အပိုင်း ၂၄၆-၂၅၀
Viewers 14k

Chapter 246


သူမတွင်ခြေထောက်ရှည်များရှိ၍ လျင်မြန်စွာပြေးနိုင်သည်။ သူမဦးဆောင်၍ အပြေးအလွှားဖြင့်ထမင်းစားခန်းမထဲသို့သွားခဲ့ပြီး သူမကိုယ်တိုင် ဝက်သားချိုချဥ်ကိုဆွဲယူလိုက်သည်။ အနည်းငယ်စဥ်းစားလိုက်ပြီးနောက်တွင် ယွီချင်းရှီအတွက်ပါမှာပေးလိုက်သည် ။


ကျန်းရှင်းဟွားနှင့် ယီကျားကျားအတွက်ဆိုရင်တော့ သူတို့ကိုယ်တိုင်မှာစားလို့ရနိုင်သည်။ သူမတွင်လက်နှစ်ဖက်ထဲရှိ၍ များများစားစားမသယ်နိုင်ပေ ။


လူလေးယောက် နေ့လည်စာစားရန်အတွက် တစ်ဖန်ပြန်စုလာကြသည် ။


ယီကျားကျားနှင့် ကျန်းရှင်းဟွားတို့ကစိတ်လှုပ်ရှားစရာကောင်းသည့်နေ့တစ်နေ့ကိုကြုံတွေ့ခဲ့ရပြီး နှစ်ယောက်လုံး၏မျက်လုံးသည်နီရဲ၍ ဖူးယောင်နေကြသည် ။


သူတို့နှစ်ယောက်ရှောင်မန်၏ မျက်နှာချင်းဆိုင်တွင်ထိုင်၍ နှစ်ယောက်သားချွေးမတစ်ယောက်စိတ်ထိခိုက်နေသလိုကိုခံစားနေရသည် ။


ယီကျားကျားအသက်တစ်ချက်ရှုလိုက်ပြီးနောက်တွင် သူမပန်းကန်ထဲမှကြက်ခြေထောက်ကို ကျန်းရှောင်မန်ပန်းကန်ထဲသို့ထည့်လိုက်သည်။ သူမ၏အတွေ့အကြုံဆိုးတစ်ခုဆီမှသင်ခန်းစာရသွားပြီးနောက်တွင် ပြောလိုက်သည်။

" ရှောင်မန် ...ကျေးဇူးတင်ပါတယ်.... နင့်ကြောင့်သာမဟုတ်ရင် ငါမနက်ကကိုယ့်ကိုကိုယ်ပြန်သုံးသပ်စာရေးနေရလောက်ပြီ... အဲဒီ့အကြောင်းကိုတွေးကြည့်ပြီးတော့ ငါအဲ့လိုထူးဆန်းတဲ့ကျစ်ဆံမြီးတွေမစီးတော့ဘူး ငါ့စိတ်ကိုပြောင်းလဲပြီး အသစ်စတင်မယ်လို့ဆုံးဖြတ်လိုက်ပြီ ...."


ကျန်းရှောင်မန် စိတ်သက်သာစွာဖြင့်ခေါင်းငုံ့လိုက်ပြီး ယီကျားကျား၏ ကြက်ပေါင်ကိုလက်ခံလိုက်သည် ။


ကျန်းရှင်းဟွား တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။

 " ရှောင်မန်...နင်ယုံမှာတော့မဟုတ်ဘူး ဒါပေမဲ့ငါ ငါ့ဖုန်းကိုရည်ရွယ်ချက်ရှိရှိနဲ့ကျောင်းကိုယူလာတာမဟုတ်ပါဘူး..မနေ့ညကငါ့မိဘတွေမသိအောင် ငါဖုန်းဆော့နေခဲ့တာ၊ သူတို့ငါ့ကိုရုတ်တရက်ပြန်လာပြီးစစ်တော့ ငါကျောင်းလွယ်အိတ်ထဲထိုးထည့်လိုက်မိပြီး မတော်တဆကျောင်းကိုယူလာခဲ့မိတာ... ” 


" အွန်း ...."


" နင်ငါ့ကိုယုံတယ် ...."


" အင်း... ငါယုံတယ်... ငါယုံပါတယ် ...."


ကျန်းရှင်းဟွားရင်ထဲထိသွား၍ငိုနေရာမှ သူ့ကြက်ပေါင်ကိုပေးလိုက်သည်။

 " ကျေးဇူးပဲ နင့်ကြောင့်သာမဟုတ်ရင် ငါသေချာပေါက်ကိုသုံးသပ်စာရေးရတော့မှာ...အဲ့ဒါကအရမ်းကြောက်ဖို့ကောင်းတာပဲ ....'


ကျန်းရှောင်မန်စိတ်သက်သာစွာဖြင့် ပြောလိုက်သည်။

" နင်လည်းနင့်စိတ်ကိုပြောင်းလဲပြီး လူသစ်တစ်ယောက်လိုနေသင့်တယ် ..."


" ဒါပေါ့ ...."


ကျန်းရှောင်မန် စိတ်သက်သာရာရသွားပြီး  သဘောထားကြီးစွာဖြင့် ကျန်းရှင်းဟွား၏ကြက်ပေါင်ကိုလက်ခံလိုက်သည် ။


ယွီချင်းရှီ မျက်ခွံကိုပင့်၍ သူတို့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ တိတ်ဆိတ်စွာဖြင့်ကျန်းရှောင်မန်သူ့အတွက်မှာပေးထားသည့် ဝက်နံရိုးချိုချဥ်ကို ဝါးနေခဲ့သည် ။


အရမ်းချိုတယ်... အရမ်းချိုတာပဲ ..


သူ၏အကြည့်များကိုကျန်းရှောင်မန်ပန်းကန်ထဲရှိကြက်ပေါင်နှစ်ချောင်းဆီသို့ရွေ့လိုက်ပြီး မျက်တောင်ခတ်လိုက်သည် ။


ယွီချင်းရှီလည်း သူ၏ဝက်နံရိုးချိုချဥ်ကိုပေးချင်သော်လည်း ကျန်းရှောင်မန်ကယွီချင်းရှီတူကိုလှုပ်လိုက်သည်နှင့်လှမ်းတား​လေသည် ။


ကျန်းရှောင်မန်ပြောလိုက်သည်။

 " နင်အဲ့ဒါတွေကို ကိုယ့်ဘာသာကိုယ်စားလို့ရပါတယ်...အဲ့ဒါတွေကနင့်အတွက်လေ ငါဒါတွေကိုတောင်တစ်ယောက်တည်းစားလို့မကုန်ဘူး ..."


သူတို့အမှားတွေကိုအမှတ်ရစေမည်သာမဟုတ်ဘူးဆိုလျင် သူမထိုကြက်ပေါင်များကိုလက်ခံမည်မဟုတ်ပေ ။


သူမစကားများကိုနားထောင်ပြီး ယွီချင်းရှီသူ့တူကိုပြန်ရုတ်လိုက်ပြီး သူ၏ဝက်နံရိုးချိုချဥ်ကိုတိတ်ဆိတ်စွာဖြင့်ဆက်စားနေခဲ့သည် ။


စားပြီးသွားသည့်နောက်တွင် သူတို့ရှေ့တွင်ထိုင်နေသည့်နှစ်ယောက်သည် ကျန်းရှောင်မန်ကိုမြှောက်ပင့်ဖို့မမေ့ကြပေ။ နေရောင်အောက်မှာသူမနှင့်ယှဥ်နိုင်သူမရှိဘူးဟုကြွားဝါကြသည် ။


ရှောင်မန် သူတို့အားလုံးကို တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံနေသည် ။


ယွီချင်းရှီ သူ၏တူကိုကိုက်နေရင်း ချီတုန်ချတုန်ဖြစ်နေပြီးနောက်တွင် သူ၏တူသည်မြေကြီးပေါ်သို့ပြုတ်ကျသွားသည် ။


ကျန်းရှောင်မန်သူ့ကိုကြည့်နေသည်။ ယီကျားကျားနှင့် ကျန်းရှင်းဟွားလည်းသူ့ကိုကြည့်နေသည် ။


ယွီချင်းရှီ " ငါ့တူပြုတ်ကျသွားလို့ နင်ငါ့ကိုကောက်ပေးလို့ရမလား …"


ကျန်းရှောင်မန်ဘာမှမပြောနိုင်ခင်မှာပင် ကျန်းရှင်းဟွားနှင့်ယီကျားကျားဂိတ်ကိုကာကွယ်သည့် နတ်ဘုရားပုံဖြစ်သွားသည်။ တစ်ယောက်၏အကြည့်သည် မီးရှုးမီးပန်းကဲ့သို့တောက်လောင်နေပြီး  နောက်တစ်ယောက်၏အကြည့်သည် သားကောင်ကိုစိုက်ကြည့်နေသည့်ကျားတစ်ကောင်နှင့်ဆင်တူသည် ။


" ဒီလိုပြဿနာသေးသေးလေးအတွက်နဲ့ ငါတို့ကဘာလို့....ရှောင်မန်ကို ဒုက္ခရောက်စေရမှာလဲ ” ဟုကျန်းရှင်းဟွားပြောလိုက်သည် ။


ယီကျားကျား " ဟုတ်တယ်... နင်မကောက်ပေးချင်ရင် ငါတို့ကောက်ပေးမယ်...”


သူတို့ခါးကိုကိုင်းလိုက်ပြီး ယွီချင်းရှီ၏တူတစ်စုံကိုကောက်ပေးပြီး စားပွဲပေါ်သို့ပြန်တင်ပေးလိုက်သည်။ ဂုဏ်ယူနေသည့်မျက်နှာထားမျိုးနှင့် ချီးမွမ်းခံရမည်ကိုစောင့်နေကြသည် ။


ယွီချင်းရှီခေါင်းငုံ့ပြီး တူကိုအချိန်အတန်ကြာကြည့်လိုက်ပြီး ရူတ်တရက်စားချင်စိတ်ပျောက်သွားသည်။ သူ့ကိုဂရုတောင်မစိုက်ပဲ အစားဆက်စားနေသည့်နှစ်ယောက်ကို ယွီချင်းရှီစက္ကန့်အနည်းငယ်လောက်စိုက်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် တူအသစ်တစ်စုံကို သူကိုယ်တိုင်တိတ်တဆိတ်သွားယူခဲ့သည် ။


ထိုနှစ်ယောက်ကို နောက်ဘယ်တော့မှဂရုမစိုက်တော့ဘူးဟုဆုံးဖြတ်လိုက်သည် ။


ယွီချင်းရှီ သူ၏တူကိုသွားလဲပြီး သူ့နေရာသို့ပြန်လာခဲ့ချိန်တွင် သူ့ပန်းကန်ထဲတွင်ကြက်ပေါင်အပိုတစ်ချောင်းရှိနေသည်ကိုတွေ့လိုက်ရသည် ။


၎င်းသည် ကြီးမားသည်ပေါင်တစ်ချောင်းဖြစ်သည် ။


ယွီချင်းရှီ ထိတ်လန့်သွားသည် ။


ကျန်းရှောင်မန်ခေါင်းထောင်လာကာ ပြုံးပြီးပြောလိုက်သည်။

 " မြန်မြန်စား ငါတစ်ယောက်တည်းမကုန်ဘူး,.. သူတို့မှာ ဒီနေ့အသားစားဖို့အခွင့်ရေးမရှိဘူး...."


" အမ်...ဟမ် ..."


ယွီချင်းရှီစားချင်စိတ်ပြန်ဖြစ်လာပြီး ခွန်အားပြန်ပြည့်လာသည်။ သူထိုင်ချလိုက်ပြီး ထမင်း၊ ကြက်ပေါင်နှင့် ဝက်နံရိုးချိုချဥ်တို့ကိုစစားတော့သည် ။


အကုန်လုံးကိုပြောင်စင်အောင်စားလိုက်ပြီး ဆန်စေ့တစ်စေ့တောင်မကျန်ပေ ။


ကျန်းရှောင်မန် ချီးကျူးလိုက်သည်။

 " ကောင်းတယ်... အစားအသောက်ကိုမဖြုန်းနဲ့...."


ယွီချင်းရှီကျောဆန့်လိုက်သည် ။


" ရှောင်မန်...ငါပြီးပြီ.... ထမင်းစေ့တောင်မကျန်ဘူး ” 

ကျန်းရှင်းဟွားပြောသည် ။


" ရှောင်မန်...ငါလည်းပြီးပြီ ...."


" အင်း...အင်း... နင်တို့အားလုံးကလိမ္မာတဲ့ကလေးတွေပဲ ..."


ယွီချင်းရှီ "...."


ယွီချင်းရှီရုတ်တရက် ပြန်တိတ်ဆိတ်သွားသည်။


Xxxxxxxx


Chapter 247


ယွီချင်းရှီက အခြားကလေးများနှင့်ကွဲ ပြားသည်ကို အစောကြီးတည်းက ကျန်းရှောင်မန်သိပြီးသားဖြစ်သည် ။


ယွီချင်းရှီက အကြောင်းအရာများအပေါ်လွယ်လွယ်နှင့်အတွေးတတ်လွန်ပြီး သူ့အခြေအနေသည်လွယ်လွယ်နှင့်လည်းဒေါသထွက်တတ်သေးသည် ။


သို့သော်ငြားလည်း ထိုအကြောင်းအရာများကို ကျန်းရှောင်မန်ကိုယ်တိုင်မကြုံတွေ့ ဖူးပေ ။


သူမ ယွီချင်းရှီအဝတ်ဗီရိုထဲ သို့မဟုတ် အိပ်ယာအောက်သို့ဝင်ပုန်းသည်ကိုသာအများဆုံးတွေ့ဖူးခဲ့သည် ။


ကျန်သည့်အရာအားလုံးက ဦးလေးယွီပြောပြထားသည်များဖြစ်ပြီး ဦးလေးယွီ ယွီချင်းရှီကိုစိတ်ပူလွန်း၍ သူမအားသူ့သားကိုစောင့်ကြည့်ပေးရန် အကူအညီပင် တောင်းထားသေးသည် ။


ယွီချင်းရှီ ငိုတာ သို့မဟုတ် ဒုက္ခပေးသည်မှာအလွန်ရှားပါးသည်။ သူကအလွန်ခေါင်းမာသည်။ နောက်တစ်ခုက ယွီချင်းရှီကစိတ်ထဲကနေကိုပျင်းရိငြီးငွေ့နေသည့်အတွက် တစ်စုံတစ်ယောက်က သူ့ကို သတ်သွားလျှင်တောင် ပြောမည့်သူမျိုးမဟုတ်ပေ။ သာမန်သူများက သူနှင့် အဆက်အဆံမလုပ်နိုင်ပေ၊ ပြဿနာတစ်ခုခုပေါ်လာသည့်ချိန်အတွင် ဖြေရှင်းရပိုခက်ခဲသွားသည် ။


ဦးလေးယွီ ရှောင်မန်ဆီသို့ရင်ဖွင့်ခဲ့ပြီး သူမကနှစ်သိမ့်ပေးသည့်အနေဖြင့် ယွီချင်းရှီက လိမ္မာပြီး ရိုသေကျိုးနွံတတ်သည့်သူဟုပြောခဲ့သည် ။


ယွီဝမ်ချန်းအတွက် ဒုက္ခရောက်စေခဲ့သည့်ပြဿနာများကို ကျန်းရှောင်မန်အမြင်အရဆိုလျင်တော့ ၎င်းတို့ကို ပြဿနာဟုကိုမမြင်ပေ ။


အချိန်အတန်ကြာပေါင်းသင်းဆက်ဆံလာပြီးနောက်တွင် ယွီချင်းရှီမျက်နှာပေါ်တွင်တစ်ခုခုဖြစ်နေပါက သူဘာလိုချင်နေသလဲဆိုတာသူမသဘောပေါက်ပြီးသားဖြစ်သည်။ တစ်ခါတစ်ရံတွင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရုံဖြင့် တခြားတစ်ယောက်မည်ကဲ့သို့တွေးနေသည်ကိုနားလည်နိုင်သည် ။


ထိုကဲ့သို့ မပြောပဲနားလည်နိုင်မှုမျိုးသည် သူတို့ကြီးသွားသည့်အချိန်ထိမပျောက်ဆုံးသွားဘူးဟု ကျန်းရှောင်မန်အမြဲတွေးခဲ့သည် ။


သို့ပေမဲ့ သူမမှားသွားခဲ့သည် ။


ယခုယွီချင်းရှီကပို၍တောင်မှန်းဆလို့မရတော့သလို အကျိုးသင့်အကြောင်းသင့်လည်းမရှိတော့ပေ ။


ယွီချင်းရှီ သူမကိုမတွေ့တာသုံးရက်ရှိပြီဖြစ်သည် ။


သို့သော်ကျန်းရှောင်မန် သူ့ကိုမပျော်ရွှင်အောင်လုပ်မိလားဟု ပွင့်ပွင့်လင်းလင်းမေးသော်လည်း ယွီချင်းရှီကမဟုတ်ဘူးဟုပြန်ဖြေခဲ့သည် ။


ဟူး…မြီးကောင်ပေါက်ယောကျာ်းလေးတွေက လေနဲ့မိုးလိုပါပဲလား... သူတို့နဲ့ဆက်ဆံရတာခက်ခဲလိုက်တာ ..


ကျန်းရှောင်မန် ခေါင်းခဲသွားသည် ။


သူမဒီအခြေအနေနှင့်ပတ်သတ်ပြီး အတွေ့အကြုံမရှိပေ။ သူမ၏ရိုးသားသည့်ဦးနှောက်လေးသည် ထိုစမ်းသပ်ချက်အတွက်ခံနိုင်ရည်မရှိပေ။ သူမအခြားသူဆီမှနေ၍အကူအညီတောင်းရန်သာရှိတော့သည် ။


ကျန်းရှင်းက လူကြီးတစ်ယောက်ဖြစ်ပြီး သူမြီးကောင်ပေါက်ယောကျာ်းလေးတွေ၏နူးညံ့သောစိတ်ကိုနားမလည်နိုင်ပေ။ ကျန်းဟွေ့မိန်ကို လူတွေရဲ့စိတ်ကအသက်ပေါ်လိုက်ပြီး ဘာလို့ပြောင်းလဲသွားတာလဲဟု ကျန်းရှောင်မန်မေးခဲ့သည်။ ဝက်များပြုစုပြိုးထောင်ရသည်ကို စွဲလမ်းသည့်ကျန်းဟွေ့မိန်က သူမမွေးမြူထားသည့်ဝက်တောင်မှ ဝက်ပေါက်လေးတွေကိုမွေးပြီးလျင် စိတ်အားငယ်တတ်သေးသည် ဒီတော့လူတွေပြောင်းလဲတာဘာထူးဆန်းလဲဟုပြောသည် ။


ကျန်းရှောင်မန်တွေးကြည့်လိုက်ပြီး နှစ်ခုကတော်တော်လေးကွဲပြားသည်ဟုခံစားလိုက်ရသည်။ ယွီချင်းရှီနှင့် ဝက်မသည် မီးဖွားပြီးစိတ်ဓာတ်ကျပုံခြင်းမတူညီပေ ။


သူမ ယွီချင်းရှီကို ကလေးမွေးပြီးနေထိုင်မကောင်းဖြစ်နေတာလားဟု သွားမမေးဝင့်ပေ ။


ကျန်းရှောင်မန် စနစ်ကိုအကူအညီတောင်းရုံမှလွဲ၍ မရှိတော့ပေ ။


" ဦးဦးစနစ် ယွီချင်းရှီကဘာလို့ဒီလိုဖြစ်နေရတာလဲ......"

 အမှန်တိုင်းပြောရလျင် စနစ်၏စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သတ်သည့်အသိဉာဏ်ကိုကျန်းရှောင်မန်သိပ်မယုံသော်လည်း ယခုတွင်သူမခွဲခြမ်းစိတ်ဖြာဖို့ရန်အတွက်ကူညီပေးမည့်သူမရှိပေ ။


စနစ်တွေးတော၍ ခဏကြာပြီးနောက်တွင် ပြန်မေးလိုက်သည်။

 " ပိုင်ရှင် ဒီလိုမျိုးကိုတစ်နေရာရာမှာမြင်ဖူးတယ်လို့မတွေးမိဘူးလား...”


" ဘယ်မှာလဲ ...."


" တီဗွီမှာလေ ...."


"ဦးဦးဆိုလိုတာက ..." 

သူမ ယီကျားကျားနှင့်ပုံမှန်ကြည့်နေကြဖြစ်သည့် လူငယ်များအတွက် အသည်းစွဲဒရမ်မာများအကြောင်းကိုကျန်းရှောင်မန်တွေးလိုက်ပြီး စရိုက်မှန်ကိုရှာတွေ့သွားသည် ။ 


" ဦးဦးဆိုလိုတာက...ယွီချင်းရှီကသမီးနဲ့စကားများပြီး သမီးသူ့ကိုချော့တာကိုစောင့်နေတာပေါ့ ...."


၎င်းက တီဗွီမှာပုံမှန်ပြနေကြကဲ့သို့ဖြစ်သည် ။


စုံတွဲများပဋိပခ သို့မဟုတ် ရန်ဖြစ်ကြသည့်အခါတွင် သူတို့စစ်အေးစစ်ပွဲဆင်နွဲကြပြီး တစ်ခြားတစ်ယောက်မပြေလည်ခင်မှာပင် တစ်ယောက်ဘက်ကအလျော့ပေးရမည်ဖြစ်သည်၊ ထို့နောက်ပျော်ရွှင်စွာဖြင့်အဆုံးသတ်သွားမည်ဖြစ်သည် ။


အိုး...ဒါပေါ့ ဒါကိုစစ်အေးတိုက်ပွဲ လို့ခေါ်တာပေါ့ ....


ယွီချင်းရှီက သူမနှင့်စစ်အေးဆင်နွှဲနေတာလား....သို့ပေမဲ့အဲဒီ့လိုလည်းမထင်ရပါပေ... 


ကျန်းရှောင်မန် သူ့ကိုယ်သူပြောလိုက်သည်။

" ဒါပေမဲ့ ဒါကမမှန်ဘူးလေ.. ငါတို့ကအတွဲမှမဟုတ်တာ... နောက်ပြီးဆရာကပြောထားတယ် ငယ်သေးတဲ့အရွယ်မှာအချစ်ဇာတ်လမ်းတွေမပါသင့်ဘူးတဲ့..ငါစောစောစီးစီးမချစ်နိုင်တာတော့သေချာတယ်... နောက်ပြီးငါသူ့အပေါ်ကိုအမှားလုပ်ထားပုံလည်းမရပါဘူး ဟုတ်တယ်မလား..."


စနစ်သက်ပြင်းချချင်သွားသည်။


လူသားကလေးတွေအတွက် ဂရုစိုက်ဖို့ကခက်ခဲလိုက်တာ.. နောက်ပြီးအနည်းငယ်ကြီးလာတဲ့ ကလေးတွေကလည်းဂရုစိုက်ဖို့ခက်ခဲတယ်...


လူသားကလေးတွေက ဒီအရွယ်မှာပြဿနာအရမ်းများတာပဲ ခဲရာခဲစစ်နိုင်ပြီး ကြောက်ဖို့ကောင်းလိုက်တာ ....


xxxxxxx


Chapter 248


စနစ်တွေးလိုက်ပြီးနောက်တွင် မပြတ်မသားပြောလိုက်သည်။

 " လူငယ်တွေရဲ့ပုန်ကန်ထကြွတဲ့ကာလမို့လို့နေမှာပေါ့.... ဒီကာလအတွင်း ယောကျာ်းလေးတွေကယေဘုယျအားဖြင့် မာနကြီးကြတယ်.... သူတို့ကဒေါသထွက်လွယ်ပြီး ကိုယ့်ကိုကိုယ်လည်းအဆုံးရှုံးလွယ်တယ်... သူတို့ကဆတ်ဆတ်ထိမခံဖြစ်လာပြီး အထိအခိုက်လည်းမခံဘူး..... နောက်ပြီးသူတို့ပြဿနာတွေကိုတည်တည်ငြိမ်ငြိမ်နဲ့ မတွေးနိုင်တော့ဘူး....တစ်ခါတစ်လေအသေးအမွှားကိစ္စလေးတွေကိုတောင်အကြီးကြီးဖြစ်အောင်လုပ်ကြသေးတယ်.... ယွီချင်းရှီကပုံမှန်ကလေးတွေနဲ့ကွာပြီးသားလေ ဒီတော့လက္ခဏာတွေလည်းကျယ်ပြန့်နိုင်တယ်.... ပိုင်ရှင် မင်းသူ့ကိုရှာပြီးစကားပြောသင့်တယ်..... တကယ်လို့သူနှလုံးသားမှာပြဿနာတစ်ခုခုရှိနေရင် သူအကူအညီချက်ချင်းလိုနေလိမ့်မယ် ....."


၎င်းက ဆက်ဆံရေးပြဿနာဖြစ်သည်ဟု ကျန်းရှောင်မန် ရုတ်တရက်သဘောပေါက်လိုက်သည် ။


ကိစ္စမရှိပါဘူး... သူ့ကိုမနက်ဖြန်မေးလိုက်လို့ရတာပဲ.....


ကျန်းရှောင်မန် သောကကင်းသွားသည် ။


နောက်တစ်နေ့တွင် ကျန်းရှောင်မန် ယွီချင်းရှီကိုကုသပေးရန်သွားတွေ့ခဲ့သည် ။


" နင်ဘာလို့ငါ့ကိုလျစ်လျုရှုထားတာလဲ ...."


" ငါကနင့်ကိုဘာလို့လျစ်လျုရှုရမှာလဲ ...."


" နင်ကအရမ်းအေးစက်တာပဲ ...."


" ငါအမြဲဒီလိုပဲလေ ...."


" နင့်စိတ်ထဲမှာတစ်ခုခုရှိနေလို့လား...."


" မရှိပါဘူး ....."


" နင်ပုန်ကန်နေတာလား ..."


" မဟုတ်ပါဘူး ...."


" နင်__"


" ဟုတ်ပါပြီ... အတန်းကစနေပြီ " 

ယွီချင်းရှီ သူမစကားကိုဖြတ်တောက်လိုက်သည်။

 " စကားမပြောနဲ့တော့ ..."


ပြီးရောလေ ......


ကျန်းရှောင်မန်ဒေါသထွက်စွာဖြင့်ပါးစပ်ပိတ်လိုက်သည် ။


သူမ ထိုအကြောင်းကိုသင်ခန်းစာတစ်ခုလုံးစာကဲ့သို့စဥ်းစားလိုက်သည်။ သူမထိုအကြောင်းကိုစဥ်းစားပြီးရင်း စဥ်းစားလိုက်ပြီး သုံးသပ်ချက်တစ်ခုထွက်လာခဲ့သည် ၎င်းမှာ__ သူမအမြဲပထမနေရာရနေသောကြောင့် ယွီချင်းရှီမပျော်မရွှင်ဖြစ်နေဖြစ်နိုင်သည် သူတို့မညီမမျှဖြစ်နေခြင်းဖြစ်သည် ။


သူကဥာဏ်မကောင်း၍ သူမကိုအမြဲရှုံးနေတာဟုစဥ်းစားနေတာဖြစ်နိုင်ပြီး သူ့မာနကမခံနိုင်တော့တာဖြစ်မည်။ သူဆတ်ဆတ်ထိမခံဖြစ်၍ ကသိကအောက်ဖြစ်နေပြီး နောက်ဆုံးတော့သူ့ကိုယ်သူခပ်ကင်းကင်းနေပြီး အဆက်အဆံမလုပ်ချင်တော့တာဖြစ်မည် ။


ကျန်းရှောင်မန် စနစ်ကိုပြောလိုက်သည် 


" နောက်စာမေးပွဲကျရင် သူ့ကိုတစ်ကြိမ်တော့ပထမနေရာပေးလိုက်မယ် ...."


စနစ် "....."


ပိုင်ရှင် မင်းကကိုယ့်ကိုကိုယ်စွန့်လွှတ်မှုအကြီးကြီးလုပ်လိုက်တာပဲ ဒါပေမဲ့မှားနေသေးတယ်လို့ဘာလို့ခံစားနေရသေးတာလဲ ....


ဘာလို့များလူသားတွေက ပြဿနာများရတာလဲ ....


ကျန်းရှောင်မန်စကားပြောလို့ပြီးသွားပြီးနောက်တွင် သူမသက်ပြင်းချလိုက်သည်။

" မြီးကောင်ပေါက်ကလေးတွေကို ကိုင်တွယ်ဖို့ဘာလို့ဒီလောက်တောင်ခက်ခဲရတာလဲ..... ငါငယ်ငယ်တုန်းကထက်တောင်ပိုခက်ခဲနေသေးတယ်....ငါလည်းမြီးကောင်ပေါက်ကလေးပဲလေ ဘာလို့ဘယ်သူကမှငါ့ကိုလာမချော့ကြတာလဲ...တစ်ယောက်ကိုစိတ်ပူရအောင်မလုပ်တဲ့ ငါ့လိုလူမျိုးဘာလို့မရှိရတာလဲ...”


စနစ်သည်းမခံနိုင်တော့၍ သူမ၏အစွန်းရောက်နေသည့်စိတ်ကူးယှဥ်မှုကိုဖြတ်တောက်လိုက်ပြီး ပြောလိုက်သည်။

 " ပိုင်ရှင် မင်းကမင်းရဲ့ပုန်ကန်တဲ့ကာလကိုမူလတန်းကျောင်းမှာကတည်းက ဖြတ်ကျော်ခဲ့ပြီးသားလေ ...."


သူမအရင်ကလုပ်ခဲ့သည့်အရာတွေကိုကြည့်ခြင်းအားဖြင့် ၎င်းတို့သာယခုဖြစ်လျှင် ဘယ်တစ်ခုကခေါင်းမကိုက်ပဲနေမည်နည်း။ သို့ပေမဲ့ သူမဖီဆန်သည့်အရာများက စောစောစီးစီးဖြစ်ပျက်ခဲ့ပြီး ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်သည် ။


" အိုး...." 


နားလည်သွားပြီ ..


သူမနှင့် သက်တူရွယ်တူကလေးများ ထက်ပို၍ ရင့်ကျက်နေသည်မှာ အံ့သြစရာမရှိပေ ။


သူတို့ကို နှစ်ပေါင်းများစွာထိ သူမဦးဆောင်နိုင်ခဲ့သည်မှာလည်း အံသြစရာမရှိပေ ။


ဘွားဘွားပြောသည်မှာ မှန်ပုံရသည်။ သူမဘဝတွင်အနည်းဆုံးတစ်ခါတော့အရိုက်ခံရသင့်သည်။ သူမစောစောစီးစီး သို့မဟုတ်နောက်မှကြုံရနိုင်သည်။ သို့ပေမဲ့ သူမဘယ်လိုပဲဖြစ်ဖြစ်အရိုက်ခံရမည်ဆိုရင်တော့ စောစောစီးစီးအရိုက်ခံရတာပို၍ကြံကြံခံနိုင်ပြီး နောက်ဖြစ်လာမည့်အန္တရာယ်များကိုကြိုတင်ကာကွယ်နိုင်သည် ။


ထိုနည်းအတိုင်းပြောရလျှင် ယွီချင်းရှီအခုချိန်မှဝေဒနါခံစားရလျင်သိပ်တော့နောက်မကျသေးပေ ။


ကြာပြီဖြစ်သည့် ဂျင်းကအသေအချာကို အစပ်ဆုံးပင်ဖြစ်သည်။ ဘွားဘွားတွင်အမြင်ရှိသည် ။


သူမကဲ့သို့ သူမကလေးတုန်းက ရိုက်ခံရသည့်ဝေဒနါကိုများစွာခံစားခဲ့ရသည်။ ယခုတွင်သူမကို တစ်ယောက်ယောက်စိတ်ပူရမည့်ကိစ္စမျိုးမဖြစ်​တော့ပေ ။


သူမအလွန်အံသြဖို့ကောင်းသည် ။


စနစ် "....."


စနစ်ပါးစပ်ပိတ်လိုက်ပြီး ပိုင်ရှင်၏ အစွန်းရောက်သည့် အတွေးနှင့် သူမကိုယ်သူမပျော်ရွှင်ခွင့်ပေးထားလိုက်သည် ။


xxxxxx


Chapter  249


အတန်းပြီးသွားသည့်နောက်တွင် သဘောထားကွဲလွဲမှုအားဖြေရှင်းနိုင်မည့် နည်းလမ်းကိုရှာတွေ့သွားသည့်ကျန်းရှောင်မန်က သူမနွေးထွေးမှုကိုပြန်ရရှိခဲ့ပြီး သူမနှင့်ယွီချင်းရှီ၏ဆက်ဆံရေးကိုပြန်ထူထောင်ရန်စီစဥ်ထားသည် ။


အတန်းပြီးသွားပြီးနောက်ခေါင်းလောင်းတီးသည့်အချိန်တွင် ယွီချင်းရှီမတ်တပ်ထရပ်လိုက်သည် ။


" နင်ဘယ်သွားမလို့လဲ...” 

ကျန်းရှောင်မန်ချက်ချင်းမေးလိုက်သည် ။


ယွီချင်းရှီနားရွက်များအနီရောင်သမ်းသွားပြီး ပြောသည်။

 " ငါသန့်စင်ခန်းသွားမလို့ ...."


"...ဂရုစိုက်သွားဦး...."


ကျန်းရှောင်မန် ယွီချင်းရှီနှင့်အိမ်သာအတူမသွားနိုင်ပေ။ မိန်းကလေးအချင်းချင်းသာ အိမ်သာသို့ တစ်ယောက်လက်တစ်ယောက်တွဲသွားနိုင်ပြီး မိန်းကလေးနှင့် ယောကျာ်းလေးကတော့ လက်တွဲဲပြီးအိမ်သာသို့ မသွားနိုင်ပေ ။


ယွီချင်းရှီအိမ်သာထဲတွင်၁၀မိနစ်ကျော်လောက်အချိန်ဖြုန်းနေခဲ့သည်။ ခေါင်းလောင်းတီးပြီး၅မိနစ်ကြာသည်အထိသူပြန်မလာခဲ့ချေ ။


ယွီချင်းရှီခေါင်းကိုငုံ့ထားကာ ကျောင်းဝတ်စုံ၏ကော်လာကိုထောင်ထား၍ သူ့ခေါင်းသည်သူ့ရင်ဘတ်ထဲသို့မြှုပ်လုမတတ်ဖြစ်နေသည် ။


ကြည့်ရတာအနည်းငယ်ထူးဆန်းနေသည် ။


အခန်းအတွင်းစကားပြောဖို့ခက်ခဲ၍ ကျန်းရှောင်မန်သူ့ဆီစာတိုတစ်ဆောင်ပေးလိုက်သည်။

 " နင်ဘာဖြစ်နေတာလဲ..."


ယွီချင်းရှီထိုစာကိုလျစ်လျုရှု၍ခေါင်းခါပြလိုက်သည် ။


"!!!" ကျန်းရှောင်မန်ဆွံ့အသွားသည် ။


စကားပြတ်သွားသည်။ နေ့လယ်တွင်သူတို့ပုံမှန်အတိုင်းကျောင်းစားသောက်တန်းသို့သွားကြသည်။ သို့သော်ယွီချင်းရှီ ကျန်းရှောင်မန်နှင့်အတူမသွားပဲသူ့အရိပ်ကိုသာချန်ထား​ပြီးပြေးထွက်သွားခဲ့သည် ။


သူအရင်ကထိုကဲ့သို့မဟုတ်ပေ ။


စနစ်လည်း တစ်ခုခုမှားနေသည်ဟုခံစားမိသည်။


" ပိုင်ရှင်...သူအရမ်းထူးဆန်းနေတယ်....မင်းသူ့နောက်လိုက်ပြီး တစ်ချက်သွားကြည့်သင့်တယ် ..."


"...ယောကျာ်းလေးအိမ်သာထဲကိုလား....."


" ယောကျာ်းလေးအိမ်သာလား ”

 စနစ်ကဆိုသည်။

 " ယေဘုယျအားဖြင့် အိမ်သာဆိုတာကျောင်းအနိုင်ကျင့်ခံရနိုင်မှုအတွက် အန္တရာယ်အမြင့်မားဆုံးနေရာလေ... သူ့လိုလူမျိုးက အနိုင်ကျင့်ခံရနေတာမျိုးဖြစ်နိုင်တယ် ...."


ယွီချင်းရှီမေ့စေ့ပေါ်ကအနီရောင်အမှတ်ကိုတွေးမိပြီး ကျန်းရှောင်မန်ဒေါသထွက်သွားသည် ။


ဘယ်လိုခွေးကောင်မျိုးကယွီချင်းရှီကိုအနိုင်ကျင့်ရဲရတာလဲ ....


ခွေးကောင်…နင်တော့သေပြီ.....


ကျန်းရှောင်မန်ဒေါသထွက်ပြီး စနစ်အကြံပေးချက်အတိုင်းယွီချင်းရှီနောက်သို့တိတ်တဆိတ်လိုက်သွားခဲ့သော်လည်း မည်သည့်အရာမှရှာမတွေ့ခဲ့ပေ ။


ယွီချင်းရှီတစ်ယောက်တည်း စားသောက်ဆိုင်မှနေ့လယ်စာဘူးကိုယူကာခေါင်မိုးထပ်သို့သွားခဲ့ပြီး နေ့လယ်စာစားခဲ့သည် ။


ထို့နောက် တစ်ရေးအိပ်ခဲ့သည် ။


ကြည့်ရတာတော့ထူးဆန်းတာရှိမနေပေ ။


စနစ်၏ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ကျန်းရှောင်မန်စတင်သံသယဝင်လာသည် ။


စနစ် အလွှန့်အလွန်မှားသွားသည်ဟုခံစားမိလိုက်သည်။

 " ပိုင်ရှင်…ငါကမင်းကိုဘာလို့လိမ်ရမှာလဲ.... ဒီအသက်အရွယ်မှာယောကျာ်းလေးတွေက လမ်းလွဲတတ်တယိ... သူ့ရဲ့စိမ်းကားနေတဲ့အပြုအမှုကိုကြည့်ခြင်းအားဖြင့် သူ အပယ်ခံနေရတာဖြစ်နိုင်တယ်... နောက်ပြီးတစ်ချို့လူတွေကတကယ်ယုတ်မာကြပြီး သူ့လိုကလေးမျိုးကိုသေချာ​ပေါက် အနိုင်ကျင့်လိမ့်မယ်...သူ့မှာကစကားနည်းတဲ့ပင်ကိုအရည်အသွေးမျိုးရှိတယ်လေ နောက်ပြီးသူ့မာနကိုသူ ကြည့်ခြင်းအားဖြင့် သူကမင်းကိုမပြောရဲတာလဲဖြစ်နိုင်တယ်.... အခုသူ့ကိုကယ်နိုင်တာမင်းပဲရှိတယ်…အဲ့ဒါ မင်းပဲ ...."


စနစ်၏ပြောကြားချက်အရ ကျန်းရှောင်မန်၏ ဒေါသများတစ်ဖန်မြင့်တတ်လာပြန်သည် ။


သူမလက်ခုပ်တီးလိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ဆုံးဖြတ်လိုက်သည် ။


တစ်ရက်နဲ့အလုပ်မဖြစ်ရင် နှစ်ရက်ပေါ့.... နှစ်ရက်နဲ့အလုပ်မဖြစ်ရင် သုံးရက်ပေါ့.... 


ယွီချင်းရှီ သာမန်အတိုင်းပြန်မဖြစ်မချင်း သူမရပ်တန့်မည်မဟုတ်ပေ။ မဟုတ်လျင် သူမ သူ့အကြောင်းတွေးနေခြင်းကိုရပ်တန့်နိုင်တော့မည်မဟုတ်ပေ ။


သူမ ယွီချင်းရှီနောက်သို့တစ်နေ့လယ်ခင်းလုံး လိုက်နေပြီးကျောင်းစားသောက်ဆိုင်သို့သွားပြီးစားဖို့တောင်အချိန်မရှိပေ။ သူမနေ့လယ်ပိုင်းအတန်းသို့ပြန်လာချိန်တွင် သူမဗိုက်ဆာလွန်း၍ ဗိုက်ထဲမှပင်ကျယ်လောင်စွာအသံထွက်နေခဲ့သည် ။


ယွီချင်းရှီထိုအသံကိုကြား၍ သူမကိုတစ်ချက်လှမ်းကြည့်ပြီးမေးလေသည်။

 " နင်နေ့လယ်စာမစားခဲ့ဘူးလား ...."


ကျန်းရှောင်မန်ဝမ်းနည်းစွာဖြင့် ခေါင်းခါပြလိုက်သည် ။


အတန်းပြီးသွားသည့်နောက်တွင် ၈၀၀မီတာလောက်ပြေးပြီး ကျောင်းစားသောက်ဆိုင်သို့အပြေးအလွှားသွားကာ ပေါင်မုန့်တစ်ချပ်သွားဝယ်ခဲ့သည် ။


ဝူး...ဝူး...ဝူး ....ယွီချင်းရှီက ယွီချင်းရှီဖြစ်နေတုန်းပါပဲလား....သူကငါနဲ့စစ်အေးတိုက်ပွဲ ဖြစ်နေတာမဟုတ်ဘူးပေါ့ ....


ကျန်းရှောင်မန် ရင်ထဲထိသွားသည် ။


သူမနဲ့စစ်အေးဖြစ်နေတာမဟုတ်ဘူးဆိုရင် တခြားအကြောင်းပြချက်တစ်ခုခုရှိပေမည် ။


သူမ လက်သည်ကိုရှာရမည်ဖြစ်ပြီး ထိုခွေးကောင်၏ခေါင်းကိုကန်ပြစ်မည်ဟု ကျန်းရှောင်မန်ဒေါသထွက်စွာဖြင့်တွေးလိုက်သည် ။


နောက်တစ်နေ့ယွီချင်းရှီကျောင်းလာသည့်အချိန်တွင် ယွီချင်းရှီ၏မေးစေ့ပေါ်ရှိအနီမှတ်သည်အရောင်ဖျော့သွားပြီဖြစ်သည်။ ကျန်းရှောင်မန် သူ့ကိုဘာကြာင့်အနာဖြစ်လာသည်လည်းဟုမေးသော်လည်း မတော်တဆတိုက်မိသည်ဟုပြောပြီး ပြဿနာကြီးမဟုတ်ဘူးဟု ဝေ့လည်ကြောင်ပတ်ဖြင့်ပြောသည် ။


ကျန်းရှောင်မန်ထိုသို့ပြောသည်ကိုမယုံ၍ စနစ်၏မှန်းဆချက်ကိုအတည်ပြုလေသည် ။


ရက်အနည်းငယ်ကြာပြီးနောက် နေ့လယ်ပိုင်းတွင် ကျောင်းအဆောက်အဦးထဲမည်သူမှမရှိတော့ပဲ နောက်ဆုံးတွင်ကျန်းရှောင်သဲလွန်စအချို့ အမိရခဲ့သည် ။


မူလကယွီချင်းရှီ ကျန်းရှောင်မန်နှင့်အတူ သွားစားမည်ဟုပြောထားသော်လည်း ယွီချင်းရှီသူ့လက်ကိုဆေးရန်သန့်စင်ခန်းသို့သွားခဲ့ပြီး ၁၀မိနစ်ကြာတာတောင်ပြန်မထွက်လာခဲ့ပေ ။


ကျန်းရှောင်မန် တိတ်ဆိတ်စွာဖြင့်ယောကျာ်းလေးအိမ်သာသို့ချဥ်းကပ်လာခဲ့သည်၊ သူမတံခါးနားသို့မရောက်ခင်မှာပဲ အထဲမှအော်သံတစ်ခုကြားလိုက်ရသည်။

 " ကောင်စုတ်လေးမင်းကရန်ဖြစ်တဲ့နေရာမှာမတော်ဘူးလား... မင်းခုချိန်ထိတိုက်ခိုက်နိုင်သေးလားဆိုတာကို ဒီကိုကြီးကြည့်ရအောင်...”


" !!! " သူမ ကောင်စုတ်လေးကိုမိပြီဖြစ်သည် ။


xxxxxx


Chapter 250


ကျန်းရှောင်မန် ယွီချင်းရှီ၏စကားကို ကြားသော်လည်း သူ့အကြံဥာဏ်ကိုလျစ်လျုရှုလိုက်သည် ။


သူမ ယွီချင်းရှီကိုညံဖျင်းသည့်ကလေးတစ်ယောက်ကဲ့သို့ပြင်းပြင်းထန်ထန်စိုက်ကြည့်နေခဲ့သည်။ ဒီအချိုးမပြေတဲ့ကောင်လေးကိုစိတ်ထဲမထားနေပဲနဲ့ ကောင်းကင်နဲ့ကမ္ဘာကြီး၏ကြီးမြတ်မှုကိုနားမလည်သည့် ဒီလူဖျင်းများကိုသူမရှင်းလင်းပြစ်တော့မည်ဖြစ်သည် ။


"နင်တို့ဘာလုပ်နေတာလဲ..... " 

မိန်းကလေးတစ်ယောက်၏မာဆတ်ဆတ်အသံထွက်ပေါ်လာခဲ့ပြီး တိုက်ခိုက်ဖို့လုပ်နေကြသည့်လူအားလုံး လန့်သွားကြသည် ။


ကျန်းရှောင်မန်ကို အားလုံးလှည့်ကြည့်လိုက်ကြသည်၊ သူတို့သူမကိုတွေ့သည့်အချိန်တွင် သူတို့ချက်ချင်းပင်ရယ်ပြီးပြောသည်။

 " အိုး... စံပြကျောင်းသားပါလား... မိန်းမကောင်းလေး ဒီမှာဘာလုပ်နေတာလဲ... ဒီကနေထွက်သွားတော့... "


သူတို့ကို ကျန်းရှောင်မန်ကသိသလို သူတို့လည်း ကျန်းရှောင်မန်ကိုသိကြသည် ။


သူတို့နှစ်ယောက်က ကျောင်းဝင်းထဲတွင်သြဇာလွှမ်းမိုးနိုင်သည့်သူများဖြစ်သည်။ ကျန်းရှောင်မန် မကြာခဏသူတို့အလံအောက်တွင် သုံးသပ်စာဖတ်သည်ကိုကြည့်လေ့ရှိသည်။ ဒါပေါ့ သူတို့လည်းကျန်းရှောင်မန်မိန့်ခွန်းပြောသည်ကို မကြာခဏကြည့်လေ့ရှိသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်ကောင်းကောင်းရင်းနှီးပြီးသားဖြစ်သည် ။


ကျန်းရှောင်မန် ယွီချင်းရှီအတွက် ကာကွယ်ပေးရန်အတွက်လာမည်ဟု သူတို့မထင်ထားခဲ့ပေ ။


ပုံမှန်တွင် ထိုမိန်းကလေးသည်ချဥ်းကပ်ဖို့နေနေသာသာ သူတို့ကိုတွေ့သည်နှင့်မြန်မြန်ဆန်ဆန်ပင်ရှောင်သွားသည် ။


ပုံမှန်တွင် မလိုအပ်ပဲပြဿနာမဖြစ်စေရန်အတွက် လူအုပ်ကိုထွက်သွားရန်အတွက်တောင်အော်ပေးလေ့ရှိသည်။ ဒီနေ့ကတော့ယောကျာ်းလေးများ၏အလုပ်ဖြစ်၍ မိန်းကလေးနှင့်ဘာမှမပတ်သတ်ပေ ။


"ညီကိုတို့ စလိုက်ရအောင် ...."


ထိုလူများသည် အကျီလက်ကိုခေါက်တင်ကာ တိုက်ခိုက်ရန် စတင်လိုက်ကြသည် ။


အနောက်မှာရပ်နေသည့် ကျန်းရှောင်မန်၏အဆုတ်တွေပေါက်ကွဲလုမတတ်ပင် ။


သူတို့ဘယ်လိုတောင် ငါ့ကိုလျစ်လျုရှုရဲတာလဲ... 


ကျန်းရှောင်မန်ခြေထောက်ကိုမြှောက်၍ အိမ်သာတံခါးကိုပြင်းပြင်းထန်ထန်ကန်လိုက်သည် ။


ကျယ်လောင်သည့် အသံကိုကြားလိုက်ရပြီး တံခါးပင်တုန်သွားသည်။ အိမ်သာထဲရှိတံခါးအားလုံးတုန်သွားပြီး ပြတင်းပေါက်ပင် ပဲ့တင်သံထပ်၍ ဖုန်များတလူလူဖြစ်သွားသည် ။


ယွီချင်းရှီအပါအဝင် အားလုံးဆွံ့အသွားကြသည် ။


ပြဿနာရှာရန်ကြိုးစားနေသည့်ကောင်တွေအားလုံးတောင့်တောင့်ကြီးဖြစ်သွားပြီး တံခါးဘောင်တွင်ကျန်းရှောင်မန်၏ခြေထောက်တန်းတန်းကြီးဖြစ်နေပြီး သူမလက်နှစ်ဖက်ဖြင့်ရင်ဘက်ကိုပိုက်ထားပြီး သူမမျက်လုံးနှစ်စုံသည် ဒေါသအပြည့်ဖြင့်သူတို့ကိုစိုက်ကြည့်နေခဲ့သည်။ ယခုလေးတွင်ဖြစ်သွားသည့်သေလောက်သည့်ကန်ချက်မျိုးသည်သေချာပေါက်သူမလုပ်ရပ်ပင်ဖြစ်သည် ။


"....."


အဲ့ဒါမဖြစ်နိုင်ဘူး…ဟုတ်တယ်မလား…


ဒီလိုပိန်သွယ်ပြီး အားနည်းတဲ့မိန်းကလေးကဖြစ်နိုင်ပါ့မလား...


ကျန်းရှောင်မန်ခြေထောက်အောက်ချလိုက်ပြီး တစ်လုံးချင်းတစ်လုံးချင်းပြောလိုက်သည်။

 " ငါနင့်တို့ကိုမေးနေတယ်လေ... နင်တို့ဘာလုပ်နေတာလဲလို့... "


" ညီမလေး ကိုယ်နဲ့မပတ်သတ်တဲ့အရာတွေကိုရှာဖွေဖို့မလုပ်နဲ့လို့ငါအကြံပေးမယ်... ဒီလူကငါတို့လူကိုရိုက်ခဲ့တာ... တကယ်လို့ငါ့မျက်နှာကိုငါပြန်မရဘူးဆိုရင် ငါ့အာဏာကိုဘယ်လိုဆက်ထိန်းရမလဲ..." 

ခေါင်းဆောင်ကို အကိုကျဲလို့ခေါ်ပြီး ဒေါသကြီးတတ်သူတစ်ယောက်ဖြစ်ကာ ငိုနေသည့်မိန်းကလေးတွေကို အမြဲအထင်သေးစွာကြည့်တတ်သူတစ်ယောက်ဖြစ်သော်လည်း ယခုတွင်ကျန်းရှောင်မန်က လှောင်နေသဖြင့် သူ့ဒေါသကိုလျှော့၍ အနည်းငယ်ပျော့ပျောင်းကာပြောလိုက်သည် ။


ကျန်းရှောင်မန်အေးစက်စွာဖြင့်လှောင်ပြောင်ကာ လူအုပ်ကိုဖြတ်လျှောက်လာခဲ့သည်။ သူမယွီချင်းရှီဘေးတွင်ရပ်၍ သူမခေါင်းကိုမော့ကာပြုံးလိုက်သည်။

 " နင်ပြောတဲ့ဒီကလေးကငါ့သူငယ်ချင်းပဲ... ငါသူ့အကြောင်းကိုသိတယ် သူ့ကိုတခြားလူတွေအနိုင်ကျင့်ချင်ကျင့်လိမ့်မယ်.... သူကတော့တခြားတစ်ယောက်ကိုအနိုင်ကျင့်မှာမဟုတ်ဘူး... နင်တို့တွေသူ့ကိုအနိုင်ကျင့်နေတာပဲဖစ်ရမယ် သူထူးဆန်းနေတာကြာပြီ... "


"...?" 

သူ့ကိုတစ်ခြားလူတွေကပဲ အနိုင်ကျင့်နိုင်မယ်ဆိုတာဘာပြောတာလဲ... ဒီကလေးကအရမ်းကိုရက်စက်ပြီး လူနှစ်ယောက်ဒါမှမဟုတ် သုံးယောက်နဲ့တောင်သူ့ကိုတိုက်ခိုက်ဖို့မဖြစ်နိုင်ဘူးလေ...


သူကငြိမ်ပြီး အနိုင်ကျင့်ဖို့လွယ်ကူတဲ့ပုံပေါက်ပေမယ့် သူကဝံပုလွေငယ်တစ်ကောင်ပဲ ။


အကိုကျဲ အလွန်ဒေါသထွက်သွားသည်။ ကျန်းရှောင်မန် ဒီကိုပြဿနာရှာဖို့လာသည်ဟုခံစားနေရသည်။ သူမိန်းကလေးများကိုမရိုက်ချင်သော်လည်း ကျန်းရှောင်မန်ကထွက်သွားဖို့အတွက်လိုလိုလားလားမရှိပေ။ သို့သော်ယနေ့တွင် သူအကျင့်စာရိတ္တကိုဖယ်ထုတ်ပြီး ဒေါသကိုအရင်ဖွင့်ထုတ်လိုက်သည် ။


" ငါမင်းကိုအခွင့်အရေးပေးမယ်.. ညီမလေး မင်းမထွက်သွားဘူးဆိုရင် ဒီနေ့အရိုက်ခံရလိမ့်မယ်... ဆရာမဆီတော့ငိုပြီးမသွားနဲ့ ငါတို့ကသုံးသပ်စာဖတ်ပြီး မှတ်တမ်းတင်ခံရတာလောက်ကိုမကြောက်ဘူး ...."


လူစုက ဆက်၍သူတို့အင်္ကျီလက်များကိုခေါက်တင်နေကြသည် ။


ကျန်းရှောင်မန်လည်း ဒေါသထွက်နေသည် ။


ရာသီဥတုအေးသောကြောင့် ယနေ့မနက်မှစ၍ဝတ်လာသော ကျောင်းအကျီအပေါ်ထပ်ကိုသူမဆွဲချွတ်လိုက်ပြီး ယွီချင်းရှီလက်ထဲသို့ပြစ်ပေးလိုက်ကာ ပြောလိုက်သည်။

 " ငါ့အတွက်ကိုင်ထားပေး... "


ယွီချင်းရှီ "……"


အကယ်၍ လူအများကြီးကသာ တံခါးကိုပိတ်ရပ်ထားတာမဟုတ်လျင် သူချက်ချင်းပင်ဆရာမကိုသွားရှာချင်တော့သည် ။


သူ မသွားနိုင်ပေ။ ဒီတော့သူ ကျန်းရှောင်မန်၏အပေါ်ထပ်ကိုကိုင်ထားပေးရန်သာရွေးချယ်လိုက်ပြီး စကားတစ်လုံးမပြောပဲဘေးတွင်ရပ်နေခဲ့သည် ။


ကျန်းရှောင်မန်သူမလက်ကိုခါးတွင်ထောက်ကာ ပြောလေသည်။

 " ငါလည်းနင့်ကိုအခွင့်အရေးပေးနေတာ နင်သူ့ကိုအခုချက်ချင်းတောင်းပန်ရင် သူနင့်ကိုခွင့်လွှတ်ဖို့ငြင်းမှာမဟုတ်ဘူး.... ငါဒီကိစ္စကိုကျော်သွားခွင့်ပေးမယ်.. မဟုတ်ရင်တော့…"


" ဟား…ဟား…ဟား…မဟုတ်ရင်ဘာဖြစ်လဲ.. မင်းငါတို့ကိုဘယ်လိုအရာတွေလုပ်ရမယ်ဆိုပြီး သင်ပေးရမယ့်အလှည့်များလား ...."


ကျန်းရှောင်မန်ပြုံး၍ ပြောလိုက်သည်။

 " နင်တို့ကိုအမှန်တိုင်းပြောပြရမယ်ဆိုရင်နင်တို့ရွှံထဲဆော့နေချိန်မှာ ငါကမူလတန်းကျောင်းတတိယတန်းမှာ ကိုယ့်ကိုကိုယ်သုံံးသပ်စာရေးနေရပြီ... ငါတို့တွေမချကြဘူးလား လာစမ်းပါ...."


" မိန်းကလေးမင်းအဲ့လို စကားလုံးအကြီးကြီးတွေပြောပြီးလျှာ ကိုက်မိမှာမကြောက်ဘူးလား__"


အကိုကျဲစကားပြောလို့မပြီးခင်မှာပဲ သူ့ရှေ့တွင်ရပ်နေသည့်ကျန်းရှောင်မန် ရုတ်တရက်ခြေထောက်ကို မြှောက်ကာ သူ့ဒူးကိုကန်လိုက်သည်။ သူနာကျင်မှုကြောင့်အောက်ကိုငုံ့နေသည့်အချိန်တွင် ကျန်းရှောင်မန်သူမဒူးဖြင့် သူ့မေးရိုးလွဲသွားအောင် ပစ်ကန်လိုက်သည် ။


xxxxxx