အပိုင်း (၃၇)
Viewers 31k

part-37


ကလေးလေးစုန့်နိုးထလာသည့်အချိန်၌ ညနေလေးနာရီထိုးပြီဖြစ်ပြီး ယွမ်ရှလဲသရဲကားကြည့်၍ပြီးသွားလေပြီ။သူမကယခုလက်ရှိ ဘာမှလုပ်စရာမရှိသောဘဝကိုအလွန်နှစ်သက်နေမိသည်။


အရင်ဘဝကဲ့သို့ များပြားလှသောအလုပ်များနှင့် ဆက်ဆံရန်ခက်ခဲလှသော ကာစတမ်မာများကိုစိုးရီမ်နေစရာမလိုပေ။ စားစရာဆိုင်သို့မဟုတ် ဘတ်စကားများပေါ်တွင်လဲ 

ကြပ်သိပ်လှသောသူများကြားတိုးဝှေ့နေစရာမလိုပေ။မလောက်ငှသော လစာလေးတပဲခြောက်ပြားအတွက်လှုပ်ရှားရုန်းကန်နေဖို့မလိုပေ။


ချမ်းသာကြွယ်ဝသောအမျိုးသမီးများ၏ ပေါ့ပေါ့ပါးပါးဘဝနေထိုင်မှုပုံစံက သူမစိတ်ကိုယိုယွင်းပျက်ပြားလာစေကြောင်းသူမခံစားမိပေသည်။သူမ သူ့၏ဘဝဟောင်းဆီသို့ပြန်သွားကာသူမကိုသူမအလုပ်တခုရှာဖွေလုပ်ကိုင်ချင်သည်။


ဒါပေမဲ့လဲ အခုလိုလေးတရာ့ကိုးတရာတဆယ်နေရတဲ့ဘဝလေးကဘယ်လောက်တောင်မှပေါ့ပါးလိုက်သလဲ...


နေ့လည်နေ့ခင်းပူပြင်းသောအချိန်တွင် အေးအေးသာသာနားနေပြီးနောက် သူမ၏အသုံးမဝင်သောအတွေးများကအဝေးသို့ထွက်ပြေးသွားလေသည်။ယွမ်ရှစားပွဲအပြည့်ပြင်ဆင်ထားသောစားစရာများကိုကြည့်ပြီးနောက် ဒီမှာသာတလကြာလောက်နေပြီးသွားလျှင် 

သူမ၏ဘဝဟောင်းသို့ပြန်သွားရမည်ဆိုလျှင်တောင်မှအသားကျမည်မဟုတ်တော့ဟုထင်မိလေသည်။


ဖေဖေယွမ်၏ဟင်းချက်စကေးကောင်းမွန်မှုကအပြစ်ပြောစရာတစုံတရာမရှိပေ။သူ့၏လက်ရာက စုန့်မိသားစုအိမ်အကူထက်ပင်ပို၍ကောင်းမွန်ပေသည်။


ယွမ်ရှက ညနေတွင်ရုပ်ရှင်သွားကြည့်ရမည့်ကြောင်းကိုပင်မေ့လျော့နေပေပြီ။ သူငါးအရိုးနွင်ရင်းဖေဖေယွမ်ကိုမော့ကြည့်ကာပြောလိုက်သည်။


"ပါး... ပါးရဲ့ဟင်းချက်ကျွမ်းကျင်မှုနဲ့ဆိုရင်လေ စားသောက်ဆိုင်ဖွင့်ရင်တောင်မှပဲတကယ့်ကိုအောင်မြင်ကျော်ကြားမှာသေချာတယ်..."


ဝတ္ထုထဲမှယွမ်ရှက မောက်မာဝင့်ကြွားသည့်အရွယ်ကလေးလေးတယောက်မဟုတ်သော်လဲ သူ့ဖခင်ကိုချီးကျုးစကားတခါမှမဆိုခဲ့ဘူးပေ။သူမကသူ့အဖေကိုအမြဲလိုလိုအထင်သေးခဲ့သည်။ 


ဖေဖေယွမ်သည်သမီးကိုချစ်ခင်မြတ်နိုးတတ်သောဖအေတယောက်ဖြစ်သော်လဲ ဝင်ငွေမရှာနိုင်သည့်အဖေမဟုတ်သောကြောင့်သူမကအမြဲလိုလိုနှိမ့်ချကြည့်တတ်သည်။


ထို့ကြောင့် ယခုကဲ့သို့သောချီးကျုးစကားမျိုးမကြားဖူးသည်မှာသေချာပေသည်။


ဖေဖေယွမ်ကဝိုင်တခွက်ကိုမော့သောက်လိုက်ပြီးနောက် ပျော်ရွှင်တက်ကြွစွာဖြင့်ပြောလိုက်သည်။


"ပါးက မိသားစုစားပွဲအတွက်လောက်ပဲချက်ပြုတ်နိုင်တာပါ...စားသောက်ဆိုင်တဆိုင်ဖွင့်ဖို့အတွက်ကတော့လေ တကယ်ကိုမသင့်တော်ဘူး..."


"ဖိုးဖိုးရဲ့ ဟင်းချက်လက်ရာကအကောင်းဆုံးပဲ..."


ဝမ်လေးကမြှောက်ပင့်ပြောသည့်နေရာတွင် ဆရာတဆူသာဖြစ်သောကြောင့်ယခုအချိန်တွင် သူ့၏အစွမ်းများကိုထုတ်အသုံးချလိုက်သေးသည်။သူကသူ့၏အဆီပြင်လေးများကို ကိုင်လိုက်ပြီး...


"ဆရာဝန် အန်တီကတောင်ပြောတယ် ပေါင်ပေါင်ကဝနေလို့ ဝိတ်ချသင့်တယ်တဲ့..."


၎င်းကအမှန်တရားပင် ကလေးလေး၏ဖွံ့ဖြိုးမှုပုံသဏ္ဏန်သည် ကျန်းမာရေးအတွက်မကောင်းသောဘက်အခြမ်းတွင်ရှိနေသောကြောင့် ဆရာဝန်များကသူ့၏အစားသောက်ကိုထိန်းချုပ်ရန်လိုအပ်သည်ဟုဆိုခဲ့လေသည်။


ယွမ်မိသားစုတွင် စားသောက်ဝိုင်း၌စကားမပြောရသည့်တင်းကြပ်သောစည်းကမ်းမျိုးမရှိသောကြောင့်အစားစားနေရင်းတလျှောက်စကားစမြည်ပြောနေကြလေသည်။


နွေရာသီညနေခင်းများကအပူချိန်မမြင့်မား‌တော့ပဲ နွေးထွေးပြီးနေရသည်မှာသက်တောင့်သက်သာရှိလှသည်။


စုန့်ထင်ရှန်းက ညစာစားပွဲ၌စကားအများကြီးမပြောသော်လဲပုံမှန်ထက်ပိုစားခဲ့လေသည်။သူတို့မိသားစုသုံးယောက်လုံးစားသောက်ပြီးပြန်တော့မည့်အချိန်ထိ ရုပ်ရှင်သွားကြည့်မည့်အကြောင်းကိုမပြောသေးကြောင်းမေမေယွမ်သတိပြုမိလိုက်သည်။


သူ့၏သမီးယွမ်ရှက ကတိမတည်မတည်ပဲမေ့သွားမည်ကိုစိတ်ပူသောကြောင့်သူမလှမ်းပြောလိုက်၏။


"ရှရှ ဒီနေ့ဝမ်လေးကိုခေါ်ပြီးရုပ်ရှင်သွားကြည့်မယ်လို့မပြောဘူးလား...အခုချိန်လောက်ဆိုရင်ရုပ်ရှင်ရုံမှလူကြပ်နေလောက်ပြီနော်..."


ယွမ်ရှကယခုမှသာလျှင် ရုပ်ရှင်သွားကြည့်ရန်သဘောတူထားကြောင်းသတိရသွားသည်။ကလေးလေးစုန့်ကပျော်ရွှင်သွားပြီးခုန်ကာ သူ့အမေ၏ခါးကိုဖက်လိုက်သည်။


"မာမား သားရုပ်ရှင်သွားကြည့်ချင်တယ် ...မာမား သား ရုပ်ရှင်သွားကြည့်ချင်တယ်..."


တကယ်တမ်းပြောရမည်ဆိုလျှင်ကလေးများအတွက်က မည်သည့်ရုပ်ရှင်ကားကိုကြည့်ရမည် သို့မဟုတ် ထိုရုပ်ရှင်ကား၏ဇာတ်လမ်းဇာတ်ကွက်ကို သူနားလည်နိုင်မလည်နိုင်မည်ကအရေးမကြီးပေ။အရေးကြီးသည်မှာသူ့မိဘများနှင့်အတူသွားရမည်ဆိုခြင်းကပင် ပျော်ရွှင်စရာဖြစ်နေပေသည်။


"ကောင်းပြီ သွားကြမယ်..."


ယွမ်ရှကသူမသဘောတူညီမှုပြုလုပ်ခဲ့ပြီးရုပ်ရှင်လက်မှတ်များကို ယူထားပြီးသားဖြစ်သည်။သူမအခိုက်အတန့်လေးသာမေ့သွားခြင်းဖြစ်၏။ယခုမေမေယွမ်က သတိပေးလာခဲ့လေရာ သူမအနေနှင့်ငြင်းပယ်စရာအကြောင်းမရှိပေ။


သူမစုန့်ထင်ရှန်းကိုကြည့်လိုက်သည်။ သူမက ကလေးကိုသွားကြမည်ဟုပြောလိုက်သော်လဲ စုန့်ထင်ရှန်းသဘောတူမတူကိုမမေးရသေးပေ။


"ရှင် ရုပ်ရှင်သွားကြည့်ဖို့အားသေးတယ် မဟုတ်လား..."


စုန့်ထင်ရှန်းကနေ့လည်ခင်းကမြင်ခဲ့ရသော သရဲမအကြောင်းကိုမေ့လုနီးပါးဖြစ်နေသော်လဲ ယခုပြန်လည်သတိရသွားမိသည်။သာမာန်မိခင်များဆိုလျှင် သူတို့၏ကလေးများကိုကြောက်စရာရုပ်ရှင်ကားများကြည့်ရန်ခေါ်သွားမည်မဟုတ်သော်လဲ ယွမ်ရှကသာမာန်မိခင်မဟုတ်ပေ။ထို့ကြောင့်ပင် စုန့်ထင်ရှန်းက လိုရမည်ရ သူမကိုသတိပေးလိုက်သည်။


"မင်း အသက်လေးနှစ်အောက် ကလေးတွေနဲ့သင့်တော်မဲ့ရုပ်ရှင်ကားမျိုးကိုရွေးနော်..."


သူ့သား၏အသက်ကိုအထူးရည်ညွှန်းကာပြောလိုက်သည်။ တကယ်လို့သူမသာသရဲကားရွေးထားမည်ဆိုလျှင် သူ့သားကိုခေါ်၍ချက်ချင်းထွက်သွားလိမ့်မည်။