၂၆၁-၂၆၅
Viewers 14k

Part 261


အားလုံးကကြည့်လိုက်oသည့်အခါ ကျန်းရှောင်မန်က မျက်လုံးပြူးပြူးနှင့် တံခါးဝတွင် စိတ်ဆိုးစွာရပ်နေတာကိုတွေ့လိုက်ကြသည်။ သူမကမြန်မြန်ပြေးပြီး စွန်းရှောင်ကျဲကိုလက်ညှိုးထိုးပြီး ပြောလိုက်သည်။ 

"နင်အခုထိလူတွေကိုခြိမ်းခြောက်ရဲနေသေးတာလား နင်ကအဆုံးသတ်သွားပြီ နင့်အတွက်အခွင့်အရေးဆိုတာမရှိတော့ဘူး " 


သူမကစကားပြောနေရင်း လက်ချောင်းများကိုရွေ့လျားနေသည်။ 


"ဟမ်..." 

စွန်းရှောင်ကျဲကစိုးရိမ်သွားပြီး သူ့ခေါင်းထဲတွင် "သူတော့ဒုက္ခအကြီးကြီးရောက်ပြီ"ဟု တိတ်ဆိတ်စွာအော်ဟစ်နေသည်။ 


သူခပ်မြန်မြန်ပဲ " ငါဘယ်သူ့ကိုမှမခြိမ်းခြောက်ပါဘူး " ဟုပြောလိုက်သည်။ 


" ငါအကုန်ကြားတယ် နင်အခုထိဝေ့လည်ကြောင်ပတ်လုပ်နေတုန်းပဲလား"

သူမနားတွေကအရမ်းကောင်းတယ်လေ...


" ငါကပိုက်ဆံချေးမလို့ပါ " 


" ပိုက်ဆံချေးပြီးရင်ကော နင်ကပြန်ပေးမှာမလို့လား " 


" ဒါပေါ့ " 

သူပိုက်ဆံချေးနေတုန်းက ဒေါသနည်းနည်းထွက်နေတဲ့ပုံဖြစ်သွားပေမဲ့ သူကဆရာကြီးဆိုတော့ အမူအရာတွေကိုမထိန်းနိုင်ဘူးလေ...


ကျန်းရှောင်မန်ကယွီချင်းရှီကိုကြည့်လိုက်ပြီး ယွီချင်းရှီက "ဘာတွေဖြစ်နေတာလဲဆိုတာ သူမသိဘူး" ဟု ပြောလိုက်သည်။ 


"...ဒါကဒီလိုပါ " စွန်းရှောင်ကျဲ တုန်ရီနေသည့်ကြားကအဖြစ်အပျက်အကုန်လုံးကိုပြောပြရတော့သည်။


အမှန်တွင် ယနေ့ကသူ့မွေးနေ့ဖြစ်သည်။ 

ဒီတော့သူအရမ်းပျော်ရွှင်နေတယ်လေ... သူကသူ့ညီအစ်ကိုတွေကိုဂိမ်းကစားတဲ့နေရာကိုခေါ်ပြီးတော့ အချိန်ကောင်းလေးတွေတူတူကုန်ဆုံးချင်ခဲ့တာ...


သူတို့ကဒီနေရာမှာဖောက်သည်တွေလေ... 

သူဌေးကလည်း သူတို့ကိုသိပြီး စွန်းရှောင်ကျဲမွေးနေ့အကြောင်းကိုလည်းကြားသည်။ သူတို့ကိုအရင်ကစားပြီး အချိန်ကောင်းလေးတွေကိုကုန်ဆုံးပြီးမှ ငွေပေးချေရန် သူ့လက်တွေကိုဝှေ့ရမ်းပြီးပြောလိုက်သည်။ 


ရလဒ်အနေနဲ့ကတော့ စွန်းရှောင်ကျဲမှာပိုက်ဆံလုံလုံလောက်လောက်မရှိတော့တာပါပဲ...


စွန်းရှောင်ကျယ်သူ့မျက်နှာကိုဘယ်နားသွားထားရမည် မသိတော့ပေ။ သူစိုးရိမ်နေပြီး ဘာလုပ်ရမည်ကို မသိတော့‌ပေ။ ထိုအချိန်တွင် ယွီချင်းရှီကအက်တာနက်ကဖေးတံခါးဝမှာရပ်နေသည်ကို မြင်သွားသည်။သို့ဖြစ်၍ သူ့ကိုအထဲခေါ်လာကာ ပိုက်ဆံချေးချင်ခဲခြင်းဖြစ်သည်။ 


ကျန်းရှောင်မန်က ဒေါသအရမ်းထွက်သွားပြီး သူ့ကိုဆူပစ်လိုက်ချင်သော်လည်း ယနေ့က ယူ့မွေးနေ့ဖြစ်နေသောကြောင့် ဒေါသမထွက်လိုတော့ပေ။


" ငါနင့်ကိုပိုက်ဆံချေးပေးနိုင်ပါတယ် ပြန်ပေးဖို့သာမမေ့နဲ့ " 


" ဝူး ဝူး ဝူး ဝူး အစ်မကြီး နင်ကအရမ်းကြင်နာတတ်ဝာာပဲ " 


" ငါကနင့်ထက်အသက်ငယ်ပါတယ် ငါ့ကိုအစ်မကြီးလို့မခေါ်ပါနဲ့ နင်ကငါ့ကိုအသက်ကြီးတဲ့ပုံပေါက်အောင်လုပ်နေတာပဲ" 


" ကောင်းပါပြီ အစ်မကြီး " စွန်းရှောင်ကျဲကရှုပ်ထွေးသောစိတ်ခံစားချက်များနှင့်ငွေရှင်းကောင်တာသို့သွားလိုက်သည်။ 


စွန်းရှောင်ကျဲပြန်ထွက်လာသည့်အခါ ကျန်းရှောင်မန်က ထိုနေရာမှာပဲရှိနေသေးပြီး ထွက်မသွားသေးသည်ကို‌တွေ့လိုက်ရသည်။ 


"ဘာလို့လဲ"

စွန်းရှောင်ကျဲသူမကိုမေးလိုက်တယ်။" ဒါက..." 


ကျန်းရှောင်မန် အနည်းငယ်မသက်မသာခံစားနေရသော်လည်း လူအများကြီးကိုလျစ်လျူရှုပြီးဒီအတိုင်း မထားခဲ့နိုင်ပေ။ ထို့ကြောင့် သူမပြောလိုက်သည်။

" ဒီနေ့ကနင့်မွေးနေ့မလား ငါအဲဒီအကြောင်းတွေးပြီးတော့ နင့်ကိုမွေးနေ့လက်ဆောင်ပေးမလို့လေ Happy birthday ပါ " 


စွန်းရှောင်ကျဲ မျက်လုံးများနီရဲသွားသည်။

သူဒီလောက်အကြာကြီးနေခဲ့တာ မိန်းကလေးတစ်ယောက်ကသူ့ကိုမွေးနေ့လက်ဆောင်ပေးတာ ဒါပထမဆုံးပဲ...


သူချက်ချင်းစိတ်အားထက်သန်စွာနဲ့ မေးလိုက်တယ် " ဘာလက်ဆောင်လဲ " 


" ငါအခုပဲမိတ္တူကူးခဲ့တယ် " ကျန်းရှောင်မန်သူမလွယ်အိတ်ထဲမှစာရွက်ဒါဇင်လိုက်ကို ထုတ်လိုက်ပြီးစွန်းရှောင်ကျဲလက်ထဲ ထည့်ပေးလိုက်သည်။ 

" ဒီနေ့ဘယ်မှမသွားနဲ့တော့ ငါတို့တွေအိမ်စာတူတူလုပ်ကြမယ်လေ..." 


"..." 


ကျန်းရှောင်မန်ကစွန်းရှောင်ကျဲ၏လူများ  မည်သည့်အရာများ တွေးနေသည်ကို မသိသော်လည်း သူမကမကောင်းသောခံစားချက်ရမှတ်များကိုစုဆောင်းပြီးဖြစ်သည်။


ကျန်းရှောင်မန်နှင့် ယွီချင်းရှီက စွန်းရှောင်ကျဲနှင့် သူ့သူငယ်ချင်းများကို တစ်နေ့ခင်းလုံးအိမ်စာကူလုပ်ပေးနေခဲ့သညိ။


ခေါင်းစဉ်က သင်္ချာဆရာပေးလိုက်သည့် လေ့ကျင့်ခန်းများဖြစ်ပြီး အထက်တန်းဂျူနီယာပထမတန်း၏ သင်ခန်းစာအကြောင်းအရာများလည်း ပါဝင်သည်။

ပထမကတော့ကျန်းရှောင်မန်က စွန်းရှောင်ကျဲနဲ့သူ့သူငယ်ချင်းတွေက မြန်မြန်နဲ့လွယ်လွယ် လုပ်နိုင်မယ်ထင်ခဲ့ပေမဲ့ ဒုတိယတန်းကျောင်းသားတွေက သူမကိုလာလာမေးနေကြတာနဲ့ပဲအဆုံးသတ်သွားတယ်လေ...


သူတို့ရဲ့မျက်နှာလေးတွေကရိုးသားပြီးတော့ရှုပ်ထွေးနေတယ်...


သူတို့ကအခြေခံမေးခွန်းလေးတွေကိုတောင်မဖြေနိုင်ကြဘူး ...


ကျန်းရှောင်မန်ဆက်ပြီး သည်းမခံနိုင်တော့ပေ။

သူတို့ကိုရှင်းပြနေတုန်းသူမဂိမ်းကစားရုံကိုသွားပြီးတော့ဘိလိယက်ခုံနှစ်ခုကိုမှာပြီးတော့ အကြိမ်အများကြီးကစားနေလို့ရတယ်လေ...


စွန်းရှောင်ကျဲ...စွန်းရှောင်ကျဲနဲ့တခြားသူတွေကျတော့ဘာလုပ်နေကြလဲ...


သူတို့လဲစာလိုက်လုပ်ရတော့တာပေါ့ ...


သူတို့သာမလုပ်ရင် သူတို့အရိုက်ခံနိုင်ရပြီးတော့ ပိုအရေးကြီးတာက သူတို့မျက်နှာပျက်နိုင်တယ်လေ...လူတိုင်းစာလုပ်နေကြတော့ သူတို့လဲမလုပ်စရာဆင်ခြေမရှိတော့ဘူးလဲ...


လေထုကြီးက မွန်းကြပ်စရာကောင်းနေသည်။


ဘယ်တော့မှစာကောင်းကောင်းမလုပ်ခဲ့တဲ့ငတုံးတစ်သိုက်က သူတို့ဦးနှောက်ထဲမှာသင်ယူဖို့အတွက်နေရာမရှိတော့ဘူး... 

ကျန်းရှောင်မန်၏အပြန်ပြန်အလှန်လှန်ရှင်းပြချက်များစွာပြီးနောက်မှာ သူတို့သည်လည်းအနည်းဆုံးကြောင်းကျိုးဆက်စပ်ပြီးတော့နားလည်၍ရခဲ့သည်။


သူတို့ရဲ့အဖြေလွှာတွေကိုတစ်ယောက်ချင်းစီ အပေါ်အောက်စစ်ဆေးပြီးနောက်မှာ ကျန်းရှောင်မန်ကျေနပ်ခြင်းတွေနဲ့ခေါင်းငြိမ့်လိုက်တယ်... "ကောင်းတယ် မဆိုးပါဘူး နင်တို့ကသင်လို့ရသေးသားပဲ " 


စွန်းရှောင်ကျဲမျက်လုံးထဲမှာမျက်ရည်တွေနဲ့ပြည့်လုမတတ်ဖြစ်သွားပြီးတော့ အရမ်းကိုပျော်သွားတယ်...


သူဘယ်တုန်းကမှဒီလိုချီးကျူးမခံရဖူးဘူးလေ။


Part 262


သူ့ကိုဆရာတွေကဆူပဲဆူခဲ့ကြတာ...မင်းလွှဲပဲလွှဲနေတတ်တဲ့ဝက်တုတ်ထိုးကောင် [1] ဘာဘီကျူးလုပ်ခံထားရတဲ့ဝက်သားတောင်မင်းခေါင်းထက်ပိုအသုံးဝင်ဦးမယ် တဲ့လေ...


စွန်းရှောင်ကျဲက အဲ့လိုပြောတာတွေကိုအများကြီးကြားခဲ့တော့ သူ့ကိုယ်သူအသုံးမဝင်တဲ့ကလေးလို့ပဲထင်ထားတော့တယ်။ 


အသုံးမဝင်တဲ့ကလေးဆိုတာခံစားရတာအရမ်းကောင်းပြီးတော့ ကမ္ဘာကြီးကလဲ ပိုတောက်ပလာလိမ့်မယ်လို့ဘယ်သူထင်မလဲ။ 


စွန်းရှောင်ကျယ်ကတိတ်တိတ်လေးခါးမတ်လိုက်ပြီး ကျန်းရှောင်မန်ကိုမေးလိုက်သည်။

" ညီမလေး ငါတို့အိမ်စာတွေပြီးသွားပြီဆိုတော့ အခုသွားလို့ရပြီလား " 


ကျန်းရှောင်မန်ကချက်ချင်းမဖြေပဲ သူတို့ကိုကြည့်ပြီး တိတ်တိတ်လေးထိုင်နေသည့် ယွီချင်းရှီဆီသွားလိုက်သည်။

စွန်းရှောင်ကျယ်ကသူ့အိမ်စာတွေလုပ်နေတဲ့အချိန်မှာ သူလဲသူ့အိမ်စာတွေကိုလုပ်နေခဲ့တာလေ...


သူကသူ့သင်္ချာအိမ်စာတွေကိုပြီးသွားရုံမက တချို့အင်္ဂလိပ် ဝေါဟာရသင်ခန်းစာတွေကိုလဲ ရှေးတရုတ်စကားလုံးတွေအဖြစ်ဘာသာပြန်နေလိုက်သေးတယ်။ 


ယွီချင်းရှီကကျန်းရှောင်မန်ကိုသူ့စာရွက်ကိုပေးဖို့တိတ်တိတ်လေး‌ေမြှာက်လိုက်တယ်။

ကျန်းရှောင်မန်ရဲ့မျက်လုံးတွေတောက်ပသွားတယ် " အံ့ဩစရာပဲ " 


ယွီချင်းရှီလည်ူ တိတ်တိတ်လေးသူ့ခါးကိုမတ်လိုက်သည်။


"အားလုံးအကောင်းဆုံးကြိုးစားနေတာကိုငါမြင်ပါတယ် ဒါပေမဲ့ ယွီချင်းရှီနဲ့ယှဉ်လိုက်ရင်နောက်မှာကျန်နေခဲ့သေးတယ် ဒါကြောင့် ငါတို့နောက်တစ်ကြိမ်ထပ်လေ့ကျင့်တာပိုကောင်းမယ် " 


" အားးးးးးးးးးး" 


စွန်းရှောင်ကျဲ မျက်လုံးများပြူးသွားပြီး သူ့နှလုံးသားများ ဆူပွက်လာသလို ခံစားနေရသည်။

စွန်းရှောင်ကျဲ၏ ညီလေး‌မျက်လုံးများကလဲပြူးကျယ်သွားပြီး သူ့နှလုံးသားလေးလည်း ဆူပွက်လာသည်။


ဒီလူအုပ်စုကြီးက ဒီအတိုင်းပဲတစ်နေ့ခင်းလုံးနေနေခဲ့ကြတာလေ...ကျောင်းမှာအနိုင်ကျင့်တတ်တဲ့လူတွေကဂိမ်းကစားရုံမှာစုပြီးတော့တစ်နေ့ခင်းလုံးအိမ်စာတွေထိုင်ရေးနေခဲ့ကြတာလေ...


ဘယ်သူကဒါကိုယုံမှာလဲ 


ဒါပေမဲ့တကယ်ဖြစ်နေခဲ့တာလေ 


ကျန်းရှောင်မန်ကပီတိပြုံးလေးပြုံးလိုက်သည်။

ဘာလို့ဆို သူမကမကောင်းတဲ့ခံစားချက်ရမှတ်တွေအများကြီးစုဆောင်းပြီးပြီမလို့လေ... သူမကအရမ်းပျော်နေပြီးတော့အချိန်ဖြုန်းတယ်လို့လဲမခံစားရဘူး။ 


သူမသူဌေးဆီပိုက်ဆံရှင်းဖို့သွားတဲ့အခါသူဌေးကပိုက်ဆံလက်မခံဘူး။သူဌေးပြောတာက ကလေးတွေစာလုပ်‌ကြတာကောင်းပြီးတော့ ဘိလိယက်ခုံတွေကို ဘိလိယက်ကစားဖို့ထက်စာလုပ်ဖို့အတွက်သုံးတာပိုကောင်းတယ်ဆိုတာပဲ။


စာတော်တဲ့ကလေးတွေအခုခေတ်မှာသိပ်မရှိတော့ဘူး ဒါကြောင့် ဆုပေးတဲ့အနေနဲ့ သူကသူတို့ကိုပိုက်ဆံမယူတော့ဘူး။ 


ကျန်းရှောင်မန်သူမပိုက်ဆံတွေကိုပြန်ထည့်လိုက်တယ်။ဒီနေ့ကစွန်းရှောင်ကျဲ မွေးနေ့ဆိုတော့သူမရက်ရောစွာနဲ့ပြောလိုက်တယ် " အန်ကယ်ကငါတို့ကိုပိုက်ဆံမယူဘူးဆိုတော့ ငါနင်တို့အားလုံးကိုဘာဘီကျူးစားဖို့ခေါ်သွားမယ် " 


"ကောင်းတယ်"

"ကောင်းမှကောင်း အစ်မကြီးကအကောင်းဆုံးပဲ"

"ကောင်းတယ်ဟေ့ ကောင်းတယ်ဟေ့" 


ဒီတော့လူအုပ်ကြီးကပျော်ပျော်ရွှင်ရွှင်နဲ့ထွက်သွားကြတော့တယ်။ 


ယွီချင်းရှီသူ့မျက်လုံးတွေကိုလှန်ပြီးတော့ ကျန်းရှောင်မန်ကိုကြည့်လိုက်တယ်။သူခဏလောက်တွေဝေသွားပြီးတော့ဘာမှမပြောခဲ့ဘူး။ဒါပေမဲ့တိတ်တိတ်လေးသူ့ရဲ့ကျောင်းလွယ်အိတ်ကိုယူပြီးတော့ သူမနဲ့အတူထွက်လာခဲ့လိုက်တယ်။ 


သူတို့နှစ်ယောက်ကစွန်းရှောင်ကျယ်နောက်မှာလမ်းလျှောက်နေပြီးတော့ယွီချင်းရှီကတိုးတိုးလေးပြောလိုက်တယ်

"ရှောင်မန် မှောင်‌လာတော့မယ်" 


"ငါသိပါတယ် ငါသူတို့နဲ့အတူမစားပါဘူး " ကျန်းရှောင်မန်ပြောလိုက်တယ် " အိမ်ပြန်ကြစို့ " 


"အမ်" 


အဲဒီတော့မှယွီချင်းရှီပြုံးလာတော့တယ်။ 


သူတို့ဘာဘီကျူးဆိုင်ကိုရောက်တဲ့အခါမှာ ကျန်းရှောင်မန်ကစွန်းရှောင်ကျဲနဲ့သူ့အဖွဲ့တွေကို ဟင်းပွဲ‌တွေကူမှာပေးလိုက်တယ်။ စွန်းရှောင်ကျဲကဘီယာလဲမှာချင်ပေမဲ့ ကျန်းရှောင်မန်ကသူ့ကိုစိုက်ကြည့်ပြီးတော့ "ဘာဘီယာလဲ အသက်မပြည့်သေးတဲ့သူတွေကဘီယာသောက်လို့မရဘူး" 


တခြားနည်းလမ်းမရှိတော့ဘူး...

စွန်းရှောင်ကျဲ ကအဲဒီအကြောင်းကိုစိတ်ထဲမှာပဲဝမ်းနည်းစွာနဲ့တွေးနိုင်တော့တယ်...


ကောင်းပြီလေ။မသောက်နဲ့ဆိုလဲမသောက်ဘူးပေါ့။အသားစားတာလဲကောင်းတာပါပဲ။ 


သူတို့ကတစ်နေ့လုံးဆာလောင်နေကြပြီးသူတို့ဦးနှောက်ကဘယ်တုန်းကမှအဲ့လောက်ကြီးအလုပ်မလုပ်ဖူးဘူး။အဲဒီအခိုက်အတန့်မှာသူတို့ဗိုက်တွေကသူတို့ကျောရိုးကိုထိတော့မတတ်ဆာလောင်နေကြပြီးတော့ဘီယာရှိမရှိကိုသူတို့သိပ်ဂရုမစိုက်ကြဘူး။


သူတို့အားလုံးစားသောက်ပြီးတဲ့အခါမှာကျန်းရှောင်မန်ကတစ်ခုခုကိုတွေးမိသွားပြီးတော့သူဌေးကိုအလျင်အမြန်ပဲပြေးသွားပြီးတိုးတိုးပြောလိုက်တယ်။ 


သိပ်မကြာခင်မှာပဲ သူမကဖယောင်းတိုင်တစ်ချောင်းနဲ့ပြန်လာပြီး စွန်းရှောင်ကျဲရှေ့မှာချပြီးတော့ သူ့အတွက်မီးထွန်းပေးလိုက်တယ်။ 


"ပုံမှန်ဆိုရင်ငါတို့ကိတ်ပေါ်မှာနင့်အတွက်မီးထွန်းပေးရမှာ ဒါပေမဲ့ ငါတို့မပြင်ဆင်လာခဲ့မိဘူး။ဒါပေမဲ့ နင်ကအသေးအမွှားလေးတွေကိုလိုက်ပြီးပုံကြီးချဲ့တတ်တဲ့သူမဟုတ်တာကိုငါသိတော့ ဒါကို‌နင့်မွေးနေ့ပွဲကျင်းပပေးတယ်လို့ပဲသဘောထားလိုက်ပါ" 


စွန်းရှောင်ကျဲထွန်းထားတဲ့ဖယောင်းတိုင်မီးကိုကြည့်လိုက်တယ်။

သူ့ညီလေးကလဲ" Happy birthday" သီချင်းကိုစတင်ဆိုတော့တယ်။ 


သီချင်းဆိုပြီးတော့စွန်းရှောင်ကျဲကိုဖယောင်းတိုင်မှုတ်ခိုင်းကြတယ်။

စွန်းရှောင်ကျယ်...စွန်းရှောင်ကျဲကပြောင်းလဲခံလိုက်ရတယ်။ 


အထက်တန်းဂျူနီယာခြောက်တန်းမှာအနိုင်ကျင့်နေကြတဲ့သူတွေကနေ့တစ်နေ့ကိုဘာပြဿနာမှမဖြစ်စေပဲနဲ့ကုန်ဆုံးစေခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူတို့ခံစားရမှာတွေကအခုမှစမှာကိုသူတို့မသိခဲ့ကြဘူး။

ဘာလို့လဲဆိုတော့အခုလေးတင်ပဲကျန်းရှောင်မန်ရဲ့နှလုံးသားထဲမှာဆုံးဖြတ်ချက်တစ်ခုချလိုက်လို့ပဲ။ 


အနာဂတ်မှာ သူမအားလပ်ချိန်ရတိုင်းစွန်းရှောင်ကျဲနဲ့သူ့သူငယ်ချင်းတွေကိုအိမ်စာလုပ်ဖို့လာသင်ပေးတော့မယ်။ကျန်းရှောင်မန်က‌စဉ်းစားပြီးတော့အဲဒါကအကျိုးကျေးဇူးများတာကိုခံစားမိတယ်။ပြဿနာနဲနဲတော့ရှိနိုင်ပေမဲ့ အဲဒါကဘာမှမဟုတ်ပါဘူး။ 


အရင်ဆုံး စွန်းရှောင်ကျယ်နဲ့တခြားသူတွေနောင်တရသွားရင်သူတို့မှာအတန်းဖော်တွေကိုအနိုင်ကျင့်ဖို့အချိန်ရှိတော့မှာမဟုတ်ဘူး။ဒုတိယ-စွန်းရှောင်ကျဲနဲ့သူ့သူငယ်ချင်းတွေရဲ့နှလုံးသားကအရမ်းထိခိုက်လွယ်ကြတယ်။အခုတောင်ကျန်းရှင်းဟွားနဲ့ရဲ့ကျားကျားတို့ကကိုယ့်ကိုကိုယ်သိပြီးတော့အိမ်စာတွေလုပ်နေကြပြီ။သူတို့ကိုအိမ်စာလုပ်ဖို့ပြောလိုက်ရင်တော့မှ သူမသူတို့ဆီကမကောင်းတဲ့ခံစားချက်ရမှတ်‌ေတွရတော့မှာမဟုတ်ဘူး။တတိယ- စွန်းရှောင်ကျယ်နဲ့တခြားလူတွေကများပေမဲ့ထိခိုက်လွယ်တယ်။သူမသူတို့ကိုနဲနဲခြောက်လှန့်ပြီးတော့ သူမရဲ့မကောင်းတဲ့စိတ်ခံစားချက်ရမှတ်တွေကိုထိန်းထားရမယ်။ 


‌သေးငယ်တဲ့အမြင်ဘက်ကကြည့်ရင်အဲဒါကအမှတ်တွေရဖို့အရေးကြီးတဲ့ရင်းမြစ်ပဲ။ကြီးမားတဲ့အမြင်ဘက်ကကြည့်ရင်တော့သူမက တိုင်းပြည်နဲ့လူတွေအတွက်ကောင်းတဲ့အလုပ်ကိုလုပ်နေတာပဲလေ။ 


အထက်တန်းဂျူနီယာခြောက်တန်းမှာ စာလုပ်ပြီးတော့အလုပ်ရှုပ်နေတဲ့ကျောင်းသားကောင်းလေးတွေရှိတော့ ပြဿနာလုပ်တဲ့အနိုင်ကျင့်တဲ့ကောင်လေးတွေလျော့သွားလဲပြဿနာမရှိပါဘူး 


ဘာကမှဒီထက်ပိုမကောင်းနိုင်တော့ဘူး။ 


ကျန်းရှောင်မန်ကအရမ်းပျော်သွားပြီးတော့အိမ်ရောက်တဲ့အခါထမင်းများများပိုစားဖို့ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ 


ရှင်းလင်းချက် 


[1] ဟင်းပွဲတစ်ခုလုံးမဟုတ်ပဲ တုတ်ထိုးလေးတစ်ချောင်းမျှသာဖြစ်သည်။ဘာဘီကျူးလုပ်သောဝက်သားထက်ဆိုးပေမဲ့ ကျန်တာတော့စားလို့ရပါသေးသည်။


xxxxxx


Part 263


ကျန်းရှောင်မန်နဲ့ယွီချင်းရှီတို့ အိမ်ပြန်လာသည့်အခါမှာ တဖြည်းဖြည်းနဲ့မှောင်လာနေပြီဖြစ်သည်။အဲဒီအချိန်မှာကျန်းရှုမေ့က ကျန်းရှောင်မန်အိမ်ပြန်လာမှာကို စောင့်နေပြီး ညစာကလဲအဆင်သင့်ဖြစ်နေပြီဖြစ်သည်။


ကျန်းရှုမေ့ကအိမ်တွင်အထီးကျန်နေသည်။တစ်ခါတလေ သူမကဝက်တွေကိုဂရုစိုက်ပေးရန်သွားတတ်ပြီး တခါတလေ မြက်များနဲ့ပန်းလေးများကိုဂရုစိုက်ပေးဖို့ပြန်လာတတ်သည်။ 


ဒီနေရာကြီးကမကျဉ်းနေရင် သူမကဒီနေရာကိုလယ်ကွင်း‌များအဖြစ်သို့ပြောင်းလဲလိုက်တော့မှာဖြစ်သည်။ ဒါပေမဲ့ အရာရာကဒီအတိုင်းပဲရှိနေတော့ သူမပန်းတွေနဲ့မြက်တွေကိုပဲ စိုက်ပျိုးနိုင်သည်။ 


အခုအချိန်ကဆောင်းဦးရာသီရောက်နေပြီဖြစ်ပြီး ရာသီဥတုကလဲအရမ်းအေးနေပြီဖြစ်သည်။ကျန်းရှုမေ့စိုက်ပျိုးထားသောဂန္ဓမာပန်းများကလဲနောက်ဖေးတွင်ပွင့်နေပြီ။သူတို့ကရွှေရောင်သန်းနေပြီးအရမ်းလှပသည်။ 


ကျန်းရှောင်မန်ဝိုးခနဲအာမေဍိတ်ပြုလိုက်ပြီးချီးမွမ်းလိုက်သည်။

" ဖွားက အရမ်းတော်တာပဲ" 


"အဟင်း ပန်းလေးတွေလောက်ကငါ့ကိုဘာမှလုပ်လို့မရပါဘူး" 


"မြေး ဂန္ဓမာပန်းလက်ဖက်ရည်လုပ်ဖို့ ပန်းတွေကိုသွားခူးလို့ရပြီလား " 


"အဲဒီအကြောင်းကိုမင်းစဉ်းတောင်မစဉ်းစားနဲ့ ငါမင်းရဲ့ဦးလေးကိုလဲပေးခူးမှာမဟုတ်ဘူး..."။ ဒီဦးလေးနဲ့တူမအတွဲက အတူတူတွေပဲလေ....

ကျန်းရှင်းကပန်းတွေကိုသူ့ရုံးခန်းထဲမှာထားဖို့ယူသွားချင်ပြီးတော့ ကျန်းရှောင်မန်ကျတော့ဂန္ဓမာပန်းလက်ဖက်ရည်လုပ်သောက်မလို့တဲ့လေ။ 


သူတို့နှစ်ယောက်လုံးတူတူပဲ...


"မြန်မြန် ညစာစားဖို့အထဲဝင်ခဲ့"

ကျန်းရှုမေ့ကသူမဒီနေ့အတွက် ကျန်းရှင်းကိုမစောင့်နိုင်တော့ဘူးလို့ထင်တယ်လေ။ 


ကျန်းရှင်းကအလုပ်တွေပိုရှုပ်လာပြီးတော့ အိမ်ကိုပြန်လာတာလဲနည်းလာခဲ့တယ်။

တစ်ခါတလေတော့လဲပိုက်ဆံမရှာတာပိုကောင်းတယ်လို့ကျန်းရှုမေ့ထင်မိတယ်။နေ့တိုင်းပိုက်ဆံရှာနေရပြီးဘယ်တော့များမှအဆုံးသတ်မှာလဲ... သူမ‌တို့ကိုတွေ့ဖို့တောင် သူအိမ်ကိုပြန်မလာနိုင်တော့ဘူးလေ...


သူမခေါင်းခါလိုက်ပြီးဘေးနားက ကလေးကိုသတိရသွားပြီးကျန်းရှောင်မန်ကိုပြောလိုက်တယ်" ‌မြေးရဲ့သူငယ်ချင်းလေးကိုလဲ ညစာတူတူစားဖို့ခေါ်လိုက်လေ"

ဒါပေါ့ သူငယ်ချင်းလေးဆိုတာ ယွီချင်းရှီလေ။ 


ကျန်းရှောင်မန်ခေါင်းငြိမ့်ပြီးတော့ယွီချင်းရှီကိုခေါ်ဖို့ဘေးနားကိုပြေးသွားလိုက်တယ်။သူတို့နှစ်ယောက်တူတူပြန်လာကြဖို့အချိန်ဘယ်လောက်မှတောင်မကြာလိုက်ပေ။


ယွီချင်းရှီမှာအခုအစာစားချင်စိတ်တွေအများကြီးရှိနေပြီးတော့ သူအများကြီးစားခဲ့တယ်။သူနဲ့ကျန်းရှောင်မန်ကအရင်ကအရပ်တူတူပေမဲ့ဒီနှစ်ကစပြီးတော့သူ့ခန္ဓာကိုယ်ကလေတိုက်လိုက်လို့ပွင့်လာတဲ့မိုးမခပွင့်ဖူးလေးတွေလိုပဲ။

သူကအခုကျန်းရှောင်မန်ဖက်ခေါင်းတစ်ဝက်လောက်ကိုမြင့်နေပြီလေ။ 


ကျန်းရှောင်မန်ကပြောလိုက်တယ်"နင်ကအရင်ကမုန်လာဥသေးသေးလေးလိုပဲ ဒါပေမဲ့နင်ကမျက်စိတစ်မှိတ်အတွင်းမှာပဲကြီးပြင်းလာတယ်။ငါ့အိမ်ကိုပထမဆုံးအကြိမ်လာတုန်းကနင်ငိုနေတာငါမှတ်မိသေးတယ်"

သူကအရမ်းသနားစရာကောင်းအောင်ကိုငိုနေတာလေ။ 


သူနဲ့ကျန်းရှောင်မန်ကြားမှာဘယ်လိုမျိုးသဘောထားတွေကွဲလွဲခဲ့လဲမသိပေမဲ့ သူတို့နှစ်ယောက်လုံးငိုနေပြီး ချော့ဖို့ခက်တာတော့သူမသိတယ်။

ယွီချင်းရှီမျက်နှာက ချက်ချင်းပဲအနီရောင်ပြောင်းသွားတယ်။ 


သူအစားအစာတွေကိုအလျင်အမြန်ပဲစားလိုက်ပြီးတော့အရင်တုန်းကဘာအကြောင်းအရာကိုမှသူမစဉ်းစားချင်တော့ဘူး။

ဘာလို့ဆို အရမ်းရှက်ဖို့ကောင်းတယ်လေ။ 


အရေးကြီးတာကလူကြီးတွေတင်မှတ်မိနေတာမဟုတ်ဘူး ကျန်းရှောင်မန်လဲကောင်းကောင်းမှတ်မိနေတယ်လေ။

အဲဒီမှာတင်ပဲသူ့ရဲ့ယောက်ျားပီသမှုတွေဆုံးရှုံးသွားပြီ။

သူအရင်ကတည်းကယောက်ျားမဆန်ခဲ့ပေမဲ့လဲပေါ့။ 


ထမင်းနှစ်ပန်းကန်စားပြီးတာတောင် ကျန်းရှောင်မန်ကသူ့ပန်းကန်ထဲကိုထမင်းတွေထပ်ထည့်ပေးနေသေးတယ်။ယွီချင်းရှီငြင်းချင်ပေမဲ့သူကြည့်လိုက်တဲ့အခါသူမလဲဆက်စားနေသေးတာကိုတွေ့လိုက်တယ်။ 


ဒါဆိုလဲတူတူဆက်စားကြတာပေါ့။ 


ကျန်းရှုမေ့လဲကျန်းရှောင်မန်ရဲ့အစာစားချင်စိတ်ကိုအံ့ဩသွားပြီးမေးလိုက်တယ်" ရှောင်မန် သမီးဒီနေ့ညဘာလို့အများကြီးစားနေတာလဲ" 


"သမီး ပျော်လို့ပါ" 


"ဘာတွေများအဲ့လောက်တောင်ပျော်နေတာလဲ" 


ကျန်းရှောင်မန်မျက်တောင်ခတ်ပြီးခဏလောက်စဉ်းစားလိုက်တယ် ပြီးတော့ပြုံးလိုက်ပြီးတော့ " သမီးကောင်းတာလုပ်ခဲ့လို့ပါ " 


ကျန်းရှုမေ့ကပိုရှုပ်ထွေးသွားပြီးတော့ " ဘာကောင်းတာလဲ အဖွားအိုတစ်ယောက်ကိုကူညီပြီးလမ်းဖြတ်ကူးပေးခဲ့လို့လား" 


"မဟုတ်ပါဘူး သမီးဒီနေ့မကောင်းတဲ့သူတွေကိုအပြစ်ပေးခဲ့ပြီးတော့ ကောင်းတာလုပ်ခဲ့တယ် ‌တိုင်းပြည်နဲ့လူတွေကိုကူညီတယ်လို့တောင်ပြောလို့ရသေးတယ်" 


ကျန်းရှုမေ့မျက်မှောင်ကြုတ်လိုက်ပြီးတော့ထပ်မေးလိုက်တယ်

" ရန်ဖြစ်ခဲ့တာလား" 


မဟုတ်ရင် သူမကိုကျန်းမိသားစုကလို့ဘယ်ပြောလို့ရပါတော့မလဲ။

ကျန်းရှောင်မန်ချက်ချင်းယွီချင်းရှီကိုအကူအညီတောင်းတဲ့အကြည့်လေးနဲ့ကြည့်လိုက်တယ်။ 


ယွီချင်းရှီကလဲ" မဟုတ်ပါဘူး အဖွား ကျွန်တော်တို့ဒီနေ့ရန်မဖြစ်ခဲ့ကြပါဘူး" လို့ပြောလိုက်၏။ 


အိုး သူတို့ဒီနေ့ရန်မဖြစ်ခဲ့ကြဘူးပဲ။ 


ကျန်းရှောင်မန်အခုမှသက်ပြင်းချနိုင်ပြီးတော့မေးလိုက်တယ် " ဒါဆိုရင် ဘာကောင်းတာလုပ်ခဲ့တာလဲ" 


"ရှောင်မန်ကသူ့ရဲ့အတန်းဖော်တွေကိုကူပြီးစာပြပေးခဲ့တာပါ"


ကျန်းရှုမေ့ခဏလောက်စဉ်းစားလိုက်ပြီးတော့အဲဒါကကောင်းတာပဲလို့တွေးလိုက်တယ်။

"တော်တယ်" 


နောက်တော့သူမဘာမှဆက်မမေးတော့ဘူး။

ကျန်းရှောင်မန်က ယွီချင်းရှီကိုကျေးဇူးတင်တဲ့အကြည့်လေးနဲ့ကြည့်လိုက်တယ်။မျက်ရည်တွေကတော့သူမမျက်နှာမှာယိုစီးလို့ပေါ့။

ယွီချင်းရှီသူ့ခေါင်းကိုငုံ့ချလိုက်တယ်။သူဘာမှမပြောပေမဲ့သူ့ရဲ့နားရွက်လေးတွေကတော့နီရဲလို့ပေါ့။

ညနေခင်းမှာ သူတို့ရဲ့အိမ်ကို အသီးသီးပြန်သွားကြတယ်။ 


ကျန်းရှောင်မန်ဆီမှတစ်ဆင့် ယွီချင်းရှီစာတစ်စောင်လက်ခံရလိုက်တယ်။

"ဝူး ဝူး ဝူး ဝူး ကျေးဇူးပါပဲ နင့်ကြောင့်သာမဟုတ်ရင် ငါ့အဖွားကငါ့ကိုဆူတော့မှာ 

"ငိုကြွေးနေ" " 


ယွီချင်းရှီခ‌ဏလောက်ရပ်လိုက်ပြီးအချိန်ကိုကြည့်ပြီးတော့မှကျန်းရှောင်မန်ဆီစာပြန်ပို့လိုက်တယ်။ 


"ကိုးနာရီတောင်ခွဲနေပြီ မအိပ်သေးဘူးလား" 


"ငါအိပ်လို့မရသေးဘူး ငါအလုပ်များနေတယ်" 


"ဘာတွေအလုပ်များနေတာလဲ" 


"စာလေ့လာဖို့လိုအပ်တဲ့ပစ္စည်းတွေကိုပြန်စီနေတာလေ" 


"ဆရာ‌တို့ လုပ်ခိုင်းလိုက်တဲ့ဟာတွေလား ငါ နင့်ကိုကူညီပေးမယ်လေ " 


"ဟီး ဟီး မဟုတ်ပါဘူး ငါနင့်ကိုမနက်ဖြန်ကျရင်ပြောပြပါ့မယ်" 


ယွီချင်းရှီဘာမှဆက်မပြောတော့ဘူး။သူတွေ့ကရာစာအုပ်တစ်အုပ်ကိုကောက်လှန်လိုက်ပြီး ခဏလောက်ဖတ်ပြီးတာနဲ့ အိပ်ရာဝင်လိုက်တော့တယ်။ 


xxxxxxx


Part 264


နောက်နေ့ကျတော့ ကျန်းရှောင်မန်က သူမ မနေ့ကစုဆောင်းထားတဲ့ပစ္စည်းတွေကိုယူပြီး ဓာတ်ပုံမိတ္တူလုပ်ဖို့ မိတ္တူဆိုင်ကိုလာခဲ့တော့တယ်။သူမ မိတ္တူတွေအများကြီးကူးခဲ့တာ တစ်ဒါဇင်ကျော်လောက်ရှိတယ်။ 


ယွီချင်းရှီသူ့မျက်ခုံးတွေကိုမြှောက်လိုက်ပြီး သိချင်စိတ်တွေသူ့နှလုံးသားထဲမှာဖြစ်ပေါ်လာခဲ့တယ်။ ဒါပေါ့...အတန်းပြီးတဲ့အခါ ကျန်းရှောင်မန်က ဒုတိယနှစ်ဘက်ကိုပြေးပြီးတော့ ပစ္စည်းတွေကိုစွန်းရှောင်ကျယ်လက်ထဲထည့်ပေးလိုက်တော့တယ်။ 


"သူတို့အကုန်လုံးကိုဖတ်ပြီး လေ့ကျင့်ခန်းတွေလဲလုပ်ထား ငါနေ့လည်ကျရင်စစ်ပေးမယ်" 


စွန်းရှောင်ကျဲ"..." 


သူ လက်မခံဖို့ရွေးချယ်လိုက်လို့ရလား...


"ဝိုး ဒါကရည်းစားစာလား" 


"ဘယ်လိုဖြစ်နိုင်မှာလဲ" 


"ဘယ်သူကသူ့ကိုရည်းစားစာပေးရဲမှာလဲ" 


"ဘယ်ရည်းစားစာက ဓာတ်ပုံတွေနဲ့ရေးထားလို့လဲ" 


ပြောနေကြတာကို နားထောင်ပြီးတော့ စွန်းရှောင်ကျဲငိုတောင်ငိုချင်လာသလိုပဲ။

ဘာပဲဖြစ်ဖြစ် အခုကစပြီးတော့ အထက်တန်းဂျူနီယာခြောက်တန်းက ကျောင်းလူဆိုးတွေမှာ ရန်ဖြစ်ဖို့အချိန်မရှိတော့ဘူး။ 


သူတို့အားလုံးအိမ်စာလုပ်ရင်းအလုပ်ရှုပ်နေကြလိမ့်မယ်လေ။


သေစမ်း ငါအရင်ကအမှတ်‌ခြောက်ဂျူနီယာမှာဒီကောင်တွေကိုမတွေ့ဖူးပါဘူး။ သူတို့ အစ်ကို ရှန့်နဲ့တွေ့ရမှာကိုအရမ်းကြောက်နေကြတာလား။

ဘယ်သူကဘုရင် ဘယ်သူကအရှုံးသမားလဲဆိုတာ ဆုံးဖြတ်ဖို့ ငါတို့လတစ်ဝက်ကျရင် တိုက်ခိုက်ဖို့စုကြမယ်ဆိုပြီးသ

ဘောတူထားပြီးသားကို အချိန်ရောက်လာတော့လဲ သူကအရှုံးသမားပဲ။

ဒါသာမန်မဖြစ်နိုင်ဘူး စွန်းရှောင်ကျယ်ကမာနအရမ်းကြီးတဲ့ကောင်လေ သူကရန်ပွဲတွေမှာမပါတော့ဘူးဆိုတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ဘေးနားကဂျူနီယာအထက်တန်းကျောင်းလူမိုက်လေးတွေဟာအတူတူစုပြီးတော့  သူတို့အတွေးအမြင်များကို အချင်းချင်းတီးတိုးပြောနေကြတော့သည်။


တစ်တောင်ထဲမှာကျားနှစ်ကောင်မနေဘူးဆိုတဲ့ စကားပုံလိုပါပဲ။

တစ်ကောင်ကကျား"မ"ဖြစ်နေရင်တော့တစ်မျိုးပေါ့။


ကျားတွေအကုန်လုံးကအထီးဖြစ်နေရင်သူတို့အကုန်လုံးတူတူငြိမ်းငြိမ်းချမ်းချမ်းယှဉ်တွဲ နေထိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။

အထက်တန်းဂျူနီယာအမှတ်ခြောက်မှာ ကျောင်းလူမိုက်တစ်ယောက်ရှိပြီး အထက်တန်းဂျူနီယာအမှတ်လေးမှာလဲ ကျောင်းလူမိုက်တစ်ယောက်ရှိနေပြန်တယ်။

"ကျောင်းလူမိုက်နဲ့ကျောင်းလူမိုက်" ။မည်သူကနံပါတ်တစ်ဖြစ်၍ မည်သူကနံပါတ်နှစ်ဖြစ်မလဲဆိုသည်မှာဆုံးဖြတ်ရန်မှာမဖြစ်နိုင်သောအရာပင်။ထို့ကြောင့်သူတို့စည်းကမ်းတစ်ခုထုတ်လိုက်ကြသည်။လစဥ်လတိုင်းပြိုင်ပွဲ[1]ကျင်းပ၍ မည်သူသည်ဆရာကြီးအစစ်အမှန်လဲဆိုတာကိုဆုံးဖြတ်ကြမည်ဆိုတာပင်။


သို့ပေမဲ့ ဒီလပြိုင်ပွဲသို့ အထက်တန်းဂျူနီယာအမှတ်ခြောက်ကျောင်းမှမည်သူမှမလာကြပေ။သူတို့ပင်ဒီနေ့မလာကြတာမဟုတ်ပဲ စွန်းရှောင်ကျဲ၏အုပ်စုကိုလဲ ဒီနားတွင်မတွေ့ရတာကြာနေပြီဖြစ်သည်။

ဒါကတကယ့်ကိုပုံမှန်မဟုတ်တာပဲ။


အစ်ကိုရှန့်ဟုခေါ်သောဆရာကြီးကမျက်မှောင်ကြုတ်လိုက်သည်။သူကသူ့ညီလေးကိုခေါ်ပြီးမေးလိုက်သည်။

"အဲဒီကောင် စွန်းရှောင်ကျဲက ဒီလောက်နောက်ကျတဲ့အထိဘာလုပ်နေတာလဲ"


"ဒါက...ကျွန်တော်လဲမသိဘူး။အထက်တန်းဂျူနီယာအမှတ်ခြောက်ကကျွန်တော့်သူငယ်ချင်းတွေကိုမေးလိုက်ရမလား"

အစ်ကိုရှန့်ခေါင်းခါလိုက်ပြီး မည်သူမျှမလာသော ချိန်းဆိုပွဲကြီးမှ ထွက်ခွာလာတော့သည်။

သူ့ညီလေးကအနီးနားပတ်ဝန်းကျင်မှာလျှောက်မေးပြီး အစ်ကိုရှန့်ဆီသို့ သတင်းများကို နှစ်ရက်အတွင်း ပြန်ယူလာ‌ပေးတော့သည်။

ညီလေးကပြောသည်။


" အစ်ကိုရှန့် ကျွန်တော်အတိအကျတော့မသိဘူး ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းတွေဆီကကျွန်တော်ကြားတာတော့ စွန်းရှောင်ကျဲနဲ့သူ့အုပ်စုက အရင်ကနဲ့မတူတော့ပဲ စည်းကမ်းတွေပိုရှိလာကြတယ်တဲ့ အရင်တုန်းက သူတို့တွေအလံတိုင်အောက်မှာ ကိုယ့်ကိုကိုယ်သုံးသပ်စာတွေအမြဲတမ်းဖတ်နေရပေမဲ့ အခုသိပ်မရှိတော့ဘူးတဲ့"


အစ်ကိုရှန့်ကအဲဒါကိုကြားလိုက်တာနဲ့မျက်မှောင်ကြုတ်လိုက်ပြီးတော့ရုတ်တရက်ပြောလိုက်သည်။

"တစ်ခုခုဆိုးဝါးတာတော့ ဖြစ်နေပြီ"


ကျောင်းတိုင်းတွင်သင်ကြားရေးပုံစံအမျိုးမျိုးရှိကြသည်။ ကျောင်းလူမိုက်တွေအတွက်တောင်မှ ကိုယ့်ကိုကိုယ်သုံးသပ်စာဖတ်ရသောအကြိမ်အရေအတွက်ကမတူညီကြပေ။

စွန်းရှောင်ကျဲတက်သော အမှတ်ခြောက် ဂျူနီယာအထက်တန်းကျောင်းက တင်းကြပ်သောစည်းကမ်းများနှင့်မြို့ထဲတွင်အကောင်းဆုံးကျောင်းဖြစ်သည်။ကျောင်းလူမိုက်တစ်ယောက်အနေနှင့် သူကကိုယ့်ကိုကိုယ်သုံးသပ်စာကို အပတ်စဉ်တိုင်းဖတ်ရသည်။မည်သို့ပင်ဖြစ်စေ အစ်ကိုရှန့်တက်သောအမှတ်လေးဂျူနီယာအထက်တန်းကျောင်းကသိပ်မတင်းကြပ်သလို စည်းကမ်းများလဲအရမ်းမထိန်းချုပ်ပေ။


စွန်းရှောင်ကျဲနှင့်အခြားသူများက ကိုယ့်ကိုကိုယ်သုံးသပ်စာကိုနေ့စဉ်ဖတ်နေရချိန်တွင် အစ်ကိုရှန့်နှင့်အခြားသူများက ဖိအားမရှိပဲ လွတ်လပ်စွာနေထိုင်နေကြပြီး အပြစ်ပေးခံရမှာကိုလဲ မကြောက်ရွံ့နေကြပေ။


ထို့ကြောင့် သူတို့သည် စွန်းရှောင်ကျဲ၏သနားစရာကောင်းသောဘဝကို ရယ်တောင်ရယ်လိုက်ကြသေးသည်။ ယခုစွန်းရှောင်ကျယ်ကကိုယ့်ကိုကိုယ်သုံးသပ်ကြောင်းစာမဖတ်ရတော့သောအကြောင်းကိုကြားလိုက်ရသောအခါတွင် သူ၏တုံ့ပြန်မြှု စွန်းရှောင်ကျယ်ကသူ၏အပြုအမူများကိုနောင်တရ၍စိတ်သစ်လူသစ်ဖြစ်သွားပြီဟုမထင်ပဲ လှည့်ကွက်တစ်ခုခုတော့ရှိနေပြီဟုခံစားမိလိုက်ခြင်းဖြစ်သည်။


အခြားယုံကြည်နိုင်သောအကြောင်းပြချက်တစ်ခုက စွန်းရှောင်ကျဲ၏လုပ်နည်းလုပ်ဟန်များကပြောင်းလဲသွားပြီဟူ၍ဖြစ်သည်။သူကအရင်ကထက်ပိုတော်လာပြီးတော့ ဆရာဆရာမများကသူ့ကိုလက်ပူးလက်ကြပ်မဖမ်းနိုင်တော့ပေ။

အစ်ကိုရှန့်ကခေါင်းကုတ်လိုက်ပြီးအံကြိတ်၍ပြောလိုက်သည်။"ပြန်သွားပြီးတော့ ထပ်မေးလိုက်ဦး စွန်းရှောင်ကျယ်အခုတလောဘာတွေလုပ်နေလဲမေးလိုက် သူတစ်ခုခုမဟုတ်တာတွေဖွက်ထားတာလဲရှိချင်ရှိမှာပေါ့"


ညီအစ်ကိုလေးကအမိန့်ကိုခံယူပြီးထွက်သွားလိုက်သည်။နှစ်ရက်အတွင်းမှာပဲ သတင်းကသူနဲ့အတူပြန်ပါလာတော့သည်။

ညီအစ်ကို‌လေးကပြောလိုက်သည်။"အစ်ကိုရှန့် ခန့်မှန်းထားသလိုပါပဲ စွန်းရှောင်ကျဲကတကယ်ပဲ ဆန်းကြယ်ပြီးတော့ ကျွမ်းကျင်မှုရှိတဲ့ လေ့ကျင့်ရေးတွေကိုလျှို့ဝှက်လုပ်နေကြတာပါ"


"အဲ့ကောင်စုတ်ကတော့ ရက်စက်ကောက်ကျစ်လိုက်တာ အဲဒါငါနဲ့ယှဉ်ပြိုင်ဖို့ပဲဖြစ်ရမယ်"အစ်ကိုရှန့်ကညီအစ်ကိုလေးကိုသူ့ဘက်ဆွဲပြီးမေးလိုက်တယ်"ပြော စွန်းရှောင်ကျဲဘာတွေလုပ်နေတာလဲ"


"မကြာသေးခင်ကပဲ သူတို့အားလုံးက အဖွဲ့တွေနဲ့အလုပ်လုပ်နေကြတာ အဖွဲ့လိုက်အုပ်စုဖွဲ့ပြီးကြိုးစားပမ်းစားကိုအလုပ်လုပ်‌နေကြတာ သူတို့ကျောင်းခေါင်မိုးထပ်ကိုနေ့လည်တိုင်းသွားကြတယ် ဘာအကြောင်းပြချက်ကြောင့်မှန်းမသိရပဲ လူတွေစုကြပြီးတော့ ဘယ်သူ့ကိုမှခေါင်မိုးထပ်ကိုလာဖို့ခွင့်မပြုဘူး အဲဒါကအရမ်းထူးဆန်းတယ် ကျွန်တော့်သူငယ်ချင်းက သွားခိုးကြည့်ပြီးတော့ သူတို့တွေလျှို့ဝှက်ကုဒ်လိုမျိုး စကားလုံးကိုအချင်းချင်းပြောနေကြတာတွေ့တယ်တဲ့" 


အဖွဲ့လိုက်အလုပ်လုပ်တယ်တဲ့... လျှို့ဝှက်လေ့ကျင့်ရေး...လျှို့ဝှက်ကုဒ်တွေတဲ့လား...

အရမ်းကောင်းတယ် စွန်းရှောင်ကျဲ မင်းကအနိုင်ရဖို့အတွက်ဘာမဆိုလုပ်တော့မယ်ပေါ့။


အစ်ကိုရှန့်ကဒေါသတွေနဲ့အံကြိတ်လိုက်တယ်။

"ပြီးတော့ကော"


"ကျွန်တော့်သူငယ်ချင်းကိုတွေ့သွားကြပြီးတော့ သူအထိုးခံရ‌တော့မလို့တဲ့"

"အထိုးခံရတော့မလို့တဲ့လား? သူတကယ်အထိုးမခံလိုက်ရဘူးလား..." အစ်ကိုရှန့်အံ့ဩသွားတယ်။ 


ရှင်းလင်းချက် 


[1] ဤနေရာတွင်အသုံးပြုထားသောစကားလုံးသည်ဆရာကြီးကျင်းယုံ၏သိန်းငှက်သူရဲကောင်းတွင်ပါဝင်သော ဟွားရှန်ဓားသိုင်းဆွေးနွေးပွဲ သို့မဟုတ် ဟွားရှန်သိုင်းသမားများတွေ့ဆုံပွဲကိုဆိုလိုခြင်းဖြစ်သည်။ ၎င်းသည်အစွမ်းထက်ဆုံးသိုင်းသမားဆိုတာကိုသက်‌သေပြရန်ထိပ်သီးသိုင်းသမားများတိုက်ခိုက်ကြသောပွဲဖြစ်သည်။


xxxxxx


Chapter265


အခြေအနေတွေကိုဆန့်ကျင်ဘက်လုပ်ပြီး သူတကယ်လျှို့ဝှက်လေ့ကျင့်ရေးဆင်းနေသည် ဆိုလျှင် သူသေချာပေါက်တခြားသူတွေကို အနားလာခွင့်ဘယ်ပြုမည်နည်း။


တစ်ယောက်ယောက်အနားမှာယောင်လည်လည်လုပ်နေတာကိုတွေ့သည်နှင့် သူတကယ်သူတို့ကိုရိုက်နှက်ပစ်မှာဖြစ်သည်။


ညီငယ်လေးကဆက်ပြောသည်။

"ဟုတ်တယ် သူအရိုက်ခံရတော့မလို့ ဒါပေမဲ့ စွန်းရှောင်ကျယ်ကိုတစ်ယောက်ယောက်က ရပ်ဖို့ပြောလိုက်တော့ သူထွက်ပြေးလာခဲ့တာပဲ...."


တစ်ေယာက်ယောက်ကပြောတယ်....ဘယ်သူလဲ....အမှတ်ခြောက်ဂျူနီယာအထက်တန်းကျောင်းမှာ စွန်းရှောင်ကျယ်ထက်မြင့်တဲ့သူရှိနေတာလား....


အစ်ကိုရှန့်ကနက်နက်နဲနဲတွေးနေသည်။ သူအကြာကြီးတွေးပြီးတော့ နောက်ဆုံးတွင်နားလည်သွားခဲ့သည်။


"သေစမ်း အမှတ်ခြောက်ဂျုနီယာအထက်တန်းကျောင်းရဲ့ကျောင်းလူမိုက်ကပြောင်းသွားပြီ သူ့ကိုမေ့လိုက်တော့...."


"ဟုတ်တယ် သူ့ကိုမေ့လိုက်တော့...."


"အမှတ်ခြောက် ဂျူနီယာအထက်တန်းကျောင်းက လူတွေကိုဆရာကြီးကဘယ်သူလဲဆိုတာပေးသိလိုက်တော့......"


"အစ်ကိုရှန့်က‌အကောင်းဆုံးပဲ....."


အစ်ကိုရှန့်ကသူပြောသလိုပဲသေချာလုပ်ခဲ့သည်။ အမှတ်ခြောက်ဂျူနီယာအထက်တန်းကျောင်း၏ ကျောင်းလူမိုက်ကပြောင်းသွားပြီဆိုလျှင် သူအနည်းဆုံးတော့သွားနှုတ်ဆက်သင့်ပေသည်။


ယခုတော့ တိုက်ခိုက်ဖို့အတွက်အရင်ချိန်းလိုက်တော့မည်ဖြစ်သည်။


အစ်ကိုရှန့်က စည်းကမ်းဟောင်းတွေကိုလိုက်နာကာကျောင်းလူမိုက်အသစ်ကို စိန်ခေါ်တဲ့စာကိုပေးခဲ့သည်။


သို့သော် သူ့လက်အောက်တွင် လုပ်နိုင်တဲ့လူတွေအများကြီးရှိနေတာတောင်မှ ကျောင်းလူမိုက်အသစ်ကိုရှာမတွေ့နိုင်တာ သနားစရာကောင်းလှသည်။ ထိုလူက အရမ်းထူးဆန်းလွန်းသည်။


တခြားနည်းလမ်းလဲထပ်မရှိတော့၍ စိန်ခေါ်စာကို စွန်းရှောင်ကျယ်ကိုပဲပေးခဲ့ပြီး တစ်ဆင့်ပြန်ပေးပေးဖို့ ပေးခဲ့ရတော့သည်။


ကျန်းဟူကလူဆိုတော့ စွန်းရှောင်ကျယ်ဘာလုပ်ရမလဲသိတာပေါ့....


စိန်ခေါ်တဲ့စာကိုပေးပြီးနောက် အစ်ကိုရှန့်ကစောင့်နေသည်။


သူ့မှာရှင်းမပြနိုင်တဲ့ စိတ်လှုပ်ရှားမှုလေးရှိနေသည်။


ဒီအမှတ်ခြောက်ဂျူနီယာအထက်တန်းကျောင်းကလူမိုက်အသစ်လေးကရက်စက်တတ်ပြီးတော့ သူ့ကိုစိတ်မပျက်စေလောက်ပါဘူးနော်.... 


စွန်းရှောင်ကျယ်ဆီကပြန်လာတဲ့သတင်းကအစ်ကိုရှန့်ကြားချင်တဲ့သတင်းမဟုတ်တာသနားစရာပင်။ 


စွန်းရှောင်ကျယ်က သူကအခုကျောင်းအဆောင်တွင်နေနေပြီး ကျောင်းစည်းကမ်းတွေကိုလိုက်နာနေသည်။ကျောင်းဂိတ်တံခါးဝကိုမိမိဆန္ဒအတိုင်းသွား၍မရသလို ပိတ်ရက်များမှလွဲ၍ အပြင်မထွက်ရပေ။ ဘယ်လိုကိစ္စပဲရှိရှိ သူတို့ပိတ်ရက်အထိစောင့်ရမည်ဟုပြောသည်။ 


မင်းကဘာလို့ကျောင်းစည်းကမ်းတွေကိုလိုက်နာနေတာတုန်း ....


အစ်ကိုရှန့်ကအံထပ်ကြိတ်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။


"ကောင်းပြီလေ ဒါဆိုလဲငါသူ့ကိုစကားပြောဖို့ ပိတ်ရက်အထိစောင့်လိုက်ပါ့မယ်....."


သေစမ်း တိုက်ခိုက်ဖို့အတွက်ချိန်းဆိုဖို့က ပိတ်ရက်အထိစောင့်ရဦးမှာလား....မင်းကဘယ်လိုကျောင်းလူမိုက်လဲကွ....


ကျန်းရှောင်မန်ပြင်းပြင်းထန်ထန်နှာချေလိုက်မိသည်။ 


ရာသီဥတုကအေးသထက်အေးလာပြီးတော့ အေးနေတဲ့အချိန်မှာ အအေးမိဖို့လွယ်ကူသည်။

ကျန်းဟွေ့မိန်က သူမနှာချေတာကိုကြားတဲ့အခါတွင် ခေါင်းမော့ပြီးမေးလိုက်သည်။

"အဝတ်ထူထူဝတ်သွားလေ ဒီနေ့ကောအပြင်ထွက်ဦးမှာလား...."


ကျန်းရှောင်မန်အထဲပြန်ဝင်လာပြီးတော့ နာနာခံခံနဲ့ အဝတ်ထူထူဝတ်ပြီး သူမကိုယ်သူမတင်းကြပ်စွာ ပတ်ထားလိုက်သည်။ထို့နောက် အအေးမိနေသောအသံအက်အက်နှင့်ပြောလိုက်သည်။

 "ဟုတ်ကဲ့...."


"ဒီရက်ပိုင်းဘာတွေအလုပ်ရှုပ်နေတာတုန်း နေ့တိုင်းပဲအပြင်ထွက်နေတယ် အရင်တုန်းကတောင်ဒီလောက်ဝီရိယရှိနေတာမမြင်ဖူးပါဘူးတော်...." 


"အယ် သမီးလဲမထွက်ချင်ပါဘူးနော်.... ဒါပေမဲ့တခြားသူတွေကိုကူညီရမယ်လေ...."


"အိုး လမ်းတွေကိုသန့်ရှင်းဖို့စေတနာ့ဝန်ထမ်းသွားလုပ်ပေးနေတာလား ဒါမှမဟုတ် တစ်ယောက်ယောက်ကိုတစ်ခုခုသွားကူညီပေးနေပြန်ပြီလား...."


ကျန်းရှောင်မန်သူမရဲ့လက်များကိုသူမတင်ပါးပေါ်တွင်တင်ပြီး အေးအေးဆေးဆေး ပြုမူ၍ပြောလိုက်သည်။

"သမီးလုပ်နေတာက ကြီးကျယ်တဲ့အရာပဲ...."


"ဟုတ်ပါတယ် မင်း‌ကောမင်းဦးလေးကော နှစ်ယောက်လုံးကအံ့ဩစရာပါပဲ နှစ်ယောက်လုံးကြီးမြတ်တဲ့အရာတွေလုပ်နေကြတယ် ဟုတ်ပြီလား....."


ကျန်းရှောင်မန်ခြေဆောင့်ပြီးပြောလိုက်သည်။

 "သမီးဘာမှထပ်မပြောတော့ဘူး နောက်ကျတော့မယ်...."


ပြောပြီးနောက်တွင် သူမတံခါးအပြင်ကိုပြေးထွက်လာခဲ့သည်။


ထို့နောက် သူမပုံမှန်အတိုင်းပဲ ယွီချင်းရှီဆီထပ်ထွက်လာခဲ့သည်။ သူကလည်းပုံမှန်အတိုင်း သူမကိုခေါင်းငြိမ့်ပြခဲ့သည်။


လမ်းတစ်လျှောက်လုံးတွင် ယွီချင်းရှီကစကားတစ်ခွန်းမှမပြောခဲ့ပေ။ ကျန်းရှောင်မန်တစ်ယောက်တည်းသာ အကုန်လုံးကို သူမတစ်ယောက်တည်းပြောနေခဲ့သည်။ 


ကျန်းရှောင်မန်ကပြောလိုက်သည်။ 

" ငါတို့အခု ပထမနှစ်ရဲ့ပထမနှစ်၀က်သင်ခန်းစာတွေကိုအကုန်သင်ပြီးတော့မယ်နော် ..... ငါတော့ အခုထိနောက်ထပ်ကျန်တဲ့နှစ်၀က်ရဲ့သင်ခန်းစာတွေကိုမလေ့လာရသေးဘူးရယ်.... မတတ်နိုင်ဘူး‌လေ ငါတစ်ယောက်တည်းပဲကိုယ့်ဘာသာကိုယ်အရင်လေ့လာထားရတော့မှာပဲ....." 


ကံကောင်းစွာနှင့်ပင် သင်ခန်းစာများကသိပ်မခက်ပေ။ ကျန်းရှောင်မန်က သင်ခန်းစာများကို စနစ် နှင့်ဆွေးနွေးရင်းနှင့်ပင် လေ့လာနိုင်လေသည်။


ယွီချင်းရှီကသူမကိုကြည့်ရင်း သူ့ရဲ့နှုတ်ခမ်းများကိုလှုပ်ရှားလိုက်သော်လည်း ဘာမှမပြောဖြစ်လိုက်ပေ။ သူကသူလေ့လာပြီးပြီဖြစ်သောကြောင့် သူမကိုကူညီပေးနိုင်ကြောင်းပြောချင်သော်လည်း တခြားတဖက်မှတွေးကြည့်လျှင် သူကသူမကိုသာသင်ပေးချင်တာဖြစ်ပြီး တခြားလူများကိုမသင်ပေးချင်ပေ။


ထို့အပြင် ကျန်းရှောင်မန်ကသူ့ကိုမလိုအပ်ပေ။

သူမဘာသာတစ်ယောက်တည်းလေ့လာနိုင်သည်။


ပြီးတော့ မလိုတာက 


ကျစ်….... 


ယွီချင်းရှီဖြည်းဖြည်းလေး သက်ပြင်းချလိုက်သည်။ ဒီလိုဘ၀မျိုးကဘယ်တော့မှ အဆုံးသတ်မှာလဲ သူမသိပေ။ ပြောရလျှင် ကျန်းရှောင်မန်လည်း စိတ်ဓာတ်အရမ်းကျနေသည်။


သူမ အခုကျဉ်းထဲကြပ်ထဲရောက်နေသည်လေ။ 


အစတုန်းက စွန်းရှောင်ကျယ်နှသ့်သူ့သူငယ်ချင်းတွေက အမှတ်နဲ့ပတ်သက်ရင် အရမ်းရက်ရောခဲ့သော်လည်း ယခုတော့ မည်သည့်စိတ်ခံစားချက်အတက်အကျမဆို ရဖို့ခက်ခဲသွားသည်။


ကျန်းရှောင်မန်သူတို့ဆီကနေ အမှတ်တွေအများကြီးမရနိုင်တော့ပေ။ ထို့အပြင် သူတို့ကအခု ရမှတ်လုပ်ဆောင်မှုအရ သာမန်အတန်းဖော်အဆင့်ကိုရောက်နေကြလေပြီ။ သူမသာ သူတို့ကို သင်ခန်းစာတွေဆက်လုပ်ခိုင်းနေမည်ဆိုလျှင် မူရင်းတန်ဖိုးထက် ပိုပြီးကုန်ကျသွားလိမ့်မည်။ 


သူမတွင် ယခုအချိန်၌ တစ်သောင်းပြည့်ရန် သုံးထောင်လိုသေးပြီး အမှတ် ခုနှစ်ထောင်ရှိသည်။ စနစ် ကလည်းသူမကိုနေ့တိုင်းအလုပ်လုပ်ပြီး အမှတ်တွေပိုယူဖို့ တိုက်တွန်းနေသည်။ကျန်းရှောင်မန်က အလုပ်တစ်ခုလုပ်ပြီဆိုလျှင် အဆုံးထိတာဝန်ယူရမှကျေနပ်သူဖြစ်သည်။သူမစာသင်ကြားပေးနေတာကို လမ်းတစ်ဝက်နှင့် မရပ်လိုက်နိုင်ချေ။ 


ဖိအားပေါင်းများစွာအောက်မှာ သူမသူတို့ကို ပထမနှစ်ရဲ့သင်ခန်းစာများကိုသင်ပေးလိုက်တော့သည်။  သို့သော် သူမအတွက်တော့ လွယ်ကူနေသည်မဟုတ်ပါချေ။


xxxxx