အပိုင်း (၃၄)
Viewers 31k

part-34


ကလေးလေးစုန့်က အပြင်ထွက်ရသောကြောင့်ပျော်ရွှင်တက်ကြွနေသည်။


စုန့်မိသားစုအိမ်ရာနားတွင် aဆာ့ကစားရန် ကလေးအပေါင်းအဖော်မရှိပေ။ထို့ကြောင့်ပင် ဝမ်‌လေးက သူ့မိဘများ၏အိမ်သို့လာလည်ရခြင်းကိုကြိုက်နှစ်သက်နေခြင်းဖြစ်သည်။အဖိုးအဖွားများက လွန်ခဲ့သောနှစ်အနဲငယ်ထဲကဆောက်လုပ်ထားသော 

အဆောက်အဦးတခုတွင်နေထိုင်ကြလေသည်။


၎င်းဧရိယာက အကုန်အကျသက်သာသောကြောင့် နေထိုင်သူအများအပြားရှိလေသည်။ထို့အပြင်အိမ်ထောင်စုတခုတွင် ကလေးနှစ်ယောက်ယူရမည်ဆိုသော မူဝါဒကြောင့်ပင်သူတို့၏ပတ်ဝန်းကျင်တွင်အတူဆော့ကစားရန်ကလေးအများအပြားရှိနေပေသည်။


ဝမ်လေးက ကစား‌ဖော်များကို အမြဲတမ်းထွက်ရှာလေ့ရှိသည်။ ဖေဖေယွမ်နှင့်မေမေယွမ်တို့ကလဲ ကလေးကိုဂရုတစိုက်ဖြင့်အမြဲတမ်းစောင့်ကြည့်ကြလေသည်။သူတို့၏အိမ်နီးချင်းကလေးတယောက်ပျောက်ဆုံးခဲ့ပြီးနောက် သူတို့ပို၍ပင်သတိထားလာကြသည်။ဝမ်လေးဘယ်နေရာသို့သွားပါစေသူတို့အနောက်က 

တကောက်ကောက်လိုက်ပါနေမည်ဖြစ်သည်။သူတို့၏မြေးလေးကိုသူတို့မြင်ကွင်းထဲမှလုံးဝအပျောက်ခံနိုင်မည်မဟုတ်ပေ။


ယနေ့အပူချိန်သည် မနေ့ကထက် ပိုပူနေပေသည်။ နေ့လည်စာစားပြီးနောက်ကလေးလေးစုန့်က အပြင်သို့သွား၍သူ့၏သူငယ်ချင်းလေးများကိုရှာချင်နေပေပြီ။


"မာမား အပြင်သွားပြီးတော့ သားနဲ့အတူတူဆော့ချင်လား..."


ဝမ်လေးက သူ့၏ကစားစရာအရုပ်သစ်လေးကိုကိုင်ထားသည်။ သူကထိုအရုပ်အားသူ့၏သူ့ငယ်ချင်းများကိုပြချင်နေ၏။ ကလေးလေးစုန့်က အိမ်တွင်းစီးဖိနပ်လေးကိုလဲစီးလိုက်ပြီးနောက် ဆိုဖာပေါ်တွင်လှဲ၍ဂိမ်းဆော့နေသောယွမ်ရှကိုလှည့်ကြည့်လိုက်သည်။ယွမ်ရှလက်ဝှေ့ယမ်းပြလိုက်ပြီး...


"မာမား ပင်ပန်းနေလို့မသွားတော့ဘူး...ပေါင်ပေါင်ပဲသွားလိုက်တော့ ဖိုးဖိုး ဖွားဖွားတို့ရဲ့စကားကိုနားထောင်ရမယ်နော်..."


ပေါက်စီလုံးလေးက အနဲငယ်မကျေမနပ်ဖြင့်နှုတ်ခမ်းစူသွားသည်။


"ဟုတ်ကဲ့ပါ... ဒါဆိုရင် မားမားလဲအိမ်မှာကောင်းကောင်းနေနော် ပါပါးစကားကိုနားထောင်ရမယ်နော်..."


ယွမ်ရှ"..."


ဖေဖေယွမ်နှင့်မေမေယွမ်တို့ ကလေးကိုအပြင်ဘက်၌ကစားရန်ခေါ်ထုတ်သွားပြီးနောက် အိမ်တွင်သူမနှင့်စုန့်ထင်ရှန်းတို့သာကျန်ခဲ့လေသည်။


ယွမ်ရှက မြင့်မားသည့်အပူချိန်ကို ခံနိုင်စွမ်းမရှိပေ။၎င်းက သူမကူးပြောင်းလာသည့်အထိကို တူညီနေတုန်းပင်။နွေရာသီဆိုလျှင် သူမကအဲကွန်းဖွင့်ထားသောအေးစက်နေသည့်အခန်းထဲမှာနေရုံကလွဲ၍ 

ဘာမှကိုမလုပ်ချင်ပေ။သူမအေးမြနေသောအခန်းထဲတွင်လှဲလျောင်းရင်း ဖရဲသီးလေးစားကာဂိမ်းဆော့နေလိုက်လေသည်။


ဒါမျိုးကသာ သာယာတဲ့ဘဝပဲ...


သူမကစုန့်ထင်ရှန်းကိုတယောက်ထဲထားရခြင်းအတွက် မည်သည့်သက်တောင့်သက်သာမဖြစ်မှုကိုမှ မခံစားရပေ။တခြားနည်းလမ်းဖြင့်ရှင်းလင်းအောင်ပြောရမည်ဆိုလျှင် စုန့်ထင်ရှန်း၏တည်ရှိမှုကို သူမအာရုံမရှိပေ။


 စုန့်ထင်ရှန်းကလဲသူမကဲ့သို့ပင်ဖြစ်ပေလိမ့်မည်။သူတို့ကတယောက်နှင့်တယောက်နှောင့်ယှက်ခြင်းမရှိကြပဲ 

သူတို့၏ကြားထဲတွင်အလွန်ပင်ကောင်းမွန်သောနားလည်မှုမျိုးရှိသည်ဟုပင်ဆိုနိုင်သည်။


ယွမ်ရှကဂိမ်းတပွဲဆော့ပြီးသွားသည်နှင့် ဖုန်းကိုချလိုက်ပြီး ရုပ်ရှင်ကား သို့မဟုတ် ရှိုးပွဲကြည့်ရန်တီဗီကိုဖွင့်လိုက်သည်။တီဗီလိုင်းများကို‌ရွှေ့ပြောင်းနေရင်းဖြင့် နောက်ဆုံးကြောက်မက်ဖွယ်ရာရုပ်ရှင်ကားများပြသသည့်လိုင်းတွင်အဆုံးသတ်သွားလေသည်။


အေးစက်သောအခန်းထဲ၌ ကြောက်စရာကားကြည့်ခြင်းကနွေရာသီ၏အပူချိန်ကိုတွန်းလှန်သည့်အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ယွမ်ရှအနဲငယ်ပင်စိတ်လှုပ်ရှားနေသလိုခံစားရသည်။ သူမကသရဲကားကြည့်ရခြင်းကိုမကြောက်သော်လဲ ဒီချန်နယ်တွင်ကောင်းမွန်သည့်ကားကောင်းအနဲငယ်သာရှိနေသည်။


သို့သော်လဲအနဲငယ်ရှိခြင်းကတခြားရုပ်ရှင်ကားများ သို့မဟုတ် တီဗီရှိုးများကိုကြည့်ရခြင်းထက်ပိုကောင်းပေသည်။သူမက tablet ကိုသာအာရုံစိုက်နေသာစုန့်ထင်ရှန်းကိုကြည့်လိုက်ပြီးယဉ်ကျေးစွာမေးလိုက်သည်။


"ကျွန်မ တီဗီကြည့်ရင်အဆင်ပြေလား..."


စု့န်ထင်ရှန်းကသူမကိုမော့ပင်မကြည့်လာပဲ


"ကိစ္စမရှိဘူး..."


"အင်း.."


.တွေးကြည့်လိုက်တော့လဲဟုတ်တာပဲ...စုန့်ထင်ရှန်းလိုလူမျိုးကဘယ်လိုလုပ်ပြီးတော့ပြင်ပအနှောင့်အယှက်တွေကို အာရုံထားမှာလဲပြောရမယ်ဆိုရင်တော့သူ့အတွက်အနှောင့်အယှက်ဖြစ်မှာမဟုတ်ဘူးပေါ့...


ထို့ကြောင့် ယွမ်ရှ စုန့်ထင်ရှန်းကိုဂရုမစိုက်တော့ပဲ တီဗီကြည့်ရန်သာပြင်ဆင်လိုက်သည်။သူမကကန့်လန့်ကာများကိုပိတ်လိုက်ပြီး ခေါင်းအုံးကိုပွေ့ဖက်လိုက်ကာသက်တောင့်သက်သာအရှိဆုံးအနေထားဖြစ်အောင်ပြင်ဆင်ထိုင်လိုက်ရင်းရုပ်ရှင်ကိုအာရုံစိုက်လိုက်သည်။သူမဘေးနားရှိကော်ဖီစားပွဲပေါ်တွင် ရေ၊ဖရဲသီးနှင့်မုန့်တချို့လဲရှိနေသည်။


သရဲကားများတွင် ကြောက်စရာကောင်းသောထိတ်လန့်တုန်လှုပ်မှုကို ပုံဖော်ပေးနိုင်သည့်ပထမဦးဆုံးအဆင့်သည် ဆိုးရွားကြောက်စရာကောင်းလှသည့်နောက်ခံတေးဂီတအသံများပင်ဖြစ်သည်။


စုန့်ထင်ရှန်းက သူမျက်လုံးများပင်ပန်းနွမ်းနယ်လာသလို ခံစားလိုက်ရသောကြောင့် အနားပေးရန်အတွက် tablet ကိုကြည့်နေရာမှမော့ကြည့်လိုက်သည်။


ထိုအချိန်၌ တီဗီဖန်သားပြင်ပေါ်ရှိကြောက်စရာကောင်းလှသောသရဲမ၏မျက်နှာကိုမြင်လိုက်ရလေသည်။အကယ်၍ယွမ်ရှသာ သူ့ကိုအာရုံစိုက်နေပါက စုန့်ထင်ရှန်းရုတ်တရက်အသက်ရှုကြပ်လာသည်ကို သတိထားမိပေလိမ့်မည်။