အပိုင်း (၃၅)
Viewers 31k

part-35


စုန့်ထင်ရှန်းမတ်တပ်ထရပ်လိုက်ပြီး သူ့၏ tablet ကိုယူကာအိပ်ခန်းထဲသို့ဝင်သွားလိုက်သည်။အစမှအဆုံးထိတိုင်အောင် ရုပ်ရှင်ကားထဲတွင်သာ အာရုံစူးစိုက်နေသောယွမ်ရှက စုန့်ထင်ရှန်းကိုလုံးဝဂရုမပြုမိပေ။


သူမ၏ရုပ်ရှင်ကားပြီးဆုံးခါနီးအချိန်မှသာလျှင်အစောပိုင်းကသူ့ဘေးနားတွင်ရှိနေသောစုန့်ထင်ရှန်းမရှိတော့သည်ကိုသတိထားမိခဲ့သည်။


ထိုသူဘယ်အချိန်ထသွားမှန်းလဲမသိလိုက်ပေ။


သူမရေချိုးခန်းဆီသို့သွားသည့်အချိန်၌ ဧည့်သည်ခန်းတံခါးပိတ်ထားသည်ကိုသတိပြုမိလိုက်သည်။စုန့်ထင်ရှန်း ဧည့်သည်အခန်းထဲတွင်တရေးတမောအနားယူနေသည်ဟုသာထင်လိုက်မိ၏။


သူမ၏ရုပ်ရှင်ကားမပြီးခင်မှာပင်မြေးအဖိုးတသိုက်ပြန်လာလေသည်။ ဖေဖေယွမ်ကဝမ်လေးကိုပုခုံးပေါ်တွင်ထမ်းတင်လာ၏။

ကလေးလေးစုန့်၏မျက်နှာလေးကနီရဲကာတက်ကြွမှုများဖြင့်ပြည့်နှက်နေသည်။၎င်းကဒီနေ့အပြင်တွင်သူငယ်ချင်းများနှင့်ဆော့ခဲ့ရခြင်းကြောင့် သူနှလုံးသားထဲကပင်ပျော်ရွှင်နေကြောင်းသိသာပေသည်။သူတို့နှင့်မနီးမဝေးရှိရှော့ပင်းမောတွင် ကလေးများကစားစရာစင်တာလေးတခုရှိနေသည်။အနီးနားပတ်ဝန်းကျင်တွင်ရှိနေသော က‌လေးမိဘများကအပူဒဏ်ကိုရှောင်ရှားရန်အလို့ငှာကလေးများကိုထိုကစားကွင်းနေရာသို့ခေါ်ဆောင်လာလေ့ရှိကြ၏။


"ပါပါးရော...


ကလေး‌လေးစု့န်ကအခန်းထဲကိုစူးစမ်းကြည့်ပြီးမေးလိုက်သည်။


"ပါပါးကအခန်းထဲမှာ သွားအနားယူနေတယ် သွား...ဧည့်သည်ခန်းထဲမှာ ပါပါးနဲ့အတူတရေးတမောအိပ်လိုက်...ပေါင်ပေါင် အပြင်မှာအကြာကြီးကစားလာတာဆိုတော့ ပင်ပန်းနေပြီဟုတ်တယ်မလား..."


ယွမ်ရှကယခုလက်ရှိတွင် သူမအိပ်ချင်စိတ်မရှိသောကြောင့် ကလေးကိုသာသွားအိပ်ရန်တိုက်တွန်းလိုက်သည်။


"အိုး..."


ကလေးလေးစုန့်က သူ့အမေ၏စကားကိုနာခံသလိုအသံလေးသာပြုလုပ်လိုက်သည်။ဖိုးဖိုးယွမ်ကလဲသူ့မြေးပင်ပန်းနေသည်ကိုသိသောကြောင့် ဧည့်သည်ခန်းဆီသို့ချီသွားပေးလိုက်သည်။အခန်းတံခါးကိုဖွင့်လိုက်သည်နှင့် အေးမြသောအခန်းတွင်း လေထုကလာရောက်ထိတွေ့လေသည်။ အခန်းထဲတွင်စုန့်ထင်ရှန်းကအိပ်ပျော်နေခြင်းမဟုတ်ပဲ သူ့၏ tablet နှင့်အလုပ်လုပ်နေဆဲဖြစ်သည်။


ဖေဖေယွမ်ကကလေးကိုအခန်းထဲချပေးလိုက်ပီနောက်တံခါးကိုအသာပြန်စေ့ကာထွက်လာလိုက်သည်။


ဧည့်ခန်းထဲ၌မေမေယွမ်က ယွမ်ရှကိုတိုးတိတ်စွာဆွဲလိုက်ပြီးနောက်လက်မှတ်နှစ်စောင်ကိုလျှို့ဝှက်စွာဖြင့်ပေးလာလေသည်။


"ဒီနေ့ အဲ့ဒီ့မှာ...ရုပ်ရှင်လက်မှတ်တွေရောင်းနေတာတွေ့တာနဲ့ မာမားနှစ်စောင်ဝယ်လာခဲ့တယ်...ညစာစားပြီးလို့ရှိရင် သမီးနဲ့သမက်လေးတို့ကလေးကိုခေါ်ပြီးရုပ်ရှင်သွားကြည့်လိုက်ကြ..."


ယွမ်ရှ ခဏမျှကြည့်လိုက်ပြီးနောက်ပြန်ပြောလိုက်သည်။


"ညစာစားပြီးတာနဲ့ ကျွန်မတို့ကအိမ်ကိုတန်းပြန်ကြမှာလေ...ဒီလိုဆိုရင်ရော ပါးနဲ့မားပဲကလေးကိုခေါ်ပြီးတော့သွားကြည့်လိုက်ကြပါလား..."


"နင့်အဖေနဲ့ငါက အရမ်းကိုအိုနေပါပြီ..."


မေမေယွမ်က ယွမ်ရှငြင်းမည်ကိုစိုးရိမ်သောကြောင့်ကမန်းကတမ်းထပ်ပြောလိုက်သည်။


"လက်မှတ်ကလဲ ဝယ်လာပြီးသွားပြီလေ ပြီးတော့လဲ နင်နဲ့သမက်လေးတို့မှာလဲအခုလက်ရှိဘာမှလုပ်စရာလဲမရှိဘူးမဟုတ်လား...ရှရှ သမီးကအရမ်းကိုသန်မာတဲ့မိန်းကလေးတယောက်ဆိုတာကိုမာမားသိပါတယ်...နင့်ပါပါးနဲ့မာမားကလဲ နင့်ရဲ့အိမ်ထောင်ရေးကိုဝင်ပြီးတော့မစွက်ဖက်ချင်ပါဘူး...ဒါပေမဲ့လဲသမီးသိရမှာက တခါတလေကျရင်တော့ ကိုယ့်က‌လေးအတွက်စဉ်းစားပေးဖို့လိုတယ်..."


ယခုနှစ်တွင် ဝမ်လေးကအသက်လေးနှစ်နီးပါးရှိပြီဖြစ်သည်။လွန်ခဲ့သည့်ရက်အနဲငယ်က ကလေးလေးသည်သူ့ပါပါးမာမားနှင့်အတူ တခါမှရုပ်ရှင်မကြည့်ဖူးကြောင်းပြောလာခဲ့လေသည်။


ထိုစကားကြောင့် ဖိုးဖိုးဖွားဖွားများဖြစ်သောသူတို့မှာအလွန်ပင်စိတ်မကောင်းဖြစ်ခဲ့ရသည်။


ယွမ်ရှက သူမကိုယ်သူမအလွန်နှလုံးသားအေးစက်သူတယောက်ဖြစ်မည်ဟုသာခံစားလိုက်မိသည်။


ဒါက ဘာများထူးဆန်းလို့လဲ သူမကလေးဘဝတုန်းကလဲသူမမိဘတွေနဲ့အတူတူရုပ်ရှင်မကြည့်ဖူးပါဘူးနော်...


အားလုံးတွေးကြည့်ပြီးသည့်အခါ၌သူမသည်ဝမ်လေးအတွက် အစားထိုးမေမေတယောက်ဖြစ်လာဖို့မသင့်တော်ကြောင့်သိရှိသွားလေသည်။တကယ်တမ်းလက်တွေ့ကျကျပြောရမည်ဆိုလျှင်လဲ သူမက သူ့ကို ကိုယ်ဝန်ဆောင်ပြီးမွေးဖွားပေးခဲ့သည့်သူ့လဲမဟုတ်‌ပေ။သူမကထိုကဲ့သို့ဖွင့်ဖွင့်ထွားထွားကလေးများကိုနှစ်သက်သည်ဆိုသော်လဲ မည်မျှနှစ်သက်သည်ဆိုသည်ကတော့ကန့်သတ်ချက်ရှိပေသည်။


ဥပမာအနေဖြင့်ပြောရလျှင် ချစ်ဖို့ကောင်းသောကလေးများသို့မဟုတ်သူစိမ်းကလေးများကိုတွေ့ပါက သူမသူတို့နှင့်အချိန်အနဲငယ်မျှကြာအောင်ကစားပေးနိုင်ပေသည်။သို့သော်လဲ သူတို့၏မိခင်အဖြစ် သူမကိုယ်သူမ တွေးကြည့်ရမည်ဆိုလျှင်...


ဒါကအတွေးနှင့်ပင်ကြောက်စရာကောင်းလှသည်။


ယွမ်ရှတိတ်ဆိတ်သွားသည်ကိုမြင်ပြီးနောက် မေမေယွမ်သက်ပြင်းအသာချပြီးပြောလိုက်သည်။


"တကယ်တမ်းတော့ ရှရှရဲ့ဆုံးဖြတ်ချက်ကို ငါတို့ဘာမှပြောလို့မရဘူးဆိုတာကိုသိပါတယ်...ဒါပေမဲ့ ပြီးခဲ့တဲ့တရက်နှစ်ရက်အတွင်းမှာရှရှရဲ့သဘောထားကပျော့ပြောင်းလာတာကိုမြင်တဲ့အတွက် မာမားကဒီလိုမျိုးပြောပြပေးမိတာပဲ...ဝမ်လေးကအရမ်းငယ်ပြီးတော့ကိစ္စတွေကိုနားမလည်နိုင်သေးဘူးလို့မထင်နဲ့နော်...

ကလေးတွကအရမ်းကိုခံစားထိရှလွယ်ကြတယ်...လွန်ခဲ့တဲ့တရက်နှစ်ရက်အတွင်းမှာ သူအရမ်းပျော်လားလို့မာမားမေးတဲ့အချိန်ကဘာပြန်ပြောခဲ့လဲ သိလား...သူအရမ်းကိုပျော်ရွှင်နေတယ် ဘာလို့လဲဆိုတော့ သူ့ရဲ့မားမားကသူနဲ့အတူကစားပေးတဲ့အပြင် သူ့ကိုဖက်လဲဖက်တယ်တဲ့..."


"ကောင်းပါပြီ..."


ယွမ်ရှခေါင်းညိမ့်ပြီး လက်မှတ်နှစ်စောင်ကိုယူလိုက်သည်။


ဒါက ရုပ်ရှင်တူတူကြည့်ရုံလေးပဲမဟုတ်လား...တကယ်လို့ဒါကက‌လေးလေးကိုပျော်အောင်လုပ်ပေးနိုင်တယ်ဆိုရင်လဲ သူမဒါကိုတွက်ကပ်စိတ်ထဲထားနေမှာမဟုတ်ဘူး...


ဝတ္ထုထဲမှမူလယွမ်ရှသည် ကလေးလေးစုန့်နှင့်အလွန်ပင်စိမ်းသက်လှကြောင်းသတိပြုမိလိုက်သည်။ သူမက သူမကိုယ်သူမကလေး၏မိခင်ဟုလဲမမြင်သလို ကလေးလေးကိုဂရုတစိုက်စောင့်ရှောက်ပေးခြင်းလဲမရှိပေ။အကယ်၍သူမသာ အဒေါ်ကောင်းတယောက်လိုမျိုးကောင်းကောင်းမွန်မွန်ပြုမူဆက်ဆံပေးမည်ဆိုလျှင်တောင်မှဝမ်လေးကအရင်ကထက်ပို၍ပျော်ရွှင်နေမည်ဖြစ်ကြောင်း သူမသေချာပေသည်။