part-32
စုန့်ထင်ရှန်းသည် အလုပ်ခရီးတခုမှပြန်လာတိုင်းအားလပ်ရက်အနဲငယ်ယူကာ သူ့သားနှင့်အတူအချိန်ဖြုန်းလေ့ရှိသည့် အကျင့်ရှိလေသည်။
ဒီတကြိမ်တွင်လဲချွင်းချက်မရှိပေ။
နောက်တနေ့တွင်...
စုန့်ထင်ရှန်းအိမ်ပြန်ရောက်နေသည်ဟုကြားသော ဖေဖေယွမ်နှင့်မေမေယွမ်တို့ကသူတို့စုန့်မိသားစုသုံးယောက်အားထမင်းလာစားရန်ဖိတ်ခေါ်လေသည်။
ဖေဖေယွမ်က ယွမ်ရှနှင့်စုန့်ထင်ရှန်းတို့နှစ်ယောက်ကိုသီးခြားစီခေါ်ပြီးတယောက်ချင်းစီကိုသေချာဖိတ်ခဲ့ခြင်းဖြစ်သည်။ထို့နောက် ယွမ်ဇနီးမောင်နှံစျေးဝယ်ခြင်းကို ယူ၍လိုအပ်သည်များဝယ်ရန်ထွက်သွားကြလေသည်။
ဖေဖေယွမ်သူ့၏ဇနီးကိုမေးလိုက်သည်။
"စုန့်ထင်ရှန်းကတော့ ဝမ်လေးကိုခေါ်ပြီးတော့လာမှာသေချာတယ် ယွမ်ရှကရောလာပါ့မလား..."
ဖေဖေယွမ် ယွမ်ရှကိုဖိတ်လိုက်ခြင်းအပေါ် ယခုကဲ့သို့ခံစားနေရသည်ကိုလဲ အပြစ်တင်၍မရပေ။သူတို့မိသားစုသုံးယောက်ကိုအတူတကွမြင်ရန်မှာရှားပါးလှသည်။
စုန့်ထင်ရှန်းက သူတို့၏မြေးလေးကိုခေါ်၍မကြာခဏအိမ်သို့အလည်လာ၍မိသားစုလက်ဆုံစားတတ်သော်လဲ သူတို့၏သမီးအရင်းယွမ်ရှကိုမူတွေ့မြင်ရရန်ခက်ခဲလှသည်။
စုန့်ထင်ရှန်းသည် သူတို့၏သားဖြစ်နေပြီး ယွမ်ရှက သူတို့၏ချွေးမဖြစ်နေသည်ဟု ထင်ရလေသည်။ချွေးမနှင့်ယောက္ခမကြားဆက်ဆံရေးမကောင်းဟုပင် အိမ်နီးနားချင်းများ၏လှောင်ပြောင်ရီမောမှုကိုခံခဲ့ရလေသည်။
ဖေဖေယွမ်နှင့်မေမေယွမ်တို့က သူတို့၏သမီးအပေါ်တွင်ထိန်းချုပ်နိုင်စွမ်းမရှိပေ။ယွမ်ရှက ငယ်စဉ်ကလေးထဲကပင်
သူတို့ထက်ပင်ပို၍ခေါင်းမာသည့်အကျင့်ရှိလေသည်။သူကအိမ်၌ကိစ္စကြီးငယ်များ၌ပင် နောက်ဆုံးဆုံးဖြတ်ချက်ကိုပြောဆိုသူဖြစ်နေတတ်သည်။
ယွမ်ရှစုန့်ထင်ရှန်းနှင့် လက်ထပ်ပြီးနောက် ယွမ်မိသားစုတို့၏နေထိုင်မှုအဆင့်အတန်းကလဲမြင့်မားလာခဲ့သည်။သူတို့ကသေးငယ်ကျဉ်းမြောင်းသောတိုက်ခန်းကလေးမှ ကြီးမားသောအိမ်ရာတခုသို့လဲ
ပြောင်းရွှေ့နေထိုင်နိုင်ခဲ့ကြသည်။ ယွမ်ရှကမိဘများနှင့် ရင်းနှီးနွေးထွေးမှုမရှိသော်လဲသူမိဘများ၏ဘဏ်အကောင့်ထဲသို့ လစဉ်လတိုင်းယွမ်၅ထောင်မှ၆ထောင်အထိ ထောက်ပံ့နေဆဲဖြစ်သည်။ထိုပမာဏကယွမ်ရှအတွက်မများသော်လဲ ဖေဖေယွမ်နှင့်မေမေယွမ်တို့အတွက်မူသူတို့၏နေ့စဉ်စားသောက်နေထိုင်မှုစရိတ်ကိုကာမိသည်ထက်လုံလောက်ပောများနေပေသည်။
ထို့ကြောင့်ပင်သူတို့နှစ်ယောက်က ဘဝကိုသက်တောင့်သက်သာဖြင့်အေးအေးဆေးဆေးဖြတ်သန်းခဲ့ကြသည်။သူတို့နှစ်ယောက်စလုံးကပင်စင်ယူရမည့်အသက်အရွယ်သို့မရောက်သေးသော်လဲ သူတို့သမီး၏ထောက်ပံ့မှုအပေါ်တွင်မှီခိုနေခဲ့ကြသည်။ထို့ကြောင့်ပင်သူတို့သမီးကိုမျက်နှာချင်းဆိုင် ဆုံးမစကားပြောဆိုရန်ယုံကြည်မှုမရှိကြခြင်းပေ။
မေမေယွမ်တွင်လဲသံသယအပြည့်နှင့်သာဖြစ်သည်။
"နောက်ဆုံးတွေ့တဲ့အခေါက်တုန်းက ရှရှရဲ့သဘောထားကပိုပြီးပျော့ပျောင်းလာသလိုပဲ...ကျွန်မတို့ကသူ့ရဲ့မိဘတွေလေ မိဘတွေဆိုတာကကလေးတွေကိုအကောင်းဆုံးပဲဖြစ်စေချင်ကြတာမဟုတ်လား...သူ့မှာသာလုပ်ချင်စိတ်ရှိတယ်ဆိုရင်တော့ကျွန်မတို့ကသူ့ကို ကူညီပေးရမှာပဲလေ..."
သူတို့ရဲ့အကူအညီအတွက် ကျေးဇူးတင်ခံရမည် မတင်ခံရမည်ကိုမသိပေခဲ့လဲပေါ့...
"တကယ်တမ်းတော့စုန့်ထင်ရှန်းကတော်တော်လေးကောင်းတယ်...သူကကျော်ကြားတဲ့ကုမ္ပဏီတခုရဲ့စီအီးအိုဖြစ်နေပေမဲ့လဲ သူလာတဲ့အခါတိုင်းငါတို့ကိုကောင်းကောင်းမွန်မွန်ပဲယဉ်ယဉ်ကျေးကျေးဆက်ဆံတယ်...
အဲ့တာတောင်မှ ငါတို့ရဲ့ရှရှကဘာလို့သူ့ကိုမကြိုက်တာလဲဆိုတာကိုနားမလည်နိုင်ဘူး..."
ဖေဖေယွမ်ကစုန့်ထင်ရှန်းအပေါ်တွင် အထင်အမြင်ကောင်းရှိပေသည်။
မေမေယွမ်ကလဲ သူ့သမီးနှင့်သမက်တို့ကြားထဲကဆက်ဆံရေးကိုနားမလည်နိုင်ပေ။လွန်ခဲ့သည့်လေးနှစ်လုံးသူတို့ကြားမှဆက်ဆံရေးသည် ငြိမ်သက်နေသောရေသေလိုတည်ငြိမ်နေခဲ့သည်။သူတို့က ထိုကိစ္စအကြောင်းတခါမေးခဲ့ဖူးသော်လဲသူတို့၏သမီးသည် မိဘတွေအလုပ်မဟုတ်ဘူး ဟုသာအေးစက်စွာပြန်ဖြေခဲ့လေသည်။
စုန့်ထင်ရှန်းကလဲ သူ့ယောက္ခများအပေါ်အထင်မြင်ကောင်းများရှိပေသည်။သူက သူ့၏မိဘများသဖွယ်သတ်မှတ်မထားသော်လဲ သူ့၏ယဉ်ကျေးသိမ်မွေ့သောအပြုအမူများရမည်သူမှအပြစ်ဆိုစရာရှာတွေ့လိမ့်မည်မဟုတ်ပေ။
....
ဘာသာပြန်သူ၏အတွေး...
"ပထမဆုံး ငါတွေးမိတာကလေ သူတို့ဘာလို့ကိုယ့်အလုပ်ကိုပဲဆက်မလုပ်နေပဲနဲ့ သူတို့သမီးအပေါ်ကိုမှီခိုလိုက်ရတာပဲဆိုတာပဲ ဒါပေမဲ့နောက်တော့ငါပြန်စဉ်းစားကြည့်မိပြန်တော့လဲ..."
xxxxxxxxxx