အပိုင်း ၂၇၁-၂၇၅
Viewers 14k

Chapter 271


အမှန်တကယ်တွင် အမှန်ပြောဆေးရည်၏ အာနိသင်ကကုန်သွားပြီဖြစ်သော်လည်း အကျိုးသက်ရောက်မှုတစ်ချို့တော့ ကျန်သေးသည်လေ။ ထို့ကြောင့် ကျန်းရှောင်မန်၏မသိစိတ်က အမှန်တရားကိုပြောလိုက်ခြင်းဖြစ်သည်။ 


ကျင်းရှင်း : "..." 


ကျင်းရှင်းဒေါသဖြင့်‌ချောင်းဟန့်လိုက်ကာ သူမကိုကြည့်လိုက်သည်။

" ပြောလေ ဓားတောင်ကိုသွားတက်စေချင်လား ဒါမှမဟုတ် မီးပင်လယ်ကိုဖြတ်ပြရမလား...." 


ကျန်းရှောင်မန်ပြန်ဖြေလိုက်သည်။

"ဦးလေးကို ဓားတောင်လည်း မတက်စေချင်သလို မီးပင်လယ်လည်းဖြတ်ပြဖို့ မလိုပါဘူး သမီးကိုသီးသန့်ကျူတာပဲရှာပေးစေချင်တာပါ...." 


သူအရင်က သီးသန့်ကျူတာအကြောင်းပြောခဲ့ဖူးလေသည်။ ကျန်းရှင်းကအလုပ်အရမ်းများ၍ ရှာပေးဖို့အချိန်မရှိသော်ငြား ရှာပေးရန်အတွက်သူ့စိတ်ထဲမှာအမြဲထည့်ထားခဲ့သည်။သူ မကြာသေးခင်က အားလပ်ချိန်ရထား၍ ဤကိစ္စကိုအပြတ်ဖြတ်ရပေမည်။


ကျန်းရှင်း မတွေဝေပဲချက်ချင်းဖြေလိုက်သည်။

"ဟုတ်ပြီ ဦးလေးမနက်ဖြန်ရှာပေးမယ် ဘယ်လိုဆရာမျိုးလိုချင်လဲဦးလေးကိုပြော...." 


ကျန်းရှောင်မန်၏ ကိုယ်ပိုင်ကျောင်းမှ စာလေ့လာမှုများက ကောင်းသော်လည်း ယခုသူမကပထမနှစ်၏ ဒုတိယနှစ်ဝက်နှင့် ဒုတိယနှစ်၏ပထမနှစ်ဝက်ကိုတော့ သူမဘာသာလေ့လာရတော့မည်ဖြစ်သည်။ ဆရာကောင်းတစ်ယောက်ကဘေးနားမှာရှိနေခြင်းက အမြဲတမ်းကောင်းသည်။ ဆရာကောင်းတစ်ယောက်နှင့် အကူအညီပေးတတ်သောသူငယ်ချင်းရှိခြင်းတို့ရဲ့ အကျိုးကျေးဇူးကိုသူမသိပြီးဖြစ်သည်။ 


"သူတို့ကယဉ်ကျေးမှုကိုသင်ပေးနိုင်ရင်ကောင်းတယ်...  သိမ်သိမ်မွေ့မွေ့လေးနဲ့ကြင်နာတတ်ရင်တော့ အကောင်းဆုံးပေါ့ ဒေါသအရမ်းကြီးတဲ့သူတွေကိုမကြိုက်ဘူး...." 


ကျန်း‌ရှင်းက ခေါင်းငြိမ့်ပြီး သူနားလည်ကြောင်းပြလိုက်သည်။ နောက်တစ်နေ့တွင်ကျန်းရှင်းက မျှော်မှန်းထားသည့်အတိုင်းအလုပ်သို့ နှောင့်နှေးခြင်းမရှိပဲသွားခဲ့သည်။ 


ကျန်းရှောင်မန်ကျောင်းသို့ရောက်သောအခါ ယွီချင်းရှီကိုအဲဒီအကြောင်းပြောပြခဲ့သည်။

"ငါက ငါ့ဦးလေးငါ့ကို ကျူတာရှာပေးတာစောင့်နေတာ ဒီတော့နောက်ကျရင်နင်နဲ့ငါအိမ်စာအတူလုပ်နိုင်တော့မှာမဟုတ်ဘူး...." 


ယွီချင်းရှီကလန့်သွားပြီးမျက်မှောင်ကြုတ်လိုက်သည်။

"ဘာလို့လဲ ငါတို့ဆရာကစာသင်တာမကောင်းလို့လား...." 


"မဟုတ်ပါဘူး ဆရာတွေကဦးလေးယွီသီးသန့်ရွေးချယ်ပေးထားတဲ့ဆရာတွေလေ သူတို့စာသင်တာဘယ်လို့လုပ်မကောင်းပဲရှိပါ့မလဲ....  ဒါပေမဲ့ အခုငါသင်ချင်တာတွေက ပီယာနိုတီးတာတွေ အင်္ဂလိပ်စကားပြောတွေ စားပွဲတင်အပြုအမူတွေ အစရှိသဖြင့်ပေါ့ ငါစွန်းရှောင်ကျယ်ကိုအဲဒါတွေလုံးဝမသင်ပေးနိုင်ဘူးလေ....." 


စွန်းရှောင်ကျယ် စွန်းရှောင်ကျယ်ပဲလာပြန်ပြီ.....


ယွီချင်းရှီတိတ်တိတ်လေးအံကြိတ်လိုက်မိသည်။ ယွီချင်းရှီ၏ ရင်ဘတ်တွင် ထွက်ပေါက်မရှိသောဒေါသများဖြစ်တည်လာပြီး သူ့မျက်လုံးများနီရဲလာသည်။ 


ကျန်းရှောင်မန်၏ရင်ထဲတွင်ကျန်းရှင်းဟွားနှင့် ယီကျားကျားတို့ရှိနေပြီး အခုလူများပိုတောင်များပြားလာသည်။ 


ယွီချင်းရှီအေးစက်စက်နှင့်ပြောလိုက်သည်။

"မသိတဲ့သူတွေကတော့ မင်းတို့ကအဖေနဲ့အမေဖြစ်နေပြီလို့ထင်ကြမှာပဲ...."


စကားပြောပြီးသည့်အခါ သူကသူ့စက်ဘီးကိုမြန်မြန်နင်းလိုက်ပြီး သူတို့ကြားမှာအကွာအဝေးတစ်ခုကိုထားလိုက်သည်။ 


...ကျန်းရှောင်မန်ကလျင်လျင်မြန်မြန်ပဲဖမ်းမိသွားသည်။ 


ကျန်းရှောင်မန်သူ့ကိုမေးလိုက်သည်။

"နင်ဘာလို့စိတ်ဆိုးတာလဲ အဲဒါကငါနင့်ကိုကစားဖို့လာမရှာတော့တာနဲ့မတူဘူးလေ...."


"ဟွန်း...."

သူ့မျက်နှာကိုဘယ်ဘက်သို့လှည့်လိုက်သည်။ 


"ငါကနင့်ကိုနှောင့်ယှက်မိမှာစိုးရိမ်လို့ပါ ငါ့ဦးလေးကလဲငါ့အတွက်ကျူတာရှာပေးချင်တယ်လို့ပြောတယ်လေ ငါကသူ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပေါ့....."


ဟွန်း"

သူ့မျက်နှာကိုညာဘက်သို့လှည့်လိုက်သည်။ 


"..." 


ကျန်းရှောင်မန်သူ့ကိုလျစ်လျုရှုလိုက်ဖို့သာဆုံးဖြတ်လိုက်တော့သည်။ သူကဘာကိုစိတ်ဆိုးနေတာလဲသူမ မသိပေ။ ယောက်ျားလေးတွေက တကယ်ခေါင်းကိုက်စရာပင်။


ယွီချင်းရှီက သူ့ခေါင်းကိုဟိုဘက်ဒီဘက်လှည့်၍ သူမပျော်တာကိုဖော်ပြနေသော်လည်း ကိစ္စကဆုံးဖြတ်ပြီးပြီဖြစ်၍ အဲဒါကဘာမှလုပ်လို့မရပေ။ ကျန်းရှောင်မန်က ကိစ္စတစ်ခုခုကိုဆုံးဖြတ်ပြီးသောအခါ နွားထီးကိုးကောင်ရှိလည်း သူမကိုဆွဲထားလို့မရပေ။ 


ကျန်းရှန်ကလည်း အလုပ်ကိုလျင်လျင်မြန်မြန်လုပ်သည်။ နှစ်ရက်အတွင်းမှာပဲ သူက ကျန်းရှောင်မန်အတွက်ကျူတာကိုရှာတွေ့လာလေသည်။ 


သူမကလှပပြီး နူးညံ့သိမ်မွေ့သည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ ဆရာမကိုကြည့်ရတာအရမ်းရှက်တတ်တဲ့ပုံရသည်။ သူမက နူးညံ့ကာနည်းနည်းတက်တက်ကြွကြွစကားပြောတတ်သည့် လှပသောအစ်မကြီးတစ်ယောက်ပုံစံမျိုးဖြစ်သည်။ 


ဆရာမကကျန်းအိမ်သို့ပထမဆုံးအကြိမ်ရောက်လာကာ ဧည့်ခန်းတွင်ထိုင်နေသည်။ကြည့်ရတာ အရမ်းကို့ရိုးကားရားဖြစ်နေသည်။ 


ကျန်းရှောင်မန်ကသူမ၏ဆန့်ကျင်ဘက်တွင်ဝင်ထိုင်လိုက်ပြီး သူမ၏မျက်လုံးကြီးများဖြင့် ဆရာမကိုကြည့်နေသည်။ 


"ဆရာမရဲ့မျိုးရိုးနာမည်က ထောင်ပါ နာမည်ကတော့ ထောင်ထောင်ပေါ့[1]ဆရာမကို ဆရာမထောင်လို့ခေါ်လို့ရပါတယ်..."


"မင်္ဂလာပါ ဆရာမ....."

ကျန်းရှောင်မန်ကအရမ်းကိုအပြုအမူကောင်းတွေဖြင့်ပြုမူနေသည်။ 


သူမရဲ့အသက်ရှုနှုန်းတွေမြန်လာသည်။သူမ၏မျက်လုံးသူငယ်အိမ်တွေကျယ်လာပြီး သူမလက်တွေကတုန်ယင်နေသည်။ကြည့်ရတာ သူမရဲ့သီးသန့်ဆရာမကသူမထက်ကိုစိတ်တွေပိုလှုပ်ရှားနေတာပဲ။ 


ဦးလေးသူမကိုဘယ်ကရှာတွေ့လာတာပါလိမ့်..... 


ရှင်းလင်းချက် 


[1] သူမ၏မျိုးရိုးနာမည်မှ ပထမစာလုံး ထောင်

(The first Tao)နှင့်သူမ၏ကိုယ်ပိုင်နာမည်မှ ဒုတိယထောင်(The second Tao)မှာမတူညီကြပေ။


xxxxx


Chapter 272


ထောင်ထောင်ကို နောက်ပိုင်း၌ ကုမ္ပဏီတွင်အလုပ်လုပ်လာလုပ်ခဲ့သည့် သူမဦးလေးမှတဆင့် ကျန်းရှင်းကိုမိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ သူ၏သူဌေးက သူ့တူမကိုသင်ပေးရန်အတွက် ကိုယ်ပိုင်နည်းပြဆရာရှာနေသည်။ ထို့အပြင် အလယ်တန်းကျောင်းသူကို ယဥ်ကျေးမှုသင်ခန်းစာများ သင်ပေးနိုင်သည့်တစ်စုံတစ်ယောက်ကို လိုနေကြောင်းလည်းကြားခဲ့သည်။ ကျန်းရှင်းတွင်အလွန်မြင့်မားသည့်တောင်းဆိုမှုများမရှိပေ။ နူးညံသိမ်မွေ့ပြီး စိတ်ထားကောင်းသည့် သူမျိုးကိုသာ သူလိုပြီး သူ၏ကမ်းလှမ်းချက်များနှင့် အခြေအနေများသည် အလွန်ကောင်းမွန်ပြီးရက်ရောသည်။


ထောင်ထောင်ဘွဲ့ရပြီး သိပ်မကြာခင်မှာပင် သူမအမေနေမကောင်းသောကြောင့် သူမမွေးရပ်မြေသို့ပြန်ရန်ဆုံးဖြတ်လိုက်သည် ။


သူမ၏အမေနှင့် သူမ၏အသုံးမဝင်သည့်မောင်လေးကိုဂရုစိုက်ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသူနာပြုငှားရန်မတတ်နိုင်သောကြောင့်ဖြစ်သည်။ သူမတွင်အခြားရွေးချယ်စရာမရှိ၍ သူမအလုပ်မှယာယီထွက်ပြီး သူမအမေကိုစောင့်ရှောက်ရန် အချိန်ရရန်အတွက် ကျန်းရှင်း၏ကမ်းလှမ်းချက်ကိုလက်ခံလိုက်သည် ။


အလုပ်လက်မခံခင်တွင် ထောင်ထောင် သူမဦးလေးကိုသူဌေး၏စရိုက်နှင့် သူမလိုက်နာရမည့် တားမြစ်ထားသည့်အရာရှိမရှိ သူမဦးလေးကိုအထူးအနေဖြင့် မေးမြန်းထားခဲ့သည် ။


သူမဦးလေးက ကျန်းရှင်းကစိတ်ကောင်းရှိ၍ ဖော်ရွေသောကြောင့်သူမကြောက်စရာမလိုဘူးဟုဆိုသည်။ သို့သော်သူ၏သူဌေးကအနည်းငယ်ဆိုးသည်ဟုကြားထားသည်။ ကျန်းရှင်း ကဒုစရိုက်လောကမှ လာခဲ့သူတစ်ယောက်ဖြစ်သည်။ ကျန်းရှင်း၏အစောပိုင်းနှစ်တွင် ကြီးမားသည့်ရန်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး သူ့ဘဝတစ်ဝက်နီးနီး ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်ဟု သူကြားထားသည်။ သို့သော်လည်း ကျန်းရှင်း၏အသက်စွမ်းအားကောင်းသောကြောင့် သူ၏အသက်ကိုပြန်ဆွဲယူနိုင်ခဲ့သည်။ ထိုအချိန်မှစ၍သူ၏ဘဝသည်အလှည့်အပြောင်းဖြစ်သွားခဲ့သည်။ အမှန်တကယ်ဘာဖြစ်သွားခဲ့သည်ကို မည်သူမှမသိကြသော်လည်း သူဌေးက မဖြောင့်မှန်သည့်သူဖြစ်ပြီး အကြင်နာကင်းမဲ့သည့်သူဟု ထင်မြင်ချက်အချို့ရှိလေသည်။ သူ၏တူမကို ရာနှုန်းပြည့်နာခံမှုရှိရန်နှင့်  သူမ၏သူဌေးကိုဒေါသမထွက်ရန်ပြောထားခဲ့သည်။ မဟုတ်လျှင် ပိုက်ဆံရှာရမည့်အစား သူမအသက်ပင်ဆုံးရှုံးသွားနိုင်သည်ဟု၍လည်း ပြောကြသေးသည်။


ထောင်ထောင် အမှန်တကယ်ပင်ကြောက်ရွံသွားခဲ့သည် ။


သို့သော် သူမအမေ၏ဆေးဖိုးဝါးခအတွက် သူမဖိအားကိုကြံ့ကြံ့ခံ၍ ကျန်းရှင်းနှင့်တွေ့ရန်လာခဲ့သည် ။


သူမ၏သူဌေးက အသက်သုံးဆယ်ခန့်ရှိပြီဖြစ်ပြီး မျက်ခုံးကောင်းကောင်းနှင့် အရပ်ရှည်ရှည်ဖြစ်ပြီး အလွန်ချောမောသောယောကျာ်းတစ်ယောက်နှင့်တူသည် ။


ကြည့်ကောင်းသည့်သူတစ်ယောက်ပင်။


သို့သော် သူက​အလွန်ယဥ်ကျေးသည့်သူတ​စ်ယောက်မဟုတ်ပေ ။


သူ၏မျက်လုံးထဲတွင်စေ့စပ်မှုအပြည့်နှင့် ထောင်ထောင်ကိုကြည့်နေခဲ့သည်။ သူ၏လေသံသည် ဖော်ရွေမှုမရှိပေ။

 " ဒီတော့... မိန်းကလေး မင်းကိုင်တွယ်နိုင်လား..."


" မစ္စတာကျန်း ကျွန်..ကျွန်မကိုင်တွယ်နိုင်ပါတယ်... " 

ထောင်ထောင်အလုပ်ရရန်အစွမ်းကုန်ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။


" ကျွန်မမှာအရင်က သင်ကြားရေးဆိုင်ရာအတွေ့အကြုံရှိပါတယ်.... နောက်ပြီးကောလိပ်မှာလည်းအချိန်ပိုင်းအနေနဲ့ ကိုယ်ပိုင်နည်းပြဆရာလုပ်ဖူးတယ်...အလယ်တန်းဘာသာရပ်တွေကိုသင်ပေးရတာတော့ ပြဿနာမရှိပါဘူး..."


ကျန်းရှင်း သူ၏လျှာကို'ကျစ်'ဟုအသံထွက်အောင်လုပ်လိုက်ပြီး သူမ၏အလုပ်အတွေ့အကြုံကြောင်းကို သိပ်အာရုံစိုက်ပုံမရပဲ သူ၏မျက်လုံးထဲတွင် ယဲ့ယဲ့လေးလှောင်ပြောင်နေဆဲဖြစ်သည်။

 " ငါဆိုလိုတာက...မိန်းကလေး မင်းတိုက်ခိုက်နိုင်လားလို့..."


"...ဘာ...ဘာကြီး..." 

ထောင်ထောင် မှင်တတ်သွားခဲ့သည် ။


တိုက်ခိုက်နိုင်လား.... ကျူတာတစ်ယောက်ကဘာလို့တိုက်ခိုက်ဖို့လိုရမှာလဲ.... ဒါကအပိုလိုအပ်ချက်များလား.....

သူမကိုဦးလေးက တစ်ခါမှမပြောပြထားခဲ့ပေ ။


ထောင်ထောင် သူမဦးလေးပြောပြထားခဲ့သည့် အတင်းအဖျင်းများနှင့် ကောလဟလများကိုသတိရသွားခဲ့သည် ။


ဦးလေးပြောထားသည်မှာ လူငယ်လေးတွင်အခြေခံကျော်ကြားသည့်မှုမရှိပဲ နှစ်အနည်းငယ်အတွင်းကံကောင်းလာဟည်ဟုပင်။ သူ၏ကုမ္ပဏီက ကြီးသထက်ကြီးမားလာပြီး ငွေလည်းပို၍ရှာနိုင်လာသည်။ နောက်ကွယ်တွင်လှည့်ကွက်မရှိဘူးဟု ပြောဖို့မဖြစ်နိုင်ပေ ။


ကောလဟာလများက မယုံနိုင်စရာဖြစ်သော်လည်း သူတို့အားလုံးအခြေအမြစ်မရှိသည်တော့မဟုတ်ချေ။ မီးမရှိပဲနှင့်တော့ မီးခိုးရှိမည်မဟုတ်ပေ။ သူမဦးလေးကလည်း သူမအတွက်စိုးရိမ်၍ အကယ်၍သူဌေးကကိုးရိုးကားရားနိုင်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသည်များကိုတောင်းဆိုခဲ့လျှင် သူမအလုပ်ကိုလက်မခံသင့်ဘူးဟုဆိုခဲ့သည်။ သူမ၏ အသက်ကို ထိန်းသိမ်းရန်က ပို၍အရေးကြီးလေသည် ။


ထောင်ထောင်တွင် ပြန်ထွက်သွားဖို့ရည်ရွယ်ချက်ရှိထားပြီးသားဖြစ်သည် ။


ထောင်ထောင်တုန်လှုပ်သွားပြီး သူမငြင်းဆိုရန်အတွက်စကားလုံးကိုသာရှာဖွေ​​နေခဲ့သည် ။


ယခုတစ်ကြိမ်တွင်တော့ ကျန်းရှင်းအေးအေးဆေးဆေးပြောလာသည်။

 " ငါ့မှာတခြားရည်ရွယ်ချက်မရှိပါဘူး... မင်းငါ့တူမကိုမကိုင်တွယ်နိုင်မှာကိုသာငါကြောက်တာပါ... ငါ့တူမက စိတ်ထားကောင်းပြီး ကိုယ်ကျင့်တရားလည်းကောင်းတယ်.... သူမ နှစ်တိုင်းပထမနေရာမရဖူးတာမရှိဘူး ဒါပေမဲ့သူ့မှာပြဿနာနည်းနည်းတော့ရှိတယ်..."


" ဘာ...ဘာပြဿနာလဲ ...."

အကယ်၍မိန်းကလေးသာဆိုလျှင် ထောင်ထောင် သူမကိုင်တွယ်နိုင်မည်ဟုတွေးထားခဲ့သည် ။


မိန်းကလေးများသည် ယေဘုယျအားဖြင့် ရိုသေပြီး ယှဥ်ကျေးကြသည် ။


ယောကျာ်းလေးတွေကတော့ ဆုံးမဖို့ခက်ခဲလေသည် ။


သူမ၏ မောင်ငယ်လေးအကြောင်းတွေးမိရုံဖြင့် ထောင်ထောင်ဝမ်းနည်းမှုလွှမ်းမိုးသွားပြီး သက်ပြင်းသာချချင်သွားသည် ။


" ငါ့တူမကထူးထူးခြားခြားမွေးလာတာ... သူမကငယ်ငယ်လေးကတည်းကထူးဆန်းတဲ့လူတွေကိုဆွဲဆောင်နိုင်တယ်.... ရိုးရိုးသားသားပြောရရင် သူမအသက်အရွယ်ဒီလောက်မရောက်ခင်ကတည်းက သူမတစ်ယောက်တည်းပြန်ပေးဆွဲခံရတာကို နှစ်ခါတောင်အတွေ့အကြုံရှိထားတယ်.... ကျန်တာကတော့အများကြီးပြောစရာမလိုတော့ပါဘူး..." 

ကျန်းရှင်းသူမကိုတစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။

" တကယ်တော့ မင်းကငါ့တူမကိုမကောင်းတဲ့အကြံအစည်နဲ့ချဥ်းကပ်လာတယ်ဆိုတဲ့ သံသယမျိုးငါ့မှာရှိတယ်... "


ထောင်ထောင်တိတ်ဆိတ်သွားပြီး သူမ၏လှပသည့်မျက်နှာလေးက ဖျော့တော့နေတော့သည် ။


ကြားရတာ တကယ့်ကိုရှုပ်ထွေးနေသည် ။


ယခုအလုပ်ကသိပ်တော့အဆင်မပြေပေ ။


အန္တရာယ်လည်းကြီးလွန်းသည် ။


xxxxxxx


Chapter 273


သူဌေးကသူမကို သူ၏ပြိုင်ဘက်...ဒါမှမဟုတ်တစ်ခုခုက ပို့လိုက်သည့်လူသတ်သမားလို့ထင်နေတာလား...


" ဒီတော့ မစ္စတာကျန်း.... အဲ့ဒါကပိုကောင်းလိမ့်မယ်... တကယ်လို့ကျွန်မ..."


" ဒါပေမဲ့ ငါသေချာလှည့်ပတ်ကြည့်လိုက်တော့ မင်းမှာအဲဒီလိုအရည်အချင်းမျိုး မရှိတာကိုတွေ့လိုက်ရတယ်..."

ကျန်းရှင်းမှဆက်ပြောသည်။

 " မင်းငါ့တူမကိုမရိုက်နိုင်ဘူး... "


"...?" 

ထောင်ထောင် ခြောက်ကပ်စွာဖြင့်ရယ်လိုက်သည်။

 " ... မစ္စတာကျန်း ကျွန်မကိုတိုက်ခိုက်နိုင်လားလို့သာမေးလိုက်ပါတော့..."


" ငါကအရမ်းအလုပ်များတယ် ပြီးတော့တစ်နှစ်ပတ်လုံးအဝေးကိုသွားနေရတာ... ငါ့တူမကတစ်ခါတစ်လေမကောင်းတဲ့ အကျင့်ရှိတတ်တယ်....  နောက်ပြီးငါ့အမေကိုတောင်မကြာခဏစိတ်တိုစေသေးတယ်.... အကယ်၍ငါ့အမေကစိတ်ဆိုးပြီး သူ့ကိုရိုက်ချင်တဲ့အခါဆိုရင် ရပ်တန့်ဖို့နည်းလမ်းရှာကိုသာရှာချေ..."


ထောင်ထောင်အသံတိုးတိုးဖြင့်မေးလိုက်သည်။

 " မစ္စတာကျန်းအမေက မစ္စတာကျန်းတူမထက်တောင်သန်မာတာလား... "


ကျန်းရှင်းသူမကိုပြင်းပြင်းထန်ထန်ကြည့်လိုက်ပသည်။

" မင်းမမေးသင့်တာကိုမမေးရဘူး...အလုပ်ကိုသာလက်ခံလိုက် မင်းငွေလိုမှာမှာမဟုတ်တော့ဘူး... ပထမဆုံးလကို စမ်းသပ်ကာလအနေနဲ့ ယွမ် ၃၀၀၀၀ပေးမယ်..."


သုံးသောင်းတဲ့လား.....

အကယ်၍သူမ၏လက်ရှိအလုပ်သာဆိုလျင်ပုံမှန်ဝန်ထမ်းဖြစ်သွားလျင်တောင် သုံသောင်းရလိမ့်မည်မဟုတ်ပေ ။


အမေ့အတွက်ဆေးဖိုးဝါးခ...


ထောင်ထောင် အချိန်အတော်ကြာရုန်းကန်လှုပ်ရှားခဲ့ရသည်။ မစ္စတာကျန်းတို့ကို ကြည့်ရသည်မှာအိမ်တွင်းအကြမ်းဖက်မှုရှိပုံရပြီး တစ်မိသားစုလုံးတိုက်ခိုက်ရာတွင်တော်ကြသည်။


 သူဌေးမည်ကဲ့သို့လိုချင်သည်ကလည်း မရှင်းလင်းသလို သူ၏ပိုက်ဆံများကလည်း မသမာသည့်နည်းလမ်းမှရလာခြင်းဖြစ်ပြီး သုံးသောင်းပေးခြင်းဖြစ်သည် ။ သူမကြာကြာတွေဝေမနေတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။

 " ကောင်းပြီလေ…ကျွန်မကြိုးစားကြည့်ပါ့မယ်..."


သို့ဖြစ်၍ ပြဿနာကထိုနည်းဖြင့်ပြေလာ်သွားခဲ့သည် ။


ထောင်ထောင် ယနေ့ကျန်းရှင်းနှင့်တွေ့ရန်အတွက်ပြင်ဆင်မှုအများအပြားလုပ်ခဲ့ရသည် ။


ကျန်းရှင်းက သူ၏တူမက အဆက်အဆံလုပ်ရန်အလွန်မလွယ်ကူဟုပြောခဲ့သည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုထိန်းသိမ်းဖို့လိုပြီး သူမကိုဦးဆောင်ခွင့်ပေးလို့မဖြစ်ပေ ။


ပိုင်နက်ကိုထိန်းသိမ်းရမယ်... ပိုင်နက်ကိုထိန်းသိမ်းရမယ်...


"ငါ...ငါဒီနေ့...ဒီနေ့က ငါဒီကိုလာတာပထမဆုံးအကြိမ်ပဲ ..." 

ထောင်ထောင်အလွန်ကြောက်ရွံ့နေ၍ စကားမထစ်ပဲမနေနိုင်တော့ပေ ။


ကျန်းရှောင်မန်သူမကိုကြည့်လိုက်ပြီး လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။

" ဆရာမ မကြောက်ပါနဲ့... သမီးလူတွေကိုမစားပါဘူး...."


ထောင်ထောင် သက်ပြင်းချလုနီးပါးဖြစ်သွားခဲ့သည်။ ထို့နောက်သူမ၏ကြောက်ရွံ့မှုကိုပြန်ထိန်းဖို့အတွက် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက်တွင် သူမပို၍သက်သောင့်သက်သာရှိသွားခဲ့သည် ။


" ရှောင်မန်...ဟုတ်တယ်မလား.... ဒီနေ့ကစပြီး ဆရာမကသမီးရဲ့ကိုယ်ပိုင်နည်းပြပဲ.. သမီးမှာဘာမေးခွန်းပဲရှိရှိ ဆရာမကိုလာမေးလို့ရတယ်..." 

ထောင်ထောင်သူမ၏ကြင်နာမှုကို ကောင်းနိုင်သမျှအကောင်းဆုံးပြလိုက်သည် ။


ကျန်းရှောင်မန်လည်း လိမ္မာစွာဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ကဲ့ပါ၊ ဆရာမ..."


" ဒါဆို ပထမဆုံးအနေနဲ့လေ့လာကြည့်ကြမလား... ပထမဆုံးအနေနဲ့သမီးရဲ့အခြေခံကိုဆရာမကြည့်လို့ရမလား..."


သို့ပေမဲ့ ကျန်းရှောင်မန်ကတော့ သိပ်စိတ်ဝင်စားပုံမပေါ်ပေ။ ကျန်းရှောင်မန် မည်သူမှမရှိသည်ကိုသေချာအောင်လုပ်ပြီးနောက်တွင် သူမ ထောင်ထောင်ကိုတိုးတိုးလေးပြောလိုက်​လေသည်။

 " ဆရာမ...သမီးကိုတစ်ခုလောက်တော့အရင်ကတိပေးလို့ရမလား …"


ကလေးကအလွန်ဥာဏ်ကောင်းပြီးတော်သည်။ ကလေး၏ဒေါသသည် ကျန်းရှင်းပြောထားသလောက်ကြောက်စရာမကောင်းပေ... သူမကတတ်ကြွနေရုံသာရှိသည် ။


သူမပြုံးပြီးပြောလိုက်သည်။

" ရတာပေါ့... "


ကျန်းရှောင်မန်တိုးတိုးလေးပြောလိုက်သည် " ဆရာမကိုအခုလေးတင်သမီးပေးလိုက်တဲ့လက်ဖက်ရည်က..."


"??" 

ထောင်ထောင်ထိတ်လန့်သွားပြီး ရုတ်တရက်မကောင်းသည့်ခံစားချက်များကိုရလိုက်သည် ။


လက်ဖက်ရည်ကဘာဖြစ်လို့လဲ...တစ်ခုခုမပြောပဲနဲ့ ဒီမှာတင်ရပ်လိုက်ပါတော့...အရမ်းကြောက်ဖို့ကောင်းတာပဲ ...


" ဆရာမကိုအခုလေးတင်သမီးပေးလိုက်တဲ့လက်ဖက်ရည်က ဘွားဘွားရဲ့ချစ်လှစွာသောဂန္ဓမာပန်းကို တိတ်တိတ်လေးခူးပြီးလုပ်ထားတာလေ …"


"...."

ထောင်ထောင်တစ်ခဏတာလောက်တုံ့ဆိုင်းသွားပြီးနောက်တွင် အသံတိုးတိုးလေးဖြင့်မေးလိုက်သည်။

 " ဒီဂန္ဓမာပန်းကစျေးကြီးတဲ့မျိုးစိတ်ကလား..." 


" သမီး မသိဘူး...အဲ့ဒါတွေကသမီးအဖွားကိုယ်တိုင်သူ့လက်နဲ့စိုက်ပျိုးထားတာတွေလေ.... သူတို့ကိုဘွားဘွားကမွှေးတုံလေးလိုမျိုးချစ်ခင်မြတ်နိုးတယ်လေ...နောက်ဆုံးတစ်ခေါက်တုန်းကဆိုရင် သမီးကသူတို့ကိုခူးချင်တယ်လို့ပြောတာကို ဘွားဘွားကသမီးကိုပန်းတစ်ခါခူးရင်တစ်ခါရိုက်မယ်ဆိုပြီးပြောတယ်...."


ထောင်ထောင် မရီပဲမနေနိုင်တော့ပေ ။


ကြောင်တစ်ထောင်အလေးချိန်ရှိသကဲ့သို့ သူမဗိုက်လေးလံနေသလိုခံစားလိုက်ရသည် ။


ကျန်းရှောင်မန်၏မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့်ပြောလေသည်။

 " ဆရာမဒီကိုမရောက်မချင်း သမီးပန်းတွေကိုမခူးရဲခဲ့ဘူး... အကယ်၍ဆရာမသာမပြောရင် ဘယ်သူမှသိမှာမဟုတ်ဘူး..."


"...ဒါပေါ့ ...."


အကယ်၍သူမကတခြားသူတွေကိုမသိစေချင်ဘူးဆိုရင် ကျန်းရှောင်မန်ကဘာလို့သူမကိုလာပြောနေသေးတာလဲ...


ကျန်းရှောင်မန်ပြုံးလိုက်သည်။

 " ဆရာမကတကယ့်လူကောင်းတစ်ယောက်ပဲ...အခုစာစသင်ကြရအောင်...."


စကားပြောပြီးနောက်တွင် သူမထောင်ထောင်၏လက်ကိုဆွဲကာ ဒုတိယထပ်ရှိအိပ်ခန်းထဲသို့ခေါ်သွားလိုက်သည် ။


xxxxxx


Chapter 274


အပေါ်သို့တက်နေချိန်တွင် ကျန်းရှောင်မန်သူမကိုထပ်မေးလိုက်ပြန်သည်။

 " ဆရာမ...အခုလက်ဖက်ရည်ကအရသာကောင်းတယ်လို့ဆရာမထင်လား..."


" အရသာရှိပါတယ်...အရမ်းအရသာရှိတယ် ဆရာမဒီလိုအရသာရှိတဲ့လက်ဖက်ရည်ကိုတစ်ခါမှမသောက်ဖူးဘူး ...."


ကျန်းရှောင်မန် သူမခေါင်းကို ကုတ်လိုက်ပြီး သူမ၏ အရသာခံနိုင်စွမ်းပင် တစ်ခုခုမှားနေသည်ဟုခံစားလိုက်ရသည်။ သို့သော်သူမပြောဖို့ရန်အတွက် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

" ဒါပေမဲ့ အရသာကအရမ်းသာမန်ဆန်တယ်လို့သမီးထင်တယ်... ဒီလိုမှန်းသာသမီးသိရင် ပန်းတွေကိုမခူးခဲ့ပါဘူး...တခြားအရာတွေဆိုလက်ဆတ်ရင် စမ်းသုံးကြည့်လို့ရပေမယ့် လက်ဖက်ရည်ကြတော့ လတ်ဆတ်တာကိုသုံးလိုက်ရင် အစိမ်းရောင်စွပ်ပြုတ်တစ်အိုးကိုပဲချက်လိုက်သလိုဖြစ်သွားမှာပေါ့..... ဟူး...အရင်ဆုံးအခြောက်ခံလိုက်ရမှာ... ဒါပေမဲ့သမီးကျိုလိုက်တဲ့လက်ဖက်ရည်မှာလည်း အသက်ဝိဥာဥ်ရှိမရှိဆိုတာကိုမပြောနိုင်ဘူးလေနော်..." 


သူမအသံသည်ပူဆွေးမှုအပြည့်နှင့်ပင်။


ထောင်ထောင်ဆွံ့အသွားပြီး မည်ကဲ့သို့အမှုအရာလုပ်ရမှန်း မသိတော့ပေ ။


သူမရုတ်တရက်ပင် ကျန်းရှောင်မန်၏အဖွားကိုနားလည်သွားတော့သည် ။


အိပ်ခန်းထဲတွင် စာကျက်ခန်းအနေဖြင့်သုံးသည့်အကန့်တစ်ခုရှိပြီး ကျန်းရှောင်မန်ပုံမှန်အိမ်စာလုပ်သည့်အခါသုံးနေကြဖြစ်သည် ။


တကယ်တမ်းတွင် စားပွဲခုံတစ်လုံးရှိနေသောကြောင့် အခန်းအနေဖြင့်သပ်သပ်ကန့်ထားစရာမလိုပေ။ တရားဝင်လက်မှတ်တွေနှင့် ဆုများထားထားသည့် စင်ကသာအမှန်တစ်ကယ်နေရာယူထားခြင်းဖြစ်သည် ။


၎င်းတို့ကိုအတန်းလိုက်သပ်သပ်ရပ်ရပ်စီထားပြီး ထောင်ထောင်အခန်းထဲဝင်လိုက်ချိန်တွင်စတင်တုန်လှုပ်လာတော့သည် ။


ပထမဆုံးအကြိမ်ဖြင့် ကျန်းရှင်း၏ ' သူမ ပထမနေရာကို တစ်ခုမှမဆုံးရှုံဖူးဘူး ' ဟူသောစကားကိုသဘောပေါက်သွားခဲ့သည် ။


သူမတစ်ကယ်ကို ထူးခြားသည့်ကလေးတစ်ယောက်ဟုထင်ရလေသည် ။


သူမက အလွန်အံသြစရာကောင်းနေပြီးသားဖြစ်ပေမယ့် သူမတိုးတတ်လာဖို့အတွက်နည်းပြတစ်ယောက်လိုချင်နေတုန်းဖြစ်သည်။ ၎င်းက လူတိုင်း၏မျက်နှာပေါ်သို့ အပြုံးတစ်ခုသယ်ဆောင်လာခဲ့စေသည် ။


ထောင်ထောင်ထပ်ပြုံးပြလိုက်ပြီး သူမကိုသိမ်မွေ့စွာဖြင့်မေးလိုက်သည်။

 " ရှောင်မန် သမီးကစာလေ့လာတဲ့နေရာမှာအရမ်းတော်ပြီးအံသြစရာကောင်းတယ်လို့သမီးဦးလေးကပြောတယ်...အရင်ဆုံး သမီးရဲ့အခြေခံကိုစစ်ကြည့်ကြရအောင် နောက်မှအခြေအနေပေါ်မှုတည်ပြီး အလုပ်အစီအစဥ်ကိုဆွဲကြရအောင်..."


" မလိုတော့ဘူး ဆရာမ...သမီးအခုလေးတင်ပဲပထမတန်း ဒုတိယနှစ်ဝက်ရဲ့အကြောင်းအရာတွေကိုလေ့လာချင်သွားပြီ... သမီးကိုယ့်ဘာသာကိုယ်တော့ကြိုကြည့်ထားတယ် ဒါပေမဲ့တချို့အကြောင်းအရာတွေကတော့ တစ်ယောက်ယောက်ကသမီးကိုမရှင်းပြပဲနဲ့တော့နားမလည်နိုင်ဘူးလေနော်..."


ထောင်ထောင် အမှန်တစ်ကယ်ကိုတုန်လှုပ်သွားပြန်သည် ထို့နောက်တုံ့ဆိုင်းစွာဖြင့်ပြောလိုက်သည်။

 " ဆရာမတို့အရင် သမီးရဲ့အခြေခံကိုကြည့်ကြတာမကောင်းဘူးလား.... သမီးကအခုချိန်မှာအခြေခံကောင်းကောင်း ရှိနေပြီဆိုပေမယ့် အောင်မြင်ဖို့အတွက်အရမ်းစိတ်အားထက်သန်မနေသင့်ဘူး...စာလေ့လာတာကတစ်ဆင့်ခြင်းတစ်ဆင့်ခြင်းနဲ့ဖြေးဖြေးချင်းလုပ်သွားရမယ့်အရာမျိုးပဲ …”


ရှောင်မန်ကခေါင်းမာသူမဟုတ်၍ သူမခေါင်းငြိမ့်ပြီးပြောလိုက်သည်။

 " ဟုတ်ကဲ့ ဆရာမ...ကျေးဇူးပြုပြီး သမီးကိုမေးခွန်းတွေပေးပါ ..."


ထောင်ထောင် ကျန်းရှောင်မန်ကို သူမပြင်ဆင်လာခဲ့သည့်ဘာသာရပ်တစ်ခုချင်းစီတိုင်း၏မေးခွန်းများကိုပေးလိုက်သည်။

" ဒါကိုအရင်လုပ်လိုက်နော်...နောက်ပြီးသမီးပြီးသွားတာနဲ့ဆရာမကိုခေါ်လိုက်ချေ... "


သူမအမြင်အရ အားလုံးကိုပြီးဖို့ရန်အတွက် သုံး လေးနာရီကြာမည်ဟုထင်ထားသည် ။


အချိန်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ထောင်ထောင်စာအုပ်ဖတ်ရန်သူမဘာသာသွားလိုက်သည် ။


ရလဒ်အနေနှင့် နှစ်နာရီကြာပြီးနောက်တွင် ကျန်းရှောင်မန်စာမေးပွဲစာရွက်ကိုကိုင်ထားကာ " ဆရာမ သမီးပြီးသွားပြီ..."


သင်္ချာ အမှတ်ပြည့်၊ ဘာသာစကား ၉၈၊ အင်္ဂလိပ် အမှတ်ပြည့်၊ ဇီဝဗေဒ အမှတ်ပြည့်၊ နိုင်ငံရေး အမှတ်ပြည့်......


ထောင်ထောင် "..."


ထို့ကြောင့်ထောင်ထောင် ကျန်းရှောင်မန်၏တောင်းဆိုချက်အတိုင်းလိုက်လျော၍ ဒုတိယနှစ်ဝက်အတွက်မေးခွန်းများကိုသူမအတွက်ပြင်ဆင်ပေးလိုက်သည် ။


၎င်းတို့အားလုံးက အလွန်အခြေခံအကျဆုံးဖော်ပြချက်များဖြစ်သည်။ အလွန့် အလွန်ကိုရိုးရှင်းပြီး အရေးအကြီးဆုံးအချက်များကိုလည်းအမှတ်အသားပြုလုပ်ခဲ့ပြီးဖြစ်သည် ။


တကယ်တမ်းတွင် ရှောင်မန်၏အဆင့်ပေါ်မူတည်၍ ထောင်ထောင် သူမကိုမကူညီလျင်တောင် သူမမည်သည့်နည်းနှင့်ဖြစ်ဖြစ်နားလည်နိုင်မည်ဟု ထောင်ထောင်တွေးမိလေသည်။ သို့သော်သူမ ကျန်းရှောင်မန်ကိုအခြေခံအကျဆုံးဖြစ်စေချင်ပြီး သူမအရူးတစ်ယောက်ကိုစာသင်ပေးနေသလိုပြုမူသည်ကအကောင်းဆုံးဖြစ်လိမ့်မည် ။


ထောင်ထောင် သူမ၏ပို့ချချက်များကို လိုက်နာလိုက်သည် ။


မကြာခင်မှာပင် ထောင်ထောင်၏မေးခွန်းအားလုံး စွန်းရှောင်ကျဲနှင့်အခြားသူများဆီသို့ကူးပြောင်းသွားခဲ့သည် ။


ကျန်းရှောင်မန်မှပြောသည်။

 " ငါတို့အသက်ရှင်နေသရွေ့စာသင်ရမယ်... စာသင်တဲ့လမ်းကအဆုံးသတ်သွားတယ်ဆိုတာမရှိဘူး....နင်တို့လုပ်ရမယ့်မေးခွန်းတွေအများကြီးက နင်တို့ကိုစောင့်နေတယ် ...."


[ တင်းတောင်.... ဆွန်းရှောင်ကျဲ၏အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း ဆုလာဘ်-၁၀ပွိုင့်]


[ တင်းတောင်... ဝမ်ဟိုင်၏အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း ဆုလာဘ်-၁၀ပွိုင့်]


[ တင်းတောင်.... ကျိုးလီလီ၏အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း ဆုလာဘ်-၁၀ပွိုင့်]


[ တင်းတောင်... တင်းယုရန်၏အဆိုးမြင်စိတ်ကိုစုဆောင်းခြင်း ဆုလာဘ်-၁၀ပွိုင့်]


...


အကြွေးပေးသည့်အမှတ်များ၏အသံများသည် အလွန်အံသြစရာကောင်းလေသည်။


xxxxxx


.Chapter 275


ပြင်ပဖိအားများအောက်တွင် လူတစ်ယောက်၏အကျင့်ကိုမွေးမြူပေးရန်လွယ်ကူသည် ။


အထူးသဖြင့် ပြင်ပအားသည် စွန်းရှောင်ကျဲမခုခံနိုင်သည့် အရာတစ်ခုဖြစ်သည်။ သူတို့မကျော်လွှားနိုင်သည့်အခါတွင် သူတို့အားလုံး ငုံးတစ်ကောင်ကဲ့သို့ရိုသေစွာပြုမှုနေထိုင်ရမည်ဖြစ်သည်။ သူ ကျန်းရှောင်မန်တောင်းဆိုလာသည့်မည်သည့်အရာကိုမဆို ကန့်ကွက်ခြင်းအလျင်းမရှိပဲလုပ်ဆောင်ပေးသည် ။


နောက်ပိုင်းတွင် စွန်းရှောင်ကျဲတစ်ခဏတာလောက်တွေးမိသည်မှာ ကျန်းရှောင်မန်နှင့်မတွေ့ခင်တုန်းက သူသည်ဝက်သားကင်ကဲ့သို့အချိန်အကြာကြီးနေနေခဲ့သည်ကိုပင်။ ၎င်းမှာသူ၏ဆရာသည် ယဥ်ကျေးမှုအနုပညာတွင်သာတော်ပြီး ကိုယ်ခံပညာတွင်မတော်သောကြောင့်လည်းဖြစ်နိုင်သည် ။


အမှန်တကယ်တော့ ကျန်းရှောင်မန်၏နောက်ဆုံးအကြိမ်အားထုတ်ခဲ့မှုက မထင်မှတ်ထားပဲ ကြာမြင့်ခဲ့သောကြောင့်သာဖြစ်သည် ။


သူတို့ကို ပထမနှစ်အကြောင်းအရာများကိုသာပြီးအောင်သင်ပေးမည်ဟု အကန့်အသတ်ထားထားမည်ထင်ထားသော်လည်း သူမကမမျှော်လင့်ထားစွာဖြင့် ဒုတိယနှစ်သင်ခန်းစာများကိုပါသင်ပေးနိုင်နေသည်။ 


သူမကလူရောဟုတ်သေးရဲ့လား...


နောက်ထပ်အတွေးတစ်ခုတွေးပြီးနောက်တွင် သူတို့၏သူဌေးသည် စာပေပညာသာမက စစ်ရေးအနုပညာကိုပါ ကျွမ်းကျင်စွာလုပ်ဆောင်နိုင်ကြောင်းကို သက်သေပြနေခြင်းဖြစ်သည်။ ရှားပါးသည့်ဆရာတစ်ယောက်ပင်။ မှားနေသည့်အရာတစ်ခုတောင်မရှိပေ ။


ထိုကဲ့သို့ဆရာမျိုးနောက်လိုက်၍ အိမ်စာပဲလုပ်နေရလျှင်တောင် သူတို့ခွန်အားအပြည့်ပင်ဖြစ်သည် ။


နောက်ဆုံးစာမေးပွဲရောက်လာသည့်အချိန်တွင် စွန်းရှောင်ကျဲနှင့်အခြားလူများသည်နောက်ဆုံးနေရာတွင်မဟုတ်တော့ပေ။ သူတို့အမှန်တကယ်ကို စာမေးပွဲအောင်သွားပြီဖြစ်သည် ။


၎င်းကကမ္ဘာ့အဆင့်မီ အံဖွယ်တစ်ခုဖြစ်သည် ။


အဘယ်ကြောင့်ဆိုသော်၎င်းကအံ့အားသင့်ဖွယ်ကောင်းလွန်း၍ ဆရာပင်အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ပိတ်ပွဲအခမ်းအနားအတွင် စွန်းရှောင်ကျဲနှင့်အခြားသူများစကားအနည်းငယ်ပြောဖို့ရန်အတွက် သူ(ဆရာ)အချိန်ဖယ်ပေးလိုက်သည် ။


ယခုနှစ်ဝက်အတွက် အကြီးမားဆုံးတိုးတတ်မှုဟု ခေါင်းစဥ်တတ်ပြီးသူတို့ကို အောင်ပန်းသရဖူဆောင်းပေးခြင်းသည်လည်းမမှားပေ ။


ထိုကဲ့သို့ဦးနှောက်ဗလာများတောင် ဥာဏ်အလင်းရခဲ့လျင် အခြားသူများတွင်မည်သို့ဆင်ခြေများရှိနေနိုင်သနည်း ။ ကျောင်းအနိုင်ကျင့်သူများကတောင် စာစတင်လေ့လာနေလျင် တခြားသူများမည်ကဲ့သို့အကြောင်းပြချက်ကြောင့်ငါးဆားနယ်လိုဆက်နေနေရမည်နည်း ။


" ငယ်ရွယ်မှုဆိုတာ ရုန်းကန်လှုပ်ရှားဖို့အချိန်ပဲ ကျောင်းသားတို့…" 

ဆရာ မိုက်ခရိုဖုန်းကိုကိုင်၍ စိတ်အားထက်သန်စွာဖြင့်ပြောနေသည်။

 " ကြည့်...ကျောင်းသားစွန်းရှောင်ကျဲကိုကြည့်လိုက်စမ်း...သူဆိုရင်ကိုယ့်ကိုကိုယ်သုံးသပ်စာရေးတာကလွဲရင်ဘာမှမလုပ်တတ်ဘူး... အခုတော့...သူနောက်ဆုံးနေရာမဟုတ်တော့ဘူး..... ဘယ်လောက်တောင်ကြီးမြတ်တဲ့တိုးတတ်မှုနှင့်ဥာဏ်အလင်းရှိမှုကြီးလဲ...ကျောင်းသား မင်းနောက်ကျနေပြီလို့တွေးမိကောင်းတွေးမိနိုင်တယ် ဒါပေမဲ့ အကောင်းဆုံးအချိန်ကတော့ အခုလက်ရှိအချိန်ပဲ.... အခုအခြေအနေကိုထိန်းသိမ်းနေသမျှကာလပတ်လုံး မင်းအဲ့ဒီလိုမကြိုးစားနိုင်တဲ့သူတွေကိုအနိုင်ယူနိုင်လိမ့်မယ်...မင်းကအကျင့်ကောင်းတဲ့ဘုရင်တစ်ပါးပဲ ဘလာဘလာဘလာ..."


ဆရာ စွန်းရှောင်ကျဲကိုမေးလိုက်သည် ။

" ကျောင်းသားဆွန်း ဒီနှစ်ဝက်အတွင်းကြီးမားစွာသော တိုးတတ်မှုကြီးကိုစွမ်းဆောင်နိုင်ခဲ့တယ်...မင်းဘယ်လိုနည်းမျိုးကိုသုံးခဲ့လဲဆိုတာတော့ ငါသိချင်မိသား မင်းရဲ့အတန်းဖော်တွေကိုလည်းမျှဝေနိုင်တာပေါ့..."


စွန်းရှောင်ကျဲအနည်းငယ်စိတ်လှုပ်ရှားနေခဲ့သည် ။


သုံးသပ်စာအတွက်မဟုတ်ပဲ အသိမှတ်ပြုခံရရန်အတွက် စင်ပေါ်သို့လာရခြင်းသည်ပထမဆုံးအကြိမ်ဖြစ်သည်။ ယခုတွင်သူ၏မျက်နှာပင် အနီရောင်သမ်းနေခဲ့သည် ။


တခဏကြာပြီးနောက်တွင် ဆွန်းရှောင်ကျဲအသံအပြည့်ဖြင့်အော်လိုက်သည်။

 " ငါ့ရဲ့အစိမကြီးကိုကျေးဇူးတင်ပါတယ်.... အကယ်၍သူမသာငါ့ကို နေ့တိုင်းစာစွဲစွဲမြဲမြဲလုပ်ဖို့တွန်းအားမပေးခဲ့ရင် ငါကဒီနေ့ရဲ့ငါဆိုတာဖြစ်လာမှာမဟုတ်ဘူး..."


ဆရာအလန့်တကြားဖြစ်သွားပြီး မိုက်ခရိုဖုန်းကိုပြန်ယူကာ ပြောလိုက်သည်။

" ကြည့်ရတာတော့မိဘတိုင်းက ကလေးတွေရဲ့စာသင်ကြားခြင်းမှာအဓိကနေရာမှာရှိတယ်နဲ့တူပါတယ်...ကျောင်းသားတွေနဲ့ မိဘတွေအတူတူကြိုးကြိုးစားစားအလုပ်လုပ်ဖို့ကလည်း မရှိမဖြစ်လိုအပ်တယ် ဒါပေမဲ့အကြမ်းဖက်မှုကိုတော့ ဆရာတို့မထောက်ခံဘူး ဘလာဘလာဘလာ..."


ထိုသို့ကြားပြီးနောက်တွင် ယဲ့ကျားကျားနှင့်ကျန်းရှင်းဟွားတို့နှစ်ယောက်သားတိုးတိုး တိုးတိုးပြောကြလေသည်။

 " ကြည့်ရတာ ရှောင်မန်ကငါတို့အပေါ်ကိုတော့ဂရုဏာစိတ်ရှိသေးတယ်နဲ့တူတယ်... "


အနည်းဆုံးတော့ သူမကသူတို့နှစ်ဦးကိုစာစွဲစွဲမြဲမြဲလုပ်ရန်တွန်းအားမပေးပေ ။


ကျန်းရှင်းဟွား သူမူလတန်းကျောင်းတုန်းကအချိန်ကိုသတိရသွားသည်။ ကျန်းရှောင်မန်သူ့အား အိမ်စာမလုပ်လျင်သူ့ကိုကျားမေမေအဖြစ်ပြောင်းပစ်မည်ဟုပြောပြီး သူ့ကိုကြောက်ရွံ့စေခဲ့သည်။ သူ၏ရင်ဘတ်ကိုကြောက်ရွံ့စွာဖြင့်ပုတ်လိုက်ပြီး ပြောလေသည်။

 " ငါတို့ကံကောင်းတယ်... "


ယဲ့ကျားကျားသဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည် ။


ထုံးစံအတိုင်းကျန်းရှောင်မန် ပထမနေရာထပ်ရ၍ ဆုလက်မှတ်နှင့်ယွမ်၁၀၀အပိုဆုကြေးကိုရရှိလေသည် ။


ထပ်ပေါင်းပြောရလျင် ပွိုင့်၅၀၀ကျော်စုဆောင်းမိခြင်းသည်အကြီးမားဆုံးအမြတ်ဖြစ်လေသည် ။


လူများလေ စွမ်းအားများလေဆိုသည်မှာအသေအချာပင်ဖြစ်သည်။ ဤကဲ့သို့များပြားလှသည့်လူများစုရုံးနေခြင်းနှင့်အတူ သူမ၏ပွိုင့်များလည်းလျင်မြန်စွာမြင့်တတ်လာမည်ဖြစ်သည်။ ကံမကောင်းသည်မှာ ထိုကဲ့သို့အခွင့်အရေးမျိုးမှာရှားရှားပါးပါးရခြင်းဖြစ်ပြီး တစ်နှစ်တွင် နှစ်ကြိမ်မှသုံးကြိမ်အထိသာရခြင်းဖြစ်သည် ။


ပွဲပြီးသွားသည့်အချိန်တွင် စွန်းရှောင်ကျဲကျောင်းဂိတ်ဝတွင်ကျန်းရှောင်မန်ကိုစောင့်နေခဲ့ပြီး သူမကိုညစာအတူစားဖို့ဖိတ်ခေါ်ချင်နေ​လေသည် ။


သူ၏ညီငယ်များလည်း ထိုနေရာတွင်ရှိ​နေသည်။ လူတစ်စုအတူတကွရှိနေပြီး ကြည့်ကောင်းသည့်ပုံရိပ်တော့မဟုတ်နေပေ ။


ကျန်းရှောင်မန်ကိုအမိဖမ်းမည့်အစား သူတို့ကိုဆရာမိသွားတာကိုခံလိုက်ရသည် ။


xxxxx