အပိုင်း (၃၆)
Viewers 31k

part-36


မေမေယွမ် မူလကတွေးထင်ထားသည်မှာ သူမ၏သမီးက သူမတောင်းဆိုမှုကိုလက်ခံလိမ့်မည်မဟုတ်ဟုပေ။ထို့ကြောင့်ယွမ်ရှက တောက်ပသောအပြုံးလေးဖြင့်လက်မှတ်နှစ်စောင်ကိုလှမ်းယူလိုက်သည့်အချိန်၌ သူမအံ့အားသင့်စွာအေးခဲသွားမိလေသည်။သူမသည်အသက်ငါးဆယ်ကျော်ပြီဖြစ်သော်လဲ သူမ၏အသွင်အပြင်ကိုကောင်းစွာထိန်းသိမ်းထာခဲ့သည်။


ထို့အပြင် သမီးဖြစ်သူ အိမ်ထောင်ကျပြီးနောက်တွင်လဲ သူမတို့၏နေထိုင်မှုအဆင့်အတန်းကအလွန်မြင့်မားတိုးတက်လာခဲ့သည် ထို့ကြောင့် သူမ၏အသွင်အပြင်က အသက်လေးဆယ်လူတယောက်နှင့်မခြားနားပေ။ယခုလက်ရှိ၌ သူမတွင်ကောင်းကောင်းမွန်မွန်နေထိုင်နိုင်သည့်အိမ်ကြီးတလုံးကိုပိုင်ဆိုင်ထားပြီးငွေရေးကြေးရေးအတွက်စိတ်ပူပင်စရာများလဲမရှိပေ။


သူမ၏တခုတည်းသောပူပန်မှုမှာ သူမသမီး၏အိမ်ထောင်ရေးသာဖြစ်သည်။ယခုသူမသမီး၏ သဘောထားပြောင်းလဲသွားသည်ကိုမြင်လိုက်ရသည့်အချိန်၌ သူမတွင်မည်သည့်သောကရောက်စရာမှမရှိ‌‌တော့ပဲစိတ်ကျေနပ်မှုကိုသာခံစားလိုက်ရလေသည်။ သူမ၏ဘဝကအလွန်ပင်သက်တောင့်သက်သာရှိပြီးရိုးရှင်းလွန်းလှပေသည်။


ဧည့်သည်ခန်းထဲ၌ ဝမ်လေးကအိမ်မောမကျခင်သူ့ပါပါးနှင့် စကားအနဲငယ်ပြောချင်နေခဲ့သည်။


သူ့က သူ့၏ဗိုက်ဖောင်းဖောင်းလေးအထက်အောက်လှုပ်ရှားသွားလောက်အောင်ပင်အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီးစကားလှမ်းပြောလိုက်၏။


"ပါပါးသားတွေ့တာလေ တခြားကလေးတွေရဲ့မေမေတွေက သားရဲ့မာမားလောက်မလှကြဘူး..."


စုန့်ထင်ရှန်း၏စိတ်ထဲတွင် တီဗီဖန်သားပြင်ပေါ်မှမြင်လိုက်ရသောကြောက်မက်ဖွယ်ရာမျက်နှာကြီးက စိုးမိုးနေသေးသည်။ယခုသူ့သား၏အသံကြားမှသာလျှင်ထိုအတွေးထဲမှလွတ်မြောက်လာပြီး ကလေးကိုအာရုံစိုက်လိုက်သည်။


"ပါပါး မာမားကလှတယ်လို့မထင်ဘူးလားဟင်..."


ဝမ်လေး၏အမေးစကားကြောင့် စုန့်ထင်ရှန်းတယောက်ယွမ်ရှနှင့်ပထမဦးဆုံးတွေ့သည့်အချိန်ကိုရုတ်တရက်ပြန်တွေးမိသွားသည်။ထိုအချိန်ကသူ့တွင် အသေးစားလုပ်ငန်းမဟုတ်သောကုမ္ပဏီတခုလဲပိုင်ဆိုင်နေပြီဖြစ်သည်။


ထိုအချိန်က သူ့၏ကျောင်းတော်မှ ပါမောက္ခတယောက်ကသူ့အားဆက်သွယ်လာပြီးတက္ကသိုလ်ဖွင့်ပွဲတွင်မိန့်ခွန်းစကားပြောစေလိုသည့်အတွက်သူသဘောတူညီခဲ့သည်။


သူတက္ကသိုလ်ဝင်းထဲသို့ရောက်သောအခါ၌ ငယ်ရွယ်သောကျောင်းသားများကိုကြည့်ပြီးအချိန်တွေက ကုန်မြန်လွန်းသည်ဟုပင်တွေးလိုက်မိသည်။ထိုအချိန်တွင် သူကအသက်သုံးဆယ်ပြည့်မွေးနေ့ကိုပင်ကျော်လွန်ခဲ့ပြီးဖြစ်သည်။


ယွမ်ရှကသူ့ကိုကြိုဆိုနှုတ်ဆက်ရန် တာဝန်ရှိသောကျောင်းသူတယောက်ဖြစ်သည်။


ယောက်ျားတယောက်၏အမြင်ဖြင့်ကြည့်လျှင်တက္ကသိုလ်ကျောင်းသူအရွယ်သူမသည် အလွန်ပဲလှသသည်ဟု ဆိုနိုင်ပေသည်။နောက်၌ယွမ်ရှက သူတို့ရဲ့ကုမ္ပဏီသို့အလုပ်လျှောက်ရန်ရောက်လာခဲ့သည်။သူက သူမတို့၏ကျောင်းဖွင့်ပွဲကိုသွားခဲ့သောကြောင့် HR ဌာနမှလူများကသူတို့ကြားအဆက်သွယ်ရှိသည်ဟုထင်သွားခြင်းဖြစ်နိုင်ပေသည်။


ထို့အပြင်သူမ၏လှပသောအသွင်အပြင်ကိုပါ ပေါင်းထည့်လိုက်လေရာသူမအချိန်ပိုင်းအလုပ်သမားအဖြစ်အလုပ်ခန့်အပ်ခြင်းခံခဲ့ရသည်။


သူမ သူ့ကိုကြံစည်ခဲ့သည့်ထိုည၌... တကယ်တမ်းတွင် သူလုံးဝသတိလက်လွတ်ဖြစ်သွားလောက်အောင်မမူးခဲ့ပေ။အကြောင်းသိသူများက သူမကိုတကယ့်ကိုတော်လွန်းသည့်အကြံသမားတယောက်ဟုဆိုကြသည်။


သို့သော်လဲ တကယ်တမ်းတွင်စုန့်ထင်ရှန်းက ထိုညတွင်သူကိုယ်တိုင်ပင် သူ့ကိုယ်သူခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိပေသည်။သူကအမြဲတမ်း သူကိုသူထိန်းချုပ်နိုင်စွမ်းမြင့်မားလှပေသည်။သူ့၏စိတ်ခံစားချက်များအားလုံးကသူ့ထိန်းချုပ်မှုအောက်တွင်သာရှိနေသည်။


သူကတခြားအောင်မြင်ကျော်ကြားလာသည့်သူများနှင့်မတူပဲ ချမ်းသာကြွယ်ဝသောဘဝမှလာခဲ့သူမဟုတ်ပေ။


သူက ကောလိပ်ကျောင်းသားဘဝမှစတင်ခဲ့ရသူဖြစ်ပြီး ခြေလှမ်းတိုင်းကိုသတိကြီးကြီးထားကာခြေတလှမ်းမှမမှားယွင်းခဲ့ပေ။ထို့ကြောင့် အသိအာရုံကအမြဲတမ်းပင်ပြင်းထန်နေခဲ့သည်။ သို့သော်လဲသူသည်မသေမျိုးတယောက်မဟုတ်ပဲသာမာန်လူတယောက်သာဖြစ်သည်။ထို့ကြောင့်ပင် သူ့ကိုသူဖြေလျော့ပေးချင်သောအနားယူချင်သောအချိန်တချို့တော့ရှိစမြဲပေ။


စီးပွား‌ရေးလောကထဲတွင်ရှိသောသူများက သူ့ကိုလူကြီးလူကောင်းဟုခေါ်ကြပေသည်။သို့သော်လဲတကယ်တမ်းတွင် သူကထိုကဲ့သို့လူမျိုးမဟုတ်ပေ။အကယ်၍သူသာလူကြီးလူကောင်းဖြစ်ခဲ့ပါက ထိုကဲ့သို့သော ညမျိုးတညရှိလာလိမ့်မည်မဟုတ်ပေ။ထိုသို့ဆိုလျှင်ယခုလက်ရှိအခြေအနေမျိုးလဲဘယ်တော့မှဖြစ်ပေါ်လာမည်မဟုတ်ပေ။


ထို့နောက်ယွမ်ရှက သူနှင့်လက်ထပ်ကာ မစ္စစုန့်ဖြစ်ချင်လာပြီးသူ့ကလေးကိုမွေးဖွားပေးချင်ခဲ့သည်။


အသက်သုံးဆယ်အရွယ်သူက အပြစ်ကိုကျုးလွန်လျှင် တာဝန်ယူရမည်ဆိုသည့်အသိတရားကိုသင်ယူခဲ့ပြီးဖြစ်သည်။ထို့ကြောင့်ပင် သူမကိုတာဝန်ယူကာလက်ထပ်ခဲ့သည်။ သူလက်ထပ်ပြီးသည့်နောက်တွင်လဲသူ့ကိုမြူစွယ်ဖြားယောင်းရန်ကြိုးစားသည့်သူများစွာရှိသေးသော်လဲမည်သူမျှမအောင်မြင်ဲခဲ့ပေ။


သူက သူ့သားလေးအတွက်စံနမူနာဆိုးတခုဖြစ်မလာချင်ပေ။သူသာဆန္ဒမရှိပါကထိုညကဲ့သို့အခြေအနေမျိုးထပ်မံဖြစ်ပွားလာနိုင်မည်မဟုတ်ပေ။


ကလေးလေးစုန့်က သူမအိပ်ခင်မှာပင် မေမေလှလားဟုထပ်မေးလိုက်ပြန်သည်။


စုန့်ထင်ရှန်းသူ့သားကိုကြည့်လိုက်သည့်အချိန်၌ ဝမ်‌လေးကအိပ်ချင်မူးတူးအခြေအနေဖြစ်နေသည်ကိုတွေ့လိုက်ရသည်။


သူကလေးကိုစောင်ခြုံပေးလိုက်ပြီး အနားနားကပ်ကာသူမကတော်တော်လေးလှပါတယ်ဟု တိုးတိုးလေးကပ်ပြောလိုက်သည်။


သူကသာမာန်သေမျိုးတယောက်သာဖြစ်ပြီး ဘုန်းကြီးတပါးမဟုတ်ပေ။ တခြားသောယောက်ျားသားများကဲ့သို့ပင်အလှအပကိုကြိုက်နှစ်သက်ပေသည်။သူမသာမလှခဲ့ရင်လဲ... ထိုညကသူ့ကိုသူလွှတ်ပေးခဲ့မည်မဟုတ်ပေ။