အပိုင်း ၂၅၆-၂၆၀
Viewers 14k

256


ကျန်းရှောင်မန်နှင့် ယွီချင်းရှီကျောင်းသို့စက်ဘီးဖြင့်သွားခဲ့ကြသည် ။


သူတို့အိမ်သည် ကျောင်းနှင့်အနည်းငယ်အဝေးသော်လည်း တကယ်တမ်းတွင် သူတို့ကိုယ်တိုင်စက်ဘီးစီးပြီး သွားစရာမလိုပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရှောင်မန် သူမအိပ်ရာစောစောဝင်ပြီး စောစောထလျှင် အလုပ်ကောင်းကောင်းလုပ်နိုင်ပြီး ကောင်းကောင်းအနားယူနိုင်မည်ဟုတွေးထားသည်။ သူမလေ့ကျင့်ခန်းလုပ်နိုင်ပြီး ကျန်းမာရေးကိုလည်းထိန်းသိမ်းထားနိုင်မည်ဖြစ်သည် ။ ၎င်းသည်ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်သကဲ့သို့ပင် ။


ကျန်းရှောင်မန် စက်ဘီးစီးမည်ဟု ဆုံးဖြတ်လိုက်ကတည်းက ယွီချင်းရှီပြောစရာမရှိပေ။ ကျန်းရှောင်မန် ပြောသည့်စကားအတိုင်း ဖြစ်သွားတာပင် ။


ယနေ့ နှစ်ယောက်သားလမ်းတွင်မတော်တဆမှုဖြစ်ခဲ့သည် ။


ကျန်းရှောင်မန် ယွီချင်းရှီကိုဝင်တိုက်မိပြီး ယွီချင်းရှီခြေထောက်ဒဏ်ရာရသွားကာ သူ၏ကျောင်းဘောင်းဘီပင် အနည်းငယ်ပြဲသွားခဲ့သည် ။


ယွီချင်းရှီက ထိုကဲ့သို့​သေးငယ်သည့် ဒဏ်ရာမျိုးကိုဂရုမစိုက်ပေ။ ဆေးပလာစတာကပ်ရုံဖြင့် လုံလောက်ပြီဟုသူထင်ပြီး သက်သာနေပြီဟုပင် စဉ်းစားခဲ့သည်။ သို့သော်ကျန်းရှောင်မန်က အလွန်အပြစ်ရှိသည်ဟုခံစားရပြီး ဝမ်းနည်းနေသည်။ ကျောင်းသို့ရောက်သည်နှင့် သူမဆရာမကို ပြောပြရန် မြန်နိုင်သမျှမြန်မြန်သွားခဲ့ပြီး ယွီချင်းရှီကိုကျောင်းဆေးခန်းသို့ပို့ပေးခဲ့သည်။


ယွီချင်းရှီ သူမလုပ်ချင်သည်ကို လုပ်ခွင့်ပေးထားခဲ့သည် ။


နှစ်ယောက်သား ကျောင်းဆေးခန်းသို့အတူတူသွားခဲ့ကြသည် ။


ကံဆိုးစွာဖြင့် ထိုမြင်ကွင်းကိုယဲ့ကျားကျားမြင်သွားခဲ့သည်။ သူမ၏ယခင်ခန့်မှန်းချက်ကိုတွေးကြည့်လိုက်ပြီး သူမမျက်လုံးထဲတွင်အတင်းပြောချင်သည့် အလင်းရောင်ကပို၍ တောက်ပလာခဲ့သည် ။


'အရမ်းကိုချစ်နေကြပါလား...'


'ဒီနှစ်ယောက်မှာ တကယ်ကိုပြဿနာရှိနေတာပဲ...'


ယဲ့ကျားကျား သူတို့နောက်သို့လိုက်ပြီး ကြည့်ရန်ဆုံးဖြတ်လိုက်သည် ။


အဆုံးတွင် မည်သည့်အရာမှမဖြစ်သွားပေ ။ ယွီချင်းရှီနှင့်ကျန်းရှောင်မန် ကျောင်းဆေးခန်းတွင်းသို့တစ်ယောက်နောက် တစ်ယောက်လိုက်၍ဝင်သွားခဲ့သည် ။


'ကျောင်းဆေးခန်းလား...'


ယဲ့ကျားကျား စာလုံးကြီးများကိုကြည့်လိုက်ပြီး အတွေးထဲတွင်ပျောက်ဆုံးသွားသည်၊ ယခုတစ်ကြိမ်တွင် အရာအားလုံးပုံမှန်ဖြစ်နေ၍ သူမမည်သည့်အရာကိုမှကောက်ချက်မချနိုင်ခဲ့ပေ ။


သူမစူးစမ်းစွာ​ဖြင့် တစ်ဝက်ပိတ်ထားသည့်ဆေးခန်း၏ တံခါးဆီသို့ဦးတည်လိုက်သည် ။


" မင်္ဂလာပါ အတန်းဖော်လေး…နင်ဘာလုပ်နေတာလဲ... "


ယဲ့ကျားကျား အာရုံစိုက်နေခဲ့ပြီး သူမကိုအနှောင့်အယှက်ပေးနေခြင်းကို စိတ်မရှည်ဖြစ်လာသည်။ သူမပုခုံးပေါ်ရှိလက်ကို ဖယ်လိုက်ပြီး " သွား...ငါ့.ကိုမနှောင့်ယှက်နဲ့ "


" အတန်းဖော် အတန်းကစနေပြီလေ...ဒီမှာဘာလုပ်နေတာလဲ... " 

ထိုအသံက အနည်းငယ်ဒေါသထွက်နေလေသည် ။

အတန်းအချိန်လား...


အတန်းအချိန်...


ယဲ့ကျားကျား သူမခေါင်းကိုရုတ်ချည်းလှည့်လိုက်ပြီး ထိုသူ၏လက်မောင်းပေါ်မှလက်ပတ်ကိုမြင်လိုက်ပြီး သူမကြက်သေသေသွားခဲ့သည် ။


' သူကလူတိုင်းကြောက်ရတဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်မဟုတ်လား...'


'ဘာလို့လဲ...ဘာလို့သူမကိုဖမ်းနေရတာလဲ'


' အား...ရပ်လိုက်ပါတော့...'

သူမ မလိုချင်... သူမအထိန်းသိမ်းမခံချင်ပေ ။


" စာသင်ချိန်အတွင်း စည်းကမ်းမဖောက်ဖျက်ရဘူး... နောက်ပြီးကိုယ့်ကိုကိုယ်သတိမလွတ်ရဘူး... ဒီမှာရပ်နေပြီး မင်းအတန်းပိုင်လာခေါ်တဲ့အထိစောင့်နေ... " 

သူစာအုပ်ကိုထုတ်လိုက်ပြီး သူမနာမည်ကိုချရေးလိုက်သည် ။


ယဲ့ကျားကျားငိုချင်သော်လည်း မျက်ရည်များထွက်မလာပေ။ သူမနံရံထောင့်ကိုမှီ၍ ရပ်နေရုံသာတတ်နိုင်သည် ။


သူမ မတ်တပ်ရပ်ဖို့အပြစ်ပေးခံရခြင်းက ပထမဆုံးအကြိမ်မဟုတ်ပေ။ သူမ ယခင်ကကြုံဖူးပြီးသားဖြစ်သည် ။


သူမ မတ်မတ်ရပ်ပြီး ကြည့်ကောင်းနေသရွေ့ မည်သူကမှဘာဖြစ်နေမှန်းသိလိမ့်မည်မဟုတ်ဘူးဟု ရှောင်မန်ပြောထားသည်။ သူမထိန်းသိမ်းခံထားရလျင်ပင် ရဲရင့်ပြီး အကြောက်အလန့်ကင်းသည့်ပုံပေါက်နေရမည် ။


ယဲ့ကျားကျား သူမကျောကိုဆန့်လိုက်သည် ။


သူမ လုံးဝမကြောက်တော့ပေ...


ဒီလောက်ပါပဲ... 

သူမထိုအကြောင်းတွေးပြီးသည်နှင့် နားဝင်မချိုသည့်အသံအချို့ကိုသူမကြားလိုက်ရသည် ။


" အကိုကျဲ...မိန်းကလေးတစ်ယောက် ကဘာလို့အဲ့မှာရှိနေတာလဲ "


" ဝါး...မိန်းကလေးတစ်ယောက်အဲဒီ့မှာတစ်ကယ်ရှိနေတာပဲ... ကျောင်းရဲ့ မိန်းကလေးအနိုင်ကျင့်သူလား..."


" ဒီကိုလာပြီး ငါတို့နဲ့အထိန်းသိမ်းခံလေ..."


ယဲ့ကျားကျား ထိတ်လန့်သွားသည်။ သူမလှည့်ကြည့်လိုက်ပြီး နံရံထောင့်တွင် တန်းစီပြီးရပ်နေသည့် ယောကျာ်းလေးများကိုတွေ့လိုက်ရသည်။ ထိုယောကျာ်းလေးများ၏ကိုယ်ဟန်အနေအထားသည်ပေါ့ပေါ့ပါးပါးဖြစ်ပြီး ပူပင်ကြောင့်ကြမှုကင်းနေပြီး စည်းကမ်းထိန်းသိမ်းရေးကော်မတီကို အထင်သေးနေသည်မှာသိသိသာသာပင်ဖြစ်သည် ။


နောက်ပြီး အကိုကျဲဟုခေါ်သည့် ခေါင်းဆောင်သည် ယဲ့ကျားကျားသိသည့်သူတစ်ယောက်ဖြစ်သည် ။


အကိုကျဲမှာ ကျောင်းအနိုင်ကျင့်သူအကြီးစားဖြစ်ပြီး အလွန်ဆိုးရွားသည့်အမျိုးအစားဖြစ်သည် ။


အကိုကျဲလည်း ယဲ့ကျားကျားကိုကြည့်နေခဲ့သည် ။


သူ၏မျက်လုံးတစ်စုံသည် မလိုတမာအပြုံးပြုံးနေခဲ့သည် ။


ယခုထိန်းသိမ်းသည့်နေရာသည် အခြေခံအားဖြင့်သူ၏ညီအကိုအဖွဲ့အတွက်ဖြစ်ပြီး တခြားကလေးတစ်ယောက်ယခုနေရာသို့အပို့ခံရခြင်းမှာ ရှားသည် ။


မိန်းကလေးတစ်ယောက်နှင့် သူတို့အတူရပ်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည် ။


၎င်းက အလွန်စိတ်ဝင်စားဖို့ကောင်းသည် ။


အစ်ကိုကျဲ ယဲ့ကျားကျားကိုခင်မင်ရင်းနှီးမှုသင်္ကေတဖြင့် လေချွန်လိုက်သည် ။


xxxxxx


Part 257


ယဲ့ကျားကျားနှုတ်ခမ်းများကွေးညွှတ်သွားသည်။ သူမယခုလေးတင် သူမကိုယ်သူမအားပေးထားခြင်းဖြစ်သော်လည်း ယခုအချိန်တွင်တော့ သူမမျက်လုံးမှမျက်ရည်များစတင်ကျဆင်းလာပြီဖြစ်သည် ။


'ဝူး...ဝူး...ဝူး ရှောင်မန်... ငါ့ကိုလာပြီးကယ်ပါ၊ ဒီလူတွေကအရမ်းကြောက်ဖို့ကောင်းတာပဲ ...'


" သူမ ငိုနေပြီ ..."


" အကိုကျဲ သူမကိုဘာလုပ်လိုက်တာလဲ..."


အကိုကျဲလည်းဆွံအသွားခဲ့သည်။ သူတစ်ခဏလောက်ရပ်သွားခဲ့ပြီး မည်သည်ကိုမှမရှင်းပြနိုင်တော့ပေ ။


သူ သူမကိုရဲစွမ်းသတ္တိရှိသည်ဟုတွေးထားသော်လည်း သူမကမမျှော်လင့်စွာဖြင့် အငိုသန်သည့်ကလေးဖြစ်နေခဲ့သည် ။


' နောက်ဆုံးအကြိမ်တုန်းက အိမ်သာထဲမှာတွေ့ခဲ့တဲ့အမကြီးကိုတွေ့ဖို့ကမလွယ်ကူနိုင်ဘူး...ဟုတ်တယ်မလား... '


" ဘာလုပ်နေကြတာလဲ... " 

ပြတ်တောင်းသည့်အသံတစ်ခုထွက်ပေါ်လာခဲ့ပြီး အကိုကျဲ သူ၏အကြားအာရုံယောင်ယောင်မှားမှားဖြစ်သွားသည်ဟုပင်တွေးမိလိုက်သည် ။


"ဝူး...ဝူး...ဝူး" 

ယဲ့ကျားကျားမျက်လုံးများအရောင်တောက်လာသည်။

" ရှောင်မန် ငါ့ကိုကယ်ပါ... "


" သူတို့အရမ်းဆိုးတာပဲ...သူတို့ငါ့ကို‌လှောင်ပြီး လေလည်းချွန်နေကြသေးတယ်..."


ယဲ့ကျားကျား ကျန်းရှောင်မန်၏လက်ကိုဆွဲလိုက်ပြီး ကျောထောက်နောက်ခံရှာတွေ့သွားသကဲ့သို့ စောဒကတတ်လိုက်သည်။ သို့သော်သူမအနောက်သို့ပြန်လှည့်ကြည့်လိုက်ချိန်တွင် ယခုပင် ပျင်းပျင်းရိရိရပ်နေခဲ့သည့်အနိုင်ကျင့်သူလေးများအဖွဲ့သည် ယခုအလွန်တည့်တည့်မတ်မတ်ရပ်နေကြသည်မှာ သန်မာသည့်ထင်းရှုးပင်ကြီးများကဲ့သို့ပင် ။


အားလုံးက ခေါင်းလောင်းကဲ့သို့ရပ်နေပြီး သူတို့၏မျက်လုံးများသည်မီးရှုးတိုင်ကဲ့သို့တောက်ပနေကြသည်။ သူတို့ထူးထူးခြားခြားပင် တက်ကြွပြီး ယဥ်ကျေးနေကြသည် ။


"ဘာလဲဟ..." 

ယဲ့ကျားကျားလန့်သွားပြီး အငိုရပ်သွားခဲ့သည် ။


ကျန်းရှောင်မန်ချက်ချင်းပင် အကိုကျဲကို အေးစက်သည့်မျက်လုံးများဖြင့်ကြည့်လိုက်ပြီး သူမ၏အကြည့်ထဲတွင် အကြွင်းမဲ့သတိပေးချက်များ ပါဝင်နေသည် ။


" နောက်ဆုံးတစ်ခေါက်တုန်းက ငါနင်တို့ကိုနောင်တရပြီး လူသစ်တစ်ယောက်ဖြစ်လာဖို့ပြောခဲ့တယ်လေ...ကြည့်ရတာနင်တို့ကအတည်မမှတ်တဲ့ပုံပဲ... " 

ကျန်းရှောင်မန်သူမ၏လက်ချောင်းများကိုရွေ့လိုက်ပြီးပြောလေသည်။ 


" မိန်းကလေးအတန်းဖော်တစ်ယောက်ကိုအနိုင်ကျင့်တယ်... နောက်တော့သူမကိုငိုအောင်လုပ်ပြီး လေချွန်ခေါ်တယ်... နင်ကအံ့သြဖို့ကောင်းတာပဲ... "


" မဟုတ်ဘူး...မဟုတ်ဘူး...တကယ်ကိုမဟုတ်ပါဘူး " 

အကိုကျဲ ခေါင်းခါလိုက်သည်။

" အမကြီး ငါ့ကိုအပြစ်မတင်ပါနဲ့ ...ငါတစ်ခါတည်းပဲ လေချွန်လိုက်တာပါ... "


ယဲ့ကျားကျားတတ်ကြွစွာဖြင့်ခေါင်းငြိမ့်လိုက်သည်။

" သူလေချွန်တယ်... "


ကျန်းရှောင်မန်ရှိနေတည်းက ယဲ့ကျားကျားသူမ၏ယုံကြည်ချက်များ ပြန်ရလာပြီဖြစ်သည် ။


သူမဒါကိုဘယ်လိုလုပ်သင့်လဲ...သူတို့ကဘယ်သူ့ကိုမှမရိုက်ထားသလို သူတို့လည်းအကိုကျဲတို့ကိုပြန်ရိုက်လို့မရဘူးလေ...


ကျန်းရှောင်မန် ခဏတာခေါင်းကိုက်သွားခဲ့ပြီး ယဲ့ကျားကျားကိုအကြုံပြုလိုက်သည်။

" နင်သူ့ကိုလေပြန်ချွန်လို့ရတာပဲလေ...ငါတို့အဲ့ဒါနဲ့တောင်ဆုံးဖြတ်လို့ရနိုင်သေးတယ်... "


" ဟမ်  အဲဒီ့လိုလား..."


ယဲ့ကျားကျား တစ်ခဏတာလောက်တုံ့ဆိုင်းသွားပြီးနောက်တွင် အလွန်တိုတောင်းစွာဖြင့်လေချွန်လိုက်သည် ။


အကိုကျဲရှက်ကိုးရှက်ကန်းဖြင့် မျက်နှာနီရဲလာသည် ။


သူအနောက်သို့လှည့်လိုက်၍ သူ့ညီငယ်များကိုကန်လိုက်သည်။

" မင်း၊ မင်း နဲ့ မင်း... မင်းရောပဲအခြားတစ်ယောက်အကြောင်းကိုပြောတယ်လေ၊ မြန်မြန်တောင်းပန်လိုက်... "


သူတစ်ယောက်တည်းအပြစ်ပေးမခံနိုင်ပေ။ ကောင်းကျိုးများနှင့်အခက်အခဲများကိုအတူတူမျှဝေခံစားရမည်ဖြစ်သည် ။


ကောင်လေးများ စိတ်ရင်းမှန်ဖြင့်ရိုသေလေးစားကြသည်၊ သူတို့အတူတကွ ဦးညွှတ်လိုက်ပြီး ယဲ့ကျားကျားကိုတောင်းပန်လိုက်ကြသည် ။ ယဲ့ကျားကျားအလွန်ကြောက်ရွံ့၍ ကျန်းရှောင်မန်အနောက်တွင်ပုန်းနေခဲ့ပြီး ​ယခုထိကြောက်လန့်နေဆဲဖြစ်သည် ။


'ဘာလို့ဒီလူတွေက ချက်ချင်းရိုသေသွားကြတာလဲ...'


'ရှောင်မန်ကတော့ရှောင်မန်ပါပဲ...'


ယဲ့ကျားကျား ကျန်းရှောင်မန်ကို သူမရင်ထဲမှနေ၍ လေးစားနေခဲ့သည်၊ အကိုကျဲနှင့် သူ၏အဖွဲ့သည်လည်း ကျန်းရှောင်မန်ကိုလေးစားနေခဲ့သည် ။


ကျန်းရှောင်မန်က အလွန်သစ္စာရှိပြီး အရည်အချင်းအပြည့်ရှိသူဖြစ်၍ သူမ သူတို့နှင့်လာပူးပေါင်းသင့်သည်။


ကျန်းရှောင်မန်ထွက်သွားခဲ့သော်လည်း ယဲ့ကျားကျား သူမကိုမျက်ရည်များနှင့်ကြည့်နေခဲ့ပြီး သူမကိုခေါ်သွားရန်တောင်းပန်နေခဲ့သည် ။


'သူမကို အတန်းပိုင်ဘယ်အချိန် လာခေါ်မယ်မှန်းဘယ်သူကသိမှာလဲ... သူမဆက်ပြီး အကိုကျဲနဲ့တခြားသူတွေနဲ့ဆက်အထိန်းသိမ်းခံနေရအုံးမှာလား... တကယ်လို့ ရှောင်မန်သာထွက်သွားရင် အကိုကျဲကသူမကိုလေချွန်ပြီး ပြက်ရယ်ပြုအုံးမှာလား...'


ကျန်းရှောင်မန်လည်းမတတ်နိုင်တော့ပေ။ သူမကလေးများ ငိုနေတာကိုမကြည့်နိုင်ဆုံးဖြစ်သည်။ သူမအသံကိုနိမ့်၍ မေးရုံသာတတ်နိုင်သည်။

" နင်ဘာလို့အဖမ်းခံရပြန်တာလဲ... "


ယဲ့ကျားကျားလည်း တိုးတိုးလေးဖြင့် ပြောလိုက်သည်။

" ငါလည်းမတတ်နိုင်ဘူး...ငါနင်နဲ့ ယွီချင်းရှီဆေးခန်းထဲဝင်သွားတာကိုခုလေးတင်မြင်လိုက်တာ၊ ငါ...ငါထင်တာကနင့်မှာကိစ္စတစ်ခုခုဖြစ်လို့ပေါ့... ဒီတော့ငါလည်းနင့်နောက်လိုက်ပြီးကြည့်မလို့ပေမယ့် ငါအချိန်ကိုမေ့သွားတယ်... ဝူး...ဝူး...ဝူး... ရှောင်မန် ငါ့ကိုကယ်ပါ..."


' ဒီတော့ ဒါကဘာဖြစ်ခဲ့လဲဆိုတာပေါ့ ...'


ကျန်းရှောင်မန် စည်းကမ်းထိမ်းသိမ်းရေးကော်မတီကလူတွေကိုစကားသွားပြောရတော့သည်။

" ငါ့အတန်းဖော်ခြေထောက်မှဒဏ်ရာရသွားလို့ ကျောင်းဆေးခန်းကိုဆေးထည့်ဖို့ခေါ်သွားခဲ့တာ...ဒီအတန်းဖော်ကငါတို့ကိုကူညီပေးခဲ့တာ... သူမကိုအပြစ်မပေးဖို့အတွက်မဖြစ်နိုင်ဘူးလား ဒီတစ်ကြိမ်တော့လိုက်လျောပေးလို့မရဘူးလား စီနီယာ..."


ထိုစီနီယာသည် လှေကားအပေါ်ထပ်တွင်ဆေးအိတ်ကိုင်ပြီးရပ်နေသည့် ယွီချင်းရှီကိုကြည့်လိုက်ပြီး ယွီချင်းရှီကသူ့ကိုခေါင်းငြိမ့်ပြလိုက်သည် ။


" ကောင်းပြီ..ဒီတစ်ကြိမ်ပဲနော်၊ နောက်တစ်ခါထပ်မလုပ်နဲ့..." 

ဟုထိုအထက်တန်းကျောင်းသားစီနီယာကဆိုလေသည် ။


ကျန်းရှောင်မန် အောင်မြင်စွာဖြင့် ယဲ့ကျားကျားကိုစည်းကမ်းထိမ်းသိမ်းရေးအခန်း၏ အဝေးကိုဆွဲခေါ်လာလိုက်ခဲ့သည် ။


ယဲ့ကျားကျား ကျေးဇူးတင်သွားခဲ့သည် ။


အကိုကျဲနှင့်သူ၏အဖွဲ့သည် အားကျစွာဖြင့် သူတို့ထွက်သွားသည်ကိုကြည့်နေခဲ့သည် ။


xxxxxx


258


ဒါက ' အဖြူနဲ့ အနက်လမ်းကြောင်းကိုတစ်ပြိုင်တည်းစားတယ် 'ဆိုတဲ့ဒဏ္ဍရီထဲကလိုမဟုတ်လား...


( T/N -  မကောင်းမှုနဲ့ရော ကောင်းမှုနဲ့ပါဆက်နွှယ်နေတယ့်တစ်စုံတစ်ယောက်ကိုပြောတာပါ)


[ တင်းတောင်၊ ဆွန်းရှောင်ကျဲ၏ လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ ပွိုင့် ]


[ တင်းတောင်၊ ဝမ်ဟိုင်၏လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ပွိုင့် ]


[ တင်းတောင်၊ ကျိုးလီလီ၏လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ပွိုင့်]


[ တင်းတောင်၊ သမ်းယူရန်၏လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ပွိုင့်]


...


အကိုကျဲ၏အဖွဲ့ ...သူတို့အားလုံးအတူတကွ ကျန်းရှောင်မန်ကိုတစ်ခဏအတွင်းပွိုင့်တစ်ထောင်ကျော်ပေးလိုက်ကြသည် ။

ပွိုင့်တစ်ထောင်ကျော်တောင်လား...


ထို့အပြင် လူတစ်ယောက်ကို၁၀၀ပွိုင့်ရရှိခြင်းသည် အဆိုးမြင်စိတ်မှနေ၍ ၁၀ပွိုင့်ရရှိသည်နှင့်မတူညီပေ။ အမှတ်များချက်ချင်းပင် ရက်ရက်ရောရောနှင့်ရရှိလာခြင်းသည် စနစ်တမင်သက်သက်လုပ်သည်ဟုကျန်းရှောင်မန်သံသယဝင်နေခဲ့သည်။ ၎င်းဆီသို့အပ်နှံထားသည့် ပစ္စည်းများကို ကျန်းရှောင်မန်ဆီသို့ကြုံရာကျပန်း ပေးနေခြင်းဖြစ်သည် ။


လောကကြီးကိုမြင်ဖူးထားသည့် ကျန်းရှောင်မန်ပင် ဒီတစ်ကြိမ်တွင်တော့တုန်လှုပ်ရုံမှအပမတတ်နိုင်တော့ပေ ။


ကျန်းရှောင်မန် ခဏရပ်သွားပြီးနောက်တွင် အမှုမထားသလိုဖြင့်ရှေ့သို့ဆက်လျှောက်သွားခဲ့သည် ။


' ပျော်လိုက်တာ...အရမ်းပျော်တာပဲ ...'


ကျန်းရှောင်မန် သူမ၏အမှတ်များကိုကြည့်ရန် စနစ်၏ကိုယ်ထည်ကို ဖွင့်နေသည့်သူမ၏လက်များကိုမရပ်တန့်နိုင်တော့သော်လည်း သူမကကျောင်းသူကောင်းတစ်ယောက်ဖြစ်ပြီး ကျောင်းသူကောင်းတစ်ယောက်ကအတန်းမပြေးနိုင်သောကြောင့် သူမနောက်ပြန်ဆုတ်သွားသည် ။


ကျန်းရှောင်မန် စနစ်ကိုစကားပြောဖို့ရန်အတွက် နားချိန်မရောက်မချင်းထိအချိန်ယူလိုက်ရသည် ။


" ဒီရိုသေလေးစားမှုအမှတ်တွေကဘာတွေလဲ...ဦးဦး သမီးကို လေးစားမှုကိုစုဆောင်းရမယ့်တာဝန်မပေးထားဘူးလေ...ဘာလို့သမီးကိုတစ်ကြိမ်တည်းနဲ့ အမှတ်တွေအများကြီးပေးထားတာလဲ " 

အမှတ်များအလွန်လွယ်လွယ်ကူကူနှင့်ရနေခြင်းဖြစ်ပြီး နည်းလမ်းက မရိုးသားလောက်ဟု ကျန်းရှောင်မန်သံသယဖြစ်လာသည် ။


ကျန်းရှောင်မန် နည်းလမ်းကျကျဖြင့်မေးလိုက်သည်

" ဦးဦးစနစ် လူကြီးလူကောင်းတွေက သင့်လျော်တဲ့နည်းနဲ့ပဲ ကံကိုခုံမင်နှစ်သက်သင့်တယ်...ဦးဦးဒီလိုလုပ်လို့မရဘူး..."


"..." စနစ်တစ်ခဏတာလောက်တုံ့ဆိုင်းသွားသည်။


" ပိုင်ရှင် လေးစားရိုသေတာနဲ့ အဆိုးမြင်စိတ်ကတူညီတဲ့အရာမဟုတ်ဘူးနော်၊ မင်းရဲ့မြင့်မြတ်တဲ့ ဗီလိန်အမြင်အရသိနိုင်ပါတယ်... "


ထိုသို့ကြား၍ ကျန်းရှောင်မန်သူမခေါင်းကိုထိလိုက်ပြီး အံသြစွာဖြင့်ဆိုလေသည် " ဟမ်...ဒီတော့သမီးမှာမြင့်မြတ်မှုတွေရှိနေသေးတာလား "


"...အင်း၊ အကိုကျဲ နဲ့အခြားသူတွေ... သူတို့အားလုံးကမကောင်းတဲ့သူတွေပဲလေ၊ လူဆိုးတွေက တခြားလူဆိုးတွေကိုစံထားပြီး တစ်ယောက်နဲ့တစ်ယောက်လေးစားကြတယ်လေ လူဆိုးတွေကယုံကြည်စိတ်ချရသူဖြစ်ကြောင်းညွှန်ပြနေပြီး ရင့်ကျက်တဲ့လူဆိုးတစ်ယောက်က ပညာရှိပြီး ဂုဏ်သိက္ခာနဲ့ပြည့်စုံတဲ့အရည်အသွေးမျိုးလည်းရှိတယ်လေ "


" သမီးမှာ သြဇာအပြည့်နဲ့ကိုယ်ရည်ကိုယ်သွေးမျိုးရှိတယ်လို့ပြောတာလား..." 

သူမအသံသည်တတ်ကြွပြီး အလွန်ပျော်နေသည် ။


စနစ်သည် ပိုင်ရှင်၏ကြားချင်ရာကြားသည့်ရောဂါနှင့်နေသားကြနေခဲ့ပြီဖြစ်ပြီး ဆက်ပြောခဲ့သည်။

" ငါ မင်းကိုလေးစားမှုကိုစုဆောင်းရမယ့် တာဝန်ကိုမပေးထား​ပါဘူး ဒါပေမယ့်မင်းရဲ့မြင့်မြတ်တဲ့ဗီလိန် စွမ်းရည်ကတည်ငြိမ်နေတာမဟုတ်ဘူး တက်ကြွနေတဲ့စွမ်းရည်မျိုးလေ..."


"အိုး..." 

ကျန်းရှောင်မန်သဘောပေါက်သွားပြန်သည် ။


ထိုသို့တွေးပြီးနောက်တွင် သူမစားပွဲရှေ့တွင်ထိုင်နေသည့်သူငယ်ချင်း၏ ကျောကိုလှမ်းပုတ်လိုက်သည်။

" အတန်းဖော်လေး ...နင့်ရဲ့စည်းကမ်းထိမ်းသိမ်းရေးကော်မတီလက်ပတ်လေးကိုငှားပေးလို့ရမလား၊ ငါသိပ်မကြာခင်ပြန်ပေးပါ့မယ်..."


" ဒါပေါ့... "


သူမခုံရှေ့တွင်ထိုင်နေသည့် ကျောင်းသားသည်ယနေ့သူ၏တာဝန်နေ့မဟုတ်၍ လက်ပတ်ကအသုံးမလိုပေ၊ သူမရင်ကိုကော့၍ ပထမထပ်ခန်းမဆီသို့အပြေးအလွှားသွားတော့သည် ။


အကိုကျဲနှင့် သူ၏အဖွဲ့က ထိုနေရာ၌အထိန်းသိမ်းခံထားရဆဲဖြစ်သည် ။


ကျန်းရှောင်မန်လာသည်ကိုမြင်၍ သူကျောကိုဆန့်၍ မတ်မတ်ရပ်လိုက်သည် ။


ကျန်းရှောင်မန် တမင်သူတို့ရှေ့မှဖြတ်လျှောက်လေသည် ။


သူမလက်မောင်းပေါ်မှလက်ပတ်ကိုမြင်၍...


" ဝါး..."


ကျန်းရှောင်မန် သူတို့၏အံ့သြသံကိုကြားရပြီးနောက်တွင် စိမ်ပြေနပြေဖြင့်ပြန်ထွက်လာခဲ့သည် ။


[ တင်းတောင်၊ ဆွန်းရှောင်ကျဲ၏လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ပွိုင့်]


[ တင်းတောင်၊ ဝမ်ဟိုင်၏လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ပွိုင့်]


[ တင်းတောင်၊ ကျိုးလီလီ၏လေးစားမှုကိုစုဆောင်းခြင်း ဆုလာဘ်-၁၀၀ပွိုင့်]


...


စနစ်: " ...." 


' ပိုင်ရှင်... တော်လိုက်တာ... အဲဒီ့အတိုင်းဆက်လုပ်နေနော် '


ထိုထောင့်နားတစ်ဝိုက်မှာပင် သူမ၏အဆင့်တက်သွားခဲ့သည် ။


xxxxxx


259


စနစ်မျက်နှာပြင်ကိုကြည့်ရင်း ကျန်းရှောင်မန် ပြုံးဖြီးဖြီးနဲ့အိပ်ရာပေါ်တွင်လှဲနေမိသည်။ 


သူမရဲ့ရမှတ်တွေကယခုဆို ပွိုင့် ၅၀၀၀ ကျော်နေပြီလေ သူမ စနစ်ဈေးကိုဝင်လိုက်သည့် နှစ်များအတွင်းမှာ အမှတ်များကပျောက်ကွယ်သွားတတ်သည်။ သူမကအများကြီးရှာနိုင်သကဲ့သို့ အများကြီးလဲ သုံးတတ်သည်။ ထို့အပြင် သူမကအများကြီး မစုဆောင်းနိုင်ပေ။ 

ဒီတစ်ကြိမ် သူမရဲ့အကောင့်ထဲ အမှတ်တွေအများကြီးဝင်လာတော့ သူမပျော်တာပေါ့... 


အဲဒီအချိန်မှာ စနစ်က အနည်းငယ်ရှက်နေသည့်အသံလေးနှင့်ပြောသည်။

"ပိုင်ရှင်ရေ အဆင့်မြှင့်ချင်လို့အမှတ်လေးနည်းနည်းလောက်ချေးပါလား ..."


ကျန်းရှောင်မန် ခဏခနိ့တွေဝေသွားသော်လည်း  အိပ်ချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။ 


"..." 


သူမ၏ ထောင်ချောက်သေးသေးလေးက စနစ်၏ မှော်ဆန်သောမျက်လုံးကို မလှည့်စားနိုင်ခဲ့ပေ။ ပြီးတော့အဲဒါကနည်းနည်းနာကျင်ရတယ်...


စနစ်က " ဦးဦး အဆင့်မြင့်လာတဲ့အခါ အံ့ဩစရာပိုကောင်းလာမယ် အဲ့ဒီအခါကျရင် သမီးလဲ လုပ်စရာရှိတာတွေများများပိုလုပ်နိုင်ပြီး အမှတ်များများပိုယူနိုင်မှာပေါ့ " ဟုပြောလိုက်သည် ။


သူကကြီးမားသော စနစ်တစ်ခုမဖြစ်နိုင်ခြင်းမှာ လုံလုံလောက်လောက်မသန်မာသေး၍ ဖြစ်‌သည်ဟု စနစ်က ခိုင်မာစွာယုံကြည်ထားသည်။

လုံလုံလောက်လောက်မသန်မာနိုင်တာကလဲ အမှတ်လုံလုံလောက်လောက်မရှိလို့‌လေ...ဒီတော့ အလုပ်ကိုပိုကြိုးစားပြီး အဆင့်မြင့်ဖို့ အရာအားလုံးက သတိပေးလာတော့တာပဲ...


သို့ရာတွင် အမှတ်များ မရှိသေးပေ။ 


ကျန်းရှောင်မန်ကမျက်လုံးဖွင့်ပြီးမေးလိုက်သည်။ " ဦးဦး သမီးကိုနောက်ဆုံးတစ်ခေါက်ကချေးထားတဲ့အမှတ်တွေတောင်ပြန်မပေးရသေးဘူးနော် " 


"..."

ဦးဦးမှာသာအမှတ်တွေရှိရင် သမီးကိုပြန်မပေးပဲနေပါ့မလား အခုဘာမှမရှိဘူးမဟုတ်လား... " 


ကျန်းရှောင်မန်ထပ်မေးလိုက်သည်။ 

"  ဦးဦး သမီးကိုအမှတ်တွေဘယ်လိုပြန်ပေးဖို့စီစဉ်ထားလဲပဲအရင်ပြောပါဦး..."


စနစ် ကတာဝန်တွေမှမလုပ်နိုင်တာ...ဒီတော့သူ့မှာအမှတ်တွေဘယ်ရှိပါ့မလဲ...သူ့အရင်ကအမှတ်တွေကိုဘယ်လိုရခဲ့တာလဲ...အဲဒါလည်းပဲပြဿနာတစ်ခုနေပြန်တယ်...


ပိုင်ရှင်ကမာနကြီးသဖြင့် ပြန်မဖြေသကဲ့သို့ အမှတ်တးလည်းမချေးပေးပေ။ စနစ်က ခဏခန့်တွေဝေနေပြီးနောက် ရွေးချယ်စရာမရှိပဲပြောလိုက်ရသည်။

" ဦးဦးတို့ စနစ်တွေမှာလဲတာဝန်ရှိတယ်လေ သမီးအရင်က တခြားစာအုပ်က တခြားဗီလိန်မလေးတွေကို ချိတ်ဆက်ခဲ့ရတာပဲ တာဝန်တွေပြီးရင် အမှတ်ရတယ်လေ..."


ဒီခေတ်မှာဘယ်စာအုပ်က စနစ်မရှိလို့လဲ... စနစ်  က အရမ်းကိုအလုပ်များပြီး တခါတလေ အဖြစ်အပျက်တွေကိုလဲအလျင်အမြန်လုပ်ရသေးတယ်... သူ့ အဆင့်ကအရမ်းနိမ့်နေရင် သူ့ကိုလာချိတ်တဲ့ ဗီလိန်မတွေကလဲ ရည်မှန်းချက်မရှိ အခြေခံမရှိနဲ့ နောက်တော့ ဇာတ်လမ်းကိုအပြီးသတ်ပြီး သူတို့နဲ့တန်တဲ့နေ့လည်စာဘူးတွေပဲသူတို့ရသွားတော့တာပဲလေ[1]...တာဝန်တွေကမြန်မြန်ပဲပြီးသွားပေမဲ့ အမြတ်ကတော့သိပ်မရဘူး... မဟုတ်ရင် ထောင်ကျော်ပွိုင့်လေးတွေကို သူ့အတွက်သူ ဘယ်လိုစုဆောင်းလို့ရမှာလဲ...


ကျန်းရှောင်မန်ခေါင်းငြိမ့်ပြီး သူမနားလည်ကြောင်းဖော်ပြလိုက်သည်။ 


" ပြောရရင် ဦးဦးသမီးကို အမှတ်တွေပြန်ပေးဖို့မလိုပါဘူး ဘာလို့လဲဆို ဇာတ်ကြောင်းပြီးသွားမှ တာဝန်ပြီးတယ်လို့သတ်မှတ်ခံရပြီး အမှတ်တွေရတာမလား... " 


"ဟုတ်တယ်လေ..." 

စနစ် ကရုတ်တရက်ကြီး ခံစားချက်များဆိုးဝါးလာသလိုပင် ခံစားလိုက်ရသည်။ 


" ဆိုတော့ ဦးဦးအမှတ်တွေရတဲ့အချိန်ကျရင် သမီးကိုလည်း လိုတော့မှာမဟုတ်ဘူးလေ... " 


"..." သူပြောတာလဲဟုတ်တာပဲ 


ကျန်းရှောင်မန်လှဲချလိုက်ပြီး။အိပ်ရန်ပြင်လိုက်တော့သည်။


စနစ် : ဝူး ဝူး ဝူး ဝူး !! 


ကျန်းရှောင်မန် : မငိုနဲ့ ငိုလို့လည်းမရဘူး ...


"ဝူး ဝူး ဝူး ဝူး  " 


"ဦးဦးကဘာလဲ ရထားကြီးလား" 


" ပိုင်ရှင်ာအဲ့လောက်လဲရက်စက်ပြီးမညှာမတာမလုပ်ပါနဲ့ ...မင်းတစ်ယောက်ပဲငါ့ကိုကူညီနိုင်တာပါ ဝူး ဝူး ဝူး ငါတို့ကသူငယ်ချင်းကောင်းတွေမဟုတ်ဘူးလား " 


ကျန်းရှောင်မန် သူမနားတွေကိုပိတ်ထားလိုက်သည်။


ဒါပေမဲ့ စနစ် ရဲ့အသံကသူမဦးနှောက်ထဲမှာတိုက်ရိုက်ပြောနေတာဆိုတော့သူမနားတွေကိုပိတ်ထားလဲအသုံးမဝင်ဘူးပေါ့ ...


ဝူး ဝူး ဝူးနဲ့ သူမခေါင်းထဲမှာ ရထားသေးသေးလေးတစ်စင်းပြေးနေသလိုပဲ ...


ကျန်းရှောင်မန်ထရပ်လိုက်ပြီးဒေါသတကြီးနှင့် ပြောလိုက်သည်။

" ကောင်းပြီ ကောင်းပြီ ဦးဦးကိုချေးပေးမယ် ဒါပေမဲ့ သမီးကိုဇာတ်ကြောင်းအတိုင်းလိုက်လုပ်ဖို့ဖိအားမပေးရဘူးလို့ကတိပေးရမယ်...မဟုတ်ရင် မချေးပေးဘူး... " 


စနစ်က လုံးဝရင်ထဲထိသွားသည်။

" ဝူး ဝူး ဝူး မင်းကတကယ့်ကိုလူကောင်းတစ်ယောက်ပဲ ..."


"..." 

ကျန်းရှောင်မန်သူမ၏ နှုတ်ခမ်းများကို ကွေးလိုက်ပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသလိုခံစားလိုက်သည်။

ဒီလှည့်ကွက်လေးကရင်းနှီးနေတယ်... တစ်ယောက်ယောက်ဆီကသင်ယူခဲ့ရသလိုပဲလေ...


ကြည့်ရတာ စနစ်က နေတာပိုကြာလာလေလေ ကလေးပိုဆန်လာလေလေဖြစ်နေတယ်... 


သူမသဘောတူလိုက်မှတော့ သူမရဲ့ကတိကိုထိန်းသိမ်းဖို့ သူမတက်နိုင်သမျှကိုအကောင်းဆုံးလုပ်ရမယ်လေ...ဒါပေမဲ့ သူမ အဆင့်မြှင့်ဖို့လုပ်လိုက်တဲ့အခါမှာတော့ ပြဿနာကြုံရတော့တယ်... 


[အားနာပါတယ်။ သင့်ရဲ့အမှတ်ပမာဏမလုံလောက်သဖြင့် 

သင် အခု upgrade တင်လို့မရနိုင်ပါ။ ] 


"ဟမ်..."


ကျန်းရှောင်မန်ခဏခန့် ရပ်သွားပြီး ရှင်းလင်းချက်ကို ကြည့်လိုက်သည်။ 


အဲဒါက အဆင့်တစ်ကနေ အဆင့်နှစ် ကိုရောက်ဖို့အတွက် ရမှတ် ၅၀၀၀ ပဲလိုပေမဲ့ အဆင့်နှစ်ကနေ အဆင့်သုံးကိုရောက်ဖို့ကျတော့ အမှတ် ၁၀၀၀၀ တောင်လိုတယ်တဲ့လေ...


အမှတ် တစ်သောင်းလား... သူမမှာတောင်အမှတ်အဲဒီလောက်မရှိဘူး...


" upgrade မလုပ်နိုင်တော့ဘူး "

ကျန်းရှောင်မန်နောင်တရစွာနှင့် ပြောလိုက်သည်။ 


စနစ်သည်လည်း အရမ်းမျှော်လင့်ချက်တွေပျောက်ဆုံးသွားသလို ခံစားလိုက်ရသော်လည်း သူလုပ်နိုင်သည့်အရာလည်း မရှိပေ။


အိပ်ရာမဝင်ခင် စနစ် ကကျန်းရှောင်မန်ကိုပြောဖို့မမေ့ပေ။ " ပိုင်ရှင် တာဝန်တွေအပြီးသတ်ပြီးအမှတ်များများရဖို့အလုပ်ကိုပိုကြိုးစားရမယ်နော် " 


"သိတယ် သိတယ် " 


ကျစ် ဘယ်သူက စနစ် ဘယ်သူက ပိုင်ရှင်လဲမသိ‌တော့ဘူး တကယ်ပါပဲ 


ရှင်းလင်းချက် 


[1] ရုပ်ရှင်များတွင်အပိုပါရသောအရံဇာတ်ကောင်များအတွက်ပေးသောဆုကြေးကဲ့သို့ သာမန်အားဖြင့် ၎င်း၏အရင် ပိုင်ရှင်များကအရေးမပါပေ။


xxxxxx


260


နောက်တစ်ရက်ကပိတ်ရက်ဖြစ်၍ ကျောင်းသွားရန်မလိုပေ။ 


ကျန်းရှောင်မန်က စည်းကမ်းရှိသောကလေးဖြစ်ကာ ကျောင်းတွင်လဲလုံ့လဝီရိယရှိစွာသင်ယူ၍ အိမ်တွင်လည်း မိမိကိုယ်ကိုထိန်းကျောင်းသောကလေးဖြစ်သည်။ 


သူမကျောင်းလွယ်အိတ်ကိုယူ၍ အိမ်စာတူတူလုပ်ရန် ယွီချင်းရှီဆီသို့ ထွက်လာလိုက်သည်။ 


ယွီချင်းရှီကြည့်ရတာစိတ်တွေပျံ့လွင့်နေသလိုပဲ... သူကျန်းရှောင်မန်ကိုကြည့်၍တိုးတိုးလေးပြောလိုက်သည်။

" သူတို့ပိတ်ရက်တွေမှာ အပြင်ထွက်ပြီးကစားကြတယ်လို့ငါ့အတန်းဖော်တွေဆီကငါကြားတယ်..." 


အပြင်ထွက်ကစားတယ်ဟုတ်လား ...နင်ကဘယ်သွားချင်လို့လဲ ...


ယွီချင်းရှီတိတ်ဆိတ်သွားပြန်သည်။ 


ပြောရရင် ကျန်းရှောင်မန်သည်လည်း သူ့ထက်ပို၍ အပြင်ထွက်ပြီး ကစားလေ့ရှိသည်။ 

ဒါကြောင့်သူပြန်မ‌ပြောနိုင်ဖြစ်သွားတာ... ဤကဲ့သို့သောအရာများကို အတွက် ယဲ့ကျားကျား ကသာ အကောင်းဆုံးသိသည်။ 

ဘယ်လိုပဲဖြစ်ဖြစ် ယွီချင်းရှီက ဒီလိုကိစ္စတွေအတွက် ယဲ့ကျားကျားကိုဒုက္ခမပေးချင်ဘူး...


"...နင်ဘာလို့မရွေးတာလဲ..."

ယွီချင်းရှီအသံနှိမ့်ပြီးပြောလိုက်သည်။ 


ကျန်းရှောင်မန် စာအုပ်ပိတ်လိုက်ပြီး ထိုအကြောင်းတွေးလိုက်သည်။

' နည်းနည်းလောက်အနားယူတာက။သိပ်ပြီးတော့လဲမဆိုးဝါးပါဘူး'ဟုသူမခံစားရသည်။


" ဒါဆို ငါတို့ အင်တာနက်ကဖေးကိုသွားကြမလား " ဟုပြောလိုက်သည်။ 


" ဘာ... " 


" အင်တာနက်ကဖေးလေ သူတို့ပိတ်ရက်တွေမှာအင်တာနက်ကဖေးသွားကြတယ်လို့ငါကြားတယ် ..." ဟုသူမပြောလိုက်သည်။ 


" နင်အင်တာနက်သုံးချင်ရင်လဲအိမ်မှာပဲသုံးလို့မရဘူးလား... " 


" အင်တာနက်သုံးရတဲ့ရည်ရွယ်ချက်ကဘာလဲ... အဓိကက လောကကြီးကိုကြည့်ဖို့ပဲလေ " 


မဟုတ်ရင်သူများတွေစကားဝိုင်းထဲမှာကိုယ်ဝင်ပြောနိုင်မှာမဟုတ်ဘူး...

ကျန်းရှောင်မန် ၎င်းကို အခြားသူများက အတန်းထဲတွင် ပြောနေကြသည်ကို အကြိမ်ပေါင်းများစွာကြားဖူးသည်။


သူများတွေတောင်သွားနိုင်ရင်သူမကရောဘာလို့မသွားနိုင်ရမှာလဲ...အင်တာနက်သုံးဖို့က ဒုတိယ လောကကြီးကိုကြည့်ဖို့က အရေးကြီးဆုံးအချက်ပဲလေ...


ကျန်းရှောင်မန်က လောကကြီးကိုကြည့်ရန် အလွန်ပျော်ရွှင်နေမိသည်။ သူမက အလွန်စပ်စုတတ်သည့်သူတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းများကိုမြည်းစမ်းကြည့်ရန်လည်း မတွန့်ဆုတ်တတ်ပေ။ တစ်ယောက်‌ယောက်က သူမ မသိသည့်တစ်စုံတစ်ခုကိုပြောလိုက်လျှင် သူမက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေတတ်သည်။ 


ယွီချင်းရှီလက်ခံလိုက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိပေ။ 


နှစ်ယောက်သား အိမ်စာများ ရေးနေခြင်းကို ရပ်တန့်လိုက်ပြီး အင်တာနက်ကဖေးသို့တူတူသွားလိုက်ကြတော့သည်။ 


သူတို့က အသက်မပြည့်သေးသဖြင့် တရား၀င်ဖွင့်ထားသောနေရာများကို သွား၍မရသေးပေ။ သို့ဖြစ်၍  သူတို့လျှို့ဝှက်ဖွင့်ထားသောနေရာကိုသာ သွားကြသည်။ နှစ်ယောက်စလုံးက အင်တာနက်ကဖေးသွားဖူးသောအတွေ့အကြုံမရှိကြပေ။ နေရာများစွာကိုရှာဖွေပြီးနောက် တရား၀င်နှင့်တူသော်လဲ အသက်မပြည့်‌သေးသူများကိုလျှို့ဝှက်၀န်ဆောင်မှုပေးနေသည့် အင်တာနက်ကဖေးကိုတွေ့ခဲ့ကြသည်။ ကျန်းရှောင်မန်က စိတ်လှုပ်ရှားမှုများစွာနှင့်အထဲ၀င်သွားခဲ့သော်လဲ စိတ်အနှောင့်အယှက်ဖြစ်စွာနှင့်ပြန်ထွက်လာခဲ့သည်။ သူမအထဲတွင်အကြာကြီးမနေခဲ့ပေ။ 


လျှို့ဝှက်ဖွင့်ထားတဲ့ အင်တာနက်ကဖေးတွေကပျော်စရာလဲမကောင်းဘူး...အထဲမှာလူတွေအများကြီးရှိနေပြီး အရမ်းဆူညံနေတယ်... ပြီးတော့အရေးကြီးဆုံးက သူမ မကြိုက်တဲ့ စီးကရက်အနံ့တွေအများကြီးရှိနေတာပဲ...ဒီတော့ အထဲမှာလူတွေအများကြီးက ဆေးလိပ်သောက်နေပြီး လူတွေကတခြားလူတွေ မှုတ်ထုတ်လိုက်တဲ့ အငွေ့အသက်တွေကို ရှုသွင်းနေကြတာပေါ့

ကျန်းရှောင်မန်ကအရမ်းကိုမသက်မသာခံစားနေရပြီး သူမမျက်နှာတွင်လဲ စိတ်အနှောင့်အယှက်များဖြင့်ပြည့်နှက်နေသည်။ 


သူမက ပျော်ဖို့ကောင်းမယ်လို့ထင်ခဲ့တာလေ...


သူမ ယွီချင်းရှီကိုကြည့်လိုက်သောအခါ သူ့မျက်နှာအရောင်က သိပ်မကောင်းပေ။ ကျန်းရှောင်မန်အပြစ်ရှိသလိုပင် ခံစားလိုက်ရသည်။ 

သူမအတွက်သာမဟုတ်ပါက ယွီချင်းရှီကဒး ဤသို့သောနေရာမျိုးကို လုံး၀လာမည်မဟုတ်ပေ။ 


"ငါ့ကိုစောင့်ပါဦး ငါနင့်ကိုတောင်းပန်တဲ့အနေနဲ့နို့တစ်ခွက်ဝယ်တိုက်မယ်..." 


ယွီချင်းရှီဘာမှမပြောနိုင်ခင်မှာမင် ကျန်းရှောင်မန်ကအဝေးသို့ပြေးထွက်သွားသည်။ 


ကျန်းရှောင်မန်က သူမအတွက်ပူတင်းထည့်ထား‌သော ချိုမြိန်သည့်နို့လက်ဖက်ရည်တစ်ခွက်ကိုမှာလိုက်သည်။ ယွီချင်းရှီက ဤကဲ့သို့ချိုပြီးဆီများသည့် အရာများ မကြိုက်သောကြောင့်သူ့အတွက် 7 UP [2] မှာပေးလိုက်သည်။ 


ကျန်းရှောင်မန်သောက်စရာများနှင့်ပြန်လာသောအခါ သူကနေရာတွင် ရှိမနေသည်ကိုတွေ့သွားသည်။ 


သူဘယ်သွားနေတာလဲ...


သတိပေးခေါင်းလောင်းများက သူမခေါင်းထဲတွင်မြည်လာပြီး သူမပတ်ဝန်းကျင်ကိုသတိရှိသောမျက်လုံးများဖြင့်ဝေ့ကြည့်လိုက်သည်။

ယွီချင်းရှီပြန်ပေးဆွဲခံလိုက်ရပြီလား...


" ယွီချင်းရှီ " ကျန်းရှောင်မန်အော်လိုက်သည်။ 


သူမစိုးရိမ်လာပြီးကို သူ့ကိုစတင်ရှာဖွေတော့သည်။ 


အဲဒီအချိန်မှာ ယွီချင်းရှီက ဂိမ်းကစားတဲ့နေရာမှာရှိနေတာပါ...


ဂိမ်းကစားတဲ့နေရာတွေဟာအဲဒီအချိန်တုန်းကအသစ်အဆန်းတွေပဲ...သူတို့မှာ အကြွေစက်နဲ့တောင်ကစားလို့ရတဲ့ဂိမ်းစက်တွေရှိတယ်...


သူ့အဲဒါကို သူ့ဟာသူရှာတွေ့ခဲ့တာမဟုတ်ဘူး

တစ်ယောက်ယောက်ကသူ့ကိုခေါ်သွားတာလေ ...


ဂိမ်းကစားတဲ့နေရာနဲ့ အင်တာနက်ကဖေးကနီးနီးလေးပဲ...

ယွီချင်းရှီက ကျန်းရှောင်မန်ကိုစောင့်နေစဥ်တွင်တစ်ယောက်ယောက်ကသူ့ကိုမြင်ပြီးအထဲခေါ်သွားတာဖြစ်သည်။ 


အဲဒါက.တခြားလူတစ်ယောက်သာဆိုရင် ယွီချင်းရှီလုံးဝကိုလျစ်လျူရှုပစ်လိုက်မှာပါ...ဒါပေမဲ့အဲဒီတခြားသူဆိုတာကရင်းနှီးတယ်လို့ပြောလို့ရတယ်လေ...သူက နောက်ဆုံးတစ်ခေါက်တုန်းက သူနဲ့ရန်ဖြစ်မလိုဖြစ်ခဲ့တဲ့ စွန်းရှောင်ကျဲပဲ..


ယွီချင်းရှီ ခဏလောက်တွေဝေသွားသည်။

စွန်းရှောင်ကျဲမှာလူတွေအများကြီးရှိတယ်လေ...ကျန်းရှောင်မန်သာအခုတွေ့သွားရင် အဲဒါက ရုတ်ရုတ်သဲသဲဖြစ်သွားလိမ့်မယ်... အဲ့ဒါနဲ့ပဲ ပြန်လာခဲ့လိုက်တာ...


စွန်းရှောင်ကျဲမှာ အကြံအစည်တွေရှိမရှိသူတွေ့ချင်တယ်လ...  


ဒါပေါ့ အဲဒီမှာစုစည်းနေကြတဲ့ ဒါဇင်ထက်ပိုတဲ့လူတွေအများကြီးရှိနေကြတယ်...


"ငါ့ကိုပိုက်ဆံနဲနဲလောက်ချေးပေးစမ်းပါ" 

စွန်းရှောင်ကျဲပြောလိုက်သည်။


ယွီချင်းရှီ ယခုမှသတိပြန်ဝင်လာသည်။

" ဘာ " 


"ငါ့ကိုပိုက်ဆံနည်းနည်းလောက်ချေးပေးစမ်းပါ အရေးကြီးနေတယ်လို့ငါပြောဝာာ..."

စွန်းရှောင်ကျဲအံကြိတ်လိုက်ပြီး အသံတိုးတိုးလေးနှင့် ပြောလိုက်သည်။


" ဒီလိုဆိုရင်ကော ကောင်လေး မင်းမိသားစုကအရမ်းချမ်းသာတယ်လို့ငါကြားတယ် ဘာလို့အရေးကြီးနေတဲ့ကျန်းဟူကမင်းရဲ့ညီအစ်ကိုကိုကူညီဖို့ ဒီလောက်ပိုက်ဆံနည်းနည်းလေးကိုမရှိရမှာလဲ..."


ယွီချင်းရှီ ဘာမှပြန်မပြောရသေးသော်လည်း  ရုတ်တရက် အေးစက်သည့်တး အပြစ်တင်သံထွက်လာတော့သည်။

" နင်ဘာလုပ်နေတာလဲ... " 


"..." 


ရှင်းလင်းချက် 


[2]Lemon7 ဟုထိုနေရာတွင်ခေါ်ကြသည်။


xxxxx