသည့်သူကိုနှိုးလိုက်မိသည် ။


သူမော့ကြည့်လိုက်ချိန်တွင် သူနှင့်ကျန်းရှောင်မန်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်မိလျက်ပင် ။


"ငါ…”


" နင်…"


ဒါကယွီချင်းရှီမှမဟုတ်တာ …


ဒါကဘယ်သူကြီးလဲ ..


သူကဘာလို့ဒီမှာထိုင်နေရတာလဲ…...


ကျန်းရှောင်မန်ခေါင်းထောင်ကြည့်လိုက်ချိန်တွင် ယွီချင်းရှီတံခါးပေါက်တွင်ရပ်နေသည်ကိုတွေ့လိုက်ရသည်။ သူ၏မျက်နှာက အနည်းငယ်မဲမှောင်နေပြီး သူမကိုကြည့်နေခဲ့သည်။ ထို့နောက်ခုံကိုဆွဲထုတ်ကာ တိတ်ဆိတ်စွာထိုင်ချလိုက်သည် ။


သူ ကျန်းရှောင်မန်နေရာသို့မသွားပေ ။


သူ့ကိုကြည့်ရသည်မှာ သနားစဖွယ်ကောင်းပြီး အထီးကျန်နေပုံရသည် ။


" !!! " 

ကျန်းရှောင်မန်နှလုံးသားပင်အေးစက်သွားသကဲ့သို့ခံစားလိုက်ရသည် ။


" နင်ကဘယ်သူလဲ...."

ကျန်းရှောင်မန် ကောင်လေးကိုမေးလိုက်သည်။

" ဒါကငါ့နေရာလေ...."


ကောင်လေးသည်အရပ်ရှည်ပြီးပိန်၍ ယွီချင်းရှီနှင့်ပင်တူနေသေးသည်။  သူစားပွဲပေါ်တွင်လှဲနေသည့်အချိန်တုန်းက သူ့ကိုတစ်ချက်ကြည့်ရုံနှင့်မည်သူမှန်း ကျန်းရှောင်မန်သတိမထားလိုက်မိပေ ။


ကောင်လေးက ကျန်းရှောင်မန်ကိုအကြိမ်အနည်းငယ်ကြည့်ပြီးမှ သတိရသွားတော့သည် ။


သူမသည်စင်ပေါ်တွင်ထူးချွန်ကျောင်းသားများကိုယ်စားပြုအနေနှင့်စကားပြောခဲ့သည့်မိန်းကလေးဖြစ်သည်။


" ငါတောင်းပန်ပါတယ်... ငါအခန်းမှားဝင်လာမိတာ... ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်...."

 ထိုကောင်လေးသည်အထပ်ထပ်အခါခါတောင်းပန်၍ အကြိမ်ပေါင်းများစွာဦးညွှတ်လိုက်သည်။ ထိုကောင်လေးထွက်သွားသည့်အချိန်တွင် သူ၏မျက်နှာသည် နားရွက်ပြတ်၍သွေးများထွက်ထားသကဲ့သို့နီရဲ နေသည် ။


ကျန်းရှောင်မန်က သဘောထားကြီးသူဖြစ်၍ သိပ်ဂရုမစိုက်ပေ။ သူမသည်ထိုကိစ္စများကို ပြဇာတ်တွင်အခန်းပြောင်းသွားသည့်တီးလုံးကဲ့သို့သာသဘောထားလိုက်သည် ။


ကောင်လေးက အလျင်စလိုဖြင့်ပြေးထွက်သွားသည် ။


ယွီချင်းရှီ ကျန်းရှောင်မန်ကိုကြည့်လိုက်ပြီး ချက်ချင်းပင်ခေါင်းငုံ့သွားကာစကားတစ်ခွန်းတောင်မပြောပေ ။


ထိုကောင်လေး အခန်းမှားဝင်လာခြင်းသည်မတော်တဆဖြစ်သော်လည်း 

ယွီချင်းရှီအတွက်တော့ လက်ခံရခက်ခဲနေသည် ။


ကျန်းရှောင်မန်က သူ(ယွီချင်းရှီ)၏နောက်ကွယ်တွင်လျို့ဝှက်စွာဖြင့်ထိုင်ဖော်ထိုင်ဖက်ရှိနေပြီဟုတွေးလိုက်ခြင်းဖြစ်သည် ။


သူ၏မျက်နှာကိုဖုံးကွယ်ဖို့ငြင်းဆန်၍ ဆက်ပြီးတည်ငြိမ်သည့်ပုံဟန်ဆောင်ကာ ကျောင်းစာအုပ်ကိုဖွင့်လိုက်သည်။


သူ၏ဆံပင်က အနည်းငယ်ရှည်နေပြီးနားသယ်မွှေးများသည် သူ့နားကိုအုပ်လုနီးနီးဖြစ်နေသော်လည်း သူ၏နားရွက်များရဲနေသည်ကိုဝိုးတဝါးမြင်နိုင်သည် ။


သို့သော် ယွီချင်းရှီမလာ၍ ကျန်းရှောင်မန် ယွီချင်းရှီနေရာကိုသာသွားရတော့သည် ။


သူမကျောင်းလွယ်အိတ်ကိုရွေ့ကာ ခုံလဲ၍ယွီချင်းရှီဘေးတွင်ဝင်ထိုင်လိုက်သည်။ သူမနို့ဗူးကိုယွီချင်းရှီဆီသို့တွန်းပေးလိုက်ပြီး ပြောလိုက်သည်။

 " ဒီမှာ… ငါနင့်အတွက်ယူလာတာ ..."


ယွီချင်းရှီ နို့ဗူးကိုတစ်ချက်ကြည့်လိုက်သည် ။


၎င်းသည်စေးကပ်၍ ချဥ်ပြီးချိုသောနို့ဖြစ်သည်။ သူမကြိုက်ပေ ။


သို့သော်သူဂရုမစိုက်ချေ ။


ကျန်းရှောင်မန်စဥ်းစားလိုက်ပြီး ပြောလိုက်သည်။

" ငါစင်ပေါ်မှာစကားလာပြောလို့ နင်စိတ်ဆိုးနေတာလား... နင်လည်းစင်ပြောလို့ရတာပဲလို့ ဆရာမကပြောတယ်လေ ဒါပေမဲ့နင်ကအပျင်းတစ်နေတာကိုး…”


သူစိတ်ဆိုးနေတာလား… 


" မဟုတ်ဘူး ...."


ကျန်းရှောင်မန်ထပ်မေးလိုက်သည်။

 " ဒါဆိုနင်ငါ့ကိုဘာလို့ လျစ်လျူရှုနေတာလဲ ...”


" ငါနင့်ကိုလျစ်လျူမရှုပါဘူး…"


ကျန်းရှောင်မန်နှုတ်ခမ်းကိုတွန့်လိုက်ကာ ပြောလိုက်သည်။

 " နင်ငါ့ကိုလျစ်လျုရှုတာမဟုတ်ရင် ငါ့ကိုဘာလို့မကြည့်တာလဲ ...."


သူ ထိုစကားလုံးများကို ကြားလိုက်သည့်အချိန်တွင် ယွီချင်းရှီသူ့ခေါင်းကိုလှည့်လာပြီး သူမကိုမျက်တောင်မခတ်ပဲကြည့်ကာ ပြောလိုက်သည်။

" အဆင်ပြေရောပြေရဲ့လား ..."


" … " အဆင်မပြေရင်တောင် ပြေပါတယ်ပဲပေါ့...


သူမ သူနဲ့ဘာလို့ငြင်းနေရအုံးမှာလဲ....


အရွယ်ရောက်ပြီးသူတစ်ယောက်က ကလေးတစ်ယောက်၏အမှားကိုစွဲကိုင်မထားသင့်ပေ။ ယီကျားကျားပြောသလို ယောကျာ်းလေးတွေကအလယ်တန်းရောက်ပြီးလျှင်ပင် သူတို့ကခွတီးခွကျနိုင်နေသေးပြီး သူမကဲ့သို့ မရင့်ကျက်လာနိုင်ပေ ။


xxxxx


Chapter 243


ကျန်းရှောင်မန်ဒေါသထွက်နေသည် ။


သူမက သဘောထားကြီးသူတစ်ယောက်ဖြစ်၍ သူမ သူ့ကိုအတန်းချိန်တစ်ချိန်စာသာစိတ်ဆိုးပြီး အတန်းပြီးသွားလျင်ခွင့်လွှတ်ပေးလိုက်မည်ဟုဆုံးဖြတ်လိုက်သည် ။


သူတို့ဘေးပတ်ပတ်လည်ရှိ လူများက တိတ်ဆိတ်နေပြီးဖြစ်သည် ။


ယွီချင်းရှီစတော်ဘယ်ရီနို့ဘူးကိုလက်ဖြင့်ထိလိုက်ပြီး နွေးနေသည်ကိုရေးရေးလေးခံစားမိလိုက်သည် ။


သူပိုက်ကိုဖယ်၍ တစ်ကျိုက်တည်းမော့ချလိုက်သည်။

" ကျေးဇူးပဲ ငါအရမ်းကြိုက်တယ် ...."


" ရပါတယ် "


ကျန်းရှောင်မန် ယခုပျော်ရွှင်သွားပြီ၍ သူ့ကိုချက်ချင်းပင် ခွင့်လွှတ်ရန်ဆုံးဖြတ်လိုက်သည် ။


_


နှစ်ယောက်သားပြန်၍ သင့်မြတ်သွားပြီး ကျောင်းဆင်းသည့်အချိန်တွင် အိမ်ကိုအတူတူပြန်ခဲ့ကြသည် ။


ကျန်းရှင်းက ကျန်း​ရှောင်မန်အလယ်တန်းကျောင်းစတတ်သည့်အချိန်တွင် သူမ သက်သောင့်သက်သာမဖြစ်မည်ကိုစိုး၍ သူမနှင့်စကားပြောရန်အချိန်ယူလိုက်သည် ။


" ရှောင်မန်… သမီးကဥာဏ်ကောင်းပြီး စာကြိုးစားတယ်ဆိုတာဦးသိပါတယ်.... ဒါပေမဲ့အလယ်တန်းက မူလတန်းနဲ့ကွာသွားပြီနော်....”


ကျန်းရှင်းခဏလောက်တွေးပြီးနောက်တွင် ပြောလိုက်သည်။

" သမီးပင်ပန်းသလိုခံစားရတယ် ခက်ခဲတယ်လို့ခံစားရရင် မစိုးရိမ်နဲ့နော်... သမီးတစ်ကြိမ်ကိုတစ်လှမ်းပဲလှမ်းလို့လည်းဖြစ်တယ်....သမီးပြဿနာတစ်ခုခုရှိရင် ဦးလေးကိုပြောလို့ရတယ် ပြီးရင်တို့တွေအတူတူဖြေရှင်းကြတာပေါ့.... အဖြေတွေဆိုတာက ပြဿနာတွေထက်ကို အများကြီးရှိပါတယ်ကွာ ...”


ယခုကျန်းရှင်း၏ပုံက ပညာပေးစာအုပ်ကိုခုလေးတင်ဖတ်ရှုထားသည့်ပုံဖြစ်နေသည် ။


ဥပမာအနေဖြင့်၊ " ကလေးများ ပုန်ကန်သည့်ကာလအတွင်းမည်ကဲ့သို့လုပ်ရမည် ” ၊ " အလယ်တန်းကျောင်းသားများနှင့်တန်းတူစကားပြောနည်း ” ၊ " မရင်းနှီးသောပတ်ဝန်းကျင်တွင် ဂရုတစိုက်တွေးခေါ်တတ်ခြင်း ” ၊ " ကလေးများနှင့်ပတ်သတ်သည့်အကြောင်းများ ” စသည်ဖြင့် စသည်ဖြင့်…


သူ့ရုံးခန်းထဲတွင် ထိုကဲ့သို့စာအုပ်များအများအပြားရှိနေ၍ သူ၏လက်ထောက်ပင် သူ့ကိုအိမ်တွင်ကလေးအများကြီးရှိသည်လားဟုမေးယူရသည် ။


'သူက ကလေးကိုဘယ်ကနေရရမှာလဲ ' သူသည်အလုပ်များလွန်း၍ မိန်းမယူဖို့တောင်အချိန်ပင်မရှိပေ။


ရှောင်မန်ကိုစိတ်ပူရသည်နှင့် သူခေါင်းခဲရတာလုံလောက်နေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမကအလယ်တန်းကျောင်း၏ ခြောက်တန်းဝင်ခွင့်နေရာတွင်ပထမနေရာရခဲ့သည်။ ကျန်းရှင်းအလွန်ပျော်ရွှင်၍ သူ့ရုံးတွင်ရှိသည့်လူတိုင်းကိုစာအိတ်အနီဖြင့် ၆၆၆ယွမ်လိုက်ပေးခဲ့သည်။ သန့်ရှင်းရေးဝန်ဆောင်မှုပေးသည့်အန်တီကြီးများနှင့် အစောင့်ဦးလေးကြီးများအားလုံးပျော်ရွှင်မှုကိုမျှဝေခံစားကြရသည် ။


သူမ မူလတန်းကျောင်းတုန်းကဆိုလျှင် ကျန်းရှင်းက အာဏာမရှိသေးသလို မြေကြီးကိုဖြေထောက်ဖြင့်မထိနိုင်အောင်ပင်အလုပ်ရှုပ်နေခဲ့သည်။ ယခုသူ့တွင်အချိန်ပိုများရှိနေပြီး ကလေးပညာရေးအတွက်အာရုံစိုက်နိုင်နေပြီဖြစ်သည် ။


စာအုပ်ထဲတွင် ကလေးများအလယ်တန်းတတ်သည့်အချိန်သည် ပုံကန်မှုအများဆုံးဖြစ်သည်ဟု ပြောထားသည် ။


အကယ်၍ သူအခုချိန်ထဲမှကောင်းကောင်းမကိုင်တွယ်ထားနိုင်ဘူးဆိုလျင် သူ့တစ်ဘဝလုံးတွင်အကျိုးသက်ရောက်သွားမည်ဖြစ်သည်။


သူကောင်းကောင်းကိုင်တွယ်နိုင်မှဖြစ်မည်။


သို့သော် ယခုခေတ်တွင်တုတ်က အလယ်တန်းကလေးများနှင့်မသင့်တော်တော့ဘူးဟု ကျန်းရှင်းတွေးလိုက်သည် ။


ကျန်းရှောင်မန်ကိုရိုက်မည်ဟု စကားဖြင့်တောင်မပြောနိုင်ချေ။

 မိန်းကလေးတစ်ယောက်ကိုနေ့တိုင်းရိုက်ဖို့ကသင့်လျော်ရဲ့လား…


ကျန်းရှင်းတွင်အရေပြားထူထူရှိပြီး ခုခံနိုင်သည့်အတွက် မည်သို့ပင်ဖြစ်ဖြစ် သူထိခိုက်ကျိုးပဲ့မသွားနိုင်ပေ ။


သို့သောိ မိန်းကလေးများကကွာခြားသည်။ ထို့ကြောင့် သူဂရုစိုက်ဖို့လိုသည် ။


ဒါပေမ် ထိုသို့သာပြောရတာ ကျန်းရှောင်မန်ကလည်း အနည်းငယ်ဆိုးလွန်းတယ်လေ....


ဟူး…


ကလေးတစ်ယောက်ပြိုးထောင်ရတာခက်ခဲလိုက်တာနော်...


သူတို့သင်ပြပေးရန်ကလည်း ခက်ခဲသေးသည် ။


သို့သော်လူတွေစိတ်ပူရမည့်ကိစ္စမျိုးကို ကျန်းရှောင်မန်မလုပ်ပေ ။


သူမ မျက်တောင်ခတ်ပြီးပြောလိုက်သည်။

 " သမီးအဆင်ပြေပါတယ် …ဦးလေးရယ်... ”


" သမီးနဲ့အသားမကျတာမျိုး တစ်ခုခုမရှိဘူးလား...."

ကျန်းရှင်းက သူမထိုသို့ပြောသည်ကိုမယုံပေ ။


" ကွာခြားသွားတာတော့သိပ်မရှိပါဘူး ကျောင်းဖတ်စာအုပ်က မူလတန်းထက်ပိုထူသွားပြီး သင်ရမယ့်ဘာသာရပ်တွေပိုများလာတာလောက်ပါပဲ...အဲ့ဒါကလွဲရင် ဘာမှသိပ်မကွာသွားပါဘူး …”


ကျန်းရှောင်မန်ခေါင်းကုတ်၍ စဥ်းစားလိုက်ပြီး ပြောလိုက်သည်။

 " ဆရာမတွေကလည်းကြင်နာပြီး ကျောင်းသားတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်....  ဘာမှမှားနေတာမရှိပါဘူး... ”


ခဏရပ်သွားပြီးနောက်တွင် ကျန်းရှောင်မန်ခေါင်းငုံ့၍ လက်ချောင်းများကို ကစားလိုက်သည်။

 " သမီးစာအုပ်ကိုလှန်ကြည့်လိုက်တာ အကြောင်းအရာတွေကအရမ်းကိုခက်တာပဲ ”


ခက်ခဲတာက ကောင်းပါသည် ။


နောက်ဆုံးတွင် ကျန်းရှင်းကစားဖို့နေရာရှိလာပြီဖြစ်သည် ။


ကျန်းရှင်းရုတ်တရက်ပြောလိုက်သည်။

" ကိစ္စမရှိပါဘူး အရမ်းခက်ခဲနေရင်သာဦးလေးကိုလာပြောလိုက်... ဦးဦး သမီးကိုသမီးစာတွေကူပေးမယ့် ဆရာမတစ်ယောက်ရှာပေးမယ်...”


" ဒါပေမဲ့... သမီးကပုံမှန်ယွီချင်းရှီနဲ့စာအတူတူလုပ်နေကြလေ... ”


" အဲ့ဒါကမတူဘူးလေ.... နောက်ထပ်ဆရာတစ်ယောက်ကိုပြောတာလေ သမီးကအခုကားကြုံလိုက်စီးနေသလိုပဲ...."

ကျန်းရှင်းသူ့နှလုံးသားစတင်နွေးထွေးလာသလိုခံစားလိုက်ရပြီး အပိုလူဖြစ်မနေတော့ဘူးဟုခံစားလိုက်ရသည်။


 နောက်ဆုံးတော့ သူ့တူမအတွက်လူအားရော ငွေအားပါစိုက်ထုတ်နိုင်ပြီဖြစ်သည်။

 "စိတ်မပူနဲ့.... ဦးလေးက သမီးအတွက် သမီးတစ်ယောက်တည်းကို တာဝန်ယူပြီးသင်နိုင်မည့် အသင့်တော်ဆုံးကျုရှင်ဆရာတစ်ယောက်ကိုရှာပေးမယ်... အထူးသဖြင့်ယဥ်ကျေးမှုအတန်းအတွက်ပေါ့ နောက်ဆိုသမီးယွီချင်းရှီဆီသွားစရာမလိုဘူး အိမ်မှာပဲစာလုပ်တော့... ”


ကျန်းရှောင်မန်တွေဝေသွားပြီးနောက်တွင် ခေါင်းငြိမ့်လိုက်သည် ။


xxxxx


Chapter 244


အားလုံးပြီးသွားသည့်နောက်တွင် သင်ယူရန်ဘာသာရပ်တွေအများကြီးရှိသေးသည်။ ယွီချင်းရှီကိုသူမဆက်ဒုက္ခပေးနေအုံးမည်ဆိုလျင် ယွီချင်းရှီကိုသက်ရောက်နေအုံးမယ်မဟုတ်ပါလော။


ထို့ကြောင့် သူမဦးဦး၏လမ်းညွှန်မှုနောက်ကိုလိုက်ရန်သာရှိသည် ။


ဤသို့ဖြင့် တူမနှင့်ဦးလေးကြားက စကားပြောဆိုမှုသည်ကောင်းကောင်းမွန်မွန်အဆုံးသတ်သွားသည် ။


ကျန်းရှောင်မန်၏ စိတ်ကိုသက်သာရာမရစေသော်လည်း ကျန်းရှင်းကပိုက်ဆံများကို အသုံးချရတော့မည်ဖြစ်၍ပျော်နေသည် ။


ဟေး... ကလေးတစ်ယောက်အတွက်စိတ်ပူစရာတွေရှိနေတာမကောင်းဘူး…


မိဘများတွင် ပြီးမြောက်အောင်မြင်သွားပြီဟူသည့်ခံစားချက်မရှိပေ။


တစ်ပတ်ကြာပြီးနောက်တွင် ကျန်းရှောင်မန်က အလယ်တန်းကျောင်းနှင့် အသားကျလာပြီး မသက်မသာလည်းမဖြစ်တော့ပေ ။


သူမက လိုက်လျောညီထွေအောင်နေသည့်နေရာတွင်တော်သော်လည်း အခြားသူများနှင့်တော့တူညီလိမ့်မည်မဟုတ်ပေ ။


တနင်္လာနေ့မနက်တွင် ကျန်းရှောင်မန်ကျောင်းလွယ်အိတ်လွယ်၍ ပျော်ရွှင်စွာဖြင့်ကျောင်းသွားခဲ့သည် သူမကျောင်းခန်းအတွင်းသို့ဝင်လိုက်ချိန်တွင် သူမ၏မိတ်ဟောင်းဆွေဟောင်းဖြစ်သည့် ယီကျားကျားတစ်ယောက်ဆရာမ၏အဆူကိုခံရ၍ငိုနေခဲ့သည် ။


ဒါယဲ့ကျားကျားပဲ…


" ရှောင်မန်…ဝူး…ဝူး…ဝူး…ရှောင်မန် ကျေးဇူးပြုပြီးငါ့ကိုကူညီပေးပါဦးဟာ..."


ကျန်းရှောင်မန်ရပ်သွားခဲ့သည်။ သူမယီကျားကျားကိုတစ်လှည့် ဆရာကိုတစ်လှည့်ကြည့်လိုက်ပြီး မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို သိရှိရန်ကြိုးစားလိုက်သည် ။


ဆရာက အသက်လေးဆယ်အရွယ်ဖြစ်ပြီး တစ်စုံတစ်ယောက်ကိုဆူသည့်အခါတွင်အားအပြည့်ဖြင့်အော်ဆူတတ်သည့် ရက်စက်သည့်ဆရာတစ်ယောက်ဖြစ်သည် ။


ယီကျားကျားပ ခပ်မိုက်မိုက်အစ်မတစ်ယောက်ဖြစ်ချင်သော်လည်း အမှန်စင်စစ်တွင်သူမသည်တို့ဖူးကဲ့သို့ပျော့ပြောင်းလေသည်။ ဆရာကအရမ်းရက်စက်၍ သူမလည်းအလွန်ကြောက်ရွံနေသည်။ ပို၍အရေးကြီးသည်မှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်အကြီးတန်းတစ်ယောက်သည် သူမဘေးတွင်ရှိနေခဲ့ပြီး ဆရာမများနှင့်ကျောင်းသားများက သူမဘေးကနေအလျင်စလိုဖြတ်သွားနေကြသည် ။


သူတို့အားလုံးသူမကိုကြည့်နေကြသည်။ သူမအလွန်ရှက်နေသည် ။


ဝူး…ဝူး…ဝူး


ယီကျားကျား ကျယ်လောင်စွာငိုချလိုက်သည်၊ သူမနှလုံးသားအပိုင်းပိုင်းအစစကွဲထွက်သွားသလိုပင် ။


ဆရာပြောသည်ကို နားထောင်ပြီးနောက်တွင်  မည်ကဲ့သို့ဖြစ်ပျက်နေသည်ကို ကျန်းရှောင်မန်သဘောပေါက်သွားတော့သည် ။


အမှန်တော့ယဲ့ကျားကျား သူမသဘောဖြင့် ကျောင်းဝတ်စုံကိုပြုပြင်ခဲ့ခြင်းဖြစ်သည် ။


"ယီကျားကျား ယီကျားကျား …ကျောင်းဝတ်စုံကအနည်းငယ်ရုပ်ဆိုးတယ်ဆိုပေမဲ့ နင်ကလည်းရဲတင်းလွန်းတယ်...."


" ကျောင်းသူ…ဒီမှာမနေနဲ့...မနက်ပိုင်းစာဖတ်ဖို့အတွက် စာသင်ခန်းထဲသွားတော့…” 

ကျန်းရှောင်မန်ကဲ့သို့ စံပြကျောင်းသူတစ်ယောက်က ဆရာများ၏အနှစ်သက်ဆုံးဖြစ်၍ ဆူဖို့ရန်ခက်ခဲသဖြင့် သူမကိုမြန်မြန်သာထွက်သွားခိုင်းခဲ့သည် ။


ယီကျားကျား ဆောင့်ကြောင့်ထိုင်အနေထားဖြင့် ကျန်းရှောင်မန်ကိုမှုန်ဝါးဝါးဖြင့်ကြည့်နေခဲ့သည် ။


ကျန်းရှောင်မန်သက်ပြင်းချ၍ ကျောပိုးအိတ်ကိုသူမပုခုံးပေါ်သို့ပြစ်တင်ကာ လက်ဖဝါးစာအင်္ဂလိပ်အဘိဓာန်စာအုပ်ကိုထုတ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

" ဆရာ …သမီးယီကျားကျားကိုစကားပြောကြည့်လိုက်မယ် ”


ဆရာခဏတာတုံ့ဆိုင်းသွားပြီးနောက်တွင် သူမကိုခွင့်ပြုပေးလိုက်သည် ။


ကျန်းရှောင်မန် အဘိဓာန်စာအုပ်ကိုယီကျားကျားလက်ထဲသို့ထည့်ပေးပြီးတိုးတိုးလေးပြောလိုက်သည်။

 " ဖတ်လိုက် ပထမဆုံးအခန်းကိုဖတ်လိုက်ပြီးရင် နောက်တစ်ခန်းကိုဖတ်နေ... နင်ကျယ်ကျယ်ဖတ်ပြီး ယုံကြည်ချက်ရှိရှိဖတ်နေတဲ့တစ်လျှောက်လုံး ဘယ်သူကမှနင်ပြစ်ဒဏ်ခံနေရမှန်းသိမှာမဟုတ်ဘူး…”


ယဖိကျားကျားသူမလက်ထဲမှစာအုပ်လေးကိုမိန်းမောစွာဖြင့်ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

 " တကယ်လား...သူတို့ငါ့ကို ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ဖို့မပြောဘူးလား…သူတို့ငါ့အကြောင်းမပြောကြတော့ဘူးလား....ကြည့်အုံး…သူတို့အားလုံးကငါ့ကိုကြည့်နေကြတာလေ ..."


" တကယ်ပေါ့... သူတို့နင့်ကိုတောင်ချီးကျုးနေကြအုံးမယ် ..."


ယီကျားကျားလက်ခံသွားသည် ။


သူမတွင်လုပ်စရာမရှိသည်ထက်စာရင် ကျန်းရှောင်မန်ကိုမျက်စိစုံမှိတ်ပြီးယုံကြည်လိုက်ရုံသာရှိသည် ။


"My,my,my


Name,name,name.


Is,is,is.


Clok,clok,clock.


....”


ကျန်းရှောင်မန် သူမပုခုံးကိုနှစ်သိမ့်သည့်အနေဖြင့်ပုတ်၍ ထွက်သွားတော့သည် ။


ဆရာ ယီကျားကျားအားကျေနပ်စွာဖြင့်ကြည့်၍ စူးရှနေသည့်အကြည့်သည်ပို၍ပျော့ပျောင်းလာသည် ။


သူကအပြစ်ပေးခံထားရတာတောင်မှ သူမဝေါဟာရတွေကိုလေ့ကျင့်ဖို့မမေ့ပါလား... ဒီလိုကလေးမျိုးကသင်ပေးလို့ရပြီး ပျိုးထောင်လို့ရနိုင်တဲ့အရည်အချင်းမျိုးရှိပြီး စာလေ့လာရတာပျော်တဲ့သူမျိုးပါလား...အရမ်းကောင်းတယ်...


ထို့ကြောင့်ယီကျားကျားပို၍ တက်ကြွစွာဖြင့်စာစဖတ်တော့သည် ။


ကျန်းရှောင်မန်ပြောခဲ့သလို သူမ ပထမအခန်းပြီးသွားသည့်နောက်တွင် ဒုတိယမြောက်အခန်းကိုစဖတ်တော့သည်။ ဖတ်ပြီးရင်း ဖတ်ပြီးရင်း ဆက်ဖတ်နေတော့သည်။ သူမကျယ်ကျယ်ဖတ်နေသရွေ့ သူမအဆူခံထားရသည်လို့ မည်သူမှသိကြမည်မဟုတ်ပေ ။


သူမက လိမ္မာသည့်ကလေးတစ်ယောက်ဖြစ်နေသေးသည် ။


" သူ့ကိုကြည့်ပါအုံး သူမကစာကြိုးစားလိုက်တာ…"


" ဟုတ်တယ်... ငါတို့အင်္ဂလိပ်စာ ဆရာပြောတယ်လေ တချို့ကလေးတွေကအင်္ဂလိပ်စကားပြောကို နိုင်ငံတော်အလံအောက် ဒါမှမဟုတ်ရင် ထမင်းစားခန်းထဲမှာရုတ်တရက်လေ့ကျင့်တတ်တယ်တဲ့ …”


" ကြည့်ရတာထိရောက်မယ့်ပုံပဲ...."


" ငါတို့လည်းမနက်ဖြန်အဲဒီ့လိုဘာလို့မလုပ်ရမှာလဲ…"


" ကောင်းပြီလေ ..."


ယီကျားကျားနောက်ဆုံးတော့ အငိုတိတ်သွားခဲ့သည် ။


ကျန်းရှောင်မန်ပြောတာမှန်သည်။ သူမယုံကြည်ချက်ရှိရှိစာဖတ်ပြီး တည်ငြိမ်နေသရွေ့ မည်သည့်အရာများဖြစ်နေသည်ကိုမည်သူမှမသိတော့ချေ ။


ထိုပြင်ထားတဲ့ကျောင်းဝတ်စုံကိုတော့ သူမ မနက်ဖြန်မှစ၍ဝတ်တော့မည်မဟုတ်ပေ ။


xxxxxx


Chapter 245


နောက်ဆုံးတွင် မနက်ခင်းသင်ခန်းစာများပြီးသွားပြီဖြစ်သည် ။


ယီကျားကျားလည်းလွှတ်လပ်ခွင့်ရသွားသည် သူမအမှားများအားဆရာ့ကိုဝန်ခံပြီးနောက်တွင် သူမှထိုအဖြစ်အပျက်နေရာမှအလျင်အမြန်ထွက်ပြေးလာခဲ့သည် ။


သူမလည်ချောင်းပင်ခြောက်ကပ်လာသည် ။


သူမဝမ်းနည်းနေသည့်မျက်နှာဖြင့် အတန်းထဲဝင်လာပြီး စိတ်မကောင်းဖြစ်နေသည် ။


ကျန်းရှင်းဟွား မည်သည့်အရာများဖြစ်သွားမှန်းမသိလိုက်ပေ။ ယီကျားကျား၏မျက်လုံးနှင့် နှာခေါင်းတို့သည် နီရဲနေ၍ အတန်းအရှည်ကြီးကိုစောင့်၍ဝယ်ယူခဲ့သောပဲနို့ကို ယဲ့ကျားကျားအားကြင်နာသမှုဖြင့်ပေးလိုက်သည်။

 " ရော့...ဒီမှာနင့်အတွက်ပဲ ..."


ယီကျားကျားသူ့ကိုကျေးဇူးတင်စွာဖြင့်ကြည့်လိုက်သည်။ သူမ၏ခြောက်သွေ့နေသည့်လည်​ချောင်းအားအစိုဓာတ်ပေးပြီးနောက်တွင် ကျန်းရှောင်မန်ဆီသို့ပြေးသွားပြီး ငိုတော့သည် ။


"ဝူး…ဝူး...ဝူး ရှောင်မန် ဝူး...ဝူး...ဝူး ငါအစကသေလောက်အောင်ကြောက်သွားတာ …ငါဒီကျစ်ဆံမြီးတွေကိုစမ်းကြည့်ချင်သေးတာ.... ကျောင်းဝတ်စုံအသစ်နဲ့သာတွဲဝတ်ရင် တကယ်ကိုမိုက်သွားမှာ... ဒါပေမဲ့ ဆရာကအရမ်းရက်စက်တာပဲ... ဟိုဟာအပြစ်ပေး ဒီဟာအပြစ်ပေးနဲ့ သူကငါတို့လုပ်သမျှအကုန်ကိုအပြစ်ပေးနေတော့တာပဲ … ”


ကျန်းရှောင်မန် ရေအေးလောင်းချခံလိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသညိ။

" နင်အဲ့လိုထပ်လုပ်ရင်... နင်အင်္ဂလိပ်အဘိဓာန်ကိုအစကနေအဆုံးထိဖတ်ရင်တောင် အသုံးဝင်တော့မှာမဟုတ်ဘူး…”


" ဘာလို့လဲ ...."


အိုက်ယား...ဘာလို့လဲလို့သူကထပ်မေးချင်သေးတာလား... 


ကျန်းရှောင်မန်ဆန်းကြယ်သည့် အပြုံးပြုံးကာ ပြောလိုက်သည်။

 " ဘာလို့လဲဆိုတော့ ငါငယ်ငယ်တုန်းကလည်းငါ့ရဲ့ပုံပန်းသွင်ပြင်ကြောင့် ရုံးခန်း​ကနေခေါ်တာခံရဖူးတယ် ..."


"အိုး…"


ယီကျားကျား၏ကြောက်ရွံ့ဖွယ်အကြံစည်များလွှင့်ပျယ်သွားပြီး စည်းဖောက်ရန်ထပ်မကြိုးစားတော့ချေ ။


_


နေ့လယ်ပိုင်းတွင် ကိုယ်တိုင်လေ့လာရမည့်အတန်းရှိသည် ။


သင်္ချာဆရာကချက်ချင်းပင်အခွင့်ကောင်းယူ၍ ကျောင်းသားများအတွက်လေ့ကျင့်ခန်းမိတ္ထူစာရွက်များကိုပုံနှိပ်ထားသည်။ သင်္ချာအတန်း၏ကိုယ်စားလှယ်အနေဖြင့် ကျန်းရှောင်မန်ဆရာမများ၏ရုံးခန်းသို့သွားကာ လေ့ကျင့်ခန်းများကိုယူ၍ ပြန်လာကာ အားလုံးကိုဝေပေးလိုက်သည် ။


ဖြန့်ဝေခြင်းသည် တစ်စားပွဲ ပြီးတစ်စားပွဲဆီသို့လက်ဆင့်ကမ်းသွားပြီး သူမကျန်းရှင်းဟွားဆီသို့ရောက်သည့်အချိန်တွင် မတော်တဆဖြစ်သွားခဲ့သည် ။


ကျောင်းခန်းသည် စာရေးသံနှင့်စာရွက်လှန်သံများမှလွဲ၍တိတ်ဆိတ်နေသည်.... ထိုအချိန်တွင်အီလက်ထရွန်းနစ် သတိပေးသံရုတ်တရက်ထွက်ပေါ်လာသည် ။


၎င်းသည်အီလက်ထရွန်းနစ်ဖုန်းမြည်သံဖြစ်သည် ။


အခန်းတွင်းမှကျောင်းသားအားလုံးခေါင်းထောင်လာကြပြီး ကျန်းရှင်းဟွားဆီသို့ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲတွင်သိချင်စိတ်အပြည့်နှင့်ပင် ။


အရမ်းသတ္တိရှိတာပဲ…


သူအီလက်ထရွန်းနစ်ပစ္စည်းမျိုးကို ကျောင်းကိုဘယ်လိုတောင်ယူလာရဲရတာလဲ…


အသံကိုနားထောင်ကြည့်ရတာ ဆဲလ်ဖုန်းမြည်သံနှင့်တူသည် ။


အိုက်ယိုး… ကံတော့ဆိုးပါပြီ...


ဖြစ်နိုင်ချေတစ်ခုသာထွက်လာသည်. သူသေချာပေါက်အဆုံးမရှိစွာဖြင့်အဆူခံရမည်ဖြစ်ပြီး နိုင်ငံတော်အလံအောက်တွင်မိမိကိုယ်ကို ဆင်ခြင်သုံးသပ်စာအရှည်ကြီးကိုရေးရမည်ဖြစ်သည် ။


ကျန်းရှင်းဟွား သူ့အတန်းဖော်များ၏လေးစားသောအကြည့်ကိုတစ်ဖန်ခံလိုက်ရပြန်သည် ။


သူအလွန်စိတ်လှုပ်ရှားနေခဲ့သည် ။


ယီကျားကျားသူ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး တိုးတိုးလေးကပ်ပြောလိုက်သည်။

 " မြန်မြန် အဲ့ဒါကိုပိတ်လိုက်လေ၊ ဆရာမလာစစ်လို့တွေ့သွားရင် သွားပြီနော်…”


ကျန်းရှင်းဟွားတုန်လှုပ်သွားပြီး သူ၏ဘေးတွင်ကုန်လောင်ရုံများပတ်ပတ်လည်ဝိုင်းနေသလိုခံစားရပေမဲ့ သူလူအများ၏စောင့်ကြည့်ခြင်းကိုခံနေရသကဲ့သို့ပင်ကြောက်လန့်နေသည် ။


အကယ်၍တစ်စုံတစ်ယောက်သာသူကို့ဖော်ထုတ်ပြီး သူဘာလုပ်ခဲ့သည်ကိုလျို့ဝှက်စွာဖြင့် မြင်သာအောင်လုပ်လိုက်ရင်ဘယ်လိုလုပ်ရမလဲ…


 ဘာလုပ်ရမလဲ… ဘာလုပ်ရမလဲ… ဘာလုပ်ရမလဲ…


လောကီအတွေ့အကြုံမရှိသေးသည့်ကျန်းရှင်းဟွားတစ်ယောက် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။


သူ့ဟာမဟုတ်သလို ဟန်ဆောင်လိုက်ရမလား…ဒါမှမဟုတ်ဘာမှမကြားသလိုဟန်ဆောင်လိုက်ရမလား…


ဝူး…ဝူး...ဝူး... ဘယ်လိုပဲဖြစ်ဖြစ်သူ့ဟာမှမဟုတ်တာ ထိုပစ္စည်းနှင့်သူမည်ကဲ့သို့မှမပတ်သတ်ဘူးလေ....


 သူတည်တည်ငြိမ်ငြိမ်နေနေသရွေ့ သူ့ပစ္စည်းမဟုတ်သကဲ့သို့ဟန်ဆောင်နေနိုင်သည် ။


သူပိုထိတ်လန့်လာ၍ ပိုလို့တောင်တုန်လှုပ်လာသည်။ သူဖုန်းကိုကောင်းကောင်းမကိုင်တတ်၍ ပြန်ပိတ်ဖို့ရန်အတွက်တောင်ကောင်းကောင်းမကိုင်တွယ်နိုင်တော့ပေ ။


ကျန်းရှောင်မန် ကျန်းရှင်းဟွားသူ့ကိုယ်သူအရူးလုပ်နေသည်ကိုဆက်မကြည့်နိုင်တော့၍ ကျန်းရှင်းဟွားအတွက်သူဖုန်းကိုဆွဲယူလိုက်သည် ။


အသေအချာကို သူမလက်ဖြင့်ခေါက်ဖုန်းကိုထိလိုက်သည် ။


ကျန်းရှောင်မန်ကျွမ်းကျင်စွာဖြင့် ဖုန်းဘတ်ထရီကိုထုတ်လိုက်ပြီး ထို့နောက်အပေါ်သို့မြှောက်ကာ မြန်မြန်ဆန်ဆန်ဖုန်းကိုလှုပ်ပြလိုက်ပြီး မည်သူမှဘာမှန်းမမြင်နိုင်လောက်သည့်အချိန်မှာပင် သူမအိတ်ကပ်ထဲသို့ထည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

 " ဒါကငါ့ဟာ မနက်ကနှိုးစက်ပေးထားပြီး ပြန်ပိတ်ဖို့မေ့သွားတာ....အဲဒီ့အသံကနှိုးစက်သံပဲ ...."


ကျောင်းသားအားလုံး " ဝိုး___ "


ကျန်းရှောင်မန်တည်တည်ငြိမ်ငြိမ်ဖြင့် လေ့ကျင့်ခန်းစာရွက်များကိုဆက်ဝေနေခဲ့သော်လည်း ကျန်းရှင်းဟွားကတော့ငိုလုနီးနီးပင်။


ကျန်းရှင်းဟွားနှင့် ယဲ့ကျားကျားတို့နှစ်ယောက်မျက်လုံးထဲတွင် မျက်ရည်အပြည့်ဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်၊ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ဖက်၍ ငိုဖို့တောင်မစောင့်နိုင်တော့ပေ ။


ကျန်းရှင်းဟွား ကျန်သည့်အတန်းများကိုငိုရင်းဖြင့်ဖြတ်ကျော်လာခဲ့သည်။ အတန်းပြီးသွားသည့်နောက်တွင်ကျန်းရှောင်မန် ဆီသို့တစ်စုံတစ်ခုကိုပြောချင်၍ပြေးသွားခဲ့သည် ။


သို့သော် သူဘာမှမပြောနိုင်ခင်မှာပင် အေးဆေးတည်ငြိမ်သည်ဟုဆိုသည့်ယွီချင်းရှီ၏ တွန်းထုတ်ခြင်းကိုခံလိုက်ရသည်။

 " မင်းအခုမသွားရင် ကျောင်းစားသောက်ဆိုင်ထဲမှာ ဘာမှစားစရာကျန်တော့မှာမဟုတ်ဘူး …”


ကျန်းရှောင်မန်ထိုသို့ကြားသည့်နောက်တွင် သူမချက်ချင်းပင်ပြေးထွက်သွားတော့သည် ။


xxxxxx