အပိုင်း (၃၃)
Viewers 31k

part-33


ယွမ်ရှအဝတ်အစားလဲ အလှပြင်ပြီးသည်နှင့်အောက်ထပ်သို့ဆင်းလာခဲ့သည်။ သူ ဧည့်ခန်းထဲတွင်ရှိနေသောသားအဖတွဲနှစ်ယောက်ကိုကြည့်ကာမေးလိုက်သည်။


"ကျွန်မကားမောင်းရမလား ဒါမှမဟုတ်ရင် ရှင်မောင်းချင်လား..."


စုန့်ထင်ရှန်းတစ်ယောက် ယွမ်ရှဒီနေ့ သူတို့နှင့်အတူတူသွားဖို့ပြင်ဆင်လိုက်သောကြောင့် အံ့အားသင့်နေဆဲဖြစ်သော်လဲအမူအယာကမူတည်ငြိမ်နေဆဲဖြစ်သည်။


"မင်းပဲ မောင်းလိုက်..."


စုန့်ထင်ရှန်းက အသီးအနှံခြင်းများကိုကားဆီသို့သယ်နေသည်ကိုကြည့်ပြီးနောက် ယွမ်ရှ၏သူ့အပေါ်အမြင်ကပို၍တိုးတက်သွားသည်။


သူကတကယ့်ကို သမက်ကောင်းလေးပဲ...


ထပ်လောင်းပြောရမည်ဆိုလျှင် ယွမ်ရှကသူ့မိဘများအတွက်လစဉ်အသုံးစရိတ်ကိုထောက်ပံ့ခဲ့ပြီး စုန့်ထင်ရှန်းကမူထိုမိဘနှစ်ပါး၏အားလပ်ရက်တွင်လိုအပ်သောပစ္စည်းမှန်သမျှကိုပေးပို့ခဲ့လေသည်။


ဥပမာ နှစ်သစ်ကူးပွဲတော်ဆိုလျှင်သူကပမာဏမနည်းသည့်စာအိတ်နီများကိုပေးပို့လေ့ရှိသည်။နှစ်စဉ်နှစ်တိုင်း မာမားယွမ်၏သူငယ်ချင်းများပင်လျှင်

ထိုကောင်းမွန်သောအရာများကြောင့်မနာလိုဖြစ်ကြရပေလိမ့်မည်။ မာမားယွမ်၏ဘဝကအလွန်ကောင်းမွန်သည်ဟုလူတိုင်းဆိုကြ၏။အဘယ်ကြောင့်ဆိုသော် သူသည်အရင်ကလဲအလုပ်မလုပ်ခဲ့ဖူးပဲခင်ပွန်းသည်၏ ထောက်ပံ့မှုကိုသာမှီခိုခဲ့ခြင်းဖြစ်သည်။ယခုအချိန်၌မူ သမီးနှင့်သမက်တို့၏ငွေကြေးထောက်ပံ့မှုပေါ်တွင်မှီခိုနေထိုင်နေ၏။


သူ့၏ဘဝကတခြားသူများထက် သာယာလှပေသည်။


စုန့်ထင်ရှန်းကသူဇနီး၏မိသားစုပေါ်တွင် အမြဲရက်ရောပေးကမ်းလေ့ရှိသည်။ ဒီဘက်ခေတ်တွင် ထိုကဲ့သို့ချမ်းသာရက်ရောသော သူများကို အားလုံးကြိုဆိုကြပေလိမ့်မည်။


သူတို့မိသားစုသုံးယောက် မိဘများ၏အိမ်သို့ရောက်သည့်အချိန်၌ လေထုအခြေအနေကပို၍ပင်အသက်ဝင်လှုပ်ရှားလာလေသည်။


ဖေဖေယွမ်နှင့်မေမေယွမ်တို့က အလွန်ပင်ပျော်ရွှင်သွားကြသည်။ အရင်တုန်းကမူ သူတို့မိသားစုသုံးယောက်လုံးကိုနှစ်သစ်ကူးအချိန်တွင်သာအတူတကွတွေ့ရလေသည်။


စုန့်ထင်ရှန်းကသူပြင်ဆင်လာသော သစ်သီးခြင်းများကိုအိမ်ထဲသို့ယူသွားလိုက်ပြီးနောက် မနားနေပဲမီးဖိုခန်းထဲသို့တိုက်ရိုက်ဝင်သွားကာဖေဖေယွမ်ကိုသွားကူလိုက်သည်။


မေမေယွမ်က ယွမ်ရှနှင့်ဝမ်လေးတို့အတွက်သစ်သီးဖျော်ရည်ပြင်ဆင်ပေးပြီးနောက်အမူပိုသည့်ပုံစံမျိုးဖြင့်ပြောလိုက်သည်။


"ဝမ်လေးရဲ့ဖေဖေကလေ အရမ်းကိုကြိုးစားတာပဲ သူအိမ်ကိုလာတဲ့အချိန်တိုင်းအမြဲတမ်းဖေဖေယွမ်ကိုသွားကူပေးနေတာ..."


"အိုး..."


ယွမ်ရှက စိတ်နှလုံးသားထဲအနည်းငယ်ထိရှသွားသည့်ပုံစံမျိုးပင်မရှိပဲ ကလေးလေးစုန့်နှင့်အတူဖရဲသီးစားရင်းတီဗီကြည့်နေလေသည်။


မေမေယွမ်က သူမ၏သမက်အတွက်စကားကောင်းအနဲငယ်ပြောပေးချင်သေးသော်လဲ သူမသိထားသောယွမ်ရှ၏အကျင့်အရ ပိုပြောလေလေဆန့်ကျင်ဘက်ရလာဒ်ထွက်လာမည်ကိုစိုးရိမ်မိသွားသည်။


ထို့ကြောင့် သူမသက်ပြင်းတချက်သာအသာချလိုက်ပြီးနောက် ခွေးခြေခုံအပုလေးကိုယူကာဝရံတာထွက်၍အသီးအရွက်‌ခြွေနေလိုက်သည်။


တကယ်တမ်းတွင် ယွမ်ရှကလဲ မာမားယွမ်၏ဆန္ဒကိုအလွယ်တကူဖောက်ထွင်းမြင်ပေသည်။မိဘတိုင်းက သူတို့၏သားသမီးများတွင်ပျော်ရွှင်သာယာသောအိမ်ထောင်ရေးသာရှိစေချင်ကြသည်။

သို့သော်လဲ ယွမ်ရှ၏မိဘများကမူ စိတ်ပျက်လက်ပျက်ဖြစ်ရခြင်းနှင့်သာအဆုံးသတ်သွားခဲ့ရသည်။


သူမက စုန့်ထင်ရှန်းနှင့်သာယာသောဆက်ဆံ‌ရေးတခုတည်ဆောက်ရန်မကြိုးစားသလို စုန့်ထင်ရှန်းကလဲ ထိုကဲ့သို့အစီအစဉ်မရှိပေ။သူတို့နှစ်ယောက်စလုံးကပလတ်စတစ်လိုဆက်ဆံရေးမျိုးကိုသာတည်ဆောက်ချင်ခဲ့ကြသည်။


မီးဖိုခန်းထဲတွင် စုန့်ထင်ရှန်းက ‌ဖေဖေယွမ်နှင့်အတူကူညီချက်ပြုတ်ပေးနေသည်။အခုလက်ရှိတွင် စုန့်ထင်ရှန်းက ကြီးမားသောအောင်မြင်မှုများကိုပိုင်ဆိုင်ထားသည်ဆိုသော်လဲ ၎င်းသည်ဘာမှမရှိသောဘဝမှသူကိုယ်တိုင်ကြိုးစားခဲ့ခြင်းဖြစ်သည်။စုန့်ထင်ရှန်းကိုကြည်လိုက်လျှင် ချမ်းသာသောမိသားစုမှဆင်းသက်လာသည်ဟု ထင်ရသော်လဲ 

တကယ်တမ်းတွင် သူ့ဘဝရဲ့အစောပိုင်းနေ့ရက်များက ချမ်းသာသည်ဆိုသောစကားလုံးနှင့်အလွန်ပင်ဝေးကွာလွန်းလှသည်။


စုန့်ထင်ရှန်းသည် အရွယ်ငယ်စဉ်မှာပင်မိဘနှစ်ပါးလုံးကိုဆုံးရှုံးခဲ့ရသည်။မူလတန်းကျောင်းသားဘဝထဲကပင် သူတပါး၏အထောက်အပံ့များပေါ်တွင်မှီခို၍အသက်ရှင်နေထိုင်ခဲ့ရသည်။အသက်အရွယ်ငယ်စဉ်ကထဲကပင် 

လူမှုဘဝအဖွဲ့အစည်း၏ကြမ်းတမ်းရက်စက်မှုများကိုတွေ့ကြုံခံစားခဲ့ရသည်။ထို့ကြောင့်ပင် မည်ကဲ့သို့အမှီခိုကင်းကင်းရပ်တည်ရမည်ကိုစောစီးစွာသင်ယူခဲ့လေသည်။